အပိုင်း ၈
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၈

 

 

 

 

 

 

" မင်း ငါ့ကို ဘာ ပြောချင်တာလဲ။ တနင်္ဂနွေနေ့ မင်း ညစာစားပွဲရှိတယ်လို့ မပြောခဲ့ဘူးလား။ ငါ မုန့်ယန်နဲ့ သဘောတူပြီးသွားပြီ"

 

 

နောက်ထပ် နေ့ခင်းပိုင်းမှာ လုဟန်ကျွင်းက စွေ့ကျစ်မင်ကို အစိုးရပိုင် စားသောက်ဆိုင်ဆီ ဖိတ်လိုက်သည်။ သူလာတာကို မြင်ပြီးတော့ သူက ခွက်ထဲကို ဝိုင်တချို့လောင်းထည့်လိုက်ကာ ပြောခဲ့သညိ။ " အစီအစဉ်က ပြောင်းသွားပြီ "

 

 

" အပြောင်းအလဲ ရှိသွားတာလား " ဝိုင်ခွက်ကို ယူလိုက်တဲ့အချိန် စွေ့ကျစ်မင် အေးခဲသွားပြီး အသံကျယ်လောင်စွာနဲ့ မေးခဲ့သည်။ " မုန့်ယန်ကရော "

 

 

"အမ်"

 

 

"ဘာပြောင်းသွားတာလဲ? မင်း နောင်တရသွားတာလို့တော့ ငါ့ကိုလာမပြောနဲ့ " စွေ့ကျစ်မင်ရဲ့ စိတ်က ဗြောက်အိုး စားထားသလိုမျိုး ဖြစ်သွားခဲ့သည်။

 

 

သေသေချာချာ စဉ်းစား ဆင်ခြင်တာမရှိတော့ဘဲ၊ သူက စားပွဲခုံကို လက်သီးနဲ့ထုလိုက်သည်။ အပြင်မှာ ပြဿနာဖြစ်နေတယ်လို့ထင်ပြီး မီးဖိုခန်းထဲက ဝန်ထမ်းတွေကကြောက်လန့်မှုကြောင့် ထွက်ကြည့်ခဲ့ကြသည်။

 

 

နှစ်ယောက်သား တိုက်ခိုက်ပြီး နှစ်ရက်မြောက်နေ့စောစောမှာ လုဟန်ကျွင်းက စွေ့ကျစ်မင်ဆီ ချဉ်းကပ်သွားပြီး သူက သူ့နဲ့ ပူးပေါင်းချင်တယ်လို့ ပြောလာသည်။

 

 

အနည်းဆုံး‌တော့ သူနဲ့ စုန့်ရိရန်ကို မထိခိုက်စေဘဲ မုန့်ယန်ရဲ့ လုပ်ဆောင်ချက်တွေကို ယခုအချိန်ကစပြီး ကန့်သတ်ထားရမည့် အခြေအနေတွင် မုန့်ယန်ကို ရဖို့ စွေ့ကျစ်မင်ကို သူကူညီပေးခဲ့သည်။

 

 

ဒါပေမယ့် မနေ့က မုန့်ယန်‌ပြောခဲ့တာတွေက သူ့ကို ‌နိုးထလာစေသည်။ စွေ့ကျစ်မင် သူမကို ဖမ်းတာ အောင်မြင်သွားပြီး သူမ မလွတ်မြောက်နိုင်ရင် သူမ သူ့အပေါ် အငြိုးမထားလောက်ဘူးလား။ စွေ့ကျစ်မင်ကို မြို့တော်ကနေ ဖယ်ထုတ်လိုက်တာ တစ်ခုလေးနဲ့ အန္တရာယ်အားလုံးကို ရှင်းထုတ်နိုင်သည်။

 

 

" အနောက်ဘက် ကန္တာရကို သူမ သွားတော့မှာ၊ မင်း မသိဘူးလား? " လုဟန်ကျွင်းက သူ့ပါးစပ်ထဲ ဝိုင်ပုလင်းတစ်ဝက်လောက် မရပ်မနား လောင်းထည့်လိုက်သည်။

 

 

" ဘာ?"

