အပိုင်း ၁၉
Viewers 2k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၁၉

 

 

 

 

 

မေ့မေ့က မချင့်မရဲနဲ့ နှုတ်ခမ်းစူလိုက်ကာ ပြောခဲ့သည်။"သမီး တကယ်ဖြစ်ချင်တာ"

 

 

နေ‌ကြာပန်းလေးက စိတ်လှုပ်ရှားစွာနဲ့အော်ပြောလာသည်။ "သမီးလည်း နောက်နှစ် ဆယ့်ခြောက်နှစ်ပြည့်ရင် သမီးလည်း တစ်ယောက်ဖြစ်လာမှာ!"

 

 

သူတို့နှစ်ယောက် နောက်မှာရပ်နေတဲ့ ရှက်တတ်တဲ့ ကောင်မလေးက လီအာ့ပေဖြစ်သည်။ သူမစကားပြောရင် နည်းနည်း ကလူ၏ သို့မြှူ၏သို့ ဖြစ်သည်။ သူမပုံစံက မုန့်ယန်ကို တွေ့ချင်ပေမယ့် သူမကိုကြည့်ဖို့ အရမ်းရှက်နေသည်။ သူမက တီးတိုးရွတ်လိုက်သည်။

 

 

 " သမီးကတော့ မဖြစ်ချင်ဘူး၊ အိမ်မှာပဲ အလုပ်လုပ်ချင်တာ "

 

 

ကလေးတွေက မုန့်ယန်ကို မစ်ဟုန်ရဲ့ ခြံထဲကနေ ခေါ်ထုတ်သွားသည်။ ရှီဒန်လည်း မုန့်ယန်ရဲ့လက်ကို ကိုင်ထားရင်း လိုက်သွားသည်။

 

 

ဖြတ်သွားတဲ့လူတွေက သူ့ကို စပ်စုသလို ကြည့်လိုက်ပြီး ဒီကောင်လေး ရှီဒန်က ကံအရမ်းကောင်းတယ်လို့ တွေးသွားကြသည်။ ပြီးတော့ သူမကလည်း ဦးစီးအရာရှိရဲ့ အရမ်းလှတဲ့ လက်တွဲဖော်ဖြစ်သည်။

 

 

"ဦးစီးအရာရှိက အခု စစ်တပ်ထဲမှာ။ သူ့ကိုအရင်ဆုံးသွားကြည့်ချင်လား?"

 

 

" သူ့ကို သွားကြည့်ပြီး ဘာလုပ်ရမှာလဲ?" မုန့်ယန်က ရီလိုက်သည်။

 

 

မေ့မေ့က ပြုံးပြီးမေးလိုက်သည်။ " သူကအစ်မရဲ့ လက်တွဲဖော်လေ။ အစ်မ သူ့ကို သွားမကြည့်ချင်ဘူးလား?"

 

 

ကလေးမလေးတချို့ရဲ့ မျက်လုံးတွေထဲမှာ ရယ်မြူးရိပ်တွေသန်းသွားသည်။

 

 

မုန့်ယန်က ရှက်သွားပြီး နင်တို့ကောင်မလေးတွေက အရမ်းအတင်းပြောကြတာဘဲလို့ တိတ်တိတ်လေးပြောလိုက်သည်။ "အစ်မတော့ မထင်ပါဘူး"

 

 

ကျန်းရှောက်ယွီနဲ့ ယှဉ်လိုက်ရင် သူမကတော့ ကျွန်းပေါ်က ရှုခင်းတွေကို ပိုစိတ်ဝင်စားသည်။

 

 

ယောက်ျားတွေ ရက်အနည်းငယ်‌လောက် အချိန်ဖြုန်းတာက ကိစ္စမရှိဘူး။

 

 

‌" ကောင်းပြီ၊ ဒါဆို အစ်မကို ကမ်းခြေဘက် အရင်ခေါ်သွားမယ်။ ပြီးတော့ နေမြင့်လာလို့ရှိရင် သစ်တောထဲသွားကြမယ် "

