အပိုင်း ၇
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၇

 

 

 

 

 

 

ခဏနေဦး ဒါကဝတ္ထုထဲက ကမ္ဘာပဲ၊ စာရေးသူက ဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ အားနည်းချက်တချို့ကို သေချာပေါက် ထားထားမှာဘဲ။ မုန့်ယန် သူမ ဝတ္ထုဖတ်တုန်းက စွေ့ကျစ်မင်ရဲ့ ဇာတ်ကြောင်းတွေကို တတ်နိုင်သလောက် ပြန်စဉ်းစားလိုက်သည်။

 

 

သူမပိုစဉ်းစားလေ သူမပိုပြီး ငိုချင်လာလေဖြစ်သည်။အရံအမျိုးသမီး‌ဇာတ်ကောင်ကို ဖိနှိပ်ဖို့ စာရေးသူက အရံအမျိုးသားဇာတ်ကောင်ကို ဘာအားနည်းချက်မှ မထားထားဘူးတဲ့လေ!!!

 

 

ဒီကမ္ဘာမှာ စွေ့ကျစ်မင်နဲ့ ရင်ဆိုင်ဖို့ တကယ်ကြီး ဘာနည်းလမ်းမှ မရှိဘူးပေါ့လေ?

 

 

မုန့်ယန် အရမ်းစိတ်ရှုပ်လွန်းလို့ ခေါင်းပါပေါက်ထွက်တော့မတတ်ပင်။ ပြီးတော့ သူမက ကျွန်းကိုသွားမှာဖြစ်တော့ သူမအလုပ်ကို လက်လွှဲပေးဖို့လိုကာ သူမထွက်မသွားခင် အိမ်ထောင်စု မှတ်ပုံတင်ကို နေရာပြောင်းဖို့အတွက် ရုံးမှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန ခေါင်းဆောင်က သူမကို ခေါ်ခိုင်းလာသည်။

 

 

အဲ့ဒီ‌ခေတ်တုန်းက အိမ်ထောင်စု မှတ်ပုံတင်စနစ်ကအရမ်းတင်ကြပ်ကာ ဘယ်နေရာကိုသွားသွား မိတ်ဆက်စာ ဒါမှမဟုတ် မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံစာလိုပြီး အဲ့ဒါမပြီးခင် ကျွန်းနဲ့ ဆက်သွယ်ဖို့လိုသည်။

 

 

 ဒါပေမယ့် မုန့်ယန်ကတော့ ဒီလုပ်ငန်းစဉ် တစ်ခုလုံးကို စိုးရိမ်နေစရာ‌မလိုပေ။ အကြီးအကဲအိုကြီးက အကုန်လုပ်ပေးလိမ့်မည်။

 

 

စကားမစပ်၊ အကြီးအကဲအိုကြီးကို စွေ့ကျစ်မင်ကိစ္စအတွက် ကူညီပေးဖို့ မေးလို့ရမလား? ရဲတင်းလွန်းသွားမလား?

 

 

မုန့်ယန်က လုပ်လို့ရနိုင်မယ့် အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာနေတုန်း ပုံရိပ်တစ်ခုဖြတ်သွားခဲ့သည်။

 

 

လုဟန်ကျွင်းက လက်ထဲမှာ သစ်သား‌ဘူးကြီးတစ်ခုနဲ့ ရုံးခန်းတံခါးရှေ့ကနေဖြတ်သွားတော့ မုန့်ယန် စဉ်းစားနေတဲ့ အကြံတစ်ခု ရုတ်တရက် ပေါ်လာသည်။

 

 

ဝတ္ထုကမ္ဘာထဲက အလွှမ်းမိုးနိုင်ဆုံးနဲ့ စွမ်းအားအကြီးဆုံး တည်ရှိမှုက ဘာလဲ?

 

 

အဓိကဇာတ်ကောင်ပဲ!

