အပိုင်း ၁၀
Viewers 2k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၀

 

 

 

 

 

 

နောက်ဆုံးမှာ သူ အနောက်ကနေ တိတ်တိတ်လေး ငုံ့ချလိုက်ပြီး သူမ ပုခုံး‌ကို လက်နဲ့ဖက်လိုက်သည်။

 

 

" ဘာလို့‌ငိုနေကြတာလဲ? ဘာလုပ်နေကြတာလဲ? နင်တို့အစ်မက ပြန်မလာနိုင်တော့မှာ ကျနေတာဘဲ။ ဒီနှစ်မှာ တစ်ခေါက်တော့ မင်းတို့‌ကို ပြန်လာတွေ့ဖို့ အစ်မကြိုးစားပါ့မယ်။ ဟုတ်ပြီလား?"

 

 

ဘယ်သူမှ အသိအမှတ်မပြုလာပေ။

 

 

" မငိုနဲ့တော့။ ဒါက ကောင်းတဲ့အရာဘဲလေ။ ရှောင်ယုက မကြာခင်ဘွဲ့ရတော့မှာ ပြီးတော့ သူက အစ်မအလုပ်ကို လက်လွှဲယူရတော့မှာ။ အဲ့ဒါက ပိုတောင်ကောင်းသေးတယ်။ မင်းက အစ်မအတွက် ကျေးလက်ဒေသတွေဆီ သွားစရာမလို‌တော့ဘဲ အစ်မအတွက် မြို့ပေါ်မှာဘဲနေပြီး မင်းတို့ကို ဂရုစိုက်ရတော့မှာ။ ပြီးတော့ အစ်မ ထွက်သွားရင် ရှောင်ယုနဲ့ လေ့လေ့က အိပ်ခန်းကြီးကိုရပြီးတော့ ဖေးဖေးက အိပ်ခန်းသေးမှာ တစ်ယောက်ထဲ အိပ်ရမှာ၊ သိကြလား?"

 

 

" အစ်မ...." ကလေးသုံးယောက်က တစ်ပြိုင်ထဲခေါ်လိုက်ကြသည်။

 

 

မုန်လာဥခေါင်းလေး နှစ်လုံးကို ပွတ်လိုက်ပြီးတော့ မုန့်ယန်က အပြုံးနဲ့ပြောခဲ့သည်။

 

 

" လေ့လေ့က အထက်တန်းကို ရောက်ဖို့ ပြင်းပြင်းထန်ထန် ‌အကောင်းဆုံး ကြိုးစားရမယ်နော်။ သူသာ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် အလုပ်သမား၊လယ်သမားနဲ့ စစ်သား တက္ကသိုလ်ကို ‌သွားဖို့ ထောက်ခံပေးတာခံရလိမ့်မယ် "

 

 

၁၉၇၄၊ မုန့်ယန် အထက်တန်းဘွဲ့ရပြီးတဲ့အချိန်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲက အချိန်အတော်ကြာပြီးမှ ပြန်စခဲ့ပေမယ့် အခုတော့ သူမ မောင်‌ကို သတင်းကောင်း မပြောနိုင်သေးဘဲ သူ့ကို ကြိုးစားဖို့ဘဲ တိုက်တွန်းနိုင်သည်။

 

 

မုန့်လေ့က သူ့မျက်ရည်တွေကို သူ့အင်္ကျီလက်နဲ့သုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြောခဲ့သည်။  " သားမှာ ကောလိပ်ကိုသွားဖို့ အရည်အချင်း ကောင်းကောင်းမရှိဘူး။ ပြီးတော့ စာလုပ်တာက ဘာအသုံးဝင်မှာလဲ၊ အလုပ်စောစောလုပ်ပြီး ပိုက်ဆံရှာတာက ပိုတောငကောင်းသေးတယ် "

 

 

