အပိုင်း ၄
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၄

 

 

 

စုချန်ယန်က ငြိမ်သက်သွားကာ သူမ ဘေးနားမှာ အချိန်အတော်ကြာအောင် တိတ်တဆိတ် စောင့်ဆိုင်းပြီးနောက် ထထွက်သွားဖို့ စီစဉ်ခဲ့သည်။ သူမခေါင်းက အနည်းငယ်နာနေသေးပြီး ဒီနေ့ အများကြီး ဖြစ်ပျက်ခဲ့တာကြောင့် ကောင်းကောင်းအနားယူရအောင် နေရာရှာဖို့ လိုအပ်လာခဲ့သည်။

 

 

"စုချန်ယန်၊ ငါ နင့်ကိုမှတ်မိတယ်။"

 

 

ထိုအချိန်မှာ ကောင်မလေးက စုချန်ယန်ကို ရုတ်တရက် အော်ခေါ်လိုက်သည်။

 

 

စုချန်ယန်က သူမကိုယ်သူမ ရယ်ပြီး​ ပြောခဲ့သည်။  "ဟုတ်တယ်၊ အခု အားလုံးက ငါ့ကို မှတ်မိနေပြီ"

 

 

ကောင်မလေးသည် မျက်ရည်တွေကို တစ်ရှူးနဲ့သုတ်ကာ စိုရွှဲတောက်ပတဲ့ သမင်လေးတစ်ကောင်လို မျက်လုံးတစ်စုံနဲ့ မော့ပြီး စုချန်ယန်ကို ကြည့်ကာ ပြောခဲ့သည်။

"မင်းကို လိမ်လည်စွပ်စွဲခံရတာ ငါ သိပါတယ်၊ ဒါပေမယ့် မင်းနာမည်ကို မင်းကိုယ်တိုင် ရှင်းနိုင်မှာမဟုတ်ဘူး"

 

 

"ဟုတ်တယ်၊ ဖျော်ဖြေရေးနယ်ပယ်က တကယ်ကို ရက်စက်တယ်။ " စုချန်ယန်က ခေါင်းငုံ့သွားကာ အနည်းငယ် စိတ်ဓာတ်ကျနေဟန်ရှိသည်။

 

 

ကောင်မလေးက သူမ လက်ထဲက မွှေးပျံ့တဲ့ တစ်ရှူးကို ကြည့်ပြီး၊ စုချန်ယန်ကို မပြောခင် မိနစ်ဝက်လောက် ရုန်းကန်နေရပုံပင်။ “နှစ်ပတ်အတွင်း Starlight ဖျော်ဖြေရေး ကုမ္ပဏီရဲ့ အမွေဆက်ခံသူက အနုပညာရှင်တစ်ဦးကို ရွေးချယ်ဖို့ ကုမ္ပဏီကို ကိုယ်တိုင်လာလိမ့်မယ်။ သူနဲ့ Starlight ဖျော်ဖြေရေး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌတို့ကြား အလောင်းအစားတစ်ခုလို့ ပြောကြတယ်။ အမွေဆက်ခံသူက လက်ရှိမှာ တခြား အရည်အချင်းပြည့်မီတဲ့ အေဂျင်စီတွေထဲ သင့်လျော်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရှာဖွေနေပေမယ့် သူ့ စံနှုန်းတွေက အလွန်မြင့်မားပြီး အခုချိန်အထိ ဘယ်သူ့ကိုမှ မျက်စိကျနေတာမျိုးမရှိဘူး။ သူက ကုမ္ပဏီဥက္ကဋ္ဌနဲ့ ချိန်းဆိုထားပြီး နှစ်ပတ်အတွင်း အနုပညာရှင်တွေကို ရွေးချယ်ဖို့ ကုမ္ပဏီကို လာလိမ့်မယ်။ တကယ်လို့ ရှင် ဒီလူရွေးပွဲ အခွင့်အလမ်းကိုရနိုင်ပြီး Starlight ဖျော်ဖြေရေးကုမ္ပဏီနဲ့ အောင်မြင်စွာ လက်မှတ်ထိုးနိုင်ခဲ့ပြီး ယန်ရှို့ရီနဲ့ တူညီတဲ့ ကုမ္ပဏီမှာသာ ရှိနေရင် ရှင့်နာမည်ကို ရှင်းလင်းဖို့ သူနဲ့ပူးပေါင်းဆောင်ရွက်လို့ရတယ်"

