၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၂၅
ကျန်းရှောက်ယွီက အလုပ်ကနေ သူ့လက်ထဲမှာ ပန်းကန်နဲ့ ပြန်လာသည်။ သူ့မျက်လုံးက
အမျိုးသမီးတစ်စုကို စစ်ဆေးလိုက်ပြီး နောက်ဆုံးတော့ သေချာတဲ့အဓိကနေရာမှာ စက္ကန့်ဝက်လောက်ရပ်သွားကာ
ပြောခဲ့သည်။ "ကျေးဇူးပြုပြီးဝင်လာပါ "
ချန်ချောင်းလီက ထူးထူးဆန်းဆန်း မျက်ခုံးပင့်လိုက်ပြီး " ဝင်လာခဲ့ပါ?
ဒီနေ့ ဦးစီးအရာရှိကျန်းက ဘယ်လိုလုပ် အရမ်းယဉ်ကျေးနေရတာလဲ?"
သူက ဘယ်လိုလုပ် အမြဲတမ်း ကျေးဇူးပြုပြီးဝင်လာပါလို့ ပြောနိုင်မှာလဲ၊
ဒီတိုင်း ဝင်ပြီးထိုင်ပေါ့။
ဒီစကားထွက်လာတော့ အမျိုးသားက သူ့လည်စိကို မတုန်မလှုပ် လှုပ်ရှားလိုက်ပြီး
ဘာမှမပြောလာပေ။
ကျန်းဖျင်က ရှောင်ဟွမ်ကို ချလိုက်ပြီး အခြားသူတွေနဲ့အတူ အိမ်ထဲဝင်သွားလိုက်သည်။
လွတ်လပ်သွားတော့ ရှောင်ဟွမ်က သူ့သခင် သူ့အတွက် ဆောက်ထားတဲ့ သစ်သားအိမ်လေးထဲ ချက်ချင်းပြေးဝင်သွားပြီး
အပေါက်ရှေ့မှာ လှဲလိုက်ကာ တရှုံ့ရှုံ့နဲ့ ညည်းညူနေတာက သနားစရာကောင်းလှလိုက်သည်။
မုန့်ယန်က မဝင်ခင် ပြန်လှည့်ကြည့်လိုက်ပြီး သူမရဲ့အကြည့်ကို ရလိုက်တော့
ရှောင်ဟွမ်က သူမကို ဝမ်းပမ်းတနည်းနဲ့ စိုက်ကြည့်နေပြီး သူမကို ခုန်ပြီးကိုက်တော့မလိုမျိုး
မြေမြင်ပေါ် နှစ်ခါလောက် ခုန်လိုက်သည်။
ကံဆိုးစွာနဲ့ သူ့ခြေထောက်တွေက
တိုလွန်းနေပြီး သူက စင်တီမီတာ နည်းနည်းလောက်
ခုန်လိုက်ပြီးတော့ ပြင်းပြင်းထန်ထန် ပြန်ကျသွားသည်။
မုန့်ယန်က ကျီစယ်လိုက်ပြီး အသံအကျယ်ကြီး ရယ်လိုက်သည်။ လူအုပ်အရှေ့ကလျှောက်နေတဲ့
ကျန်းရှောက်ယွီက လှုပ်လှုပ်ရှားရှား အသံကိုကြားတော့ သူ့မျက်လုံးထောင့်ကနေ နည်းနည်းလှည့်ကြည့်လိုက်သည်။
...
ကျန်းရှောက်ယွီက အိမ်မှာ ညစာစားနေသည်။ အသီးအရွက်နှစ်ခု အသားတစ်တုံးဟင်းက
အရသာကောင်းပြီးတော့ တစ်ဝက်ကုန်သွားပြီ။
နုတ်နုတ်စင်းမွှေကြော်ထားတဲ့ သခွားဖရုံရယ်၊ မွှေကြော်ထားတဲ့ သခွားသီးအချပ်တွေရယ်နဲ့
ပြုတ်ချက်ထားတဲ့ ဝက်သားတုံးတွေရယ် ရေလိုမျိုးဖြူပြီး ကြည်လင်နေတဲ့ ဟင်းချိုတစ်ခွက်နဲ့
နွမ်းနေတဲ့ ကြက်သွန်မြိတ်နှစ်ဖက်က ခေါက်ဆွဲဟင်းရည်ထဲမှာ ဖြူးထားသည်။
" စားပြီးပြီလား?" သူက မုန့်ယန်ကိုမေးလိုက်သည်။
တံခါးထဲဝင်လိုက်တာနဲ့ ဧည့်ခန်းဖြစ်သည်။ အခန်းကကျယ်ကာ သန့်ရှင်းနေသည်။
ထမင်းစား စားပွဲတစ်လုံးရယ် ဗီရိုတစ်လုံးရယ် သစ်သားဆိုဖာတွေတစ်စုံနဲ့ ဘာ အပိုပရိဘောဂမှမရှိပေ။ ဒီကနေ စစ်သားတစ်ယောက်မှာရှိတဲ့
အငွေ့အသက်ကိုရနေသည်။
မုန့်ယန်က လှည့်ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှာထိုင်လိုက်သည်။
" အင်း၊ ကျွန်မ စားပြီးပြီ "
"ထပ်စားဦးမလာ?"