မုန့်ယုက မိသားစုက ဒုတိယကလေးဖြစ်သည်။ သူက အရွယ်နဲ့မလိုက် စဉ်းစားချင့်ချိန်တတ်ပြီး နာခံတတ်သည်။ သူက မိသားစုရဲ့ မဏ္ဏိုင်ပဲဖြစ်သည်။

 

 

သူ့ရဲ့ အကယ်ဒမီ လုပ်ဆောင်ချက်က သိပ်မကောင်းတဲ့အတွက် အထည်စက်ရုံကို သွားပြီး သူ့အစ်မရဲ့နေရာမှာဝင်လုပ်လိုက်သည်။

 

 

ဆန့်ကျင်ဘက်အနေနဲ့ မုန့်လေ့က အကျိုးအကြောင်းမဆင်ခြင်ဘဲ ဒေါသကြီးတဲ့ ကလေးတစ်ယောက်ဖြစ်ကာ တစ်ကယ်တော့အဆင့်ကောင်းတွေရပြီး အတန်းထဲမှာ အကြိမ်‌တိုင်းပထမ၊ ဒုတိယနေရာရသည်။

 

 

ဒီအချိန်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ မရှိတာ ဝမ်းနည်းစရာကောင်းသည်။ ဒါပေမယ့်လည်း သူက မြင့်မြင့်ရောက်နိုင်တဲ့ ‌ကျောင်းသားတစ်ယောက်ဖြစ်သည်။

 

 

" အစ်မက ကျွန်းကိုသွားပြီး လက်ထပ်ရင် အနာဂတ်မှာ ငါတို့တွေက အကြီးအကဲတွေနဲ့ အမျိုးတော်သွားပြီ။ မင်းသာ ထိပ်ဆုံးရောက်ရင် ထောက်ခံပေးမယ့် နေရာမရှိမှာ စိုးနေတာလား? မင်းသာ စာမေးပွဲမှာ အမှတ်မြင့်မြင့်ရဖို့ စွမ်းရည်ရှ်ိရင် ငါတို့က အလုပ်ကြိုးစားမှာပဲ။ စာလေ့လာတာက အသုံးမဝင်ဘူးလို့ ပြောတာ ရပ်လိုက်။ အဲ့ဒါကို မသိခင်မှာ သိထားရမယ်။ ဒါပေါ့ မင်း မသိရင်တော့ အဲ့ဒါအသုံးဝင်တယ်လို့ ဘယ်ထင်ပါ့မလဲ "

 

 

စာကြောင်းတစ်ကြောင်းက မုန့်လေ့ကို မူးနောက်ပြီး ခေါင်းကိုက်သွားစေပြီး သူမ လက်မောင်းထဲကနေ နူးနူးညံ့ညံ့ပြောလာသည်။ "သား ကျောင်းမသွားချင်တာကို‌ ပြောင်းနိုင်ရင် အစ်မလည်း တောင်ပိုင်းကို မသွားပါနဲ့။ အဲ့ဒါက အဆင်ပြေသွားလိမ့်မယ် "

 

 

" ဘာအကြောင်း ပြောနေတာလဲ လေ့လေ့? " ဒီမုန်လာဥဖြူလေး လေ့လေ့က အလေးအနက်အရာတွေကို ခွဲခြားမသိမြင်ရတော့မှာ သူမ အကြောက်ဆုံးဖြစ်သည်။

 

 

 " မင်းစကားပြောပြီး တစ်ခုခုလုပ်တဲ့အခါကျရင် မင်းရဲ့ ဒုတိယအစ်ကိုဆီကနေ သင်၊ ပိုပြီးတော့ ရင့်ကျက်လာ‌အောင်‌နေ ဂရုစိုက်။ ပြီးတော့ ဘာဘဲလုပ်လုပ် မလုပ်ခင် အကြောင်းအကျိုးကို စဉ်းစား။ မစဉ်းစားဘဲ မလုပ်နဲ့ ကြားလား"

 

 

အိပ်မက်ထဲက မုန့်လေ့ တန်ပြန်အသတ်ခံရမယ့် ကံကြမ္မာကို တွေးမိပြီး မုန့်ယန် ကြောက်လန့်လာသလိုခံစားလိုက်ရသည်။

