အပိုင်း ၃
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၃

 

 

 

 

 

စုချန်ယန်က ကုမ္ပဏီနဲ့ တစ်နှစ်ကြာ လက်မှတ် ရေးထိုးပြီးနောက် လျိုဝမ်က ဒီမိန်းကလေးကို အလေးအနက်ထားကြည့်မိသည့် ပထမဆုံး အကြိမ်ဖြစ်သည်။

 

 

 

မိန်းကလေးက အလွန်နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိပြီး အနီးနားတွင်ပင် သူမမျက်နှာပေါ်ရှိ အပြစ်အနာအဆာများကို မတွေ့မြင်နိုင်ပေ။ သူမက ပြီးပြည့်စုံစွာ ဖန်တီးထားသည့် အရုပ်တစ်ရုပ်နှင့်တူပြီး အရင်က ဒီအရုပ်မှာ ဝိညာဉ်မရှိတာနဲ့တူပြီး အခုအချိန်မှာတော့ ဝိညာဥ် ရရှိလိုက်သလိုပဲ။

 

 

 

ပထမ အကြည့်တစ်ချက်တွင် လူစည်ကားသောနေရာ၌ အရည်အချင်းရှိသော ကင်းထောက်ရဲ့ မျက်လုံးတစ်စုံကို ဖမ်းမိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

 

 

 

ဒါပေမယ့် စုချန်ယန်ရဲ့ အသွင်အပြင်က အပြစ်အနာအဆာကင်းနေသော်လည်း ထင်ရှားသည့် အသွင်အပြင်မျိုးမရှိသဖြင့် သူမကို မေ့ပျောက်နိုင်စေသည်။ အထူးသဖြင့် ရုပ်ရည်ချောမောသူတွေနဲ့ ပြည့်နှက်နေတဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ အားနည်းတာက ပရိသတ်ကို အထင်ကြီးအောင်လုပ်နိုင်သည်။

 

 

 

"ချန်ယန်၊ ရဲကို သတင်းပို့ရင် မင်းရင်ဆိုင်ရမယ့် အကျိုးဆက်တွေကို မင်းသိလား? ယန်ရှို့ရီရဲ့ အေဂျင်စီနဲ့ Starlight ဖျော်ဖြေရေး ကုမ္ပဏီလို ထိပ်တန်းကုမ္ပဏီကို မင်းစော်ကားရုံမိသာမက မင်းကိုယ်တိုင်လည်း ဘယ်အကျိုးကျေးဇူးမှ ရရှိမှာမဟုတ်တဲ့အပြင် ကုမ္ပဏီအပေါ်ပဲ သက်ရောက်မှုရှိလိမ့်မယ်။ အနာဂတ်ကျ ဖျော်ဖြေရေးနယ်ပယ်မှာ မင်းရဲ့အသက်မွေးဝမ်းကြောင်းက အရမ်းခက်ခဲလိမ့်မယ်။ နောက်ပြီး မင်း ဘာအန္တရာယ်မှ မရှိခဲ့ဘူး။ ရဲတွေက ပြစ်မှုကျူးလွန်သူကို ဖမ်းမိပြီး ဝေဖန်နိုင်တယ်။ မင်း သတင်းပေးရင်တောင် အကျိုးရှိမှာမဟုတ်ဘူး။" လျိုဝမ်က စိတ်အားထက်သန်စွာပြောခဲ့သည်။

 

 

 

အရင်းအနှီးရှိရင် ဖျော်ဖြေရေးလောကထဲကို ဘယ်သူကဝင်ချင်မှာလဲ!!

