အပိုင်း ၇
Viewers 626

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

 

အပိုင်း

 

 

"ကျွန်မတို့ တတ်နိုင်သမျှ အမှန်အတိုင်း ဖြေပေးပါ့မယ်" သူမက ထပ်ပြောလိုက်ပြီး  အတည်ပြုဖို့ စုန့်လင်းချွမ်ကို လှည့်ကြည့်လိုက်သည်။

 

 

စုန့်လင်းချွမ်က ပြန်မဖြေခင် ခဏလောက်ရပ်လိုက်သည်။ "အမ်၊ အင်း"

 

 

[အား၊ အန်တီလေးအာ့နန်က ကိုယ်ရည်ကိုယ်သွေးအရမ်းကောင်းတာဘဲ။ သူ့အသံကလည်း အရမ်းနူးညံ့ပြီးညင်သာနေရော]

 

 

[တခြားဟာအားလုံးကို ဖယ်ထားလိုက်ဦး အကြီးဆုံးတူဖြစ်သူ စုန့်လင်းချွမ်က ဘယ်လိုတောင် ကောင်းကောင်းပြုမူနေလဲဆိုတာကို ပြောမယ်။ ငါမြင်တာတော့ သူကအန်တီလေးအာ့နန်ကို အရမ်း ချစ်တာဘဲ]

 

 

[အေးစက်ပြီး ခက်ထန်တဲ့ တူအကြီးဆုံးနဲ့ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ အန်တီလေးအာ့နန်က အရမ်းကောင်းတဲ့ အတွဲလေးပဲ။ သူတို့ကို ချစ်တယ်!]

 

 

[ရှောင်ချွမ်? ဟားဟား၊ အန်တီလေးအာ့နန်ရဲ့ နာမည်ပြောင်က အရမ်းချစ်စရာကောင်းတာဘဲ]

 

 

စုန့်လင်းချွမ်က သက်ပြင်းချလိုက်သည်။ ဝန်ထမ်းက စုန့်အာ့နန်ကို ကျေးဇူးတင်ကြောင် ပြလိုက်ပြီး သူ့နဖူးက ချွေးတွေကို သုတ်လိုက်သည်။

 

 

အိုးဘုရားရေ...အန်တီလေးအာ့နန်က အရမ်းကြင်နာတတ်ပြီးချောလည်းချောတယ်

 

 

သို့ပေမယ့် ဝန်ထမ်းက စိတ်အေးလက်အေးဖြစ်သွားပေမယ့် ဘုတ်ပေါ်က ပထမဆုံးမေးခွန်းကို မြင်လိုက်ရပြီး မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

 

 

ကောင်းကင်ကြီးက သူ့ကို ဟာသလုပ်နေတာ သေချာတယ်!!

 

 

"အမ်  ဆရာစုန့်၊ ဒီမေးခွန်းက ပရိသတ်တစ်ယောက်ဆီကပါဝန်ထမ်းသည် သူတို့နဲ့မသကိုင်ကြောင်း ရှင်းလင်းတာနဲ့ စလိုက်သည်။

 

 

စုန့်လင်းချွမ်က သူ့ကို စိုက်ကြည့်နေကာ ဘာမှပြန်မပြောပေ။

 

 

ဝန်ထမ်းက အသက်ပြင်းပြင်းရှူလိုက်ပြီး မေးခွန်းကို မေးလိုက်သည်။

 

 

"မင်းရဲ့ နာမည်ပျက်နဲ့ အရှုပ်တော်ပုံတွေကို ရှင်းလင်းဖို့ အန်တီလေးအာ့နန်ကို ဒီရှိုးဆီ ခေါ်လာတာလားလို့ မေးလို့ ရမလား? တဲ့"

 

 

[သေစမ်း၊  ဒီမေးခွန်းက အရမ်းလွန်းတယ်၊ သူတို့က သူ့ကို ဆွဖို့ ကြိုးစားနေတာ]

 

 

[အင်း၊ ဒါက အမှန်ဘဲမဟုတ်ဘူးလား? ဘယ်လိုလုပ် ဆွတာဖြစ်မှာလဲ?]

