အပိုင်း ၁၁
Viewers 972

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

 

အပိုင်း ၁၁

 

 

 

 

   

 

ရဲအရာရှိဦးလေးရဲ့သမီးက  စုန့်လင်းချွမ်ရဲ့ အမာခံပရိသတ်ဖြစ်ပြီးတော့ သူ့ဇနီးဖန်တောင် ဖြစ်နေသေးတယ်လား?

 

 

ဒီဟာက...

 

 

စုန့်လင်းချွမ်မှာ ဒီအခြေအနေကို မမျှော်လင့်ထားတဲ့အတွက် သူ့မျက်နှာပေါ်မှာ ရှားရှားပါးပါး ရှက်ရွံ့တဲ့အကြည့်ပေါ်လာခဲ့သည်။

 

 

စုန့်အာ့နန်ဟာလည်း ပရိသတ် အသိုင်းအဝိုင်းနဲ့မရောနှောပေမယ့် ဇနီးဖန်ဆိုတာ အမာခံပရိသတ်ဖြစ်တာကို သူမသိသည်၊ ပြီးတော့ လီစစ်ရွေ့ကလည်း ဖေးခွမ်ရဲ့ ဇနီးဖန်ဖြစ်သည်။

 

 

ကားပေါ်ရှိလူအားလုံးဟာ ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး လေထုကလည်း ရုတ်တရက် နည်းနည်းကိုးရိုးကားရားနိုင်သွားသည်။

 

 

[ဟာဟားဟား၊ သေအောင် ရယ်နေရတယ်၊ ဒါက လူမှုပတ်ဝန်းကျင်မှာ သတ်သေတဲ့ နည်းလမ်းအသစ်လားစုန့်လင်းချွမ်က သူ့ဇနီးဖန်ရဲ့ အဖေနဲ့ ဒီလိုအခြေအနေမျိုးမှာ တွေ့လိုက်ရတာ၊  ကိုးရိုးကားရားနိုင်လိုက်တာ!]

 

 

[အို ဘုရားရေ ရဲအရာရှိဦးလေးရဲ့ အဖက်မလုပ်ချင်တဲ့ပုံက စခရင်ကို ဖြတ်ပြီးတော့တောင် ခံစားရတယ်၊ သူက စုန့်လင်းချွမ်ကို သူ့ရဲ့အင်တာနက်ပေါ်က သမက်အဖြစ် မကျေမနပ်ဖြစ်နေတာဘဲ၊  သေအောင်ရယ်ရလိုက်တာ]

 

 

[ရဲအရာရှိဦးလေးရဲ့ စိတ်ထဲမှာတော့ - ဒီကလေးက ဘာကောင်းလို့လဲ၊ ငါ့သမီး သူ့ကို စွဲလမ်းအောင် သူဘယ်လိုလုပ်လိုက်တာလဲ?]

 

 

[ရဲအရုရှိဦးလေးရဲ့သမီးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ idolကို ကိုယ်တိုင်တောင် မဆုံရသေးဘူး သူ့အဖေနဲ့အရင်ဆုံလိုက်ရတော့ အရမ်းဝမ်းနည်းသွားမှာဘဲ!]

 

 

[သေအောင် ရယ်နေရတယ်၊ စုန့်လင်းချွမ်က တကယ့်ဘဲ အရှက်ရတဲ့သူဖြစ်လိမ့်မယ်၊ သူ့မှာ ဘာအမှားမှ မလုပ်ရသေးဘူး၊ ဒါကို သည်းခံနေရတယ်၊ ဟားဟား၊ သူ့အတွက် အရမ်းခက်ခဲမှာဘဲ!]

 

 

[စုန့်လင်းချွမ် - ငါ ဒီကားထဲ မဝင်လိုက်သင်ဘူး!]

