အပိုင်း ၁၄
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၄

 

 

 

 

 

 

 

" ဦးစီးအရာရှိကို သတင်းပို့ပါတယ်! ဒီနေ့ကစစ်တပ်-အရပ်သား ပူးတွဲ စောင့်ကြပ်တဲ့နေ့ဖြစ်ပြီး ပင်လယ်ကို သွားရမယ့်နေ့လည်း ဟုတ်ပါတယ်။ ဝန်ထမ်းရေးရာဌာန တစ်ဖွဲ့ကလည်း ကျွန်တော်တို့ ကျွန်းကိုလာပါလိမ့်မယ်! "

 

 

" ဘယ်အချိန်တုန်းက ရောက်တာလဲ "

 

 

" ဆယ့်တစ်နာရီတုန်းကပါ။ အဲ့ဒါက အမြဲတမ်း ဒီအချိန်ဘဲ " ကျန်းရှောက်ယွီက ဘာမှပြန်မပြောလာသေးပေ။

 

 

ကျိုးပိုင်ထောင် တစိမ့်စိမ့်တွေးလိုက်ကာ ပြောခဲ့သည်။  " ဝန်ထမ်းရေးရာဌာနရဲ့ တိကျတဲ့ ကမ်းကပ်တဲ့အခြေအနေကို သတင်းပို့တာတော့ မရှိ‌သေးပါဘူး။ ဦးစီးအရာရှိ ကျွန်တော့်ကိုသွားပြီး တစ်ချက်ကြည့်ပေးစေချင်လား?"

 

 

ဦးစီးအရာရှိက ရုတ်တရက် ဘာလို့ ဒါကိုမေးလဲဆိုတာ သူလည်း မသိပေမယ့်လည်း စစ်သားတစ်ယောက်ရဲ့တာဝန်က အမိန့်နာခံရမှာပင်။

 

 

" ကောင်းပြီ မင်းသွားပြီး တစ်ချက်သွားကြည့်လိုက်"

 

 

ကျိုးပိုင်ထောင်ရဲ့ " ဟုတ်ကဲ့ "က သူမထွက်ခင် သူ့လည်ချောင်းထဲမှာ ဖိနှိပ်ခံလိုက်ပြီး သူပြောလိုက်သည်။

 

 

 " မေ့လိုက်တော့ ငါ့ဘာသာပဲသွားပြီး သွားကြည့်လိုက်မယ် "

 

 

'ဘာဖြစ်လို့ ဒီလိုအလျင်လိုနေရတာလဲ အကြီးအကဲဟောင်းက ဒီကိုရောက်နေလို့များလား?'

 

 

"ဦးစီးအရာရှိ၊ ဦးစီးအရာရှိ၊ခင်ဗျားရဲ့ တွဲဖက်ကဒီရောက်နေတယ်!" ဝင်းအပြင်ဘက်က ကလေးတွေက  အထဲကိုကြည့်ဖို့ သူတို့ခေါင်းတွေကို တိုးလာတော့ ကျန်းရှောက်ယွီ ဒီနတ်ဆိုးလေးတွေကို သတိထားမိသွားသည်။

 

 

မုန့်ယန် ခန့်မှန်းတာမှန်သည်။ ဒီကျွန်းပေါ်က ကလေးတွေနဲ့ ကျန်းရှောက်ယွီက ဆက်ဆံ‌ရေးကောင်းသည်။ ကလေးတွေ မဟုတ်တာပြောတာကို သူစိတ်မတိုဘဲ အပြုံးနဲ့မေးလိုက်သည်။

 

 

 " ငါက ချိန်းတွေ့နေတယ်? ငါ ချိန်းတွေ့နေတာကို ငါဘာလို့မသိရတာလဲ?"

 

 

ဟူကျီ အချည်းအနှီးဖြစ်စွာနဲ့ သူ့ပါးစပ်ကိုကျယ်ကျယ် ဖွင့်လိုက်ပြီး ပြောခဲ့သည်။

 

 

" အာ၊ နတ်သမီးလေးက ခင်ဗျားရဲ့ တွဲဖက်မဟုတ်ဘူးပေါ့?"