 

 

 

နောက်ပြီး စုချန်ယန်ရဲ့ နားလည်မှုအရ ယန်ရှို့ရီ​ကြောင့်ဖြစ်ရတဲ့ ဒီဖြစ်ရပ်မှာ 'စုချန်ယန်' က လုံးဝအပြစ်ကင်းသည်။ ဒီကိစ္စကို ဘယ်လို လွယ်လွယ်နဲ့ လွှတ်ထားနိုင်မှာလဲ။ ယန်ရှို့ရီရဲ့ လုပ်ရပ်တွေက စုချန်ယန်ရဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲက အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် ထိခိုက်စေခဲ့သည်။

 

 

 

စုချန်ယန်က အလေးအနက်ပြောလိုက်သည်။ "အစ်မ ဝမ်၊ လွန်ခဲ့တဲ့ သုံးလလောက်က အွန်လိုင်းကနေ နှောင့်ယှက်မှုကြောင့် ကျွန်မကို ယန်ရှို့ရီရဲ့ ပရိသတ်တွေပစ်မှတ်ထားခံခဲ့ရတဲ့ အကြောင်းရင်းကို ကုမ္ပဏီက ကောင်းကောင်းသိထားသင့်တယ်။"

 

 

 

 

လျိုဝမ်က မျက်မှောင်ကြုတ်ပြီး မေးခဲ့သည်။  "မင်းဘာကိုဆိုလိုတာလဲ"

 

 

 

စုချန်ယန်က ပြောခဲ့သည်။  "ယန်ရှို့ရီက ကျွန်မရဲ့ ပထမဆုံး ဒရာမာဇာတ်လမ်းတွဲထဲက အမျိုးသားဇာတ်ဆောင်ပဲ။ ရိုက်ကူးနေစဉ်အတွင်း သူ့ရည်းစားနဲ့တွေ့ဖို့ ရိုက်ကွင်းကနေ အကြိမ်ကြိမ် ခိုးထွက်ခဲ့တယ်။ ပါပါရာဇီတွေ ဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် အွန်လိုင်းမှာ တင်ဖို့ မားကတ်တင်းအကောင့်တွေကို ပေးချေပြီး ခိုးထွက်ရတဲ့ အကြောင်းရင်းမှာ အဖွဲ့ထဲက အမျိုးသမီး သရုပ်ဆောင်က သူ့ကို လိုက်ရှာနေတာကြောင့်လို့ ပြောခဲ့တယ်။ အဲဒီတုန်းက အဖွဲ့ထဲက တခြားအမျိုးသမီး သရုပ်ဆောင်တွေက လူသစ်တွေ မဟုတ်ကြတဲ့အတွက် သူတို့ ဒေါသကို ငါ့ဆီ ညွှန်လာကြတယ်။ ကျွန်မမှာ အတွေ့အကြုံ ဒါမှမဟုတ် နောက်ခံကြီးကြီးမားမားမရှိဘူး။ ကုမ္ပဏီက ဖျော်ဖြေရေးနယ်ပယ်ထဲက နာမည်ကြီးညအနုပညာရှင်တစ်ဦးကို သူတို့လက်အောက်က အနုပညာရှင်လေးအတွက် စော်ကားမှာမဟုတ်ဘူး။ ဒါကို ကျွန်မ နားလည်ပြီး ကုမ္ပဏီကို ဘယ်တော့မှ အပြစ်မတင်ခဲ့ဘူး။"

 

 

 

စုချန်ယန်က ဖျော်ဖြေရေးနယ်ပယ်ထဲ နှစ်အတော်ကြာဝင်ရောက်လာခဲ့လာပြီး နယ်ပယ်ထဲက စည်းမျဥ်းစည်းကမ်းများကို ကောင်းစွာနားလည်သဘောပေါက်ကာ အကျော်ကြားဆုံး အနုပညာရှင်များက သြဇာအာဏာရှိသူများဖြစ်သည်။ ယန်ရှို့ရီ သဘောကျအောင် အနုပညာရှင်အသစ်ကို ဘေးဖယ်ထားတာက အရည်အချင်းရှိသော အေဂျင်စီတစ်ခုအတွက် သာမာန်သာဖြစ်သည်။

 

 

 

