အပိုင်း ၁၃
Viewers 2k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၃

 

 

 

 

 

"အာ၊ အာ" ဟင်းသီးဟင်းရွက်တောင်းတွေနဲ့ ‌အဒေါ်အချို့က ရှေ့ထွက်လာပြီး မုန့်ယန်ဘေးမှာ ဝိုင်းလိုက်သည်။

 

 

သင်္ဘောကနေ ဆင်းလာတဲ့ လူတွေလည်း မထွက်သွားသေးဘဲ မုန့်ယန်ကို စပ်စုစွာနဲ့ကြည့်နေကြသည်။

 

 

" ဦးစီးအရာရှိကျန်းက တစ်ကိုယ်တည်းသမားမဟုတ်ဘူးလား? ဘယ်အချိန်က ဒီလိုလှပတဲ့ တွဲဖက်ရှိသွားတာလဲ?" ဒါက အရမ်းနက်ရှိုင်းလွန်းတယ်!

 

 

" ဟုတ်တယ်။ ဘာလို့ ငါတို့ကို မပြောပြရတာလဲ?" သူတို့က မုန့်ယန်ကို နောက်‌‌ပြောင်သလိုကြည့်လိုက်ပြီး တစ်ခစ်ခစ်နဲ့ ရီလိုက်သည်။

 

 

ကျွန်းပေါ်က လူတွေကို အဆင့်သုံး ဒါမှမဟုတ် အဆင့်ခြောက်ဟူ၍ ခွဲခြားထားသည်။ ဒါပေါ့၊ မြို့တော်ကလာတဲ့လူဆိုရင်တော့ " အဆင့်အမြင့်" ဆုံးဖြစ်သည်။

 

 

သူတို့က မုန့်ယန်ထက် ပိုလှတဲ့မိန်းကလေးကို မမြင်ဖူးချေ။ သူတို့က အဲ့ဒီမှာ ရပ်လိုက်တဲ့အချိန် ကလေးတွေပြောသလို နတ်သမီးလေးနဲ့ တူတူပဲဖြစ်သည်။

 

 

ရန်လိုတတ်တဲ့ မစ္စမာတောင်မှ သူမကို စကားအကျယ်ကြီးပြောဖို့ ရှက်တဲ့အတွက် ‌အသံက နူးနူးညံ့ညံ့တိုးတိုးလေးထွက်လာသည်။

 

 

" အိုး၊ ငါတော့ တစ်ခါမှ မကြားခဲ့ရဘူး! မင်း ဒီမှာရောက်နေတာ ဦးစီးအရာရှိကျန်းသိရဲ့လား" သူက ဘာလို့လာမကြိုတာလဲ?

 

 

" ကျွန်မလည်း မသိဘူး။ လာတာ ရုတ်တရက် ဖြစ်သွားလို့ဖြစ်မယ် " မုန့်ယန်လည်း သိချင်နေသည်။

 

 

 အဲ့ဒီနေ့က လက်ထပ်ဖို့ ဆွေး‌နွေးပြီးတဲ့နောက်မှာ အကြီးအကဲ‌ဟောင်းကျန်းက သူ့သားဆီ နောက်တစ်နေ့မှာစာပို့ခဲ့သည်။ အဲ့ဒါက လဝက်လောက်ကြာပြီးမှ ရမယ်ထင်တယ်။ ဘာလို့ သူ မလာတာပါလိမ့်။

 

 

" အိုး ကျွန်မလည်း သေချာမသိဘူး " သူလာမယ်လို့ သင်သာသိရင်ဒီမှာ အကြာကြီးစောင့်နေရမှာမဟုတ်ဘူး။ " ရဲဘော်မုန့်၊ ဒီကိုလာဦး၊  လာ။ သူ့ကို ဦးစီးအရာရှိအိမ်ဆီ ခေါ်သွားပေးပါဦး"

 

 

" လျှောက်လိုက်ဦး ဦးစီးအရာရှိရဲ့အိမ်က ဒီကနေဆိုနည်းနည်းဝေးတယ်။ လမ်းလျှောက်ရတာ မောလို့ရှိရင် အဒေါ်‌တွေကိုပြောလိုက်"

