၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၂၄
မုန့်ယန်က နှုတ်ခမ်းကိုစုဝိုင်းလိုက်ပြီး ကသိကအောက်နဲ့ ပြောခဲ့သည်။
"ကျွန်မ အတော် ရှက်လို့ "
နောက်ဆုံးတော့ မစ်ဟုန်က သူမကို အာရုံမစိုက်နေတော့ဘဲ အဲ့ဒီအစား ပြောခဲ့သည်။
" ကောင်းပြီ၊ အစ်မ မင်းအတွက် ရေနည်းနည်း ရောပေးမယ် "
သူမရဲ့ ရဲရင့်တဲ့ပုံစံကို သေချာစဉ်းစားကြည့်တော့ မစ်ဟုန်က တကယ်တော့
အရမ်းကောင်းတဲ့ အစ်မကြီးပဲဖြစ်သည်။ သူမက မုန့်ယန်ကို နည်းနည်းပေးမယ်လို့ပြောပေမယ့်
တကယ်တော့ သူမက အင်တုံကြီးနဲ့ ရေသန့်တွေ ချန်ထားပေးခဲ့သည်။
မနေ့က သူမလဲလိုက်တဲ့ ကုတ်အင်္ကျီကို မစ်ဟုန်က အတူလျှော်ဖွတ်ပေးခဲ့ပြီး
ကျန်နေတဲ့ သူမရဲ့ အတွင်းဝတ်တွေက ဒီရေသန့်နဲ့ လျှော်လိုက်ရသည်။
မုန့်ယန် ရင်ထဲမှာ နည်းနည်း လှုပ်ရှားသွားပြီး အဝတ်လျှော်တာကို
သေချာအာရုံစိုက်ကာ ရေအပိုတစ်စက် ကျသွားတာတောင်မှ သူမကို စိုးရိမ်စေသည်။
နောက်ဆုံး အတွင်းဝတ်တွေ လျှော်ပြီးတဲ့နောက်မှာ ရေသုံးတစ်ပုံသာသုံးထားပြီး
ရေကိုချွေတာထားသည်။ သူမ ချက်ချင်း ပြောင်ပြောင်မြောက်မြောက်နဲ့ ပြီးသွားတယ်လို့ ခံစားလိုက်ရသည်။
အဝတ်တွေလျှော်ပြီးတဲ့နောက်မှာ ညစ်ပတ်တဲ့ရေကို အသီးအရွက်စိုက်ခင်းထဲ
ရေသွင်းပေးလိုက်သည်။ ကျန်းရှောက်ယွီရဲ့ ကန္တာရဥယျာဉ်ကြီးထက် မစ်ဟုန်ရဲ့အသီးအရွက်စိုက်ခင်းက
ပိုကောင်းသေးသည်။
လက်မတိုင်းကို မဖြုန်းတီးဘဲ အသီးအရွက်တွေစိုက်ထားပြီး အပိုင်းလေးပိုင်းခွဲထားသည်။
မြေနေရာတစ်ဖက်မှာ အာလူးတွေစိုက်ထားပြီး တစ်ဖက်မှာမုန်လာဥတွေစိုက်ထားကာ အခြားနှစ်နေရာမှာတော့
ကန်စွန်းဥတွေနဲ့ ကြက်သွန်နီ၊ ဂျင်းနဲ့ ကြက်သွန်ဖြူဥယာဉ်လေးက ရှိသည်။
အစိမ်းရောင် အသီးအရွက်တွေကတော့ သူတို့က ရေအများကြီးစုပ်ယူပြီး မကြီးထွားနိုင်ပေ။
ရေလောင်းပြီးတော့ မြေထဲက ပျိုးပင်တွေကို ခွက်တစ်လုံး ဒါမှမဟုတ်
ရေအငွေ့ပျံတာလျှော့ချတဲ့ တစ်ခုခုနဲ့ ဖုံးလိုက်သည်။
ဒီလို ကြမ်းကြမ်းတမ်းတမ်း ပေါက်နေတဲ့ ပတ်ဝန်းကျင်က မုန့်ယန်လိုမျိုး
စိုက်ပျိုးမွေးမြူရေးလူတွေကို ခေါင်းကိုက်စေသည်။ ဒီကိုမလာခင်တုန်းက မုန့်ယန်က ကောက်ပဲသီးနှံတွေ
စိုက်နိုင်ဖို့ တွေးထားပေမယ့် အခြေအနေက ယုံကြည်စရာကောင်းတဲ့ပုံ မပေါ်ပေ။
ညနေဘက်မှာ၊ ဧည့်သည်တစ်ချို့က မစ်ဟုန်အိမ်ကို လာတော့ ချက်ချင်း
လူရှုပ်သွားကာ သိပ်မကြီးတဲ့မီးဖိုချောင်က တစ်ခါထဲ ရှုပ်ရှက်ခတ်သွားသည်။
