အပိုင်း ၁၂
Viewers 2k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၂

 

 

 

 

 

 

မုန့်ယန် ကျွန်းသို့ ရောက်တဲ့အချိန်က တစ်ပတ်လျှင် တစ်ကြိမ် စစ်တပ်-အရပ်သား ပူးပေါင်းကာကွယ်ရေးနေ့ ဖြစ်‌နေခဲ့သည်။

 

 

 အဲ့ဒီနေ့မှာ ကျွန်းပေါ်က အမျိုးသား၊ အမျိုးသမီးနှင့်ကလေးတွေက စစ်ဆင်ရေးမှာ မပါဝင်ချေ။ လက်နက်အကြောင်းတွေပြော၊ တိုက်ခိုက်တဲ့အကြောင်းတွေပြော၊ အရာအားလုံးအကြောင်း ပြောကြသည်။

 

 

ဒီနေ့မှာဆို ကလေးတွေက စိတ်အလှုပ်ရှားဆုံးဖြစ်သည်။အိမ်မှာကျန်ခဲ့တဲ့အရာတွေကို ကလေး‌တွေက သူတို့ကိုယ်သူတို့ ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်စွာ ထုတ်ယူနိုင်ကြသည်။

 

 

စုန့်ရှောက် ‌ပလက်ဖောင်း‌ပေါ်က ရှောင်ဟူကျီရဲ့လက်ထဲက အဝေးကြည့်မှန်ပြောင်းက သူ့အဖေဆီကနေ ခိုးလာတာဖြစ်သည်။ သူသိသွားလို့ သူသာဒီညပြန်လို့ရှိရင် သေချာပေါက်ကို ရိုက်ခံထိမှာဘဲ။

 

 

ငွေရောင်အမွှေးတွေနဲ့ အပင်တွေက ဖေ့လန်ကျွန်းပေါ်မှာထူထပ်စွာ ပေါက်ရောက်နေကာ ကျွန်းပတ်ပတ်လည်က ချောက်ကမ်းပါးတွေက နွယ်ရိုင်းပင်တွေနဲ့ ဖုံးအုပ်နေပြီး မြေနီကျောက်တွေနဲ့ ဖုံးနေသည်။

 

 

ထင်းရှူးသားနဲ့ ကင်းစောင့်မျှော်စင်က ကျောက်တုံးတစ်တုံးလိုမျိုး နေရာချထားပြီး အဲ့ဒါက ကျွန်းတစ်ခုလုံးရဲ့ အဓိကနေရာမှာရှိနေသည်။

 

 

ဒါ‌ပေါ့၊ အဲ့ဒီအပေါ်မှာ အစောင့်တွေ အများကြီးရှိလို့ ကလေးတွေက စင်ပေါ်လွယ်လွယ်နဲ့ မတက်နိုင်ဘဲ သူတို့က တောင်နံရံက နှစ်တစ်ရာကျော်တဲ့ ငွေရောင်အ‌မွှေးနဲ့ သစ်ပင်ပေါ်မှာဘဲ လှဲနေရသည်။ ဒါက ကလေးတွေရဲ့ "စူးစမ်း‌စစ်‌ဆေးတဲ့မျှော်စင်" ပဲဖြစ်သည်။

 

 

ထူထပ်အုံ့ဆိုင်းနေတဲ့ အကိုင်းနဲ့ အရွက်တွေကို ဖြတ်ကာ ချမ့်ထန် ပင်လယ်ဧရိယာ တစ်ဝိုက်ကို ကလေးတွေရှင်းရှင်းလင်းလင်း မြင်ရသည်။ သူတို့က အမှန်တကယ်ဘဲ တစ်ခုခုကို အကြိမ်ရေအချို့လောက်မြင်ပြီးရင် စစ်တပ်ကို သွားတင်ပြကြသည်။

 

 

သူတို့တွေဆီက အထောက်အကူ ကောင်းကောင်းရပြီးတော့ စစ်တပ်ကလည်း အသိအမှတ်ပြုကြသည်။ သူတို့ဒီမှာကစားတာကိုလည်း ရပ်လိုက်နိုင်သည်။