 

 

" ငါ အဲ့ဒီ‌အကြောင်းကို သေသေချာချာ စဉ်းစားပြီးပြီ။ အရှေ့က အကြံက အရမ်း ကတိုက်ကရိုက်ဖြစ်လွန်းတယ်။ မင်း သူမကို ရပြီးရင်တောင်မှ သူမရဲ့နှလုံးသားကိုတော့ ရနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သူမ မင်းအပေါ် ချစ်လာအောင်လုပ်ဖို့ အခြားတစ်နည်းကို ငါစဉ်းစားမိသွားတယ် "

 

 

လုဟန်ကျွင်းရဲ့ စကားတွေကိုကြားတော့၊ စွေ့ကျစ်မင် အရင်ဆုံး တစ်စက္ကန့်‌လောက်ပျော်သွားပြီး နောက်တော့ လှောင်ရီကာ ပြောခဲ့သည်။ " ပြဿနာကို ထိန်းဖို့ သူမတိုက်ရိုက်အိပ်သွားစေမယ့် ဘာနည်းလမ်းရှိလဲ?"

 

 

ဒီနေ့ရက်တွေမှာ လူတွေရဲ့ အယူအဆနဲ့ အတွေးအမြင်တွေက အရမ်း ရှေးရိုးဆန်သည်။ မိန်းကလေးတစ်ယောက်သာ တစ်‌ယောက်ယောက်နဲ့ အိပ်လိုက်မိရင် သူမမလိုလားနေပါစေ အဲ့ဒီလူနဲ့ လက်ထပ်ရလိမ့်မည်။

 

 

ဒါပေါ့ စွေ့ကျစ်မင်က မုန့်ယန်ရဲ့ နှလုံးသားကို လိုချင်ပေမယ့် တစ်ချိန်ထဲမှာဘဲ သူ့ကိုယ်သူလည်း အရမ်းအထင်ကြီးနေကာ သူသာ မုန့်ယန်ရဲ့ ခန္ဓာကိုယ်ကို ပိုင်နေသရွေ့ သူမနှလုံးသားကို အနိုင်ယူဖို့ အချိန်အခါ တစ်ခုလောက်ပဲ လိုတယ်လို့ သူတွေးလိုက်သည်။

 

 

ဒါပေမယ်...

 

 

" အနောက်ဘက် ကန္တာရကို သူမက ဘာလို့သွားမှာလဲ။ မင်းမှာ ဒီထက်ပိုကောင်းတဲ့ ဘာအကြံရှိသေးလဲ "

 

 

လုဟန်ကျွင်းက ညာလိုက်သည်။ " သူမရဲ့မောင် မုန့်ယုက မကြာခင် ဘွဲ့ယူတော့မှာမို့လို့ ပြီးတော့ သူမရဲ့အလုပ်ကိုလည်း သူ့ကိုလွှဲပေးဖို့ ဒီညနေမှာ သူမ လက်မှတ်ထိုးမယ်လို့ ငါ ကြားတယ် "

 

 

စွေ့ကျစ်မင် ဒီစကားတွေကို လွယ်လွယ် မယုံဘူး‌ဆိုတာ သိတော့ လုဟန်ကျွင်း ထပ်ပြောလိုက်သည်။ " မင်း ငါ့ကိုမယုံရင် ခဏနေ မင်းကိုယ်တိုင်သွားကြည့်ပေါ့ "

 

 

 ပညာတတ်လူငယ်အဖွဲ့အစည်း ဒါရိုက်တာလျှိုက စုန့်ရိရန် အဒေါ်ယောက်ျားဖြစ်တဲ့အတွက် မုန့်ယန်ကို နာမည်လွှဲပေးတာ မခက်ခဲချေ။

 

 

