အပိုင်း ၁၅
Viewers 2k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၅

 

 

 

 

 

 

ပြောစရာစကားက မရှိတော့တာကြောင့် ကျိုးပိုင်‌ထောင်က မုန့်ယန် ခွက်ထဲ လက်ဖက်ရည်ပြန်ဖြည့်ပေးလိုက်ပြီး သူမသောက်နေတာ ခြောက်ခွက်လောက်ရှိနေပြီမှန်း ကျန်းတက္ကသိုလ်က ဦးစီးအရာရှိက သတိမထားမိခင်အထိဖြစ်သည်။

 

 

ကျိုးပိုင်ထောင်က သူ့ရင်ထဲ တိတ်တိတ်လေး အော်ဟစ်နေလိုက်တယ် - ဦးစီးအရာရှိရေ ခင်ဗျားက ဒီလိုပဲ တစ်ချိန်လုံးထိုင်နေပြီး တခြားသူတွေနဲ့စကားပြောနေတာ၊ သူမဗိုက်တော့ ပြည့်နေတော့မှာဘဲ!

 

 

မုန့်ယန်က ခုံပေါ်မှာ လက်ဖက်ရည်ခွက်လေးနဲ့ထိုင်နေပြီး လက်ဖက်ရည်သောက်နေကာ သိမ်မွေ့တဲ့ အမူအရာကိုပြနေသည်။ သူ့ရဲ့ ဟွမ်လေးကို ပထမဆုံးတွေ့ခဲ့ရတုန်းကလိုမျိုး ကလေးသံ‌လေးလိုမျိုး တအိအိနဲ့ အရမ်းကျိုးနွံတာ....

 

 

အကြောင်းပြချက်တချို့ကြောင့် ကျန်းရှောက်ယွီ သူ့အာခေါင်ရုတ်တရက် ခြောက်ပြီး တင်းကြပ်လာသလိုခံစားလိုက်ရသည်။

 

 

လူတိုင်း မျှော်လင့်စောင့်စားနေတဲ့အလယ်မှာ သူကရေပုလင်းကို လှည့်ဖွင့်လိုက်ပြီး ရွှေပါးစပ်ကြီးကို ဖွင့်လိုက်သည်။

 

 

" ရေထည့်လိုက် "

 

 

"..."

 

 

"အာ..အို့ " ကျိုးပိုင်ထောင်က အမြန်ကျန်းရှောက်ယွီကို ရေထည့်ပေးလိုက်ပြီး နှစ်စက္ကန့်အတွင်း ပြည့်သွားသည်။

 

 

"ဦးစီးအရာရှိ၊ ခွက်ထဲမှာ ရေရှိနေတုန်းဘဲ "

 

 

" အင်း " နည်းနည်းသောက်လိုက်သည်။ ရေပူတွေက မျက်နှာပြင်ပေါ်မှာ ခုနတုန်းကဘဲ ထည့်လိုက်ပြီး နှစ်စက္ကန့်အကြာမှာ ရေအေးတွေနဲ့ အောက်ခြေမှာ ရောသွားကာ ရေက နွေးလာသည်။

 

 

" မင်းတို့အားလုံး ထွက်သွားပြီးတော့ တံခါးပိတ်သွား"

 

 

" ဟုတ်ကဲ့ပါ!"

 

 

ကျိုးပိုင်ထောင် ထွက်သွားပြီးတော့ ရုံးခန်းထဲက လူတွေအားလုံးကို ခပ်ဝေးဝေး မောင်းထုတ်လိုက်သည်။

 

 

တံခါးက ပိတ်သွားပြီး နံရံပေါ်က ပြတင်းပေါက်အသေးလေးနှစ်ခုဆီကဘဲ အ‌လင်းရတော့သည်။ မှန်တံခါးကအလင်းရောင်က အမျိုးသားရဲ့ တစ်ဖက်ခြမ်းမှာ လင်းနေပြီး သူ့တစ်ကိုယ်လုံးကို ထူးဆန်းပြီးလှပတဲ့  လေထုနဲ့လွှမ်းခြုံထားသည်။

 

 

အရမ်းကြည့်ကောင်းတာပဲ...

