၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၂၂
အာရုံလွင့်နေတဲ့ ခန္ဓာကိုယ်က မတော်တဆနည်းနည်းလှုပ်ရမ်းသွားပြီး
သူမထိန်းနိုင်တယ်လို့ တွေးလိုက်ပေမယ့် သူမရှေ့က အမျိုးသားက ခြေတစ်လှမ်းမြန်သွားပြီး
သူမကို ထိန်းဖို့ လက်လှမ်းလာသည်။
လှမ်းမထိန်းလိုက်ရင် အဆင်ပြေပေမယ့် လှမ်းထိန်းလိုက်ရင်တော့ တကယ်
ပြုတ်ကျသွားလိမ့်မည်။ မေ့လိုက်တော့ ငြိမ်ငြိမ်မရပ်နိုင်သေးခင် ရေပုံးရော လူရောကျန်းရှောက်ယွီဆီ
ခပ်ပြင်းပြင်းကျသွားသည်။
ကျန်းရှောက်ယွီ မသိလိုက်စွာနဲ့ဘဲ သူ့လက်မောင်းထဲမှာ ကျောက်စိမ်းရနံ့နဲ့ပြည့်သွားကာ
သူမရဲ့ ခေါင်းက သူရင်ဘက်နဲ့ ဆောင့်မိသွားပြီး သူ့နှာခေါင်းမှာ အနံ့က တရစ်ဝဲဝဲဖြစ်နေသည်။
ပြီးတော့ ဒီမြင်ကွင်းက အပြင်လူတွေရဲ့ မျက်စိထဲမှာတော့ ပြုတ်ကျတော့မယ့်
မုန့်ယန်ကို ဦးစီးအရာရှိကျန်းက ကယ်လိုက်တာဘဲဖြစ်သည်။
" ကျေးဇူးတင်ပါတယ် " သူမ အခုလေးတင် တောင်လမ်းတစ်ဝက်မှာ
လန့်သွားရသည်။ သူမသာ ကျသွားရင် မသေရင်တောင်မှ ဒုက္ခိတဖြစ်သွားလိမ့်မည်။
မုန့်ယန်ကျသွားမှာ စိုးတဲ့အတွက် ကျန်းရှောက်ယွီက အမြန်ပြေးသွားခဲ့သည်။
သူတောင်ဘက်ဆီ အပြေးအလွှားပြန်ပြေးသွားတော့ အမျိုးသမီးက သူ့အရှေ့ကို ပြုတ်ကျလာသည်။
သူရင်ထိတ်သွားပြီး သူ့လည်ချောင်းထဲကနေ နှလုံးခုန်ထွက်လုနီးပါးပင်။
ကံကောင်းလို့ သူအမြန်လှုပ်ရှားလိုက်လို့ မဟုတ်ရင် ဘာဖြစ်သွားမလဲမသိဘူး!
အဲ့ဒါကိုစဉ်းစားလိုက်တော့ သူ့မျက်နှာက ရုတ်တရက် တည်ကြည်သွားသည်။
သူက မုန့်ယန်ရဲ့ ပုခုံးပေါ်ကနေ ရေပုံးနဲ့ ဝါးကို အတူချလိုက်ပြီး နက်ရှိုင်းတဲ့အသံနဲ့
သူမကိုပြောလိုက်သည်။ " နောက်ဆိုရင် ရေသယ်ဖို့ တောင်ပေါ်မသွားနဲ့တော့ မင်းနဲ့မသင့်တော်ဘူး!
"
မသင့်တော်ဘူး? လူတိုင်းက သင့်တော်ပြီးတော့ သူမကျမှ ဘာလို့ မသင့်တော်တာလဲ?
မလုပ်ချင်တဲ့ လူတွေကလွဲရင် မသင့်တော်တဲ့လူ မရှိဘူး။
သူမ ရင်ထဲမှာတော့ အတင်းပြောနေပေမယ့် သူမမျက်နှာမှာတော့ ကျိုးကျိုးနွံနွံနဲ့
တုံ့ပြန်လိုက်သည်။ "အို့..."