 

 

 ဒီလျှပ်တပြက်ဖြစ်ရပ်ကြောင့် ကျန်သူတွေဟာလည်း သိသိသာသာ တိတ်ဆိတ်သွားသည်။

 

 

စုန့်အာ့နန်နဲ့ သူတို့တွေ ရဲစခန်းကို ရောက်တဲ့အခါ အဲဒီအမျိုးသမီးနဲ့ အမျိုးသားနှစ်ယောက်ကို အထဲကိုခေါ်သွားလိုက်ပြီဖြစ်သည်။

 

 

သို့ပေမယ့်  ရဲစခန်းမှာတော့ ပရမ်းပတာ ဖြစ်နေသည်။

 

 

အဲ့ဒီအမျိုးသမီးနဲ့ အမျိုးသားနှစ်ဦးက ဒေါသထွက်နေတဲ့ စုံတွဲတစ်တွဲဆီကနေ ရိုက်နှက်ခံနေရပြီး ရဲတွေသာ ၎င်းတို့ကို မထိန်းထားရင် သွေးထွက်သံယိုဖြစ်နေလောက်ပြီဖြစ်သည်။

 

 

"ဘာဖြစ်နေကြတာလဲ?" ရဲအရာရှိဦးလေးက အငယ်တန်း ရဲသားလေးတစ်ယောက်ကို ဖမ်းဆွဲကာ မေးလိုက်သည်။

 

 

အငယ်တန်းရဲအရာရှိလေးက ရှုံ့ရှုံ့မဲ့မဲ့နဲ့ ပြန်ဖြေလိုက်သည်။တိုက်တိုက်ဆိုင်ဆိုင်ဘဲ သူတို့ကလေးက ကုန်တိုက်မှာ ပြန်ပေးဆွဲခံရတယ်လို့ လာတိုင်တာ၊  အချက်အလက်ကို စစ်ဆေးကြည့်လိုက်တော့ အကယ်ခံလိုက်ရတဲ့ ကလေးဖြစ်နေတယ်လေ"

 

 

အဲဒီနောက်တော့ သူက လူကုန်ကူးသူတွေကို ညွှန်ပြပြီး ဆက်ပြောသည်။ဖြစ်ချင်တော့ နှစ်ဖက်လုံး ရဲစခန်းမှာ လာတိုးရော၊ အဲ့ဒါနဲ့ ဒီလိုဖြစ်နေတော့တာဘဲ"

 

 

ရဲအရာရှိဦးလေးက စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။

 

 

စုန့်အာ့နန်က ခေါင်းညိမ့်ပြလိုက်ပြီး ရှေ့နှစ်လှမ်း လှမ်းလိုက်ရာ နောက်ဆုံးတော့ စုံတွဲရဲ့မျက်နှာကို ပြတ်ပြတ်သားသား မြင်လိုက်ရသည်။

 

 

သေချာပေါက်ကိုဘဲ ကောင်လေးနဲ့ အတူရှိနေကြတဲ့ ကုန်တိုက်မှာ သူမ တွေ့ခဲ့တဲ့ စုံတွဲတွေပင်။

 

 

စုန့်အာ့နန် ကြည့်လို့ပြီးတော့ ရဲအရာရှိကို အတည်ပြုတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

 

 

 အဲ့ဒီအချိန် လင်မယားနှစ်ယောက်ထဲက အမျိုးသမီးက သူတို့ကို သတိထားမိသွားကာ ထိတ်ထိတ်ပြာပြာနဲ့ ပြေးလာသည်။

 

 

ကျွန်မသား ဘယ်မှာလဲ?” အမျိုးသမီးက စိုးရိမ်တကြီးဖြင့် ရဲအရာရှိဦးလေးရဲ့လက်ကို ဆွဲလိုက်ကာ ပြောလာသည်။သူ့ကိုကယ်ထားတယ်လို့ ပြောခဲ့တယ်မဟုတ်လား? သူဘယ်မှာလဲ?"