 

 

" ဟုတ်ပါပြီ "

 

 

ဖေ့လန်ကျွန်းက တစ်နှစ်လုံးမှာ ရာသီဥတုလေး ဥတုကွဲပြားသည်။ မေလက နွေဦးနဲ့ နွေရာသီကြားဖြစ်သည်။မနက်ဘက် အပူချိန်က ပူပြီး နေ့လယ်ပိုင်းမှာ ပိုပူသည်။ ကြီးမားတဲ့ အပူချိန်ကွာဟချက်နဲ့ စိုစွတ်မှု မြင့်မားသည်။

 

 

ကမ်းခြေမှာ ပတ်ပြီးတဲ့နောက် ကောင်မလေးတွေက မုန့်ယန်ကို သစ်တောထဲမှာ လမ်းလျှောက်ဖို့ ခေါ်သွားသည်။‌ပြီးတော့ နောက်ဆုံး သူတို့ တောင်ကုန်းလေးပေါ် တက်သွားတဲ့အချိန် မုန့်ယန်က ကလေးတစ်အုပ်နောက်ကို လိုက်ပြီး နေပြီဖြစ်သည်။

 

 

ရထားတွဲတွေလိုမျိုး၊ သူမက မီးရထားစက်ခေါင်းဖြစ်ပြီးတော့ ကားအသေးလေးတစ်ခုကနေ နောက်တစ်ခုနောက်ကို လိုက်နေရသည်။

 

 

တောထဲက‌နေမှ တောင်ပေါ်ဖြတ်လမ်းက‌နေသွားလိုက်ရင် စစ်တပ်ဝင်းထဲ ရောက်သွားပြီးတော့ စစ်တပ်ထဲ သွားလို့ရသည်။

 

 

စစ်တပ်ဝင်းမှာ အရမ်းအသက်ဝင်နေသည်။ စစ်သားတွေအားလုံးက လက်ထဲမှာ သေနတ်တွေနဲ့ လေ့ကျင့်နေကြသည်။ သူတို့ရဲ့ကိုယ်နေဟန်ထားတွေက ခံ့ထည်နေကာ နေရောင်ကလည်း ငွားငွားစွင့်စွင့်သာနေကာ သူတို့ကိုကြည့်ရတာ အရမ်းကြီးကျယ် ခမ်းနားလှသည်။

 

 

သူမ စစ်တပ်ဂိတ်ကို ရောက်တဲ့အခါ ကျိုးရှောင်မေ့က ထပ်မလျှောက်တော့ပေ။ သူမက ပုခုံးပေါ်မှာ လှံတစ်ချောင်းနဲ့ အမျိုးသမီးစစ်သားကို ပြင်းပြင်းထန်ထန်စိုက်ကြည့်နေပြီး သူမစပြီးနားတော့မှာကို တွေ့လိုက်ရသည်။

 

 

" ပင်လယ်ကမ်းခြေကာကွယ်တာကို စောင့်ကြပ်ဖို့ စတီးသေနတ်ကို တင်းတင်းကိုင်ထား။ ရန်သူတွေသာ ကျူးကျော်ဝင်လာရဲရင်၊ သူတို့ကို နဂါးပင်လယ်ဘုရင်နဲ့ တွေ့ဖို့ပြောလိုက် "

 

 

"ဟုတ်ကဲ့ပါ!"

 

 

" ကောင်းတယ်!"