 

 

စုချန်ယန် အံ့သြသွားပြီး သူမကို အံ့သြစွာကြည့်လိုက်မိသည်။ ကောင်မလေးက နှုတ်ခမ်း ကိုက်ပြီး ရှိုက်ရင်း ပြောခဲ့သည်။ "စိတ်မပူပါနဲ့ ဒီလူရွေးပွဲ အခွင့်အရေးကို ငါရနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် နင့် တစ်ရှုးအတွက် ကျေးဇူးပဲ"

 

 

"ကျေးဇူးတင်ပါတယ်" စုချန်ယန်က ကောင်မလေးကို ဦးညွှတ်လိုက်သည်။

 

 

အစောနက လျိုဝမ်က သူမ ကုမ္ပဏီရဲ့အစီအစဉ်ကို လက်ခံပါက သူမကို နှစ်ပတ်အတွင်း လူရွေးပွဲ အခွင့်အလမ်းတစ်ခုပေးမယ်လို့ ပြောခဲ့သည်။

 

 

အခုချိန်မှာ သူမနာမည်ကို သူမကိုယ်တိုင် မရှင်းလင်းနိုင်ဘဲ ကုမ္ပဏီကလည်း သူမကို ကူညီမှာ မဟုတ်ဘူး။ Starlight ဖျော်ဖြေရေး ကုမ္ပဏီနဲ့ လက်မှတ်ထိုးနိုင်ခဲ့ရင်...နိုင်ငံခြားမှ ပြန်လာသူ မင်းသားက သူမ အမည် ရှင်းလင်းအောင် ကူညီပေးမည့် အခွင့်အလမ်းက မြင့်မားသည်။

 

 

ဘာပဲဖြစ်ဖြစ် သူမမှာ စာချုပ်သက်တမ်း တစ်နှစ်ကျန်နေသေးသည်။  သူမနဲ့ လက်တွဲဖို့က ဘယ် ကုမ္ပဏီပဲ ဖြစ်ဖြစ် ဘာမှမထူးခြားပေ။

 

 

ထိုမိန်းကလေးကို ကျေးဇူးတင်ကြောင်း ပြောပြီးနောက် စုချန်ယန်လည်း ကုမ္ပဏီမှ ထွက်ခွာလာခဲ့သည်။

 

 

ခုနက မိန်းကလေးပြောခဲ့တာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ခဏ‌မေ့ထားပြီး လျိုဝမ်ပြောတဲ့ အခွင့်အလမ်းဆိုတာက ဒီနှစ်ပတ်အတွင်း ကျင်းပမဲ့ starlight ဖျော်ဖြေရေး ကုမ္ပဏီရဲ့ ‌လူတွေ့ဖြေဆိုရာတွင်

ဝင်ပြိုင်ခြင်းပင်။ စုချန်ယန်က လောလောဆယ်အတွက် အရင်အိမ်ပြန်ပြီး ကုမ္ပဏီမှ ကိုင်တွယ်ဖြေရှင်းမည့်သတင်းကို ထိုင်စောင့်ဖို့သာ ဆုံးဖြတ်ခဲ့သည်။ တကယ်လို့ ကုမ္ပဏီရဲ့ CEOက ဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ရင်ရော?