" ဒါပေမယ့် အခြားအကြောင်းတစ်ခုကြောင့် ဖြစ်မယ်လို့လည်း ငါထင်တယ် " စွေ့ကျစ်မင် ‌တွေးနေတဲ့အချိန် လုဟန်ကျွင်းက အဓိပ္ပါယ်ပါပါနဲ့ ပြောလိုက်သည်။

 

 

"ဘာလဲ?" စွေ့ကျစ်မင် မေးလိုက်သည်။

 

 

လုဟန်ကျွင်း ရွှင်မြူးတဲ့ အကြည့်တစ်ချက်ပေးလိုက်တော့ စွေ့ကျစ်မင် ချက်ချင်း နားလည်သွားသည်။ "ငါ့ဆီက‌နေ ပုန်းဖို့လား"

 

 

ကိုယ့်ကိုယ်ကို အတော်သိသားဘဲ။ လုဟန်ကျွင်း ပြုံးဘဲပြုံးလိုက်ပြီး ဘာမှမပြောလိုက်ပေ။

 

 

" ဒါဆို ငါဘာလုပ်သင့်လဲ "

 

 

" အနောက်ဘက် ကန္တာရလိုမျိုး အနောက်ဒေသမှာ ကူလီအဖြစ်လုပ်ဖို့ လေတွေ၊ မြူတွေ၊ မိုးတွေ၊ နှင်းတွေနဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ ခရီးမှာ သူမက မိန်းကလေးတစ်ယောက်ထဲလေ။ သူမ ဘယ်လောက်တောင် အကူအညီမဲ့နေမလဲ တွေးကြည့်ဦး။ မင်းသာ သူ့ဘေးမှာ ကာကွယ်ပြီး အလိုလိုက်ပေးလိုက်ရင်...သူမနှလုံးသားကို မကိုင်တွယ်နိုင်ဘူးလား?"

 

 

 "ဟမ်!" စွေ့ကျစ်မင် စိတ်အမြန်ပြောင်းသွားကာ လုဟန်ကျွင်းစကားတွေရဲ့ အဓိပ္ပါယ်ကို သူချက်ချင်းနားလည်လိုက်ပြီး သူ့ရဲ့အနက်ရောင် သူငယ်အိမ်တွေကအလင်းတန်းတွေ ပြည့်လျှံသွသည်။ "--ဒါက အံ့ဩစရာဘဲ! အံ့ဩစရာဘဲ! ငါဘာလို့ ဒီလှည့်ကွက်ကို မစဥ်းစားမိခဲ့တာလဲ! "

 

 

မှန်းဆမရတဲ့ လုဟန်ကျွင်းလိုလူကို စွေ့ကျစ်မင်အမြဲတမ်း မုန်းနေခဲ့ပေမယ့် အခုတော့ သူ သူ့ဦးနှောက်ကို လေးစားသွားသည်။ အရမ်းကောင်းတယ်!

 

 

သူ လုံးဝမစောင့်နိုင်တော့ဘဲ သူ့ကုတ်အင်္ကျီကို ဆွဲလိုက်ပြီး ကိုယ်ပေါ် လက်လွတ်စပယ် ပစ်တင်လိုက်ကာ ပြောခဲ့သည်။ " ကောင်းပြီး ‌ဖြည်းဖြည်းစား။ ငါအရင်သွားတော့မယ်။ မင်းနဲ့ စုရိရန်တို့ နှစ်တစ်ရာတိုင် ပေါင်းဖက်ရပါစေလို့ ငါဆုတောင်းတယ်။ ဟားဟားဟား--"

 

 

ညနေလေးနာရီမှာ မုန့်ယန်က ပညာတတ်လူငယ်အဖွဲ့အစည်း မှတ်ပုံတင်ရုံး၌ တကယ် ပေါ်လာခဲ့သည်။ အဲ့ဒါက သတ်မှတ်ထားတဲ့အချိန်ရဲ့နောက်ဆုံးနှစ်ရက်ဖြစ်ပြီး မှတ်ပုံတင်ရုံးကလည်း ‌လူတွေနဲ့ရှုပ်နေခဲ့သည်။

 

 