 

 

ဟူကျီလေးက နှစ်လုံးပြူးမှန်ပြောင်းကနေဖြတ်ပြီးတော့ ဆယ်မိနစ်လောက် စိုက်ကြည့်နေခဲ့သည်။ မိုင်ကန်က သူ့ခေါင်းပေါ်က နာရီနှစ်လုံးကိုကြည့်နေပြီး သစ်ကိုင်းပေါ်မှာထိုင်နေကာ ခြေထောက်တွေကိုပျင်းပျင်းရိရိ လှုပ်ရမ်းနေရင်း ပြောခဲ့သည်။

 

 

" နင်မြင်ရပြီလား၊ ငါ့ကိုလည်းပေးကြည့် "

 

 

" ခဏနေဦး၊ သင်္ဘောက ဒီကိုလာနေတယ်။ ငါတို့ကျွန်းဆီ ဘယ်သူလာ‌နေလဲဆိုတာ ငါကြည့်ချင်လို့"

 

 

" ငါလည်းကြည့်ချင်တယ်။ ငါ့ကိုတစ်ချက်ပေးကြည့်"

 

 

"ခဏနေပါဦး၊ ဘာတွေအလျင်လိုနေတာလဲ "

 

 

" နင်ကြည့်နေတာ အရမ်းကြာနေပြီလေ၊ ငါအလျင်မလိုရတော့ဘူးလား"

 

 

ကျင်းဟူ သူ့ဘေးက ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီး  ရှောင်ဟူကျီ လက်ထဲက နှစ်လုံးပြူးမှန်ပြောင်းကို ဆတ်ခနဲဆွဲယူလိုက်ကာ မိုင်မိုင်ရဲ့လက်ထဲထည့်ပေးလိုက်သည်။

 

 

" ဟေး ကျင်းဟူက‌ အကောင်းဆုံးဘဲ " မေ့မေ့က မှန်ပြောင်းကို သူ့မျက်စိမှာ အမြန်တပ်လိုက်ပြီး ကမ်းခြေအစပ်နားကို သဲသဲမဲမဲကြည့်လိုက်သည်။

 

 

" ဟေး- အနိုင်ကျင့်တာဘဲ၊ ဒါငါ့အဖေရဲ့ မှန်‌ပြောင်းနော်!"

 

 

"ဒါဆို  မေ့ကို တစ်ချက်ပေးကြည့် လိုက်တာနဲ့ မင်းသေသွားမှာမို့လို့လား?" ကျင်းဟူက သူ့ကို ဒေါသတကြီးနဲ့ စူးစူးဝါးဝါးကြည့်လိုက်သည်။

 

 

" ဟုတ်တယ် မင်းကြည့်နေတာကြာပြီ။ ငါတို့ကိုပြရင် မင်းအသားပဲ့သွားမှာမို့လို့လား?" အ့ပေ ကလည်း မေ့ ကို ကာ‌ကွယ်လိုက်သည်။

 

 

ဟူကျီက ကြောက်စရာကောင်းအောင်အော်လိုက်ပြီး သူသာ မြေပြင်ပေါ်မှာဆိုရင် စာဖိုကို နပမ်းလုံးပစ်လိုက်ပြီ။ " အဲ့ဒါက ငါ့အဖေရဲ့ မှန်‌ပြောင်းဘဲ။ ငါကြိုက်သလောက်ကြာကြာ ကြည့်လို့ရတယ်!"

 

 

သူ ဆွဲယူဖို့ အရှေ့တိုးသွားပေမယ့် မမိလိုက်ပေ။ ကျင်းဟူက သူ့အရှေ့မှာရပ်နေတဲ့အတွက် သူက ကျောက်ရှောင်မေ့ရဲ့ ဆံပင် တစ်မွှေးတောင် ထိလို့မရချေ!

