၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၂၃
ခွက်ကို ယူပြီးတဲ့နောက်မှ လုချွန်းဟုန်က မစ်ဟုန်နောက်က အမျိုးသမီးကို
တွေ့သွားသလို ဟန်ဆောင်လိုက်ကာ မမျှော်လင့်ထားတဲ့ပုံနဲ့ ပြောခဲ့သည်။ " ဒါက ဘယ်သူများလဲ?"
မစ်ဟုန်က ကပြာကယာနဲ့ သံရေပုံးနဲ့ ဝါးတံ တစ်စုံကို ယူထုတ်လာပြီး
တော့ ထွက်လာကာ အပြုံးနဲ့ပြောလိုက်သည်။
" ဒေါက်တာလု ဒါကဦးစီးအရာရှိရဲ့ လက်တွဲဖော်လေ။ နာမည်က မုန့်ယန်တဲ့ မြို့တော်ကလာတဲ့
ကောင်မလေး "
" သူမက မြို့တော်ကလာတာလား? သူမက အရမ်းချောပြီး အရမ်းလည်း ဆင်ခြင်တတ်တာပဲနော်
" ပြောပြီးတဲ့နောက်မှာ သူမက တုယန်ဟွားကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
တုယန်ဟွားက ခြောက်ကပ်ကပ်ရယ်လိုက်ပြီး သူမကို အထက်အောက် သေချာကြည့်လိုက်ကာ
ပြောခဲ့သည်။
" ဟုတ်တယ်။ သူမက အရမ်းချောတာဘဲ။ ထင်ထားသလိုမျိုး မြို့တော်ကလာတာပဲ။
သူမက တခြားနေရာက ကောင်မလေးတွေနဲ့ ကွာတာဘဲနော်"
ဘာကွာတာလဲ? သူတို့အကုန်လုံးက မျက်လုံးနှစ်လုံး ပါးစပ်တစ်ပေါက်ပါ
ကြတာ နေရာကွာသွားတာလေးပဲကို လက်မခံနိုင်စရာဘဲ။
" မင်္ဂလာပါ " မုန့်ယန်က ပြုံးလိုက်ကာ မျက်ခွံလေးပင့်လိုက်ပြီး
သူတို့ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
"မင်းက အရမ်းယဉ်ကျေးတာဘဲ။ မြို့တော်က လူတွေက အရမ်းကွာခြားကြတယ်ထင်တယ်။
သူတို့က အရမ်းယဉ်ယဉ်ကျေးကျေး ပြောကြတာဘဲ " မြို့တော်ဆိုတဲ့ စကားကနေ စကားလုံး နည်းနည်းတောင်
မခွာနိုင်ကြပေ။ ရယ်ပြီးတဲ့နောက်မှာ လုချွန်းဟုန်က ထပ်မေးခဲ့သည်။
" မနေ့တုန်းက ရောက်တာလား။
တို့က ဒီနေ့လေးတင်ဘဲ ကြားလိုက်ရတာ။ ဒါပေမယ့် အစ်မဟုန်၊ သူမက ဘာလို့ အစ်မအိမ်မှာ နေနေတာလဲ?"
"ကျွန်မ အိမ်မှာက အခန်းများတယ်လေ။ ကျွန်းပေါ်က ဘယ်အိမ်က ကျွန်မအိမ်လို
အခြေအနေရှိလို့လဲ?" မစ်ဟုန်က ရည်ရွယ်ချက်ရှိရှိ ဝိုးတိုးဝါးတားဖြေလိုက်သည်။
ဒီလိုအာစလျှာစနဲ့ လုချွန်းဟုန်ဘယ်လိုလုပ်အားထုတ်နိုင်တော့မှာလဲ။
"ဟေး ဒါကလည်းဒါပေါ့။ ဒါပေမယ့် ကျွန်မဆိုလိုချင်တာက ဘာလို့ ဒီကောင်မလေးက ဦးစီးအရာရှိနဲ့အတူမနေတာလဲလို့
"
မစ်ဟုန်က လူကောင်းတစ်ယောက်ဖြစ်ကာ လုချွန်းဟုန်ရဲ့စကားတွေရဲ့ အဓိပ္ပါယ်ကို
ကြားပြီးပြီးချင်း သူမသဘောပေါက်သွားပြီး ပြောခဲ့သည်။
" ဟေး! ရှင်ဘာပြောလိုက်လဲကြည့်ပါဦး
သူမက ငယ်သေးပြီး အခုထိလက်မထပ်ရသေးဘူးလေ။ အဝါရောင်ပန်းတစ်ပွင့်နဲ့ ကောင်မလေးက ဘယ်လိုလုပ်
သူနဲ့အတူနေရမှာလဲ? အနည်းဆုံးတော့ လက်ထပ်ပြီးမှ အတူနေလို့ရမှာပေ့ါ"
လုချွန်းဟုန်က အမူအရာနဲ့ သူ့နှဖူးကို ရိုက်လိုက်ပြီး ပြောခဲ့သည်။"
အိုး၊ ဟုတ်တာပေါ့၊ ကြည့်ပါဦး ကျွန်မဦးနှောက်ကတော့။ ဦးစီးအရာရှိက လက်ထပ်အစီရင်ခံတင်ပြဖို့
ပြဿနာ ရှိမနေဘူး မဟုတ်လား၊ ရှိနေတာလား?"
