အပိုင်း ၂၁
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၂၁

 

 

 

 

 

 

မေ့မေ့က မုန့်ယန်နောက်ကနေ အပြင်ကို ခေါင်းထုတ်လိုက်ပြီး သူမရဲ့ လျှာကို ရွှတ်နောက်နောက်ထုတ်လိုက်ပြီး " ဒါပေါ့ အဒေါ်ဟုန် သမီး အစ်မကို ဒီခေါ်လာခဲ့တာ "

 

 

နေကြာပန်းလေးက ပြုံးပြီးပြောလိုက်သည်။ " အစ်မမုန့်ယန်ကို လိုက်ပတ်‌ခေါ်သွားပြီး လူတွေကို မှတ်မိအောင်အစ်မကို သင်ပေးစို့!"

 

 

" အိုး၊ မင်းတို့လေးတွေ " သူမက လှံကိုချလိုက်ပြီး လျှောက်လာကာ ပြောခဲ့သည်။ " ညီမမုန့်ယန် အစ်မက မင်းကို အစ်မတို့ကျွန်း ပတ်ပတ်လည် လိုက်ပို့ဖို့ ခွင့်ယူမလို့စဉ်းစားနေတာ။ မေ့မေ့ မင်းတို့လေးတွေ ကောင်းကောင်းလုပ်နေတာပဲ။ မင်းတို့ ငါ့အလုပ်ကိုခိုးလိုက်တာပဲ"

 

 

မေ့မေ့က‌ပြုံးပြီး ပြောလိုက်သည်။ " အဒေါ်ဟုန်၊ အဒေါ်က အဒေါ်ရဲ့အလုပ်တွေနဲ့ ရှုပ်နေတာ ဒီလိုအသေးအမွှားလေးတွေကို သမီးလုပ်နိုင်ပါတယ်"

 

 

စကားပြောနေတုန်း အနောက်က သေသေသပ်သပ်နဲ့ အမျိုးသမီးစစ်သားတွေက မုန့်ယန်ကို ပြိုင်တူ ကြည့်လာကြသည်။

 

 

ဒါက ဦးစီးအရာရှိကျန်းရဲ့ ကောလဟာလ လက်တွဲဖော်ကို ပထမဆုံးအကြိမ် သူမတို့တွေ့ရတာဖြစ်ပြီး ကောလဟာလအတိုင်းပဲ သူမက အရမ်းကြည့်ကောင်းသည်။

 

 

" အစ်မဟုန် ရှင် အခုဘာလုပ်မှာလဲ?" မုန့်ယန်က မြေပြင်ပေါ်က မရေမတွက်နိုင်တဲ ရေပုံးတွေကို ကြည့်ပြီး မေးလိုက်သည်။

 

 

" အခုတစ်လော နွေဦးမိုးခေါင်နေတာ မဟုတ်ဘူးလား? ရေက ခမ်းလာပြီလေ။ အစ်မက တောင်ပေါ်မှာ ရေသွားရှာဖို့ စီစဉ်နေတာ "

 

 

မုန့်ယန် ရင်ခုန်သွားပြီး  "ဒါဆို ရေသယ်ဖို့ ကျွန်မလည်း အစ်မနဲ့သွားမယ် "

 

 

သူမ လုပ်စရာတစ်ခုခု ရှာမတွေ့မှာကို စိုးရိမ်နေတာ။

 

 

အဒေါ်ဟုန်က သူမကို မျက်ခွံအပေါ်ရော အောက်နဲ့ပါ ကြည့်လိုက်ပြီး နောက်ဆုံးမှာ အဓိပ္ပါယ်ပါပါနဲ့ပြုံးလိုက်ကာ ပြောခဲ့သည်။ " ညီမက? ညီမက အရမ်းအကောင်သေးတာ ညီမလုပ်နိုင်မှာမဟုတ်ဘူး "

 

 

မုန့်ယန်က သူမနှုတ်ခမ်းကိုကွေးလိုက်ပြီး "အစ်မဟုန် မနေ့ကဘဲ ဒီနေ့ခေတ်အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကိုတောင် ကိုင်နိုင်တယ်လို့ အစ်မပဲ ပြောခဲ့တာလေ"

 

 