 

 

" ရေးကြီး ခွင်ကျယ်လုပ်မနေကြနဲ့၊ နင်တို့နှစ်ယောက် ရေးကြီးခွင်ကျယ် လုပ်မနေကြနဲ့၊ သင်္ဘောရောက်လာပြီ ပြီးတော့ လူတွေအများကြီးဆင်းလာကြတယ်။ ငါ နိုင်ငံရေးကော်မတီအရာရှိယန်ရဲ့ သတင်းပို့တပ်သားကို‌တွေ့တယ် ပြီးတော့ သူ့အနောက်မှာ လိုက်လာတာက....ဝါးး၊ အဲ့ဒါက နတ်သမီးဘဲ!"

 

 

" ငါလည်းကြည့်ချင်တယ် မေ့ ငါလည်းကြည့်ချင်တယ်! " သစ်ပင်အောက်က ရှီဒန် ကလေးက သူတို့ကို စိတ်အားထက်သန်စွာနဲ့ကြည့်လာသည်။

 

 

" နတ်သမီး? ဘာနတ်သမီးလဲ? "

 

 

"နတ်သမီး" ဆိုတဲ့ စကားကိုကြားတော့ ကြောက်လန့်သွားပြီး ဟူကျီက အဒေါ်ကြီးလိုမျိုး မှန်‌ပြောင်းကို အမြန်ဆွဲလုလိုက်တော့ ‌မေ့မေ့က ဘေးကို ရှောင်လိုက်တဲ့အချိန် သူငြိမ်ငြိမ်မနေ‌တော့ သစပ်ပင်ပေါ်ကန ပြုတ်ကျလုနီးနီးမှာ ကျင်းဟူဆီကနေ အဆွဲခံလိုက်ရသည်။

 

 

ကျင်းဟူက ဟူကျီကို ကြောက်စရာကောင်းအောင်ကြည့်လိုက်တော့ ဟူကျီက ပုခုံးတွေ ကျုံ့သွားသည်။ မေ့မေ့က တစ်ရစ်ဝဲဝဲကြောက်စိတ်ကြောင့် သူ့ရင်ဘက်ကို ရိုက်လိုက်သည်။

 

 

သူမက မှန်‌ပြောင်းကို ပြန်ပေးလိုက်တယ်။ " ရော့ဒီမှာ "

 

 

ဟူကျီက ကျင်းဟူကို ဂုဏ်ယူစွာနဲ့ ကြည့်လိုက်ပြီး မှန်‌ပြောင်းကို သူ့မျက်နှာဆီ ချက်ချင်းဘဲကပ်လိုက်သည်။

 

 

ကျွန်းပေါ်က ပန်းတွေနဲ့ မြက်ပင်တွေတိုင်းက ကင်းစောင့်စစ်သား‌လေးတွေရဲ့ အကဲခတ်အကြည့်အောက်မှာရှိနေသည်။" ဘယ်လိုမျိုး နတ်သမီးက ရောက်လာတာလဲ။ ဒါဆို အုပ်အော်သောင်းနင်းတွေ မဖြစ်ကုန်ဘူးလား?"

 

 

မှန်‌ပြောင်းထဲမှာ မေ့ ပြောတဲ့ နတ်သမီးဆိုတဲ့လူက လူအုပ်အနောက်ကနေ ဖြည်းဖြည်းချင်း ကျွန်းဆီကို လိုက်လာသည်။ သူမအနောက်မှာက ပင်လယ်ပြာရယ်၊ ပင်လယ်ပြင်ပေါ်က တလက်လက် လှုပ်ရမ်းနေတဲ့ ရွှေရောင်အလင်းရယ်ပြီးတော့ ချန်ရှန့် စင်ရော်တွေက ရစ်ဝဲနေကာ သူမရဲ့ ခေါင်းအထက်မှာ ပျံနေကြသည်။

 

 

ပင်လယ်ကနေ တိုက်ခတ်လာတဲ့ လေညင်းက မိန်းကလေးရဲ့ လှပတဲ့ ဂါဝန်ကို တိုက်ခတ်သွားပြီး လေထဲမှာ အဝိုင်းပုံလှုပ်ရမ်းသွားတဲ့အလှက အသက်ရှူမှားစေသည်။

 

 

"အဲ့ဒါနတ်သမီးမဟုတ်ဘူး။ လူဘဲ။ ဂါဝန်နဲ့မိန်းမတစ်ယောက်ဘဲ! "