 

 

နားချိန်မှာတော့ အမျိုးသမီးစစ်သားတချို့က ငါးဖမ်းသမားရဲ့သီချင်းကို စဆိုလာကြသည်။ ဆိုနေတာက အရမ်းလှပပြီး သာယာ ကာ အဲ့ဒီအသံက အရင်က အော်ပရာအသံနဲ့ တူလှသည်။

 

 

သီချင်းအဆုံးမှာ လူတိုင်းက အားတက်သရောနဲ့ လက်ခုပ်တီးကြပြီး စင်မြင့်ပေါ်က ကောင်မလေးက ဂုဏ်ယူစွာနဲ့ ဆင်းလာသည်။ သူမကိုကြည့်ရတာ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်လောက်ပဲရှိဦးမည်။

 

 

မေ့မေ့က အဲ့ဒီကောင်မလေးကို အားကျစွာနဲ့ကြည့်နေပြီး သူမဘေးက နေကြာပန်းလေးကတော့ စစ်တပ်ဝင်းထဲက လူတွေနဲ့ သူမ မှတ်မိသည်ဖြစ် မမှတ်မိသည်ဖြစ်စေ မုန့်ယန်ကို အဆုံးမရှိ မိတ်ဆက်ပေးနေသည်။

 

 

" ဒါက လဲ့ထင်၊ ပြီးတော့ သူ့အစ်ကိုက လဲ့ကျန့်ဟိုင်၊ စစ်တပ်ဝင်းထဲမှာတော့ အရဲရင့်ဆုံး စစ်သားပဲ! သူက ယန်ကျန်းကျန်း သမီးတို့ ကျွန်းပေါ်မှာ သီချင်းဆိုအကောင်းဆုံး မိန်းကလေးပဲ။ အဲ့ဒီ...အဲ့ဒီတစ်ယောက် ကြည့်ကြည့် "

 

 

သူမက စစ်တပ်ဝင်းကို ခြင်းတောင်းတစ်ခုနဲ့ ဖြတ်လာတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ညှိုးထိုးပြကာ ပြောခဲ့သည်။

 

 

" သူက ချိုးဟွေ့ယင်းဘဲ။ သူမကို တည်ငြိမ်ပြီးတော့ တိတ်ဆိတ်တယ်လို့ မကြည့်နဲ့။ သူ့အဖေက ရှေးလူ့အဖွဲ့အစည်းထဲမှာ အဆိုးဆုံး ငါးဖမ်းသမားဘဲ။ သူ့ကိုတွေ့တဲ့အခါတိုင်း သူ့ကို ရှောင်သွားတာ အကောင်းဆုံးဘဲ။ သူမကိုအာရုံမစိုက်နဲ့! သူမနဲ့ ငြိမိရင် တကယ် ကံဆိုးတာဘဲ!"

 

 

" ငါးဖမ်းဆရာကြီး ဆိုတာဘာလဲ?" မုန့်ယန်က ဒီနာမည်ကို ပထမဆုံးကြားဖူးတာပင်။

 

 

" ငါဖမ်းသမား ပိုင်ရှင်က ကောင်းတယ် ဒါပေမယ့် သူ့အဖေကတော့ မကောင်းတဲ့ ငါးဖမ်းသမားပိုင်ရှင်ပဲ။ အဲ့ဒါကြောင့် သမီးတို့က သူ့ကို ယုပါ့ လို့ခေါ်တာ။ အစ်မတို့မြို့မှာတော့ မြေပိုင်ရှင်နဲ့ဆင်ပေမယ့် သူကတော့မကောင်းဘူး။ လွတ်လပ်ရေးမရခင်က သူက သမီးတို့ကျွန်းမှာ ဒေါသတကြီး လျှောက်ယမ်းနေပြီးတော့ ငါးဖမ်းသမားတွေကိုလည်း အနိုင်ကျင့်ခဲ့တယ်။ ချင်းဟူရဲ့အဖေက သူ မသေခင် မသန်စွမ်းဖြစ်သွားပြီးတော့ ဒီငါးဖမ်းသမားဆီကနေ သတ်ခံလိုက်ရတာလေ!"

