အပိုင်း ၅
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၅

 

 

 

စုချန်ယန်က လူရွေးပွဲတွင် ဆက်ခံသူ သဘောကျအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် မရှိသော်လည်း ယန်ရှို့ရီရဲ့ ပိုက်ဆံကိုတော့ ဘယ်လိုမှ လက်သင့်မခံနိုင်ပေ။ ထိုလုပ်ရပ်က 'စုချန်ယန်'ဆိုသည့် သူမကို စော်ကားခြင်းပင်။

 

 

စုချန်ယန်လည်း ပြုံးပြုံးလေးနှင့် ပြန်ပြောခဲ့သည်။

" အစ်မဝမ် ကျွန်မကြိုးစားကြည့်မှ သိရမှာပေါ့ "

 

 

လူရွေးပွဲမှာ ဘယ်လိုရလဒ်ပဲထွက်လာပါစေ စုချန်ယန် အတွက်ကတော့ ဘာမှမလုပ်ပဲ ရှုံးသွားတာထက်စာရင် ကြိုးစားကြည့်ပြီး အရွေးမခံရတာကမှ အဓိပ္ပာယ်ရှိဦးမည်။

 

 

သူမ အိပ်မက်ကတော့ ဘာမှမလုပ်ပဲနဲ့ အေးအေးဆေးဆေး ထိုင်စားနေရရုံလေးနေချင်ပေမဲ့

လက်‌တွေ့မှာ အဲ့လိုအခြေအနေ မရောက်ခင်အထိ  ကြိုးစားရုန်းကန်ဖို့ကိုတော့ သိပ်မပူပန်မိပေ။

 

 

ဖုန်းပြောပြီးခဏအကြာ စုချန်ယန်လည်း သူမလုပ်လက်စ ပုစွန်ကိုင်တာကို မြန်မြန် လက်စသတ်လိုက်သည်။ ထို့နောက် အခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အနည်းအကျဉ်း ရှင်းလင်းပြီး လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များ ဖွင့်ထားလိုက်သည်။ ပြီးလျှင် laptop ယူပြီး ဝရံတာတွင် ထွက်ထိုင်ရင်း Starlight ဖျော်ဖြေရေး ကုမ္ပဏီရဲ့ ဆက်ခံသူအကြောင်းကို ရှာကြည့်လိုက်သည်။

 

 

သတင်းအချက်အလက်တွေအရ Starlight ဖျော်ဖြေရေး ကုမ္ပဏီ ဥက္ကဌ၏ မျိုးရိုးနာမည်မှာ လင်းဖြစ်ပြီး သူ့ဇနီးမှာ အီတလီနိုင်ငံသူ တစ်ဦးဖြစ်သည်။  လင်မယားနှစ်ယောက်မှာ နှစ်စဉ်နီးပါး တစ်နိုင်ငံစီ နေထိုင်ခဲ့ကြပြီး 'လင်းယွီ'ဟု အမည်ရသော သားတစ်ယောက်ကို တစ်ယောက်တစ်လှည့်စီ ကြည့်ရှုပျိုးထောင်ခဲ့ကြခြင်းပင်။

 

 

" လင်းယွီ...  လူမျိုးနှစ်ခုပေါင်းစပ်ထားတဲ့ ကပြား

ပြီးတော့ နာမည်ကလည်း ခပ်ရှားရှားပဲ " စုချန်ယန်

နှုတ်မှ တီးတိုးရေရွတ်မိသည်။

 

 

လင်းယွီ၏ အချက်အလက် fileကို နှိပ်လိုက်ပြီးနောက်

အဖြူအမည်း portrait styleနဲ့ ရိုက်ထားတဲ့ပုံတစ်ပုံ

ကျလာသည်။

 

 

ပုံထဲကအမျိုးသားက အနည်းငယ် လှိုင်းထနေသည့်ဆံပင်နှင့်အတူ ခန္ဓာကိုယ်ကို ဘေးတိုက်အနေအထားဖြင့် လှစ်ဟကာ ရိုက်ထားခြင်းပင်။