 

 

စုချန်ယန်သည် ဖြစ်နိုင်ချေက အလွန်နည်းပါးတာကို

သိနေပေမဲ့လည်း သူမစိတ်ထဲက သတင်းအချက်အလက်အရ လမ်းကြားလေးထဲမှာရှိတဲ့

သာမန်လူနေရပ်ကွက်တစ်ခုက အရင် သူမငှားနေခဲ့ဖူးတဲ့ နေရာဆီပြန်သွားကြည့်ခဲ့သည်။

 

 

 စုချန်ယန်အနေနဲ့ သူမ သွားလေရာနေရာတိုင်း အထူးအဆန်းသဖွယ် အကြည့်ခံရခြင်းက

ယန်ရှို့ရီရဲ့ relationship ပေါက်ကြားတဲ့သတင်း၏

အရှုပ်တော်ပုံတစ်ခု ဖြစ်စေခဲ့မှုကြောင့်ပင်။ လတ်တလောအခြေအနေအရ သူမနေထိုင်ရာရပ်ကွက်ငယ်လေးရဲ့ လိပ်စာမှာ နောက်၂နာရီအတွင်း သတင်းပြန့်သွားနိုင်ချေများလေသည်။

 

 

အရင်ငှားနေခဲ့ဖူးတဲ့ နေရာဆီ ပြန်ရောက်ပြီးနောက် စုချန်ယန်က သူမ အဝတ်အစား၊ ဘဏ်ကဒ်နှင့် အရေးကြီးစာရွက်စာတမ်းတွေကို အလျင်အမြန် သိမ်းဆည်းထုပ်ပိုးပြီး၊ လုံခြုံရေးတင်းကြပ်သည့် ဟိုတယ်တစ်ခုမှာ တည်းခိုကာ ရှေ့ဆက် ဘာဆက်လုပ်ရမလဲဆိုတာ စီစဉ်နေခဲ့သည်။

 

 

ဟိုတယ်မှာ တစ်ညတာ အနားယူပြီးချိန်တွင်

စုချန်ယန်ဆီသို့ သူမ မန်နေဂျာ လျိုဝမ်ဆီမှ ဖုန်းကောလ်တစ်ခုဝင်လာခဲ့သည်။ ကျောက်ပုစွန် အခွံချွတ်နေတာကြောင့် လက်၂ဖက်မှာ လက်အိတ်ဝတ်ထားပေမဲ့လည်းအကျိအချွဲများ ပေကျံနေသဖြင့် ဖုန်းကို သူမပုခုံးနှင့်ပါးကြား အပ်ထားလျက် ပြန်ဖြေခဲ့သည်။

" ဟယ်လို အစ်မဝမ်"

 

 

စုချန်ယန်က ဘယ်လောက်စားစား ဝမလာတဲ့ ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားသည်။ အခြားအနုပညာရှင်တွေနဲ့ ခြားနားစွာပင် သူမ၏စားသောက်မှုပုံစံကို ကန့်သတ်ထားခြင်းမရှိ၊ စားချင်တာမှန်သမျှအကုန်စားသည်။

 

 

 သူမ အနှစ်သက်ဆုံးက ဘယ်အသားပဲ ဖြဟ်ဖြစ် စားရခြင်းဖြစ်သည်။ သို့သော်လည်း သူမ၏ ကောက်ကြောင်းကို ကောင်းစွာထိန်းသိမ်းနိုင်ပြီး ဝမ်းဗိုက်တွင်လည်း ကြွက်သားအမြှောင်းကလေး အနည်းငယ် ထင်ဟပ်လျက်ရှိသည်။

 

 

လျိုဝမ်သည် ချန်ယန်၏ အသံက နည်းနည်းဝါးနေတာဟု သတိထားမိတာကြောင့် တစ်ချက်တွေဝေသွားပြီးမေးလိုက်သည်။ "နင်တစ်ခုခု စားနေတာလား "

 

 

"အင်း ကုမ္ပဏီက ဘာတဲ့လဲ။ "

 

 

 