 

 

အာ့ပေက ရုတ်တရက် ကြားဖြတ်ပြီး စကားနှစ်ခွန်းပြောလာသည်။ " ကိုယ့်ကျင့်သိက္ခာမရှိဘူး၊ လောင်းကစားလည်းလုပ်တယ်၊ သောက်စားတယ်၊ အကုန်လုံးရဲ့ နတ်ဆိုးဘဲ "

 

 

ဟုတ်တာပေါ့ ဒါတွေက လွတ်လပ်ရေး မရခင်ကဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ကလေးတွေကလည်း သူတို့အမေရဲ့ဗိုက်ထဲမှာတောင် မရှိသေးပေ။ သူတို့က အဲ့ဒါကို သူတို့ကြီးမှ သိရတာဖြစ်ပြီး မိသားစုက အကြီးတွေက အဲ့ဒီအကြာင်း ပြောကြလို့ ကြားရတာဖြစ်သည်။

 

 

" ဟုတ်တယ် " နေကြာပန်းလေးက သူ့ပါးစပ်ကို တိတ်တိတ်လေးကာလိုက်ပြီး ပြုံးလိုက်ကာ ပြောခဲ့သည်။

 

 

 " သူ့အဖေရဲ့ နာမည်ပြောင်ကို ပြောပြပါရစေဦး။ ငါးဖမ်းသမားတွေရဲ့သွေးတွေကို စုတ်တဲ့ ကမျဉ်း‌နီကောင်ချိုး လို့ခေါ်တယ်။ မကြာခင်မှာဘဲ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က သမီးတို့ ကျွန်းကို လွတ်လပ်ရေး ပေးလိုက်ပြီး ကမျဉ်းနီကောင်ချိုးကလည်း ဆက်ပြီး စိတ်ကြီး မဝင်ရဲတော့ဘူး‌လေ။ ပြီးတော့ အရမ်းနံတဲ့ ရောဂါဖြစ်သွားတယ်။ သူ့ရဲ့တစ်ကိုယ်လုံးက ပုတ်စော်နံလာပြီး နှစ်အနည်းငယ်အတွင်းမှာဘဲ သူသေသွားတယ်! "

 

 

အာ့ပေက " အဲ့ဒါကြောင့် သူ့သမီးကလည်း သေချာပေါက်ကို ကောင်းတဲ့လူမဟုတ်ဘူး သူလည်း အနာဂတ်မှာ ဒဏ်ခတ်ခံရလိမ့်မယ် "

 

 

" သူကလည်း မကောင်းတဲ့လူဘဲလား?" မုန့်ယန် မေးလိုက်တယ်။

 

 

အမျိုးသမီးက အရပ်အတော်ရှည်ကာ ၁.၆၅မီတာကျော်လောက်မြင့်ပြီး တောင်ပိုင်းအမျိုးသမီးတွေကြားထဲမှာ အရမ်း ထင်ရှားနေသည်။

 

 

ဒါပေမယ့် သူမက အရမ်းပိန်ပါးပြီး အဝါရောင်ဖြစ်တဲ့အထိလျှော်ထားတဲ့ အဖြူရောင် ရှပ်အင်္ကျီက အရမ်းဗလာဖြစ်နေပြီး အရေပြားတွေကလည်း အရိုးကိုမဖုံးနိုင်ချေ။ မုန့်ယန်က သူမရဲ့ ဘေးတိုက်မျက်နှာကို ရေးရေးလေးဘဲမြင်နေရပြီး သူမကိုကြည့်ရတာ သိပ်မငယ်တော့ပေ။

 

 

" ကောင်းပြီ...အဲ့ဒါက အမှန်မဟုတ်ဘူး၊ ဒါပေမယ့် ပေါင်ပုချီက သိပ်မကြာခင် အဆိုးပြောင်းလာလိမ့်မယ်။ နဂါးတွေက နဂါးတွေနဲ့ ဖီးနစ်တွေမွေးပြီး ကြွက်တစ်‌ကောင်ရဲ့သားက အပေါက်တွေဘဲ ဖောက်နိုင်လိမ့်မယ် "