သူမပုံစံက မွေးစားပါပီမလေးလိုမျိုး နာခံကျိုးနွံနေသည်။
ကျန်းရှောက်ယွီရဲ့ လည်စိက သူမ မမြင်ရတဲ့နေရာကနေ လှုပ်ရှားသွားသည်။
တစ်ခုခုပြောဖို့ သူမပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဘာမှမပြောတော့ဘဲ
သူက သူမရေပုံးကို ယူလိုက်ပြီး နှစ်လှမ်းသုံးလှမ်းနဲ့ တောင်အောက် ဆင်းသွားခဲ့သည်။
မုန့်ယန်က တစ်လှမ်းပြီးတစ်လှမ်းလိုက်သွားပြီး " ရဲဘော်ကျန်း
ဒီကလမ်းတွေက မတ်တယ်၊ ရှင် အလုပ်သွားတော့လေ ကျွန်မလာခဲ့မယ် "
ကျန်းရှောက်ယွီက ဘာမှလည်းမပြော ရပ်လည်းမရပ်ဘဲရေနှစ်ပုံးနဲ့ ပျံတာထက်
ပိုမြန်မြန်လျှောက်သွားလိုက်တော့ မုန့်ယန်က သူ့နောက်ကနေ ဆက်လိုက်သွားဖို့ဘဲလိုတော့သည်။
မတတ်နိုင်ဘဲ သူ့ခြေထောက်တွေကို ကြည့်လိုက်မိသည်။ ဟစ်းး--တကယ့်ကို
စောက်ရမ်းရှည်တာဘဲ!
....
တုန်းဖုန့်အဖွဲ့ ထောက်ပံ့ ပို့ဆောင်ရေးဌာနရဲ့ ကျန်းမာရေးစင်တာတွင်။
"တကယ်လား? ပြီးတော့ သူမကို ရေကူသယ်သွားပေးတယ်ပေါ့?"
" ဟုတ်တယ်၊ လူအများကြီးမြင်လိုက်တယ် "
" နင်တော့ နင့်ကို ရေကူသယ်ပေးမယ့်လူ လိုနေပြီ၊ သူမက ကြောင်သူတော်ဘဲ။
စကားမစပ် အဲ့ဒီကောင်မလေး ဘယ်တုန်းက ဒီကိုရောက်တာလဲ? သူမက အရမ်းလှတယ်ဆို? သူမက နတ်သမီးလိုဘဲဆို
ဘာလို့ ငါ အဲ့ဒါတွေမကြားရတော့တာလဲ?
တုယန်ဟွားက နောက်ဆုံးလူနာကို ဆေးသွင်းပေးလိုက်ကာ ပုလင်းကို အနေအထားချိန်လိုက်ပြီး
ပြောခဲ့သည်။" ငါ မနေ့က ဒီကိုရောက်တော့ ဒီအကြောင်းကိုကြားရတော့တာဘဲ။ ဒီတလော နေမကောင်းတဲ့လူ
နည်းနည်းပဲရှိတော့ ဘယ်သူကမှ ကျန်းမာရေးစင်တာကို မလာကြဘူးလေ။ ပြီးတော့ ငါတို့လည်း အပြင်မှ
မထွက်ကြဘဲ။ ငါတို့ နေရာက အစွန်ဘက် ကျတယ်လေ။ ဒီတော့ နောက်ဆုံးရသတင်းတွေကို မရတာက ပုံမှန်ပါပဲ
"
"မနေ့က?" လုချွန်းဟုန်ရဲ့ရင်ထဲမှာ အချက်ပေးသံတွေမြည်သွားကာ
" သွားမယ်၊ ငါတို့သွားပြီး ကြည့်ရမယ်! "
လက်ထဲကအလုပ်ကို ဂရုမစိုက်တော့ဘဲ သူမက တုယန်ဟွားကိုဆွဲပြီး တံခါးဆီ
လျှောက်သွားလိုက်သည်။
တုယန်ဟွား အကူအညီမဲ့သွားရသည်။ သူမက တစ်လမ်းလုံး မစ်ဟုန်ရဲ့အိမ်ဆီ
မလိုက်သွားချင်ပေမယ့် သူမလည်း သိချင်တဲ့အတွက် သူမခေါင်းကိုလှည့်လိုက်ပြီး ဝန်ခံလိုက်သည်။
" ရှောင်လော၊ သေချာကြည့် ငါတို့အပြင်ထွက်ရင် လုပ်စရာ တစ်ခုခုရှိရမယ်လေ "
ကောင်တာမှာ ဆေးစပ်နေတဲ့ သူနာပြုငယ်လေးက သူမခေါင်းကို ဖြည်းဖြည်း
မော့လိုက်ပြီး ပြောခဲ့သည်။" ကောင်းပြီ အစ်မချွန်းဟုန်နဲ့ အစ်မယန်ဟွား သွားပြီး
အလုပ်ရှုပ်လိုက်ပါဦး"
....