လျိုဝမ်က မျက်မှောင်တင်းတင်းကြုတ်ကြုတ်ကာ လက်ပိုက်လိုက်ပြီး ထိုင်ခုံပေါ် ပြန်လှဲချလိုက်ကာ စုချန်ယန်ဆီ ကြောက်စိတ်တွေ ဖြစ်ပေါ်စေဖို့ မျှော်လင့်ပြီး ဖိနှိပ်ချုပ်ချယ်တဲ့ ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။

 

 

 

စုချန်ယန်က ​​ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ကြီးကြီးမားမား မုန်တိုင်းတွေ မကြုံဖူးပေမယ့် စိတ်ဓာတ်ကောင်း ရှိသည်။ သူမက A-list အနုပညာရှင်တွေ ပြည့်နှက်နေတဲ့ အခန်းထဲ ပစ်ချခံရရင်တောင် တည်ငြိမ်ပြီး ယုံကြည်မှုရှိရှိ ပြောဆိုတတ်သူ​ဖြစ်သည်။

 

 

 

"ဒါပေမယ့်၊ အစ်မဝမ်၊ ဒီကိစ္စကပြီးသွားပြီ။ ဒါပေမယ့် ယန်ရှို့ရီက ပါပါရာဇီဆီမှယ နောက်တခေါက်ပြန်ဖမ်းခဲ့ပြီး သူ့ရဲ့ဆက်ဆံရေးကို လူသိရှင်ကြားကြေညာခိုင်းခဲ့တယ်။ သူတို့ ချိန်းတွေ့တာ တစ်နှစ်ခွဲရှိနေပြီဆိုတာ ပရိသတ်တွေ သိခဲ့ကြပြီး လွန်ခဲ့တဲ့ သုံးလလောက်က သူ့ကို နှောင့်ယှက်တယ်လို့ ထင်ရတဲ့ ကိစ္စက ပြန်ပေါ်လာတယ်။ ဒီတစ်ခါတော့ ကြီးကြီးမားမား အကျိုးဆက်တွေမရှိလို့ ကံကောင်းသွားတယ်၊ ဒါပေမယ့် နောက်တစ်ခါဆိုရင်ကော။ ကျွန်မဘဝကို ဟာသလုပ်လို့ရမလား? အခြေနေက ဒီအထိ ရောက်လာပြီ။ အစ်မ ဝမ်၊ အစ်မ အနာဂတ်မှာ အေးချမ်းသာယာတဲ့ ဘဝတစ်ခု ရနိုင်မယ်လို့ ထင်လား။ သူတို့အနားမှာရှိနေသရွေ့ ကျွန်မက ကျွန်မနောက်ကွယ်မှာ အမြဲစော်ကားခံရလိမ့်မယ်။ အစ်မဝမ် အစ်မသာ ဒီလိုဖြစ်သွားရင် အစ်မ ဘာလုပ်မလဲ" စုချန်ယန်က ရိုးသားစွာပြောပြီး လျိုဝမ်ရဲ့ မျက်လုံးတွေကို တိုက်ရိုက်ကြည့်လိုက်သည်။

 

 

 

နောက်ဆုံးတော့ လျိုဝမ်က ဆက်မထိန်းနိုင်တော့ဘဲ စုချန်ယန်ရဲ့ ပြတ်သားတဲ့အကြည့်အောက်မှာ သူမက အရင် အကြည့်လွှဲသွားခဲ့သည်။

 

 

 