"ဟုတ်တယ် ကျွန်မအိမ်မှာ အရင်နေပြီး လက်ထပ်ပြီးမှ ပြောင်းမှာ။
အလျင်မလိုနေဘူးလေ "
" အို၊ အို ဟုတ်တာပေါ့ အလျင်မှမလိုဘဲ " အဲ့ပြောပြီးနောက်မှာ
သူမက လက်မထောင်ပြလိုက်ပြီး ပြောခဲ့သည်။
" အစ်မဟုန် ရှင်က
ပြည်သူစစ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ရာထူးနဲ့ အထိုက်တန်ဆုံးပဲ။ ရှင့်ကို ကြည့်ပေးချင်တဲ့
လူတွေ ဦးစီးအရာရှိဆီမှာ အများကြီးရှိနေပေမယ့် ဘာလို ရှင့်ဆီ တစ်ညလုံးပေးနေတာလဲ? ဘာကိုဆိုလိုချင်တာလဲ?
ရှင့်ကို ရှင်းပြမယ် သူမက အရမ်းကိုချင့်ချိန်တတ်တဲ့လူဘဲ!"
"အို-အို၊ အို-အို ကျေးဇူးပါ ကျေးဇူးပါ "
မြှောက်လုံးပင့်လုံးတွေက ပိုက်ဆံလိုမျိုး ထွက်လာကာ ဒီနေ့ လုချွန်းဟုန်က
လုံးဝကို ပုံမှန်မဟုတ်နေပေ။
မစ်ဟုန်က သူမကို ဖောက်မြင်နေရမှန်း လုချွန်းဟုန်က မသိဘဲ သူမရဲ့မြှောက်လုံးပင့်လုံးတွေက
အရမ်းကောင်းတယ်လို့ပဲ ခံစားနေရသည်။
ရှင်းရှင်းလင်းလင်း မေးပြီးတဲ့နောက်မှာ အရင်ဆုံး လုချွန်းဟုန်က ဒေါသထွက်သလို ခံစားလိုက်ရပေမယ့်
အခုတော့ သူမ နည်းနည်းပျော်သွားသည်။
နတ်သမီးနဲ့တူတဲ့ မုန့်ယန်လိုမျိုး သာမာန်မိန်းမက ကျွန်းဆီမလာခင်မှာ
လက်ထပ်အစီရင်ခံစာ တင်ပြီးသွားသင့်သည်။ သူတို့ရောက်လာပြီးရင်တော့ သူတို့ မျှမျှတတအပြုအမူနဲ့
အတူနေသင့်တာ မဟုတ်ဘူးလား။
ဒါပေမယ့် အခုတော့ မုန့်ယန်က မစ်ဟုန်အိမ်မှာနေဖို့ ကျန်းရှောက်ယွီက
စီစဉ်လိုက်သည်။ သူမက ဘယ်လောက်ကြာကြာ ဒီမှာနေမလဲဆိုတာ သူ မသိဘူး။ ပြီးတော့ လက်ထပ်အစီရင်ခံစာတင်ဖို့
ပြဿနာရှိနေတယ်လို့ စစ်တပ်ထဲက ဘယ်သူ့ဆီကမှ မကြားခဲ့ဘူး။
ဆိုတော့....ဖြစ်နိုင်တာက သူ သူမကို မကြိုက်လို့လား?