တစ်ဖက်မှာတော့ မုန့်ယန်က ကျန်းရှောက်ယွီအနောက်ကနေ မစ်ဟုန်ရဲ့အိမ်ကို
ပြန်လာခဲ့သည်။
သူမခြံဝင်းထဲ ဝင်ဝင်ချင်း ထိုအမျိုးသားက သူ့အိမ်ကိုပြန်သွားတော့မယ့်ပုံပင်။
သူက ရေနှစ်ပုံးကိုသယ်ပြီး ဘာမှ မမေးဘဲ မီးဖိုချောင်ထဲ တည့်တည့်ဝင်သွားခဲ့သည်။
မုန့်ယန် ယူခဲ့တဲ့ ရေနှစ်ပုံးက ဝမ်းနည်းစရာကောင်းစွာနဲ့ နည်းနည်းလေးသာဖြစ်သည်။
ရေနှစ်ပုံးကို ပေါင်းလိုက်ရင်တောင် တစ်ပုံးစာထက် နည်းနေသေးသည်။ ရေတိုင်ကီထဲ ထည့်လိုက်တဲ့အခါမှာတော့
ဘာမှမရှိတဲ့ ရေလှောင်တမံထဲကို တွင်းထွက်ရေ တစ်ဘူးလောင်းထည့်လိုက်သလိုပင်။
ကံကောင်းလို့ သူက ဘာမှမကောင်းတာမပြောဘဲ မုန့်ယန်က မလောင်းထည့်ခင်
ကျေးဇူးတင်လိုက်သည်။
ကျန်းရှောက်ယွီက သူမကို တစ်ချက်ကြည့်ပြီး ပြောခဲ့သည်။ " ကောင်းပြီ
သွားတော့မယ် "
ပြောပြီးတဲ့နောက်မှာ သူက တကယ် ထွက်သွားခဲ့သည်။ တစ်ခဏလောက် သူ့ကို
စိတ်ဝင်စားမှုမရှိဘူးလို့ ခေါ်ရမလား စိတ်အား ထက်သန်သူလို့ ခေါ်ရမလားဆိုတာကို မုန့်ယန်မသိတော့ပေ။
စိတ်အားထက်သန်တဲ့ အကြောင်းပြောရရင် ထိုလူက သူမကို စကားတစ်ခွန်းတောင်
မပြောချင်နေဘူး။
စိတ်ဝင်စားမှုမရှိတဲ့ အကြောင်း ပြောရရင်တော့ သူက အဝေးကြီးကနေ သူမကို
ရေသယ်ဖို့ ကူပေးခဲ့တယ်....
" ညီမမုန့်ယန် "
" အစ်မဟုန် "
မစ်ဟုန်က ရေပုံးကြီးနှစ်ပုံးနဲ့ အိမ်ပြန်လာပြီး သူမကို ကူညီပေးဖို့
မုန့်ယန် သွက်သွက်လေး သွားလိုက်သည်။
"ဦးစီးအရာရှိအခုဘဲ ထွက်သွားတာ တွေ့လိုက်တယ်။ ဘာလို့သူ့ကို
နည်းနည်းကြာကြာ မနေခိုင်းလိုက်တာလဲ? မင်းတို့ နှစ်ယောက်က ချစ်နေကြတာ မဟုတ်ဘူးလား? ခဏလောက်
ခပ်ကြာကြာလေး နေခိုင်းလိုက်တာ မဟုတ်ဘူး"
မုန့်ယန် သံရေပုံးပေါ်က ကြိုးကို ကူပေးလိုက်ပြီး ပြောလိုက်သည်။
"အခုက အလုပ်ချိန်လေ သူ ကျွန်မကို ရေကူသယ်ပေးတာကပဲ တော်နေပြီ ဒီမှာနေနေလို့ရှိရင်
စည်းကမ်းမလိုက်နာရာကျတာပေါ့ "
မစ်ဟုန်က ရယ်လိုက်ပြီး သံရေပုံးနှစ်ပုံးကို ချကာ ပြောခဲ့သည်။
"ညီမကတော့၊ တကယ် အလျင်မလိုနေတာဘဲ "
မုန့်ယန်က ရယ်လိုက်သည်။ "ကျွန်မမှာ စိုးရိမ်စရာမရှိဘူးလေ
"
" ကောင်မလေး မင်းတကယ် မသိဘူးဘဲ " မစ်ဟုန်က ပတ်ပတ်လည်ကို
ကြည့်လိုက်ပြီး ရုတ်တရက် လေသံကို နှိမ့်လိုက်ကာ ထူးထူးခြားခြားနဲ့ သူမ နားကပ်သွားခဲ့သည်။
" ဦးစီးအရာရှိ ကျန်းဆိုတာ အစ်မတို့ ကျွန်းမှာ အနံ့အရသာနဲ့ပြည့်ပြီး
အရသာရှိတဲ့ အစာသွပ်မုန့်ချိုချိုပဲ! ရဲဘော် ဘယ်လောက်က သူ့ကို ကြည့်နေကြလဲ? တစ်နေ့နေ့မှာ
တစ်ယောက်ယောက်က သူ့ကို ကိုက်သွားလိမ့်မယ်။ အခု ညီမတို့နှစ်ယောက်က ဝေးဝေးမှာနေနေကြတယ်။
ညီမလည်း လက်ဦးမှုမယူသလို သူလည်းလက်ဦးမှုမယူဘူးဆိုရင် ညီမတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုပျိုးထောင်မှာလဲ?"