တတိယအဆင့် အနုပညာရှင်များစွာနဲ့ တွဲလုပ်ဖူးတဲ့ အေးဂျင့်တစ်ယောက်အနေနဲ့ လျိုဝမ်က  ဒီအဖြစ်အပျက်က စုချန်ယန်အပေါ် အကျိုးသက်ရောက်မှုဘယ်လောက်ရှိလဲဆိုတာ သူမထက် ဘယ်သူမှ ကောင်းကောင်း မသိနိုင်ပါချေ။ "သုံးခုကိုနားလည်ပါ၊ သုံးခုကိုလုပ်ပါ" ဟု တံဆိပ်ကပ်ပြီးသည်နှင့် နောက်မှရှင်းလင်းနိုင်သော်လည်း သူမက လူသစ်ဖြစ်တာကြောင့်အသုံးမဝင်ချေ။ စုချန်ယန်ရဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲက  လမ်းကြောင်းက လုံးဝ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

 

 

 

လျိုဝမ်က ဤအကြောင်းကို အလွန်ရှင်းရှင်းလင်းလင်းသိပြီး ထို့ကြောင့် စုချန်ယန်ရဲ့ မျက်လုံးတွေကို တိုက်ရိုက်မကြည့်ရဲပေ။

 

 

 

ခဏလောက်စဉ်းစားပြီးနောက် လျိုဝမ်က ပြောခဲ့သည်။ "ဒါဆိုရင် ဒီကိစ္စကို ကုမ္ပဏီရဲ့ အထက်ပိုင်း စီမံခန့်ခွဲရေးမှူးကို တင်ပြလိုက်မယ်။ မင်း အိမ်ပြန် ကောင်းကောင်းအနားယူပြီး နောက်ထပ်သတိပေးချက်ကို စောင့်သင့်တယ်"

 

 

 

စုချန်ယန်က သူမကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်ရင်း ကုမ္ပဏီရဲ့ အဆုံးစွန်ဆုံး ဆုံးဖြတ်ချက်ဖြစ်မည်ကို စိတ်ထဲ ရှင်းရှင်းလင်းလင်း သိနေသော်လည်း ကုမ္ပဏီနဲ့က စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးသည်။ ဒီကာလအတွင်း ကုမ္ပဏီက ခွင့်မပြုတာ ဒါမှမဟုတ် ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ တစ်ခုခုလုပ်ရင် စာချုပ်ကို ဖောက်ဖျက်တယ်လို့ သတ်မှတ်ပြီး လျော်ကြေးပေးဆောင်ရမှာ ဖြစ်သည်။

 

 

 

စုချန်ယန် ပြန်သွားခဲ့သည်။ အသစ်ဝင်လာသူအတွက် စာချုပ်ကို ဖောက်ဖျက်ပါက လျော်ကြေးမှာ ယွမ် ၅၀၀,၀၀၀ ဝန်းကျင်သာဖြစ်သည်။ အကယ်၍ သူမသည် ယွမ် ၅၀၀,၀၀၀ ပေးချေပြီး အဖြစ်အပျက်ကို ရဲဆီ သတင်းပို့တာနဲ့ သူမအမည်ကို ရှင်းလင်းနိုင်ခဲ့ရင် ၎င်းက ထိုက်တန်မယ်လို့ သူမထင်ခဲ့သည်။

 

 

 

ထို့ကြောင့် သူမ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီး မေးခဲ့သည်။ "အစ်မ ဝမ်၊ စာချုပ်ကို စောစောဖြတ်ချင်ရင် လျော်ကြေးဘယ်လောက်ပေးရမလဲဆိုတာ မေးလို့ရမလား" ယွမ် ၅၀၀,၀၀၀ ပေးရုံနဲ့ စုချန်ယန် နာမည်ကို ရှင်းလင်းနိုင်ရင် စာအုပ်ဆိုင်ဖွင့်ပြီး အေးချမ်းတဲ့ဘဝမှာ နေထိုင်နိုင်ဖို့အတွက် သူမရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဖျော်ဖြေရေးလောကကနေ ထွက်သွားမည်ဖြစ်သည်။ ဘယ်လိုတောင် အံ့သြဖွယ်ကောင်းတဲ့အရာလဲ။

 

 

လျိုဝမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့သည်။  "ငါ မမှားရင် မင်းရဲ့ စာချုပ်ကို ဖောက်ဖျက်တဲ့ လျော်ကြေးက ယွမ်သုံးသန်း ကျမှာ"

 

 

 

စုချန်ယန် - "...."

