အပိုင်း ၉
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၉

 

 

 

 

 

 

စုန့်ရိရန်က မုန့်ယန်ထက် တစ်နှစ်ငယ်‌ပြီး နောက်လမှာ ဆယ့်ရှစ်နှစ်ပြည့်မှာဖြစ်သည်။ သူမက အရောင်စုံ ရှပ်ဂျပ်ကပ်ကို ဝတ်ထားပြီး နားရွက်အနားက ကျစ်ဆံမြီးကျစ်ထားတဲ့ ပတ်ပတ်လည်မှာ ပန်းအဖြူနှစ်ပွင့်ပန်ထားသည်။ သူမကို ကြည့်လိုက်တဲ့အချိန် သူမမျက်လုံး‌တွေက အသက်အရွယ်နဲ့မလိုက် ခေါင်းမာပြီး   ဆုံးဖြတ်ချက် ပြတ်သားနေသည်။

 

 

ဘယ်ဘက်ကပဲ ကြည့်ကြည့် မူလစာအုပ်က ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်တွေနဲ့ ဆက်ဆံရေး ကောင်းကောင်းလုပ်ထားသင့်သည်။ အဆုံးမှာတော့ ဇာတ်လိုက် နဲ့ အမျိုးသမီး ဇာတ်လိုက်ကြောင့် ဝတ္ထုက တည်ရှိ‌‌နေရတာပင်။ ဒီရွှေပေါင်လုံးကြီးနှစ်ခုကို မဖက်ထားရင် သူတို့တွေ စိတ်ကျေနပ်မှာ မဟုတ်ဘူး။

 

 

မုန့်ယန်ရဲ့ ရုတ်တရက် ယဥ်‌ကျေးပြီးရင်း ယဉ်ကျေးနေတော့ စုန့်ရိရန်က မပျော်မရွှင်နဲ့ မျက်မှောင်ကြုပ်သွားသည်။ သူမ လုဟန်ကျွင်းကို အဝေးခေါ်သွားလိုက်ချင်ပေမယ့် သူမက ထပ်ပြောခဲ့သည်။

 

 

" ‌နှစ်ရက်အတွင်းမှာ ငါ ဖေ့လန်ကျွန်းကို သွားတော့မှာ။ နင်တို့ နှစ်ယောက် တွဲနေတယ်လို့လည်း ငါကြားတယ် "

 

 

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဖြစ်သွားတာရက်အနည်းငယ်လောက်ပဲ ရှိသေးသည်။ အမှန်တိုင်းပြောရရင် ဇာတ်လိုက် လုဟန်ကျွင်းက အလှလေးကို ကယ်တင်လိုက်တဲ့ ဇာတ်ကွက်ဖြစ်ပြီး မုန့်ယန်ရဲ့ အံ့ဩစရာကောင်းတဲ့ ကူညီမှုကို ကျေးဇူးတင်ရမည်။ အဲ့ဒီနောက်မှာ သူတို့ရဲ့ ဆက်ဆံရေးက နောက်တစ်ဆင့်ကို တက်သွားကြသည်။

 

 

ဒီစုံတွဲရဲ့ ရက်ရက်စက်စက် ခွေးသွေးဆန်တဲ့ ဇာတ်ကြောင်းကို စဉ်းစားမိရင်း ဒီကြည့်ကောင်းတဲ့ စုံတွဲအတွက် တိတ်တိတ်လေး ဝမ်းနည်းသွားရသည်။

 

 

ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ နောက်ဆုံးမှာ ဒါက ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်တို့ရဲ့ ဘဝဘဲလေ၊ အတက်အကျ ဖြစ်နေပေမယ့်လည်း ဇာတ်သိမ်းကတော့ ပျော်စရာ ဇာတ်သိမ်းပဲဖြစ်သည်။ အမြှောက်စာ အရံအမျိုးသမီးဇာတ်ကောင်ဖြစ်တဲ့ မုန့်ယန်အနေနဲ့ တစ်ယောက်ထဲဖြစ်တာက ကောင်းသည်။

 

 

သူမ စကားပြောလိုက်တဲ့အချိန် စုန့်ရိရန်ရဲ့ ခြေလှမ်းတွေရပ်သွားပြီး သူမကို ပဟေဠိဖြစ်စွာနဲ့ကြည့်လိုက်ကာ ပြောခဲ့သည်။" နင် ဖေ့လန်ကျွန်းကို သွားမှာလား? ဘာလို့လဲ?"

