အပိုင်း ၂၀
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၂၀

 

 

 

 

 

မနေ့က သူတို့ဆုံကြတုန်းက အခန်းထဲက အလင်းရောင်ကမကောင်းနေပေ။ အခုနေရောင်ထဲမှာ ရပ်နေတော့၊ ကျန်းရှောက်ယွီက သူ့ရဲ့လက်ရှိအသက်ထက် ပိုငယ်ပြီး သူ့မျက်နှာပေါ်မှာ အသက်‌တွေရဲ့အစွန်းအစ လက္ခဏာတွေတောင် မကျန်ခဲ့ပေ။

 

 

သူက နှစ်ဆယ့်ခြောက်နှစ်ရှိနေပြီး သူ့ကိုကြည့်ရတာ နှစ်ဆယ် အစောပိုင်းလောက်ကနဲ့ တူသည်။ တစ်နှစ်ပတ်လုံး လေနဲ့ နေကြောင့် သူ့အသားအရေက သိပ်မဖြူဘဲ ဂျုံရောင်လို အသားအ‌ရောင်ရှိသည်။

 

 

သို့ပေမယ့်လည်း ခရမ်းလွန်ရောင်ခြည်က သူ့ကိုအရွယ်မကျစေဘဲ သူ့အသားအရေက နူးညံ့ပြီးတော့ အပြစ်အနာ အဆာကင်းနေသည်။ ဘုရားသခင်က အရမ်းဘက်လိုက်တယ်လို့ဘဲ ငါပြောချင်တယ်။

 

 

သူမ သူ့ကိုကြည့်နေတဲ့အချိန် သူက ရုတ်တရက် မေးလာသည်။ " မနေ့ညက အိပ်ရတာဘယ်လိုလဲ"

 

 

မုန့်ယန်ခဏလောက် ရပ်သွားပြီး ဒီအမျိုးသားရဲ့ စကားတွေက နည်းနည်း နူးညံ့လာတယ်လို့ သူမ ထင်လိုက်သည်။

 

 

" ကောင်းပါတယ်၊ မြို့ကအိပ်ယာထက် ပိုသက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်။ ဒီက အိပ်ရာ‌တွေကို အုန်းပင်‌တွေနဲ့ လုပ်တာလား?"

 

 

ကျွန်းပေါ်မှာ ပစ္စည်းများများမရှိပေမယ့် အုန်းပင်တွေကတော့ ပေါသည်။ ပထဝီဝင်ဆိုင်ရာ တည်နေရာနဲ့ ရာသီဥတုကြောင့် အုန်းပင်တွေမှာအမျှင်တွေပေါများသည်။

 

 

အန်တီဟုန်ရဲ့ အိပ်ယာမှာ အုန်းလက်တွေနဲ့ပြည့်နေပြီး နူးညံ့တဲ့ ချည်ထည်အလွှာကို အဲ့ဒီပေါ်မှာခင်းထားသည်။ကျုံ့နိုင်ဆန့်နိုင်စွမ်းက ကောင်းပြီးတော့ မြို့မှာ သူမအိပ်ခဲ့တဲ့ အိပ်ယာထက်ကို ပိုသက်တောင့်သက်သာရှိသည်။

 

 

ကျန်းရှောက်ယွီက သူ့မျက်ခုံးကို နည်းနည်းပင့်လိုက်ပြီး ​မေးခဲ့သည်။  " အုန်းပင်နဲ့လုပ်ထားတဲ့ အိပ်ယာက မင်းတို့မြို့က ချည်ထည်အိပ်ယာမှာ အိပ်ရတာလောက် သက်တောင့်သက်သာ မရှိဘူးမဟုတ်လား?"