 

 

" အို အချစ်လေး၊ သမီး အသားရေက နုတယ် အဒေါ့်ဆီကိုလာ။ ဒီအဝတ်ပိုင်းကို မျက်နှာမှာအုပ်ထား။ သမီးကိုနေမလောင်စေနဲ့ "

 

 

" ကောင်းပါပြီ။ ကျေးဇူးပါ။ ကျေးဇူးတင်ပါတယ် "

 

 

အမည်းရောင်ပါးပါးနဲ့ အဝါရောင် မျက်နှာတွေက စိတ်အားထက်သန်နေကြကာ မုန့်ယန်မှာ သူမရှေ့ကလေထုကြောင့် ဝေဒနာတွေလွင့်သွားသည်။

 

 

သူမရဲ့စိုးရိမ်စိတ်တွေက ပျောက်သွားပြီး ‌ရက်အတော်ကြာ လှေပေါ်က မောပန်းမှုတွေဟာလည်း တဖြည်းဖြည်း လျော့ပါးသွားသည်။

 

 

ကျွန်းမှာ တစ်ခုဆိုးတာကတော့ ဒီကကလေးတွေက အရမ်း ဖျတ်လတ်တက်ကြွကြသည်။ ကျွန်းသားတွေက မသိမသာ ဖြတ်သွားတဲ့အခါတိုင်း သူတို့က အော်လာသည်။

 

 

 "ဦးစီးအရာရှိက ဒီမှာ!"

 

 

သူမက စစ်သားတွေနဲ့ ကျွန်းသားတွေဆီကနေ မျောက်လို ဆက်ဆံခံနေရသည်။

 

 

မုန့်ယန် ရှက်လာသည်---

 

 

ဒါပေမယ့် အဲ့ဒီအကြောင်း တွေးကြည့်ပြီးနောက်မှာ ဒီက လူတွေက ကျန်းရှောက်ယွီကို သိပ်ပြီးအလေးမထားဘူးဆိုတာ မုန့်ယန် သိလိုက်ရပြီး သူ့ရဲ့လက်တွဲဖော်ကိုတောင်မှ နောက်ပြောင်နေသေးသည်။ ဒါက ဘာကိုဆိုလိုတာများလဲ?

 

 

သူက အဆင်ပြေပြေနေလို့ရမယ့် လူကောင်းလို့ ဆိုလိုချင်တာများလား? သူသာ ရက်စက်တဲ့သူဆိုရင် ကလေးတွေက ဘယ်လိုလုပ် သူ့ကိုစီစဉ်မှာလဲ?

 

 

ဒါကိုစဉ်းစားကြည့်တော့ သူမ ရင်ထဲက စိုးရိမ်မှုတွေက လျော့သွားသည်။

 

 

သူကအဆင်ပြေပြေနေလို့ရမယ့် လူကောင်းဖြစ်ရင်ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား?

 

 

...

 

ဖေ့လန်ကျွန်းရဲ့ ရှုခင်းက ဟုန်ဟူပင်လယ်အော်ထက် ပိုလှပြီး ကျွန်းဝင်‌ပေါက်နဲ့ ကျွန်းအထဲ ရှုခင်းနှစ်မျိုးနှစ်စားရှိသည်။

 

 

ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ၊ ပျိုးပင်ပေါက်စိုက်ခင်းတွေနဲ့ စိမ်းစိုတဲ့ တောင်တန်း‌တောင်ကုန်းတွေက သာမန်ကုန်းတွင်းပိုင်းရွာနဲ့ ဘာကွာခြားချက်မှရှိမနေပေ။

 

 

လယ်ကွင်းတွေကို ဖြတ်‌သွားတဲ့အခါ အလုပ်ကြိုးစားတဲ့ ကျွန်းသားတွေက ပေါင်းသင်၊ တူး နေတာတွေကို ရပ်ပြီး သူတို့ကို စိတ်အားထက်သန်စွာနဲ့ နှုတ်ဆက်ကြပြီးတဲ့နောက်မှာ သူတို့ရဲ့မျက်လုံးတွေက မုန့်ယန်ဆီရောက်သွားသည်။