 

 

[ဒီမေးခွန်းကို စုန့်လင်းချွမ်ရဲ့ anti ဖန်တွေ အများဆုံးတင်ခဲ့တာ ဖြစ်နိုင်တယ်။ သူ့မှာ anti ဖန်တွေ ဘယ်လောက် တောင်ရှိလဲ? ဖန်တွေထက်တောင် ပိုများဦးမလားဘဲ?]

 

 

[ဒါပေမယ့် ဒါက နားလည်မှုလွဲနေတာ။ စုန့်လင်းချွမ်က ဘာအမှားတစ်ခုမှ မလုပ်ထားဘူး။ သူ့မှာ ဖန်တွေထက် anti ဖန်တွေပိုများတယ်ဆိုတာ မဖြစ်နိုင်ဘူး]

 

 

သို့ပေမယ့် ဒါက အမှန်တကယ်ကိုဘဲ နားလည်မှုလွဲနေတာဖြစ်သည်။

 

 

စုန့်လင်းချွမ်ရဲ့ ဖန်တွေက သူနဲ့ အန်တီလေးအာ့နန်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုဖို့ကိုဘဲ အာရုံစိုက်မိပြီး အချိန်နှင့်တစ်ပြေးညီ မဲပေးတာကို မေ့သွားတယ်လို့ ပြောရမည်။

 

 

သူတို့ သတိပြန်ဝင်လာတဲ့အခါ အရမ်းနောက်ကျသွားပြီ၊ ဒါက anti ဖန် တွေကို အခွင့်အရေးပေးသလိုဖြစ်သွားသည်။

 

 

သေချာပေါက်ကိုဘဲ မေးခွန်းကိုကြားလိုက်တဲ့အခါ စုန့်လင်းချွမ်ရဲ့ မျက်နှာက ပိုမည်းသွားသည်။

 

 

 သူက ဝန်ထမ်းကိုကြည့်ပြီး အေးစက်တဲ့လေသံနဲ့ ပြောလာသည်။ "ငါ့မှာပြောစရာမရှိဘူး၊ တခြားသူတွေက သူတို့လိုချင်တာကို တွေးခွင့်ပေးလိုက်။ ငါနဲ့ဘာမှမဆိုင်ဘူး"

 

 

ဝန်ထမ်း - "......"

 

 

ဒီလို တုံ့ပြန်မှုက ပိုဆိုးလာမှာ သေချာပေါက်ဘဲ။

 

 

စုန့်လင်းချွမ်မှာ အရှုပ်တော်ပုံတွေ ဘာလို့ ဒီလောက်များရလဲတိုတာ အခုတော့ သူနားလည်လာသည်။

 

 

စုန့်အာ့နန်က ဖျော်ဖြေရေးနယ်ပယ်ထဲက အဲ့ဒီလိုအကြောင်းအရာတွေကို  များများစားစားမသိတဲ့အတွက် မေးခွန်းကို ကြားတဲ့အခါ သူမက အဲ့ဒီအကြောင်းကို သိပ်ပြီးမစဉ်းစားလိုက်ပေ။ လူတိုင်း နားလည်မှု လွဲနေပြီလို့သာ သူမ တွေးမိသည်။

 

 

"လင်းချွမ်၊ စိတ်မဆိုးပါနဲ့" သူမက စုန့်လင်းချွမ်ရဲ့ ပုခုံးကို ပွတ်သပ်ကာ နှစ်သိမ့်ပေးရင်း ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ အားလုံးက နားလည်မှုလွဲနေကြတာ၊ ငါတို့ အဲဒါတွေကို ရှင်းပြလို့ရတယ်"

 

 

[အိုး အန်တီလေးအာ့နန်ရေ၊ ဒါက နားလည်မှုလွဲတာ မဟုတ်ဘူး။ သူတို့က သူ့အတွက် တမင်တကာကို ခက်ခဲအောင် လုပ်နေကြတာ]

 

 

[အင်း၊ အန်တီလေးအာ့နန်က ကမ္ဘာကြီးရဲ့ ဆိုးသွမ်းမှုကို နားမလည်တဲ့ ချစ်ဖို့ကောင်းပြီး နုံအတဲ့ မိန်းကလေးတစ်ယောက်နဲ့တူတယ်။ ဒါက ပုံမှန်ပါပဲ]