 

 

အထူးသဖြင့် အဓိက အမျိုးသား ဇာတ်ကောင်ဘဲ။ သူက လွှမ်းမိုးနိုင်ပြီး အနိုင်မခံ အရှုံးမပေးတတ်ဘူး။

 

 

ဘာဗီလိန်လဲ၊ ဗီလိန်က ဘယ်လောက်ပဲ ကောင်းနေပါစေ အဓိကဇာတ်ကောင် အုပ်စု ရှေ့မှာတော့ ဆန်ကုန်မြေလေးဘဲ။

 

 

အဲ့ဒီအကြောင်းကိုစဉ်းစားလိုက်တော့ ရင်ထဲက ခဲတစ်ဝက် ကျသွားပြီး လက်လွှဲတဲ့အလုပ် ပြီးသွားတော့ မုန့်ယန် လုဟန်ကျွင်းဆီ အမြန်ချဉ်းကပ်လိုက်သည်။

 

 

အဲ့ဒီအချိန်မှာဘဲ သူက ထုတ်လုပ်ရေး စက်ရုံမှာ တွန်းလှည်းကို ပြင်နေပြီး အဲ့ဒီအပေါ်မှာဘဲ အာရုံစိုက်နေသည်။ သူ့နားထဲမှာ တရှပ်ရှပ်မြည်သံကို ရုတ်တရက်ကြားလိုက်တဲ့အချိန် အလုပ်သမား အမျိုးသမီးတွေကလည်း အစောက တစ်ခုခုအကြောင်း ပြောနေကြသည်။

 

 

သူ မထင်မှတ်ဘဲ ကြည့်လိုက်တော့ သူ့ရှေ့မှာ မုန့်ယန်ကိုတွေ့လိုက်ရသည်။

 

 

မျက်မှောင်ကြုပ်သွားပြီး သူ့ကျောက ဖြည်းဖြည်းချင်းမတ်သွားသည်။

 

 

" ရဲဘော် လု၊ ငါ့မှာ နင်နဲ့ လုပ်စရာရှိတယ်" မုန့်ယန်က တောက်တောက်ပပ ပြုံးလိုက်ပြီး အကြောင်းအရာကိုရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။

 

 

အဲ့ဒါကိုပြောပြီးတော့၊ သူမရှေ့ကို တစ်လှမ်းတိုးဖို့ဘဲရှိသေးချိန် လုဟန်ကျွင်းဆီကနေ ခက်ခက်ထန်ထန်နဲ့ အပြစ်တင်ခံလိုက်ရသည်။ "မလာနဲ့၊ ငါနဲ့ ဝေးဝေးမှာနေစမ်း "

 

 

သူ့မျက်လုံးထဲမှာ မနှစ်မျို့မှုတွေက ခိုင်ခိုင်မာမာရှိနေခဲ့သည်။

 

 

သူက အရပ်မြင့်ပြီး သူ့အရှေ့မှာရပ်‌နေစဥ် နံရံလိုမျိုးခံစားရ‌စေသည်။ သူက သူမကို အ‌ထက်အောက် စိုက်ကြည့်လိုက်တဲ့အချိန် သူ့မျက်နှာကောက်ကြောင်းက ချွန်ထက်ပြီး ‌လန့်စရာကောင်းပုံပေါ်လာသည်။

 

 

အခု ဒီလူက သာမာန် စက်ပြင်အလုပ်သမားဖြစ်ပေမယ့်လည်း ပြုပြင်ပြောင်းလဲပြီးနောက် ပြောင်းလဲသွားကာ သူ့ရဲ့ရက်စက်တဲ့ပုံက လုပ်ငန်းမှာသူ့ကို စက်မှုလုပ်ငန်းဘော့စ်အဖြစ် နာမည်ကြီးလာစေပြီး သူ့ရဲ့ကြီးကျယ်ခန့်ညားမှုနဲ့ သူ့အနာဂတ်ကို ထင်ရှားလာစေသည်။

 

 

ဒါကိုကြားတော့  မုန့်ယန် နည်းနည်းရပ်သွားပြီး သူတို့ကြားက ကြီးမားတဲ့ မိတ္တူကူးစက် နေရာမှာဘဲ ရပ်လိုက်သည်။