 

 

" သူမက အရပ်လည်းရှည်တယ်၊ အရမ်းလည်းဖြူပြီးတော့ ဆံပင်‌ကလည်း ရှည်ပြီး မဲနက်နေတာဘဲ......" ဟူကျီက ရုတ်တရက်အော်လိုက်သည်။ " သူမလာနေပြီ! "

 

 

မျက်တောင်တစ်ခတ်အတွင်းမှာပဲ အခုလေးတင်သစ်ပင်ပေါ်မှာ လှဲပြီး ပျော်ပျော်ကြီးကြည့်နေတဲ့ ဟူကျီက မှန်ပြောင်းကို ပစ်ချလိုက်ပြီး သစ်ပင်ကနေ ခုန်ဆင်းလိုက်ကာ သူ့ခြေဗလာနဲ့ ခြုံပုတ်တွေပေါ်ကနေ အလောသုံးဆယ် ပြေးထွက်သွားခဲ့သည်။

 

 

လူတိုင်းက အလန့်တကြားဖြစ်သွားပြီး အမြန် သစ်ပင်ကနေ လျှောဆင်းလိုက်ကာ သူ့အနောက်ကနေ အပြေးအလွှား လိုက်တော့သည်။

 

 

သူ့အစ်ကိုနဲ့အစ်မတွေရဲ့ ပုံတွေက တဖြည်းဖြည်းပြေးထွက်သွားတာကို ကြည့်ရင်း ရှစ်တန့် ပင်လယ်ပြင်ကိုကြည့်လိုက်ပြီးတော့ အောက်မှာပစ်ချထားတဲ့မှန်‌ပြောင်းကိုတစ်လှည့်ကြည့်လိုက်ကာ.....ပျော်ပျော်ကြီးကောက်လိုက်ပြီးတော့  သူ့မျက်လုံးတွေနဲ့မှန်ဘီလူးမှာချိန်လိုက်သည်။

 

 

---" ဝိုး....လှလိုက်တာ၊ လှလိုက်တဲ့ မမ... "

 

.....

 

ဖေ့လန်ကျွန်းက ကျယ်ပြောတဲ့ ပင်လယ်ရေမှော်ပြင်အလယ်မှာရှိကာ ဘေးနှစ်ဖက်မှာ ကျောက်ကမ်းပါးမြင့်တွေရှိနေပြီး ဟုန်ဟူပင်လယ်အော် တစ်ခုသာလျှင် ကျွန်းရဲ့ဝင်ပေါက်ဖြစ်သည်။

 

 

ခရီးသည်တင်သင်္ဘောက ဟုန်ဟူပင်လယ်အော်မှာ ကမ်းဆိုက်ကာ ခရီးသည်အုပ်လိုက်ကြီး ပို့လာသည်။

 

 

ဆင်းလာတဲ့ခရီးသည် အများစုက စစ်သားတွေနဲ့ ကျွန်းငယ်လေးက တိုင်းရင်းသားလူမျိုးစုတွေပဲဖြစ်သည်။ ဖေ့လန်ကျွန်းက ပင်လယ်ကမ်းခြေ အကာအကွယ်လိုင်းမှာရှိနေတဲ့အတွက် သာမန်ကာလျှံကာလူတွေက တရားဝင် အကြောင်းပြချက်မရှိဘဲ ကျွန်းထဲဝင်ခွင့်မရပေ။

 

 

အဲ့ဒါကြောင့်၊ မုန့်ယန်လိုမျိုး လူစိမ်းပေါ်လာတာက သေချာပေါက် ငြိမ်နေတဲ့ပင်လယ်ထဲ ကျောက်စရစ်ခဲလေး ပစ်ထည့်လိုက်သလိုပင်။ အဲ့ဒါက မကြီးပေမယ့်၊ အတော့်ကိုတော့ ယောက်ယက်ခတ်သွားစေသည်။

 

 

လူကြီးတွေက မြေပြင်အမြင့်မှာရပ်ပြီး ကြည့်နေတုန်း ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် ချိုင့်ဝှမ်းထဲ ပြေးဆင်းလာသည်။

 

 

" ဟေး ! သူကဘယ်သူလဲ!"