 

 

နတ်သမီး?

 

 

ခုနကဓာတ်ပုံက ကျန်းရှောက်ယွီစိတ်ထဲ ပေါ်လာကာ အဲ့ဒါက နတ်သမီးလို့ပြောတာ ချဲ့ကားနေတာမဟုတ်ချေ။

 

 

ကျန်းရှောက်ယွီ အရှေ့တိုးလိုက်ပြီး နည်းနည်းငုံ့လိုက်ကာ မေးခဲ့သည်။ "  မင်းတို့တွေ သူ့ကိုဘယ်မှာတွေ့လာတာလဲ?"

 

 

ဟူကျီက ခပ်ကျယ်ကျယ်ဖြေလာသည်။ "ဟုန်ဟူပင်လယ်အော်မှာ! သူက ကျွန်းထဲဝင်လာပြီးတော့ ကျွန်တော့်အမေနဲ့ ဒါရိုက်တာဟွားလည်း အဲ့ဒီမှာ!"

 

 

" သူတို့တွေ အခုဘယ်မှာလဲ?"

 

 

" ကြည့်ရတာ သူတို့တွေ ဦးစီးအရာရှိရဲ့အိမ်ကိုသွားတယ်ထင်တယ်! "

 

 

" ကျေးဇူးပဲ"

 

 

ကျန်းရှောက်ယွီ ခြေလှမ်းကြီးကြီးနဲ့ အ‌ဝေးကို လျှောက်သွားတော့ ကျိုးပိုင်ထောင်က ခေါင်းလှည့်လိုက်ပြီး အခြားရဲဘော်ရဲဘက်တွေကို တစ်ခုခု ပြောလိုက်ပြီး မြောက်ကြွမြောက်ကြွ သရဲခေါင်းလေးတွေက နောက်ကနေ အမြန်လိုက်သွားလိုက်သည်။

 

 

အမျိုးသား ထွက်သွားပြီးတဲ့နောက်မှာ စစ်တပ်ယူနီဖောင်းနဲ့ လူတချို့က ဆွေးနွေးကြပြီး တိုးတီးပြောလာကြသည်။

 

 

" ဦးစီးအရာရှိက ဘယ်တုန်းက ချိန်းတွေ့လိုက်ပြီးတော့ တိတ်တိတ်လေး ထားထားတာလဲ?"

 

 

" ငါလည်းမသိဘူး...."

 

 

" နတ်သမီး? ဘယ်မေချန်ကို နတ်သမီးလို့ ခေါ်တာလဲ?"

 

 

....

 

" ဦးစီးအရာရှိက အိမ်မှာမရှိဘူး။ ရဲဘော်မုန့်ယန် ဒါမှမဟုတ် ငါတို့စစ်တပ်ထဲ ခေါ်သွားပေးရမလား? ဦးစီးအရာရှိက အိမ်မှာမရှိလို့ရှိရင် စစ်တပ်ထဲမှာရှိနေမှာ"

 

 

လျှိုကုံရှင်းက သူ့ပုခုံးပေါ်က အိတ်ကိုချလိုက်ပြီး ပြောခဲ့သည်။

 

 

 " ဒါဆို ပစ္စည်းတွေကို ခြံဝင်းထဲထည့်လိုက်မယ်။ မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ ကျွန်းမှာ ဘာသူခိုးမှမရှိဘူး။ ညဘက်ဆိုအိမ်တွေက ပိတ်တောင်မပိတ်ထားဘူး။ ဘယ်သူမှဦးစီးအရာရှိရဲ့အိမ်ကို လာရဲမှာမဟုတ်ဘူး!"