 

 

မုန့်ယန်ရဲ့ နှလုံးခုန်သံတွေက ရုတ်တရက် ခုန်မြန်လာကာ သူမရဲ့အင်္ကျီထောင့်ကို တင်းတင်းဆုပ်လိုက်ပြီး ခေါ်ခဲ့သည်။

 

 

 " ရဲဘော်ကျန်း...."

 

 

" ရဲဘော်မုန့်ယန်" မုန့်ယန် ပါးစပ်ဖွင့်လိုက်တဲ့အခိုက် ဖြတ်ပြောခံလိုက်ရသည်။

 

 

အမျိုးသားက မျက်နှာမှာ ဘာအမူအရာမှရှိမနေဘဲ သူ့မျက်လုံးတွေက နက်မှောင်နေကာ သူ့မေးရိုးတွေက တောင့်နေပြီး သူ့ကိုကြည့်ရတာ အရမ်းအလေးအနက်ဖြစ်နေသည်။

 

 

" အရင်က မင်းကျွန်းဆီလာမယ်ဆိုတာ မသိခဲ့ဘူး။ ငါမိဘတွေဆီက စာကို လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်တုန်းကပဲ ရလာတာ။ မင်းရောက်လာတာ အရမ်းရုတ်တရက်ဆန်သွားတယ်လို့ ငါခံစားလိုက်ရလို့..."

 

 

မုန့်ယန်ရဲ့ သန့်ရှင်းပြီး ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ဆုံတော့ ကျန်းရှောက်ယွီရဲ့ပါးစပ်တွေက ကော်နဲ့ကပ်ထားသလို ဖြစ်နေပြီး သူဘာမှထပ်မပြောနိုင်တော့ပေ။

 

 

နှစ်ခါလောက် ချောင်းဟန့်ပြီးတော့မှ သူထပ်ပြောလာသည်။ " ပြီးတော့ တွေဝေသွားတယ် "

 

 

သူ့အသံက အရမ်းကောင်းကာ နွေဦးလိုမျိုး ကြည်လင်နေပေမယ့် လျစ်လျှူရှုလို့မရအောင် အနည်းငယ် စိမ်းသက်နေသည်။

 

 

မုန့်ယန်ပြုံးလိုက်ကာ နားသယ်မွှေးတွေကို သူမရဲ့နားရွက်အနောက်ဘက်မှာ သပ်တင်လိုက်ပြီး ပြောခဲ့သည်။ " အဲ့ဒါက နည်းနည်းရုတ်တရက် ဆန်သွားတာ ကျွန်မသိပါတယ် "

 

 

ရင်ထဲမှာတော့ မယုံသင်္ကာနဲ့ပင် - ဒါပေမယ့် တစ်နာရီခွဲက ကျော်သွားပြီ ရှင်က ဘာပြောရမှန်းမသိဖြစ်နေတုန်းပေါ့လေ?

 

 

မုန့်ယန်က မျက်နှာပေါ်မှာ မပြဘဲ ဆက်ပြီးပြုံးလိုက်ကာ သူ့ကိုမေးလိုက်သည်။ " ရဲဘော်ကျန်း ဒါဆို... "

 

 

မုန့်ယန် ပြောလို့မပြီးခင် သူက ဖြတ်ပြောလိုက်ပြန်သည်။ " ရဲဘော်မုန့်ယန်၊ မင်း ဖေ့လန်ကျွန်းကို မလာခင် ကျွန်းရဲ့အကြောင်းကို သေချာပေါက်သိမှာမဟုတ်လောက်ဘူး၊ ဟုတ်တယ်ဟုတ်?"