 

 

အဲဒီနောက်မှာတော့ စုန့်အာ့နန်က ကင်မရာကို တိုက်ရိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ဒီရှိုးကိုလာဖို့ လုပ်တာက ကျွန်မရဲ့ ဆုံးဖြတ်ချက်ပဲ၊ လင်းချွမ်နဲ့ ဘာမှမဆိုင်ပါဘူး။ အားလုံးက သူ့ကို နားလည်မှုမလွဲလောက်တော့ဘူးလို့  ကျွန်မမျှော်လင့်ပါတယ်

 

 

"အဲဒီအရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်မလည်း အရင်က ဖတ်ဖူးတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်က ကောလဟာလတွေက အခြေအမြစ်မရှိဘူးလို့ လူတိုင်းကို ပြောပြချင်ပါတယ်"

 

 

"သူ့ရဲ့ အေးစက်တဲ့ အမူအရာကြောင့် လှည့်စားမခံကြပါနဲ့၊ သူကဘယ်တော့မှ ဒေါသမထွက်တတ်ဘူး။ တကယ်တော့ သူက အရမ်းရှက်ပြီး ထိန်းချုပ်တတ်တာ"

 

 

ပိုယုံစရာကောင်းဖို့ စုန့်အာ့နန်က ခဏလောက်စဉ်းစားလိုက်ပြီး ဥပမာတစ်ခုပေးလိုက်သည်။

 

 

"လင်းချွမ်က ငယ်ငယ်တုန်းကဆို လေအိုးလေးလို့ ကျွန်မရဲ့ယောင်းမ ပြောပြဖူးတယ်။ သူ့မိသားစုက သူစကားများလွန်းလို့ စိတ်ညစ်ပြီး ရှောင်ကြရင် မိသားစုက ခွေးကလေးနဲ့ စကားသွားပြောတတ်တယ်တဲ့။ စကားပြောပြီးတိုင်းလည်း သူက ခွေးကိုတောင် ကျေးဇူးတင်လိုက်သေးတယ်"

 

 

"အန်တီလေး!" စုန့်လင်းချွမ်မှာ ရှက်ရွံ့ဒေါသနဲ့ အော်လိုက်သည်။

 

 

သူတောင် မမှတ်မိတော့တဲ့ ရှက်စရာကောင်းတဲ့ အဖြစ်အပျက် အခုတော့ လူသိရှင်ကြား သိအောင်လုပ်လိုက်ပြီ။ ရှက်စိတ်ဖြင့် သူ့နားရွက်တွေ သိသိသာသာနီလာသည်။

 

 

သို့ပေမယ့် စုန့်အာ့နန်ကတော့ ဝမ်းသာအားရ ရယ်မောကာ ကင်မရာဘက်ကို လှည့်လိုက်ပြီး ပြောလိုက်သည်။ "ကြည့် ကျွန်မ မှားပါဘူးဆို။ သူက ရှက်လွယ်တယ်"

 

 

"ဒီတော့  လူတစ်ယောက်ကို သူတို့ရဲ့ ရုပ်သွင်ပြင်နဲ့ အကဲဖြတ်လို့ မရဘူး။ တစ်စုံတစ်ယောက်ကို နားလည်ချင်ရင် တခြားသူတွေပြောတာကို နားမထောင်ဘဲ သူတို့လုပ်ကိုင်တာကို ကြည့်ရမယ်"

 

 

"လင်းချွမ် နဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားတာတွေ ရှိနေတာကြောင့်၊ သူ့ကို လူတိုင်းနဲ့ ပြန်လည်မိတ်ဆက်ပေးဖို့ ဒီရှိုးကို အခွင့်ကောင်းယူသင့်တယ်လို့ ကျွန်မထင်တယ်"

 

 

[အဲဒါက အကြံကောင်းလို့ ထင်တယ်။ အွန်လိုင်းပေါ်ပ အဆိုးမြင်တဲ့ ကောလာဟလတွေက အမှန်မဟုတ်ဘူး]

 

 

[ဝါးး ငါ့ကောကောအတွက် အန်တီလေးက ပြောပေးနေတယ် ကောင်းလိုက်တာ!]