 

 

" ဟဟဟ-" လူတိုင်း ရယ်လိုက်ကြသည်။

 

 

ကျန်းရှောက်ယွီ အိမ်ကို အပြေးအလွှား ရောက်သွားတဲ့အချိန်မှာ အဖွဲ့က စစ်တပ်ထဲမှာ သူ့ကိုသွားရှာဖို့ စီစဉ်နေကြသည်။ လူအုပ်ပတ်ပတ်လည်ထဲက မုန့်ယန်ကို သူမြင်လိုက်တဲ့အချိန် သူ့စိတ်က တစ်ခဏလောက် ဗလာဖြစ်သွားသည်။

 

 

နေက တောက်တောက်ပပသာနေပြီး မြင်ကွင်းက ကွက်တိကျနေသည်။ လူအုပ်ဝန်းရံထားတဲ့ အဖြူရောင်ဂါဝန်နဲ့ ပြုံးနေတာ ကောင်မလေးက အဝေးတစ်နေရာက ပန်းချီကားလိုပင်။

 

 

--- မင်းကို ဓာတ်ပုံထဲမှာ အံ့ဩသွားစေတဲ့ အမျိုးသမီးက မင်းအရှေ့မှာ ရပ်နေပြီး မင်းကိုပြုံးပြလိုက်တဲ့ အဲ့ဒီအချိန်မှာ မင်းဘယ်လို ခံစားရလဲ?

 

 

အပေါက်ပေါက်သွားတဲ့ ပူဖောင်းလေးက ကောင်းကင်ကို ရုတ်တရက် ခုန်တက်သွားသလိုမျိုး ကျန်းရှောက်ယွီရဲ့ ရင်ထဲမှာလည်း ‌အလောတကြီး ပေါက်ကွဲထွက်လာပြီး တောက်ပလွန်းတဲ့ မီးရှူးမီးပန်းတွေက သူ့ခေါင်းထဲမှာ ပေါက်ထွက်သွားသလိုပင်။

 

 

သူ့ရင်ထဲမှာ တဆတ်ဆတ်တုန်နေတဲ့ ခံစားချက်ပင်။

 

 

သူ့ရင်ထဲမှာဘဲ ပေါက်ကွဲနေစေလိုက်ပြီး သူမျက်နှာမှာတော့ဘာမှမပြဘဲ သူ့ရဲ့သိမ်းငှက်လို မျက်လုံးကို မှေးလိုက်ပြီး အရှေ့ကိုလျှောက်သွားလိုက်သည်။

 

 

နေရောင်ထဲမှာ၊ သူ့ရဲ့ ကောင်းကောင်းချုပ်ထားတဲ့ အဖြူရောင် ရေတပ်ဝတ်စုံက အထူးတလည်ကို မျက်စိဖမ်းစားနေသည်။

 

 

သူကအရပ်ရှည်ပြီးတော့ သု့ရဲ့ရှည်လျားတဲ့ ခြေတံတွေက သူ့အရိုးတွေ ဘယ်လောက်တောင် သန်မာနေမလဲဆိုတာ လူတွေကို  သံသယမဖြစ်‌စေဘဲ မနေနိုင်ချေ။

 

 

အပြင်က လူက ဓာတ်ပုံထဲက ထက်ပိုပြီးတော့တောင် ကြည့်ကောင်းတယ်၊ အရမ်းယောက်ျားဆန်တာဘဲ---

 

 

မုန့်ယန်က မှင်သက်နေပေမယ့် လူတိုင်းက ကျန်းရှောက်ယွီကို နွေးနွေးထွေးထွေး နှုတ်ဆက်နေကြသည်။

 

 

" ဦးစီးအရာရှိကျန်း! ခင်‌ဗျားရဲ့ တွဲဖက်က ဒီမှာ!"