 

 

မုန့်ယန်ရယ်လိုက်ပြီး သူမရဲ့ကြည်လင်အသံမှာ စနောက်ရိပ်တွေနဲ့ပင်။  " ကျွန်မလည်း ထင်တယ်၊ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားတယ်ထင်တာဘဲ။ ကြည့်ရတာ ကျွန်မက အုန်းပင်နဲ့လုပ်ထားတဲ့ အိပ်ယာပေါ်မှာ အိပ်ဖို့ သင့်တော်လို့ထင်ပါရဲ့ ဒါမှမဟုတ်.....ရှင်ပေးထားတဲ့ အိပ်ယာလွှမ်းက သက်တောင့်သက်သာရှိလို့လည်းဖြစ်မှာပေါ့ "

 

 

ပြောပြီးတဲ့နောက် အမျိုးသားရဲပါးနှစ်ဖက်က ပုံမှန်မဟုတ်စွာနဲ့ နီရဲသွားသည်။

 

 

မုန့်ယန် သူမရဲ့ ဟ-ဆိုတဲ့ရယ်သံကို ပြန်ထိန်းလိုက်သည် သူက အရမ်းရိုးသားတာပဲ။

 

 

စစ်ခရာသံ မပေါ်လာခင်အထိ နှစ်ယောက်သားက ရောက်တတ်ရာရာ စကားနည်းနည်းလောက် ဆက်ပြောနေကြသည်။---

 

 

" စုမယ်!"

 

 

ကျန်းရှောက်ယွီ မသိစိတ်ရဲ့ စေ့ဆော်မှုအရ နောက်လှည့်လိုက်တော့ စစ်သားလေးတွေက သူတို့ရဲ့ ခေါင်းကိုပြိုင်တူလှည့်လိုက်ကြပြီး အခုလေးတင်ဘဲ သူတို့က မုန့်ယန်ကို မကြည့်နေသလိုမျိုး ဟန်ဆောင်လိုက်သည်။

 

 

သူခေါင်းပြန်လှည့်လိုက်ပြီး မုန့်ယန်ကို တစ်ခုခုပြောချင်နေသလိုမျိုး ငုံကြည့်လိုက်ပေမယ့် မုန့်ယန်ကသူ့ကို လက်ရမ်းပြလိုက်တာပဲ မြင်လိုက်ရသည်။

 

 

 " နှုတ်ဆက်ပါတယ်၊ ရှင် အလုပ် အရင်သွားလိုက်ပါ "

 

 

ကျန်းရှောက်ယွီက ခပ်ရေးရေးပြုံးလိုက်ပြီး သူမက အရမ်း ယဉ်ကျေးတယ်လို့ တွေးလိုက်သည်။

 

 

မုန့်ယန်လှည့်လိုက်ပြီး ကျန်းရှောက်ယွီထက် အရင်ထွက်သွားလိုက်တော့ သူမနောက်က ပူလောင်နေတဲ့အကြည့်ကို သတိမထားမိလိုက်ပေ။

 

 

" ဦးစီးအရာရှိကျန်း၊ မင်းတော့ ကုစားခံလိုက်ရပြီ "

 

 

ရောက်လာတဲ့လူက အခုလေးတင်ဘဲ လင်းပိုင်ကျွန်းအလုပ်ခရီးကနေ ပြန်ရောက်လာတဲ့ နိုင်ငံရေးကော်မတီအရာရှိယန်ပဲဖြစ်သည်။

 

 

"နိုင်ငံရေး ကော်မတီအရာရှိ "

 

 

နိုင်ငံရေး ကော်မတီအရာရှိယန်က သုံးရက်ပဲ ထွက်သွားတာဖြစ်ပြီး သူပြန်ရောက်ရောက်ချင်းဘဲ ကျန်းရှောက်ယွီမှာ ကောင်မလေးရှိ‌​နေပြီလို့ ကြားလိုက်ရသည်။

 

 

 ကောင်မလေးက မြောက်ပိုင်းကနေ ဖေ့လန်ကျွန်းဆီ တစ်လမ်းလုံး လက်ထပ်ဖို့ အပြေးအလွှားလာခဲ့တာတဲ့။

 

 

" ငါကြားခဲ့တာတော့ အကြီးအကဲကျန်းက မင်းအတွက် မိန်းမတစ်ယောက် ရွေးပေးခဲ့တယ်ဆို? အဲ့ဒါ ခုတုန်းက မိန်းကလေးလား? "