 

 

မုန့်ယန်ရဲ့မျက်နှာက အပြုံးတွေနဲ့ တောင့်တင်းလာပြီး လူတိုင်းကို " မင်္ဂလာပါ " လို့ နှုတ်ဆက်လိုက်သည်။ သူမရဲ့ ရိုကျိုးပြီး တိတ်တဆိတ်တဲ့ပုံ၊ လှပသိမ်မွေ့တဲ့ မျက်နှာတို့က စိတ်ထားကောင်းတဲ့ လှိုင်းလုံးကို ဆွဲဆောင်လိုက်နိုင်သည်။

 

 

ရုတ်တရက် ထွက်လာတဲ့ ငါးဖမ်းသမားတွေရဲ့အသံက မုန့်ယန်ရဲ့ အာရုံကို ပြောင်းသွားစေသည်။ အဲ့ဒါက လယ်ကွင်းတွေထဲကနေ လာတာဖြစ်မည်။

 

 

အသံက သာယာပြီး စိတ်လှုပ်ရှားစေကာ ကြားရတာ သာယာလှပေမယ့် ဒေသိယစကားနဲ့ ပြောနေတာဖြစ်ပြီး မုန့်ယန်စကားလုံးတွေကို နားမလည်ပေ။

 

 

ဖေ့လန်ကျွန်းမှာ မဆင်းခင် မုန့်ယန်မှာ ကျွန်းအသေးလေးပုံကို မရေမတွက်နိုင်အောင် စိတ်ကူးထဲမှာပုံဖော်ထားပေမယ့် ဒီလို စိုစိုလွင်လွင်ပုံမျိုး မမျှော်လင့်ထားခဲ့ပေ။

 

 

ဒီကျွန်းက ဆောက်လုပ်ရေးအောက်မှာရှိနေပြီး အဲ့ဒါက နည်းနည်းရှုပ်နေပေမယ့် အရမ်းစည်စည်ကားကားရှိသည်။

 

 

မုန့်ယန် မျက်လုံးဆယ်စုံနဲ့ မမြင်ရတာတောင်မှ ဒီမှာရှိတဲ့ အရာရာတိုင်းက အရမ်းလတ်ဆက်သည်။

 

 

ရုတ်တရက် ပျောက်မသွားခင် မုန့်ယန်ပတ်ပတ်လည်က ကလေးတွေနဲ့ လူကြီးတွေက ဂရုမစိုက်ဘဲ သူတို့က မုန့်ယန်နဲ့ဘဲ စကားပြောနေခဲ့ကြသည်။

 

 

တစ်လမ်းလုံး စကားပြောလိုက် ‌မေးလိုက်လုပ်နေရင်း မုန့်ယန်ရဲ့ ရှစ်ဆက်မြောက် ဘိုးဘေးဘီဘင်တွေအထိပါ အဒေါ်ကြီးတွေရဲ့ စုံစမ်းမေးမြန်းခြင်းခံရတော့သည်။

 

 

 ကံကောင်းလို့ နောက်ဆုံး နောက်မိနစ်၂၀‌မှာ သူတို့ ကျန်းရှောက်ယွီရဲ့ အိမ်ကိုရောက်သွားကြသည်။

 

 

အဲ့ဒါက အုတ်တွေစီထားတဲ့ တစ်ထပ်အိမ်လေးဖြစ်ပြီး အပြင်ဘက်နံရံမှာ ပန်းရောင်နဲ့ အဖြူရောင် နှင်းဆီပန်းတွေက နေရာအကြီးကြီးမှာ နံရံကိုမှီပြီး အရူးအမူးပေါက်နေကြသည်။

 

 