 

 

အရှုပ်တော်ပုံက ဇာတ်ဆောင်ကလည်း တူညီတဲ့‌ဘောင်ထဲမှာရှိ‌နေပြီး အလုပ်သမားများအကြား ဆွေးနွေးမှုများစွာကို သဘာဝအတိုင်း နှိုးဆွပေးခဲ့သည်။

 

 

 မုန့်ယန်က ဘာမှမမြင်မကြားသလို ဟန်ဆောင်လိုက်ပြီး မျက်နှာချိုသွေးသလို ပြုံးလိုက်ကာ ပြောခဲ့သည်။ " ကောင်းပြီ၊ ရဲဘော်လု ကျွန်မ ဒီကိုရောက်လာတာက အရင်က စိတ်မချမ်းသာစရာအားလုံးအတွက် တောင်းပန်ချင်လို့ပါ။ ကျွန်မ မသိနားမလည်ခဲ့တုန်းက အမှားတွေအများကြီးလုပ်ခဲ့တယ်။ ကျွန်မ ..."

 

 

လုယန်ကျွင်းက သူ့မျက်လုံးကို လှိမ့်လိုက်ပြီး ပြောခဲ့သည်။ "ငါမင်းကိုပြောစရာရှိတယ်"

 

 

မုန့်ယန် ရင်ထဲကနေ လုဟန်ကျွင်းကို လက်မထောင်ပြီး သူမ အသံကို တိုးလိုက်ကာ ပြောခဲ့သည်။ " အင်း၊ ကျွန်မ ရှင်နဲ့ ပူးပေါင်းပေးပါ့မယ် ရဲဘော်လု "

 

 

အခြားသူတွေကြားသွားမှာ စိုးလို့ သူမ အသံတိုးတိုးပြောလိုက်ပေမယ့် လုဟန်ကျွင်းက ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။

 

 

" ဘာလဲ? "သူ့မျက်ခုံးတွေက ပိုပြီးတွန့်ချိုးလာသည်။

 

 

မုန့်ယန် ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး သူ့ကို မနှစ်မျို့ မဖြစ်စေရန် အကွာအဝေးကို သိပ်မဝေးအောင် ထိန်းလိုက်ကာ ပြောခဲ့သည်။ " ကျွန်မ ပြောတာက၊ ရဲဘော်လု ကျွန်မ ရှင်နဲ့ ပူးပေါင်းပေးမယ်လို့ "

 

 

ရှင်းရှင်းလင်းလင်းကြားပြီးတော့ လုဟန်ကျွင်းက ချည်သား ပိတ်ကျဲလက်အိတ်တွေကို အဝေးပစ်လိုက်ကာ သူ့နှာခေါင်းရှုံ့လိုက်ပြီး အထင်အမြင်သေးတဲ့ အသံနဲ့ ပြောခဲ့သည်။  "ဘယ်လို အလုပ်မျိုး မင်းက လုပ်ချင်သေးလို့လဲ၊ ဝေးဝေးနေ"

 

 

နင်က အရမ်းကို ဖော်ရွေတာဘဲ။

 

 

သူက တစ်ချိန်လုံး လုံးဝမျက်နှသာမပေးနေပေမယ့် မုန့်ယန်ကတော့ စိတ်မဆိုးနေဘဲ သူမက စိတ်အနှောင့်အယှက်မဖြစ်တဲ့ အပြုံးထုတ်ပြကာ ပြောခဲ့သည်။

 

 

" မနေ့က ကျွန်းကစစ်သားတစ်ယောက်နဲ့ ငါဘလိုင်းဒိတ်လုပ်ခဲ့တယ်။ ပြီးတော့ တောင်ဘက်က ကျွန်းမှာ သူနဲ့လက်ထပ်ဖို့ ကတိပေးလိုက်တယ်"

 

 

ဂွရှင်နဲ့ ရစ်နေတဲ့ လုဟန်ကျွင်းရဲ့ လှုပ်ရှားမှုတွေကရုတ်တရက် ရပ်သွားပြီး သူ့ရဲ့မျက်လုံးနက်နက်တွေက သူမ မျက်နှာမှာ ရပ်သွားသည်။