 

 

[အမ်း.... လင်းချွမ် ငယ်ငယ်တုန်းက  လေအိုးလေးဆိုတာ စိတ်ကူးကြည့်လို့်မရဘူး။ ခွေးနဲ့ စကားပြောလို့ပြီးတော့ ကျေးဇူးတောင်တင်လိုက်သေးတယ် ချစ်စရာကောင်းလိုက်တာ"

 

 

[ပြောရမယ်ဆိုရင် ငယ်ငယ်ကတည်းက ခွေးနဲ့စကားပြောပြီး ကျေးဇူးတောင် တင်တတ်တဲ့သူက  အကျင့်စာရိတ္တ ကောင်းတဲ့သူဘဲ ဖြစ်ရမယ်။ မာနကြီးပြီး တခြားသူတွေကို မထီမဲ့မြင်မပြုလောက်ဘူး]

 

 

[ငါက သူ့ ပရိတ်သတ် တော့မဟုတ်ပါဘူး၊ ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ၊ ဒါပေမယ့် အန်တီလေးမှာ သူပြောတာမှန်တယ်လို့ အလိုလို ယုံကြည်သွားစေတဲ့ မှော်အတတ်မျိုးရှိတယ်လို့ထင်တယ်]

 

 

[သူရဲ့ ရိုးသားမှုကြောင့်ဘဲ၊  ရိုးသားမှုက အမြဲတမ်း လူသတ်နိုင်တဲ့ အရည်အချင်းတစ်ခုဘဲ!]

 

 

ပထမမေးခွန်းကို နောက်ဆုံး အထိအခိုက်မရှိဘဲ ဖြေနိုင်ခဲ့သည်။ ဝန်ထမ်းတွေက နောက်ထပ်မေးခွန်းနှစ်ခုကို မေးတဲ့အခါမှာလည်း နှစ်ခုစလုံးက ရိုးရှင်းပြီး ရုန်းရင်းဆန်ခတ်မဖြစ်ခဲ့ပေ။

 

 

စတုတ္ထမေးခွန်းကတော့ စုန့်လင်းချွမ် အကြောင်း ထပ်ပြီးမေးထားတာဖြစ်သည်။

 

 

"ဆရာစုန့်၊ အရင်တုန်းက အန်တီလေးက မုန့်ဖိုးပေးတယ်လို့ ပြောဖူးတယ်လေ။ အဲ့ဒီအကြောင်းပြောပြလို့ရမလား?တဲ့" ဝန်ထမ်းက မေးလိုက်သည်။

 

 

စုန့်အာ့နန်ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် စုန့်လင်းချွမ်က အင်တာဗျူးကို ဆန့်ကျင်တာမရှိတော့ပေ။

 

 

"ကျွန်တော် talent show မှာဝင်ပြိုင်တုန်းက မိဘတွေကို မပြောဘဲ သွားခဲ့တယ်။ သူတို့ သိသွားတော့ ထောက်ပံ့ကြေးကို ဖြတ်လိုက်တယ်။ နောက်တော့ အန်တီလေးက သူငယ်ငယ်ကတည်းက သိမ်းထားတဲ့ မုန့်ဖိုးတွေ အားလုံး ကျွန်တော့်ကိုပေးခဲ့တယ်"

 

 

ဝန်ထမ်းတွေက နည်းနည်း အံ့သြသွားပြီး စုန့်အာ့နန်ကို ကြည့်လိုက်ကာ ကြည့်ရှုသူအချို့ကိုယ်စား မေးလိုက်သည်။ "အန်တီလေးရော အဲဒီအချိန်တုန်းက စိုးရိမ်လား?"

 

 

ဒါတွေအားလုံးက ကလေးဘဝကတည်းက သိမ်းဆည်းခဲ့တဲ့ ပိုက်ဆံတွေပင်။

 

 

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဟင့်အင်း ကျွန်မက စုန့်လင်းချွမ်ရဲ့ အန်တီလေးဘဲလေ။ သူ့အတွက် ကျွန်မပိုက်ဆံတွေကို သုံးနိုင်ပါတယ်"

 

 

[အားး ငါအရမ်းအားကျလိုက်တာ! ငါလည်း အဲ့ဒီလိုအန်တီလေးလိုချင်တယ်!]

