၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၁၆
မစ်ဟုန်လည်း သူ့ကို ကြည့်နေပြီး သူမ တစ်ခဏလောက် သဘောမပေါက်ခင် ကြက်သေသေနေပြီးမှ
ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်ပြီး စိတ်အားထက်သန်စွာနဲ့ မုန့်ယန်ကို ဆွဲလိုက်ကာ ပြောခဲ့သည်။
" ဟုတ်ပြီ၊ ဟုတ်ပြီ "
" ရဲဘော်မုန့် လာလာ ငါအိမ်ကို ခေါ်သွားမယ်။ ငါ့အိမ်က ကြီးပြီးတော့
ကောင်းလည်း ကောင်းတယ်!"
လူတိုင်းက ကာယကံရှင်နှစ်ယောက်ကို နားမလည်စွာကြည့်နေပြီး နည်းနည်း
စိတ်ရှုပ်သွားသည်။
မထွက်သွားခင် မုန့်ယန် လှည့်ကြည့်လိုက်သည်။
ကျန်းရှောက်ယွီက သူ့ရဲ့နှာတံမြင့်မြင့်၊ နက်ရှိုင်းတဲ့မျက်လုံးတွေနဲ့
သူ့လက်တွေကိုနောက်ပစ်ပြီး ဝင်းနံရံမှာ မှီရပ်နေသည်။ သူက ဘာမှလုပ်မနေဘဲ အဲ့ဒီနေရာမှာ
မှီရပ်နေပြီး သူ့ရဲ့ အားကောင်းတဲ့ အရှိန်အဝါက ဓားအိမ်ကနေဆွဲ နှုတ်ထားတဲ့ ဓားလိုမျိုး
လူတွေကို မြင်မိစေသည်။
...
ကျွန်းမှာနေထိုင်တဲ့ အလေ့အကျင့်တွေကြောင့် ဖြစ်ကောင်းဖြစ်မည် ဖေ့လန်ကျွန်းက
ကျွန်းသူကျွန်းသားတွေက ဘဝကိုရှေ့ဆက်ဖို့ စိတ်အားထက်သန်တဲ့သဘောထားတွေရှိကြသည်။
ကျွန်းက မကြီးပေ။ ကျွန်းပေါ်က မိသားစုတိုင်း နဲ့လူတိုင်းက တစ်ယောက်နဲ့
တစ်ယောက်သိကြတဲ့အတွက် လူစိမ်းတွေလာလို့ရှိရင် သူတို့ မှတ်မိကြပြီး သူတို့တွေဟာ လူစိမ်းတွေနဲ့ဆုံရင်
သင့်ဆီလာပြီး စကားစမြည်လာပြောကြလိမ့်မည်။
ရာသီဥတုအကြောင်း၊ ငါးဖမ်းတဲ့အကြောင်း၊ ကမာကောင်တွေက ဘယ်နားမှာ အများကြီးရှိလဲဆိုတာ၊
ဘယ်နားမှာ များများစားစားရှိလဲဆိုတာ၊ ပိုက်ကွန်တစ်ခုမှာဆို ဘယ်လောက် ကီဂရမ်လို့ တူးရတာ....စသည့်အကြောင်းအရာ
အကုန်လုံး ပြောလို့ရသည်။
အမျိုးသမီးတွေက ဘယ်လို အထည်မျိုးကို တင်သွင်းမလဲဆိုတာနဲ့ ရောင်းချတဲ့
သမဝါယမအသင်းတွေက ဘယ်လို ယူသွင်းလာမလဲ၊ ဘယ်လို ကိစ္စအသစ်တွေက ဘယ်နေရာမှာ ဖြစ်မလဲဆိုတာကို