 

 

" စွေ့ကျစ်မင် အဝေးရောက်အောင် ငါ့ကို ကူညီပေးရင်၊ အခုကစပြီးတော့ နင့်ရှေ့ကနေ လုံးဝပျောက်ကွယ်သွားပေးမယ် "

 

 

ဒီမိန်းမက အကောက်ကြံအတတ်ဆုံးဖြစ်ပြီး သူမ စကားတွေက မယုံရပေ။

 

 

သူ့ရဲ့အမူအရာကို ကြည့်ပြီး မုန့်ယန်ပြုံးကာ ပြောခဲ့သည်။ "ငါ တကယ်ပြောတာ။ နင် ငါ့ကို မုန်းတာငါသိတယ် တကယ်လို့ နင်သ‌ဘောတူမယ်ဆိုရင် အခုကစပြီး တစ်သက်လုံး ပျောက်ကွယ်သွားပေးမယ် "

 

 

" ဘာလို့ ငါ မင်းကို ယုံရမှာလဲ "

 

 

ပတ်ပတ်လည်မှ တတွတ်တွတ် ရွတ်တဲ့အသံတွေက ပိုများလာကာ လူတိုင်းက သူတို့နှစ်ယောက်ကို ကြည့်နေပြီး ဆွေးနွေးနေကြသည်။

 

 

မုန့်ယန်က အနီရောင်တံဆိပ်နှိပ်ထားတဲ့ အိမ်ထောင်စုမှတ်ပုံတင်ပြောင်းရွေ့ကြောင်း ထောက်ခံချက်ကို ထုတ်လိုက်ပြီး ပြောခဲ့သည်။

 

 

"ဒါက နေမင်းအပိုင်းချုပ် ဝန်ထမ်းရေးရာဌာနကနေ ငါ့အတွက် အတွက် ထုတ်ပေးတဲ့ လက်မှတ်။ နင်မယုံဘူးဆိုရင် သူ့ကိုသွားမေးလို့ရတယ် "

 

 

ပြန်မသိမ်းခင်သူ့ကို ငါးစက္ကန့်လောက် ပေးကြည့်လိုက်ပြီး ပြောခဲ့သည်။  " ဘယ်လိုလဲ? "

 

 

လုဟန်ကျွင်း မျက်နှာက တင်းကျပ်သွားပြီး သူ့နှုတ်ခမ်းတွေက ဖြောင့်တန်းသွားကာ သူမ စကားတွေ မှန်လားဆိုတာ သူတွေးနေတာဖြစ်မည်။

 

 

မူမမှန်ဘူး၊ ဒီနေ့ရဲ့မုန့်ယန်က တကယ့်ကို မူမမှန်နေဘူး။သူမက မုန့်ယန် မဟုတ်တော့သလိုပဲ။ လူကောင်း‌ယောင်ဆောင်တဲ့ ပုံစံလည်း မလုပ်တော့သလို၊ သူမအသံကလည်းတမင်သက်သက် ပျံ့တန့်တန့် နန့်တန့်တန့် လုပ်မနေဘူး။ သူမ အရမ်း မူမမှန်‌နေဘူး။

 

 

လုဟန်ကျွင်း မုန့်ယန်ကို ပထမဆုံးသိတဲ့ အချိန်ကစပြီး သူ သူမကို တစ်ခါမှ ဒီလိုမမြင်ဖူးပေ။

 

 

ဆိုရိုးစကားအတိုင်း၊ တစ်ခုခုမှား‌နေတဲ့အခါ နတ်ဆိုးရှိလိမ့်မယ်။

 

 

" ရဲဘော်လု မစိုးရိမ်ပါနဲ့။ သူထွက်သွားသရွေ့ ငါ အထုတ်ထုတ်ပြီး တောင်ဘက်ကို ချက်ချင်းသွားမယ် " သူ သူမကို မယုံမှာ မုန့်ယန် စိုးရိမ်တဲ့အတွက် သူမထပ်ခါ ထပ်ခါ ကတိပေးလိုက်သည်။

