အပိုင်း ၂၆
Viewers 1k

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

 

အပိုင်း ၂၆

 

 

 

 

"...ရဲဘော်ကျန်း၊ အမ် ရှင့်မှာပြောစရာ တစ်ခုခုရှိလို့လား?"

 

 

သူမ ရှေ့မှာရပ်နေတဲ့ အမျိုးသားရဲ့ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်နဲ့  သူ့ရဲ့နောက်ကျောက ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေပြီး နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။ အဲ့ဒါကြောင့် မုန့်ယန် မျက်လုံးထဲ အမှောင်တွေနဲ့ ဝိုးတိုးဝါးတားဖြစ်နေခဲ့သည်။

 

 

သူက ပြောခဲ့သည်။ "ဘာပြောစရာလဲ?"

 

 

ရှင်ဘာမသိတာလဲ?

 

 

အခု သူ့ရှေ့မှာ သူမ ဘယ်လောက် ရှက်နေရလဲဆိုတာ မုန့်ယန်မဖော်ပြနိုင်ပေ။ ကျန်းရှောက်ယွီနဲ့ တူတူရှိနေတဲ့အချိန်တိုင်း သူမနှလုံးက ပဲပိစပ်လိုမျိုး အမြဲတမ်းခုန်ပေါက်နေသည်။

 

 

သူက ရှက်စေတဲ့စက်ကြီးလိုဘဲ။

 

 

"ဒါဆို..."မုန့်ယန် သူ့အနောက်က သံတံခါးကို လက်ညှိုးထိုးပြလိုက်သည်။ " ပြောစရာဘာမှမရှိဘူးဆိုရင်၊ ကျွန်မ အရင်ပြန်လို့ရမလား?"

 

 

အမျိုးသားက မတုံ့ဆိုင်းနေဘဲ ‌ခေါင်းညိတ်လိုက်ပြခဲ့သည်။ " အင်း "

 

 

" အဟွတ် " မုန့်ယန်က ချောင်းဆိုးလိုက်ပြီး " ကျွန်မ တကယ် မနေခဲ့ချင်ပါဘူး"

 

 

သူမ တကယ်ချောင်းဆိုးနေတယ်လို့ သူထင်လိုက်ကာ သူက ဖန်ခွက်တစ်ခွက်ကို ရှာလိုက်ပြီး ရင်းရင်းနှီးနှီးနဲ့ ရေနွေးထည့်ပေးလိုက်သည်။

 

 

" သောက်မလား?"

 

 

"ကျေးဇူးပါ" မုန့်ယန်က ရေတကယ်ငတ်နေတဲ့အတွက် သူမက သိပ်ဂရုမစိုက်မိလိုက်ဘဲ ရေခွက်ကို ယူလိုက်ပြီး ပါးစပ်ထဲလောင်းချလိုက်သည်။

 

 

ရေစက်တွေက လည်ပြွန်တစ်လျှောက် လမ်းနှစ်ခွဖြာဆင်းသွားတော့ သူမကို ပိုသီးသွားစေပြီး ‌ချောင်းဆိုးတာမရပ်တော့ချေ။ သူမ မျက်နှာက မီးလောင်ထားတဲ့ ခရမ်းချဉ်သီးထက်ကို နီရဲနေသေးသည်။

 

 

ကျန်းရှောက်ယွီက သိပ်အများကြီးမတွေးနေဘဲ နွေးထွေးတဲ့ လက်ဖဝါးတွေက သူမကျောဆီရောက်လာပြီး စိုးရိမ်စွာနဲ့ ညင်ညင်သာသာ ပုတ်ပေးနေသည်။

 

 

အဲ့ဒီလို လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်နှစ်ခုက မတတ်နိုင်ဘဲ အရမ်းနီးကပ်သွားရသည်။ နီးလွန်းတဲ့အတွက် သူတို့ရဲ့ အသက်ရှူ‌သံကိုတောင် ကြားနေရပြီး သီးသွားတဲ့ မုန့်ယန်က ပိုပြီးဆိုးဆိုးဝါးဝါး ‌ချောင်းဆိုးလာရသည်။

 

 

သူမ လှည့်လိုက်လိုက်ချင်း သူမအရှေ့က အမျိုးသားရဲ့ နက်ရှိုင်းတဲ့ မျက်လုံးထဲကနေ သူမရဲ့ နီနီရဲရဲမျက်နှာကို မြင်နေရသည်။ ဒေါသထွက်နေတဲ့မျက်နှာ။

 

 