ကျန်းရှောက်ယွီရဲ့ အမျိုးသမီးတွေကို မထူးခြားနားဆက်ဆံတာကို စဉ်းစားရရင်
ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး။
ဒါဆို သူ သူမကိုမကြိုက်ရင် ဘာလို့ လူတိုင်းက သူမက ဦးစီးအရာရှိရဲ့
လက်တွဲဖော်လို့ ပြောကြတာလဲ? ပြီးတော့ ကောလဟာလတွေကို ရှင်းဖို့ သူကလည်းထွက်မလာဘူး....ဘာလို့
ကိုယ့်ဘာသာကိုယ် မမေးလိုက်တာလဲ?
အဲ့ဒီအကြောင်း စဉ်းစားကြည့်ပြီးနောက် လုချွန်းဟုန်က နောက်ထပ် ကြာကြာမနေတော့ဘဲ
တုယန်ဟွားလက်ကိုကိုင်ပြီး ခြံဝင်းထဲကနေ လှည့်ထွက်သွားလိုက်သည်။
" ထွက်ဖို့ နည်းနည်းစောနေသေးတော့ မစ်ဟုန် နောက်လ ဆေးစောစောကုန်သွားရင်
ကျွန်မ ရှင့်ကို လက်ဆောင်ပေးမယ်!"
" ဟေး ပြဿနာ ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်!"
နှစ်ယောက်သား မြန်မြန်လျှောက်သွားပြီး အချိန်တိုအတွင်းမှာ ပျောက်သွားကြသည်။
မုန့်ယန်က သူမ သံသယဖြစ်နေတာကို မေးလိုက်သည်။
" အစ်မဟုန် ဘာလို့ကျွန်းပေါ်က လူတိုင်းက အရမ်းစိတ်အားထက်သန်နေကြတာလဲ?
ကျွန်မ ရှင့်အတွက် ဆေးသွားယူပေးလို့ရပါတယ် "
ဆေးခန်းက ဒီကနေ သိပ်မနီးပေ။ အမြန်လျှောက်ရင်တောင် ဆယ့်ငါးမိနစ်လောက်ကြာသည်။
"ဟေး ဘယ်သူသိမှာလဲ သူမ အရင်တုန်းက ဘယ်လိုစိတ်အားထက်သန်လဲဆိုတာ။
သူမက အပြောင်းအလဲမြန်တာပဲ" သူမလက်ထဲက လိမ်းဆေးကိုကြည့်လိုက်ပြီး မစ်ဟုန်က ပြုံးလိုက်သည်။
"မုန့်ယန် အခုလေးတင်
ငါပြောလိုက်တာ အဲ့ဒီဒေါက်တာလုက ဦးစီးအရာရှိကို အကြိုက်ဆုံးတစ်ယောက်ပဲ!"
မုန့်ယန်က တစ်ခဏလောက် ကြက်သေသေသွားပြီး မတတ်နိုင်ဘဲ ရယ်လိုက်မိသည်။
အချိုမုန့်တွေနဲ့ ကောင်မလေးတွေကို ဖော်ပြဖို့နည်းလမ်းမရှိဘူးဘဲ။
" သူမက ကျန်းရှောက်ယွီကို ကြိုက်နေတာလား?" အတော်ကြာ ရယ်ပြီးတဲ့နောက်မှာမှ
သူမက အမျိုးသားရဲ့ နာမည်အပြည့်အစုံကို မတော်တဆ ခေါ်မိလိုက်သည်။
မစ်ဟုန်က သူမ ခေါ်လိုက်တာကို အာရုံမရှိနေပေ။ " ငါတို့ကျွန်းပေါ်က
ဦးစီးအရာရှိကို သဘောအကျဆုံးကောင်မလေးအနေနဲ့ ညီမ အလေးထားရမယ် "
မုန့်ယန်က အံ့ဩသွားပြီး " သဘောအကျဆုံး?"
မစ်ဟုန်က ခေါင်းညိတ်လိုက်သည်။ " ဦးစီးအရာရှိကျန်းလို အမျိုးသားကို
ကြိုက်တဲ့လူတွေအများကြီးရှိတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ငါတို့ဆီက ကောင်မလေးတွေက ဒီလိုနေရာမျိုးဆို
ရှက်တတ်ကြတယ်။ ဒါပေမယ့် ဒေါက်တာလုကတော့ မတူဘူး။ သူမက သူ့ကို ဗြောင်ဘဲလိုက်ပိုးပန်းနေပေမယ့်
မလိုက်ဖမ်းမိဘူး"
မိန်းမက ယောက်ျားတစ်ယောက်ကို ပိုးပန်းတယ်? ဒါကတကယ့်ကို သတ္တိရှိတာပဲ။
" ဒေါက်တာလုက ချောတာပဲကို၊ ဦးစီးအရာရှိက သူမကို မကြိုက်ဘူးလား?"