 

 

မုန့်ယန်က လေးလေးနက်နက်နဲ့ ခေါင်းညိတ်လိုက်ပြီး ရေအပြည့်နဲ့ ပုံးနှစ်ပုံးကို အဝေးသယ်သွားတဲ့ အမျိုးသမီးကိုဘဲ ဆက်ကြည့်နေသည်။ ချည်ပုံးသယ်ရသလိုမျိုး လွယ်လွယ်ကူကူနဲ့ သူမ ခြေလှမ်းတွေက တည်ငြိမ်နေသည်။

 

 

စစ်တပ်ဝင်းကနေ ထွက်လာတဲ့အချိန် ချင်းဟူကို ကြည့်တာလား အမျိုးသမီးစစ်သားတွေကို ကြည့်တာလား မသိနိုင်စွာနဲ့ မေ့မေ့က သူမခေါင်းကို သုံးခါလောက် လှည့်လိုက်သည်။

 

 

" သွားကြရအောင်၊ အစ်မအတွက် အဆင့်တွေ မကောင်းတဲ့ လူတချို့ကိုရှာပေးမယ်။ အဲ့ဒါမှ အနာဂတ်မှာ သူတို့ဆုံရင် မသိရအောင်လို့ "

 

 

မုန့်ယန်က ပြုံးလိုက်ပြီး သူမကို တစ်ခုခုမေးဖို့ဘဲ ရှိသေးတယ် အဖြူရောင် ယူနီဖောင်းတွေနဲ့ ဦးဆောင်လာတဲ့ စစ်သားအုပ်ကြီးကို နေကြာပန်းလေးက ပြခဲ့သည်။

 

 

" ကြည့် ဦးစီးအရာရှိကျန်းက အဲ့မှာဘဲ!"

 

 

မုန့်ယန် ခေါင်းလှည့်လိုက်တော့ ယူနီဖောင်းတွေနဲ့ စစ်တပ်အုပ်ထဲကနေ သူ့ကို ချက်ချင်း တွေ့လိုက်ရသည်။ ၁.၈၈မီတာမြင့်တဲ့ အမျိုးသားက လူအုပ်ကြားထဲမှာ ထင်ပေါ်နေသည်။

 

 

သူက မနေ့ကတည်းက ဝတ်ထားတဲ့ ဖြောင့်တန်းနေတဲ့ အဖြူရောင် ယူနီဖောင်းကို ဝတ်ထားတုန်းပင်။ သူ့ကိုကြည့်ရတာ လေ့ကျင့်ရေးက အခုပြီးလာတာဖြစ်မည်။ သူကညခေါင်းကနေ စစ်တပ်ဦးထုပ်ကို ချွတ်လိုက်သည်။

 

 

 သူ့ရဲ့အနက်ရောင်ဆံပင်တွေက ချွေးတွေနဲ့ ရွဲနေပြီး ကြည့်ရတာ နည်းနည်းရှုပ်ပွနေသည်။ ဒါပေမယ့် သူ့ရဲ့ကြည့်ကောင်းမှုကြောင့် သူ့ကိုကြည့်ရတာ ဆွဲဆောင်မှုရှိနေသည်။

 

 

နေကြာပန်းလေးက သူ့ကိုပြလိုက်တဲ့အချိန် ကျန်းရှောက်ယွီကလည်း မုန့်ယန်ရဲ့အကြည့်ကို ဖမ်းမိလိုက်သည်။

 

 

တစ်ခဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာ နောက်ဆုံးတော့ သူလာ လှမ်းလာသည်။

 

 

ဒီမှာလည်း၊ ဘာမှမသိကြတဲ့ နေကြာပန်းလေးနဲ့ ကလေးတွေက မုန့်ယန်ကို အရှေ့ပြေးသွားဖို့ တိုက်တွန်းနေကြသည်။

 

 

" ရဲဘော်ကျန်း..."