"ကုမ္ပဏီက ဘာပြောလဲဆိုတာ အာရုံစိုက်နေမဲ့အစား မင်းရဲ့လုံခြုံရေးကို အရင်ဂရုစိုက်သင့်တယ်။

ဒီနေ့ လိုင်းတက်ဖြစ်လား" လျိုဝမ်က မေးခဲ့သည်။

 

 

"ခုထိတော့ မတက်ဖြစ်သေးဘူး" စုချန်ယန်က ပြန်ဖြေခဲ့သည်။

 

 

မနေ့က စုချန်ယန်တစ်ယောက် တစ်နေကုန်အိပ်နေပြီး နောက်နေ့မနက် ၄နာရီ ၅နာရီဝန်းကျင်ထိ မျက်စိကြောင်နေခဲ့သည်။ ဒီနေ့မှာတော့ ဗိုက်ဆာဆာနဲ့ နိုးနေခြင်းပင်။

 

 

လျိုဝမ်လည်း သက်ပြင်းချရင်း ပြောခဲ့သည်။ "ချန်ယန် ယန်ရှို့ရီ ဒီတစ်ခါတော့ တော်တော်လွန်သွားပြီ။ မနေ့ညကပဲ မင်းရဲ့အိမ်လိပ်စာ ပေါက်ကြားသွားတယ်။ ဒီတလောတော့ အပြင်မထွက်နဲ့။ တခြားနေရာလည်း ပြောင်းမနေနဲ့။ ဖုန်းလည်းမသုံးနဲ့။"

 

 

နောက်ဆုံးမှာတော့ စုချန်ယန်သည် အနုပညာနယ်ပယ်ထဲ၌ တက်သစ်စ အနုပညာရှင်တစ်ဦးအနေနဲ့ ဤမျှကြီးမားသည့် ဆိုဒီရှယ်မီဒီယာမှ ဝေဖန်တိုက်ခိုက်ခံရမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွေ့အကြုံနုနယ်သေးသဖြင့် ကိုယ်တိုင်မဖြေရှင်းနိုင်မှာကို လျိုဝမ် စိုးရိမ်မိသည်။

 

 

"မနေ့ကပဲ ရပ်ကွက်ထဲကနေ ချက်ချင်း ပြေးထွက်လာတာ။ ပြီးတော့ အခု ဟိုတယ်တစ်ခုမှာဆိုတော့ သိပ်ပြဿနာမရှိပါဘူး။ အစ်မဝမ် ကုမ္ပဏီအထက်လူကြီး

တွေရဲ့ဆုံးဖြတ်ချက်က ဘာလဲဆိုတာ ညီမကိုတိုက်ရိုက်ပြောပြပေးပါ။ "

 

 

သူမ မေးခွန်းကိုကြားပြီးနောက် လျိုဝမ်ဘယ်လိုမှမတတ်နိုင်တော့ပေ။ သူမ သက်ပြင်းချရင်း ဖြေခဲ့သည်။ "ချန်ယန် ယန်ရှို့ရီ တစ်ဦးတည်းသာဆိုရင် ကုမ္ပဏီက

သေချာပေါက် သူ့ကိုတရားစွဲဖို့နဲ့ ရဲလက်အပ်ဖို့အထိ လုပ်ပေးမှာ။ ဒါပေမဲ့ သူ့ နောက်မှာ Starlight ဖျော်ဖြေရေး ကုမ္ပဏီနဲ့ချိတ်ဆက်နေတော့၊ မင်း နားလည်ပေးနိုင်မယ်လို့တော့ မထင်ပေမဲ့ အခုလက်ရှိ ဆိုရှယ်မီဒီယာမှာ တစ်ဖက်သက် မှားယွင်းစွပ်စွဲပြီး ဝေဖန်တိုက်ခိုက်မှုကို ခံရတယ်လို့ နာမည်ထွက်နေတဲ့ အနုပညာရှင်က ငါတို့ကုမ္ပဏီကပါဆိုပြီး Starlight ဖျော်ဖြေရေး ကုမ္ပဏီကို စော်ကားရလောက်တဲ့အထိ ကုမ္ပဏီအနေနဲ့က မစွန့်စားရဲကြဘူး"

