အပိုင်း ၁၁
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၁

 

 

 

 

 

 

မုန့်ယန်က မျက်မှောင်ကြုတ်ပြီး ပြောခဲ့သည်။ " ဒါဆို နောက်တော့ သူကောင်းသွားလား?"

 

 

သူမ ပြောပြီးတဲ့နောက်မှာ သူမက မဟုတ်တဲ့‌မေးခွန်းမေးမိလိုက်မှန်း သ‌ဘော‌ပေါက်သွားခဲ့သည်။ တစ်ခုခုသာဖြစ်သွားခဲ့ရင် ဖေ့လန်ကျွန်းကို သူမလက်ထပ်ဖို့ လာရတာ ဖြစ်နိုင်ပါ့မလား။

 

 

" သူ ကောင်းသွားတယ်၊ သူ အသက်ရှင်နေတုန်းပဲ။  ဆရာဝန်တောင် သက်ပြင်းချရတယ်။ ဦးစီးအရာရှိက ကံကောင်းတယ်လို့ ပြောရမယ်။ ကျိုးနေတဲ့ နံရိုးနှစ်ချောင်းနဲ့ သူက သုံးနာရီလောက် ကားမောင်းနိုင်နေတုန်းပဲ။ ဒါက သာမာန်လူတစ်ယောက် မဟုတ်လောက်ဘူး။ကျွတ်စ်... ဦးစီးအရာရှိကျန်းက အရမ်းအကြင်နာမဲ့တာဘဲ!"

 

 

အရမ်းကို အကြင်နာမဲ့ပြီး ရက်စက်တဲ့လူဘဲ။

 

 

" သူက အရမ်းအံ့ဩဖို့ကောင်းတာပဲ" ဒီစကားကို ထုတ်ပြောဖို့ သူမ အတော်ကြာ စဉ်းစားလိုက်ရသည်။

 

 

ဘယ်လို ကြီးကျယ်တဲ့ စကားလုံး ပမာဏကမှ ကျန်းရှောက်ယွီရဲ့ အကြမ်းပတမ်းခံနိုင်မှုကို မဖော်ပြနိုင်တာကြောင့် မုန့်ယန်ရဲ့ နှလုံးက ရုတ်တရက် ခုန်လာခဲ့သည် - ဘာမှသာ မဖြစ်လာဘူးဆို ဒီအမျိုးသားက သူမကို သူမရဲ့ တစ်ဘဝလုံး အဖော်ပြုပေးမယ့်လူဘဲ။

 

 

သူတို့က မကြာခင်တွေ့ရတော့မှာ။ သူမတို့ ဘယ်လိုမျိုးများဖြစ်နေမလဲ?"

 

 

" မရီးရေ စကားပြောတာ ရပ်ကြရအောင်။ ​သင်္ဘော လာနေပြီ"

 

 

ဆံပင်အနက်ရောင်နဲ့ အမျိုးသားက တချွင်ချွင် မြည်သံနဲ့အတူ မတ်တပ်ရပ်လိုက်ကာ ‌အရှေ့ကို တိုးသွားလိုက်သည်။

 

.........

 

 

လူတွေက အရမ်းကျပ်နေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်းတိုက်မိနေကာ အမျိုးသားတွေက မုန့်ယန်ရှိတဲ့ ဘက်ကိုဘဲ ရည်ရွယ်ချက်ရှိရှိ တစ်ချိန်လုံး တိုးနေကြသည်။

 

 

လျှိုကုံရှင်းက အထုတ်ကို သူ့ပုခုံးပေါ်သယ်ထားရင်း ငကြောင်‌ကောင်‌တွေ သူမကိုအခွင့်ကောင်း မယူမိစေရန် နောက်လက်တစ်ဖက်နဲ့ မုန့်ယန်ပုခုံးပေါ် တင်ထားလိုက်သည်။

 

 