 

 

အဆုံးမှာတော့ ကျန်းရှောက်ယွီက မုန့်ယန် ထွက်သွားတဲ့နေရာ တည့်တည့်ကိုပဲ ကြည့်နေခဲ့သည်။ အဲ့ဒီမှာ လေတောင် မရှိတော့ပေမယ့် ဒီနေ့ သူမပေါ်လာတာက သူ့စိတ်ထဲမှာတော့ အမြဲတမ်း ရှင်းရှင်းလင်းလင်းပေါ်နေသည်။

 

 

သူမအသားအရေက နှင်းလိုဖြူနေကာ သူမရဲ့ ဆံပင်က နက်မှောင်နေပြီး နေရောင်လင်းလာတဲ့အခါမှာ လူတွေကအလိုလိုပဲ ခံစားမိကြသည်။

 

 

ကြည့်ချင်စဖွယ်ကောင်းတဲ့ မျက်ခုံးနဲ့မျက်လုံးလေးတွေ၊ အထူးသဖြင့် သူမပြုံးလိုက်တဲ့အခါဆိုရင် လူတွေရဲ့ ဝိဉာဉ်ကို အဝေး ဆွဲထုတ်သွားနိုင်သည်။

 

 

" ဘာမိန်းမလဲ? မင်းမှာ ဇာတာမရှိဘူး။ ငါ့ကို လာစမနေနဲ့" သူ ဒါကိုငြင်းလိုက်တဲ့အခါ သူ့ပါးစပ်တွေက ခပ်မြင့်မြင့် မြင့်တက်သွားသည်။

 

 

" ဒီကောင် " အကြည့်တစ်ချက်ထဲနဲ့ ဒီကောင်‌ ဘာတွေးနေလဲဆိုတာကော်မတီအရာရှိယန်က သဘောပေါက်သွားပြီး ရယ်လိုက်သည်။

 

 

 " ငါရောက်လာတော့ နောက်ကျောလေးပဲ မြင်လိုက်ရတာ။ ဘယ်လိုလဲ? မင်း မိန်းကလေးတွေကို ကြိုက်တုန်းပဲလား?"

 

 

တစ်ခုခုပြောဖို့ ကျန်းရှောက်ယွီ အချိန်မရလိုက်ခင် ကျိုးပိုင်ထောင်က စိတ်လှုပ်ရှားစွာနဲ့ပြန်ဖြေခဲ့သည်။

 

 

 " အရမ်းချောတာ၊ သူမက အရမ်းချောတာ! နိုင်ငံရေးကော်မတီအရာရှိယန် ကျွန်တော့်မရီးက အရမ်းချောတာ! ကျွန်တော့်မှာ ပြောဖို့ဘာမှကိုမရှိဘူး။ မတွေ့ခင်တုန်းက၊ ဟူကျီနဲ့ အဲ့ဒီကလေးဆိုးလေးတွေက သူ့ကိုနတ်သမီးလေးလို့ ခေါ်ကြတာလေ! သူမက အရမ်း ဆွဲဆောင်မှုရှိတာ!"

 

 

" နတ်သမီးလေး? မင်းကတော့ အရမ်းကံကောင်းနေတာပဲ " နိုင်ငံရေးကော်မတီအရာရှိယန်ရဲ့ စပ်စုချင်စိတ်တွေက ပေါ်ထွက်လာသည်။ ဘယ်လိုမျိုး ကောင်မလေးကို နတ်သမီးလို့ ခေါ်တာများလဲ?

 

 

ပြောပြီးတဲ့နောက်မှာ သူက သက်ပြင်းဖြည်းဖြည်းချလိုက်သည်။

 

 

" နတ်သမီးဆိုတော့ကောင်းတာပေါ့၊ ငါတို့ ရှောင်ကျန်းကလည်း ဖန်အန်းထက်တောင် ကြည့်ကောင်းတာ ဒီတော့ သူက နတ်သမီးလေးနဲ့တွဲဖက်သင့်တာပေါ့!"

