၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၁၇
" ကျွန်မကိုဦးစီးအရာရှိရဲ့ တွဲဖက်လို့မခေါ်ကြပါနဲ့။ မုန့်ယန်လို့ဘဲခေါ်ပါ
"
" ဒါဆို ညီမမုန့်ယန်လို့ခေါ်မယ်!"
မုန့်ယန် - " ကောင်းပါပြီ"
သကြားရည်ပန်းကန်လုံးကို ကိုင်ထားရင်း မစ်ဟုန်က မေးလိုက်သည်။
" ညီမမုန့်ယန်က မြို့တော်က လာတာလား "
ကလေးတွေက စိတ်အားထက်သန်စွာနဲ့ တောက်ပနေတဲ့ အနီရောင်သကြားရည် ပန်းကန်လုံးကို
စိုက်ကြည့်နေကြပြီး၊ လောဘတကြီးနဲ့ ပါးစပ်တွေကို လျှာနဲ့ သပ်နေကြသည်။
ကြွေရည်သုတ်ခွက်ရဲ့ နှုတ်ခမ်းနဲ့ လက်ကိုင်မှာ ထောင့်အနည်းငယ်ပဲ့နေကာ
နက်ညိုရောင်မျဉ်းတွေ ပေါ်နေပေမယ့် ခွက်အထဲမှာတော့ သန့်ရှင်းနေသည်။ မုန့်ယန်က ခွက်ကို
ယူလိုက်ပြီး သူမကို ကျေးဇူးတင်လိုက်သည်။
ခုနလေးတင်ကဘဲ သူမ လက်ဖက်ရည်တွေ အများကြီး သောက်ပြီးသွားပြီဖြစ်ပြီး
အခုကျ သူမမှာ သကြားညိုရည်တစ်ခွက် ထပ်ရှိနေပြန်ပြီ။ သူမ ဒီနေ့ တစ်နေ့လုံးစားနေဖို့ မလိုဘူးဆိုတာ
မုန့်ယန် ခံစားလိုက်ရပြီး သူမကိုယ်သူမ စိတ်ကျေနပ်စေဖို့ သကြားရည်သောက်ရဦးမည်။
" ဒါဆို မြို့တော်က ဘယ်လိုလဲဆိုတာ ငါတို့ကိုပြောပြပါဦး။ ငါတို့ရဲ့ကြီးမြတ်တဲ့
ခေါင်းဆောင်ကိုရော အမြဲတမ်းတွေ့ရလား?"
"ဒါက မလုံလောက်ဘူး" မုန့်ယန်ပြုံးလိုက်ပြီး လူတိုင်းကို
မြို့တော်က ရိုးရာဝတ်စုံတွေနဲ့ မြို့တော်ပုံစံကို ပြောပြလိုက်သည်။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ်
အကုန်လုံးက စိတ်ဝင်စားစရာပုံပြင်ကို ကြားနေရသလိုမျိုး စိတ်ဝင်တစားနဲ့ နားထောင်နေကြသည်။
ဆယ်မိနစ်လောက်ပြောပြီးတော့ သူမအာခေါင်ခြောက်လာပြီး ပါးစပ်အပြည့်
သကြားရည်နှစ်ငုံသောက်လိုက်သည်။
" ညီမမုန့်ယန် မြို့တော်မှာ ညီမဘာလုပ်လဲ "မစ်မာကမေးလိုက်တယ်။
" အဝတ်အစားတွေလုပ်တဲ့ အထည်စက်ရုံမှာလုပ်တယ် "
" အိုး အဝတ်တွေလုပ်တဲ့သူပေါ့ " သူမသာ ဘာမှမပြောဘူးဆိုရင်
လူတိုင်းက သူမ ကေဒါမိသားစုက လာကြတာလို့ ထင်လိမ့်မည်။ သူမရဲ့ ပုံပန်းသဏ္ဍာန်ကိုကြည့်ရင်း
သူတို့လို သာမန်လူတွေထဲက ရှာမတွေ့နိုင်ဘူး။
" ငါတို့ရဲ့ ဦးစီးအရာရှိကို ဘယ်လိုသိတာလဲ "
သကြားညိုရည် ခွက်တစ်ဝက်လောက် သောက်ပြီးတော့ သူမအဲ့ဒါကို တကယ် ထပ်မသောက်နိုင်တော့ပေ။
မုန့်ယန်က ပန်းကန်လုံးကို အောက်ချလိုက်ကာ ပါးစပ်ကို အုပ်လိုက်ပြီး ကျို့ထိုးလိုက်ကာ
ပြောခဲ့သည်။
" တကယ်တော့ ဒီနေ့က
ကျွန်မတို့ ပထမဆုံးဆုံဖူးတာဘဲ။အရင်က ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်မသိခဲ့ဘူး။ အဲ့ဒါက
အကြီးအကဲကျန်း မိတ်ဆက်ပေးတာ..."