သူတို့တွေ ရပ်သွားတော့ သူအမောတကောနဲ့ ပြောခဲ့သည်။  " မရီး ကံကောင်းလို့၊ ကျွန်တော်ပြန်လာတာ။ မရီးသာ ကိုယ့်ဘာသာသွားလို့ရှိရင် တစ်ယောက်ယောက်က မရီးကို အခွင့်ကောင်းယူသွားမှာ "

 

 

"‌ကျေးဇူးတင်ပါတယ် " သင်္ဘောကုန်းပတ်ပေါ်ကနေ အခန်းအထိ လမ်းတစ်လျှောက် လျှိုကုံရှင်း နောက်ကနေလိုက်ရင်း သင်္ဘောပေါ်က အရာရာတိုင်းက လတ်ဆတ်တယ်လို့ မုန့်ယန် ခံစားရတဲ့အတွက် သူမက သာမန်ကာလျှံကာ မေးလိုက်သည် ။

 

 

" အမျိုးတွေဆီကို ရှင် ပြန်သွားလည်ဦးမှာလား?"

 

 

နှစ်ယောက်သားရဲ့သင်္ဘောပေါ်က အခန်းက ဘေးချင်းကပ်ရပ်ဖြစ်ကာ သေးပြီးကျဉ်းတဲ့ ကုတင်တစ်လုံးနဲ့ အခန်းတစ်ခန်းဖြစ်ပြီး ကုတင်အသေးတစ်လုံးနဲ့ အောက်မှာ စတုရန်းစားပွဲတစ်လုံးပဲ ဆံ့သည်။

 

 

" ကျွန်တော့်အမေက အစာအိမ် ခွဲစိတ်ရ‌တော့ ကျွန်တော်စိုးရိမ်လို့ပြန်လာတာ " သူက အထုတ်ကိုချကာ နံရံပေါ်မှာ ချိတ်ထားတဲ့ အိပ်ယာသုတ်ဘရက်ရှ်နဲ့ အိပ်ယာပေါ်က ဖုန်တွေကိုသုတ်လိုက်သည်။

 

 

မုန့်ယန်လည်း ဘရက်ရှ်ကို ယူလိုက်ပြီး သူ့ကိုအတုခိုးပြီး ကုတင်ကို သန့်ရှင်းလိုက်သည်။ "အခုရော ရှင့်အမေဘယ်လိုနေလဲ"

 

 

"ကောင်းပါတယ်။ ကျွန်တော့်မိန်းမက သူမကို ဂရုစိုက်ပေးနေတော့ ကျွန်တော် မကြာခဏ စစ်တပ်ကနေ ပြန်လာစရာမလိုဘူးပေါ့။ ဒါကြောင့် ကျွန်တော် ပြန်လာပြီး တစ်ချက်လာကြည့်လိုက်တော့ သိပ်စိတ်မပူနေရတော့ဘူးပေါ့ "

 

 

မုန့်ယန်က အံ့ဩသွားပြီး မေးခဲ့သည်။ " ရှင့်မှာ မိန်းမရှိတယ်ပေါ့လေ?"

 

 

သူ့မိန်းမကို စစ်တပ်မှာ ဘာလို့ လာမနေခိုင်းလဲလို့ မုန့်ယန်မေးဖို့ဘဲရှိသေး လျှိုကုံရှင်းက ရုတ်တရက် ခေါင်းလှည့်လာကာ ပြုံးလိုက်ပြီး ပြောလာသည်။

 

 

 " အဲ့ဒါက လူအိုကြီးတွေ မကိုင်တွယ်နိုင်တဲ့ ကျွန်တော်တို့ဦးစီးအရာရှိဘဲရတာ။ သူ့ကို ဟာသလုပ်လိုက်တာပါ။ မရီး ကျေးဇူးပြုပြီးသွားမတိုင်နဲ့နော် "

 

 

မုန့်ယန်က အံ့ဩသွားပြီး ပြုံးလိုက်ကာ " ရှင်သာ မတိုက်ခိုက်ဘူးဆိုရင် ကျွန်မ သူ့ကို မပြောပါဘူး "

 

 

‌....