စစ်တပ်ထဲက မိသားစုဝင်အချို့ လာတာဖြစ်ပြီး တစ်ယောက်က ဌာနအကြီးအကဲကုရဲ့
မိန်းမချန်ချောင်းလီဖြစ်ကာ တစ်ယောက်ကတော့ ဒါရိုက်တာယုရဲ့ မိန်းမ ဟူစုချင်နဲ့ နိုင်ငံရေးကော်မတီ
အရာရှိယန်ရဲ့ မိန်းမကျန်းဖျင်တို့ ဖြစ်သည်။
ကျန်းရှောက်ယွီရဲ့ ဘေးအိမ်မှာနေတဲ့ ချန်ချောင်းလီနဲ့ သူမ ယောက်ျားလိုမျိုး
ဦးစီးအရာရှိ လက်ထောက်ဝူရဲ့ မိန်းမဖြစ်တဲ့ ကျိုးရူဆိုတဲ့ မိန်းမငယ်လေးလည်း ပါသည်။
" တိုက်ဆိုင်လိုက်တာ အတူတူစားကြရအောင်။ ငါးခြောက်၊ မနက်က ပို့ထားတဲ့
ပင်လယ်ကမာနဲ့ အခြားအမယ်နည်းနည်းတွေနဲ့ ဟင်းအများကြီး ကျွန်မ ချက်ထားတယ်"
ပင်လယ် ကမာကောင်တွေကို ရေထဲမှာပြုတ်ပြီး ဆားနည်းနည်းနဲ့ စားကြသည်။
သူတို့တွေက အရမ်းလတ်ဆက်တယ်။ ငါးခြောက်က ထောက်ပံ့ရောင်းဝယ်ရေး အသင်းကနေဝယ်ထာစတာဖြစ်ပြီး
ကြေးပြားတစ်ပြားဘဲကျကာ အရမ်းဈေးတော်ပြီး သိပ်မကြီးပေမယ့် အရသာရှိသည်။
ဖေ့လန်ကျွန်း ထောက်ပံ့ရောင်းဝယ်ရေး အသင်းကနေ ရောင်းတဲ့ ငါးခြောက်တွေက
သူ့ရဲ့ အရမ်းကောင်းတဲ့အရသာကြောင့် လူကြိုက်များတယ်လို့ မစ်ဟုန်ပြောဖူးသည်။ မုန့်ယန်တောင်မှ
တစ်ခါမြည်းကြည့်ပြီးတော့ သူ့အရသာကို ကြိုက်သွားသည်။ ဒါက တတိယအကြိမ် သူမ စားဖူးတာပင်။
မုန့်ယန် ချက်ထားတဲ့ ရွှေအိုရောင်စွပ်ပြုတ်ထဲမှာ ငါးတစ်စုနဲ့ အိုးလည်းရှိသည်။
ဆီက အဖိုးတန်တဲ့ပါဝင်ပစ္စည်းဖြစ်တဲ့အတွက်၊ ငါးကိုရေထဲမှာပဲ ပြုတ်ချက်ထားသည်။
မီးဖိုထောင့်က ညှိုးနေတဲ့ငရုတ်ကောင်းရိုင်းတစ်ပုံတစ်ခေါင်းကြီးကိုလည်း
မုန့်ယန် ရှာတွေ့ခဲ့သေးသည်။ ရှီဒန်နဲ့ ကလေးတွေက တောင်ပေါ်မှာ ဟင်းသီးဟင်းရွက် ရိုင်းတွေကိုတူးဖို့သွားတုန်းက
သူတို့က ငရုတ်ကောင်းပင်တွေကို နှုတ်ခဲ့တာဖြစ်သည်။
ဒါပေမယ့် မိသားစုထဲက ဘယ်သူကမှ
ဟင်းအစပ်တွေမစားကြပေ။ အဲ့ဒါကြောင့် သူတို့က အဲ့ဒါတွေကို တစ်ဖက်မှာပဲ ပုံထားကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ မုန့်ယန်က စပ်တဲ့အစားအစာတွေကို ကြိုက်သည်။
မစ်ဟုန်နဲ့ သူ့သားက ဆန်းပြားတဲ့ စန်းရှို ငရုတ်ကောင်းတွေကို စားကြည့်ပြီးတော့ စပ်တဲ့အစားအစာတွေကို
မကြိုက်တာ စဉ်းစားမိသွားသည်။
နောက်ဆုံးမှာ သူမက အဲ့ဒီထဲက
သုံးခုကိုဘဲ ယူလာပြီး အပိုင်းပိုင်း လှီးလိုက်ကာ အိုးထဲကို ထည့်လိုက်သည်။ ကြက်သွန်နီ