 

 

တစ်ခဏလောက် သူ့ကို ဦးစီးအရာရှိ ကျန်းလား၊ ရဲဘော်ကျန်းလား ဒါမှမဟုတ် သူ့နာမည်ခေါ်ရမလားဆိုတာ သူမ တွေးနေရသည်။ သူမ စိတ်ထဲမှာ အတော်ကြာ အခက်ကြုံနေရပြီးမှ သူမ ပါးစပ်ဖွင့်လိုက်တော့ ရဲဘော် ဆိုတာ အော်တိုပြောင်းသွားသည်။

 

 

ကျန်းရှောက်ယွီ - " မင်းက ဒီမှာပဲ "

 

 

မုန့်ယန် - " ဟုတ်တယ် "

 

 

နှစ်ယောက်သားက မျက်နှာချင်းဆိုင် ရပ်နေကြ‌ပြီး ကြားထဲမှာ နောက်ထပ် လူနှစ်ယောက်စာလောက် ခြား‌နေပေမယ့် တခြားအကြောင်းကြောင့် သူ့အရှေ့ကအမျိုးသမီး‌ဆီက အနံ့ရနေပြီး သူမဆံပင်ဆီက မွှေးရနံ့က သူ့နှာခေါင်းမှာ တရစ်ဝဲဝဲရှိနေသည်။

 

 

" အမ်..ရှင် လေ့ကျင့်ရေး ဆင်းနေတာလား?"

 

 

သူ့အနောက်မှာတော့၊ စစ်သားငယ်လေးတွေ တစ်ဖွဲ့ကြီးက မုန့်ယန်ကို မျက်တောင်မခတ်ဘဲ ငေးစိုက်ကြည့်နေကြသည်။

 

 

ယန်လျှိုမှာက သွယ်လျတဲ့ ခါး၊ လှပတဲ့မျက်ခုံးလေးနဲ့ မျက်လုံးလှလှလေးတွေရှိပြီး သူမ လမ်းလျှောက်တဲ့အခါ သူမရဲ့ အနက်ရောင်ပြောင်လပ်နေတဲ့ ကျစ်ဆံမြှီးနှစ်ခုက လိမ်ယှက်‌နေပြီး အမျိုးသားတွေကို ကြောက်လန့်သွားစေသည်။

 

 

မင်သက်နေရင်း၊ သူသာ မြေခွေးသားရဲတွင်းထဲကို လျှောက်သွားရင်တော့ အရသာရှိတဲ့ အဆီတုံးပဲလို့ သူမခံစားလိုက်ရသည်။ ကျန်းရှောက်ယွီသာ သူမအရှေ့မှာ ရပ်မနေဘူးဆိုရင် သူမအ‌ဝေကိုပြေးမိမှာဘဲ။

 

 

သူ့မျက်နှာမှာ စိတ်မပါတဲ့ အမူအရာနဲ့ သူမကိုကြည့်လိုက်ပြီး ပြောခဲ့သည်။ " ဟုတ်တယ် "

 

 

" ဒါဆို ကျွန်မ ရှင့်ကို နှောင့်ယှက်မိသွားလား?" မုန့်ယန် အနောက်ကို ခြေလှမ်းတစ်ဝက်လောက် ဆုတ်သွားပြီး အဝေးကို သွားဖို့ မေ့မေ့ကို လှမ်းဆွဲလိုက်သည်။

 

 

မေ့မေ့က လူကိုနောက်ပြန်ဆွဲလိုက်ပြီး အပြုံးနဲ့ " အစ်မ မုန့်ယန် သူတို့ကိုကြည့်ရတာ နားနေတာထင်တယ်။ သူတို့လေ့ကျင့်ရေးစမှ ထွက်သွားကြမယ် "

 

 

" အိုး..."