 

 

[ငါငိုမိပြီ။ အန်တီလေးက သူ့တူလေးကို သူ့ပိုက်ဆံတွေနဲ့ အလိုလိုက်တာဘဲ]

 

 

[အင်း... စုန့်လင်းချွမ် debut လုပ်တုန်းက 19 နှစ်ပဲရှိသေးတာ စုန့်အာ့နန်ဆို 12 နှစ်ပဲရှိဦးမှာပေါ့]

 

 

[ဝါး  စုန့်လင်းချွမ်က တကယ်အရှက်မရှိတာဘဲ။ သူက ကလေးရဲ့ မုန့်ဖိုးကိုတောင် လိမ်စားတယ်]

 

 

[အန်တီလေးက အရမ်းရိုးသားတာဘဲ၊ သူ့ပိုက်ဆံတွေ အကုန်ပေးတယ်တဲ့။ သူ့ဘာသာ သိမ်းထားသင့်တာကို]

 

 

[ငါက လင်းချွမ်ရဲ့talent show ကတည်းက ပရိသတ်ဖြစ်ခဲ့တာ။ ရှိုးက တွန့်တိုလွန်းလို့ အနုပညာရှင်တွေဆို သူတို့ကိုယ်ပိုင်မိတ်ကပ်အတွက် ပိုက်ဆံပါပေးခဲ့ရတာကို မှတ်မိသေးတယ်]

 

 

[သူတို့က မုန့်ဖိုးလို့ ပြောကြပေမယ့် တကယ်တမ်းတော့ အဲဒါက သူ့ကို ကူညီဖို့ပဲ]

 

 

[(ညည်းတွား) စုန့်လင်းချွမ်က သူ့ဇနီးကိုဘဲ ချစ်မြတ်နိုးတဲ့အရူးတစ်ယောက်လို့ ငါထင်ခဲ့တာ။ သူ့မိသားစုကိုလည်း လေးလေးနက်နက် ချစ်တာဘဲ]

 

 

နောက်ဆုံး ပဉ္စမနဲ့ နောက်ဆုံးမေးခွန်းကို ရောက်လာကြပြီး လူတိုင်း သက်ပြင်းချလိုက်ကြသည်။

 

 

ဝန်ထမ်းတွေက စုန့်အာ့နန်ကို ကြည့်လိုက် ပြီးမေးလိုက်သည် "အန်တီလေး၊ အင်တာနက်သုံးစွဲသူတွေ အန်တီလေး ချစ်ဖူးလားဆိုတာသိချင်နေကြတယ်"

 

 

စုန့်အာ့နန်က ရိုးရိုးသားသား ခေါင်းခါလိုက်သည်။ "ဟင့်အင်း"

 

 

ဝန်ထမ်းတွေကလည်း မအံ့သြပါချေ။ စုန့်အာ့နန်က စောစောစီးစီး ချစ်သူထားတတ်တဲ့သူမဟုတ်ဘဲ လိမ္မာရေးခြားရှိတဲ့ ကောင်မလေးနဲ့တူသည်။

 

 

"ဒါဆို ဘယ်လို ကောင်လေးမျိုးကို သဘောကျလဲ? တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူတွေ အများကြီးရှိတယ်၊ အန်တီလေးရဲ့ စံပုံစံလည်း ပါရင်ပါလိမ့်မှာ" ဝန်ထမ်းကမေးလိုက်သည်။

 

 

သူမ သဘောကျတဲ့ ကောင်လေးအမျိုးအစားကို စဉ်းစားရင်း စုန့်အာ့နန်ရဲ့ မျက်တောင်တွေကတုန်ခါသွားသည်။

 

 

ဒီမေးခွန်းကို သူမ တစ်ခါမှ မတွေးဖူးဘူး။

 

 

  ဒါပေမယ့် စုန့်လင်းချွမ်က မပျော်မရွှင်နဲ့ ပြောလာသည်။ "ငါ့အန်တီလေးက ငယ်သေးလို့ မချိန်းတွေ့သင့်သေးဘူး"

 

 

ဝန်ထမ်းတွေက ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "အမ်၊ ဒါပေမယ့် နောက်ဆုံးတော့ ရှိလာမှာဘဲမဟုတ်ဘူးလား?"

