အပိုင်း ၁၈
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၈

 

 

 

 

 

စစ်ခရာအသံကြောင့် မုန့်ယန် နိုးလာခဲ့သည်။ အသံက နှစ်မိနစ်လောက် မြည်နေပြီးမှ ရပ်သွားသည်။ နောက်တော့ သူမခေါင်း စောင်းလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ထပ်အိပ်ပျော်သွားသည်။

 

 

မစ်ဟုန်က ပြည်သူစစ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သည်။ သူမရဲ့နေ့စဉ်တာဝန်က ကျွန်းတွေကို ကင်းလှည့်ရတာဖြစ်သည်။ အခုတလော၊ သူမက အဖွဲ့ဝင်သစ်တွေကို လေ့ကျင့်ပေးနေရတဲ့အတွက် အလုပ်များနေသည်။

 

 

မနက်စာချက်ဖို့ မနက်စောစောထတော့ မုန့်ယန်မနိုးသေးတာကို မြင်တော့ သူမကို မနှောင့်ယှက်ချင်တော့တဲ့အတွက် အိုးထဲက မနက်စာကို အပူပေးလိုက်ပြီး ရှီဒန်ကို မီးဖိုထဲက မီးကို မပြတ်ကြည့်ဖို့ ပြောထားလိုက်သည်။

 

 

ဒီတော့ မုန့်ယန် နောက်ထပ်နိုးလာတဲ့အချိန် အိမ်မှာ ခြောက်နှစ်အရွယ် ကျောက်တုံးဥလေးဘဲကျန်ခဲ့သည်။

 

 

မနေ့ညက သစ်ပင်တွေကို လေတိုက်သွားတာ မကြာခဲ့ပေ။ ပြီးတော့ ရွာကိုဖြတ်ပြီးတော့ ဆူညံတဲ့အသံတွေ ထွက်လာသည်။

 

 

ဘယ်သူ့ ကြက်တွေနဲ့ ခွေးတွေညံနေတာ၊ ဘယ်သူ့ကလေးတွေက ကမာကောင်တွေရဖို့ ကျောက်တုံးကို ထုနေတာ၊ ပြီးတော့ ဘယ်သူ့ကလေးက ငိုနေတာ....

 

 

သူမရဲ့ မျက်စိတွေကို ပွတ်လိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တော့ ပင်လယ်ပြင်က ကျယ်ပြောကာ မြူအတိလွှမ်းနေပြီး ကောင်းကင်ပြာနဲ့ပင်လယ်ကို မျက်လုံးထဲမှာမြင်နေရကာ ကောင်းကင်နဲ့ ရေပြင်က အရောင်တူညီ‌နေပြီး အတူတူ အပြည့်အဝ ပေါင်းစည်းနေသည်။

 

 

" အရမ်းလှတာပဲ။ အရမ်းလှတယ်.."

 

 

ပထမတန်း ပင်လယ်မြင်ကွင်အခန်းမှာ အံ့ဩစရာမြင်ကွင်းရှိတာပဲ။ ဒီလို ပင်လယ်မြင်ကွင်းသာ နေ့တိုင်းရှိနေမယ်ဆို အိပ်ယာထဖို့ မကောင်းတဲ့ စိတ်အခြေအနေရှိတော့မှာမဟုတ်ဘူး။

 

 

အခန်းကနေ ထွက်လာပြီးတော့ ရှီဒန်က သူမကို ခြံဝင်းထဲ အံ့ဩစရာကောင်းအောင် ဦးဆောင်ခေါ်သွားပြီး ကြွေရည်သုတ်လက်‌ဆေးစင် အင်တုံတစ်ခုကို ညွှန်ပြလိုက်ကာ ပြောခဲ့သည်။

 

 

 " အစ်မ  ဆေးကြောဖို့ရေက ဒီမှာ ဆေးကြောပြီးရင် အဲ့ဒါကို မလောင်းချလိုက်နဲ့နော်၊ အစ်မရဲ့လက်တွေကို ထိန်းထားပါ~"