 

 

မုန့်‌လေ့က နှုတ်ခမ်းကို စိတ်မချမ်းမသာစွာနဲ့ စုဝိုင်းထားလိုက်ပြီး ပြောခဲ့သည်။ " အစ်မက အရမ်းပျင်းစရာကောင်းတာပဲ၊ သားကို အားနေသင်နေဖို့ပဲ "

 

 

မုန့်ယန် တစ်ခဏလောက် မတတ်နိုင်ဘဲ ကျက်သေသေသွားပြီး အကျယ်ကြီး အော်ရယ်‌လိုက်ကာ ပြောခဲ့သည်။

 

 

 " ဒါ့အပြင်၊ နင့်အစ်မက သူမ အတွက်သွားမှာ၊ နင့်အတွက်မဟုတ်ဘူး။ အစ်မက မိသားစုအတွက် အနစ်နာခံပြီးသွားတာလို့ ထင်မနေနဲ့ ပျော်ပျော်နေ ဟုတ်ပြီလား?"

 

 

သူမ အနောက်မှာ နားထောင်နေတဲ့ မုန့်ယုက ပြောခဲ့သည်။ " အစ်မ ကျွန်တော်တို့ကို ချော့မနေပါနဲ့၊ အစ်မက ကျွန်တော်တို့အတွက် အနစ်နာခံခဲ့တာပဲ မဟုတ်ဘူးလား?"

 

 

"ဟမ်.."အဲ့ဒါက တကယ်အနစ်နာခံတာမှ မဟုတ်ဘဲ။

 

 

မုန့်ယန်လည်း ဒီမြို့တော်ကနေ ထွက်သွားချင်နေတာ။ ပထမအချက် သူမက အထည်စက်ရုံက ပျင်းစရာကောင်းတဲ့ စီတန်းစုဝေးနေရတဲ့ အလုပ်ကို မကြိုက်ပေ။

 

 

ဒုတိယအချက်က သူမ စာအုပ်ထဲ မကူး​ပြောင်းခင်က သူမရဲ့ အလုပ်နဲ့ ဝါသနာက ကျေးလက်ဒေသတွေ ဖွံ့ဖြိုးဖို့ သွားရတဲ့ စိုက်ပျိုးမွေးမြူရေးဖြစ်သည်။

 

 

ဖေ့လန်ကျွန်းက ကျွန်းတစ်ကျွန်း မဟုတ်ပေမယ့်လည်း အဲ့ဒါက စိုက်ပျိုးရေးဧရိယာတစ်ခုဖြစ်သည်။ မြို့တော်လိုမျိုး မြို့ကြီးထက် အဲ့ဒီနေရာက သူမနဲ့ ပိုပြီးသင့်လျော်တယ်လို့ မုန့်ယန်ထင်သည်။

 

 

တတိယအချက်ကတော့၊ မြို့တော်ရဲ့ ခြံအနောက်က အများသုံးအိမ်သာကို သူမ လုံးဝအသုံးမပြုနိုင်ဘူး! ကျေးလက်ဒေသက မိသားစုတိုင်း သူတို့ကိုယ်ပိုင်မိသားစုရှိတယ်လို့ သူမကြားသည်။ အခုတော့ မုန့်ယန်အတွက် အဲ့ဒါက ကောင်းကင်ဘုံဘဲ!