ချောင်းဆိုးတာက နှစ်စက္ကန့်လောက် ခဏရပ်သွားသည်။ ဒီနှစ်စက္ကန့်အတွင်းမှာ အခြားစိတ်ခံစားချက်တွေက နှစ်ယောက်ရဲ့ ရင်ထဲကနေ ‌ပေါက်ကွဲထွက်လာသည်။

 

 

ဒွိဟတွေနဲ့ အောင့်အီးသည်းခံနေရတဲ့ လေထုထဲမှာ၊ ဒုတ် ဒုတ်--

 

 

တင်းကျပ်ပြီး စိတ်လှုပ်ရှားနေတဲ့ စည်းချက်က တစ်ပြိုင်တည်း သူတို့နှစ်ယောက်ရဲ့ အာရုံကြောတွေကို ကော်ထုတ်နေခဲ့သည်။ ကျန်းရှောက်ယွီရဲ့ စိုးရိမ်တဲ့အကြည့်အောက်မှာ မုန့်ယန်ရဲ့ ပြောင်းလဲလွယ်တဲ့ ဦးနှောက်က ရုတ်တရက် မလှုပ်ရှားနိုင်တော့ချေ။

 

 

သူမ ဘာမှမပြောတဲ့အတွက် ကျန်းရှောက်ယွီက မေးလိုက်သည် - " အဆင်ပြေရဲ့လား?"

 

 

"အဆင်ပြေသွားပါပြီ၊ ကျွန်မ...." မုန့်ယန်က စားပွဲပေါ် ဖန်ခွက် ဆောင့်ချလိုက်ပြီး သူမရင်ဘက်ကို ပုတ်ကာ တံခါးကို ညွှန်ပြလိုက်သည်။ " ကျွန်မ အရင်ပြန်လို့ရမလား?"

 

 

ကျန်းရှောက်ယွီရဲ့ အမူအရာက သူမ မျှော်လင့်ထားသလိုဘဲ မတုံ့ဆိုင်းဘဲ ခေါင်းညိတ်လိုက်သည်။ " ကောင်းပြီ "

 

 

မုန့်ယန်လည်း တကယ်.ပြန်သွားသည်။

 

 

အချိန်က သုံးမိနစ်လောက်တောင် မကြာတဲ့အတွက် ဘေးက ‌ချန်‌ချောင်းလီအိမ်မှာ စုရုံးနေကြတဲ့ စစ်တပ်ကဇနီးတွေက အံ့အားသင့်သွားကြသည်။

 

 

ဘာ၊ ဘာဖြစ်‌နေတာလဲ?

 

 

ဒီလူငယ်နှစ်ယောက်က တစ်ခုခုအကြောင်း ပြောနေသင့်တာမဟုတ်ဘူးလား? အခုပဲ ထွက်လာတယ်? မိနစ်နည်းနည်းလောက်နဲ့လေ?

 

 

ဒီနေရာက ကိစ္စ....ငါတို့ဒါကို ဘယ်လိုပြောရမှာလဲ? ဘာတို့ နင်တို့ စကားမပြောနေကြတာလဲ?

 

 

ဟေး၊ ဒါက ထူးဆန်းတယ်။

 

 

ငါးရက်ဆက်တိုက် ပြီးသွားတဲ့နောက်မှာ ကျန်းရှောက်ယွီက မုန့်ယန်ကို စပြီးမရှာခဲ့ပေ။

 

 

အဓိကလူနှစ်ယောက်လုံးက အလျင်မလိုနေပေမယ့် စစ်တပ်က ဇနီးတွေကတော့ အဆင်ပြေဖို့ လိုက်နေကြသည်။ အချိန်တချို့လောက် သူတို့က မုန့်ယန်ကို ဦးစီးအရာရှိဆီ ခေါ်သွားဖို့ ကြိုးစားပေမယ့် ဒီကောင်မလေးက သူ့ဆီသွားဖို့ကို ငြင်းပယ်လိုက်သည်။

 

 

သူမကဘဲ သူ့ကိုသွားရှာနေရမှာလား၊ ဘာလို့ သူကရော သူမ ဆီမလာလဲ?

 

 

အဲ့ဒါက သူမအတွက် အဓိပ္ပါယ်မရှိသလို၊ အဲ့ဒါက ဘာကိုဆိုလိုတာလဲ? ဒါမှမဟုတ် သူက အချစ်ရေးရာမှာအတွေ့အကြုံမရှိဘူးလို့ ခံစားရတဲ့အတွက် သတ္တိတွေ မစုနိုင်ဘူးပေါ့?

 

 

မုန့်ယန် ညှိုးညှိုးငယ်ငယ်နဲ့ စဉ်းစားလိုက်တယ် - ဒီလူက မဝံ့မရဲဖြစ်နေရင်၊ သူက တစ်ကိုယ်တည်းဖြစ်ဖို့ပဲ တန်တယ်။

 

 

...