ပိုပြီး စိုးရိမ်ကြသည်။
ဒီနေ့ မုန့်ယန်ရဲ့ ရောက်လာမှုကြောင့် လူတိုင်းက ဒီအသစ်ရောက်လာတဲ့
လူပေါ် စိတ်ဝင်စားလာကြသည်။
" မင်းဘာမှနားမလည်ဘူးဆိုရင် မေးသာမေး။ လူကြီးအကြောင်းတွေကိုတော့
မပြောနဲ့။ ငါတို့ကလေးတွေက အကုန်လုံး နားလည်နေကြတာ "
အရပ်က ၁.၅၅မီတာရှည်ပြီး၊ ဖရိုဖရဲမျက်နှာ၊ နားရွက်ထိရောက်နေတဲ့ ဆံပင်တိုတိုရယ်
နေထိလို့ညိုနေပြီး နီတျာတျာဖြစ်နေတဲ့ မျက်နှာသေးသေးနဲ့ ဒီမစ်ဟုန်က သုံးဆယ့်ငါးနှစ်အရွယ်
သတ်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်သည်။
သူမက ပိန်ပြီးသေးပေမယ့်လည်း တကယ်တော့ သူမကအရမ်းကို ခွန်အားပြည့်ဝ
ရဲစွမ်းသတ္တိရှိပြီးတော့ တက်ကြွသည်။ သူမက စစ်တပ်ဝင်းထဲမှာတော့ " အမျိုးသမီးကင်းကောင်"
လို့ နာမည်ကြီးသည်။
ပူနေတဲ့ရာသီဥတုကြောင့် သူမက ဘောင်းဘီရှည်ကို လိပ်တင်ပြီး အကြောက်အလန့်မရှိ
လမ်းလျှောက်နေသည်။
" ငါ့ယောက်ျားက လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးသွားပြီးတော့ ရှီဒန်နဲ့
ငါ နှစ်ယောက်ဘဲကျန်ခဲ့တာ " သူမက ပြောပြီးတော့ အဆုံးသတ်လိုင်းမှာ လမ်းလျှောက်နေတဲ့
ကလေးတွေကို လက်ယမ်းပြလိုက်သည်။
" အိမ်မှာက အခန်းကြီးသုံးခန်းရှိတယ်။ ငါ့သားနဲ့ ငါက တစ်ခန်းအိပ်တယ်။
ကျန်တဲ့အခန်းတွေကတော့ လွတ်နေတယ်။ ညီမက ငါ့အိမ်ကို လူကြိုက်များအောင်လုပ်ဖို့ လာခဲ့တာပဲ
"
မုန့်ယန် မစ်ဟုန်ခြေထောက်နားက ကျောက်တုံးဥလေးကို လှမ်းကြည့်လိုက်သည်။
သူက သူမရဲ့ ခါးလောက်ဘဲရှိဦးမည်။ သူ့မှာ ဖိနပ်မပါတဲ့ မဲနေတဲ့ခြေထောက်လေးနှစ်ချောင်းနဲ့
အမွေးအမှင်တွေ ပါးလွှာတဲ့အလွှာနဲ့ သူ့ရဲ့ခန္ဓာကိုယ်မှာ ကပ်နေတဲ့အထိ စွပ်ကျယ်အတိုကို
ဝတ်ထားသည်။
မုန့်ယန် သူ့ကိုကြည့်လိုက်တဲ့အခါတိုင်း သူကရှက်နေပြီး သူ့ခေါင်းကို
ငုံ့လိုက်ကာ သူ့အမေလက်မောင်းကြားထဲကုန်းလိုက်သည်။
" သားကိုကြည့်ရတာ အရမ်းငယ်တာဘဲ။ အသက်ဘယ်လောက်ရှိပြီလဲ?"