 

 

သူလှမ်းကြည့်လိုက်တဲ့အခါ သူ့ရဲ့ ဓားသွားလိုမျိုးစူးရှနေတဲ့ မျက်ခုံးတွေနဲ့ အောက်က နှာတံမြင့်မြင့်က မျက်နှာတစ်ခြမ်းကို ချွန်နေပြီး ထောင့်ကျနေစေသည်။

 

 

 သူဘာအမူအယာမှ မရှိတဲ့အခါ သူ့မျက်နှာကောက်ကြောင်းတွေက မသိလိုက်မသိဘာသာနဲ့ တင်းသွားပြီး သူ့ကို ရက်စက်တဲ့ပုံပေါ်သွားစေသည်။

 

 

မုန့်ယန်က ရိုးရိုးသားသားနဲ့ ခေါင်းခါပြပြီး ပြောခဲ့သည်။ " ကျွန်မ သိပ်မသိဘူး။ ဒီမှာက ကမ်းရိုးတန်း ကာကွယ်ရေး နယ်စပ်ဆိုတာဘဲသိတာ "

 

 

" ဟုတ်တယ်၊ ဒါက တရုတ်တောင်ဘက်ပိုင်းက ကျွန်းနယ်စပ် ကာကွယ်ရေးလိုင်းဘဲ။ ဒီမှာက လျှပ်စစ်၊ ရေနဲ့ အစားအစာတွေရှားပါးတယ်ပြီးတော့ မုန်တိုင်းတိုက်တဲ့ အချိန်တွေဆိုလည်း အန္တရာယ်များတယ် " သူဒါကိုပြောနေတဲ့အချိန်မှာ လုံးဝကို အလေးအနက် ဖြစ်နေခဲ့သည်။

 

 

 " ဒီကပတ်ဝန်းကျင်တွေက ခက်ခဲတယ်။ မြို့ကြီးပြကြီးမှာက အဆင်ပြေချောမွေ့တယ်။ ဒီမှာ တစ်နေရာကနေ တစ်နေရာကို သွားဖို့ ကားမရှိဘူး၊ အရာရာတိုင်းမှာ ခြေထောက်တွေကိုဘဲ မှီခိုရတယ်၊ လူကြီးတွေနဲ့ ကလေးတွေရောပါ အလုပ်လုပ်ရတယ် ပြီးတော့ နေ့စဉ်သုံးရေအတွက် အဝေးကြီးက ရေတွင်းမှာခပ်ရတယ်... "

 

 

ပြောပြီးတဲ့နောက်မှာ သူရပ်လိုက်ပြီး သူမကိုကြည့်လိုက်တဲ့ အဓိပ္ပါယ်က ထင်ရှားပါသည် - အခုတော့ မင်းအတွက်နောင်တရဖို့ နောက်ကျသွားပြီ။

 

 

မုန့်ယန် ပြုံးပြီးတော့ ပြန်ဖြေလိုက်သည်။ " ရဲဘော်ကျန်း၊ ဖေ့လန်ကျွန်းရဲ့ ပတ်ဝန်းကျင်ကို ကျွန်မ သိပ်မသိပေမယ့်လည်း ဒီကိုမလာခင်ကတည်းက ကျွန်မဘက်ကနေ သေချာ ဆုံးဖြတ်ပြီးသားပါ။ ကျွန်မဒါကို လက်ခံပြီးမှဒီကိုလာတာပါ။ မဆင်မခြင် မဟုတ်ပါဘူး "

 

 

မဆင်မခြင်မဟုတ်ဘူး? ငါကတော့ မင်းက လုံးဝကို မဆင်မခြင်ဘဲလို့ထင်တယ်။

 

 