အန်တီတွေက ရုတ်တရက် သဘောပေါက်သွားသည်။ " အိုး မအံ့ဩတော့ပါဘူး၊ ငါက ဦးစီးအရာရှိကျန်းက ဘာလို့ထူးထူးဆန်းဆန်း
တုံ့ပြန်နေတာလဲလို့ ပြောနေတာ "
မစ်ဟုန်က " အရင်တုန်းက အကြီးအကဲကျန်းက ဦးစီးအရာရှိအတွက် အများကြီး
စီစဉ်ပေးခဲ့တာ။ ဒါပေမယ့် ညီမတစ်ယောက်ပဲ။ ငါတို့ကျွန်းကိုလာတဲ့ ပထမဆုံး မိန်းကလေးဘဲ
"
သူမကပြောနေတဲ့အချိန်မှာ မုန့်ယန်ကို လေးစားမှုတွေနဲ့ကြည့်နေသည်။
မြို့တော်က ဘယ်နေရာလဲ? ကောင်းကင်ဘုံသားတော်ရဲ့ ခြေထောက်မှာ တရုတ်တပြည်လုံးက
အကောင်းဆုံးနေရာလေ။ မင်းမှာ သတ္တိနည်းနည်းတောင်မရှိဘူးဆိုရင် ဇွဲနည်းနည်းလေးမရှိဘဲနဲ့
လုပ်လို့မရဘူး ။
ဒါက ဘာလို့လူတိုင်း သူမကို လေးစားနေရတာလဲဆိုတာပင်။ ဒီနုနယ်ကြည့်ကောင်းတဲ့
ကောင်မလေးက ဆယ့်ရှစ်နှစ်ဘဲရှိသေးသည်။ သူမက ဖေ့လန်ကျွန်းကို တစ်ယောက်ထဲလာခဲ့တယ်။ သူမရဲ့
ဇွဲထက်သန်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်တာကိုပဲ ယူပြီးလာခဲ့တာ။ ဦးစီးအရာရှိက သူမကိုစိတ်မပျက်သွားစေသင့်ဘူး!
စကားစမြည်ပြောနေရင်း၊ အခန်းက ခဏလေးနဲ့ရှင်းပြီးသွားသည်။ အချိန်က
မစောတော့ဘူးဆိုတာကို တွေ့တော့ အဒေါ်တွေက ညစာပြင်ဖို့ သူတို့သက်ဆိုင်ရာအိမ်ကို ပြန်သွားကြပြီး
ကလေးတွေကလည်း မနက်ဖြန်မှာ သူတို့က ဦးစီးအရာရှိတွဲဖက်ကို ကြည့်ဖို့ လာမယ်လို့ အော်ပြောသွားကြသေးသည်။
beep beep beep beep.....
စစ်ခရာအသံနဲ့အတူ တစ်နေ့တာရဲ့ ကြိုးစားပမ်းစားအလုပ်တွေက ပြီးဆုံးသွားသည်။
မစ်ဟုန်ရဲ့အိမ်ကို မုန့်ယန်သွားတဲ့ အတောတွင်းမှာ သူမ ကျန်းရှောက်ယွီကို ထပ်မတွေ့တော့ချေ။
သူ့ရဲ့ " လူ " က ဒီမှာကျန်နေတုန်းဆိုတာကို သူမေ့သွားတဲ့ပုံပင်။ အဲ့ဒီအတွက်
လျစ်လျှူရှုလိုက်တော့။
မုန့်ယန်က တံခါးဆီ အကြိမ်တိုင်း တစ်ချက်တစ်ချက် ကြည့်ကြည့်နေသည်။
ရင်ထဲမှာ ဘယ်လိုမျိုးဖြစ်နေလဲဆိုတာ သူမ မပြောတတ်ပေ။
သူမက မသိတဲ့နေရာတစ်ခုမှာ ရောက်နေပြီး သူ့ဆီကိုသွားပေမယ့် သူက သင့်ရဲ့အကြောင်းကို
ဂရုမစိုက်သလိုမျိုး သူမ ခံစားရသည်။ ဒါပေမယ့် အဲ့ဒီအကြောင်း စဉ်းစားပြီးတဲ့နောက်မှာ
ကျန်းရှောက်ယွီနဲ့ ယှဉ်လိုက်ရင် အန်တီဟုန်က သူမနဲ့ပိုပြီး ရင်းနှီးသေးတယ်။ ဒါဆို အဲ့ဒီယောက်ျားအကြောင်း