အဒေါ်ဟုန်က ရယ်လိုက်သည်။ နေက နည်းနည်းလင်းနေပြီး သူမက သူ့ကိုမျက်စိမှေးကြည့်လိုက်ကာ " အဲ့ဒီနှစ်ခုက ကွာတယ်လေ။ အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို ကိုင်နိုင်တယ်။ ဟုတ်တယ်။ ဒါပေမယ့် မိန်းမတိုင်းမှာ သူတို့ရဲ့ ခွန်အားနဲ့ အားနည်းချက်လည်း ရှိတယ်။ ညီမက မြို့မှာနေခဲ့တာ။ အဲ့ဒါကြောင့် ညီမဒီကိုလာတဲ့အခါ ဒီလောက်လေးတဲ့ ရေပုံးတွေကို ညီမသေချာပေါက် သယ်နိုင်မှာမဟုတ်ဘူး "

 

 

" အစ်မဟုန်၊ အစ်မက အရာတွေကို မတူညီတဲ့ နည်းလမ်းနဲ့ ပြောနေတယ်လို့ ကျွန်မ ဘာလို့ ခံစားရနေတာပါလိမ့် "

 

 

မစ်ဟုန်က သူမရဲ့ခန္ဓာကိုယ်ကို ဂုဏ်ယူစွာနဲ့  မတ်လိုက်ပြီး ပြောခဲ့သည်။ " မဟုတ်တာ အစ်မက ကျွန်းပေါ်က အမြင်အာရုံပျောက်နေတဲ လူတွေရဲ့ ပထမဆုံးအဖွဲ့ဘဲ! အစ်မက စာဖတ်နိုင်ပေမယ့် စာအုပ်တွေအများကြီးလည်းဖတ်ခဲ့ပါတယ်!"

 

 

" ထက်မြက်လိုက်တာ"

 

 

အဆုံးမှာ၊ မုန့်ယန်က သိမ်သိမ်မွေ့မွေ့နဲ့ ပြောဆိုခဲ့သည်။ သူမ တကယ် သွားချင်နေတာကိုမြင်တော့ မစ်ဟုန်က သူမကို တပ်ဖွဲ့ရဲ့အနောက်မှာ ထိန်းထားဖို့ ဆုံးဖြတ်လိုက်သည်။

 

 

ကျွန်းတွေ တောင်တွေနဲ့ သစ်တော့တွေက အများကြီးရှိနေပေမယ့် အချို့နေရာ‌လောက်ကပဲ လူတွေနေထိုင်ဖို့ သင့်တော်သည်။ တောင်တွေက ရတနာသိုက်တွေနဲ့တူသည်။ ကံကောင်းရင် အချို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးရိုင်းတွေကို ရှာတွေ့နိုင်သည်။

 

 

အခုက မေလဖြစ်ပြီး တောင်ပေါ်မှာ အရောင်စုံပန်းတွေက မီးလိုမျိုး ပွင့်လန်းနေကြသည်။ တောင်ပေါ်သွားတဲ့လမ်းတစ်လျှောက်မှာ တောင်တက်လမ်းက မတ်ပေမယ့် ရှုခင်းကတော့လှသည်။

 

 

အဲ့ဒီက အပင်တွေကတော့ ရေချို့တဲ့ တဲ့ အကျိုးသက်ရောက်မှုရှိမနေဘဲ သာမန်ထက်ကို လွန်လွန်ကဲကဲ စိမ်းလန်းစိုပြေစွာပေါက်နေကြသည်။ ကျွန်းသူ/သားတွေက ခြောက်သွေ့တဲ့ရာသီမှာ  တောင်ပေါ်ကနေ ရေယူတာ အံ့ဩစရာမရှိတော့ဘူး။

 

 

မုန့်ယန် မစ်ဟုန်နောက်နေ ရေရင်းမြစ်ဆီကို လိုက်သွားတဲ့အချိန်မှာ စစ်သားတွေက တောင်အောက်ကို ရေသယ်ဆင်းလာနေပြီဖြစ်သည်။ အလွန့်အလွန်များပြားတဲ့ စစ်သားတွေကို ကြည့်ရတာ ရှည်လျားတဲ့နဂါးအဖွဲ့သားတွေနဲ့တူသည်။ တောင်နံဘေးမှာရပ်ရင်း အောက်ကိုကြည့်လိုက်ရင် အရမ်း လက်ဖျားခါလောက်အောင် ခမ်းနားလှသည်။

 

 

"ဒါကဦးစီးအရာရှိကျန်းရဲ့ မိသားစုကလေ!" မစ်ဟုန်ရဲ့ ကြမ်းတမ်းတဲ့အသံက သူမဘေးပတ်ပတ်လည်က လူတွေကို ဆွဲဆောင်လိုက်သည်။ အရင်က မုန့်ယန်ကို သတိမထားမိခဲ့တဲ့လူတွေက အခုတော့ သူမကိုသတိထားမိသွားသည်။