အိမ်မှာဖြစ်တဲ့အတွက် သူက စစ်တပ်ယူနီဖောင်းကိုမဝတ်ထားဘဲ သူ့ကုတ်အင်္ကျီကို
ချွတ်ကာ သူ့ဘာသာလုပ်ထားတဲ့ သစ်ကိုင်းပုံစံ ကုတ်အင်္ကျီချိတ်တဲ့ချိတ် မှာချိတ်ထားကာ
အဖြူရောင် စွပ်ကျယ်တစ်ထည်ပဲ ဝတ်ထားသည်။
ပါးလွှာတဲ့ အထည်သားက သူ့ရဲ့ပုံရိပ်ကို အလုံးစုံမဖုံးကွယ်နိုင်ဘဲ မြင်သာအောင်ပြထားတဲ့ သူ့ရဲ့ လက်မောင်းကြွက်သားတွေက
အချိုးအစားကောင်းကောင်းနဲ့ ချောမွတ်နေကာ အလွန်အမင်း မဖုဖောင်းနေပေမယ့် လှလှပပနဲ့ အားအင်ပြည့်ဝနေသည်။
မုန့်ယန်က အဲ့ဒါကို လက်လွတ်စပယ် တစ်ချက်ကြည့်လိုက်ပြီး အပြုံးဖျော့ဖျော့လေးနဲ့
ငြင်းပယ်လိုက်သည်။ " မဟုတ်ပါဘူး၊ ကျွန်မလာကတည်းက ဗိုက်ပြည့်နေပါပြီ"
သူက ဘယ်သူ့ကိုမှမမေးဘဲ မုန့်ယန်ကိုပဲ မေးသည်။ကြည့်ပါဦး ဒါက တစ်ခုခုကို
လှည့်စားနေတာပဲ။
အစ်မကြီးတွေက ဟိုလိုလိုဒီလိုလိုနဲ့ ရယ်လိုက်ပေမယ့် ကံမကောင်းစွာနဲ့
နှစ်ယောက်သားက သူတို့အတွေးကိုယ်စီထဲ နစ်မြောနေကာ သူတို့ကို အာရုံမရနေပေ။
မုန့်ယန်က သူ့ကိုကြည့်နေတဲ့အချိန် ကျန်းရှောက်ယွီက အလေးအနက်နဲ့
စားနေသည်။
သူစားတာ အရမ်းမြန်ပေမယ့် သူစားတဲ့ပုံစံက သပ်ရပ်သည်။
ထူးဆန်းလိုက်တာ ဘယ်လိုလုပ် စားတာမြန်ပြီးတော့ကျော့ရှင်း နေရတာလဲ?
အဲ့ဒီကနေ ကျန်းဖျင်က ကျန်းရှောက်ယွီရဲ့ ဟင်းတွေကိုကြည့်လိုက်ကာာ
အပြုံးနဲ့ပြောလိုက်သည်။ "ဦးစီးအရာရှိကတော့ ကန်တင်းကနေဘဲ ထပ်စားပြန်ပြီ။ အဲ့ဒီဟင်းတွေကိုပဲ
နေ့တိုင်းစားနေရတာ မပင်ပန်းဘူးလား?"
" ပြည့်ပြည့်ဝဝ စားနိုင်နေတာကပဲ ကောင်းနေပါပြီ၊ ဘယ်လိုလုပ်
ငြီးငွေ့နိုင်မှာလဲ?" ကျန်းရှောက်ယွီက သူမကိုကြည့်လိုက်သည်။
ချန်ချောင်းလီက ရှင်းပြလိုက်သည်။ " အစားအစာတွေက ဆီများတာကို
မပြောပါဘူး။ ဒါပေမယ့် လက်ရာကမကောင်းဘူး!"