သေချာပေါက်ကိုဘဲ ဒီစကားတွေက ရင်ထဲမှာဘဲပြောနေတာဖြစ်ပြီး ကျန်းရှောက်ယွီရဲ့မျက်နှာ မှာတော့ ဘာအမူအရာမှမပေါ်နေဘဲ သူ့ရဲ့လက်ချောင်းထိပ်တွေက စားပွဲခုံပေါ် ခပ်ဖွဖွပွတ်လိုက်ပြီး နောက်လက်တစ်ဖက်ကတော့ သူ့နှဖူးပေါ်မှာ ရှိနေကာ သူ့ရဲ့လှပတဲ့မျက်လုံးတွေမှာက စိတ်လျော့သွားမှုတွေ နည်းနည်းရှိနေသည်။

 

 

နောက်တစ်ခဏှာ သူမေးလိုက်သည်။ " မင်းအသက်ဘယ်လောက်ရှိပြီလဲ "

 

 

 " ဒုတိယနှစ်ဝက်ဆို ဆယ့်ကိုးနှစ်ပြည့်ပြီ "

 

 

" မင်းက ဆယ့်ရှစ်နှစ်ဘဲရှိသေးတယ်။ ပြီးတော့ လက်ထပ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ မင်းနားမလည်ပါဘူး။ မင်းရဲ့ကျန်တဲ့ဘဝသက်တမ်းမှာ ပါဝင်ပတ်သက်နေမယ့် အရေးကြီးတဲ့ကိစ္စပဲ။ အဲ့ဒါက ဈေးထဲမှာ ဂေါ်ဖီထုတ်ရွေးတာနဲ့မတူဘူး "

 

 

သူပြောနေတဲ့အချိန်မှာ မုန့်ယန်ရဲ့ အမူအရာတွေကို သေချာအာရုံစိုက်ထားသည်။ ကောင်မလေးက ရည်ရည်မွန်မွန်အပြုံးနဲ့ သိမ်သိမ်မွေ့မွေ့လေးဘဲ ရှိနေသည်။

 

 

" မင်းလည်း ငါ့ကို မသိသလို ငါလည်း မင်းကိုမသိဘူး။ ငါတို့ကြားမှာလည်း ဘာဆက်ဆံရေးမှမရှိဘူး။ တွေ့ပြီးပြီးချင်း လက်ထပ်ရမှာ ကိုးရို့ကားယားမနိုင်ဘူးလား?"

 

 

ဒီနေ့ရက်တွေမှာ၊ တချို့စုံတွဲတွေက မင်္ဂလာဦးညမှ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာက အထူးအဆန်းမဟုတ်ချေ။

 

 

ဆိုတော့ ဦးစီးအရာရှိကျန်းရဲ့ ခံစားချက် အမြင်က ခံစားချက်တွေရှိတာက အဓိကပေါ့?

 

 

မုန့်ယန်က ၂၁ရာစုက လူဖြစ်တဲ့အတွက် ဒီအတွေးအခေါ် အယူအဆတွေကို သူမနားလည်နိုင်သည်။ အမှန်တော့၊ အခြေအနေသာပေးရင် သူမလည်း ရည်ရွယ်ချက်တစ်ခု အောင်မြင်ဖို့ ယောက်ျားတစ်ယောက်ကို  ပြီးစလွယ်လက်ထပ်ရမယ့်အစား သူမ သဘောကျတဲ့လူနဲ့ဘဲ လက်ထပ်ချင်တာပေါ့။

 

 

သူမ ခေါင်းညိတ်လိုက်ပြီး ပြောခဲ့သည်။  "အဲ့ဒါက နည်းနည်းမြန်သွားတယ်။ ရှင်သာဖြစ်ချင်ရင် ကျွန်မတို့ အရင်တွဲကြည့်ကြပြီး ဆက်ဆံရေးကို ပျိုးထောင်ကြတာပေါ့..."