 

 

" လက်ထပ်ဖို့သွားမလို့။ တကယ်လို့ အဆင်ပြေသွားရင် ငါပြန်မလာတော့မှာ လုံးဝသေချာတယ် "လုဟန်ကျွင်းသူ့ကို အန္တရာယ်များတဲ့အကြည့်တစ်ချက်ပေးလိုက်တော့ မုန့်ယန်က အရှုံးပေးသလို လက်မြှောက်ကာ ရယ်ပြီး ပြောခဲ့သည်။ 

 

 

" ဟုတ်ပါပြီ၊ အဆင်မပြေရင်လည်း ငါပြန်မလာပါဘူး"

 

 

"ရုတ်တရက်ကြီး?" သူမ ထွက်သွားတာကြည့်ဖို့ သူမ မစောင့်နိုင်ပေမယ့် သူမ တောင်ဘက်ကို သွားမှာကြားတော့ သူမ မယုံနိုင်သလို ခံစားလိုက်ရသည်။

 

 

သူမ လိုလားတာလား? ဒီက အရာအားလုံးကို အရှုံးပေးလိုက်ပြီး ဘာမှမရှိတဲ့ ကျွန်းသေးသေးလေးဆီ သွားမှာလား?

 

 

မုန့်ယန် ဘယ်လိုဆေးမျိုး စားမိသွားလဲဆိုတာ စုန့်ရိရန်မတွေးနိုင်ပေမယ့် သူမ ထပ်ပြောတာကို ကြားလိုက်ရသည်။

 

 

" ကောင်းပြီ၊ အရင်တုန်းက ရူးမိုက်တဲ့ အရာတွေအများကြီး လုပ်ခဲ့တယ်။ အခုတော့ ငါရုတ်တရက် နိုးထလာပြီးတော့ ငါ့အပြုအမူက ဘယ်လောက်လွန်နေလဲဆိုတာ နားလည်သွားတယ်"

 

 

ဒီစကားလုံးတွေက ဘယ်လောက်တောင် ရိုးသားလိုက်လဲ?

 

 

စုန့်ရိရန် ရှုပ်ထွေးနေတဲ့ခံစားချက်တွေနဲ့ လုဟန်ကျွင်းကိုမော့ကြည့်လိုက်သည်။

 

 

" စကားမစပ်၊ ရိရန် ငါ နင့်ကို နှစ်ယောက်ထဲ ပြောချင်တာရှိတယ် "

 

 

ဖော်ရွေနေတဲ့လေထုက ချက်ချင်း ခြောက်ကပ်သွားသည်။ စုန့်ရိရန် လုဟန်ကျွင်းကို ကြည့်လိုက်ချိန် အမျိုးသားရဲ့လက်က ကိုင်ထားတာ တင်းကြပ်သွားသည်။

 

 

" ငါ့ရှေ့မှာ မင်းမ‌ပြောနိုင်စရာရှိလို့လား " နောက်တစ်စက္ကန့်မှာ မုန့်ယန်က စုန့်ရိရန်ကို သေအောင်ကိုက်ဖို့ ခုန်အုပ်လာမယ့် သမန်းဝံပုလွေလို ပြောင်းသွားမှာကို သူ့မျက်လုံးတွေက စူးစူးရှရှနဲ့ စစ်ဆေးနေသည်။