 

 

 

ကိစ္စမရှိဘူး။ ဖျော်ဖြေရေးလောကထဲက မထွက်ခင် တစ်နှစ်လောက် ဆက်နေဖို့ ဆုံးဖြတ်ခဲ့သည်။ လက်ရှိ အနေအထားအရ သူမအနေနဲ့ ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတာ ပြောနိုင်သည်။

 

 

 

ယွမ်သုံးသန်း! အဲ့ဒါက ပိုက်ဆံတွေ အများကြီးပဲ!

 

 

 

"မင်း စာချုပ်ကို ဖျက်သိမ်းချင်လား" လျိုဝမ်က မေးခဲ့သည်။

 

 

 

စုချန်ယန်က ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး ပြောခဲ့သည်။ "မဟုတ်ဘူး၊ အဲ့လို မဟုတ်ပါဘူး အစ်မ ဝမ်။ ဘာပဲဖြစ်ဖြစ် စာချုပ်သက်တမ်းမကုန်ခင် ရပ်စဲမှာ မဟုတ်ဘူး” သူမ အေးဂျင့်ရုံးခန်းမှ ထွက်လာပြီးနောက် စုချန်ယန်က သူမ အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားခဲ့သည်။

 

 

 

သူမ အခုအချိန်မှာ သူမဘာသာ မလှုပ်ရှားနိုင်တော့တာကြောင့် ကုမ္ပဏီရဲ့ သဘောထားကိုသာ ခေတ္တစောင့်ထိန်းနိုင်သည်။

 

 

 

စုချန်ယန်က Weibo ဖွင့်ပြီး ယန်ရှို့ရီရဲ့ လူသိရှင်ကြား ဆက်ဆံရေးဖြစ်တဲ့ hot topic ကို ရှာဖွေခဲ့သည်။ သူနဲ့ ခြောက်လကြာ တွဲလာတဲ့ သူ့ရည်းစားက ထျန်းရုန်ဆိုတဲ့ မင်းသမီးဖြစ်သည်။ သူမက လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ ပွဲဦးထွက်ခဲ့ပြီး အလွန်ကောင်းမွန်သော အရင်းအမြစ်များရှိသည်။ သူတို့က ရသစုံရှိုး တစ်ခုမှာ ဆုံတွေ့ခဲ့ကြပြီး တဖြည်းဖြည်း ဆုံဆည်းခဲ့ကြတယ်လို့ ပြောခဲ့ကြသည်။

 

 

 

သို့သော် ထူးဆန်းသည်မှာ လူတိုင်းနီးပါး၏ အာရုံစိုက်မှုသည် ခေတ်စားနေသော ယန်ရှို့ရီနဲ့ ထျန်းရုန်တို့ကို အာရုံမစိုက်ကြဘဲ ရှားရှားပါးပါး စုချန်ယန်ရဲ့ Weibo မှာ လာဆဲနေကြသည်။

 

 

 

စုချန်ယန်က သူမနှုတ်ခမ်းကို တွန့်ကွေးလိုက်မိသည်။ အစောက သူမ ဝင်လာတုန်းက ထိုလူများက သူမကို ထူးထူးခြားခြား ကြည့်နေကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ဤအရာကြောင့်ပင်။ သူမက ယန်ရှို့ရီရဲ့ အကာအရံအဖြစ် ထပ်မံဆွဲထုတ်ခံလိုက်ရပုံပေါ်သည်။

 

 

 

စုချန်ယန်က နူးညံ့သိမ်မွေ့တဲ့ ဒေါသကို ပိုင်ဆိုင်ထားပေမယ့် သူမ မကူညီနိုင်ဘဲ ယန်ရှိ့ရီကို စိတ်ထဲကနေ အကြိမ်အနည်းငယ် ကျိန်ဆဲလိုက်သည်။

 

 

 

ဆန်ကုန်မြေလေးကောင်! လူဆိုးကောင်! အရှက်မရှိတဲ့ကောင်!