 

 

"မင်းက အရမ်းလှတာ။ ဦးစီးအရာရှိကျန်းနဲ့တကယ်ကိုလိုက်တယ်! "

 

 

သူက သက်တံ‌လေ‌ပြေ‌တွေကို တပြိုင်နက် မှုတ်ထုတ်လိုက်ပေမယ့် ဒီဟာက ဘာမှမမှားနေချေ။ မုန့်ယန်ကလည်း တကယ့်ကို လှပပြီးတော့ နှစ်ယောက်သားက ရုပ်ရည်ရော အရည်အချင်းတွေပါ လိုက်ဖက်ကြသောကြောင့်ပင်။

 

 

"ဂုဏ်ယူပါတယ်! ဂုဏ်ယူပါတယ်! ဦးစီးအရာရှိ၊ ဘယ်တော့ လက်ထပ်မယ့်ကိစ္စကို တင်ပြမှာလဲ။ ပြီးတော့ ဘယ်တော့ လက်ထပ်ပွဲကျင်းပမှာလဲ!"

 

 

" ဦးစီးအရာရှိက တကယ့်ကို ဖွက်ထားတာပဲ "

 

 

ကျန်းရှောက်ယွီက လူတိုင်းပြောနေတာ နားမထောင်နေဘဲ မုန့်ယန်ကိုဘဲ ဝံပုလွေတစ်ကောင်လို စိုက်ကြည့်နေကာ ပြောခဲ့သည်။ "ရဲဘော်မုန့်ယန်"

 

 

နွေးထွေးတဲ့ အလင်းရောက်က မိန်းကလေးရဲ့ မျက်နှာမှာ ရောင်ပြန်ဟပ်နေပြီး မျက်တောင်တွေက ယပ်တောင်လေးတွေလို ဖြစ်နေကာ မျက်ခွံပေါ်မှာ အရိပ်ထင်နေသည်။

 

 

" မင်္ဂလာပါ ရဲဘော်ကျန်းရှောက်ယွီ "

 

 

သူရပ်သွားပြီး သူမ မျက်လုံးထဲကို အမြန်ကြည့်လိုက်ကာ ပြန် နှုတ်ဆက်ခဲ့သည်။

 

 

အဲ့ဒါပြီးတော့ ဘာစကားမှ မရှိတော့ပေ။

 

 

လေထုက ရုတ်တရက် တင်းကြပ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောစရာစကားလည်း မရှိတော့ဘဲ လူတိုင်းကလည်း တိတ်‌ဆိတ်နေကြကာ စိုးရိမ်မှုနည်းနည်းနဲ့ မျှော်လင့်စောင့်စားနေကြသည်။

 

 

သူတို့က ကျန်းရှောက်ယွီ မုန့်ယန်ကို အနည်းနဲ့အများတော့ နှုတ်ဆက်လိမ့်မယ်လို့ ထင်နေပေမယ့် ဒီကောင်လေးက ဒီလိုပြောလာမယ်လို့ မထင်ထားခဲ့ဘူး။ " ရဲဘော်မုန့်ယန်၊ မင်း ဒီမှာဘာလုပ်‌နေတာလဲ "

 

 

ကောင်းလိုက်တဲ့လူ၊ ဒီ‌ကောင်မ‌လေးက ဦးစီးအရာရှိကျန်းရဲ့ဟာလို့ မပြောခဲ့ဘူးလား? သူမက မင်းရဲ့မရီးဖြစ်ဖို့ တစ်လမ်းလုံး မြောက်ဘက်ကနေလာခဲ့တာ။ သိသိသိကြီးနဲ့ ဒီလိုမေးတာ တစ်ယောက်ယောက်ကို မရှက်သွားစေဘူးလား?

 

 

ဦးစီးအရာရှိ ဘာဆေးမှား‌သောက်မိသွားလဲဆိုပြီး လူတိုင်းက ပဟေဠိဖြစ်သွားကြသည်။

 

 

မုန့်ယန် အံ့ဩသွားပြီး သူမတစ်ခဏလောက် စိတ်ပျက်အံ့အားသင့်သွားပေမယ့် ခဏနေတော့ ပြန်ဖုံးကွယ်လိုက်ကာ ပြောခဲ့သည်။

 

 

 "ရဲဘော် ကျန်းရှောက်ယွီ၊ ကျွန်မ ဒီမှာ....တော်လှန်ရေးမှာ နင်နဲ့အတူ ရဲဘော်ရဲဘက်အဖြစ် ဖလှယ်ဖို့ ရောက်လာတာပါ!"