 

 

အလင်းရောင်မှိန်ပျပျက သူ့မျက်နှာ ဘယ်ဘက်အစွန်းနားတွင် ဖြာကျလျက် ပါးပြင်ပေါ် အရိပ်ကျစေပြီး  မျက်လုံးများနှင့် မျက်ခုံးများကို မှေးစင်းပြီး စူးစိုက်ကြည့်နေဟန်များက ပဟေဠိဆန်ဆန်အငွေ့

အသက်ကို ဖော်ကျူးပေးနေသည်။

 

 

အဖြူအမည်းကာလာနှင့်ပုံမှာ ပွင့်လင်းမြင်သာစွာ ရိုက်ကူးထားပုံပင်။ ထိုအမျိုးသား ဘေးတိုက်စောင်းငဲ့၍ကြည့်နေဟန်မှာ အေးစက်စက်အငွေ့သက်များကိုခံစားမိသည်။ ခပ်ရိုင်းရိုင်းပြောရရင်  နှုတ်ခမ်းထက် ပါးလျလျပြုံးနေပေမဲ့ ခန္ဓာကိုယ်တစ်ခုထဲတွင် နတ်သားနှင့် မကောင်းဆိုးဝါး ရောယှက်နေသည့် အရောင်အဝါမျိုး ပေးစွမ်းနေသည်။

 

 

စုချန်ယန်တစ်ယောက် ထိုသူ့ပုံကို စက္ကန့်အနည်းငယ်မျှ မှင်သက်စွာ ငေးကြည့်နေမိသည်။ ဒီလိုမျက်နှာပေါက်မျိုးက ခဏတဖြုတ် ဖြတ်ခနဲတစ်ခါမြင်ရုံနဲ့ ဘယ်တော့မှ မမေ့နိုင်လောက်သည်အထိ ပြိုင်ဘက်ကင်းတဲ့ရုပ်ရည်မျိုးပင်။ မနေ့က ကုမ္ပဏီ ဓာတ်လှေကားမှာ သူမနဲ့ဝင်တိုက်မိခဲ့တဲ့အမျိုးသားက Starlight ဖျော်ဖြေရေး ကုမ္ပဏီ ဆက်ဆံသူ လင်းယွီဖြစ်နေခဲ့သည်မှာ လုံးဝသေချာသွားခဲ့သည်။

 

 

"သူက Starlight ဖျော်ဖြေရေး ကုမ္ပဏီ ဆက်ခံသူပဲ

မနေ့က သူ့နဲ့စကားသေချာပြောခဲ့သင့်တာကို..." ဆိုပြီး သူမ တွေးမိသွားသည်။

 

 

မနေ့က အမျိုးကောင်းသာလေးရဲ့ ညှင်သာသည့်အသံနေအသံထားကို ကြားယောင်မိရင်း အနည်းငယ်နောက်တရလာခဲ့သလိုပင်။

 

 

ဒီလိုပုံစံ ဒီလိုနောက်ခံအနေအထားနဲ့ လူမျိုးပါလား..

 

 

သူမ ထင်ခဲ့မိတာက ဆက်ခံသူသည်လည်း အီတလီမှာ‌ရေပန်းစားတဲ့ အနုပညာပုံစံကို ပုံဖော်ထုဆစ်လိမ့်မည်ဟူ၍ပင်။  သူမအနေနှင့်လည်း အီတလီ၏ ဖျော်ဖြေရေးနယ်ပယ်ကို အချိန်တော်ကြာလေ့လာရမည်လို့တောင်ထင်မိသေးသည်။

 

 

အသက်ရှူမှားလောက်တဲ့ ရုပ်ရည်အသွင်အပြင်နှင့် အမျိုးသားလေးကို ကြည့်ရတာ ဂုဏ်သရေရှိအထက်တန်းလွှာဂုဏ်ပုဒ်ကို နည်းနည်းမှ စိတ်မဝင်စားပုံပင်။

 

 

သူက ဒီလိုလူနေမှုအဆင့်အတန်းကို သဘောကျတာရောတာရော မဖြစ်နိုင်ဘူးလား?