မုန့်ယန်က စွေ့ကျစ်မင် မှတ်ပုံတင်ခုံမှာ ပေါ်လာတဲ့အထိ တမင်သက်သက်စောင့်နေပြီးနောက် လူအုပ်ကြားထဲ လှမ်းသွားလိုက်ပြီး သူ့အရှေ့မှာဘဲ သူမ နာမည်မှာလက်မှတ်ထိုးလိုက်သည်။

 

 

မုန့်ယန် မတွေ့စေဖို့ သူမလက်မှတ်ထိုးပြီးလို့ နေရာကနေမထွက်ခင်မထိ စွေ့ကျစ်မင်က လူအုပ်ကြားထဲ ပုန်းနေလိုက်သည်။ ပြီးတော့မှ မှတ်ပုံတင်ရုံးဆီ ပျော်ပျော်ကြီးသွားလိုက်သည်။

 

 

မုန့်ယန်ဆိုတဲ့ စာလုံးကို တွေ့ပြီးနောက်မှာ သူလည်း သူ့နာမည်နေရာမှာ သပ်သပ်ရပ်ရပ် လက်မှတ်ထိုးလိုက်သည်။

 

 

နောက်မှ ပညာတတ်လူငယ်အဖွဲ့အစည်းရုံးကနေ တက်တက်ကြွကြွနဲ့ထွက်သွားခဲ့သည်။

 

 

မှောင်လာတော့၊ လူတစ်ချို့က ဗွက်အိုင်တွေကိုရှောင်သွားပြီး တစ်ချို့ကတော့ ဗွက်အိုင်ထဲ ကျကုန်ကြသည်။

 

 

...

 

နှစ်ရက်ကြာပြီးနောက် ဒီနှစ်မှာ ကျေးလက်ဒေသတွေဆီသွားဖို့ ပညာတတ်လူငယ်အဖွဲ့သစ်ရဲ့နောက်ဆုံးအချိန်ကျရောက်လာသည်။ ဗြောင်ဂျပ်ကပ်ကိုဝတ်ပြီး အဝတ်အိတ်အကြီးကြီးကို သူ့လက်မှာ သယ်လာရင်း အဖွဲ့အနောက်ကနေ ဘူတာရုံဆီ သိက္ခာရှိရှိနဲ့ မုန့်ယန်နောက် လိုက်သွားခဲ့သည်။

 

 

အဲ့ဒီအချိန် မြို့တော်ဘူတာရုံမှာ မျက်လုံးထဲမှာ စိမ်းပြာရောင် ပင်လယ်ပြင်ကြီးရှိပြီး တစ်ခါတစ်လေမှာ အဖြူရောင်ပန်းတချို့လိုမျိုး အဝအထိ လူအုပ်တွေကပြည့်ကျပ်နေသည်။

 

 

ပလက်ဖောင်းက နံရံသုံးခုပေါ်မှာ အနီရောင် ကိုးကားချက်စာတွေကို ထွင်းထားသည်။

 

 

" ကမ္ဘာကြီးက ကျယ်ပြောပြီးတော့ လုပ်စရာတွေလည်းအများကြီးရှိတယ် "

 

 

"ဆင်းရဲသားနဲ့ အလယ်အလတ်တန်းစား လယ်သမားတွေကို ပညာပေးဖို့ ပညာတတ်လူငယ်တွေက ကျေးလက်ဒေသတွေဆီ သွားကြတယ်"

 

 

ရထားမှာ ဈေးလိုမျိုး ဆူညံနေပြီး အသက်ဝင်နေခဲ့သည်။ ရှုပ်ထွေးနေတဲ့ လေထုထဲမှာ မျှော်လင့်ထားသလိုဘဲ မုန့်ယန်က စွေ့ကျစ်မင်နဲ့ ဆုံသွားခဲ့သည်။

 

 

သူမက ဒေါသထွက်နေသလိုဟန်ဆောင်လိုက်ကာ မျက်လုံး‌တွေထဲ ဒေါသတွေနဲ့ ပြောခဲ့သည်။ " နင်က ဘာလို့ ဒီမှာရှိနေတာလဲ "