 

 

 

"သတိထားပါ!" စုချန်ယန်က ခေါင်းငုံ့ကာ လမ်းလျှောက်လာချိန် ရုတ်တရက် အနောက်မှ တစ်စုံတစ်ယောက်က သူမကို တိုက်မိသွားသည်။ သူမက အလွန်လျင်မြန်စွာ ပြေးနေတာကြောင့် စုချန်ယန်ကို ဝင်တိုက်ပြီးနောက် ၂ယောက်လုံး ကြမ်းပြင်ပေါ် ချက်ချင်း လဲကျသွားသည်။ လျင်မြန်သော ဉာဏ်ရှိသူ စုချန်ယန်က သူမရဲ့ လက်ကို ဖမ်းကိုင်ကာ သူမ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ခဲ့သည်။

 

 

 

သူမက အနီရောင်မျက်လုံးတစ်စုံဖြင့် လှည့်ကာ စုချန်ယန်ကို ခဏလောက်ကြည့်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်" သူမက ပြောခဲ့သည်။

 

 

 

စကားပြောပြီးနောက် သူမက စုချန်ယန် လက်ထဲမှလွတ်မြောက်ပြီး ထွက်ပြေးသွားခဲ့သည်။

 

 

 

စုချန်ယန် ခေါင်းငုံ့လိုက်ချိန် ကောင်မလေး အိတ်ထဲက ဖုန်းကို မတော်တဆ ပြုတ်ကျသွားတာကို သတိပြုမိလိုက်သည်။ သူမ သက်ပြင်းတစ်ချက်ချကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကောင်မလေးနောက် လိုက်သွားခဲ့သည်။

 

 

 

စုချန်ယန်က ဖျော်ဖြေရေးနယ်ပယ်ထဲတွင် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တာပြီး သူမ နာမည်မကြီးလို့သာမကဘဲ အခြားသူတွေကိုပါ ကြင်နာတတ်သည့် အလေ့အထကြောင့် သူမ ပြဿနာမဖြစ်ဘဲ ဖျော်ဖြေရေးလောကထဲ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်။ သူမမှာ ဘာလို့ ဒီလိုအလေ့အထရှိမှန်းတောင် သူမ မသိခဲ့ဘူး။

 

 

 

ဓာတ်လှေကား အဝင်ပေါက်ကို ပြေးသွားခဲ့ပေမယ့် ဓာတ်လှေကားက မရောက်သေးတာကို တွေ့တာကြောင့် အရေးပေါ် လမ်းကြောင်းဆီ လျှောက်သွားခဲ့သည်။ မျှော်လင့်ထားသလိုပဲ၊ စောစောက သူမနဲ့ ဝင်တိုက်မိတဲ့ ကောင်မလေးက စင်္ကြံမှာ ဝပ်နေပြီး တိတ်တိတ်လေး ငိုကြွေးနေခဲ့သည်။

 

 

 

စုချန်ယန်က ဖြည်းဖြည်းချင်းလျှောက်သွားကာ အိတ်ထဲမှ တစ်ရှူးထုပ်လေးကို ထုတ်ပြီး ကောင်မလေးပြုတ်ကျခဲ့တဲ့ ဖုန်းကို သူမဆီ ပေးခဲ့သည်။ "မင်း ဖုန်း ပြုတ်ကျခဲ့တယ်"

 

 

 

ကောင်မလေးက ခဏလောက် တုံ့ဆိုင်းသွားပြီး ဖုန်းနဲ့ တစ်ရှူး ယူဖို့ လက်မလှမ်းခင် ဖြည်းညှင်းစွာ ပြောခဲ့သည်။ “ကျေးဇူးတင်ပါတယ်”