 

 

အဲ့လိုသာဆိုရင် သူ့အတွက် ဂုဏ်သရေရှိအထက်တန်းလွှာပုံစံမျိုးနဲ့ ကိုက်ညီတဲ့ အနုပညာရှင်ကို ရှာတွေ့ဖို့

မခက်ခဲလောက်ပါ။ ဒီလိုဆိုတော့လည်း သူ့

စံသတ်မှတ်နှုန်း မြင့်မားပုံကို အပြင်တင်လို့မရပေ။

 

 

 ထိုသူ့အမြင်ကို ခန့်မှန်းကြည့်ရုံနှင့်တင် စုချန်ယန်ကို စူးစမ်းချင်စိတ် ဖြစ်ပေါ်လာစေခဲ့သည်။

 

 

နောက်တော့ လျိုဝမ်က ကြိုတင်ပြင်ဆင်စရာရှိတာတွေ ပြင်ထားဖို့ပြောခဲ့ပေမဲ့ တစ်ခုမှ ဆက်စပ်မှုမရှိခဲ့ပါ။ အစည်းအဝေးပြီးတဲ့နောက် စုချန်ယန်က အလောတကြီး ထွက်မသွားသေးပေ။ သူမအနေနဲ့ ဂုဏ်သရေရှိအထက်တန်းလွှာ ဇာတ်ကောင်မျိုး တစ်ခါမှသရုပ်မဆောင်ဖူးခဲ့တာကြောင့် အစည်းဝေးမှာပြောသွားတဲ့ထဲက တချို့အကြောင်းအရာ​တွေကို သိပ်သဘောမပေါက်ခဲ့ပေ။

 

 

သူမအိတ်ထဲက ဖုန်းထုတ်လိုက်ပြီးနောက် အနီးစပ်ဆုံး စကားလုံးတွေ ရိုက်ပြီး ဗီဒီယိုဝက်ဘ်ဆိုက်တွင် ရှာလိုက်ရာ ပြင်ဆင်တည်းဖြတ်ထားပြီးသား ဗီဒီယိုတချို့ ပေါ်လာသည်။ စုချန်ယန်က ဖုန်းသံကို အတိုးဆုံးလျှော့ပြီး ဗီဒီယိုကို အလင်းနည်းနည်း ချဲ့လိုက်သည်။ ထိုဗီဒီယိုထဲတွင် နာမည်ကြီး မင်းသမီးတစ်ဦးက သရုပ်ဆောင်ပြထားခြင်းဖြစ်သည်။ သူမသည် မိတ်ကပ်ကို ထင်းနေအောင်ပြင်ထားပြီး ခမ်းနားတောက်ပြောင်စွာ ဝတ်စားဆင်ယင်ထားပေမယ့် ရိုင်းပျစေသည့်ပုံစံမျိုးမဟုတ်ချေ။

 

 

စုချန်ယန်က ဖုန်းစခရင်ပေါ်တွင် တရစပ်တက်လာသည့် နိုတီတွေကို တစ်ချက်ကြည့်လိုက်စဉ် လှပသော၊ ကျက်သရေရှိသော၊ စွဲမက်ဖွယ်ကောင်းသော စသည့်စကားလုံးအချို့ကို ဖြတ်ခနဲမြင်လိုက်သည်။

 

 

သူမ စိတ်ဝင်တစား ကြည့်နေစဉ် ရုတ်တရတ်စောင်းမြောင်းပြောသံအချို့ ကြားလိုက်ရသည်။

 

 