နည်းနည်း၊ ဂျင်း၊ ကြက်သွန်နီ၊ ရှာလကာရည် တွေကိုထည့်လိုက်တော့ ပြုတ်ချက် အရသာက လုံးဝကောင်းသွားသည်။
" မဟုတ်တာ၊ မဟုတ်တာ၊ ကျွန်မတို့ အားလုံးက စားပြီးမှလာကြတာ
" တစ်ယောက်က ပြောလိုက်သည်။ စားပွဲပေါ်က စားစရာနံ့တွေက အရမ်းကောင်းတဲ့အတွက် လူတိုင်းက မတတ်နိုင်ဘဲ အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။
" ဒါဆို ထိုင်လေ " မစ်ဟုန်က ကောင်းကောင်းစားနေတဲ့ သူမသားကို
ခိုင်းလိုက်သည်။ " ရှီဒန် နင့်ရဲ့အဒေါ် တွေအတွက် ခုံရှည်ယူလာပေးလိုက်ဦး"
" ဟုတ်ကဲ့~"
ရှီဒန်က ထမင်းစား စားပွဲကနေ နာနာခံခံနဲ့ လျှောဆင်းလိုက်ပြီး အိမ်တစ်ခုလုံးကို
ပတ်ကြည့်လိုက်တော့ သစ်သားခုံရှည် လေးလုံးတွေ့ပေမယ့် အဒေါ်တွေက ငါးယောက်တောင် လာတာလေ။
သူ့အမေကို မရေမရာကြည့်လိုက်သည်။ "အမေ..."
ဂျူနီယာအရာရှိတွေရဲ့ မိန်းမနှစ်ယောက်က ခုံရှည်တစ်လုံးယူလိုက်ပြီး
တူတူထိုင်လိုက်သည်။ " ရတယ်၊ ရတယ်၊ ဒီခုံက အရမ်းကျယ်တယ်၊ ကျွန်မ ရှောင်ကျိုးနဲ့အတူထိုင်လိုက်တော့
ကျွန်မတို့ အကုန်လုံးတူတူထိုင်လို့ရသွားပြီ "
မိန်းကလေးနှစ်ယောက်က ပိန်ပါးပြီး အကောင်သေးကာ ထိုင်ခုံက ထိုင်ခုံကလည်း သူတို့အတူထိုင်နိုင်လောက်အောင်
ရှည်သည်။
" ရှီဒန်၊ သွား အမြန်သွားစား " ရှောင်ကျိုးက တိုက်တွန်းလိုက်တယ်။
ကောင်ငယ်လေးက အဒေါ်နှစ်နဲ့ သူ့အမေကို တစ်ချက်ကြည့်လိုက်ပြီး နောက်တော့
သူ့ကတုံးလေးကို ကုတ်လိုက်ကာ စားဖို့ စားပွဲဆီ ပြေးသွားလိုက်သည်။
စစ်တပ်မိသားစုဝင် တချို့က မစ်ဟုန်အိမ်ကို ဘာမှမဟုတ်ဘဲ ရောက်လာသည်။
အဓိက ကတော့ မုန့်ယန်ကိုဖြစ်ပေမယ့် ကျန်းတက္ကသိုလ် ဦးစီးအရာရှိရဲ့ လက်တွဲဖော်က ဘယ်လိုမျိုးလဲဆိုတာ
ကြည့်ဖို့လာတာဖြစ်သည်။ သူမက နတ်သမီးလေးလိုမျိုးလို့ ပြောနေကြတာဖြစ်သည်။ အခုကြည့်လိုက်တော့
ကောလဟာလတွေက အပိုပြောနေတာ မဟုတ်ဘူးပဲ။
သူမရဲ့ ဂါဝန်က အရမ်းရိုးရှင်းသည်။ သူမပုံသဏ္ဍာန်က သွယ်လျပေမယ့်
သူမမျက်နှာက ပြည့်ကာ သူမကိုကြည့်ရတာ နူးညံ့ပြီးသိမ်မွေ့လှသည်။ ဆွဲဆောင်မှုအရှိဆုံးက
သူမ မျက်လုံးတွေဖြစ်သည်။
ကျန်းနန် အမျိုးသမီးတွေရဲ့
ပြိုင်ဘက်ကင်း လှပပြီး နူးညံ့တဲ့ သူမရဲ့ကြောင်မျက်လုံးတစ်စုံက သူမပြုံးလိုက်တဲ့အခါ
ကွေးတက်သွားသည်။
သူမကို ကြည့်ပြီးတဲ့နောက်မှာ မျက်လုံးထောင့်ကနေ မချောင်းကြည့်ဘဲ
မနေနိုင်ဘဲ စိတ်ထဲကနေ သက်ပြင်းချပြီးတဲ့နောက် ဆက်ပြီးတော့ ချောင်းကြည့်မိပြန်သည်....