 

နောက်ကျိနေတဲ့ ပင်လယ်ကနေစပြီးတော့ တစ်နေ့နဲ့တစ်ည မုန့်ယန် သင်္ဘောစီးလိုက်ရသည်။ နောက်တစ်နေ့ သူမနိုးလာတော့ ခရီးသည်တင်သ‌င်္ဘောက မသိတဲ့ပင်လယ်ဧရိယာထဲ ဝင်ရောက်လာပြီး ပင်လယ်ရေကလည်း တဖြည်းဖြည်း အပြာရောင် ပြောင်းလာသည်။

 

 

နက်ရှိုင်းတဲ့ ပင်လယ်ပြာက အရမ်းနက်လွန်းပြီး လက်လှမ်း မမှီလောက်အောင် နက်သည်။ လှိုင်းလုံးကြီးတွေက သင်္ဘောကိုယ်‌ထည်ကို လာရိုက်ခတ်ကာ လူတွေကို အပိုစိတ်ဖိစီးပြီး အံ့အားသင့်စေလောက်တဲ့ အမြင့်ပေအချို့အထိ ပြန့်ကြဲသွားခဲ့သည်။

 

 

ပင်လယ်ရဲ့ အပူချိန်ကြောင့် ဖြစ်နိုင်ပြီး လှိုင်းတွေက လေမပါဘဲ သုံးပေလောက်ရှိကြသည်။

 

 

စာအုပ်ထဲ မကူးပြောင်းခင်က မုန့်ယန်က ခရီးသည်တင်သင်္ဘောလောက် မလှုပ်ရမ်းတဲ့ အပျော်စီးသင်္ဘောကို စီးဖူးသည်။ အဲ့ဒီအချိန်တုန်းက သူမ လှိုင်းမမူးပေမယ့် အခုတော့ သူမခေါင်းက ပေါက်ထွက်တော့မလိုမျိုး မူးဝေနေသည်။

 

 

လျှိုကုံရှင်းက အရမ်းစိတ်ပူသွားတဲ့အတွက် သင်္ဘောက အခန်း‌တွေအနှံ့ပြေးကာ သူမအတွက် ရေနွေးယူ‌ပေးဖို့နဲ့  အခြားခရီးသည်တွေဆီမှာ အမူးပြေဆေးပါလာလားဆိုတာ မေးလိုက်သည်။

 

 

မုန့်ယန်က ခက်ခက်ခဲခဲနဲ့ အသက်ရှူထုတ်လိုက်ပြီး သူမကို‌ သေအောင် လောင်ကျွမ်း‌စေတော့မလိုမျိုး ချဉ်စုတ်စုတ်အနံ့ကို သူမရင်ဘက်ကနေ ခံစားလိုက်ရသည်။

 

 

 " အဆင်ပြေပါတယ်၊ အဆင်ပြေတယ်၊ ပလုပ်ကျင်းလိုက်ရင် ကောင်းသွားလိမ့်မယ် "

 

 

နောက်ဆုံး ညအထိနေပြီးတဲ့နောက်မှာ မုန့်ယန် အိပ်ဖို့ အခန်းဆီ စောစောပြန်လာလိုက်သည်။ သူမ အိပ်ပျော်သွားတဲ့အခါ သူမ ဦး‌နှောက်က ပြေလျော့သွားပြီး ခန္ဓာကိုယ်ကလည်း ပိုပြီး‌သက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။

 

 

ဒါပေမယ့် သူမညလယ်ခေါင်ကြီးဘာလို့ ရုတ်တရက်နိုးလာလဲဆိုတာ သူမ မသိပေ။ သင်္ဘောက အခန်းနဲ့အတူ ခန္ဓာကိုယ်ကလည်း လှုပ်ရမ်းနေကာ သူမထပ်ပြီး အိပ်မ‌ပျော်‌တော့ချေ။

 

 

သူမ ကုတ်အင်္ကျီဝတ်ပြီး မတ်တပ်ရပ်လိုက်သည်။ အခန်းအပြင်မှာ တိတ်ဆိတ်နေပြီး ဘယ်သူမှလည်း ရှိမနေချေ။