ကြည့်နေတာ ခဏရပ်လိုက်ပြီး ဖုန်းကိုပိတ်လိုက်ကာ မငဲ့ကြည့်လိုက်စဉ် မျက်နှာချင်းဆိုင်တွင်လည်း မပြန်ကြသေးသည့် အနုပညာရှင်တချို့ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ ခရမ်းရောင်ရင်ပြတ်ဂါဝန်ဖြင့် လှပကျော့ရှင်းသည့် အမျိုးသမီးတစ်ယောက်က ထင်းထွက်နေသည်။ ထိုအမျိုးသမီးရဲ့ လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိလွန်းလှကာ ရင့်ကျက်သည့် အသွင်ဆောင်နေပြီး လူအများစုမှာတော့ သူမ နားပတ်ပတ်လည်၌ ဝန်းရံနေသယောင်ပင်။

 

 

" အိုး.. ဝါး.. "

 

 

စုချန်ယန်က ကြက်သေသေသလို မှင်သက်နေမိသည်။ " ဒီအမျိုးသမီးက ဂုဏ်သရေရှိအထက်တန်းလွှာ ပန်းပွင့်လိုမိန်းကလေး ဇာတ်ဝင်တေးရဲ့ စံကာတင်များလား"

 

 

သည့်အပြင် သူမ၏ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်ခြင်းအားဖြင့် ရိုးရိုးသာမန် သရုပ်ဆောင် မင်းသမီးမဟုတ်‌နိုင်လောက်ချေ။ ကုမ္ပဏီထဲက တချို့တလေကတောင် သူမကို ကပ်ဖားယပ်ဖားလုပ်နေသလိုပင်။

 

 

" ဒီဇာတ်ဝင်တေးက အစ်မအတွက် နမူနာရိုက်ပြထားသလိုပဲ အစ်မရယ်"

 

 

" ဟုတ်တာပေါ့ အစ်မလို အရည်အချင်းရှိတဲ့ မင်းသမီးမျိုးကမှ ဆက်ခံသူဆီက အာရုံစိုက်ခံရသင့်တာ၊ တချို့တွေလို အရည်အချင်းမရှိပဲ သနားစရာပုံဖမ်းပြပြီး အခွင်းအရေးကို ရအောင်ယူတတ်တဲ့လူမှမဟုတ်ပဲကို။  Starlight ဖျော်ဖြေရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖြစ်ခဲ့ရင် ညီမတို့ကို မမေ့နဲ့နော် အစ်မ"

 

 

လူအုပ်အလယ်မှာရှိနေသော ထိုအမျိုးသမီးမှ စုချန်ရန်ကို လှမ်းကြည့်လိုက်ပြီး ခပ်ဟဟရယ်လိုက်ကာ ပြောခဲ့သည်။

 

 

" ကံကောင်းခြင်းဆိုတာလည်း အရည်ချင်းတစ်ခုပဲလေ။ ချန်ရန်ကို အခြေအမြစ်မရှိဘဲ ထိခိုက်နစ်နာအောင်တော့မပြောပါနဲ့။ သူ့ဟာနဲ့သူတောင်မှ အတန်အသင့် ခက်ခဲနေရတာပဲမို့လား"

 

 

စုချန်ယန် ဘာမှမပြောပဲငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ရီချင်တောင် ရီချင်မိသွားသည်။

 

 

' ဒီလူတွေ မလာခင် ဇာတ်သေချာ မတိုက်ထားဘူးလား မသိဘူး။ လင်းယွီသာ ပေါ့ပျက်ပျက် ဂုဏ်သရေရှိအထက်တန်းလွှာ ဇာတ်ကောင်မျိုး လိုချင်ခဲ့ရင်၊ ပါဝင်ယှဉ်ပြိုင်တဲ့ လူတွေထဲက သင့်တော်တဲ့သူကို ရှာမနေပဲ  အေဂျင်စီ တစ်ခုခုပြီးတစ်ခုသွားပြီး ဘာလို့ အလုပ်ရှုပ်စိတ်အရှုပ်ခံနေရမှာလဲ'

 

 

စုချန်ယန်က ဖျော်ဖြေရေးနယ်ပယ်ထဲ မျက်နှာချိုသွေးပြီး ကြိတ်ပုန်းခုတ် ရတာမျိုးနည်းနည်းမှ မကြိုက်သည့်လူမျိုးဖြစ်သည်။