ဝင်တဲ့ဝင်းနံရံက ဝင်းနံရံအသေးလေးဖြစ်သည်။ ဧရိယာယ အတော်အတန်ကြီးပြီး ၃၀၊ ၄၀မီတာလောက်ရှိမည်။ခြံဝင်းထဲမှာ အသီးအရွက်စိုက်ခင်း အသေးလေးက ရှိပေမယ့် ဒီတိုင်းပစ်ထားသည်။ မြေနေရာအကျယ်ကြီးကို မြေရိုင်းဖြစ်အောင် ထားထားတာ နှမြောစရာကောင်းသည်။

 

 

ခြံဝင်းကတော့ ပိုင်ရှင်ဆီကနေ သပ်သပ်ရပ်ရပ်အထားခံထားရတော့ အရမ်းသန့်ရှင်းနေသည်။ အိမ်ထဲမှာတော့ ကြည့်စရာကို မလိုဘူး။ အဲ့ဒါက မြို့ထဲက အသက်တောင်မရှူနိုင်တဲ့ ခြံဝင်းထက်တောင် ပိုကျယ်လိမ့်မည်။

 

 

" ဘာဖြစ်လို့လဲ။ ဘာကိုကြည့်နေတဲ့လဲ ညီမမုန့်ယန် "

 

 

မုန့်ယန်က ထောင့်ချိုးလေးကို မျက်လုံးတွေ မလှုပ်ရှားဘဲ စိုက်ကြည့်နေတော့ အဒေါ်မာက သိချင်စိတ်နဲ့ သူမကိုမေးလိုက်သည်။

 

 

ကောင်မလေးက တဲရဲ့ထောင့်ချိုးထဲက နူးညံ့တဲ့အဝါရောင် တင်ပါးလေးကို ပြလိုက်ကာ " ဒီမှာ ခွေးလေးတစ်ကောင်ရှိတယ် "

 

 

မစ္စ်မာက မြင်သွားတာ‌တော့ ဝမ်းသာအားရနဲ့ပြောလိုက်သည်။ " အရင်လက ဦးစီးအရာရှိကျန်း ပြန်လာတဲ့လမ်းမှာ ကောက်လာခဲ့တာ။ သူလေးက မွေးထားတာမကြာသေးပေမယ့် ဘယ်လိုပြေးရမလဲတော့ သိနေတယ်။ သူက လူစိမ်းတွေကို နည်းနည်းကြောက်နေလို့ "

 

 

တစ်ဖက်က အဒေါ်လျှိုကလည်း သတိပေးလာတယ် " အဲ့ဒီဟာလေးကို သေးတယ်လို့ပဲ မကြည့်နဲ့။ သူက လူတွေကို လိုက်ကိုက်တတ်တယ် သတိထား "

 

 

" တကယ်လား?" မုန့်ယန်က ပြုံးလိုက်ပြီး ခွေးလေးကိုဝင်သွားရင်း ကြည့်လိုက်ကာ အရမ်းစိတ်ဝင်စားစရာကောင်းတယ်လို့ တွေးလိုက်မိသည်။

 

 

ကျန်းရှောက်ယွီရဲ့ အခြားကောင်းတဲ့အချက်ကို သူမရှာတွေသွားပြီလို့ သူမခံစားရလိုက်တယ် - ဂရုစိုက်တာ။

 

 

....

 

ဖေ့လန်ကျွန်းက စာပို့သမားက လတစ်ဝက်လောက်မှ ရောက်လာပြီး တစ်ခေါက်စာက မုန့်ယန်စီးခဲ့တဲ့ သင်္ဘောနဲ့ပါလာသည်။

 

 

မုန့်ယန်လည်း သင်္ဘောကနေ ဆင်းသွားတဲ့ တစ်ချိန်ထဲမှာဘဲ အဲ့ဒီက စာပို့သမားကလည်း စာတွေကို တစ်အိမ်ပြီး တစ်အိမ်လိုက်ပို့တော့သည်။

 

 