 

 

သူမ သိပ်အဝေးကြီး မသွား‌ရဲသလို ပင်လယ်နဲ့ သိပ်အနီးကြီးလည်း မသွားရဲပေ။ သူမက တံခါးမှာဘဲရပ်ပြီးတော့ ညဘက်ပင်လယ်ရှုခင်းကိုပဲ ကြည့်နေလိုက်သည်။

 

 

နှစ်နာရီထိုးနေပြီဖြစ်ကာ ကောင်းကင်ကလည်း အနက်ရာင်အဝတ်နဲ့ ဖုံးထားသလိုဖြစ်နေပြီး ညဘက်တွင် ရုတ်တရက် ချိတ်ဆွဲထားသည့် အဝိုင်းတစ်ဝိုက်သာ အမှောင်ထုက ပင်လယ်ကို ဝါးမျိုသွားခဲ့သည်။

 

 

သူ့မခေါင်းထဲမှာ အဖျားကြောင့် မချိမခံသာဖြစ်တဲ့အချိန်‌တွေက ရှားရှားပါးပါး ဖြစ်ကာ အဲ့ဒါက ညဘက်အထိ ဖြစ်နေတုန်းဖြစ်သည်။

 

 

ကောင်းကင်က တောက်ပဝိုင်းစက်နေတဲ့ လကို ကြည့်ရင်း မုန့်ယန် ရုတ်တရက် သူ့အနာဂတ်အကြောင်း တွေးမိသွားသည်။ နည်းနည်းစိတ်အားငယ်ကာ နည်းနည်းစိုးရိမ်ရင်း သူမ အတွေးတွေက အဝေးကို လွင့်ပါသွားသည်။

 

 

မုန့်ယန်အခန်းထဲ ပြန်သွားလိုက်ပီး လေးနာရီလောက်ထိ ထပ်ပြီး လှဲနေလိုက်သည်။ သူမ အခန်းတံခါးကို ထပ်ဖွင့်လိုက်တဲ့အခါ အပြင်ဘက်ကမ္ဘာက လုံးဝပြောင်းလဲသွားသည်။

 

 

နေက ခပ်မြင့်မြင့်မှာရောက်နေပြီး ပင်လယ်ပြင်ပေါ်ဖြာကျနေကာ ဟိုတစ်စဒီတစ်ဖြာကျနေတာကို ပြနေသည်။ အဝေးကိုကြည့်လိုက်ရင် ခမ်းနားကြီးကျယ်တဲ့ အပြာရောင်လှိုင်းတွေ ရှိနေသည်။

 

 

မုန့်ယန် သူမ ဗိုက်က အသံမြည်နေတာကို လစ်လျှူရှုလိုက်ပြီး ပင်လယ်ရှုခင်းကိုပဲ အံ့ဩတကြီး ငေးကြည့်နေလိုက်သည်။

 

 

အရမ်းပြာတယ်--ပြာလွန်းလို့--ပြာလဲ့နေတာပဲ!

 

 

ပင်လယ်ရေက အရမ်းပြာလိမ့်မယ်လို့ မုန့်ယန်ဘယ်တုန်းကမှ မသိခဲ့ဘူး။ အရမ်းပြာလွန်းလို့ စစ်ထားသလိုဘဲ။ အရမ်းပြာလွန်းလို့ မသန့်စင်တဲ့ပစ္စည်းတွေမပါ‌နေသလိုကို သန့်ရှင်းနေတာ။

 

 

တလက်လက်တောက်ပနေပြီး ကျယ်ပြောတဲ့အ‌ငွေ့အသက်တွေက မော်လဒိုက်ကို သတိရသွားစေသည်။

 

 

ပင်လယ်က ကောင်းကင်နဲ့  ပြောင်းပြန်ဖြစ်သည်။ ဇင်ရော်တွေက ပင်လယ်ထဲမှာ ပျံသန်းနေပြီး ငါးတွေက ကောင်းကင်မှာ ကူးခတ်နေကြကာ တိမ်တွေက ပင်လယ်ထဲမှာ မျောလွင့်နေကြသည်။ ဒီလိုလှပတဲ့မြင်ကွင်းက အိမ်မက်ထဲမှာ စိတ်ကူးထားတဲ့ ကောင်းကင်ဘုံထက်တောင် ပိုသေးတယ်!