 

 

" ငါ သူမကိုစားလိုက် မှာကြောက်နေတာလား"

 

 

လုဟန်ကျွင်းက သူဖြုံလောက်တဲ့ ရန်သူနဲ့ ရင်ဆိုင်လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ မုန့်ယန် မတတ်နိုင်ဘဲ ပြုံးလိုက်သည်။

 

 

" တကယ်တော့၊ အဲ့ဒါက ဘာမှ‌တော့မဟုတ်ပါဘူး...ကောင်းပြီ၊ နင်တို့ပျော်ကြပါစေလို့ ငါဆုတောင်းပါတယ်"

 

 

ပြောပြီးနောက်မှာ နှစ်ယောက်သားလုံး တစ်ချိန်ထဲမှာဘဲ အေးခဲသွားသည်။

 

 

ကန်ဇွန်းဥမီးဖုတ် အနံ့က လေထဲကနေ ပျံ့လွင့်လာပြီး  လုဟန်ကျွင်းရဲ့ မျက်နှာ တစ်ဝက်က သံသယဖြစ်ဖွယ် နီတက်လာသည်။

 

 

သူက စုန့်ရိရန်ရဲ့လက်ကို ချွေးတွေ ရွဲရွဲစိုနေရင်း ကိုင်ထားပြီး ပြောခဲ့သည်။ " တစ်ယောက်ယောက်က မင်းနဲ့ ဆက်ဆံရေး ကောင်းကောင်းရှိနေတယ် ထင်တယ် "

 

 

ဒီမိန်းမ တကယ်ရူးနေတာပဲ။

 

 

"နင်တို့ ခွင့်လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ၊ ငါအရင်တောင်းပန်လိုက်ပြီ။ ပြီးတော့ ငါတို့တွေ တောင်တွေ မြစ်တွေနဲ့ ရေစက်ဆုံရင် ပြန်တွေ့ကြတာပေါ့ " အသံ နူးညံ့သိမ်‌မွေ့နေပြီး နွေဦးလေပြေထက်တောင် နူးညံ့နေသည်။

 

 

ပြောပြီးတဲ့နောက်မှာ သူမ ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

 

 

မိုင်အချို့မဝေးခင်အထိ စုန့်ရိရန် သူမရဲ့ နက်ရှိုင်းတဲမျက်လုံးတွေကို ရုတ်သိမ်းလိုက်သည်။

 

 

သူမ မျက်လုံးတွေ ပင့်လိုက်ပြီး လုဟန်ကျွင်းကို ဗလာဖြစ်ပြီး တုန်လှုပ်စွာနဲ့ကြည့်လိုက်သည်။

 

 

" ငါ သူမကို မသိတော့သလိုမျိုးဘဲ။ သူမ ပိုပြီး သူစိမ်းဆန်လာတယ်လို့ ခံစားရတယ် "

 

 

လုဟန်ကျွင်း မျက်ခုံးတွေ ဖြေလျော့လိုက်ပြီး သူမကို အိမ်ပြန်ခေါ်သွားလိုက်သည်။ " အဲ့ဒီမှာ ကိုယ်တို့နဲ့ လုပ်စရာဘာမှမရှိဘူး။ အခုကစပြီးတော့ ကိုယ်တို့လည်း ကိုယ်တို့ ကိုယ်ပိုင်ဘဝနဲ့ နေကြမယ် "

 

 

သူ့လက်ကို တိတ်တိတ်‌လေး ဆုပ်ကိုင်လိုက်ပြီး သူမ ပြန်ဖြေလိုက်သည်။ "အင်း"

 

 

.........