 

 

သေချာပေါက်ကို၊ အဖွဲ့ရဲ့ အဆုံးမှာရှိတဲ့ ကျန်းရှောက်ယွီလည်း အပါအဝင်ပင်။

 

 

မုန့်ယန် ပတ်ပတ်လည်လှည့်လိုက်ပြီး ခြောက်ကပ်ကပ်နဲ့ရယ်လိုက်ကာ ပြောခဲ့သည်။ " အစ်မမာ ကျွန်မကို မုန့်ယန်လို့ပဲခေါ်ပါ "

 

 

မစ်မာက ‌သံရေပုံးကို ဆွဲယူလိုက်ပြီး ခိုအိဇုမိရဲ့မျက်လုံးတွေထဲ ခပ်ယူလိုက်သည်။ ပျော့ပျောင်းတဲ့ ခြေတွေလက်တွေနဲ့ ရေတစ်ပုံးက တစ်မိနစ်မတိုင်ခင်ဘဲ ရလာသည်။ ရေပုံးကပြည့်နေပြီး လေးမယ့်ပုံပေါ်သည်။

 

 

"ဟားဟားဟား ညီမမုန့်ယန်လည်း ဒီမှာရေသယ်ဖို့ရောက်နေတာလား?"

 

 

" အမ်."

 

 

မစ်မာက ရယ်လိုက်ပြီး " အိုး၊ ညီမက အခုမှ ဒီကိုရောက်တာ ဘယ်လိုလုပ် တောင်ပေါ်လမ်းမှာ ရေသယ်လို့နိုင်မှာလဲ? မဖြစ်နိုင်တာ!"

 

 

" ကျွန်မ ပြောချင်တာလဲ အဲ့ဒါဘဲ။ လာတုန်းကလည်း ကျွန်မ မရမကပြောပြီးသွားပြီ "မစ်ဟုန်က အပြုံးနဲ့ ရှင်းပြလိုက်သည်။

 

 

မုန့်ယန်က မစ်ဟုန်ရဲ့အနောက်မှာ တန်းစီနေပြီး " ဘာဖြစ်လို့လဲ ကျွန်မမှာ လုပ်စရာမှမရှိဘဲ။ ကျွန်မသယ်နိုင်သလောက် ကျွန်မသယ်မယ်။ ပြီးတော့ သယ်နိုင်သလောက် များများ သယ်စရာလည်းမလိုပါဘူး "

 

 

သူမကို သနားစရာပုံနဲ့ အပေါ်အောက်ကြည့်ပြီး မစ်မာက ကြက်သေသေသွားကာ " တောင်တက်လမ်းကို မသုံးဖူးတဲ့လူတွေအတွက် ကတော့ သေချာသလောက်ကို ကျေနပ်အားရဖို့ လုံလောက်မှာမဟုတ်ဘူး"

 

 

မုန့်ယန်က အကူအညီမဲ့စွာနဲ့ ပြုံးလိုက်ပြီး " အဆင်ပြေပါတယ် ကျွန်မ အကောင်းဆုံးလုပ်ရုံပါပဲ "

 

 

မုန့်ယန်က ပေါ့ပေါ့ပါးပါးဘဲ သူမအကောင်းဆုံးလုပ်မယ်လို့ပြောလိုက်ပေမယ့် မစ်မာရဲ့ ပိန်ပိန်ပါးပါး ပခုံးတွေက ရေပုံးကြီးနှစ်ပုံးသယ်လိုက်တာကို သူမ မြင်လိုက်တဲ့အခါမှာ မတတ်နိုင်ဘဲ စိုးရိမ်မိသွားသည်။

 

 

ရေအပြည့်နဲ့ သံရေပုံးကြီးနှစ်ခုကိုကြည့်ရင် စုစုပေါင်း သုံးဆယ်လေးဆယ် ကစ်တီလောက် လေးလိမ့်မည်။ ဒါပေမယ့် မတ်စောက်တဲ့ တောင်ပေါ်လမ်းမှာ မစ်မာက လမ်းလျှောက်နေတာက မြေပြန့်မှာ လျှောက်နေသလိုမျိုး ပေါ့ပါးနေသည်။

 

 

မစ်ဟုန်က မုန့်ယန်ရဲ့ရေပုံးကို ပုံးအပြည့်မဖြည့်လိုက်ပေ။ ရေပုံးနှစ်ပုံးစီကို သုံးပုံနှစ်ပုံလောက်ဘဲ ဖြည့်ထားပေမယ့် မ ရတာတော့ လေးနေတုန်းပင်။

 

 