 

 

မုန့်ယန်က စာအုပ်ထဲ မကူးပြောင်းခင်မှာ သိပ္ပံဆိုင်ရာသုတေသနလုပ်တဲ့သူ ဖြစ်သည်။ သူမရဲ့နေ့ရက်တွေကို ဗွက်တွေထဲမှာ ဒါမှမဟုတ် လက်တွေ့ခန်းထဲမှာ ကောက်ပဲသီးနှံအမျိုးမျိုးနဲ့ အလုပ်လုပ်ရင်းဘဲ အချိန်ကုန်ခဲ့သည်။

 

 

အချိန်က အဖိုးတန်ပြီးတော့ အားလပ်ရက်ခရီးထွက်ဖို့လည်း အခွင့်အရေး မရှိလုနီးပါးပင်။ ဒါ့အပြင်၊ သူမက အနောက်တောင်ဘက်မှာရှိတဲ့ အနောက်တောင်ကုန်းတွင်းပိုင်းက လာတာဖြစ်သည်။

 

 

တစ်ခါ‌လေး သူမနဲ့ သူမရဲ့ လုပ်ဖော်‌ကိုင်ဖက်တွေက အပန်းဖြေသင်္ဘောနဲ့ အရှေ့တောင်အာရှကို သွားဖူးပြီး ပင်လယ်ကလည်း အရင်ကလောက် မသန့်ရှင်းမကြည်လင်နေချေ။

 

 

အခုနောင်တအရဆုံးကတော့ သူမအရှေ့က အလှကို မှတ်တမ်းတင်ဖို့ အရောင်ကင်မရာမရှိတာပင်။

 

 

မုန့်ယန် အရမ်းစိတ်လှုပ်ရှားနေတာကိုမြင်တော့ လျှိုကုံရှင်းက သူမကို သင်္ဘောကုန်းပတ်ပေါ် ခေါ်သွားလိုက်ပြီး ကြည်လင်နေတဲ့ ပင်လယ်ရေကို မုန့်ယန် နီးနီးကပ်ကပ်မြင်နိုင်မယ့် သ‌င်္ဘောပေါ်က အနိမ့်ဆုံးနေရာကို ရှာလိုက်သည်။

 

 

အရမ်းလှတယ်- နတ်သမီးကျွန်းလိုကိုလှတာ--

 

 

ဖေ့လန်ကျွန်းက မတ်နဲ့ဧပြီလကတည်းက ပူနေပြီး ဒီကို ဘလိုင်းဒိတ်အတွက် လာတာဆိုတာ စဉ်းစားမိသွားတဲ့အတွက် မနက်မှာ မုန့်ယန်က အဝတ်အိတ်ထဲက အလှဆုံးအဖြူရောင်ဂါဝန်ကို လဲဝတ်လိုက်သည်။

 

 

အင်္ကျီက အကွက်တွေနဲ့ ဘာအလှဆင်ထားတာမှမရှိပေမယ့် အိမ်လုပ်အင်္ကျီ‌တွေနဲ့ ယှဉ်လိုက်ရင်တော့ အဲ့ဒါတွေက အခုတော့ လမ်းပေါ်ရောက်သွားမည်ပင်။ နတ်သမီးနဲ့တူတဲ့ အဖြူရောင်ဂါဝန်က ဖက်ရှင်ကျပြီး လှသည်။

 

 