 

 

ရဲအရာရှိဦးလေးက အမျိုးသမီးရဲ့ စိတ်ကို အမြန်ပြေလျှော့အောင် လုပ်လိုက်ပြီး "စိတ်မပူပါနဲ့ ကလေးက ဆေးတွေ ရှူမိလိုက်လို့၊ ဆေးစစ်ဖို့ ဆေးရုံပို့ထားပါတယ်"

 

 

ကလေးကို ဆေးရုံပို့လိုက်ကြောင်းကြားတော့ လူငယ်စုံတွဲက တခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ ဆေးရုံကို အမြန်ထွက်သွားတော့သည်။

 

 

ရဲအရာရှိဦးလေးက အငယ်တန်းရဲသားလေးကို ဆေးရုံဆီ အမြန်လိုက်သွားခိုင်းလိုက်သည်။

 

 

လင်မယားနှစ်ယောက် ထွက်သွားတော့ အခန်းက ငြိမ်သက်သွားပြန်သည်။

 

 

လူကုန်ကူးသူ အမျိုးသမီးက ထောင့်တစ်နေရာတွင် ခေါင်းကို ဖက်ထားကာ ကြမ်းပြင်ပေါ်မှာထိုင်နေတဲ့အချိန် အမျိုးသားနှစ်ဦးကတော့ အော်ဟစ်နေကြသည်။

 

 

ရဲအရာရှိဦးလေးက သူတို့ကို စိတ်ပျက်သလို တစ်ချက်ကြည့်လိုက်ပြီး စုန့်အာ့နန်ကို လက်ယပ်ခေါ်လိုက်သည်။  "ကလေးမ၊ စောစောက သူတို့အရိုးကိုပြန်ဆက်ပေးတတ်တယ်လို့ ပြောခဲ့တယ် မဟုတ်လား?"

 

 

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "လုပ်တတ်တယ်"

 

 

"မလုပ်နဲ့!" ဒါကိုကြားတော့ လူနှစ်ယောက်က အော်ဟစ်နေတာရပ်လိုက်ပြီး တညီတညွတ်တည်း အော်လာသည်။

 

 

သံသယမရှိ၊ သူတို့က စုန့်အာ့နန်အပေါ် မယုံကြည်မှန်း သိသာလှသည်။

 

 

ဒါပေမယ့် သူတို့အနားက ရဲအရာရှိကတော့ သူတို့ကို ငြင်းဖို့ အခွင့်အရေးမပေးဘဲ စုန့်အာ့နန်ကို ကြည့်ရင်း သူတို့ထဲက တစ်ယောက်ယောက်ကို ဖိလိုက်သည်။

 

 

"ဒီမှာ မင်းအတွက် ကိုင်ထားပေးတယ်"

 

 

စုန့်အာ့နန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး အဲ့ဒီလူရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။

 

 

[ဟာဟားဟား၊ ဒီရဲအရာရှိက ရယ်စရာကောင်းလိုက်တာ၊ ဒါက သူ့ကို ကိုင်ထားတာမှမဟုတ်ဘဲ ချုပ်ထားတာကြီးကို]

 

 

[ဘုရားရေ! ရဲအရာရှိဦးလေးက စုန့်အာ့နန်ကို အရမ်းယုံကြည်နေတာဘဲ အဲ့ဒီလူတွေ သူ့ကို ထိခိုက်အောင်လုပ်လိုက်မှာ မစိုးရိမ်ဘူးလား?]

 

 

[အမ်...ဒီလို အရိုးဆက်တာမျိုးက ဟာသလုပ်စရာမဟုတ်ဘူး၊ စုန့်အာ့နန် တကယ်ရော လုပ်တတ်လို့လား?]

 

 

[Pfft လူကုန်ကူးသူတွေကို ဘာလို့ ဒီလောက်စာနာနေရတာလဲ? သူတို့ကို ချိုးလိုက်တာက ပိုတောင်ကောင်းသေးတယ်၊ ဒါမှ သူတို့ ပိုနာရမှာ]

 

 

[ငါ့အမြင်အရတော့ ရဲအရာရှိဦးလေးက စုန့်အာ့နန်ကို မယုံကြည်ဘူး၊ လူကုန်ကူးတဲ့သူတွေကို သူက ပိုဒုက္ခပေးစေချင်တာ မဟုတ်ရင် သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်သလိုဖြစ်သွားမယ်]

 

 