 

 

 

စစ်တပ်ထဲသွားဖို့ သူမ အထုပ်အပိုးတွေ သိပ်မယူသွားရပေ။ ကျန်းရှောက်ယွီက အခြေအနေကောင်းတဲ့ အရာရှိဖြစ်သည်။

 

 

အဲ့ဒီမှာ အကုန်ရှိမယ်လို့ မုန့်ယန် ထင်လိုက်တဲ့အတွက် သူမက ကြုံရာအဝတ်အစား လေး ငါးစုံ၊ နွေရာသီဝတ်လေးစုံနဲ့၊ ဆောင်းရာသီကျရင် ဝတ်ဖို့ ချည်ဂျပ်ကပ်အကြီးတစ်ထည်ပဲ ယူသွားလိုက်သည်။

 

 

ကျွန်းပေါ်မှာ၊ တစ်နှစ်ပတ်လုံး အေးတဲ့ရက် သိပ်မရှိပေ။ ချည်ဂျပ်ကပ်တစ်ထည်က လုံလောက်ပြီ။ ဒါပေမယ့် မလုံလောက်ရင်လည်း ခဏဝယ်လိုက်မည်။ အများကြီးယူသွားပြန်ရင်လည်း ကိုးရိုးကားယားနိုင်သည်။

 

 

လက်ထပ်တာကို အပြီးသတ်ပြီးတဲ့နောက်မှာ ခေါင်းဆောင်ဟောင်းက မုန့်မိသားစုဆီ စာအိတ်နီတစ်လုံး ထုတ်ပေးလိုက်ပေမယ့် မုန့်မိသားစုက လူအိုစုံတွဲက သူတို့သမီးကို လက်ထပ်ပေးလိုက်တာ ရောင်းလိုက်တာ မဟုတ်ကြောင်းပြောရင်း လက်ခံဖို့ ငြင်းလိုက်သည်။

 

 

အမှန်တော့၊ သူတို့က မလိုချင်ဘူးပေမယ့် မလုပ်ရဲလို့ဆိုတာ မုန့်ယန်နားလည်သည်။

 

 

လောင်မုန့်မိသားစုက ဆင်းရဲပေမယ့်လည်း သူတို့လင်မယား တန်ဖိုးထားတာက ပိုက်ဆံမဟုတ်ဘဲ သူတို့သမီးရဲ့ ပျော်ရွှင်မှုဘဲဖြစ်သည်။

 

 

ဘာဘဲဖြစ်ဖြစ် သူတို့က စာအိတ်နီကို လက်ခံဖို့ ငြင်းပေမယ့်လည်း အဲ့ဒါက တကယ်တော့ သူတို့သမီးကို ဘယ်လောက် တန်ဖိုးထားလဲဆိုတာကို လောင်ကျန်းမိသားစုကို ပြချင်တာဖြစ်သည်။

 

 

ရှင်းပြချက် စာတစ်ကြောင်းက ပိုက်ဆံကို စိတ်ကြိုက်ရွေး၊ ငါတို့ မုန့်မိသားစုက မိန်းကလေးကိုတော့ ကောင်းကောင်းဆက်ဆံရမယ်!!

 

 

အဆုံးမှာတော့ ကျန်းရှောက်ယွီရဲ့အဖွားက မုန့်ယန်ဆီ စာအိတ်နီ ထည့်ပေးလိုက်သည်။

 

 

" မင်းတို့‌တွေ လက်မခံရင် ငါ့မြေးချွေး‌မကို ပေးလိုက်မယ်။ လိမ္မာတဲ့ ကောင်မလေး၊ ယူလိုက်။ အဖွားက သမီးကိုပေးတာ၊ ရှောက်ယွီရဲ့မိဘတွေပေးတာမဟုတ်ဘူး။ ဒါ အဖွားတစ်ယောက်ပဲ သမီးကိုပေးတာ။ လိမ္မာပါတယ် ယူလိုက် ယူလိုက်"

 

 

လက်ခံရမယ်လို့ ထုတ်ဖော်ပြောလိုက်တဲ့အတွက် မုန့်ယန်မငြင်းတော့ဘဲ လက်ခံလိုက်သည်။

 