မစ်ဟုန်က သူမသားရဲ့ ကတုံးပြောင်လေးကို ကြင်ကြင်နာနာပွတ်ကာ နှစ်သိမ့်လိုက်ပြီး
" ခြောက်နှစ်ရှိနေပြီ မငယ်တော့ပါဘူး။ သူက သူ့အမေရဲ့ အိမ်အလုပ်တောင် ဝိုင်းကူလုပ်လို့နိုင်နေပြီ
"
" ကျွန်တော်က အန်တီကို အိမ်အလုပ်တွေ ကူလုပ်ပေးမှာ" ကလေးလေးက
ကြီးပြီးကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ပြတ်ပြတ်ပြောလာသည်။
ဒီချစ်စရာကောင်းတဲ့ ကတုံးပြောင်လေးကြောင့် မုန့်ယန်က ပျော်သွားပြီး
အဝေးမှာရှိတဲ့ မြို့တော်က သူနဲ့ အသက်တူတဲ့ သူမညီမလေးကို သတိရသွားသည်။
သူမ မတတ်နိုင်ဘဲ လက်ထုတ်လိုက်ပြီး သူ့ကတုံးခေါင်းလေးကို ထိလိုက်သည်။
အနောက်ကနေ ကလေးတစ်ယောက် ပင့်သက်ရှိုက်ရင်း ပြောတဲ့ အသံထွက်လာသည်။
" ရှီဒန်က ပက်ကျိဘဲ။ သူမက သူ့ကိုတကယ်ထိလိုက်တယ်
" ဟူကျီက သူ မယုံမကြည်နိုင်ဖြစ်နေတာကို ဖော်ထုတ်လိုက်သည်။
" သူမထိလိုက်တာက ခေါင်း နှာခေါင်းမဟုတ်ဘူး " မေ့မေ့ ပြောစရာစကားမဲ့သွားသည်။
" ဒါက. "
...
လျှိုကုံရှင်းက စစ်တပ်ဆီပြန်ပြီး အစီရင်ခံစာ တင်ဖို့ အသင့်ဖြစ်နေတဲ့အတွက်
ကျန်းရှောက်ယွီရဲ့ စစ်သားလေး ကျိုးပိုင်ထောင်က မုန့်ယန်ရဲ့အိတ်တွေကို မစ်ဟုန်အိမ်ဆီသယ်ဖို့
ကူညီပေးလိုက်သည်။ အိမ်နှစ်အိမ်က နည်းနည်းဝေးတော့ ဆယ်မိနစ်လောက်လျှောက်လိုက်ရသည်။
အတွင်းရေးလက်ထောက် ယုကျန်းကလွဲပြီးတော့ အခြားအဒေါ်တွေက ထွက်မသွားသေးဘဲ
မစ်ဟုန်ရဲ့ အိမ်ဆီ လိုက်လာကြသည်။
မစ်ဟုန်ရဲ့ အိမ်ခြံဝင်းက ကျန်းရှောက်ယွီရဲ့အိမ်ထက်ပိုကြီးသည်။ ခြံထဲမှာ
ကျောက်ဆူးကြိုးတွေ၊ ငါးဖမ်းပိုက်ကွန်တွေ၊ တောင်းပလုံးတွေ၊ ရွက်သင်္ဘောက ရွက်အပုံတွေ
ရှိပြီးတော့ အမျိုးမျိုး အထွေထွေသောင်းပြောင်း ရောနေပေမယ့် မရှုပ်ပွနေချေ။
" ဟေး ညီမတို့တွေ အခန်းထဲမှာ ဘာတွေပြောနေကြတာဘဲ? ဦးစီးအရာရှိကျန်းက
ဘာကိုဆိုလိုတာလဲ? ညီမတို့နှစ်ယောက်က ချိန်းတွေ့နေကြတာ မဟုတ်ဘူးလား? ညီမတို့နှစ်ယောက်
ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် သိပ်မရင်းနှီးကြသလိုပဲ " မစ်မာက အတင်းအဖျင်း ပြောချင်တဲ့
မျက်နှာနဲ့ ပြောလာသည်။
မစ်ဟုန် ပြင်ဆင်ပေးထားတဲ့ အခန်းထဲ မုန့်ယန်လိုက်ဝင်သွားသည်။ အဲ့ဒါက
တောင်နဲ့ မြောက်ကို မျက်နှာမူထားတဲ့အခန်းဖြစ်သည်။ အခန်းက မကြီးဘဲ ရိုးရှင်းတဲ့ သစ်သားကုတင်တစ်လုံးနဲ့
ပရုတ်သေတ္တာတစ်လုံးဘဲရှိသည်။ ကျယ်ပြောပြီး ပြာလွင်တဲ့ပင်လယ်ကိုမြင်နေရပြီး တစ်ခါတစ်ခါ
ပင်လယ်ပျော်ငှက်ကြီးတွေအချို့က ဖြတ်သွားကြသည်။
ဒါပေမယ့် မုန့်ယန် မတတ်နိုင်ဘဲ ကျန်းရှောက်ယွီအိမ်နဲ့ ဒီအိမ်ကို
နှိုင်းယှဉ်နေမိသည်။ ပြောရမယ်ဆိုရင် သူ့အိမ်ကပင်လယ်နဲ့ ပိုနီးပြီးတော့ ပင်လယ်ရှုခင်းကလည်း
ပိုလှသည်။
" သူပြောတာက... ကျွန်မ ရက်အနည်းငယ်လောက်နေပြီးရင် နေချင်တော့မှာ
မဟုတ်တော့ဘူးတဲ့ " သူမက အထုတ်ကိုယူလိုက်ကာ ထုတ်ပိုးလိုက်ပြီး ပြန်ဖြေလိုက်သည်။
ညီအစ်မတွေက တိတ်ဆိတ်သွားပေမယ့် အစ်မလျှိုက ပိုပြီးစဉ်းစဉ်းစားစားရှိကာ
ပြောခဲ့သည်။ " ငါနားလည်တယ်။ ငါတို့ကျွန်းက ပတ်ဝန်းကျင်က ခက်ခဲတယ်လို့ ဦးစီးအရာရှိကျန်းက
တွေးပြီးတော့ ညီမတို့နှစ်ယောက်လက်မထပ်ခင် နောင်တရဖို့ အခွင့်အရေးပေးတာလို့ထင်တယ်
"
" ဟုတ်တယ်၊ ငါလည်းတူတူပဲ စဉ်းစားနေတာ။ ဦးစီးအရာရှိကျန်းက အကျိုးအကြောင်း
သင့်တဲ့လူဖြစ်ပြီးတော့ သူက အရင်ဆုံး နင့်ရဲ့ခံစားချက်တွေကို ထည့်သွင်းစဉ်းစားတာဘဲ!"
ဒါ့အပြင်က ဒါက လက်ထပ် အစီရင်ခံစာတင်ဖို့ အလွယ်ဆုံးနည်းလမ်းဘဲ၊ ဒါကြောင့် ဘာလို့ သူမကို
"ကြားခံကာလ " ပေးလိုက်လဲဆိုတာပဲ။
" ကောင်းပါပြီ၊ ကျွန်မသိပါတယ်။ မြင်လည်းမြင်ရပါတယ်။ ဒါပေမယ့်
ကျွန်မ ဒီကိုမလာခင်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ " မုန့်ယန်က
ပြတင်းပေါက်အပြင်ဘက်က လှပတဲ့ပင်လယ်မြင်ကွင်းကို ကြည့်ရင်း ပင်လယ်လေညင်းကို ပြင်းပြင်းရှူလိုက်သည်။
" ဒီမှာက တော်တော်