 

 

မနေ့က စကားစမြည်ပြောပြီးသည့် နောက်ပိုင်းတွင် လျိုဝမ်သည် စုချန်ယန်အပေါ် အနည်းငယ် ရှိန်သွားခဲ့ပြီး သူမလေသံသည်လည်း အရင်ကထက် အနည်းငယ် ပျော့ပြောင်းလာသည်။

 

 

စုချန်ယန်က လက်ထဲမှ ပုစွန်ကို ချလိုက်ပြီး

ဘာမှမပြောခင် ခဏတာမျှ ငြိမ်သက်သွားခဲ့သည်။

" အစ်မဝမ် ကျွန်မနားလည်ပါတယ်။ အခုချိန်မှာ ကျွန်မအတွက်ရော ကုမ္ပဏီအတွက်ရော အကောင်းဆုံး

နည်းလမ်းက နှုတ်ဆိတ်နေဖို့ပဲ။ "

 

 

တကယ်လို့ အရင်ကမ္ဘာမှာ အခုလိုဖြစ်ခဲ့ရင်တောင်

စုချန်ယန်အနေနဲ့ နှုတ်ဆိတ်ဖို့သာ ရွေးချယ်နိုင်လောက်ပြီး ဂယက်ထမှုကြီးပြီးဆုံးသွားမှသာ ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းရှာနေလိမ့်မည်။

 

 

၎င်းသည်လည်းပဲ သူမက အနုပညာနယ်ပယ်တွင် အောက်ခြေမှစ၍ ပြည့်ပြည့်ဝဝ အခြေခိုင်လာခဲ့ခြင်းကြောင့်ပင်။ စုချန်ယန်က သိပ်နာမည်မကြီးပေမဲ့လည်း သူမပရိသတ်တွေက သူမကို ယုံကြည်တဲ့အပြင် သူမ ဖြေရှင်းချက်ကိုလည်း နားစွင့်နေခဲ့ကြသည်။ သို့ပေမဲ့ ဒီကမ္ဘာက စုချန်ယန်မှာတော့ ဘယ်သူမှရှိမနေခဲ့ပေ။ သူမသည် ပွဲဦးထွက်ပြီးခါစ အနပညာရှင်တစ်ဦးသာဖြစ်သည်။ တကယ်လို့ သူမသာ အချိန်တိုအတွင်းမဖြေရှင်းနိုင်ခဲ့ရင် ပြဿနာကြီးပြီးဆုံးသည့်တိုင် သူမ ဖြေရှင်းချက်က အက်စပ်ခြင်းမမည် ဆီလျော်လာတော့မည်မဟုတ်ပါ။

 

 

" အစ်မဝမ် ကုမ္ပဏီက စီစဉ်ပေးထားတဲ့အတိုင်း သဘောတူမယ်ဆိုရင် နောက်နှစ်ပတ်အတွင်း Starlight ဖျော်ဖြေရေး ကုမ္ပဏီ ဆက်ခံပွဲမှာကျင်းပမဲ့ လူရွေးပွဲမှာဝင်ပြိုင်ဖို့ သူတို့ဘက်က နေရာတစ်ခုစီစဥ်ပြီးအခွင့်အရေးပေးမယ်လို့ အစ်မပြောခဲ့တယ်နော် ဟုတ်လားမသိဘူး " စုချန်ယန် တည့်တိုးသာမေးလိုက်သည်။

 

စကားကို ဟန်မဆောင်ဘဲ လိုရင်းကိုသာပြောလိုက်ခြင်းသည်လည်းပဲ သူတို့ဘက်က ငြင်းဖို့ရာ ဖြစ်နိုင်ချေနည်းပါးလှသည်။

 

 