 

နောက်ဆုံးတော့၊ သူမ ယူထားလိုက်သည်။ သူမ မထွက်သွားခင်၊ မုန့်ယန်က စာအိတ်နီကို အိမ်က သူမအဝတ်တွေထားတဲ့ ပရုတ်သေတ္တာထဲမှာ ထိုးထည့်လိုက်ပြီး သူမရထားပေါ် မတက်ခင်အထိ သူတို့မိဘတွေကို မပြောဖို့ သူမ မောင်နှမအငယ်တွေကို ပြောထားလိုက်သည်။

 

 

မိသားစုမှ ဒီပိုက်ဆံတွေ ရှိနေရင် သူမ ကျွန်းကိုသွားတဲ့အချိန် သိပ်စိတ်ပူရတော့မှာ မဟုတ်ဘူး။

 

 

ခွဲခွာခြင်းက အမြဲတမ်း ဝမ်းနည်းစရာ ကောင်းသည်။ ကောင်းကင်က မိုးနည်းနည်းရွာလာပြီး မနက်ဘက် သူတို့နိုးလာခဲ့အခါ မြို့တော်တစ်ခုလုံးက လွမ်းဆွေးစရာတွေပေါင်းပြီး မြူတွေ လွှမ်းနေခဲ့သည်။

 

 

မုန့်ယန်က တောင်ဘက်ကိုသွားပြီး ရေတပ်အရာရှိနဲ့ လက်ထပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းက တစ်ဝင်းလုံးပြန့်နှင့်နေပြီဖြစ်ကာ အဆက်မပြတ် ဂုဏ်ပြုစကားတွေက ကြားနေရပြီး ကောင်မ‌လေးတွေဆီကလည်း မရေမတွက်နိုင်အောင် အားကျခံ နေရသည်။

 

 

" ဘယ်တော့မှ နင့်ကို ထပ်တွေ့ရတော့မှာမဟုတ်ဘူး။ မုန့်အာ ကောင်းလိုက်တဲ့ မုန့်အာ။ နင် လက်ထပ်ပြီး တောင်ဘက်ကို ဘာလို့သွားမှာလဲ?"

 

 

" ကံတရားပေါ့၊ ကံတရားက တွန်းအားပေးတာ ဒါကြောင့် ငါသွားရမှာပေါ့ "

 

 

မုန့်ယန်က ငယ်ငယ်ကတည်းက " သူများတွေရဲ့ကလေး" ဖြစ်သည်။ ကောင်းကောင်း စာလေ့လာတယ်၊ ကောင်းကောင်းကြီးပြင်းလာတယ်၊  ဝီရိယရှိပြီးတော့ ချင့်ချိန်တတ်တယ်၊ မူလတန်းကတည်းက သူမ အမေနဲ့အိမ်အလုပ်ကို ကူညီပေးပြီးတော့ အိမ်ကိုလည်းထိန်းသိမ်းပေးသည်။

 

 

အတိတ်တုန်းက အိမ်နီးချင်းတွေက ဒီကောင်မလေး ဘယ်လို လင်ငယ်နဲ့ရသွားမလဲဆိုတာ အမြဲတမ်းခန့်မှန်းကြသည်။ အခုတော့ ဒီရွှေပန်းလေးက စစ်တပ်အရာရှိဖြစ်နေတဲ့ အကြီးအကဲသားတစ်ယောက်ဆီကနေ ခူးဆွတ်ခြင်းခံလိုက်ရပြီပင်။ သူမ အခြေအနေက မနိမ့်တဲ့အတွက် ဒီအချိန်မှာ မုန့်မိသားစုက အမြင့်ကိုတက်ကြတာလို့ ကြားခဲ့ရသည်။

 

 

ဒါက လူတွေကို အားကျမနာလိုစေသည်။ ဒါပေမယ့် နာကျင်မှုတွေကိုတော့ မုန့်မိသားစုကသာလျှင် မြိုချခံရသည်။