 

 

နူးညံ့တဲ့ အသံလေးက အရမ်းချစ်စရာကောင်းသည်။

 

 

မုန့်ယန်က ကုန်းလိုက်ပြီး ကလေးရဲ့ ခေါင်းလေးကို ပွတ်လိုက်ကာ ပြောခဲ့သည်။ " ကောင်းပြီ၊ အစ်မ မပစ်လိုက်ပါဘူး။ ကျေးဇူးပဲ ရှီဒန် "

 

 

ကောင်လေးရဲ့မျက်နှာက ရှက်စိတ်ကြောင့် ပန်းသီးလို နီမြန်းသွားခဲ့သည်။

 

 

ဆေးကြောတဲ့ရေက တစ်ကြိမ်ဘဲဆေးထားတဲ့ ရေဖြစ်နိုင်တဲ့အတွက် အဲ့ဒါက နည်းနည်း နောက်နေပေမယ့် ကျွန်းပေါ်က အခြေအနေမှာတော့ ဂျီးများလို့မရပေ။

 

 

သူမမျက်နှာ သစ်ပြီးတော့ ရှီဒန်က မုန့်ယန်ကို မီးဖိုချောင်ဆီခေါ်သွားပြီး ခုံရှည်အသေးပေါရပ်လိုက်ကာ အိုးအဖုံးကို မလိုက်ပြီး ပြောခဲ့သည်။ " ထမင်းက၊ ဒီမှာ "

 

 

အဖြူရောင် အခိုးအငွေ့က သူမ မျက်နှာကို ရိုက်ခတ်သွားတော့ မုန့်ယန် မျက်လုံးမှေးသွားပြီး၊ ထမင်းနံ့လေးကို ပြင်းပြင်းရှူလိုက်ကာ အပြုံးနဲ့ ပြောခဲ့သည်။ " ထမင်းက ပူနေတုန်းပဲ။ ကျေးဇူးပဲ ရှီဒန် "

 

 

ကလေးဘဝကတည်းက ရှီဒန်က လူကြီးတွေ အလုပ်ကို မရေမတွက်နိုင်အောင် ကူညီခဲ့ဖူးပေမယ့် ဘယ်သူကမှ သူ့ကို ကျေးဇူးတင်ပါတယ်လို့ မပြောဖူးချေ။ ရှီဒန်ရင်ထဲမှာ အရမ်းရှက်သွားပြီး အစ်မမုန့်ယန်က နတ်သမီးဖြစ်ရမယ်လို့ သူခံစားလိုက်ရသည်။ နတ်သမီးတွေကပဲ အရမ်းလှပြီးတော့ နူးညံ့ကြတာ မဟုတ်လား?

 

 

...

 

နှစ်အနည်းငယ်လောက်က ဖေ့လန်ကျွန်းမှာ ရေပိုက်တွေ သွယ်ပြီးသွားပေမယ့် အခုတော့ နွေဦးရာသီမှာရေခမ်းခြောက်နေတဲ့အတွက် ပိုက်တွေက ရေမထုတ်လွှတ်ကြတော့ဘဲ ကျွန်းသူ/သားတွေဟာ ရေတွင်းကရေ‌ကိုပဲ သယ်ကြရသည်။

 

 

ရေရှားပါးမှုက သဘာဝအတိုင်းဘဲ အသီးအရွက်တွေ၊ အပိုမြေဆီလွှာတွေ၊ မိုးခေါင်မှုကို ခံနိုင်တဲ့ အချို့ အာလူးနဲ့ မုန်လာဥဖြူအပင်တွေ ရှားပါးလာပြီး တောင်ပေါ်မှာတော့ အစိမ်းရောင်အရွက်နဲ့ အသီးအရွက်ရိုင်းတွေသာရှိသည်။

 

 

မစ်ဟုန်ရဲ့ မိသားစုမှာလည်း အသီးအရွက်တွေချို့တဲ့သည်။ မနက်စာက အာလူးပေါင်းနဲ့ ဆန်ပြုတ်ဖြစ်သည်။ အမှန်မှာ၊ မိသားစုက ပန်ကိတ်အကြမ်းကိုဘဲ အမြဲတမ်း ပေါင်းလေ့ရှိသည်။ ဘယ်လိုလုပ် ထမင်းက နေ့တိုင်းစားတဲ့ အစားအစာဖြစ်နိုင်မှာလဲ?