ဘာလို့စိုးရိမ်နေရမှာလဲ။
အဲ့ဒီအကြောင်းစဉ်းစားလိုက်ရင်း သူမ ရီလိုက်သည်။
ဒါဘဲ။ အဲ့ဒီယောက်ျားကို နင့်စိတ်ထဲ အနှောင့်အယှက်မခံနဲ့။
အဲ့ဒီမှာ မစ်ဟုန်က မုန့်ယန်ကို နည်းနည်းသတိထားမိလိုက်ပြီး စနောက်ကာ
ပြောခဲ့သည်။ " ဒီတစ်လော စစ်တပ်မှာ စစ်ရေးပြပွဲရှိနေလို့ သူလုံးဝအလုပ်များနေတာ။
သူအလုပ်ပြီးရင် ညီမဆီလာမယ်လို့ အစ်မ ထင်တယ် "
" အာ ကျွန်မ၊ အဲ့ဒါ....မဟုတ်၊ သူလုပ်ပါစေ။ အဲ့ဒါ...အမ်"
မုန့်ယန် ရှင်းပြဖို့ကြိုးစားလေလေ သူမ ပိုမရှင်းပြနိုင်လေပင်။ ပြီးတော့
သူမရဲ့ ဗလုံးဗထွေးပုံက မစ်ဟုန်ကို အရယ်မရပ်စေတော့ဘူး။
ရှီဒန်ကတော့ သူ့အမေဘာလို့ ဆက်ရီနေတာလဲဆိုတာ သိချင်သွားသည်။
.......
" အမေ သားဝက်သားစားချင်တယ် "
ဒီကျွန်းမှာ လတ်ဆတ်တဲ့ရေတွေ၊
အစားအစာတွေ ချို့တဲ့ပြီးဝက်တွေ၊ နွားတွေနဲ့ တခြားကြီးကြီးမားမားစားသောက်တဲ့ ခြံမွေးတိရိစ္ဆာန်တွေကို
မမွေးနိုင်ချေ။
သင်သာ စားချင်တယ်ဆိုရင် သင်္ဘော ထွက်တဲ့နေ့မှာပဲ မြို့ကို သွားပြီးတော့
ဝယ်နိုင်သည်။ အဲ့ဒါကြောင့် ဝက်သားနဲ့ အမဲသားတွေစားတာက ကျွန်းပေါ်က လူတွေအတွက်တော့ ဇိမ်ခံအစားအစာပဲဖြစ်သည်။
ပြီးတော့ ဒီလိုအရာတွေက ဧည့်သည်တွေ အိမ်လာလည်တဲ့အချိန်မှပဲ စားလို့နိုင်သည်။
ဒီနေ့၊ နတ်သမီးမမက အိမ်ကိုလာတဲ့အတွက် အာ့နန်းက သေချာပေါက်ကို ချက်မှာဘဲလို့
ရှီဒန်တွေးလိုက်တယ်။
အမှန်ကိုဘဲ၊ မစ်ဟုန်က သူမလက်ကို ရဲရဲရင့်ရင့်ဝှေ့ရမ်းလိုက်ကာ
" စားကြမယ်၊ မင်းရဲ့အစ်မမုန့်က ဒီနေ့ ဒီမှာရှိနေလို့ များများချက်ကြစို့! နောက်ထပ်
ငါးခြောက်တစ်ပန်းကန်ပါ လုပ်ကြစို့။ ငါတို့ဆီကို တင်သွင်းတဲ့ ဈေးကွက်တင် ရောင်းချတဲ့
သမဝါယမအသင်းရဲ့ ငါးခြောက်တွေက အရမ်းကို အရသာရှိတယ်! ငါ ဒီမနက် လှောင်သို ကမာကောင်တွေကိုယူဖို့
ပင်လယ်ကိုသွားခဲ့သေးတယ် သူတို့တွေက အရမ်းလတ်ဆတ်တယ်!"
ဝက်သားလို့ပြောပေမယ့်လည်း တကယ်တော် နှစ်အတော်ကြာ စိမ်ထားတဲ့ ဝက်ပေါင်ခြောက်တွေ
ဖြစ်သည်။ ဝက်သားရဲ့ငန်တဲ့အပိုင်းတွေကို ဖယ်ဖို့ အိုးထဲမှာ ဆူအောင်တည်ထားပြီးတော့ ဓားနဲ့
အပိုင်းပါးပါးလေးတွေလှီးလိုက်သည်။
...