စက်ဘီးက မုန့်ယန်နဲ့ သူမအဖွဲ့ လမ်းလျှောက်တာထက် ပိုမြန်သည်။ စာတွေပို့ပြီးတဲ့အချိန်မှာ မုန့်ယန်က ပင်လယ်ရှုခင်းကို သဘောကျနေတုန်းပဲ ရှိ‌သေးသည်။

 

 

စစ်တပ်ထဲမှာတော့၊ စာလက်ခံတဲ့လူ ရှောင်ကျိုးက စာကို လက်ခံရရှိပြီးတော့ ရုံးဆီပို့‌ပေးလိုက်သည်။ ကျန်းရှောက်ယွီက စာကို တစ်ချက်ဘဲကြည့်ပြီး စာဆက်ရေးနေသည်။

 

 

" ခဏ‌နေဦး " သူက ရုတ်တရက် ကျိုးပိုင်ထောင်ကို ပြန်ခေါ်လိုက်ကာ​ မေးခဲ့သည်။ " ဘယ်သူ့စာလဲ "

 

 

စစ်သားလေးက အဲ့မှာဘဲရပ်နေကာ အသံအောင်အောင်နဲ့ အားအပြည့်နဲ့ပြောလာသည်။ " အကြီးအကဲကျန်းက ခေါင်းဆောင်ဆီကို ပို့တာပါ!"

 

 

အမျိုးသားက မျက်ခုံးပင့်လိုက်ကာ ဖြည်းဖြည်းချင်း ရပ်သွားပြီး " အကြီးအကဲကျန်း၊ ငါ့အဖေလား?"

 

 

စစ်သားလေးက အခိုင်အမာပြန်ဖြေလိုက်သည်။ " ဟုတ်ပါတယ်!"

 

 

ကျန်းရှောက်ယွီက ဘောပင်ကို ဆက်ကိုင်လိုက်ပြီး " ကောင်းပြီ၊ သွားလို့ရပြီ"

 

 

"ဟုတ်ကဲ့!"

 

 

ပင်လယ်ဆားငယ်လေတွေကနေ ကာဖို့ စာကို အခန်းထဲယူလာလိုက်သည်။

 

 

ကျန်းရှောက်ယွီ စာကို ယူလိုက်ပြီး သူ့လက်ချောင်းထိပ်တွေနဲ့ ဖြည်းဖြည်းလေး ပွတ်လိုက်သည်။ စာရေးထားတဲ့စာရွက်ပါးပါးလေးက လွဲပြီး အထဲမှာ လေးထောင်ပုံစံအရာလေးဘဲပါသည်။

 

 

" ထပ်ပြီးအဲ့ဒါဘဲလား?"

 

 

သူမျက်မှောင်ကြုပ်လိုက်ပြီး စာအိတ်ကို ဖွင့်ဖောက်လိုက်သည်။

 

 

အထဲမှာ စာရွက်တစ်ပိုင်းနဲ့ ဓာတ်ပုံတစ်ခုပါသည်။ ကျန်းရှောက်ယွီ ဓာတ်ပုံကို အရင်‌ယူကြည့်လိုက်ပြီး ပုံကိုမြင်လိုက်တဲ့အချိန် သူ အေးခဲသွားသည်။

 

 

အဖြူအမဲချိန်ထားတဲ့ဓာတ်ပုံထဲမှာ၊ မိန်းကလေးက နေဗီ ကော်လာဂါဝန်ဝတ်ထားကာ သူမရဲ့မျက်လုံးတွေဟာ ဆောင်းဦးရေနဲ့ တူပြီး၊ မျက်ခုံးတွေကတော့ လခြမ်းကွေးလေးတွေနဲ့တူကာ သူမပါးပြင်တွေက ရှက်လို့နီရဲနေသည်။

 

 

သူမရဲ့အသားရေက ပန်းဝတ်စံထက် နုနယ်ပြီး သူမရဲ့ ချယ်ရီရောင်နှုတ်ခမ်းတွေက နည်းနည်းကွေးနေကာ ချိုမြိန်တဲ့ အရုပ်မလေးလိုပင်။ အဲ့ဒါက လူတွေကို မတတ်နိုင်ဘဲ အံ့အားသင့်စေပြီး အရည်ပျော်‌နေတဲ့ ပျားရည်ရနံ့ကို အမှတ်ရသွားစေသည်။

 

 

ဒါက.....