ကောင်းတယ်လို့ ကျွန်မထင်တယ်။လူတိုင်းအတွက် သည်းခံကြိုးစားဖို့ ဘယ်လောက်ဘဲခက်ခဲနေပါစေကိစ္စမရှိပါဘူး
ကျွန်မ မတတ်လုပ်နိုင်ဘူး"
ဒီနေ့ခေတ်မှာနေရာတိုင်းကိုသွားဖို့ မလွယ်တာနဲ့ နှိုင်းယှဉ်ပြီးပြောရရင်
အနည်းဆုံးတော့ ဒီမှာနေတာက လုံခြုံသည်။
ဒါ့အပြင် ကျန်းရှောက်ယွီရဲ့ အပြုအမူတွေအရ သူက အရမ်းယုံကြည်ရတဲ့လူမှန်း
မုန့်ယန်ကို ခံစားမိစေသည်။ မုန့်ယန် သူ့ဆီကိုလာပြီးတော့ လက်ထပ်အစီအရင်ခံစာတင်ဖို့ အလျင်စလိုလုပ်လိုက်မယ်ဆိုရင်
သူမက ရွံ့စရာကောင်းသွားလိမ့်မယ်။ ဒါပေမယ့် အခုတော့ သူမက သူ့ကို အထင်ကြီးသွားစေသည်။
သူမရင်ထဲမှာ သူမကိုအမြဲပြောနေတဲ့ အသံတစ်ခုတော့ရှိသည် - ကျန်းရှောက်ယွီက
ဘဝတစ်ခုလုံးအပ်နှံဖို့ တန်တဲ့ လူကောင်းပဲ။
အထုတ်တွေအားလုံးကို အခန်းထဲ ပို့ပြီးတဲ့နောက်မှာ ကျိုးပိုင်ထောင်က
တံမျက်စည်းတစ်ချောင်းယူပြီး မုန့်ယန်အခန်းရှင်းတာမှာ ကူညီပေးလိုက်သည်။
" မဟုတ်တာ၊ မလိုပါဘူး ရဲဘော်၊ ကျွန်မဘာသာရှင်းလိုက်မယ်
"
" မလုပ်ပါနဲ့ မလုပ်ပါနဲ့ မရီးရဲ့၊ ဒါက ဦးစီးအရာရှိဆီက အထူးအမိန့်ဘဲ။
မရီးက နားလိုက်ပါ။ ပင်ပန်းသွားပြီးနောက်မှာ မရီးနားဖို့လိုနေပြီ" ပြောပြီးတဲ့နောက်
သူက ပျော်ပျော်ရွှင်ရွှင်ရယ်လိုက်ပြီး ပြောခဲ့သည်။
" ခဏနေကျရင် ကျွန်တော်
ဦးစီးအရာရှိအိမ်ကိုသွာရမယ်။ လိုက်ခဲ့လေ မရီးအတွက် အိပ်ရာတွေ ယူမလို့ "
မုန့်ယန် - "သူ့ရဲ့အိပ်ရာခင်းတွေ ယူမှာလား?"
ကျိုးပိုင်ထောင်ခေါင်းညိတ်လိုက်ပြီး ပြောခဲ့သည်။ " ဟုတ်တယ်၊
သူပြောတာတော့ ဒီမှာ မစ်ဟုန်ရဲ့ ပစ္စည်းတွေ မလောက်မှာ စိုးလို့တဲ့ ပြီးတော့ သူ့အိမ်မှာ
အပိုတချို့တွေရှိနေတော့ မရီးဆီကို ပို့ပေးဖို့ ကျွန်တော့်ကို ပြောလိုက်တာ။ အိုး စကားမစပ်
တကိုယ်ရေတကာယသုံးပစ္စည်းတွေလည်းရှိတယ် အဲ့ဒီအတွက် မရီး ပူစရာမလိုဘူး။ ခေါင်းဆောင်က
မရီးအတွက် အကုန်စီစဉ်ပေးပြီးသွားပြီ"
ဒီလူက အရမ်းဂရုစိုက်တာပဲ။ သူက အကုန်လုံး တွေးထားပေးတာ။