[အပေါ်ထပ်က တစ်ယောက်ရေ မင်းရဲ့စကားတွေကို ကြည့်ပါဦး၊  ဒီမှာ 'တမင်တကာ' ဆိုတာမရှိဘူး၊ ရဲအရာရှိဦးလေးက တရားမျှတပြီး ရိုးသားမှုရှိတဲ့ စံပြပြည်သူတွေအတွက် တာဝန်ထမ်းဆောင်နေတယ်ဆိုတာ ငါ့စိတ်ထဲအကြွင်းမဲ့ ယုံသလို သက်သေပြပေးနိုင်တယ်]

 

 

[ဟုတ်တယ်၊ ဒီလူနှစ်ယောက် စောစောက ငိုနေတာကို မမြင်ဘူးလား? ရဲအရာရှိဦးလေးကလည်း ဒါကို သူတို့ အတွက် လုပ်နေတာဘဲ]

 

...

 

စုန့်အာ့နန်က လက်နှစ်ဖက်ကို အဆစ်လွဲအောင်လုပ်လိုက်တာကြောင့်  ဘယ်အခြေအနေမှာ ရှိနေလဲဆိုတာ သူမ အတိအကျသိသည်။

 

 

သူမ ဘာမှ မပြောဘဲ အဲ့ဒီလူရဲ့ လက်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

 

 

နောက်တော့ ဘယ်သူမှ မတုံ့ပြန်လိုက်နိုင်ခင်၊ စုန့်အာ့နန်က ရုတ်တရက် လှုပ်ရှားလိုက်သည်။

 

 

သူမက လက်ကို ခါပြီး ကွေးလိုက်ဝောာ့ ကလစ် ဆိုတဲ့ အသံတစ်ခု အခန်းထဲမှာ ပြတ်ပြတ်သားသား ထွက်လာသည်။

 

 

နောက်တော့ အဲ့ဒီလူရဲ့ သနားစရာကောင်းတဲ့ အော်ဟစ်သံကရဲစခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

 

 

အားလုံးက စုန့်အာ့နန်ကို တစ်ပြိုင်တည်း လှည့်ကြည့်လာကြသည်။

 

 

စုန့်အာ့နန်က အပြစ်ကင်းသလို မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။ "အဆစ်အနေအထားပြန်ပြင်တာက နည်းနည်းတော့ နာတတ်တယ်"

 

 

ဒါကြောင့် ဘယ်လိုဘဲ ပြန်ဆက်ဆက် နာတာက နာမှာပင်။ အဲ့ဒါက သူမအရည်အချင်း ညံ့တာကြောင့် မဟုတ်ပါချေ။

 

 

ရှင်းပြပြီးတဲ့နောက်မှာ စုန့်အာ့နန်က အခြားသူတွေတွေးနေတဲ့အရာကို စိတ်မ၀င်စားဘဲ မြေပြင်ပေါ်က လူကို ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကောင်းပြီ၊ လက်မောင်း စမ်းလှုပ်ကြည့်"

 

 

အဲ့ဒီလူရဲ့ နဖူးမှာ ချွေးတွေရွှဲနစ်နေပြီး စုန့်အာ့နန်ကို မယုံသလိုကြည့်ကာ သူ့လက်ကို ခပ်ဖြည်းဖြည်းလှုပ်ရှားလိုက်သည်။

 

 

အဲ့ဒါ...တကယ်ကောင်းသွားပြီ!

 

 

မယုံကြည်နိုင်စွာနဲ့ သူ့လက်ကို နောက်တစ်ကြိမ် ထပ်လှုပ်လိုက်သည်။

 

 

[ဘုရားရေအန်တီလေးတွေက တကယ်ကို အရည်အချင်းရှိတယ်လို့ ခံစားရတယ်၊ သူ့လက်က ဒီလိုမျိုး ပြန်ဆက်သွားတာဘဲ!]

 

 

[စုန့်အာ့နန် ဘယ်လို လုပ်လိုက်တာလဲ? ရှင်းရှင်းလင်းလင်း မမြင်ရလိုက်ရဘူး၊ ဒီတိုင်း ပြန်ကောင်းသွားတာလား?]

 

 

[ဘုရား! အန်တီလေးက အရမ်းအံ့သြဖို့ကောင်းတာပဲ! သူလုပ်နိုင်တယ်ဆိုတာ ဒီတိုင်း သာမာန်ကာလျှံကာ ပြောနေတယ်လို့ ထင်ခဲ့တာ၊ သူတကယ်သိလိမ့်မယ်လို့ မထင်ထားဘူး!]