 

 

" အစ်မမုန့်ယန်!" အစားစားနေတုန်းမှာ ဝါးခြင်းတောင်းနဲ့ မိန်းကလေးက ခြံဝင်းထဲကနေ အပြေးအလွှားရောက်လာသည်။

 

 

သူမကို အမြဲတမ်း ဦးစီးအရာရှိတွဲဖက်လို့ ခေါ်ရတာကြိုက်တဲ့‌ကောင်မ‌လေး ကျိုးရှောင်မေ့မှန်း မုန့်ယန်မှတ်မိလိုက်သည်။

 

 

ပန်းသီးမျက်နှာ၊ မျက်ရစ်နှစ်ထပ်၊ ပိန်ပါးတဲ့ပုံနဲ့ အရမ်းသိမ်‌မွေ့တဲ့ကောင်မလေးဖြစ်သည်။

 

 

သူမက လက်ထဲမှာ ဟင်းသီးဟင်းရွက် ခြင်းတောင်းကို ကိုင်ထားပြီး နေကြာပန်းနဲ့ အာ့ပေဆိုတဲ့ ကောင်မလေးနှစ်ယောက်က သူမနောက်က လိုက်လာခဲ့သည်။ " သမီးတို့ အစ်မကို စောင့်နေတာ တစ်နာရီလောက်ရှိပြီ။ အစ်မက ဖင်ထဲနေဝင်တဲ့အထိကို မထလာဘူးလေ !"

 

 

ကလေးတွေထက်တောင် ပျင်းရိနေတဲ့အတွက် မုန့်ယန်မျက်နှာက ရုတ်တရက် ရှက်လွန်းလို့ နီရဲသွားသည်။

 

 

" အဲ့ဒါမှန်တယ်၊ မင်းတို့က အရမ်းအစောကြီးထကြတာကိုး " ပါးစပ်အပြည့် ဆန်ပြုတ်တွေကို မြိုချလိုက်ပြီးတော့ ရှီဒန်ရဲ့ သတိပေးမှုနဲ့ သူမ ဘေစင်မှာ ပန်းကန်တွေသွားဆေးလိုက်သည်။

 

 

"ညီမ ခြောက်နာရီထပြီးတော့ ချင်းဟူနဲ့ တောင်ပေါ်မှာ ရေသွားသယ်ပြီးပြီ " ပြောပြီးနောက်မှာ သူမလက်ထဲကမနက်စာကို မြှောက်ပြလိုက်ပြီး ပြောခဲ့သည်။

 

 

 " ညီမအိမ်ကိုမပြန်ခင် အစ်မကိုလာကြည့်တာ။ ဘယ်သူသိမှာလဲ အစ်မက အိပ်နေပြီးတော့ ရှီဒန်က အစ်မကို မပေးနှိုးဘူးလေ။ အဲ့ဒီကြောင့် အချိန်ကုန်ဖို့ ဘေးခြံက အာ့ပေကို သွားရှာနေတာ "

 

 

မုန့ယန်က တအံ့တဩရယ်လိုက်ပြီး " ရှီဒန်က အရမ်းထောက်ထားညှာတာတတ်တာပဲ။ မင်းအမေ ပြောထားတာ မဟုတ်ဘူးလား?"