 

မုန့်ယန်နဲ့ ကျန်းရှောက်ယွီကြားမှာ ခပ်ခွာခွာဖြစ်နေတဲ့အတွက်ကြောင့် အခုတလော ဖေ့လန်ကျွန်းမှာ သူတို့နှစ်ယောက်အကြောင်း "ကောလဟာလတွေ" ထွက်လာသည်။ တချို့က ဦးစီးအရာရှိက မုန့်ယန်ကို မကြာခင်မှာ မြို့တော်ကို ပြန်ပို့တော့မယ်လို့ ပြောကြသည်။

 

 

တချို့ဝေဖန်ချက်တွေက မလိုမုန်းထား ဖြစ်နေပေမယ့်လည်း ကြည့်ကောင်းတဲ့ အပြုံးတွေကို ပြပြီး ဂရုစိုက်ကြတဲ့လူတွေလည်း အမြဲရှိသည်။

 

 

ဝေဖန်တာတွေက မုန့်ယန် နောက်ကွယ်မှာဘဲ ပြောကြပေမယ့် အကြောင်းအရာရဲ့ အဓိကလူဖြစ်တဲ့ မုန့်ယန်ကတော့ အခုလောလောဆယ်မှာ ကျွန်းပေါ်က အခြေအနေတွေကို စူးစမ်းရှာဖွေနေခဲ့သည်။ သူမဖေ့လန်ကျွန်းမှာ နေနေတဲ့ တစ်ပတ်အတွင်းမှာ အချို့ အဓိကအချက်တွေကို သူမအကြမ်းဖျင်း ပုံဖမ်းမိသွားသည်။

 

 

ကျွန်းပေါ်မှာ မိသားစုတွေ တစ်ရာလောက်ရှိပြီး အားလုံးက ငါးဖမ်းရင်းအသက်မွေးသည်။

 

 

ကျွန်းသားတွေက နေထိုင်မှုစရိတ်စကတွေ ရဖို့အတွက်  ငါးဖမ်းဖို့ ပင်လယ်ကိုပဲ အဓိကထွက်ကြပြီး အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေကတော့ အိမ်မှာပဲနေကြကာ လယ်ကွင်းတွေမှာ စိုက်ပျိုးကြသည်။

 

 

တရုတ်ပြည်သစ်လွတ်လပ်‌ရေး ရပြီးနောက်မှာ အကူအနေနဲ့ပတ်သတ်ပြီး သီးခြားဖွဲ့စည်းထားတဲ့ အမျိုးသမီးစစ်သားတွေလို့ ခေါ်တဲ့ အထူးတဲ့ အဖွဲ့တစ်ခုရှိသည်။

 

 

ဖေ့လန်ကျွန်းက မကြီးဘဲ မြေပြန့်နည်းနည်းနဲ့ တောင်တွေ၊ သစ်တောတွေရှိသည်။ လူမျိုးစုတွေရဲ့ ‌ဓလေ့က ရိုးရှင်းပြီး ရိုးသားကြသည်။ ခိုးမှုတွေ၊ လုယက်မှုတွေနဲ့ မြို့ထဲမှာလို ထကြွသောင်းကျန်းမှုလိုမျိုး ဥပဒေနဲ့ ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေလည်း မရှိဘဲ ညဘက်မှာ တံခါးတွေကို ဖွင့်ထားတာတောင်မှ ဖြစ်နိုင်သည်။

 

 

ဒီကဘဝမှာ နေထိုင်ရတာ ဖြည်းဖြည်းချင်း အသားကျလာတယ်လို့ မုန့်ယန်ခံစားလိုက်ရသည်။ မိုးခေါင်တဲ့နှစ်တွေမှာ ရေရှားတာကလွဲရင် ဒီနေရာက သွားဖို့အကောင်းဆုံးနေရာဖြစ်ပြီး ဒီက ရိုးရှင်းတဲ့ လူမှုဆက်ဆံရေးတွေကိုလည်း သူမသဘောကျကာ စိတ်နဲ့ကိုယ်မှာ သူမအရင်က မကြုံဖူးတဲ့ စိတ်ပေါ့ပါးမှုတွေကို သူမရှာတွေ့လိုက်သည်။

 

 

" အစ်မုန့်ယန်! အစ်မမုန့်ယန်! ပင်လယ်ဆီ သွားရအောင်!"