ညနေပိုင်းမှာ၊ မစ်ဟုန်က မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည်။ မုန့်ယန်က
ရှီဒန်ရဲ့ အလုပ်ကိုယူလိုက်ပြီး မီးကူမွှေးပေးနေလိုက်သည်။ ဒါက သူမရဲ့ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်
ဒီမြေကြီးနဲ့လုပ်ထားတဲ့မီးဖိုကို မီးမွှေးတာ သိပ်မကျွမ်းကျင်သေးချေ။
အရှေ့အနောက်သွားပြီးတဲ့နောက်မှာ ထင်းမီးက ပြာအချို့ ထွက်လာပြီး
သူမကို မွှန်သွားစေတဲ့အတွက် မျက်ရည်တွေ သုတ်လိုက်ရသည်။
အဒေါ်ဟုန်က ရယ်ပြီးရင်းရယ်နေကာ ပြောခဲ့သည်။ " ရှီဒန်ကို လာခိုင်းလိုက်တာ
ကောင်းမယ်။ ရှောင်မုန့်က သွားပြီး နားလိုက်တော့ "
မုန့်ယန်က အလျှော့မပေးဘဲ ချောင်းဆိုးတာကို ထိန်းလိုက်ပြီး ထင်းတွေကို
မီးဖိုထဲ တစ်ခုပြီးတစ်ခု ထိုးထည့်လိုက်ကာ ပြောခဲ့သည်။
" အဆင်ပြေပါတယ်။ ကျွန်မ
သင်ဖို့ဘဲလိုတာ။ မဟုတ်ရင် အနာဂတ်မှာ ကျွန်မကိုယ်ကျွန်မ အားကိုးနိုင်မှာ မဟုတ်ဘူး"
" ဘာဖြစ်လို့လဲ။ ဦးစီးအရာရှိ ဟင်းချက်နိုင်နေသရွေ့ အနာဂတ်မှာ
သူ့ကို လက်ထပ်ရမှာဘဲကို "
မစ်ဟုန့်ရဲ့ စကားတွေကြောင့် မုန့်ယန်နည်းနည်း အံ့အားသင့်သွားသည်။
ဒီနေ့ခေတ်က လူတွေရဲ့ အမြင်မှာ ယောက်ျားတွေက မီးဖိုချောင်နဲ့ ဝေးဝေးနေသင့်တာမဟုတ်ဘူးလား?
ဒီလိုဟင်းချက်တာက မိန်းမတွေရဲ့ ပုံသေ အလုပ်မဟုတ်ဘူးလား? ဘာလို့ မစ်ဟုန်က ကျန်းရှောက်ယွီလည်း
လုပ်နိုင်တယ်လို့ ပြောတာပါလိမ့်?
" ဘယ်လိုချက်ရမလဲဆိုတာ ကျွန်မသိပါတယ်။ ကျွန်မက ဒီမြေကြီး မီးဖိုကို
ဘယ်လိုလုပ်ရမလဲပဲ မသိတာ "
" လွယ်ပါတယ် ဦးစီးအရာရှိကျန်းကို ဟင်းချက်ခိုင်းလိုက်လေ! ညီမမုန့်ယန်
အချိန်တွေက အခုဆိုကွာခြားသွားပြီ။ တရုတ်ပြည်သစ် လွတ်မြောက်ရေးပြီးတဲ့နောက်မှာ အမျိုးသမီးတွေလည်း
ကောင်းကင်တစ်ဝက်ကို ကိုင်နိုင်ပြီလေ။ ငါတို့နှစ်ယောက်လုံးမှာ အလုပ်တွေရှိရင် ဟင်းချက်တာက
အားနေတဲ့ ဘယ်သူမဆို လုပ်ရမှာဘဲ။ အမျိုးသမီးတွေဘဲ ချက်ပြုတ်ရမယ်လို့ ဘယ်သူပြောလဲ? အစ်မလိုပေါ့
ပြည်သူစစ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်လေ ညံ့ဖျင်းတဲ့ ယောက်ျားတွေထက်တော့ မဆိုးနေဘူး! အစ်မ
ယောက်ျားရှိတုန်းကဆို အစ်မကိုဟင်းချက်ခိုင်းဖို့ သူပြောရဲတာတောင် မဟုတ်ဘူး "
မုန့်ယန်က အံ့ဩတကြီး ပါးစပ်ဟသွားပြီး ပြောခဲ့သည်။ " ဒီက လူတွေအကုန်လုံးက
အစ်မလိုဘဲလား?"