" ဟုတ်တယ် ကန်တင်းမှာက ဟင်းနည်းနည်းပဲရှိတယ်။ ဂေါ်ဖီထုပ်တွေကို
ပြုတ်ကြော်ထားပေမယ့် သူ့ဟာက ပြုတ်ထားသလိုပဲ။ ဝက်သားကိုလည်း အနီရောင်သန်းနေအောင် နှပ်ထားရမှာ။
ကန်တင်းက အမြဲတမ်း ပြုတ်ချက် ချက်နေသလိုဘဲ"
လူတိုင်းကိုကြည့်ပြီးတော့ ချန်ချောင်းလီက ပါးစပ်ကို အုပ်လိုက်ပြီး
ပြုံးလိုက်သည်။
ဟူစုချင်ကလည်း ချက်ချင်း အနောက်ကနေ သံယောင်လိုက်လိုက်ခဲ့သည်။
" အစ်မ မင်းအတွက် ပြင်ဆင်ပေးမယ်လေ "
ကျန်းရှောက်ယွီက အင်တင်တင်နဲ့ နောက်ဆုံးတစ်လုတ်ကို စားလိုက်ပြီး
ပြောခဲ့သည်။ " မရီး ကျွန်တော့်ကို ဟာသမလုပ်နေပါနဲ့"
ဒါ့အပြင် ချွေးမတစ်ယောက်နဲ့ လက်ထပ်တာက အိမ်မှာ ချက်ပြုတ်ဖို့အတွက်ပဲလေ။
သူအခုချိန်ထိ တစ်ကိုယ်ထဲဖြစ်နေတာ မဟုတ်ဘူးလား?
စစ်သား ဇနီးတွေရဲ့ ရယ်သံတွေက ပေါက်ကွဲထွက်လာပြီး မုန့်ယန်က မရီလို့ရှိရင်လည်း
မသင့်လျော်နေတဲ့အတွက် သူမလည်းလိုက်ရီလိုက်သည်။
" ဒါဆို နင်တို့နှစ်ယောက် ဘယ်တော့မှ အတူနေကြမှာလဲ? မင်းရဲ့
လက်ထပ် အစီရင်ခံစာတင်လို့ မရတော့မှလား?"ကျန်းဖျင်က သူ့ကိုမေးလိုက်သည်။
ကျန်းရှောက်ယွီက မုန့်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် စားပွဲပေါ်က
ကြွေရည်သုတ်ခွက်ကို ကောက်ကိုင်လိုက်ကာအဖုံးဖွင့်ပြီး မှုတ်လိုက်သည်။ " ပြောရရင်
သူမက အခုမှ ဒီကိုရောက်တာမဟုတ်ဘူးလား?"
သူစိုက်ကြည့်တာကို ခံလိုက်ရတော့ အမျိုးသမီးတစ်ချို့က ပြန်ပြုံးလိုက်ကြသည်။
သူမလည်း အလျင်မလိုနေသလို သူလည်း အလျင်မလိုနေဘူး။ ဒါက ဘယ်သူအလျင်လိုနေသလဲဆိုတဲ့
အပေါ်မှာ မူတည် နေသည်။
ချန်ချောင်းလီ - " အဲ့ဒါမှန်တယ်၊ မစိုးရိမ်နေကြနဲ့၊ အခုမှတစ်ရက်လေးပဲရှိသေးတာ
"
ဟူစုချင် - " ကောင်းပြီလေ၊ လူငယ်တွေက အလျင်မလိုကြဘူးပဲ။ သူတို့ကိုထားလိုက်ပါတော့
"
နောက်ထပ် အရီလှိုင်းလုံးတစ်ခုက ရောက်လာပြန်သည်။
အမျိုးသမီးတစ်စုက အမျိုးသားတစ်ယောက် ညစာစားတဲ့ ပတ်ပတ်လည်မှာ စုရုံးနေကြသည်။
ဘယ်လိုပဲကြည့်ကြည့် အဲ့ဒါက ထူးဆန်းနေပေမယ့် အဒေါ်တွေက ထွက်သွားဖို့ မပြောသေးတဲ့အတွက်
ထွက်သွားဖို့ကို မုန့်ယန် အရမ်း ကသိကအောက်ဖြစ်နေသည်။
အစာစားပြီးတဲ့နောက်မှာ၊ ကျန်းရှောက်ယွီက ကောင်ညှင်းဆန်ချောင်း အထုတ်တစ်ထုတ်နဲ့