 

 

နောက်တစ်နေ့ မနက်စောစောမှာ ကျိုးရှောင်မေ့က ငါးဖမ်းပိုက်နဲ့ ပုံးအသေးတစ်လုံးနဲ့ မုန့်ယန်ကို ခေါ်နှိုးပြီး ပင်လယ်မှာငါးသွားဖမ်းဖို့  မစ်ဟုန် အိမ်ဆီ လာခဲ့ပေမယ့် အအိပ်နတ်ဘုရားမ မုန့်ယန်က ၈နာရီခွဲ မတိုင်ခင်အထိ နိုးမလာပေ။

 

 

ရှီဒန်ကလည်း အစ်မမေ့အတိုင်းလိုက်ပြီးတော့ တံခါးကိုခေါက်လိုက်သည်။ " အစ်မ! အစ်မ! ထတော့ ကမာကောင်တွေသွားဖမ်းကြမယ်!"

 

 

"ဟမ်?ဟမ်..." တံခါးအပြင်မှာ ဆူညံနေတာကိုကြားတော့ မုန့်ယန်ခေါင်းက တဒေါက်ဒေါက်မြည်နေပေမယ့် သူမ မထချင်သေးတဲ့အတွက် နှစ်ခါလောက်လှိမ့်လိုက်ပြီး မင်တက်နေရင်း အိပ်‌မောကျသွားခဲ့သည်။

 

 

"အစ်မ မုန့်ယန်! အခုချိန်သွားမှရမယ် နောက်ကျသွားရင် ဘာမှ ရှိတော့မှာမဟုတ်ဘူး!"မေ့မေ့က စိုးရိမ်တကြီး အော်ပြောလိုက်သည်။

 

 

"ဟင်? သိပြီ၊ ဟုတ်ပြီ..." သူမက ပြောနေပေမယ့် သူမမျက်လုံးတွေကတော့ ချက်ချင်းပိတ်သွားပြီး စောင် ယူလိုက်ကာ လည်ပင်းအထိ ခြုံလိုက်သည်။

 

 

ကျန်းရှောက်ယွီရဲ့ သန့်စင်တဲ့ ချည်ပိတ်သားက အိပ်ရတာ အရမ်းသက်တောင့်သက်သာရှိသည်။

 

 

မီးဖိုချောင်ထဲမှာ မီးမွှေးနေတဲ့မစ်ဟုန်က ကြည့်နေပြီး ရယ်ချင်နေခဲ့သည်။ " လာပါ မေ့‌မေ့ရယ်၊ နင့်ရဲ့ ချင်းဟူနဲ့သွားတာက ပိုကောင်းသေးတယ်။ ဒီအပတ်ထဲမှာ ရှောင်မေ့က အားလုံးပေါင်း သုံးရက်တောင် အစောကြီး ထခဲ့တာ။ ကြည့်ရတာတော့ သူမ ဒီနေ့ အစောကြီးထပ်ထနိုင်လောက်မှာ မဟုတ်ဘူး "

 

 

ကျွန်းသားတွေက နောက်ကျမှထတာကို အားမပေးပေမယ့်လည်း အဲ့ဒါက ပြဿနာမဟုတ်ပေ။ အဆုံးမှာတော့ မုန့်ယန်က ဒီကိုရောက်ရုံလေးပဲရှိသေးပြီး အလေးအနက် အလုပ်လည်း မရှိသေးပေ။ စောစောထတာက အရေးမကြီးသလို နောက်ကျမှ အိပ်တာကလည်း အန္တရာယ်မရှိချေ။

 

 

" အိုး၊ အစ်မမုန့်ယန်က ငပျင်းလိုဘဲ၊ သူ့လိုမျိုး အိပ်နိုင်တဲ့ သူကို တစ်ခါမှမတွေ့ဖူးဘူး!" ခြေကိုဆောင့်ပြီးတော့ မေ့မေ့က စိတ်မပါစွာနဲ့ အဝေးကို သွားတော့သည်။

 

 

ရှီဒန်က သူမဆီ အပြေးအလွှားလိုက်သွားသည်။ " အစ်မမေ့! သားလည်း သွားချင်တယ် !"