 

 

ကျန်းရှောက်ယွီ ပြောစရာစကားမဲ့သွားရပြီး ဒီလိုကြည့်ကောင်းတဲ့ ကောင်မလေးက အရမ်းပွင့်လင်းတာပဲလို့ သူ့ဘာသာသူ စဉ်းစားမိသွားသည်။

 

 

ကောင်မလေးရဲ့ ကြည်လင်ပြီးလှပတဲ့မျက်လုံးတွေကိုကြည့်ရင်း ရက်စက်တဲ့ စကားတစ်လုံးတောင် သူ မပြောနိုင်တော့ဘူး။

 

 

ခဏကြာတော့ သူဘာပြောရမလဲမသိတော့ဘဲ လက်တွေအနောက်ပို့ရင်း ရုတ်တရက်ထလိုက်ပြီး ပြောခဲ့သည်။   " ရဲဘော်မုန့်ယန် မင်းမှာ နောင်တရဖို့အချိန်ရှိသေးတယ်၊ တကယ်လို့မင်း...."

 

 

သူပြောလို့မပြီးသေးခင် မုန့်ယန်က အလေးအနက်နဲ့ ဖြတ်ပြောလိုက်သည်။

 

 

" ရဲဘော် ကျန်းရှောက်ယွီရှင့်"

 

 

သူကရုတ်တရက် အမျိုးသားရှေ့ကို လျှောက်သွားလိုက်ပြီး သူ့အရှေ့မှာ ရပ်လိုက်သည်။ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး ဘယ်သူကမှ အရင် အကြည့်မလွှဲချေ။

 

 

သူတို့နှစ်ယောက်ကြားက အကွာအဝေးက နီးလွန်းလို့ သူမကိုယ်က ဆပ်ပြာနံ့ဖျော့ဖျော့လေးတောင် သူရလိုက်သည်။

 

 

သူ့ထက် ခေါင်းတစ်လုံးနိမ့်တဲ့ မိန်းမလှလေးကိုကြည့်ရင်း ကျန်းရှောက်ယွီ နားရွက်တွေက ရုတ်တရက် ပူလာသလိုခံစားလိုက်ရသည်။

 

 

စစ်တပ်က တောင်ရဲ့တစ်ဝက်မြေအပြန့်မှာ တည်ဆောက်ထားသည်။ မုန့်ယန်က ကျန်းရှောက်ယွီရဲ့ ပုခုံးကို ဖြတ်ပြီး တော့ အကွာအဝေးကိုကြည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်မှာ ပင်လယ်ပြာရှိနေသည်။ နောက်ကပုံရိပ်တွေကို ချန်ရင်း ဇင်ရော်တွေက ပျံနေကြသည်။

 

 

အသက်ပြင်းပြင်းရှူလိုက်တော့ လေက ပင်လယ်ရေရဲ့ စိုစွတ်မှုနဲ့ ဆားနံ့သင်းနေသည်။ ဒါတွေအားလုံးက အရမ်းစိမ်းသက်နေပေမယ့် ဒါကပဲ ဘဝအသစ်အတွက် မျှော်လင့်ချက်ကိုပေးနေသည်။

 

 

ဒီကျွန်းပေါ်မှာ သူမ ခြေချလိုက်ပြီးပြီးချင်းဘဲ သူမသဘောကျသွားရသည်။

 

 

ဟုတ်တယ်၊ သူမ ဒီကျွန်းကို သဘောကျတယ်၊ လှပတဲ့ပင်လယ် ရိုးရှင်းတဲ့ ကျွန်းပေါ်က ရှုခင်းတွေနဲ့ စိတ်အားထက်သန်ကြတဲ့ ကျွန်းသားတွေ။

 

 

စစ်တပ်ကိုသွားတဲ့ လမ်းမှာ၊ ကြည့်ရတာ ဆွဲဆောင်မှုရှိနေတဲ့ ပင်လယ်စာ အမျိုးမျိုးတွေကို အခြောက်ခံထားကြတဲ့ ခြံဝင်းနဲ့ နေကြတဲ့ တချို့သူတွေကို သူမ ဖြတ်‌ကျော်လာခဲ့ရသည်။

 

 