" ဟမ့်၊ ဒီက စိတ်အားတက်ကြွနေတဲ့ အမျိုသမီးတွေအကုန်လုံးက ပြည်သူစစ်တပ်ဖွဲ့ရဲ့
အဖွဲ့ဝင်တွေပဲ။ ဘယ်သူကမှ ငါတို့ အမျိုးသမီးတွေကို အထင်မသေးရဲကြဘူး! "
ဒီလို အသံမာန်ပါပါနဲ့ အားမာန်ပါတဲ့ သူမရဲ့ စကားတွေကြောင့် သူမရဲ့
ခန္ဓာကိုယ်သေးသေးလေးက ဘယ်လောက် အင်အားကြီးမားလဲဆိုတာ လူတွေကို သံသယမဖြစ်စေဘူး။
သူမရဲ့ အရင် အလုပ်နေရာက အတွေ့အကြုံကို မုန့်ယန်သတိရသွားသည်။ လိင်ခွဲခြားဆက်ဆံမှုတွေက
အချိန်တိုင်းရှိနေခဲ့သည်။
သူမ ဘွဲ့ရပြီးတဲ့နောက်မှာ သိပ္ပံဆိုင်ရာ သုတေသနအဖွဲ့အစည်းအတွက်
အင်တာဗျူးခဲ့တဲ့ အချိန်တုန်းက လူငါးယောက်ထဲကနေ ကောင်လေးနှစ်ယောက်ပဲ နောက်ဆုံးအင်တာဗျူး
အောင်ခဲ့သည်။ အခြားကောင်မလေးသုံးယောက်က အရေးစစ်ဆေးမှုမှာ ရလဒ် ကောင်းပြီး ကြည့်ကောင်းပေမယ့်
နောက်ဆုံးမှာ သူတို့်မအောင်မြင်ခဲ့ချေ။
မကြာခင်၊ ဟိုလှိမ့်ဒီလှန်ပြီးတဲ့နောက်မှာ သူမစိုက်ပျိုးရေး သိပ္ပံအကယ်ဒမီ
ကိုတက်ခဲ့ပြီး အဆင့်ကောင်းကောင်းတွေလည်းရခဲ့ပေမယ့် သူမ အဲ့ဒီအတွက် မပြင်ဆင်နိုင်ခဲ့ပေ။
" အဲ့ဒါက မိန်းကလေးတွေအတွက် အဆင်မပြေဘူး ယောက်ျားလေးတွေပဲ
သွားပါစေ " အဲ့ဒီအတွက်ကြောင့် အရေးကြီးတဲ့ လက်တွေ့စမ်းသပ်မှုတွေ မရေမတွက်နိုင်အောင်
သူမ လက်လွှတ်ခဲ့ရသည်။
အလှည့်အပြောင်းအနေနဲ့ သူမ ဦးဆောင်တဲ့အသင်းက ဆား-အယ်ကာလီ မြေ တိုးတက်မယ့်နည်းပညာကို
အောင်မြင်ခဲ့ပြီး အဲ့ဒီကနေစပြီးတော့ သုတေသန အဖွဲ့အစည်း၌ ခိုင်ခိုင်မာမာခြေကုပ်ရယူနိုင်ခဲ့သည်။
" မိန်းကလေးတွေက အဆင်မပြေဘူး " ဆိုတဲ့ဆင်ခြေနဲ့ ဘယ်သူကမှ
သူမရဲ့ တိုးတက်မှုကို မတားဆီးနိုင်ခဲ့ပေ။
မုန့်ယန်ရဲ့ နှလုံးသားက မီးတောက်လို ဆူပွက်လာကာ ပြောခဲ့သည်။
" ဟုတ်တယ်၊ ဘယ်သူကမှ ကျွန်မတို့ မိန်းကလေးတွေကို အထင်မသေးစေရဘူး! "
...
နောက်တစ်နေ့ အာရုဏ်တက်ချိန်မှာ စစ်ခရာအသံထွက်လာသည်။ အဲ့ဒီအချိန်မှာ
နေက ပင်လယ်ရေ မျက်နှာပြင်အထက်ကနေ တဖြည်းဖြည်း မြင့်တက်လာရုံပဲ ရှိသေးပေမယ့် အဝးက ပင်လယ်ပြင်မှာတော့
ရွက်သင်္ဘောအရိပ်တွေက ရှိနေပြီး ဝီရိယရှိတဲ့ ငါးဖမ်းသမားတွေကတော့ ငါးဖမ်းဖို့ သွားကြပြီဖြစ်သည်။