 

 

တဒင်္ဂလောက် သူ့စိတ်ထဲမှာ ဗလာဖြစ်သွားပြီး စာကို လက်ချောင်းတွေနဲ့ လှန်‌လှောကြည့်လိုက်သည်။

 

 

တစ်ကြောင်းပြီးတစ်ကြောင်း ဖတ်ပြီးတဲ့နောက်မှာ မျက်ခုံးကြားက မျက်မှောင်ကြုပ်ထားတာက တဖြည်းဖြည်း ပိုကြုပ်သွားသည်။

 

 

" မေ၁၁ရက်နေ့မှာ ဘူတာကိုရောက်တယ်၊ ဒီနေ့က....."

 

 

Oops!

 

 

" ဦးစီးအရာရှိ! ဦးစီးအရာရှိ! ဦးစီးအရာရှိ၊ ခင်ဗျားရဲ့ တွဲဖက် ဒီကိုရောက်နေပြီ! "

 

 

ကလေးတွေက စစ်တပ်ဂိတ်မှာ အပြေးအလွှားနဲ့ ကျိုးပိုင်ထောင်ကို ခေါင်းကြီးအောင် ဆူညံသံတွေလုပ်နေကြတော့ သူက ကြမ်းတမ်းဟန်ဆောင်လိုက်ပြီး " အသံတွေမထွက်ကြစမ်းနဲ့! တစ်ယောက်ယောက် ဒီမှာ‌ရောက်နေတယ်လား? ဦးစီးအရာရှိမှာ ဘယ်သူမှမရှိဘူး! "

 

 

မျောက်လေးတွေအုပ်စုက သူ့အရှေ့မှာ စိတ်လှုပ်ရှားစွာနဲ့ခုန်စွခုန်စွ လုပ်နေကြသည်။

 

 

 " ဦးလေးကျိုး၊ ဦးစီးအရာရှိရဲ့ဟာကို ကျွန်တော်တို့အားလုံးတွေ့ပြီးသွားပြီ! အဲ့ဒါက အခု ဦးစီးအရာရှိရဲ့အိမ်မှာပြီးတော့ လူတွေအများကြီးကလည်းတွေ့ပြီးသွားပြ!"

 

 

" အတွင်းရေးလက်ထောက်ဟွားလည်း အဲ့ဒီမှာရှိတယ်။ အဲ့ဒါ အလိမ်အညာမဟုတ်ဘူး!"

 

 

" ဟုတ်တယ်၊ ကျွန်တော်တို့ ညာနေတာမဟုတ်ဘူး!"

 

 

" မင်းတို့တွေ....."

 

 

ကျိုးပိုင်ထောင် ပြောတော့မယ့်အချိန် ရုံးခန်းထဲက ကျန်းရှောက်ယွီဆီကနေ ကြားဖြတ်ခံလိုက်ရသည်။

 

 

 " ကျိုးပိုင်ထောင်!"

 

 

"ဦးစီးအရာရှိ!" ရဲဘော်ရှောင်ကျိုးက အံ့သြတကြီးနဲ့ အခန်းထဲ ပြေးဝင်သွားခဲ့သည်။

 

 

" ဒီနေ့ကျွန်းပေါ်မှာ ဘာလှုပ်လှုပ်ရှားရှားဖြစ်သေးလဲ? အပြင်က လူတွေရောပါလား?"

 

 

ကျန်းရှောက်ယွီရဲ့လေသံက အရမ်းကို အလေးအနက်ဖြစ်‌နေတော့ ရဲဘော်ရှောင်ကျိုးက ကိုယ်ကို ချက်ချင်းမတ်မတ်ထားလိုက်ပြီး သူ့မျက်လုံးကို ပတ်ပတ်လည်လှည့်ကာ တစ်ခဏလောက် စဉ်းစားပြီး ပြောခဲ့သည်။