ဒီအင်္ကျီကို ဝယ်ထားတာ နှစ်နှစ်လောက်ရှိပြီဖြစ်ပြီး မူလပိုင်ရှင်က ဒါကို ဝတ်ဖို့ အမြဲတမ်း တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့သည်။ စက်ရုံကလုပ်တဲ့ လူမှုရေးတွေ့ဆုံပွဲ ဒါမှမဟုတ် လုဟန်ကျွင်းနဲ့ ဆုံမှဘဲ သူမဒါကိုဝတ်သည်။ အဲ့ဒါက အသစ်နဲ့ တူသည်။

 

 

ပင်လယ်လေပြေက တိုက်ခတ်နေကာ စိုစွတ်ပြီး ဆားနံ့သင်းတဲ့ရနံ့ကို သယ်လာသည်။ သူမက မတ်တပ်ရပ်လိုက်ပြီး လက်ရန်းကိုကိုင်လိုက်ကာ၊ သူမရဲ့ ဆံပင်စည်းထားတဲ့ ကြိုးကိုဖြည်လိုက်ပြီး သူမရဲ့ဆံပင်တွေကို ပင်လယ်လေနဲ့အတူ တမင်သက်သက် ရှုပ်ထွေးမျောလွင့်စေလိုက်သည်။

 

 

နက်မှောင်နေတဲ့ဆံပင်၊ ကြွေထည်လိုအသားအရည်နဲ့ ဝင့်ကြွားနေတဲ့ ဂါဝန်။

 

 

ဒီမြင်ကွင်းက အရမ်းလှလွန်းလို့ သင်္ဘောပေါ်က လူတိုင်း အသက်တောင် မရှူရဲချေ။

 

 

......

 

 

သင်္ဘောက လှိုင်းတွေကိုဖြတ်ပြီး အရှေ့ကိုပဲ တဟုန်ထိုးမောင်းနေသည်။ ကောင်းကင်နဲ့ ရေပြင်အဆုံးမှာ ကျွန်းပုံသဏ္ဌာန်ပေါ်လာပြီး မုန့်ယန်မြင်ရဖို့ အချိန်မကြာလိုက်ချေ။

 

 

အဝေးက အမည်းရောင် အစက်ကလေးကနေ အစိမ်းရောင်ပိုးခြည်လုံးအဖြစ် ပြောင်းသွားတာကို မမြင်ခင်အထိ သူမမျက်တောင်တောင် မခတ်ရဲချေ။

 

 

နောက်တော့ ကျွန်းပေါ်က ပင်လယ်ကဗွီးပင်တွေကိုရှင်းရှင်းလင်း မြင်ရပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူမ ခရီးဆုံးကို ရောက်လာခဲ့ပြီပင်။

 

 

" မရီး! မရီး! အထုတ်တွေကို မရီးအတွက် သယ်ထုတ်လာပြီးပြီ။ ကျွန်တော်တို့ ဆင်းဖို့ အဆင်သင့်ဘဲ!"

 

 

" ကောင်းတယ်!"

 

 

သူမရင်ထဲက အပျော်ကို ထိန်းချုပ်ရင်း မုန့်ယန် လျှိုကုံရှင်း အနောက်ကနေ လိုက်သွားကာ ကုန်းပတ်က ထွက်ပေါက်မှာ ရပ်လိုက်သည်။

 

 

ဒါပေမယ့်၊ သူမကျွန်းပေါ်ရောက်တဲ့အခါမှာ သူသတိမမူမိတာ နားလည်သွားသည်--

 

 

ဘာလှပတဲ့ ကျွန်းမှမရှိဘူး။ အဲ့ဒါက နေရာတိုင်းမှာ ဆောက်လုပ်ရေး တစ်စွန်းတစ်စလက္ခဏာ‌တွေနဲ့ ၁၉၇၀ခုနှစ်က သဘာဝဆိပ်ကမ်းရွာတစ်ရွာဘဲဖြစ်သည်။

 

 

သင်သာအထဲကို လျှောက်ဝင်သွားရင် ပင်လယ်‌နောက်ခံနဲ့ နတ်သမီးကျွန်းလိုမျိုး ဆိုတာကိုတောင် မေ့သွားလိမ့်မယ်။