 

 

[အားးးးး f*ck me! အန်တီလေးက ငါ့ရဲ့နတ်ဘုရားမဘဲ! မင်းမလုပ်နိုင်တဲ့ကိစ္စရှိသေးရဲ့လား?]

 

 

[ငါ့အဘိုးက တရုတ်တိုင်းရင်းဆေးဆရာဘဲ၊ စုန့်အာ့နန်က ဒီတိုင်း ရိုးရိုးရှင်းရှင်းလေး လုပ်ခဲ့တာလို့ ပြောပေမယ့် တကယ်တမ်းကျတော့ အရမ်းခက်တာ၊ ဒါက ကျွမ်းကျင်ဖို့လိုတယ်]

 

 

[Pfft ဒါက အပျော်သပ်သပ်ဘဲ၊  ဇာတ်ညွှန်းရေးထားတာမှန်း သိသာနေတာကို၊ တချို့လူတွေက သူတို့ရဲ့ပုံရိပ်ကို စလုပ်ဖို့ အောက်ခြေစည်းတောင်မရှိဘူး]

 

 

[F*ck အပေါ်ထပ်က တစ်ယောက်ရေ အဲ့ဒါက ဇာတ်ညွှန်းရေးထားတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ? မင်းမှာ ဦးနှောက်ပါရဲ့လား၊ အဲဒါတွေက တကယ့်ရဲတွေ၊ မျက်စိစုံမှိတ်မုန်းနေတာက သနားစရာဘဲ]

 

 

[အမှန်ဘဲ ဝင်လာတုန်းက အပြင်က ရဲစခန်း ဆိုင်းဘုတ်ကြီးကို မမြင်ဘူးလား? ရယ်ရလို့သေပြီ၊ ကန်းနေရင်လည်း ဆရာဝန်သွားပြလိုက်ပါတော့]

 

 

အောင်အောင်မြင်မြင် လုပ်ပြနိုင်လိုက်တာကြောင့် နောက်တစ်ယောက်လည်း မတားတော့ဘဲ စုန့်အာ့နန်ကို သူ့လက်ပြင်ခွင့်ပေးလိုက်သည်။

 

 

လက်ရှိအခြေအနေမှာ အခြေခံအားဖြင့် ရှင်းလင်းနေပြီဖြစ်ကာ အမျိုးသမီးနဲ့ အမျိုးသားနှစ်ဦးကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားသည်။

 

 

စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ကိုလည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခန်းတစ်ခုဆီ ခေါ်သွားသည်။

 

 

ကျန်းဟန်က သူ့အနုပညာရှင် ရဲစခန်းမှာ ရောက်နေတယ်ဆိုတဲ့ သတင်းကိုကြားတော့ သူ အမြန်ပြေးသွားတော့သည်။

 

 

ဒါပေမယ့် လမ်းမှာ ဖြစ်ပျက်ခဲ့တာကို သူသဘောပေါက်လိုက်ပြီး စိတ်မပူတော့ပေ။

 

 

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က ဒုက္ခရောက်နေတဲ့သူကို ကူညီခဲ့ကြတဲ့သူတွေဖြစ်သည်။ ဒီဟာက အထင်ကြီးလောက်စရာကိစ္စမဟုတ်သလို ကြောက်စရာကောင်းတဲ့ အရာလည်းမဟုတ်ပေ။

 

 

ကျန်းဟန်က စိတ်အေးလက်အေး ဖြစ်နေသည်။၊ သူ ရဲစခန်းကို ရောက်တဲ့အခါ ခြံထဲ လမ်းလျှောက်နေရာကနေ လမ်းမှားလျှောက်လာသလိုပင်။

 

 

အဲ့ဒီအချိန် အနီးနားရှိ တစ်စုံတစ်ယောက်ဆီ ဖုန်းဝင်လာသည်။

 

 

"မဟုတ်တာတွေ! ဘာလက်မှတ်ထိုးထားတဲ့ဓာတ်ပုံလဲ၊ နင့်အဖေက အခုအလုပ်လုပ်နေတာ၊ ငါ့တာဝန်တွေကို လစ်လျူရှုလို့မရဘူး၊ ငါ့အာဏာကို အလွဲသုံးစားလုပ်လို့မရဘူး!"