 

 

မေ့မေ့က နောက်ကို ပြန်လှည့်မကြည့်ဘဲ ပြောခဲ့သည်။ " နင်လိုက်မလို့လား? ဒါဆို နင့်အမေကို သွားမေးလိုက်"

 

 

မစ်ဟုန်က ပြုံးလိုက်ပြီး သူမသားကို ပြန်ခေါ်လိုက်သည်။ " ရှီဒန် မသွားနဲ့ဦး၊ ထမင်းစားပြီးမှသွား "

 

 

ရှီဒန်က ခြေလောနဲ့ အမြန်ပြန်လျှောက်လာပြီး အင်တင်တင်နဲ့ ပြောခဲ့သည်။ " စားပြီးမှပေါ့ အစ်မမေ့ သားကိုစောင့်နော် "

 

 

မေ့မေ့က ပြန်လှည့်လိုက်ပြီး ပြုံးလိုက်ကာ ချင်းဟူလက်ထဲက ဂေါ်ပြားအသေးလေးကို ယူလိုက်သည်။ " ရှီဒန် အစ်မ မစောင့်နိုင်ဘူး ပြီးမှ ကမ်းခြေအရှေ့မှာ အစ်မဆီလာခဲ့ "

 

 

ပြောပြီးတဲ့နောက်မှာ ချင်းဟူရဲ့ လက်မောင်းကို ကိုင်ပြီး အဝေးကို ပြေးသွားလိုက်သည်။

 

 

မုန့်ယန် နိုးလာတဲ့အချိန်မှာ မေ့မေ့က ကမ်းခြေကနေတောင်ပြန်လာပြီဖြစ်ပြီး ခြံဝင်းထဲမှာ သူမ မျက်နှာသစ်နေတာနဲ့ သွားဆုံကာ ပစ္စည်းခြင်းအပြည့်နဲ့ရောက်လာသည်။

 

 

" ဒီနေ့ သမီးအများကြီး ရခဲ့တယ် ကြည့်!"

 

 

ဘန်းခနဲ အသံနဲ့အတူ ပင်လယ်စာပုံးအကြီးကြီးက မုန့်ယန် ရှေ့ရာက်လာသည်။

 

 

အခုမှ ဖမ်းလာတဲ့ ပစ္စည်းအသစ်တွေနဲ့ ပြည့်နေကာ ပုံးထဲမှာ ထွန့်ထွန့်လူးနေကာ ခုန်ပေါက်နေကြပြီး အရမ်းကို လှုပ်ကြွနေသည်။ ဒါပေမယ့် မုန့်ယန်အတွက် နည်းနည်း မနှစ်မျို့စရာကောင်းနေကာ မုန့်ယန် ငုံ့လိုက်တော့ ပါးစပ်အပြည့် ငါးနံ့တွေရှူသွင်းလိုက်မိပြီး သူမကို ပျို့တက်ပြီး အန်မတတ်ပင်။

 

 

ခေါင်းကို အဝေးလှည့်လိုက်ပြီး အသက်ဝဝရှူလိုက်ပြီး ခဏနေမှ မုန့်ယန် အံ့အားသင့်စွာနဲ့ ပြောလိုက်သည်။ " ဝါး၊ အများကြီးပဲ တော်တော်များတာဘဲ "

 

 

ထပ်ပေါင်းပြောရရင် စားလို့ရတဲ့ ပင်လယ်စာတွေ၊ ဝက်ခရုတွေ၊ ချစ်စရာကောင်းတဲ့အနီရောင်ကြယ်ငါးတွေက အသက်ရှင်နေတယ်! သူမ ဒီဟာတွေကို လိုချင်တယ်လို့ အကြိမ်ရေတချို့ ပြောနေပေမယ့် သူမ မရှာနိုင်ပေ။ အခုတော့ အားလုံးက သူမ ရှာဖို့မပြောနဲ့ အသက်‌ ရှင်နေတုန်းဘဲ!

 

 

ကြယ်ငါးရဲ့ထောင့်တွေကို ကလိနေရင်း မုန့်ယန် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးလိုက်သည်။

 

 

မေ့မေ့က သူမခေါင်းကို အားပါးတရ ခါလိုက်သည်။ " ဟမ့်၊ အားကျနေလိုက်တာ၊ ဒါလေးကိုများ အရေးကြီးဆုံးအရာက ဒါကို ဖမ်းရတဲ့အပျော်ပဲ! အဲ့ဒါပဲ!"

 

 

မုန့်ယန်က သဘောတူစွာနဲ့ ခေါင်းညိတ်လိုက်သည်။ " အစ်မ အဲ့ဒီကို အရင်က နှစ်ခါရောက်ဖူးတယ် အရမ်း စိတ်ဝင်စားဖို့ကောင်းတာ "

 

 

" ဟမ့်၊ ဒါဆို နေမြင့်တဲ့အထိ ဆက်အိပ်နေပေါ့"  မေ့မေ့က သူမကို ဒေါသတကြီးကြည့်လိုက်သည်။

 

 

ဒီလိုပုံစံက မသိတဲ့လူဆိုရင် မေ့မေ့ကို မုန့်ယန်ရဲ့အစ်မလို့တောင် ထင်သွားဦးမယ်။