 

 

စုန့်အာ့နန်က ငယ်ရွယ်ပေမယ့် သူမက အသက် 17 နှစ်ရှိနေပြီဖြစ်ကာ လာမယ့်နှစ်တွင် အရွယ်ရောက် တော့မည်ဖြစ်သည်။

 

 

စုန့်လင်းချွမ် ရင်ခံသွားသည်။

 

 

ဝန်ထမ်းတွေကို ချေပဖို့ တစ်ခုခုပြောချင်ပေမယ့် လောလောဆယ်မှာတော့ သူ ဘာမှစဉ်းစားလို့မရပေ။ သူက အတည်ပြုချက်ယူဖို့ စုန့်အာ့နန်ဘက်လှည့်ကြည့်လိုက်သည်။

 

 

စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးတဲ့နောက်မှာ စုန့်အာ့နန်က ပြန်ဆဖြလိုက်သည်။ "အမ်၊ ကျွန်မမှာချိန်းတွေ့ဖို့ အချိန်မရှိပါဘူး စာသင်ဖို့ အာရုံစိုက်ရမယ်"

 

 

သူမတို့ရဲ့ ဆေးကျောင်းသင်ရိုးညွှန်းတမ်းက တော်တော်လေး လိုအပ်ချက် ရှိနေသေးသည်။

 

 

ဒီစကားကိုကြားတာနဲ့ စုန့်လင်းချွမ်က ချက်ချင်းဆိုသလို ပျော်သွားပြီး ဝန်ထမ်းတွေကို ဘဝင်ခိုက်သလို ကြည့်လိုက်သည်။ "အတိအကျဘဲ ငါ့အန်တီလေးက အရမ်း အလုပ်များတာ"

 

 

ဝန်ထမ်းတွေ - "......"

 

 

[အိုဘုရားသခင်! ဒါ ငါ့ကောကောပဲလား? အဲဒီအမူအရာက အိမ်မှာရှိနေတဲ့ ငါ့ဟက်စကီးလေးကို သတိရမိသွားစေတယ်]

 

 

[ဟာဟားဟား၊ စုန့်လင်းချွမ်က သူ့အန်တီလေးရဲ့ အနာဂတ် အချစ်ရေးလမ်းကြောင်းမှာ အကြီးမားဆုံး အတားအဆီး ဖြစ်လာလိမ့်မယ်လို့ ခံစားမိတယ်]

 

 

[ရယ်စရာကောင်းတာက ငါ့မှာ ဒီလို အန်တီလေးရှိရင် ငါလည်း သူ့ကို နီးနီးကပ်ကပ် စောင့်ရှောက်မိမှာဘဲ။ သူ့ကိုကြည့်ရတာ အရမ်းအပြစ်ကင်းစင်လွန်းတယ်]

 

 

[ချိန်းတွေ့တာလား? မဖြစ်နိုင်ဘူးလို့ စုန့်လင်းချွမ်ပြောတယ်။ ဒီကောင်လေးက  ငါ့တူဖြစ်ချင်မလား ကြည့်ကြတာပေါ့]

 

 

[ စုန့်လင်းချွမ်ကို တူလေးဖြစ်အောင်လုပ်မယ်? ဟားဟား၊ အဲဒါကို တွေးကြည့်ရုံနဲ့ ရှင်းမပြနိုင်လောက်အောင် ပျော်မိသွားတယ်]

 

 

[Wow, ဟားဟားဟား ရုတ်တရက် ငါ စုန့်လင်းချွမ် ဦးနှောက်တွေ ပျောက်နေတယ်လို့ ခံစားရတယ် ဒါပေမယ့် သူက ချောနေတုန်းပါဘဲ]

 

 

[ဟာဟားဟား၊ အပေါ်ထပ်က လူက အရမ်းတော်တာပဲ၊ စုန့်လင်းချွမ်နင့်အနောက်ကို တိတ်တိတ်လေး မလိုက်လာအောင် သတိထားတော့]

 

 

[စုန့်လင်းချွမ် - ဒီည မင်းရဲ့မျက်လုံးနှစ်လုံး လုံးနဲ့ သတိထားလိုက်တာ ပိုကောင်းမယ်]