မုန့်ယန် အတင်းပြောချင်နေတာအတွက် ခွင့်လွှတ်လိုက်ပါ။
" လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဆောင်းဦး အသီးအနှံရိတ်သိမ်းတဲ့အချိန်မှာဘဲ
မုန်တိုင်း အကြီးအကျယ်တိုက်ခဲ့တယ်။ ကျွန်းသူ/သားတွေအားလုံးက အစားအစာအတွက် မုန်တိုင်းနဲ့
ယှဉ်ပြိုင်ခဲ့ရတယ်လေ။ အပြင်ထွက်တဲ့ လူအားလုံးနီးပါး ချေမှုန်းခံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက
ကျွန်းပေါ်မှာ ဆရာဝန်နှစ်ယောက်ပဲရှိတာ။ အဲ့ဒီသူတွေက ကျန်းမာရေးစင်တာက ဒေါက်တာတု နဲ့သူမယောက်ျားဒေါက်တာဟွမ်ဘဲ။
လူအင်အားက မလောက်တဲ့အတွက် ငါကပဲ ဘေးနား လင်းပိုင်ကျွန်းက ဆရာဝန်တချို့ကို ပြောင်းရွှေ့ခေါ်လာရတယ်။
မမျှော်လင့်စွာနဲ့ ဒေါက်တာလုက မထွက်သွားချင်ခဲ့တဲ့အတွက် သူမက ငါတို့ကျွန်းမှာနေခဲ့တယ်။
နောက်တော့ သူမက ဦးစီးအရာရှိအတွက်နဲ့ အထူးတလယ်ကျန်နေခဲ့တယ်ဆိုတာ ငါသိခဲ့ရတာ။ ဒါပေမယ့်
ဦးစီးအရာရှိက သူမကို ကြည့်တောင်မကြည့်ဘူး "
လုချွန်းဟုန်နဲ့ ဖေ့လန်ကျွန်းက ဒီလိုဆက်ဆံရေးမျိုးပေါ်လာတာပေါ့။
ဒါပေမယ့် မုန့်ယန်ရဲ့ အာရုံက ဒီမှာမရှိနေပေ။
သူမက စိတ်လှုပ်တရှားနဲ့ မစ်ဟုန်ကို ဆွဲလိုက်ပြီး မေးခဲ့သည်။
" လင်းပိုင်ကျွန်း? အဲ့ဒီမှာ လင်းပိုင်တွေ တွေ့ရတာလား!"
မစ်ဟုန် - "...."
မဟုတ်သေးပါဘူး၊ ကောင်မလေး၊ နင် အာရုံစိုက်တာက ဘာလို့ ထူးဆန်းနေရတာလဲ?
" မဟုတ်ဘူး၊ လင်းပိုင်ကျွန်းက နာမည်သက်သက်ပဲ။ ငါတို့ ဖေ့လန်ကျွန်းနဲ့
ဘာမှမကွာဘူး။ ငါ ဒီမှာနေတာ နှစ်လေးဆယ်နီးပါး ရှိတော့မယ်၊ ငါ့မိသားစုနဲ့ ပင်လယ်ကိုထွက်တုန်းက
နှစ်ခါပဲတွေ့ဖူးတာ။ တွေ့လို့လည်းဘာမှကောင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်သင်္ဘောနဲ့ ကုန်းတွင်းပင်လယ်ကို
သွားရင် သေချာပေါက် ပိုတွေ့ရမှာဘဲ "
မုန့်ယန်နည်းနည်း ပူဆွေးသွားရသည်။ " သာမာန်လူတွေက စစ်သင်္ဘောကို
စီးလို့မရဘူး မဟုတ်လား"
မစ်ဟုန်က မထူးခြားနား ပခုံးတွန့်ပြလိုက်သည်။ "ဟုတ်တယ်၊ ဒါပေမယ့်
အဲ့ဒါက သိပ်ဆွဲဆောင်မှု ရှိမနေပါဘူး "
သူမ ခေါင်းညိတ်လိုက်ရင်း မုန့်ယန် ထပ်မေးလိုက်သည်။ " ဒါပေမယ့်
အစ်မဟုန် ဒီနေ့ခေတ်မှာ အလုပ်ပြောင်းရတာခက်တယ် မဟုတ်ဘူးလား? သူမ နေချင်ရင် နေလို့ရတယ်ပေါ့လေ?"