" မဟုတ်‌သေးဘူး၊ သံရေပုံးက ဒီတိုင်းတောင်မှလေးနေပြီ၊ရေဖြည့်လိုက်ရင် ပိုတောင်လေးတယ် " အဲ့ဒါက သူမရဲ့ ပခုံးပေါ်မှာ တောင်နှစ်လုံး ဖြတ်တင်ထားသလိုပင်။

 

 

" အမှန်ဘဲ၊ ဒီလို အားသုံးရတဲ့ အလုပ်ကိုမလုပ်ဖူးရင် အဆင်မပြေဘူး " မစ်ဟုန်က သံရေပုံးကို အောက် မချခင် ဝါးလုံးနဲ့ ကူထောက်ပေးလိုက်ပြီး " ရေတွေသွန်လိုက်တော့၊ မင်း မလုပ်နိုင်တော့ဘူး "

 

 

မုန့်ယန် ဒီလိုမျိုးအရှုံးမပေးလိုက်ချင်ပေ။ သူမက အားနည်းလွန်းတဲ့အတွက် ရေနှစ်ပုံးမသယ်နိုင်လောက်ဘူး။ " ကျွန်မ နည်းနည်းလျော့ပြီး ကြိုးစားကြည့်လိုက်မယ် "

 

 

ဒီတော့ ပုံးတွေထဲက နောက်ထပ် သုံးကြိမ်‌မြောက် ရေသွန်ထုတ်လိုက်သည်။

 

 

အခုတော့ သိပ်မလေးတော့ဘူး။ ဒါပေမယ့် ပြဿနာက ဝန်တွေကို ဘယ်တုန်းကမှ မသယ်နိုင်တဲ့လူတွေက သူတို့တခြားသူတွေကို ကြည့်ပြီး သူတို့ဘာသာသူတို့လုပ်နိုင်တယ်လို့ အထင်မှားနေတတ်ကြတာပင်။

 

 

ဒါပေမယ့် အမှန်မှာတော့ အလေးချိန်ကို မပြောနဲ့ဦး ဟန်ချက်ညီဖို့ ထိန်းရတာ မလွယ်ဘူးဆိုတာ သူတို့သိသွားလိမ့်မည်။ အဲ့ဒါက စက်ဘီးစသင်တာနဲ့တူသည်။

 

 

တောင်ပေါ်လမ်းပါ ထပ်ပေါင်းလိုက်ရင် သူမ‌ခြေလှမ်း လှမ်းလိုက်တိုင်းက ယိမ်းထိုးနေခဲ့သည်။

 

 

မစ်ဟုန်က သူမ နောက်ကနေ စိုးရိမ်တကြီးနဲ့ လိုက်လာကာ " မင်းလက်မ‌လျော့လိုက်ရင် မင်းပတ်ပတ်လည်ယိမ်းခါနေပြီး ပြုတ်ကျသွားမှာ စိုးတယ် "

 

 

" ဟင့်အင်း၊ ဒါက အရမ်းပေါ့တယ်လို့ ကျွန်မထင်တယ် "

 

 

သူမပြောပြီးနောက်မှာ ယိမ်းထိုးသွားပြီး မစ်ဟုန်ကလည်း လန့်သွားကာ သူမကို အမြန်လှမ်းဆွဲဖို့ လက်လှမ်းလိုက် ပေမယ့် ကံကောင်းလို့ ဘာအန္တရာယ်မှ မဖြစ်လိုက်ပေ။

 

 

တောင်တွေကနေ လေအေးအေးတွေ တိုက်နေပြီး ခေါင်းပေါ်မှာလည်း သစ်ပင်ရိပ်တွေက ရှိနေသည်။ ရေသာမသယ်နေရဘူးဆိုရင် ဒီရာသီမှာ တောတောင်တွေထဲ လည်ပတ်ရတာက အရမ်း နေလို့ကောင်းနေမှာ။

 

 

မုန့်ယန်က ခေါင်းမော့ပြီး အသက်ရှူထုတ်လိုက်ကာ သူချွေးတွေကို သုတ်လိုက်ချင်ပေမယ့်  ဘာမှမလုပ်နိုင်ချေ။ စစ်သားလေးတွေက သူတို့မရီးကို တစ်ယောက်ပြီးတစ်ယောက် ကျော်တက်သွားကြသည်။

 

 

"ရွေးမနေနဲ့တော့ မရီးရေ၊ ကျွန်တော်တို့ လုပ်နိုင်တယ်!"

 

 

" မရိး သတိထား လမ်းကချောနေတယ်၊ မကျစေနဲ့!"