"ဒါကအရမ်း မွှေးကြိုင်မနေဘူးလား?" မုန့်ယန်က အသံတိုးတိုးနဲ့
ပြန်ပြောလိုက်သည်။ " စိတ်ပူစရာလိုတယ်လို့တော့ ညီမ မထင်ဘူး။ ဒီက ဘဝကို ကျွန်မ ပုံတောင်မဖော်ကြည့်ရသေးဘူး။
ဒီတိုင်း လိုက်လျောညီထွေအတိုင်းလေးဘဲ ခံစားမလို့ "
သူသာ တကယ်ကို အရမ်းနာမည်ကြီးနေတယ်ဆိုရင် သူက တစ်ကိုယ်တည်းသမား ဖြစ်နေတုန်းပဲလား?
ဒါက အရမ်းဂျီးများတယ်ဆိုတာ ပြနေတာပဲ။ ဒါကြောင့် သူမစိုးရိမ်နေစရာမလိုဘူး သဘာဝအတိုင်းဘဲ
ဖြစ်ပါစေ။ လူတွေက သဘောကျတယ်ဆိုရင် သူတို့သဘောကျမှာဘဲ။သူတို့သာ သူမကိုမကြိုက်ရင်တော့
လက်ဦးမှုယူစရာမလိုဘူး။
ပြောရမယ်ဆိုရင် ကျန်းရှောက်ယွီက ဒီမှာ ဝယ်လိုအားကောင်းနေတာပေါ့။
ဒီမှာက အာလူးနဲ့ အသားကိုတပ်မက်တဲ့ လူတွေဘဲရှိတာ။
" အာ ဒေါက်တာလု၊ ဒေါက်တာတု!" မစ်ဟုန်က အရင်တွေ့လိုက်ပြီး
ကျယ်ကျယ်လောင်လောင် နှုတ်ဆက်လိုက်သည်။
" အစ်မဟုန် ထိခိုက်ဒဏ်ရာတွေအတွက် ဆေး အသုတ်အသစ်က အဖွဲ့အစည်းထဲ
ရောက်လာပြီ အဲ့ဒါအစ်မအတွက် ယူလာပေးတာ!" ကုတ်အဖြူရောင်နဲ့ ကျစ်ဆံမြီး ပတ်ပတ်လည်
ကျစ်ထားတဲ့ အမျိုးသမီးက လက်ထဲမှာ လိမ်းဆေးဘူးနဲ့
ခြံဝင်းငယ်ထဲ အမြန်ဝင်လာခဲ့သည်။
ဒီနေ့ခေတ်မှာ အမျိုးသမီး အများစုက ကျစ်ဆံမြှီးစတိုင်ပဲ ကျစ်ကြပြီး
မုန့်ယန်တောင်မှ သူတို့နောက်လိုက်ပြီး ကျစ်ဆံမြှီး ကျစ်ထားသေးသည်။ အပြင် ဆေးရုံကနေလာတဲ့
ကုတ်အဖြူနဲ့ ဆရာဝန်မနှစ်ယောက်မှာ တစ်ယောက်က
နည်းနည်းခြားနားကာ ကျစ်ဆံမြှီးကို ပန်းနဲ့ကျစ်ထားသေးသည်။
ကျစ်ထားတာက မပြီးသေးချေ။ သူက အဲ့ဒီပတ်ပတ်လည်မှာ ခရမ်းရောင် ဆံပင်စည်းကြိုးနဲ့
စည်းထားပြီး နောက်ဆုံးမှာ သူမ ပခုံးမှာ အဝိုင်းပုံစံ ချထားပေမယ့် သူမ မျက်နှာက လူကြီးဆန်ပြီးတော့
ဒီလိုကလေးဆန်တဲ့ ဆံပင်ပုံစံနဲ့ နည်းနည်း ဆန့်ကျင်ဘက်ဖြစ်နေသည်။
" အိုး၊ ဝင်လာပါ၊ ဝင်လာခဲ့ပါ။ ဘာလို့ လူကိုယ်တိုင်လာပေးတာလဲ။
အလုပ်ရှုပ်မိစေပြီ!"