ဦးစီးအရာရှိကျန်းကတော့ တကယ် ကောင်းချီးပေးခံရတာပဲ-
အကြောင်းအရာတွေက မုန့်ယန်ကိုပဲ ပတ်နေပြီး နောက်မှာ သူမနဲ့ ကျန်းရှောက်ယွီ
ဘယ်လိုတွေ့ခဲ့ကြလဲ ဆိုတဲ့အကြောင်း ပြောကြတော့သည်။
လတ်စသတ်တော့ နှစ်ယောက်သားက မနေ့ကမှ တွေ့ဖူးတာဖြစ်သည်။
ကျန်းဖျင် - " မင်းတို့နှစ်ယောက်က အောင်သွယ်ကနေ တဆင့်တွေ့ကြတာလား?
မအံ့ဩတော့ပါဘူး "
ဟူစုချင်က ရုတ်တရက်သဘောပေါက်သွားခဲ့သည်။ " ငါပြောမယ်၊ သူ့ရဲ့လက်ထပ် အစီအရင်ခံစာအကြောင်းကို ဘာလို့ မကြားရတာလဲ?
မင်းတို့က လက်မထပ်ခင် အချိန်ခဏယူဖို့ စီစဉ်နေတာလား?"
"အခြေခံအားဖြင့်တော့ " မနေ့တုန်းက သူတို့နှစ်ယောက်က အရင်
အဆင်ပြေသင့်တယ်လို့ သူမပြောတော့ ကျန်းရှောက်ယွီက သူမ စကားတွေကို မငြင်းပေ။
" အဲ့ဒါက အဆင်ပြေပါတယ်၊ အရင်ချစ်သွားကြတာက အဆင်ပြေပါတယ်။ ဒီနေ့ခေတ်လူငယ်တွေက
အချစ်ရေးမှာ လွတ်လပ်ကြတယ်။ မိဘတွေက ဆုံးဖြတ်လို့မရဘူး!"
" အချစ်ရေးရာတွေက တေလေဂျပိုးတွေနဲ့ လက်ထပ်တာကို မဆိုလိုဘူး။
အခု မင်းတို့နှစ်ယောက်က ဆက်ဆံရေးတစ်ခုမှာဆိုတော့ အနာဂတ်မှာ မင်းတို့တွေသေချာပေါက်ကို
လက်ထပ်မှာပဲ။ ဒီကိစ္စက ဒီလောက်နဲ့မပြီးသွားဘူး။ ဒါကြောင့် စိတ်မပူနဲ့"
" ငါတို့ ညစာစားပြီးရင် ဘာလုပ်ကြမလဲ?" ချန်ချောင်းလီက
မေးလိုက်သည်။
မုန့်ယန်က ခေါင်းကိုခါပြီး ဖြေခဲ့သည်။ "ဘာမှတော့မဟုတ်ပါဘူး၊
နှစ်လမ်းခါလောက် အပြင်ထွက်ပြီးတော့ အနားယူဖို့ပြန်လာရုံဘဲ "
မနေ့ညက အုန်းလက်အိပ်ရာပေါ်မှာ အိပ်ရတာအရမ်း သက်တောင့်သက်သာရှိလို့
သူမတော့ အိပ်ရတာကို သဘောကျသွားပြီ။
" ဘယ်သွားမှာလဲ? ဦးစီးအရာရှိဆီသွားဖို့လား?"
မုန့်ယန် တစ်ခဏလောက် ကြက်သေသေသွားပြီး မနက်တုန်းက သူမနဲ့ စကားပြောရမှာ
မထူးခြားနားနဲ့ မလိုလားနေတဲ့ အမျိုးသားအကြောင်းကို တွေးလိုက်မိသည်။ " သူ့ကိုသွားရှာမှာလား။
အဲ့ဒီအစီအစဉ် မဟုတ်ပါဘူး"
သူသာ သူမကိုတွေ့ချင်ရင် သူဘဲ အမြဲတမ်းအရင်လာသင့်တာပေါ့ မဟုတ်ဘူးလား?