 

 

ယေဘုယျအားဖြင့်၊ ဒီတောင်ပိုင်း ခရီးစဉ်ကို ဝမ်းနည်းရတာထက် ပိုပြီး မျှော်လင့်ထားသည်။

 

 

ဘေးက သူမ အမေအိုက မျက်ရည်တွေကို တိတ်တိတ်လေးသုတ်နေကာ အဖေအိုကတော့ သက်ပြင်းတွေချနေပြီး ဘေးက ရဲဘော်ရှောင်လျှိုကတော့ အထုပ်တွေတစ်ပုံတစ်ခေါင်းနှင့် ရပ်‌နေသည်။ လေထုကအများကြီးလျော့သွားသည်။

 

 

သူမ မိသားစုရဲ့ တွန့်‌ဆုတ်နေတဲ့ အကြည့်တွေ အောက်မှာ မုန့်ယန် ရထားပေါ် တက်လိုက်သည်။

 

 

နေက ကြည်လင်နေတဲ့ ကောင်းကင်မှာ တောက်ပနေပြီး နှစ်ညနဲ့ သုံးရက်အပြီး နောက်ဆုံးတော့ နေသာနေတဲ့မနက်ခင်းမှာ သူမတို့ ပင်းရှစ်ကို ရောက်ခဲ့သည်။

 

 

ရထားပေါ်ကနေ ဆင်းပြီးတဲ့နောက်မှာ သူမပင်လယ်ကို ချက်ချင်း မမြင်ရသေးချေ။ မုန့်ယန်က ရှောင်လျှိုရဲ့အနောက်ကနေ ဆပ်ကမ်းဆီ ဘက်စ်နဲ့ လိုက်သွားပြီး အဲ့ဒီနောက်မှာမှ သူမ ပင်လယ်ကို မြင်လိုက်ရသည်။

 

 

မြင်ကွင်းကတော့ စိတ်ကူးထားသလိုမျိုး လှပမနေချေ။ ပင်လယ်ရေက ပြာမနေဘဲ၊ နည်းနည်း နောက်ကျိနေကာ မီးခိုးဝါရောင် သန်းနေပြီး နည်းနည်းအစိမ်း‌ရောင်သန်းနေသည်။

 

 

ပင်လယ်က နေရာတိုင်းမှာ လှေတွေက ပေါလောပေါ်နေပြီး ဘယ်ဟာက မီးသင်္ဘော၊ ဘယ်ဟာက ငါးဖမ်းသ‌င်္ဘော၊ ဘယ်ဟာက ကုန်တင်သင်္ဘောလဲဆိုတာ မုန့်ယန် မပြောနိုင်ပေ။

 

 

အများဆုံးတွေ့ရတဲ့သင်္ဘောက မီးခိုးခေါင်းတိုင်အမြင့်ကနေ မီးခိုးတွေ ထုတ်လွှတ်နေတဲ့ မီးသွေးလောင်စာသုံး မီးသင်္ဘောတွေဘဲဖြစ်သည်။ ရှည်ပြီး သေးတဲ့ သင်္ဘောတွေက ပင်လယ်ပြင်ကျယ်မှာ ပိုးကောင်‌တွေလိုမျိုး လှဲလျောင်းနေခဲ့သည်။

 

 

ပင်းရှစ်ပင်လယ်အတွက် မုန့်ယန်မှာ အမြင်ကောင်းမကျန်ခဲ့ပေ။ ဒါပေမယ့် ဒါက နောက်ဆုံးသွားမယ့်နေရာမဟုတ်သေးဘူးလို့ ရှောင်လျှိုကပြောလာသည်။ ဒါက ဆိပ်ကမ်းအသေးလေးပဲဖြစ်ပြီး ခဏနေ သူ သင်္ဘော ​ကိုခေါ်လိုက်မယ်လို့ပြောလာသည်။

 

 

ဖေ့လန်ကျွန်းကို ရောက်ဖို့ နှစ်ရက်နဲ့ နှစ်ညကြာသည်။ ဖေ့လန်ကျွန်းက ကောင်းကင်ဘုံလိုမျိုး သန့်ရှင်းပြီး လှပတဲ့ ကျွန်းတစ်ကျွန်းလို့ သူက ပြောလာခဲ့သည်။

 

 