 

 

"မင်္ဂလာပါမရီး!"

 

 

ပြောလိုက် ရယ်လိုက်နဲ့ သူတို့က အရမ်းကို စိတ်အားထက်သန်နေကြပေမယ့် ပါးစပ်အပြည့်နဲ့ မရီးဆိုတာက မုန့်ယန်ကို ထူးထူးဆန်းဆန်းနဲ့ စိတ်မသက်မသာဖြစ်စေသည်။

 

 

တောင်တစ်ဝက်လောက် သူရောက်တဲ့အခါ ဦးစီးအရာရှိလက်ထောက်ဝူက စစ်သားလေးရဲ့တင်ပါးကိုလှမ်းကန်လိုက်သည်။

 

 

" ငတုံး၊ လမ်းကိုကြည့် "

 

 

 စစ်သားလေးက အမြန် အဝေးကို ကြည့်လိုက်တော့ သူသစ်ပင်ကို တိုက်မိတော့မယ်ဆိုတာ သဘောပေါက်သွားသည်။ ခေါင်းကို ကုတ်လိုက်ပြီး သူက ရိုးရိုးစင်းစင်းပြောခဲ့သည်။ " ဟေး၊ ဝန်ထမ်းအရာရှိလက်ထောက် ကျွန်တော်တို့ မရီးက အရမ်းလှတာဘဲ "

 

 

ဝူရှီချိန်က သူ့ကိုကြည့်လိုက်ပြီး " သူဘယ်လောက်ဘဲ လှလှ သူမက မင်းဟာမဟုတ်ဘူး "

 

 

စစ်သားလေးက သူ့ခေါင်းကို အဆက်မပြတ် ခါလိုက်ပြီး ပြောခဲ့သည်။ " မဟုတ်ဘူး၊ မဟုတ်ဘူး ကျွန်တော် အဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဦးစီးအရာရှိအတွက် ကျွန်တော်က ပျော်ရုံပါ "

 

 

ဦးစီးအရာရှိ လက်ထောက်ဝူက ပြောစရာစကားမဲ့သွားပြီး " လူတစ်ယောက်အနေနဲ့ ပျော်တာကအဆင်ပြေပါတယ်။ ပြီးတော့  ဒါက သူ့အတွက်ပျော်ပေးဖို့ မင်းအလှည့်မဟုတ်ဘူး "

 

 

စစ်သားလေး ရူးကြောင်ကြောင်နဲ့ ရယ်နေတုန်းပင်။

 

 

မုန့်ယန်နဲ့ မစ်ဟုန်က ခရုအရှိန်လောက်နဲ့ ရေသယ်လာကြပြီး ကလေးတွေတောင်မှ သူတို့ထက်ပိုမြန်ဦးမည်။ မစ်ဟုန်က ကျန်းရှောက်ယွီကို တွေ့တော့ နှုတ်ဆက်လိုက်တယ်။

 

 

"ဦးစီးအရာရှိ!"

 

 

ကျန်းရှောက်ယွီက သူ့ရှေ့က မိန်းကလေးကို မကြည့်ဘဲ  သူမကို(မစ္စဟုန်) မထူးခြားနားစွာကြည့်လိုက်ပြီး ‌ခေါင်းညိတ်ပြလိုက်ပြီး ရေနှစ်ပုံးနဲ့ တောင်အောက်ကို တည့်တည့် ဆင်းသွားသည်။

 

 

လူတိုင်းက လမ်းလျှောက်နေပေမယ့် သူကျတော့ ပျံနေသလိုပင်။ တောင်ပေါ်ကနေ ရေပုံးကို သယ်လာတဲ့ ကျန်းရှောက်ယွီကို မတိုက်မခင်ထိ မုန့်ယန် ငါးမိနစ်လောက် သတိထားလျှောက်နေခဲ့သည်။

 

 

ဘာလို့ သူ အရမ်းမြန်နေရတာလဲ?

 

 

" ဦးစီးအရာရှိ!" သူ့ကို မမြင်ခဲ့ပေမယ့် အခုတော့ မြင်သွားတဲ့ မစ်ဟုန်က ဒေါသတကြီးနဲ့ အော်လိုက်သည်။

 

 

မုန့်ယန်က သူမခြေထောက်အောက်က လမ်းကိုဘဲ အာရုံစိုက်နေသည်။ မစ်ဟုန်ရဲ့ အသံဟိန်းဟိန်းနဲ့အော်လာတဲ့ အခါ မုန့်ယန် သူမရှေ့က အမျိုးသားကို မသိစိတ်အရ ကြည့်လိုက်မိသည်။