 

 

သူမလည်း ထိုင်ရာကထပြီး လျိုဝမ်ကို နှုတ်ဆက်ကာ ရုံးခန်းက ထွက်လာလိုက်ပြီးနောက် ဟိုတယ်ကိုသာပြန်လာခဲ့သည်။

 

 

' ဘာလို့ တခြားဟာတွေ ဂရုစိုက်နေရမှာလဲ။ ဝမ်းစာရှာဖို့လောက် ဘယ်အရာမှ အရေးမကြီးဘူး '

 

 

သူမ အခန်းထဲ ပြန်ရောက်ချိန် စုချန်ယန်က ဘာကိုမှ စဥ်းစားမနေပဲ ဈေးအတော်အသင့်များသည့် စားစရာမှာလိုက်သည်။ ဟောင်းလောင်းဖြစ်နေသည့် သူမဗိုက်ကို ဖြည့်တင်းပြီးသည့်နောက် ယနေ့လုပ်ရမည့်စာရင်းမှတ်ဖို့ tablet ကောက်ကိုင်လိုက်သည်။

 

 

စုချန်ယန် ပန်းချီဆွဲခြင်းကို နှစ်သက်ရခြင်းမှာ ပိုက်ဆံရလို့မဟုတ်ဘဲ ပန်းချီဆွဲနေစဉ် သူမ စိတ်အစဉ်မှာ အကြံဉာဏ်သစ်များကို ကွန့်မြူးနိုင်သည်အထိ ထူးခြားစွာ စိတ်တည်ငြိမ်လာခြင်းကြောင့်ဖြစ်သည်။

 

 

ပန်းချီရေးဆွဲပြီးခါနီးချိန်တွင် သူမ၌ ရုတ်တရတ်အကြံတချို့ပေါ်လာခဲ့သည်။

 

 

လင်းယွီအလိုရှိသည့် ဂုဏ်သရေရှိ အထက်တန်းလွှာပန်းတစ်ပွင့်လို မိန်းကလေးပုံစံမျိုးသည် အရာရာမှာပြီးပြည့်စုံစွာလှပပြီး ချမ်းသာကြွယ်ဝခြင်းမျိုး မဟုတ်သည့်ဂုဏ်ပုဒ်နှင့် သူ့အသွင်ပြင်နှစ်ခု ပေါင်းစပ်မှုတို့မှာ ဖန်တီးမှုတစ်ခုကဲ့သို့ပင်။

 

 

ဖျော်ဖြေရေးနယ်ပယ်တွင် ပြီးပြည့်စုံလွန်းသူတွေက ပေါလွန်းတာကြောင့် သူ့အနေနဲ့ မရေမတွက်နိုင်တဲ့အလှပဂေးတွေကို မြင်ပြီးလောက်ပြီဖြစ်သည်။

 

 

လတ်တလော‌တွင် သူသတ်မှတ်ထားတာထက်ပိုတဲ့ စံချိန်စံနှုန်းအရ ဘယ်သူမှ သူ့အာရုံကို ဖမ်းစားနိုင်တဲ့ အရိပ်အယောင် မတွေ့မိသေးချေ။

 

 

 သမာသမတ်မကျသော ရွေးချယ်စရာ အမြောက်အများရှိနေသော်ငြား စုချန်ယန်အနေနဲ့ လင်းယွီ မျှော်လင့်ထားသည့်ပုံစံမျိုးဖြင့် အမှားအယွင်းမရှိ အရွေးခံရမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။

 

 