 

 

စွေ့ကျစ်မင် ရက်ရက်စက်စက် ချွေးတွေမထွက်ခင် လူအုပ်ကြားထဲမှာ ပျောက်နေတဲ့ မုန့်ယန်ကို တွေ့သွားသည်။

 

 

သူမက သူ့ကို ချက်ခြင်း ခေါ်လိုက်တော့ ပျော်ရွှင် စွဲလမ်းသွားတဲ့အတွက် စိတ်လှုပ်တရှား ဗလုံးဗထွေးပြောလာသည်။

 

 

 " မင်းကို ကိုယ်စိုးမရိမ်ဘူး၊ ပြီးတော့ ကိုယ်၊ မင်းအနောက်ဘက် ကန္တာရကို တစ်ယောက်ထဲသွားမှာဆိုတော့ ကိုယ်မင်းနဲ့ အတူလိုက်ခဲ့ပေးမယ်လေ။ အဲ့ဒါကြောင့် လမ်းမှာ ကိုယ်က အဖော်ကောင်းဖြစ်မယ်လို့ မျှော်လင့်တယ် "

 

 

သူ့လေသံက လုံးဝကို နူးညံ့နေပြီး မသိတဲ့လူဆိုရင် သူ့မျက်နှာပေါ်က ညင်သာမှုကြောင့် တကယ်ကြီး ဇဝေဇဝါ ဖြစ်သွားလောက်သည်။

 

 

မုန့်ယန် ခေါင်းကို အဝေးဆီလှည့်လိုက်ပြီး စကားပြောတာ ရီလိုက်သည်။ သူမ မျက်နှာက အရမ်းပျော်နေပုံမပေါ်ဘဲ သူမ ဒေါသထွက်နေရင်တောင်မှ စွေ့ကျစ်မင်မျက်လုံးထဲ ထူးထူးဆန်းဆန်း လှနေတုန်းပင်။

 

 

ဒီနေ့ခေတ်‌တွေမှာ သွားမယ့်ခရီးသည်တွေကို ကြည့်ဖို့ ပလက်ဖောင်းပေါ် တက်လို့ရသည်။ ရထားက အသံပေးလိုက်ပြီး ဘူတာရုံထဲဝင်လာသည်။ စွေ့ကျစ်မင်က ပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်နေပြီး မုန့်ယန် အတွဲနံပတ်၆ထဲ ဝင်မှာကို ကြည့်နေလိုက်ပြီးမှ အတွဲနံပတ်၈ထဲ ယုံကြည်မှုရှိရှိနဲ့ တိုးဝင်သွားသည်။

 

 

ရထားတွဲတွေက အရမ်းလုံတဲ့အတွက်  အထဲမှာ ငါးသေတ္တာဘူးလို ဖြစ်နေခဲ့သည်။

 

 

စွေ့ကျစ်မင် ထိုင်ခုံတွေ့သွားပြီး သူ့အိတ်ကိုထည့်လိုက်သည်။ အတွဲနံပတ်၆ကို သွားပြီး မုန့်ယန်ကို သူသွားကြည့်ချင်ပေမယ့် လူတွေ အရမ်းများတဲ့အတွက် သူထွက်လို့မရပေ။

 

 

မေ့လိုက်တော့၊ ခဏလောက် အဲ့ဒီအကြောင်း မစိုးရိမ်နေနဲ့။ အနာဂတ်က အရှည်ကြီးဘဲ။

 

 

စွေ့ကျစ်မင်က လူကောင်ကြီးပြီး အရပ်ရှည်တဲ့အတွက် ဖျစ်ညှစ်ပြီးနေရတာ အရမ်းခက်ခဲပြီး မုန့်ယန်လို အကောင်သေးသေးလေးက ပိုပြး‌တော့‌တောင် လှုပ်ရခက်ခဲဦးမည်။

 

 