" ငါတို့ကျွန်းမှာက လူအင်အားနည်းတယ်လေ။ လူတွေက နေဖို့ လက်ဦးဖို့ပဲလိုတာ၊
လျှောက်လွှာရေးလိုက်ရုံပဲ"
"အို့ ကျွန်မသိပြီ..."
နောက်ဆုံးမှာတော့ မုန့်ယန်က လုချွန်းဟုန်ရဲ့ကိစ္စကို သိပ်ဂရုမစိုက်နေပေ။
ကျန်းရှောက်ယွီသာ သူမကို တကယ်ကြိုက်ရင် လွန်ခဲ့တဲ့သုံးနှစ်ကတည်းက
သူ သူမကို ယူလိုက်သင့်တာပေါ့။ ဘာလို့ အခုချိန်ထိ စောင့်နေရမှာလဲ?
ယောက်ျားတစ်ယောက်က ဒီလူကိုကြိုက်ရင် သူ့နှလုံးသားကို အနိုင်ယူဖို့
ချက်ချင်း အကောင်းဆုံးကြိုးစားရမှာပေါ့။ သုံးနှစ်လုံးမလုပ်ရဲတာမျိုးဆို ဘယ်လို သူရဲဘောကြောင်လိုက်တဲ့
ယောက်ျားလဲ?
..........
မိုးခေါင်တဲ့ နှစ်တွေမှာ ရေရင်းမြစ်တွေက အရမ်းကိုအဖိုးတန်ကာ မစ်ဟုန်ကလည်း
အဆုံးစွန်ထိ ရေကိုချွေတာရသည်။
မနက်မှာ ဆန်ဆေးတဲ့ရေကို စပြီး စီစဉ်ရသည်။ ဆန်ဆေးပြီးတဲ့ နောက်မှာ
အဲ့ဒီရေကိုဘဲ မျက်နှာသစ်ဖို့၊ အသီးအရွက်ဆေးဖို့နဲ့ ပြန်သုံးရပြီး အသီးအရွက် ဆေးပြီးတဲ့နောက်မှာ
လက်ဆေးဖို့ ပြန်သုံးရကာ နောက်ဆုံးမှာ အဝတ်လျှော်ဖို့သုံးရသည်။
အကုန်လုံးဆေးပြီးတဲ့နောက်မှာ ရေကနောက်ကျိလာသည်။ အဲ့ဒီရေကို ထပ်သုံးဖို့
မဖြစ်နိုင်တော့ပေ။ နောက်ဆုံးမှာ ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေကို ရေပေးဖို့ အဲ့ဒီရေကို
သုံးရသည်။
သူမ အဝတ်တွေကို ပွတ်နေတာကိုမြင်တော့ မစ်ဟုန်ကမေးလိုက်သည်။
" ညီမ မုန့်ယန် ဘာအင်္ကျီမှ မလဲတော့ဘူးလား? အစ်မ တူတူလျှော်လိုက်ရအောင်
"
" ညီမ ဘာသာ လျှော်လိုက်မယ် အစ်မဟုန် "
မစ်ဟုန် - " အစ်မတို့မှာ ရေရှားနေတာ။ အစ်မ တူတူပဲလျှော်လိုက်မယ်။
ဒါက နေ့တိုင်း နည်းနည်းလေးပါပဲ။ညီမအတွက် လျှော်ရမှာ များတာလည်း မဟုတ်ဘူး"
"အာ ဒါဆို... အတွင်းဝတ်တွေကို ကျွန်မဘာသာ လျှော်လိုက်တော့မယ်"
မုန့်ယန်က ရေပါချိုးချင်တယ်လို့ ပြောချင်ပေမယ့် အခုကြည့်လိုက်တော့ ပြောဖို့ရှက်သွားသည်။
မစ်ဟုန်က သူမကိုရယ်လိုက်သည်။ " အကုန်လုံးက မိန်းကလေးတွေပဲလေ၊
ဘာရှက်နေတာလဲ?"