 လျိုဝမ်က "သိထားတာလား။ ကုမ္ပဏီထဲက လူတော်တော်များများတောင် ဒီကိစ္စကိုမသိကြဘူး။"

 

 

စုချန်ယန်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေသည့်အမှုကိစ္စကိုသာ ရဲတွေအထိပါဝင်လာရင် စုံစမ်းစစ်ဆေးမှုတွေကို တိတိကျကျ လုပ်ကြလိမ့်မည်။ အဲ့ဒီအခါကျရင် တဖြေးဖြေးနဲ့ ယန်ရှို့ရီဆီ ရောက်တဲ့ထိ သဲလွန်စရသွားကြမှာဖြစ်သည်။ ဒီတော့ စုချန်ယန်သာ ရန်ညှိုးရှိတဲ့ fanရဲ့ တိုက်ခိုက်ခံရမှုအတွက် ရဲကို အကြောင်းကြားချင်ရင်တောင် ကုမ္ပဏီက ခွင့်ပြုမှာမဟုတ်ဘူး။

 

 

" ကောင်းပြီလေ အစ်မဝမ် ကျွန်မ ရဲမတိုင်တော့ဘူး။ ဒါပေမဲ့ လူရွေးပွဲဝင်ဖြေရမဲ့ အခွင့်အရေးကိုတော့ လိုချင်တယ်။ "

 

 

" ကောင်းပြီလေ ယန်ရှို့ရီကိစ္စကို နှုတ်ပိတ်ထားဖို့အတွက် သဘောတူညီမှုနဲ့ ယွမ်၅သိန်းကို နစ်နာကြေးအနေနဲ့ယူထားဖို့ကိစ္စကရော? "

 

 

" ကျွန်မအနေနဲ့ အတိုက်အခံလုပ်တာကို အဲ့လောက်လွယ်လွယ်ကူကူနဲ့ လက်မလျှော့ပေးနိုင်သလို

ဘယ်ပိုက်ဆံမှလည်း မယူဘူး။ ဘယ်လို ညှိနှိုင်းမှုမျိုးကိုမှလည်း လက်မှတ်မထိုးပေးနိုင်ဘူး " သူမ လုပ်လက်စကို‌ရပ်လိုက်ပြီး တစ်ခါသုံးလက်အိတ်ကို ချွတ်ကာ သူမလက်မှာ ပေကျံနေသည့် ဆီကွက်တွေကို သုတ်ရင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

 

 

အနည်းငယ်မျှ ငြိမ်သက်ပြီးနောက် လျိုဝမ်က မေးလိုက်သည်။ " ဒါဆို Starlight ဖျော်ဖြေရေး ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး သူတို့ဘက်ကပေးတဲ့ အခွင့်အရေးကိုသုံးပြီးတော့  ပြဿနာတွေကို လက်စသတ်လိုက်ချင်တာလား?"

 

 

"ဟုတ်တယ်"

စုချန်ယန်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းတစ်ချက်ငြိမ့်ပြီးဖြေလိုက်သည်။

 

 

ဖုန်းရဲ့ အခြားတစ်ဖက်မှာတော့ လျိုဝမ်က

စုချန်ယန်ရဲ့ တည့်တိုးဆန်သော အပြုအမူကြောင့် အံ့အားသင့်သွားခဲ့သည်။ အနည်းငယ်မျှ တွေဝေနေခဲ့ပြီးနောက် သူမပြန်ပြောခဲ့သည်။  

 

 

" ဆက်ခံသူက ရွေးချယ်ခံရမဲ့သူတွေကို စံနှုန်းခပ်မြင့်မြင့်တွေနဲ့ ကန့်သတ်ထားတယ်လို့ ငါကြားမိတယ်။ တကယ်လို့ လူရွေးပွဲမှာသာ ကောင်းကောင်းအလုပ်မဖြစ်ခဲ့ရင် မင်းအနေနဲ့ ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မယ်နော်"