 

 

နောက်တော့ လူတိုင်းက အော်ဟစ်လာကြသည်။ " ဟုတ်တယ်! နတ်သမီးလေးပဲ ဖြစ်သင့်တယ်!"

 

 

အမျိုးသားတွေရဲ့ အသံက ကျယ်လောင်နေပြီး သူတို့ရဲ့ ခပ်ကျယ်ကျယ်နဲ့ ပီသနေတဲ့အသံက တောင်အနှံ့အထိတ်တလန့်နဲ့ ပြန့်ကျဲထွက်သွားပြီး ဇင်ရော်တွေက အထိတ်တလန့် ပျံပြေးသွားကြသည်။

 

 

အချိန်ခဏလောက် ရယ်ပြီး‌တဲ့နောက်မှာ နိုင်ငံရေးကော်မတီအရာရှိယန်က လူတိုင်းကို ရပ်ဖို့ အချက်ပြလိုက်သည်။

 

 

 " ‌ရှောက်ယု ငါတို့စစ်တပ်ရဲ့ စစ်မှုထမ်းတဲ့ပုံစံမှာ အမြဲတမ်း မှန်ကန်ဖို့ တောင်းဆိုနေတာဘဲ။ ကောင်မလေးက မင်းကို ရှာဖို့ လမ်းတစ်လျှောက်လုံး ကျွန်း‌ကိုရောက်လာတာ။ မင်းတို့နှစ်ယောက်က ဒီလို ဆက်ဆံရေးကောင်းကောင်းမရှိဘူးလို့ မင်းပြောရင် မင်းဘာဆက်လုပ်မှာလဲ? ဘယ်လို အစွမ်းအစနဲ့ မင်း ဒီကောင်မလေးနဲ့ အဆင်ပြေမှာလဲ?"

 

 

ကျန်းရှောက်ယွီရဲ့ ပုံစံက ချက်ချင်း အလေးအနက်ဖြစ်သွားပြီး သူ့အန္ဓာကိုယ်က တည့်တည့် ‌မတ်သွားကာ ပြောခဲ့သည်။

 

 

 " နိုင်ငံရေးကော်မတီအရာရှိ ငါတို့ ကျွန်းရဲ့ပတ်ဝန်းကျင်ကို မင်းလည်းသိမယ်လို့ ငါထင်တယ်။ ကောင်မလေးက ငါ့အဖေစကားကြားပြီးတော့ ရောက်လာတာ။ ငါတို့ကျွန်းက ဘာအခြေအနေလဲ? ငါအတိအကျနားမလည်ဘူး။ အဲ့ဒါကြောင့် မစ်ဟုန်ရဲ့အိမ်မှာ သူ့ကိုခဏနေဖို့ပြောခဲ့တာ ပြီးတော့ ကျွန်းပေါ်က ပတ်ဝန်းကျင်မှာ သူမအသားကျသွားရင်တော့ ငါတို့အဲ့ဒီအကြောင်း ပြောလို့ရပါပြီ။ သူမသာ ကျင့်သားမရရင်တော့ ငါ သူမကို လုံးလုံးပြန်ပို့ပေးမှာ "

 

 

နိုင်ငံရေးကော်မတီအရာရှိယန်က သဘောတူစွာနဲ့ ခေါင်းညိတ်လိုက်သည်။ " ဟုတ်တယ်၊ မင်း စတဲ့အချက်ကတော့ ကောင်းတယ်၊ ပြောချင်တာက ကောင်မလေးရဲ့ အပြင်က သတင်းတွေကိုလည်း မင်း အာရုံစိုက်သင့်တယ် "

 

 

ခဏရပ်ပြီးနောက် ကျန်းရှောက်ယွီက အလေးအနက်နဲ့ ခေါင်းညိတ်လိုက်သည်။ " ဟုတ်တယ်၊ ငါနားလည်ပြီ "

 