ရလဒ်အနေနဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေက မပျော်ကြတော့ဘဲ ညစာစားပြီးရင်
သူမကို ဦးစီးအရာရှိအိမ်ဆီ ခေါ်သွားမယ်လို့ မရမကပြောလာသည်။
နောက်တော့ ကျန်းရှောက်ယွီရဲ့ ခြံထဲက အဝါရောင်ခွေးလေးကို မုန့်ယန်
စိုက်ကြည့်နေလိုက်သညိ။
ဘာကြည့်နေတာလဲ?
ဘာကြည့်နေတာလဲ?
....
" ဝူး-ဝုတ်- ဝုတ်"
တစ်လအရွယ် အဝါရောင်ခွေးလေးက သံရေပုံးလောက်တောင် မကြီးဘဲ သူမခြေဖျားလေးနဲ့
မပြီး ကန်လိုက်လို့တောင်ရသည်။ ဒါပေမယ့် သူက တစ်ယောက်ယောက်ကို မြင်တော့ ဟောင်နေတာမရပ်နိုင်ချေ။
အထူးသဖြင့် ကျန်းရှောက်ယွီရဲ့ခြံဆီ နီးကပ်လာတဲ့ မုန့်ယန်ကို သူ့ရဲ့အစွယ်သေးသေးလေးတွေ
ဖြဲပြီးတော့ အပြင်းအထန်ကို ဟောင်တော့သည်။
" သူလေးကအရမ်း ကြမ်းတာဘဲ "
ဒေသခံခွေးလေးက ထုံထုံအအကြည့်နေကာ ပြည့်ပြည့်ဖောင်းဖောင်း လက်ဖဝါးတွေက
မြေပြင်ကို တင်းတင်းကုတ်ထားပြီး မရှည်ပေမယ့် အမွှေးအများကြီးရယ်၊ ကြီးမားဝိုင်းစက်နေတဲ့
မျက်ရစ်နှစ်ထပ် မျက်လုံးတွေနဲ့ ချစ်စရာအကောင်းဆုံးက တြိဂံပုံအမွှေးဖွာဖွာလေးနဲ့ သူ့နားရွက်လေးတွေပဲဖြစ်သည်။
သူဟောင်နေတဲ့အချိန် နားရွက်တွေကိုပါ အတင်းလှုပ်ရှားနေသည်။ နို့လေးလိုမျိုး
နူးညံ့တဲ့အသံလေးက အထူးကိုဘဲ စိတ်ဝင်စားစရာကောင်းလှသည်။
" ဟုတ်တယ် ဒီအသေးလေးက အသေးဆုံးဖြစ်ပြီးတော့ ဝံပုလွေပေါက်တွေထက်ကို
အသံကျယ်သေးတယ်"
ကျန်းဖျင်က သူ့ရဲ့ရက်စက်ကြမ်းကြုတ်တာကို အလေးအနက်မထားဘဲ အသေးလေးကို
ကောက်ပွေ့ဖို့ ကုန်းလိုက်သည်။
ရလဒ်အနေနဲ့ ကြီးကျယ်မြင့်မြတ်တဲ့ပုံစဲ့ အော်ဟစ်နေတဲ့ ကောင်လေးက
ချက်ချင်း အားပျော့သွားသည်။ သူ့ခေါင်းက စိုက်ကျသွားကာ သူ့လည်ပင်းက တွန့်သွားပြီး သူ့ရဲ့ကြီးမားတဲ့မျက်လုံးတွေနဲ့
ခပ်ကျယ်ကျယ်စောင်းကြည့်ကာ သူ့ပါးစပ်ကိုဖွင့်ဖို့နဲ့ အသက်ရှူဖို့တောင်မရဲပေ။
လူတိုင်းက မကူညီနိုင်စွာ ရယ်လိုက်ကြသည်။
ကြည့်၊ မင်းမှာ ဘာခွန်အားမှမရှိရင် ဒေါသတောင်မှ အခြားသူတွေရဲ့ ပါးစပ်ထဲမှာ
ဟာသဖြစ်သွားတယ်။
ရှောင်ဟွမ် ပြည့်ပြည့်ဝဝစားပြီး အမြန်ကြီးလာတော့ အချိန်ရောက်ရင်
ဒီလူတွေ မင်းကို အထင်သေးရဲတော့မှာ မဟုတ်ဘူး။