 

 

ရှီဒန်က သူ့ခေါင်းကို မြင့်မြင့်မြှောက်လိုက်ပြီး တက်တက်ကြွကြွနဲ့ ခေါင်းညိတ်လိုက်သည်။ " ဟုတ်တယ် အမေက အစ်မကို မနှိုးခိုင်းဘူး "

 

 

" အရမ်းချစ်စရာကောင်းတာပဲ"

 

 

ကျိုးရှောင်မေ့က သူမပါးစပ်ကို ကာပြီးတော့ ပြုံးလိုက်တယ်။ သူမအနောက်က သန်သန်မာမာကောင်မလေးက နေကြာပန်းဖြစ်သည်။ သူမက ရိုးသားပြီးတော့ စိတ်အတက်အကျမြန်သည်။

 

 

" အစ်မုန့်ယန်၊ အစ်မအတွက် သမီးတို့ သစ်သီးနည်းနည်းယူလာခဲ့တယ်။ အမြန်မြည်းကြည့်!" သူမပြောပြီးပြီးချင်းပဲ မုန့်ယန် လက်ကို ဆွဲလိုက်ပြီး ဝါးခြင်းတောင်းကို  သူမလက်ထဲ ထည့်ပေးလိုက်သည်။

 

 

ငှက်ပျောသီးတွေ၊ သရက်သီးတွေနဲ့ တောကြက်မောက်သီးတွေက ငှက်ပျောရွက်ပေါ်မှာ ရှိနေကြပြီး အကုန်လုံးက အရသာရှိကာ ဖွံ့ထွားနေကြပြီး ဆွဲဆောင်‌နေကြသည်။

 

 

--အပူပိုင်းဒေသအသီးတွေ၊ သူမ အဲ့ဒါတွေ အရမ်းကြိုက်တာ!

 

 

ငှက်ပျောသီး အခွံနွှာဖို့တောင် မစောင့်နိုင်တော့ဘူး။

 

 

 

" ကောင်းတယ် ဒါကအရမ်းအရသာရှိတာပဲ။ ဒီငှက်ပျောသီးက မှည့်ပြီး အရမ်းနူးညံ့ပြီးတော့ ပန်းရောင်လေး။ အစ်မ ဒီအရသာကြိုက်တယ် "

 

 

ကျွန်းဖြစ်ရမယ်။ မင်းသာ မြောက်ဘက်ပိုင်းမြို့ကို ပြောင်းမယ်ဆိုရင် ဒီလို လတ်ဆတ်ပြီးတော့ အရသာရှိတဲ့ သစ်သီးတွေကို ဘယ်မှာစားနိုင်မှာလဲ?

 

 

ကလေးတွေက ကြက်သေသေသွားပြီး မျက်လုံးပြူတွေနဲ့ ကြည့်နေခဲ့ကြသည်။ " အစ်မမုန့်ယန်၊ ဒါကငှက်ပျောသီးမှန်းသိတာလား "

 

 

" အမ်.." သူမက ပေကျင်းနိုင်ငံသားမှန်း ရုတ်တရက် မေ့သွားသည်။

 

 

" အစ်မ အရင်က အဲ့ဒါစားဖူးတာ...အမျိုးတစ်ချို့က....အဲ့ဒါကိုအစ်မဆီ တောင်ပိုင်းက‌နေ မြောက်ပိုင်းကို ယူလာပေးတာ "

 

 

" ဒါဆို ဒါစားကြည့်  အစ်မအရင်က စားဖူးမှာမဟုတ်ဘူး" မေ့မေ့က ကြီးပြီးတော့ ဖွံ့နေတဲ့ သရက်သီးကို သူမအတွက် ယူပေးလိုက်သည်။

 

 

" အိုး၊ ဒီဟာ..." သရက်သီး၊ သူမ အကြိုက်ဆုံးပဲ။

 

 

ဒါပေမယ့် ပထမဆုံးတွေ့ဖူးသလိုမျိုး အံ့ဩသလို ဟန်ဆောင်ထားရမယ် - " အစ်မ မစားဖူးဘူး။ ဒါပထမဆုံး တွေ့ဖူးတာပဲ။ အဲ့ဒါကြည့်ရတာ အရမ်း ဆွဲဆောင်နေတာပဲ "