 

" သဘောပေါက်စမ်းပါ " သူ့ပုခုံးပေါ်ကို ပုတ်လိုက်သည်။

 

 

" ငါ မင်းရဲ့အပြုအမူကြောင့် အရမ်း စိတ်သက်သာရာရတယ်"

 

 

ကျန်းရှောက်ယွီက သူ့နှုတ်ခမ်းထောင့်ကို တွန့်လိုက်သည်။ " အဟမ်း- ကောင်းပြီ သူတို့အားလုံး ဒီမှာရှိနေတာ!အာရုံစိုက်ပြီးရပ်ကြ!"

 

 

ရော့တိရော့ရဲ ဖြစ်နေကြတဲ့ အဖွဲ့က အခုတော့ တိုက်ခိုက်ဖို့အသင့်ဖြစ်နေကြပြီ။

 

 

" အခုတစ်လော မိုးခေါင်နေတာ၊ ဒီနေ့ မလေ့ကျင့်ကြနဲ့တော့။ ရေသယ်ဖို့ တောင်ကိုပြန်သွားကြ!"

 

 

"ဟုတ်ကဲ့ပါ!"

 

................

 

 

၁၉၆၈ခုနှစ်မှာ ဖေ့လန်ကျွန်းမှာ ရေလှောင်တမံတစ်ခု ဆောက်လုပ်ခဲ့သည်။ ပင်းရှစ် မြို့စောင့်တပ်ကနေ ရေသန့်တွေကို သင်္ဘောနဲ့သယ်လာပြီး ရေလှောင်တမံထဲထည့်ကာ စစ်သားတွေက နေ့တိုင်း စောင့်ကြပ်ရသည်။သို့ပေမယ့်လည်း အခုလောလောဆယ် ရေလှောင်တမံမှာ ရေခမ်းခြောက်နေပြီး အဲ့ဒီမှာ ခြောက်သွေ့ပြီး ကြီးမားတဲ့ အပေါက်နေရာဖြစ်နေသည်။

 

 

ဖေ့လန်ကျွန်းမှာ မိုးခေါင်တာ သာမရှိရင် ကျွန်းပေါ်က ရေရင်းမြစ်ဟာလည်း စစ်သားနဲ့ အရပ်သားတွေအတွက် လိုအပ်ချက်အဖြစ် တကယ်တွေ့ဆုံနိုင်မည်။ ဒါပေမယ့်လည်း ဒီနှစ်နွေဦးမှာ မိုးခေါင်တာက ရေတွင်းတွေကိုပါ ခမ်းခြောက်သွားစေသည်။

 

 

 ထပ်ပေါင်းပြောရရင် ဖေ့လန်ကျွန်းရဲ့ ကျောက်ဆောင်ကျောက်သား တည်ဆောက်ပုံတွေက တင်းကျပ်မြဲမြံနေကာ ကွာဟချက် နည်းနည်းလေးဘဲရှိပြီး မြေအောက်ရေကလည်း အားမကောင်းတဲ့အတွက် ရေဆွဲရတာ ပိုပြီးခက်ခဲသေးသည်။

 

 

ကံကောင်းစွာနဲ့ဘဲ တောင်ပေါ်မှာ စမ်းရေရှိနေသည်။အရမ်း ခြောက်သွေ့လာမယ်ဆိုရင်တော့ တောင်ပေါ်က စမ်းရေလည်း ရှိတော့မှာမဟုတ်ပေ။ အဲ့ဒီနောက်မှာ ပင်မနယ်မြေ ထောက်ပံ့ပို့ဆောင်ရေး ဌာနက ရေသန့်အပြည့်ကို ကမ်းတက်ရေယာဉ်နဲ့ ပို့ပေးဖို့ လိုအပ်လာလိမ့်မည်ဖြစ်ပြီး အဲ့ဒီနောက် ပိုက်လုံးရှည်တွေသုံးပြီး ရေလှောင်တမံကို ဖြည့်ရလိမ့်မည်။

 

 