ဒါပေါ့ နောက်ဆုံးမှာ သူမ ထွက်ဖို့နည်းလမ်းရှာတော့သည်။ အမြန်ဘဲ သူမ ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်သည်။

 

 

သူမ အန္တရာယ်ကင်းကင်း ဆင်းဖို့ ရထားတွဲအောက်က ကူညီပေးတဲ့ အရပ်ရှည်ရှည်လူကို ကျေးဇူးတင်ရမည်။

 

 

" ကျေးဇူးတင်ပါတယ် "

 

 

အရမ်းကို ကြည့်ကောင်းတဲ အပြုံးပန်း‌တွေက ဒီနေ့ထွက်တဲ့ နေရောင်ခြည်ထက် ပိုတောက်ပနေပြီး အစိမ်းရောင်လွတ်လပ်ရေး ဝတ်စုံပြည့်နဲ့လူက ရှက်ရွံ့မှုကြောင့် အဝေးကို ကြည့်လိုက်သည်။

 

 

ကိုးနာရီလေးဆယ့်ငါးမိနစ်မှာ၊ ရထားက အချိန်အတိအကျ ထွက်သွားခဲ့သည်။

 

 

ဒီဒီ--

 

 

ရထားက ကောင်းကင်မှနေကို လိုက်ဖမ်းရင်း နွေဦးရေကန်က စုန့်နမ် လွင်ပြင်ကို ဖြတ်ပြီး ဒုန်းစိုင်းမောင်းနှင်သွားခဲ့သည်။

 

 

မြူတွေက ဖြည်းဖြည်းချင်း ရှင်းသွားပြီး မုန့်ယန်ရဲ့ စိတ်အခြေအနေကလည်း မကြုံစဖူး ပေါ့ပါးနေခဲ့သည်။

 

 

နှုတ်ဆက်ပါတယ် စွေ့ကျစ်မင်ရေ။

 

 

ဘူတာ ထွက်ပေါက်က လုဟန်ကျွင်းနဲ့ စုန့်ရန်ရိဆီ မုန့်ယန်ပြေးသွားလိုက်သည်။ သူတို့နှစ်ယောက်လုံးက သူတို့သူငယ်ချင်း ထွက်သွားတာကို လာကြည့်ကြတာဖြစ်သည်။ သူတို့ရဲ့ ရန်သူတွေနဲ့ ဆုံတဲ့အခါ သူတို့အတွက် ရှားရှားပါးပါး တည့်သွားကြသည်။

 

 

" သူသွားပြီလား?" လုဟန်ကျွင်း မေးလိုက်သည်။

 

 

မုန့်ယန် တောက်ပတဲ့အပြုံးနဲ့ သူမ မျက်လုံးကို ပင့်လိုက်ပြီး ပြောခဲ့သည်။ " ဟုတ်တယ်။ ကျေးဇူးပဲ "

 

 

" ဟန်ကျွင့်"စုန့်ရန်ရိက သူတို့ စကားတွေကိုနားမလည်ပေ။ ဘယ်လိုလုပ် လုဟန်ကျွင်းက သူမနဲ့ စကားပြောဖို့ လက်ဦးမှု ယူလိုက်လဲဆိုတာ သူမ နားမလည်ပေ။

 

 

ဒီအန္တရာကြီးတဲ့ မိန်းမ၊ အတိတ်တုန်းက သူမက သူ့ကို ညီအစ်မကောင်းလိုမျိုး ဆက်ဆံခဲ့ပြီး နှစ်ယောက်ကြားက သူငယ်ချင်း ဆက်ဆံရေးကလည်း မုန့်ယန်သူမကို အ‌သရေဖျက်ဖို့ ကြံခဲ့တဲ့အချိန်မှာ စောစောစီးစီး အဆုံးသတ်သွားတာကိုဘဲ ကျေးဇူးတင်ရမည်။

 

 

" ရိရန် " စုန့်ရိရန်က သူမကို မတွေ့ချင်နေပေမယ့် မုန့်ယန်က အပြုံးတစ်ခုနဲ့ နှုတ်ဆက်ခဲ့သည်။