 

 

နောက်ဆုံးမှာ သူမက နှာခေါင်းနားကပ်ပြီးတော့ အနံ့ရှူလိုက်သည်။ " ဒါက အရမ်းမွှေးနေတာပဲ "

 

 

ကလေးတွေက အရှေ့ကို တလက်လက်စိုက်ကြည့်နေကြပြီး ပြောခဲ့ကြသည်။ "မြန်မြန်မြည်းကြည့်။ အဲ့ဒါအရမ်း အရသာရှိတာ!"

 

 

အသီးက အနေတော်အရွယ်ရှိပြီး အခွံက နည်းနည်းတွန့်နေသည်။ ကြည့်ရတာ ရက်နည်းနည်းလောက်က ခူးခဲ့တာဖြစ်မည်။ ဒါပေမယ့် ဒီလိုအခွံမျိုးနဲ့ သရက်သီးက စပြီးတွန့်လာပေမယ့် ဘာအမည်းစက်မှ ရှိမနေချေ။ ဒါက အချိုဆုံးနဲ့ အရသာအရှိဆုံးပဲ။

 

 

အခွံပါးပါးကို ခွာလိုက်ပြီး ကိုက်လိုက်တော့ ပါးစပ်ကိုအရည်ရွဲသွားစေသည်။

 

 

" ကောင်းတယ်၊ ဒါကတကယ်အရသာရှိတာဘဲ "

 

 

သူမ ပျော်ပျော်ရွှင်ရွှင် စားနေတာ ကြည့်ရင်း နေကြာပန်းလေးက တောကြက်မောက်သီးအကိုင်းက တစ်လုံးကို အပြုံးနဲ့ယူလိုက်ပြီး ရတနာလိုမျိုး သူမကို ကမ်းပေးလိုက်ကာ ပြောခဲ့သည်။

 

 

 " ဒါ၊ ဒါက သမီးအပင်က။ ဒါက အပင်အပြည့် အများကြီး သီးနေတာ! လူတိုင်းက ဒါကိုစားချင်ကြတာ။ ခိုးလည်း ခိုးခူးကြတယ်! ဒါပေမယ့် သမီးက တခြားသူတွေကို ပေးမခူးပါဘူး။ သမီးအစ်ကိုနဲ့ သမီးက နေ့တိုင်းစောင့်နေတာ။ မဟုတ်ရင် အခိုးခံလိုက်ရတာကြာပြီ!"

 

 

" လူတွေကြည့်ရင် သမီးအရမ်းဂုဏ်ယူတာ။ ဒါပေမယ့် အစ်မမုန့်လာတဲ့အခါ သမီးမစားရဘူး "

 

 

မုန့်ယန်ကအမြန်ကိုက်လိုက်ပြီး ဗလုံးဗထွေးနဲ့မေးလိုက်သည်။ " တကယ်လား? မင်းအစ်ကိုက စောင့်နေတုန်းပေါ့လေ "

 

 

" ဟုတ်တယ်။ သမီးတို့ တောကြက်မောက်ပင်က အကြီးဆုံး၊ အချိုဆုံးနဲ့ အဖွံ့ဆုံးဘဲ။ ဘယ်သူမဆို သမီးတို့ဆီကနေ ခိုးမယ်ဆိုရင်တောင် သမီးသူတို့ကို‌ပေမှာ မဟုတ်ဘူး !"

 

 

မုန့်ယန် ရှင်းမပြနိုင်ဘဲ ပြုံးမိသွားသည်။

 

 

" များများစား၊ များများစား၊ ဒါတွေအားလုံးက အစ်မအတွက်ပဲ! "

 

 

" ကောင်းပြီ ကောင်းပြီ ကျေးဇူးပဲ "

 

 

ဒါပေမယ့်၊ မုန့်ယန် ပျော်တာ စောသွားသည်။ ဒီပိန်ပါးပါးခန္ဓာကိုယ်က သရက်သီးနှစ်လုံး၊ ငှက်ပျောသီးတစ်လုံး သိပ်ထည့်ပြီးနောက်မှာ ပြည့်သွားပြီး တစ်ခြင်းလုံးစားလိုက်ရင်တော့ သူမ ဗိုက်ပေါက် ထွက်သွားလိမ့်မယ်!