" ကျွန်တော်တို့ နှစ်ယောက်တော့ အရမ်းကံကောင်းတာဘဲ မရီးရေ။ အခုလောလောဆယ်တော့ နေက တောက်တောက်ပပကို သာနေပြီး ဘာမုန်တိုင်းမှလည်း မရှိဘူး။ ဒါပေမယ့် ကျွန်းဆီကို မသွားခင် ကျွန်တော်တို့ ရက်နည်းနည်းလောက်စောင့်ရမယ်"

 

 

ပြောပြီးတဲ့နောက်သူက နှစ်ယောက်စလုံးရဲ့ အဝတ်ထုပ်ကို သူ့ပုခုံးပေါ် သယ်သွားလိုက်သည်။

 

 

" ကျွန်မ သယ်လိုက်မယ်။ ကျွန်မဘာသာ သယ်လိုက်မယ်"

 

 

" အဆင်ပြေပါတယ်။ မရီးက ထိုင်ဘဲထိုင်နေလိုက်" ပြောပြီးတဲ့နောက်မှာသူက အပြုံးနဲ့ သူမကိုတစ်ချက်ကြည့်လိုက်ကာပြောခဲ့သည်။

 

 

 "ကံကောင်းလို့၊ မရီး‌ ကျွန်တော်နဲ့ လိုက်လာတာ။ တကယ်လို့ ကိုယ့်ဘာသာလာလို့ရှိရင် ခရီးစဉ်က အရမ်းခက်ခဲမှာ"

 

 

မုန့်ယန်က ကျေးဇူးတင်စွာနဲ့ နှုတ်ခမ်းတွေ တွန့်ကွေးလိုက်ပြီး ပြောခဲ့သည်။ " ဟုတ်တယ်။ ရှင့်ကို ကျေးဇူးတင်ပါတယ် "

 

 

၄၀ ကီလိုဂရမ်ထက် လေး တဲ့ အဝတ်အိတ်တွေက ရှောင်လျှိုရဲ့ ပုခုံးပေါ်မှာ သယ်ထားခံရကာ၊ ချည်သားပေါ့ပေါ့နဲ့အိတ်ကို သူမ သယ်မယ်ဆိုရင် သူမက လေနဲ့လွင့်သွားလိမ့်မည်။

 

 

ချစ်စရာကောင်းတဲ့ ကလေးမျက်နှာနဲ့ သူပြုံးလိုက်တဲ့အခါ သူ့မျက်လုံးတွေက တစ်တန်းထဲဖြစ်သွားသည်။

 

 

မုန့်ယန် လျှိုကုံရှင်းနဲ့ ပထမဆုံးအကြိမ် ဆုံတုန်းက သူက အသက်မပြည့်သေးဘူးလို့ သူမထင်ခဲ့သည်။ အမှန်တော့ သူက သူမထက် သုံးနှစ်ကြီးပြီး ဒီနှစ်မှာ ၂၁နှစ်တောင် ပြည့်တော့မှာပင်!

 

 

ဒါမှမဟုတ် ဘယ်လိုပြောရမလဲ ကံကြမ္မာက အရမ်း ဆုံလွန်းသည်။ လျှိုကုံရှင်းက နိုင်ငံရေးကော်မတီအရာရှိယန်တပ်က သတင်းပို့တပ်သားဖြစ်ကာ နိုင်ငံရေးကော်မတီအရာရှိယန်က ကျန်းရှောက်ယွီထက် အဆင့်တစ်ဝက်မြင့်ပြီး နှစ်ယောက်က ညီအစ်ကိုလိုမျိုး ဆက်ဆံရေးကောင်းသည်။

 

 

စစ်တပ်ထဲမှာ သူအလေးစားရဆုံး သူနှစ်ယောက်ရှိတယ်လို့ လျှိုကုံရှင်းက ပြောခဲ့သည်။ တစ်ယောက်က နိုင်ငံရေးကော်မတီအရာရှိယန်နဲ့ နောက်တစ်ယောက်က ဦးစီးအရာရှိကျန်းပဲ ဖြစ်သည်။

 

 