မစ်ဟုန်က အမြဲတမ်း ခါးနာတာတဲ့ ဝေဒနာရှိသည်။ လိမ်းဆေးကို သုံးရတာ
လတိုင်း မရပ်နိုင်ဘဲ အချိန်တိုင်းသူမက ဆေးခန်းကို ကိုယ်တိုင်သွားပြီးတော့ သွားဝယ်ရသည်။
ဒါပေမယ့် လုချွန်းဟုန်က သူမကို ဒီနေ့ ဆေးလာပို့တယ်? ဒါက ရှားရှားပါးပါး ပထမဆုံးအကြိမ်ဘဲ။
လုချွန်းဟုန် မျက်နှာမှာ တောက်တောက်ပပ အပြုံးက ရှိနေပြီး သူမ လာတုန်းက
မစ်ဟုန်ဆီကိုဘဲ အကြည့်ပို့ထားပေမယ့် သူမ မျက်စိထောင့်ကနေ မုန့်ယန်ကို ကြည့်ဖို့လဲမမေ့ချေ။
" ဒါကို စစ်တပ်ဆီ ယူသွားမှာ မဟုတ်လား၊ ကျွန်မ လမ်းမှာ အစ်မအတွက်
သယ်သွားပေးမယ်လေ"
" အိုး၊ ကောင်းပြီလေ ကျေးဇူးပဲ၊ ကျေးဇူးပဲ၊ ကျေးဇူးပဲ!"
မစ်ဟုန်က မီးဖိုချောင်ထဲ အမြန်ဝင်သွားပြီး ဧည့်သည်တွေဆီ ရေနှစ်ခွက် ယူလာခဲ့သည်။
" မလိုပါဘူး မစ်ဟုန် ကျန်းမာရေးစင်တာက ဒီကနေအရမ်းဝေးတာလေ နောက်ဆို
ရှင်လိုချင်တဲ့ ဆေးတွေ ကျွန်မကိုသာ ပြောလိုက်။ ကျွန်မ ယူလာခဲ့ပေးမယ်!"
" အိုး ဒေါက်တာလုရယ် ကျွန်မက ဘယ်လိုလုပ် ရှင့်ကို အနှောင့်အယှက်ပေးရမှာလဲ
"
" ပြဿနာမရှိပါဘူး။ ရှင်က ကျွန်မတို့ ကျွန်းမှာ အမြင့်ဆုံး
လေးစားရမယ့်သူဟာကို လူငယ်မျိုးဆက်တွေက ရှင့်ကို လေးစားသင့်တာပေါ့ "
မစ်ဟုန်က သဘောမကျသလို ပြုံးလိုက်ပြီး ပြောခဲ့သည်။ " ဟေး အဲ့လိုမပြောသင့်ဘူး။
လူတိုင်းက တူတူပဲ။ အားလုံးကတူတူပဲ။"
ဘယ်သူကမှ ကောင်းတဲ့အရာတွေကို ကြားရတာ မကြိုက်တဲ့သူမရှိဘူး။ ဒါပေမယ့်
လုချွန်းဟုန်ရဲ့ စကားတွေကတော့ အဲ့ဒီစကားကို ဘယ်လိုကြားကြား သူတော်ကောင်းယောင်ဆောင်နေသလိုပင်။
မစ်ဟုန်က အဲ့ဒီလို အကူအညီကို လက်မခံရဲဘဲ ဘာမှမဟုတ်တဲ့ သူမရဲ့ လောကဝတ်ပြုမှုအတွက်
မတောင်းဆိုရဲသလို ပြောခဲ့သည်။ သူမ ဘာလုပ်ချင်နေလဲဆိုတာ ဘယ်သူက သိမှာလဲ?