 

 

" သူမက အရမ်း‌ကြည့်ကောင်းတာဘဲ၊ သူမက နတ်ဆိုးကနေ ပြောင်းထားတာမဖြစ်နိုင်ဘူးလား!"

 

 

" ဘာနတ်ဆိုးလဲ၊ နတ်ဆိုးတွေကဆိုးတယ်၊ သူမက ကြည့်ရတာ အရမ်းလှတာ နတ်သမီးပဲ ဖြစ်ရမယ်! "

 

 

မုန့်ယန်မှာ ရုတ်တရက် ပေါ်လာတဲ့ " မျောက်ကလေးတွေ"အုပ်စုကြောင့် နောက်ဆုတ်သွားရသည်။

 

 

ပိန်မဲပြီးတော့ အဝါရောင် မျက်နှာတွေက သူမအရှေ့မှာ သေသေသပ်သပ်နဲ့ ရပ်နေကြသည်။ စိတ်ဝင်စားစရာအကောင်းဆုံးက ကောင်ကလေးတွေအားလုံးနီးပါးရဲ့ ခါးမှာ သစ်သားနဲ့လုပ်ထားတဲ့ စက်သေနတ်လေးတွေရှိပြီး သူတို့အားလုံးက သူမကို မျက်လုံးပြူးလေးတွေနဲ့ ကြည့်နေကြတာက ကြောင်‌တောင်‌တောင်နဲ့ချစ်စရာကောင်းနေခဲ့သည်။

 

 

လျှိုကုံရှင်းက သူ့အဝတ်အိတ်ကို သယ်ထားပြီးတော့ အပြုံးနဲ့ပြောလိုက်သည်။ " သွား၊ သွားကြ! ကောင်လေးတွေ ငါတို့ရဲ့ဦးစီးအရာရှိ မိန်းမကို မခြောက်ကြနဲ့!"

 

 

က‌လေးတွေက မယုံကြည်နိုင်စွာနဲ့ သူတို့ပါးစပ်တွေကိုဟလာကြသည်။ " ဘာ? ဦးစီးအရာရှိရဲ့လူ?"

 

 

ကျွန်းပေါ်မှာက ပူတော့ ကလေးတွေက အပါးလေးတွေဝတ်ထားကြသည်။ သူတို့ထဲက အများစုက ဂျက်ကပ်နဲ့ ရက်သားစွပ်ကျယ်တွေ ဝတ်ထားကြပြီး တစ်ချို့ကောင်ကလေးတွေကျတော့ အဝတ်တောင် မဝတ်ထားကြဘဲ ကိုယ်လုံးတီးလေးတွေနဲ့ ထွက်လာကြသည်။

 

 

ဒီလိုပူတဲ့နေမှာ ဖိနပ်တွေကိုတော့ သဘာဝအလျောက် မဝတ်ကြပေ။ အတိအကျပြောရရင်၊ လမ်းတစ်လျှောက်လုံးမှာ ကျွန်းပေါ်က လူ‌တစ်ချို့ ဖိနပ်စီးတာကို မုန့်ယန်မမြင်ခဲ့ရပေမယ့် စစ်တပ်ထဲက စစ်သားတွေကတော့ စည်းစနစ်ကျကျ ရော်ဘာဖိနပ်တွေ စီးထားကြသည်။

 

 

ကလေးတွေရဲ့အံ့ဩတဲ့မျက်လုံးတွေကို ငုံ့ကြည့်လိုက်ရင်း လျှိုကုံရှင်းက အောင်ပွဲခံသလို အကြိမ်အနည်းငယ်လောက် ချောင်းဟန့်လိုက်ကာ " အတိအကျပြောရရင် သူမက ဦးစီးအရာရှိရဲ့ အနာဂတ်ဇနီးလောင်းဘဲ "

 

 

ပြောပြီးတဲ့နောက်မှာ လူအုပ်အပြင်ဘက်ကနေ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖျတ်ခနဲလာနေတာကို သူရုတ်တရက် မြင်လိုက်ပြီး သူအမြန်နှုတ်ဆက်လိုက်သည်။ " အတွင်း‌ရေးလက်ထောက်  ယုကျန်း!"