 

 

ဒီလို ခိုင်မာတဲ့လေသံက လုဟန်ကျွင်းကို သံသယဖြစ်‌စေခဲ့သည်။

 

 

"ငါ မင်းကို ဘာလို့ယုံရမှာလဲ "

 

 

သူက သူမကို သတ်‌ချင်နေတာလေ သူက ဘယ်လိုလုပ်သူမနဲ့ ပူးပေါင်းရမှာလဲ။

 

 

"ဒါက ကျွန်မ အတွက်ပဲ အကူအညီဖြစ်တာ မဟုတ်ဘူး၊ ရှင်နဲ့ စုန့်ရိရန်ကိုလည်း အကူအညီ ဖြစ်စေတယ် "

 

 

စုန့်ရိရန်လား? သူမမှာ စုန့်ရိရန် နာမည်ကို ပြောဖို့ မျက်နှာရှိသေးတယ်ပေါ့လေ?

 

 

အမျိုးသားရဲ့ အနက်ရောင် သူငယ်အိမ်‌တွေက တည်ငြိမ်နေကာ ကြောက်စရာကောင်းအောင် စစ်ဆေးနေပြီး သူ့ရဲ့စူးရှတဲ့ မျက်လုံးတွေက သူမရဲ့စိတ်ထဲကို ဖောက်ဝင်လာတော့မလိုပင်။

 

 

မုန့်ယန် နှလုံးက နစ်ဝင်သွားပေမယ့် သူမ‌ မျက်နှာမှာတော့ ဘာအမူအရာမှ မရှိနေပေ။ " နင်လည်း စွေ့ကျစ်မင်ရဲ့အကြောင်းကိုသိတာဘဲ သူက သူဘာလုပ်လဲဆိုတာ ဂရုမစိုက်နေဘူး။ သူအရင် မထွက်သွားခင်က ပြောသွားတာကို သူအထင်မှားသွားရင် ရိရန်ကို ထိခိုက်စေမှာလားဆိုတာ ငါအာမ မခံဘူး..."

 

 

တစ်ယောက်ယောက်ကို ခြိမ်းခြောက်တာက မုန့်ယန်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး အခြားသူလည်းမဟုတ်ဘဲ ဖိနှိပ်မှုအပြည့်နဲ့ မူလဝတ္ထုထဲက အဓိက အမျိုးသားဇာတ်ကောင်ကို ဖြစ်သည်။

 

 

သူမက တည်ငြိမ်သလို ဟန်ဆောင်ကာ ပြောခဲ့သည်။ "ရဲဘော်လု ငါဘာကိုဆိုလိုလဲဆိုတာ နင်နားလည်သင့်တယ်ထင်တာဘဲ ဟုတ်တယ်ဟုတ်?"

 

 

" မင်း ငါ့ကို လာခြိမ်းခြောက်နေတာလား?" သေချာပေါက် သူ ဒေါသထွက်သွားခဲ့သည်။

 

 

လုဟန်ကျွင်းရဲ့ စူးရှတဲ့ မျက်လုံးတွေက ရုတ်တရက် ရန်လိုမှုကြောင့်  တိမ်‌ဖုံးလာသည်။

 

 

အမှန်တိုင်းပြောရရင်၊ သူ့ကို ဒီလိုမြင်ရတာ မုန့်ယန် နည်းနည်းစိုးရိမ်ပေမယ့် လုဟန်ကျွင်းက မူလဝတ္ထုမှာ အသိအမှတ် ပြုထိုက်တဲ့ ဇာတ်လိုက်လို့ ပြောရမည်ပင်။ သူ့ရဲ့ ကြီးကျယ်တဲ့ အရောင်အဝါတွေကို ကြည့်ရင်း သူ စွေ့ကျစ်မင်ကို မရှင်းနိုင်ဘူးလို့ ပြောတာက ဟာသပဲဖြစ်လိမ့်မည်။

 

 