" ဒါက တကယ်စိတ်ဝင်စားဖို့ကောင်းတာ။ ကျွန်တော့်အတွက် သူ့ကို
ကျေးဇူးတင်လိုက်တော့ " ဒါပေမယ့် သူဘယ်အချိန်တုန်းက ကျိုးပိုင်ထောင်ကို ပြောလိုက်တာလဲ
သူမရုံးခန်းကနေထွက်ကတည်းက သူ့ဘေးမှာဘဲ ရပ်နေတာကို။
အလုပ်ကအလုခံလိုက်ရပြီး မုန့်ယန်က ဘာလုပ်ရမှန်းမသိဘဲ ဘေးမှာပဲ ရပ်နေရတဲ့အတွက်
သူမက အဝတ်စုတ်တစ်ခုယူလိုက်ပြီး စားပွဲခုံနဲ့ ပြတင်းပေါက်ကို သုတ်နေတဲ့အချိန် ဆယ့်ငါးဆယ့်ခြောက်အရွယ်
ကောင်မလေးတစ်ယောက်က သူမခေါင်းကို အဲ့ဒီနေရာဆီက ရွှေ့လိုက်သည်။
" ဦးစီးအရာရှိရဲ့တွဲဖက် အစ်မအသက်ဘယ်လောက်ရှိပြီလဲ "
"အဟမ်း-" သူမက ချောင်းဟန့်လိုက်ပြီး ပြောခဲ့သည်။
" ဆယ့်ကိုးနှစ်ပြည့်တော့မယ် "
"ဦးစီးအရာရှိရဲ့တွဲဖက် ဒါဆို အစ်မက ကျင်းဟူနဲ့အသက်တူတူဘဲပေါ့။
သူမလည်း မကြာခင်ဆယ့်ကိုးနှစ်ပြည့်တော့မှာ " ကောင်မလေးက ပြုံးလိုက်ပြီး စူးစမ်းနေတဲ့
မျက်လုံးတွေနဲ့ ကောင်လေးကို ညွှန်ပြလိုက်ပြီး ပြောခဲ့သည်။
" သမီးနာမည်က ရှောင်မေ့၊ ကျောက်ရှောင်မေ့ ပြီးတော့ ဆယ့်ငါးနှစ်
ရှိပြီ "
ဒီတော့ ကလေးတွေကလည်း မတုံ့ဆိုင်းနေဘဲ သဘောတူလာသည်။
" ကျွန်တော့် နာမည်က ဝမ်ဟူ။ ဟူကျီလို့ ခေါ်လို့ရတယ်!"
"ငါ့နာမည်က နေကြာပန်းလေး "
"ငါ့နာမည်က အာ့ပေ "
" ငါ့နာမည်က ....."
လူတိုင်းက ကိုယ့်ဘာသာကိုယ် မိတ်ဆက်နေတာကို နားထောင်ပြီးတော့ မုန့်ယန်ခေါင်းကြီးသွားသည်။
ဘယ်သူက နေကြာပန်း၊ ဘယ်သူက ကျားကြီး၊ အရမ်းများလိုက်တဲ့ကလေးတွေ..."
" နင်တို့နာမည်တွေကို အစီရင်ခံတင်နေတာလား? မျောက်တွေအုပ်စု
" အန်တီဟုန်က ကလေးတွေကို အပြုံးနဲ့ အဝေးဆီတွန်းပို့လိုက်ပြီး၊ သူမလက်ထဲမှာ သကြားညိုရည်
ပန်းကန်လုံးကို ကိုင်ထားရင်း ပြောခဲ့သည်။
" သွားကြစို့။ လမ်းထဲမဝင်နဲ့
"
ကလေးတွေက ဘေးမှာ မရေမရာနဲ့ရပ်နေကြပြီး မုန့်ယန်ကို စိတ်ဝင်တစားကြည့်နေကြသည်။
ဒီလိုကြည့်ကောင်းတဲ့ မမကို အကြိမ်တစ်ရာလောက်ကြည့်လည်းမဝနိုင်ဘူး။