မြင်နေကျပုံစံအတိုင်းမဟုတ်ဘဲ လူရွေးပွဲမှာရှိတဲ့ သရုပ်ဆောင်တွေရဲ့မိတ်ကပ်ပြင်ဆင်မှုမှာ အသေးစိတ်ပြင်ဆင်ခဲ့ကြသည်။ ဖြတ်ခနဲကြည့်လိုက်ရင်တော့ နည်းနည်းရှုပ်ထွေးနေသော်လည်း သေချာကြည့်လိုက်လျှင် ကာလာများမှာ မျက်လုံးထဲ တဖြေးဖြေး ပိုပြီးလိုက်ဖက်လာပြီး ပရမ်းပတာဖြစ်နေပေမဲ့ ညှို့ယူဖမ်းစားနိုင်သည့်ပန်းကလေးများနှယ်ပင်။

 

 

စုချန်ယန်၏ ပုံစံသည် အများနှင့် မတူဘဲကွဲပြားနေသည်။ သူမ တစ်ဦးတည်းသာ သရုပ်ဆောင်တွေကြား တက်သစ်စ လူငယ်တစ်ဦးဆိုပေမဲ့ နောက်ကြောင်းရာဇဝင်မှာ အစွန်းအထင်းဖြစ်နေသည်။ ပင်ကိုယ်အားဖြင့် ကုမ္ပဏီက သူမရဲ့ မိတ်ကပ်ပြင်ဆင်မှုကို အာရုံစိုက်ချိန်မရပေ။

 

 

" မစ္စတာလင်း ရောက်ပြီလား? "

 

 

" ရောက်ပြီ "

 

 

" ကြည့်ဦး! မစ္စတာလင်းက လုံးဝစမတ်ကျချက်ပဲ "

 

 

"လူရွေးပွဲပြီးရင် မစ္စတာလင်း ကိုယ်တိုင်ဦးဆောင်ပြီး လေ့ကျင့်သင်ကြားပေးမှာလား? အဲ့လိုဆို ကြည်နူးစရာအခိုက်အတန့်တွေလည်း ဖြစ်လာနိုင်..."

 

 

" မင်း စိတ်ကူးယဉ်နေတာ ရပ်လိုက်သင့်ပြီ။ သူ့လိုမိသားစု အင်အား တောင့်တင်းတဲ့ လူတစ်ယောက်ကဘယ်လိုလုပ်ပြီး အနုပညာ နယ်ပယ်ထဲကလို မိန်းမမျိုးနဲ့ တွဲမှာလဲ "

 

 

ကုမ္ပဏီဝန်ထမ်းတချို့ကလည်း ခန်းမထောင့်နားမှာ ပွဲကြည့်ဖို့ စိတ်အားထက်သန်မှုအပြည့်နဲ့ စုရုံးနေကြပေမဲ့ စကားပြောသံတွေက ဆူလှသည်။ စကားသံတွေကိုကြားတော့ သူ့အကြောင်းတွေးမိရင်းမှန်တာမို့ စုချန်ယန်လည်းသဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်မိသည်။

 

 

' မစ္စတာလင်း ပုံစံကလည်း အချစ်ရေးကို အဲ့လောက်ပြင်းပြတဲ့ပုံစံလည်း မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က သူ့ကိုစိတ်ဝင်စားလာရင်တောင်မှ နောက်ဆုံး အရှက်ကွဲပြီးတော့ပဲ ကျန်ခဲ့မှာ။ '

 

 

" သူက ယန်ရှို့ရီထက်သာတယ်လို့ထင်လား "

 

 

 ထောင့်ထဲကနေ နားထောင်နေတဲ့ စုချန်ယန်ကတော့ လုံးဝ မထောက်ခံသည့်နှယ်။ ယန်ရှို့ရီကို မစ္စတာလင်းနဲ့ယှဉ်လိုက်တာက လုံးဝစော်ကားလိုက်တာပဲ။

 

 

" တော်ပါတော့ သူ့လိုလူက ယန်ရှို့ရီလိုကောင်မျိုးနဲ့ ယှဉ်ဖို့မတန်ဘူး  "

 

 

စုချန်ယန်တစ်ယောက် သဘောတူသည့်ဟန်ဖြင့် ခေါင်းငြိမ့်မိလိုက်ပြန်သည်။