 

 

ဘေးအခန်း ကောင်းမိသားစုက အဒေါ်က သက်ပြင်းချလိုက်ပြီး သူမရဲ့ မျက်လုံးတွေက နုနယ်တဲ့မုန့်ယန်ရဲ့မျက်နှာမှာ မကြာခဏ ကျရာက်နေကာ ပြောခဲ့သည်။

 

 

 " လွန်ခဲ့တဲ့နှစ်ရက် အသားစက်ရုံက လူငယ်လေးတစ်ယောက် နင့်အကြောင်း လာမေးတယ်။ နင်သာ အရာရှိတစ်ယောက်နဲ့ လက်မထပ်ခဲ့ရင် အသားစက်ရုံက လူနဲ့ တွဲရမှာ။ အခုကနေစပြီးတော့ နင်‌အသားတွေ စားချင်သလိုစားလို့ရမှာ "

 

 

မျက်နှာချင်းဆိုင်အခန်းက စွင်းမိသားစုက အ‌ဒေါ်ကလည်း ဆတ်ကနဲ ပြေးလာကာ ပြောခဲ့သည်။

 

 

" အိုးး၊ အခုမှ ဒီအကြောင်းပြော‌တော့ ဘာအသုံးဝင်မှာလဲ၊ နင်ပြောတာ ဘယ်မိသားစုကလဲ? ငါတို့မိသားစုက ယင်းယင်းကလည်း အခုထိ ဘယ်သူနဲ့မှတွဲမနေဘူး!"

 

 

အစက မုန့်ယန်အကြောင်း ပြောနေကြရာက‌နေ အဒေါ်နှစ်ယောက်သားက မျက်စိတစ်မှိတ်အတွင်းမှာဘဲ နေ့စဉ်လုပ်ငန်း‌‌ဆောင်တာ‌တွေအကြောင်း ပြောကြ‌တော့သည်။

 

 

မြို့တော်မှာ ဆပ်ကမ်းလည်း မရှိသလို ပင်လယ် ကမ်းခြေလည်းမရှိပေ။ ဖေ့လန်ကျွန်းကို သွားချင်လျှင်  တောင်ဘက်က ပင်လယ်ကမ်းခြေမြို့ကို ရထားနဲ့သွားပြီးမှ ဖေ့လန်ကျွန်းမှာရှိတဲ့ ဆိပ်ကမ်းဆီ လှေနဲ့ထပ်သွားရသည်။

 

 

ဖေ့လန်ကျွန်းက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှောင်လျှိုက မနက်စောစော ဘူတာရုံမှာစောင့်နေခဲ့သည်။ မုန့်ယန်နဲ့ ဆုံပြီးတဲ့နောက် အဖွဲ့က စောင့်ဆိုင်းခန်းထဲ ဝင်သွားလိုက်ကြသည်။

 

 

ပတ်ဝန်းကျင်က ခွဲခွာခြင်း ဝမ်းနည်းမှုကို အစပြုပေးလိုက်တဲ့အတွက် သေချာပေါက်ကို ဒါက ကြီးမားတဲ့ သဘောတူညီမှု ဖြစ်သည်။ မုန့်မိသားစုက ကလေးသုံးယောက်က သူတို့အခန်းထဲ ဝင်ဝင်ချင်း အကျယ်ကြီး အော်ငိုတော့သည်။

 

 

 အငယ်နှစ်ယောက်က မုန့်ယန်ရဲ့ ခြေထောက်ကို ဖက်ထားကြသည်။ အရပ် ၁.၇၈မီတာရှည်ပြီး ဆယ့်ခြောက်နှစ်ရှိပြီဖြစ်တဲ့ မုန့်ယုကတော့ အငယ်နှစ်ယောက်လိုမျိုး ဖက်လို့မရတာက တော်တော်ဆိုးသည်။