 

 

" ရဲဘော် လျှို!"

 

 

ဒီအသက်ငါးဆယ်အရွယ် ကျန်းမာသန်စွမ်းနေတဲ့ အမျိုးသမီးက ရဲဘော် ဟွားယုကျန်း၊ ဖေ့လန်ကျွန်းက တုန်းဖုန့်ဘုံအဖွဲ့‌ ကော်မတီပါတီရဲ့ အတွင်းရေးလက်ထောက်ဖြစ်ပြီး စစ်တပ်ရဲ့ တပ်ရင်းသင်တန်းနည်းပြဖြစ်သည်။

 

 

သူမက အစောပိုင်းနှစ်တွေမှာ ပြောက်ကျားတပ်အဖွဲ့ရဲ့ အမျိုးသမီး ပြောက်ကျား တပ်သားဖြစ်ခဲ့သည်။ သူမဟာ နယူး ရှိုင်းနား ဆောက်လုပ်ရေးအတွက် ဆင်းရဲဒုက္ခတွေကို သည်းညည်းခံပြီး အခက်အခဲ အများအပြားကို တောင့်ခံခဲ့သည်။ သူမကတော့ ကျွန်းပေါ်မှာ လေးစားစရာအကောင်းဆုံး အမျိုးသမီးဖြစ်သည်။

 

 

အတွင်းရေး လက်ထောက်ယုကျန်းက သင့်ကို ကြည့်တဲ့အခါ သူမမျက်နှာက အမြဲတမ်း ကြင်နာပြီးတော့ နွေးထွေးသည်။

 

 

" ပြန်လာပြီလား? ဒါက ဘယ်သူလဲ?"

 

 

သူမ မုန့်ယန်ကို ကြည့်လိုက်သည်။ မိန်းကလေးရဲ့နူးညံ့ချိုမြိန်တဲ့ ပါးတွေက နီရဲနေကာ သူမရဲ့နှာခေါင်းထိပ်ကလည်း ချောမွတ်နေပြီး သူမရဲ့ ရှည်ပြီးထူတဲ့မျက်တောင်တွေက အနည်းငယ်လှုပ်ခတ်နေကာ သူမရဲ့ကြောင်မျက်လုံးတွေက ပြုံးပြနေတော့ ကွေးတက်သွားသည်။ သူမက အရမ်းကို လှပြီးတော့ ချစ်စရာကောင်းသည်။

 

 

ဟွားယူကျန်း အံ့အားသင့်သွားသည်။ ဘုရားရေ၊ ဒါက ဘယ်မိသားစုရဲ့သမီးကောင်းလေးလဲ?

 

 

မုန့်ယန်က လူတိုင်းကို ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပြီး လျှိုကုံရှင်း သူမကို မိတ်ဆက်ပေးတဲ့အခါ သူမဘယ်လို နှုတ်ဆက်ရမလဲဆိုတာ စဉ်းစားနေရသည်။

 

 

သူက မုန့်ယန်ကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ " ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဒါကဦးစီးအရာရှိကျန်းရဲ့ တွဲဖက်ဘဲ။ သူမက စစ်တပ်မှာနေဖို့ မြို့တော်ကနေ ဒီကျွန်းကိုလာခဲ့တာ ပြီးတော့ လူတိုင်းနဲ့အဆင်ပြေဖို့ ဒီမှာ အတော်ကြာနေလိမ့်မယ် "

 

 

" ကျေးဇူးပြုပြီးတော့ ရဲ့အကြံဉာဏ်ပေးပါဦး....အမ်း...ဂရုစိုက်ပေးပါဦး " ရင်းနှီးတဲ့ စာကြောင်းထွက်လာခဲ့အခါ မုန့်ယန်တောင့်ခဲသွားသည်။

 

 

-- ပါးစပ်ကနေ လွှတ်ခနဲထွက်သွားတာ၊ လုံလောက်ပြီ။ ငါ တီဗီဒရာမာတွေကြည့်တာ များသွားတယ်။