မုန့်ယန် သူမလက်တွေကို မြှောက်လိုက်ပြီး အရှုံးပေးလိုက်သည်။

 

 

ကူကယ်ရာမဲ့စွာဘဲ စွေ့ကျစ်မင်ကို ရှင်းထုတ်ဖို့ သူမအကောင်းဆုံးဘဲလုပ်ရမည်။

 

 

" ရဲဘော်လု၊ အဲ့ဒီလို ပြောရတာ နင့်အတွက် မှား‌နေမှာပါ။ငါက နင်နဲ့ ပူးပေါင်းချင်ရုံပါပဲ။ ပြီးတာ့ နင့်ကိုလည်း ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ အမှန်တော့၊ စွေ့ကျစ်မင်ရဲ့ ပုံစံက တစ်ဖက်စွန်းရောက်တယ် ဟုတ်တယ်မလား? သူ ဘာမဆိုလုပ်နိုင်တယ်။ ဒါ့ပြင် တကယ်လို့ သူမြို့တော်ကနေ ထွက်သွားနိုင်ရင် နင့်အတွက်ရော ငါ့အတွက်ပါ ကောင်းတယ်မဟုတ်လား?"

 

 

" ငါလိမ်မှာ စိုးရင် နောက်မှ ငါနဲ့အပေးအယူလုပ်ဖို့ နင့်မှာ အချိန်ရှိပါတယ်။ နင့်မှာ ငါနဲ့အပေးအယူလုပ်ဖို့ နည်းလမ်းပေါင်း တစ်‌သောင်းရှိမှန်း ငါသိတယ်။

 

 

ဒီမိန်းမက အရမ်း ယုံကြည်ချက်ရှိနေတာပဲ။

 

 

အဲ့ဒါက မဖြစ်နိုင်ဘူးလို့ လုဟန်ကျွင်း ထင်ခဲ့ပေမယ့် တစ်နေ့မှာ သူ အထင်တောင်မကြီးတဲ့ မိန်းမတစ်ယောက်ဆီကနေ ခြိမ်းခြောက်ခံရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။

 

 

ဒါပေမယ့် အဲ့ဒီအကြောင်း စဉ်းစားမိပေမယ့် သူမ စကားတွေကို သူစစ်ဆေးရဦးမည်။

 

 

သူ စွေ့ကျစ်မင်ကို သိပြီး မုန့်ယန်ကို ပိုလို့တောင် သိသေးသည်။ စိတ်ထဲကနေ သူ သူမကို မုန်းနေပေမယ့်လည်း သူမ အခုလေးတင် ပြောလိုက်တာက သူ့ရင်ကို လှုပ်ရှားသွားစေတာကိုတော့ လက်ခံရမည်။

 

 

ချိန်ကိုက်ဗုံး စွေ့ကျစ်မင်အတွက်ကတော့ သူမြို့တော်ကနေထွက်သွားတာက အလုံခြုံဆုံးဖြစ်သည်။

 

 

အဲ့ဒါကိုစဉ်းစားရင်း သူထပ်ပြီး မငြင်းတော့ဘူး။အတော်ကြာ စဉ်းစားလိုက်ပြီးတော့မှ မျက်မှောင်ကြုပ်ကာ ချီတုံချတုံနဲ့ ပြောခဲ့သည်။ "မနက်ဖြန်ကျမှ မင်းကို အဖြေပြန်ပေးမယ် "

 

 

စာအုပ်ထဲက ဇာတ်လိုက်အနေနဲ့ မျှော်လင့်ထားတဲ့အတိုင်း လုဟန်ကျွင်းက ကိစ္စတွေ ကိုင်တွယ်တဲ့နေရာမှာ ကျွမ်းကျင်ပြီး စွေ့ကျစ်မင်ကို အဝေးပို့မယ့် နည်းလမ်း‌ကို မကြာခင်မှာပဲ စဉ်းစားတော့သည်။

 

 

မုန့်ယန်နဲ့ ဆွေးနွေးပြီး နောက်မှာ အဲ့ဒါက ချက်ချင်း အထမြောက်သွားခဲ့သည်။