မက်မွန်သီးကြွပ်ကြွပ်ကြော်ကို ဗီရိုကနေထုတ်လိုက်ပြီး ဧည့်သည်တွေကို ဧည့်ခံလိုက်သည်။
ဒီနှစ်ခုက မုန့်ယန်မျက်စိထဲမှာ အရမ်း ရိုးရှင်းတဲ့သရေစာဖြစ်ပေမယ့် ဒီနှစ်တွေမှာ
အဲ့ဒါတွေက ဧည့်သည်တွေကို ဧည့်ခံဖို့သေချာပေါက်ကို အဆင့်တန်းမြင့်လှသည်။
ကျန်းရှောက်ယွီမှာ ပိုက်ဆံမချို့တဲ့နေဘဲ သူ့မိသားစုကို သူကိုယ်တိုင်
ကျွေးထားနိုင်ပြီး သူ့မိသားစုအခြေအနေကလည်း ကောင်းသည်။ အဲ့ဒီအတွက်ကြောင့် သူအတွက် ပိုက်ဆံပို့ပေးတာ
ဒါမှမဟုတ် ထောက်ပံ့ပေးဖို့ မလိုပေ။
သူက အရာရှိဖြစ်နေဆဲဖြစ်ပြီး ဒီနှစ်တွေထဲမှာ သူက စစ်တပ်အတွက် ထောက်ပံ့မှုတွေလည်း
အများကြီးလုပ်ခဲ့ပြီး ဆုတွေလည်း အများကြီးရခဲ့ကာ တစ်ချိန်လုံးလည်း တစ်ကိုယ်တည်းဖြစ်ခဲ့သည်။
တစ်ကိုယ်တည်းသမား တစ်ယောက်က
ဘယ်လောက် သုံးနိုင်မယ်လို့ထင်လဲ? မသုံးနိုင်တော့ရင် စုထားပေါ့။ သူဘယ်လောက်စုထားလဲဆိုတာ
သူကလွဲပြီး ဘယ်သူမှမသိပေမယ့်လည်း သတိရှိရှိနဲ့ စဉ်းစားကြည့်ရင် မနည်းလောက်ဘူး?
သူက ဖုံးကွယ်ထားတဲ့ " သူဌေးကြီး"ပဲ!
စစ်တပ်က ဇနီးတွေက သူ့ကို ကျေးဇူးတင်လိုက်ပြီးတဲ့နောက်မှာ သူတို့က
စိတ်ထဲမှာ ဝန်ထုတ်ဝန်ပိုး မဖြစ်နေတော့ဘဲ ကျန်းရှောက်ယွီရဲ့ သရေစာတွေကို ပျော်ပျော်ကြီးစားတော့သည်။
မုန့်ယန်က ဟန်ပြအနေနဲ့ တစ်ပိုင်းလေးယူလိုက်ပြီး သေးသေးလေး တစ်ကိုက်ကိုက်လိုက်သည်။
သူမ သိမ်မွေ့သလို ဟန်ဆောင်နေတာမဟုတ်ဘဲ ဒီနေ့ သူမချက်ခဲ့တဲ့ ဟင်းက
အရမ်းအရသာရှိတဲ့အတွက် သူမက မတော်တဆ ထမင်းအပိုတစ်ပန်းကန်ထပ်စားခဲ့တာဖြစ်သည်။
မနက်ကဘဲ ပင်လယ်ကနေ ဖမ်းလာတဲ့ ပင်လယ်ကမာကောင်တွေက အရမ်းအရသာရှိပြီး
ပါးစပ်ထဲမှာ အရသာရှိမှုက ပျော်မြူးနေကာ အရှေ့အနောက်သွားပြီးတဲ့နောက်မှာ အများကြီး စားမိတော့မှမဟုတ်ဘူး။
မက်မွန်သီးကြွပ်ကြွပ်ကြော်က တိုက်ခိုက်နေကြတဲ့ မရီးတွေကြားမှာ နှစ်မိနစ်အတွင်း
ပြောင်သွားပြီး တစ်ပိုင်းဘဲကျန်တော့တဲ့အချိန်မှာ ကျန်းရှောက်ယွီက အရင်ယူလိုက်သည်။
နှစ်တွေအကြာကြီး တစ်ကိုယ်တည်းဖြစ်နေတဲ့ အလျင်က ကြွားဖို့မဟုတ်ပေမယ့်
လက်ထပ်ပြီးတဲ့နောက် အလျင်ကို လူတိုင်းက မြင်လိုက်ရကာ ထောင်စုက ကျန်းရှောက်ယွီ ရဲ့လက်ထဲရောက်သွားသည်။
" မင်းစားဦးမလား?"