" အိုး? ဘာလို့လဲ?" မုန့်ယန်က သန့်ရှင်းတဲ့ နေရာတစ်ခုကိုတွေ့သွားပြီး ထိုင်ချလိုက်ကာ ပြာတွေကိုလှဲလိုက်ပြီး လျှိုကုံရှင်းကို ထိုင်ဖို့ အချက်ပြလိုက်သည်။

 

 

သူတို့ သင်္ဘော နဲ့ မသွားခင် နာရီဝက်လောက် ကျန်သေးတဲ့အတွက် သူတို့က အချိန်ကုန်ဖို့စကားပြောဖို့ပဲရှိသည်။

 

 

လျှိုကုံရှင်းက သူ့အဝတ်အိတ်ကို ချလိုက်ပြီး ကျောမတ်မတ် ထိုင်လိုက်သည်။

 

 

" နိုင်ငံရေးကော်မတီအရာရှိယန်က ကျွန်တော့ခေါင်းဆောင်။ ကျွန်တော် သူ့ကို လေးစားပြီးတော့ သဘောကျတယ်။ ဦးစီးအရာရှိကျန်းက ကျွန်တော့်ရဲ့ ခေါင်းဆောင် တိုက်ရိုက်မဟုတ်ပေမယ့် သူ့ကိုလည်း လေးစားတယ်။ မရီး သိမှာမဟုတ်ဘူး ၁၉၆၇ တုန်းက ရှန့်ရုန်က စစ်တပ်နယ်မြေမှာ အရေးကြီးတဲ့ ဥမင်ကို တည်ဆောက်ခဲ့တယ်။ မကြာဘူး၊ ဥမင်ဆောက်လုပ်ရေးဆိုဒ်က ကယ်တင်ခံရပြီ လူအားကလည်းမလုံလောက်ခဲ့ဘူး။ ကျွန်တော်တို့ စစ်တပ်က စစ်သားတွေလည်း သွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက  ဦးစီးအရာရှိက ဦးစီးအရာရှိမဖြစ်သေးဘဲ ဂျူနီယာအရာရှိပဲ ရှိသေးတယ်။ ကျွန်တော်တို့ အဲ့ဒီကိုသွားပြီးမကြာဘူး တောင်ပြိုကျလာပြီး ရှိသမျှလူ ၂၂ ယောက်လုံး ဆုံးသွားတယ်။ အိုးး မဟုတ်သေးဘူး၊ ထိခိုက်ဒဏ်ရာရတဲ့ လူတဲ့လူတွေကိုထည့်မတွက်ရသေးဘူး။ ဒါပေမယ့် သူတို့အားလုံး မြေပြင်ပေါ်မှာ မီးလောင်သွားကြတာ။ အပျက်အစီးထဲကနေ  ဦးစီးအရာရှိတစ်ယောက်ဘဲ တွားသွားထွက်လာပြီး စစ်တပ်ယာဉ်ဆီ ဒဏ်ရာရတဲ့ စစ်သားတွေကို နာတာ တောင့်ခံရင်း တစ်ယောက်ပြီးတစ်ယောက် ဒရွတ်တိုက် ဆွဲသွားပေးတာ "

 

 

" တဟိုင်ထျန်း တောင်ပေါ်လမ်းတွေက မတ်စောက်နေပြီး တစ်ဖက်မှာ ချောက်‌တွေနဲ့ ချိုင့်ဝှမ်းအနက်တွေက ရှိနေတဲ့အတွက် ကျွန်တော်တို့က နာတာကိုတောင့်ခံရင်း ဆေးရုံဆီ သုံးနာရီလောက် မောင်းသွားရတယ်။ ဒါပေမယ့်  ဦးစီးအရာရှိက ကျောအနောက်ကို ကိုင်ထားပြီး တိတ်‌‌နေတော့ ဆရာဝန်က တစ်ခုခုမှားနေမှန်း ရှာတွေ့သွားပြီး သူက စစ်ဆေးခဲ့တယ်! သူသာ နောက်ကျသွားရင် သေမင်းကိုပဲ တွေ့ရလိမ့်မယ်!"