 

 

ဘယ်လိုဖြစ်လို့ ဒီစကားတွေကို ကောင်းကောင်း‌ပြောထွက်လာလဲဆိုတာ ကျန်းရှောက်ယွီ နည်းနည်း အံ့အားသင့်သွားသည်။

 

 

သူမကို ထပ်ကြည့်လိုက်တော့ နွေဦးလေပြေလို နွေးထွေးမှုတွေနဲ့ ရေးရေးလေး ပြုံးနေသည်။

 

 

ပထမအကြိမ်မှာ နှစ်ဖက်လုံးက တင်းမာနေပြီး သူတို့ဘယ်လိုပဲ ဖြည်းနေပါစေ တစ်ခုခုမှားနေတယ်ဆိုတာ လူတိုင်းက မြင်နေရပြီး အဆုံးမှာတော့ အဒေါ်ဟောင်က လေထုကို ပြေလျော့စေလိုက်သည်။

 

 

"ဦးစီးအရာရှိ၊ ရဲဘော်မုန့်ယန်ကို အနားယူဖို့ ခေါ်သွားလိုက်ပါဦး။ သူမက တစ်‌လျှောက်လုံး လာထားရတာ။ အဲ့ဒါကြောင့် ရေအရင် ပေးသောက်လိုက်ပါဦး "

 

 

ကျန်းရှောက်ယွီ တန့်သွားပြီး သူအမှားလုပ်မိသွားတာ သဘောပေါက်သွားသည်။

 

 

နောင်တရနေတဲ့ မိဘတွေရဲ့ တောင်းဆိုမှုကြောင့် သူမနဲ့ လက်ထပ်ရတာကို ထည့်မစဉ်းစားပါစေဦး သူမက မင်းအတွက်နဲ့ မြောက်ဘက်နေ မိုင်ပေါင်းထောင်ချီ အဝေးကနေလာခဲ့ရတာကို အရင်ဆုံး သူမ အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။

 

 

အဲ့ဒါနဲ့ သူအော်‌ခေါ်လိုက်သည်။ " ကျိုးပိုင်ထောင်!"

 

 

"ရောက်ပါပြီ ! "

 

 

" ရဲဘော် မုန့်ယန်ကို စစ်တပ်ထဲပို့ပေးလိုက်!"

 

 

" ဟုတ်ကဲ့ပါ!"

 

 

ရဲဘော်ရှောင်ကျိုးကတော့ ရင်ထဲမှာ ကျိန်ဆဲနေပေမယ့် အပြင်မှာတော့ အိမ်တံခါးဆီကို ရောက်ပြီးနေပြီ။ ဘာလို့ စစ်တပ်ထဲသွားမှာလဲ?

 

 

သို့ပေမယ့်လည်း ဦးစီးအရာရှိရဲ့ စကားတွေကို မဆန့်ကျင်ရဲတော့ လိမ်လိမ်မာမာနဲ့ပဲ လူတွေကို အဝေးပို့လိုက်သည်။

 

 

ကျွန်းပေါ်မှာ အဓိက စီးစရာယာဉ်တွေက ခြေထောက်တွေဘဲဖြစ်သည်။ စစ်သားတွေမှာက စစ်တပ်ယာဉ်ရှိပေမယ့် အဲ့ဒါကို သုံးဖို့ အထက်ကို လျှောက်ရသေးသည်။

 

 

ကျန်းရှောက်ယွီရဲ့အိမ်ကနေ စစ်တပ်ကို ရောက်ဖို့ ဆယ်မိနစ်ပဲကြာသည်။ အဲ့ဒါက သိပ်မဝေးပေမယ့် ဒါက ကျေးလက်ဒေသက နေရာဖြစ်သည်။ မြို့မှာလိုမျိုး ကွန်ကရစ်လမ်းတွေမရှိဘဲ ညစ်ပတ်တဲ့လမ်းမှာလျှောက်ရတာ ခက်ခဲပင်ပန်းသည်။