 

 

သူမပျော်ပျော်ကြီး စားတာကိုကြည့်ရင်း ကလေးတွေက စိတ်လှုပ်ရှားနေကြသည်။ အားပေးနေတဲ့ အပြုအမူက စကားလုံးတွေနဲ့ အားပေးတာထက် ပိုထိရောက်သည်။

 

 

"အစ်မမုန့် အစ်မစားပြီးရင် သမီးတို့ ကျွန်းတစ်ဝိုက်လိုက်ပြမယ်!"

 

 

မုန့်ယန်က အသားတစ်ခုလုံးကို မြိုချလိုက်ပြီး ပြောခဲ့သည်။ " ကောင်းပါပြီ၊ ဒါပေမယ့် မင်းတို့ကို အနှောက်အယှက်ဖြစ်သွားမလား?"

 

 

ပြောရမယ်ဆိုရင်၊ ဒီဧရိယာတစ်ဝိုက်က ကလေးတွေက လူပျင်းတွေမရှိဘဲ သူတို့က လူကြီးတွေရဲ့ အလုပ်တွေမှာ နေ့တိုင်း ကူညီပေးကြသည်။

 

 

" မဖြစ်ပါဘူး။ အခုအိမ်မှာ ဘာမှလုပ်စရာမရှိနေဘူး ပြီးတော့ သမီးက ဘာမှမလုပ်ရရင် ပျင်းတယ်" မေ့မေ့က ခေါင်းခါလိုက်သည်။

 

 

နေကြာပန်း - " သမီးရော"

 

 

အာ့ပေ - " သမီးရောပဲ "

 

 

မေ့မေ့က ဂျူနီယာအထက်တန်းကနေ ဘွဲ့ယူပြီးတဲ့အချိန်မှာ နေကြာပန်းလေးနဲ့ အာ့ပေက မူလတန်းကနေ ဘွဲ့ရပြီးပြီဖြစ်သည်။ ၁၉၇၀ ခုနှစ်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ မရှိသေးဘဲ လူတချို့ကလည်း ပညာရေးမှာသိပ်အလေးမပေးကြချေ။

 

 

ဂျူနီယာအထက်တန်းကနေ ဘွဲ့ရပြီးတဲ့လူတွေကို " မြင့်မြင့်အောင်မြင်တဲ့ ကျောင်းသား‌တွေ" လို့ ယူဆသည်။

 

 

" ကောင်းပြီ မင်းတို့အားလုံးက အမျိုးသမီးပြည်သူစစ်အဖွဲ့က ထင်တယ် "

 

 

အမျိုးသမီးပြည်သူစစ်က အမျိုးသမီးတွေက ကျွန်းပေါ်မှာနေတဲ့ အမျိုးသမီး ၉၀ရာခိုင်နှုန်းကို ထည့်တွက်တယ်လို့ မစ်ဟုန်က ပြောဖူးသည်။ အရမ်းမြင့်တဲ့ အချိုးအစားပဲ။ အခြေခံအားဖြင့်၊ အသက် ၁၆နှစ် ပြည့်တဲ့သူတိုင်း ပြည်သူစစ်တပ်ကို ဝင်ရောက်နိုင်သည်။

 

 

ကျန်တဲ့ ၁၀ရာခိုင်နှုန်း သာမန်ကျွန်းသားတွေက အသက်ကြီးပြီး၊ အားနည်းကာ၊ နေမကောင်းဖြစ်ပြီး ဂရုစိုက်မှု လိုအပ်တဲ့လူတွေပဲဖြစ်သည်။