ဒီနေရာက အရာအားလုံးက လတ်ဆက်ပြီးတော့ အသက်ဝင်နေသည်။ အခွင့်အရေးသာ ရှိမယ်ဆိုရင် အဲ့ဒါက အရမ်းကို ခက်ခဲမယ်ဆိုရင်တောင်မှ ကျွန်းပေါ်ကစတိုင်ကို တွေ့ကြုံခံစားဖို့ သူမ ဒီမှာတကယ်ပဲ နေချင်သည်။

 

 

 စာအုပ်ထဲ မကူးပြောင်းခင်တုန်းကဖြစ်‌စေ ကူးပြောင်းပြီးဖြစ်‌စေ ကိစ္စမရှိချေ။ သူမက ဘယ်တုန်းကမှ ခက်ခဲတဲ့ အလုပ်တွေကို ကြောက်ရွံ့တတ်တဲ့ လူမဟုတ်ချေ။

 

 

ဒါကြောင့် သူမက ကျန်းရှောက်ယွီရဲ့ မျက်လုံးတွေထဲကြည့်လိုက်ပြီး သူမ မျက်လုံးတွေက နေရောင်အောက်မှာ တောက်ပနေခဲ့ကာ ပြောခဲ့သည်။

 

 

" ရဲဘော် ကျန်းရှောက်ယွီ၊ ကျွန်မက အရွယ်ရောက်နေပြီ။ ပြီးတော့ ကျွန်မပြောလိုက်တဲ့ စကားလုံးတိုင်းကို ကျွန်မတာဝန်ယူတယ်။ ဒါက ကျွန်မ ရွေးချယ်မှုပဲ ကျွန်မလုံးဝ နောင်တမရဘူး "

 

 

အဲ့ဒီအခိုက်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးတွေထဲ တူညီတဲ့ စိတ်ဝိဉာဉ်တွေကို မြင်လိုက်ရသလိုပင်။

 

....

 

 

 

လူတိုင်းက သူတို့နှစ်ယောက်အထဲမှာ နေနေပြီး ဘာအကြောင်းပြောနေလဲဆိုတာ မသိကြပေ။ ဆယ်မိနစ်လောက်ကြာပြီးတော့ လူတိုင်း စိုးရိမ်နေတဲ့အချိန်မှာ နောက်ဆုံးတော့ သူတို့ထွက်လာသည်။

 

 

သူတို့ထွက်လာတဲ့အချိန်မှာ နှစ်ယောက်သားက သပ်ရပ်နေပြီးတော့ ဘာအမူအရာမှလည်း မတွေ့ရချေ။ နောက်တော့ ကျန်းရှောက်ယွီက လူအုပ်ထဲမှာ တစ်ယောက်ကိုရှာနေပြီး လျှောက်သွားလိုက်တာ သူတို့တွေ့လိုက်ရသည်။

 

 

" မရီးဟုန်၊ မုန့်ယန်က ဒီကျွန်းမှာ ခဏလောက်နေမလို့၊ အစ်မရဲ့အိမ်မှာ သူမကို ခဏလောက်ပေးနေလို့ရမလား?"

 

 

လူတိုင်းက ပြိုင်တူ မစ်ဟုန်ကို ကြည့်လိုက်ကြသည်။

 

 

" ဦးစီးအရာရှိ ဘယ်တော့ လက်ထပ်တာကို တင်ပြမှာလဲ? ရှင်တို့လက်ထပ်ပြီးလို့ရှိရင် ရှင်တို့ အတူတူနေလို့ရပြီပေါ့!" မစ် မာက တစ်ခစ်ခစ်ရယ်ပြီး သူ့ကိုစလိုက်သည်။

 

 

ကျန်းရှောက်ယွီ သူ့ကို နှုတ်ခမ်းထောင့် နည်းနည်း မဲ့ပြလိုက်ပြီး မစ်ဟုန်ကို ကြည့်လိုက်သည်။