 

 

ကျန်းရှောက်ယွီပြောတဲ့ ရေသောက်တာက တကယ်ရေသောက်တာဖြစ်သည်။ ရုံးကလူတွေရဲ့ မျက်လုံးတွေနဲ့ ဝင်း ဝင်ပေါက် နံရံက သိချင်စိတ်နဲ့ခေါင်းတွေ အောက်မှာ မုန့်ယန်က ရေကို လောင်းထည့်လိုက်ပြီး တစ်ခွက်ပြီး တစ်ခွက်သောက်တော့သည်။

 

 

ဒီအချိန်မှာ သူမကိုယ်သူမ တိရိစ္ဆာန်ဥယျာဉ်က မျောက်လို့ ခံစားလိုက်ရသည်။ မဟုတ်သေးဘူး သူမက သေချာပေါက် မျောက်ထက်တောင် ထူးဆန်းနေတဲ့ ပန်ဒါပဲ!

 

 

" အကြီးအကဲကျန်း ရှင့်ဆီကို စာပို့လိုက်တယ်။ ရှင်ရလိုက်လား?" လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း မုန့်ယန်မဝံ့မရဲနဲ့ မေးလိုက်သည်။

 

 

အမျိုးသားက သူမကို တစ်ချက်ကြည့်လာပြီး အေးစက်စက်အသံနဲ့ ပြောခဲ့သည်။ " ရတယ် "

 

 

ပြီးတော့ ဘာပြောစရာစကားမှမရှိတော့ပေ။

 

 

မုန့်ယန်က ၂၁ရာစုက လာတယ်ဆိုပေမယ့်လည်း သူမမှာ အချစ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံက အရမ်းနည်းသည်။

 

 

အားလုံးပေါင်းမှ အချစ်ကိစ္စက နှစ်ခါပဲရှိခဲ့ဖူးသည်။ပထမတစ်ခါက သုံးရက်ဘဲ ကြာခဲ့တဲ့ ကောလိပ်အချစ်‌ဖြစ်သည်။

 

 

ကောင်လေးက သူမကို မနက်တိုင်း မနက်စာယူလာပေးမယ်ခို့ကတိပေးထားခဲ့ပြီး သုံးရက်လောက် ဆက်တိုက်လုပ်ပြီးတဲ့နောက်မှာ သူ အိပ်ရာကနေ မထနိုင်‌တော့တဲ့အတွက် မုန့်ယန်က ပြတ်ပြတ်သားသားနဲ့ လမ်းခွဲဖို့ တောင်း‌ဆိုလိုက်တော့တယ်။

 

 

ဒုတိယအခေါက်ကျတော့ အဆက်အသွယ်လုပ်တာ တစ်နှစ်လောက်တော့ ရှိခဲ့သည်။ သုတေသနလုပ်တဲ့အဖွဲ့အစည်းက အလုပ်အရမ်းများလွန်းတဲ့အတွက် နှစ်ယောက်သားက အဝေးရောက်ချစ်သူတွေနဲ့ ဘာမှမကွာခဲ့ပေ။ အမျိုးသားက အထီးကျန်တာကို မသည်းခံနိုင်တော့ဘဲ သူ့ခြေထောက်တွေနဲ့သူ ထွက်သွားတဲ့အတွက် မုန့်ယန်က ပြတ်ပြတ်သားသား လမ်းခွဲလိုက်သည်။

 

 

ငါတို့ အဲ့ဒီအကြောင်းကို ဘယ်တော့မှ မပြောကြရအောင်။

 

 

အဲ့ဒါကြောင့် မုန့်ယန်က ရိုးရိုးရှင်းရှင်းပဲ ဆက်ဆံရေးတွေမှာ ကမောက်ကမဖြစ်ပြီး သူမရဲ့အတွေ့အကြုံကလည်း သူမရှေ့က လူပျိုအိုကြီး ကျန်းရှောက်ယွီထက် မပိုပေ။