လူတိုင်းက အပြန်အလှန် နားလည်မှုနဲ့ ကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသည်။
မက်မွန်သီးခြောက်ကို စားပြီးရင် ရေ ငတ်သွားစေသည်။ မုန့်ယန်က အဲ့ဒါကို
တကယ် မစားချင်နေပေမယ့် ငြိမ်ငြိမ်သက်သက်နဲ့...
"ကျေးဇူးတင်ပါတယ် " သူမ သူ့လက်ထဲကနေ ယူလိုက်သည်။
" ယဉ်ကျေးလိုက်တာ "
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုကြည့်ရတာ မုန့်ယန်နဲ့ ရှောင်ကျန်းက
တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြသေးတဲ့ပုံပေါ်သည်။
မက်မွန်သီးခြောက်ကို စားပြီးတဲ့နောက်မှာ စစ်တပ်ကဇနီးတွေတစ်စုက ပိုပြီးကောင်းကောင်းမွန်မွန်နဲ့
ထွက်သွားကြသည်။ သူတို့လက်ထဲက အကြွင်းအကျန်တွေကို ခါလိုက်ပြီး ထွက်သွားကြသည်။
ကျန်းရှောက်ယွီက ဧည့်သည်တွေနဲ့ မနေခဲ့တဲ့အတွက် မုန့်ယန်လည်း သူမရဲ့
မရီးတွေနောက်ကနေ လိုက်ပြီးတော့ တံခါးကနေ လျှောက်ထွက်လိုက်ကာ ကျန်းရှောက်ယွီဘက်ကို လှည့်ကာ
လက်ပြလိုက်သည်။ "ဒါဆို ကျွန်မလည်း သွားတော့မယ်၊ နှုတ်ဆက်ပါတယ်"
ချန်ချောင်းလီက သူမပခုံးကို ပျော်ပျော်ရွင်ရွင်ကိုင်လိုက်ပြီး ပြောခဲ့သည်။
" ဟေး ညီမ မုန့်ယန် အစ်မတို့က ထွက်တာနဲ့ ပြန်တော့မှာ။ ညီမ ပြန်လို့မရသေးဘူး။ ဒီမှာနေပြီး
ဦးစီးအရာရှိနဲ့ စကားဆက်ပြောနေလေ။ မင်းတို့ လူငယ်တွေမှာ ပြောစရာတစ်ခုခုမရှိကြဘူးလား?"
မုန့်ယန် ရပ်သွားခဲ့သည်။ " အာ အမ်၊ တကယ်တော့... "
ဒါက စကားများတာတော့ မဟုတ်ဘူး မလား?
သူမ ပြောနေတာကို မစောင့်တော့ဘဲ ချန်ချောင်းလီက မုန့်ယန်ကို ကျန်းရှောက်ယွီဆီ
ကျွမ်းကျွမ်းကျင်ကျင်နဲ့ တွန်းပို့လိုက်သည်။
အပြုံးတစ်ခုနဲ့ လှည့်ထွက်သွားကာ သူတို့နှစ်ယောက်အတွက် ကြင်ကြင်နာနာနဲ့
တံခါးကိုပါ ပိတ်ပေးလိုက်သည်။
" ကောင်းပြီ မင်းတို့နှစ်ယောက် စကားပြောကြတော့၊ ငါတို့အရင်သွားတော့မယ်
"
ထို့နောက် အရာရာတိုင်းက တိတ်ဆိတ်သွားပြီး ဆူညံကာ အသက်ဝင်နေခဲ့သည့်
လေထုက ချက်ချင်း တစ်ခဏလောက် အေးခဲသွားကာ လှပတဲ့ မျက်လုံးနှစ်စုံက ဧည့်ခန်းထဲမှာ တစ်ယောက်ကို
တစ်ယောက် တိတ်တဆိတ် ကြည့်နေခဲ့ကြသည်။