အစောင့်စစ်သားတွေကို ခေါင်းဆောင်က ခွဲပေးထားပြီး ရေလှောင်တမံကနေ ရေကို လက်မှတ်နဲ့ ထောက်ပံ့ပေးသည်။ စစ်သားဖြစ်စေ ကျွန်းသူကျွန်းသားတွေဖြစ်စေ အရမ်းအဖိုးတန်တဲ့ဘရေတွေကို အကန့်အသတ်နဲ့ပဲ ရသည်။

 

 

လွန်ခဲ့တဲ့လေးနှစ်တုန်းက နှစ်တစ်နှစ်မှာ ကျန်းရှောက်ယွီက မိုးခေါင်တာကြောင့်မဟုတ်ဘဲ ကျွန်းပေါ်က အလွန်အမင်း ရေရှားပါးမှုကို ဖြတ်သန်းခဲ့ရသည်။ အဲ့ဒီနှစ် ၁၂လရှိတဲ့ အထဲမှာ ခုနစ်လနီးပါးလောက်က မုန်တိုင်းတိုက်ကာ ထောက်ပံ့ရေး သင်္ဘောတွေကလည်း ကျွန်း‌ဆီကို သွားလို့မရနိုင်ခဲ့ပေ။

 

 

 ကျွန်းမှာကလည်း ရေရင်းမြစ် အရမ်းအနည်းငယ်သာရှိတော့သည်။ အဲ့ဒါက နေ့စဉ် သောက်ရေခွဲတမ်းလောက်ဘဲ အာမခံနိုင်ပြီး ဆေးကြောဖို့နဲ့ ရေချိုးဖို့ စတာတွေအတွက် လုံးဝကို မပိုတော့ပေ။ နွေရာသီအပူကို သည်းမခံနိုင်တော့တဲ့အခါ ကျွန်းသားတွေက ပင်လယ်ထဲ ရေချိုးဖို့ သွားရတော့သည်။

 

 

သို့ပေမယ့် ပင်လယ်ရေချိုးပြီးတဲ့နောက်မှာ ဆားကွက်တွေကို ဆေးချဖို့ ရေသန့်မရှိနေချေ။ ခန္ဓာကိုယ်ပေါ်မှာ ကော်ပတ်စက္ကူနဲ့ ဖုံးထားရတဲ့အတွက် တရွှမ်းရွှမ်းအသံတွေက ထွက်နေသည်။

 

 

အကောင်းမြင်ကြတဲ့ ကျွန်းသားတွေက ဒီဆားမှုန့်တွေကို " သဘာဝအလျောက်ချက်ထားတဲ့ ဆားသန့်တွေ" လို့ ဟာသလုပ်ကြသည်။

 

 

အဲ့ဒါကြောင့်၊ ကျွန်း‌ပေါ်က အဲ့ဒီလိုခက်ခဲတဲ့ပတ်ဝန်းကျင်မှာ ကျန်းရှောက်ယွီက မလိုအပ်ဘဲ အကြီးအကျယ် ရေးကြီးခွင်ကျယ် မလုပ်ချင်ပေ။ မုန့်ယန်သာ သူနဲ့လက်ထပ်လိုက်ရင် သူမရဲ့ကျန်ရှိနေတဲ့ တစ်ဘဝလုံး ကျွန်းပေါ်မှာဘဲ အမြစ်ချနေရတော့မှာနဲ့ အတူတူပင်ဖြစ်သည်။ အဲ့ဒါကြောင့် သူမ သေချာဂရုစိုက် စဉ်းစားသင့်သည်။

 

 

"ညီမမုန့်ယန်! ဟေး ဘာလို့ဒီမှာရှိနေတာလဲ!" တစ်ဖက်က ပြည်သူစစ်တပ်ဖွဲ့မှာ မစ်ဟုန်က တပ်သားသစ်တွေကို လေ့ကျင့်ပေးနေပြီး သူမကို မျက်တောင်တစ်ချက်အခတ်မှာ တွေ့လိုက်ရသည်။