 

 

 အဲ့ဒီလူက စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ရဲအရာရှိဖြစ်မှန်း အကြည့်တစ်ချက်နဲ့ ကျန်းဟန် မှတ်မိလိုက်သည်။

 

 

သူက ပြုံးပြီး နှုတ်ဆက်လိုက်သည်။ "အစ်ကိုကြီး၊ ဖုန်းခေါ်တာ အစ်ကိုကြီးရဲ့ သမီးလား?"

 

 

ရဲအရာရှိက ကျန်းဟန်ကို သံသယနဲ့ ကြည့်လာသည်။

 

 

ကျန်းဟန်က ချက်ချင်း သဘောပေါက်သွားပြီး သိူ့ကုယ်သူ အမြန်မိတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်တော်က စုန့်လင်းချွမ်ရဲ့မန်နေဂျာဖြစ်ပါ၊ သူတို့ကို ခေါ်ဖို့ ရောက်လာတာပါ"

 

 

ရဲအရာရှိက တစ်ချက်ရပ်သွားပြီး သူလမ်းမေးနေတာလို့ ထင်လိုက်သည်။ "အင်း၊ သူတို့ အထဲမှာ ထွက်ဆိုနေကြတယ်။ မင်း ဒီကနေ ဝင်လို့မရဘူး၊ အဲဒီကိုပတ် လျှောက်သွားရမယ်"

 

 

ကျန်းဟန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ "သိပါပြီ ကျေးဇူးပါ!"

 

 

မသွားခင် သူက နောက်ပြန်လှည့်လာပြီး ပြောလိုက်သည်။ "ဖုန်းပြောနေတာ မတော်တဆ ကြားမိလိုက်လို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် အစ်ကို့ရဲ့သမီးက ကျွန်တော်တို့လင်းချွမ် လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံလိုချင်နေတာများလား?"

 

 

စုန့်လင်းချွမ်ရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ဒီဟာက သူကူညီနိုင်တဲ့အရာဖြစ်သည်။

 

 

ပြောစရာမလိုအောင်၊ သူ့အနုပညာရှင်က အရမ်းနာမည်ကြီးတယ်၊ ဒါက သူ့မန်နေဂျာဖြစ်တဲ့ ကျန်းဟန်အနေနဲ့ မြင်ရတာပျော်သည်။

 

 

ရဲအရာရှိက အံ့အားသင့်သွားပြီး ခေါင်းခါလိုက်ကာ "...ဟင့်အင်း"

 

 

ကျန်းဟန်က စိတ်ရှုပ်သွားသည်၊ ဒီလာတဲ့လမ်းမှာ တိုက်ရိုက်ထုတ်လွှင့်တာကို သူကြည့်ခဲ့ရသည်။ သူအမှတ်မှားတာ မဟုတ်ဘူး၊ ဒီဦးလေးရဲ့ သမီးက စုန့်လင်းချွမ်ရဲ့ အမာခံပရိတ်သတ်လေ။

 

 

ပြီးတော့ သူမဇနီးဖန်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။

 

 

ရဲအရာရှိဦးလေးက တုံ့ဆိုင်းနေပြီး ပြောလာသည်။အဲဒီကောင်မလေးက အန်တီလေးရဲ့ လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံကို လိုချင်တယ်လို့ ပြောနေတာ"

 

 

ကျန်းဟန် - "......"

 

 

ကင်မရာသမားက သူ့ကင်မရာနဲ့ အနီးနားတစ်ဝိုက်မှာ အေးအေးလူလူ လမ်းလျှောက်နေတာကြောင့် ဒီမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်တဲ့ပရိသတ်တွေ မြင်ရအောင် ရိုက်ကူးနိုင်ခဲ့သည်။

 

 

နှစ်စက္ကန့်လောက် ခေတ္တရပ်သွားပြီးနောက်၊ စခရင်မှာ 'ဟာဟားဟားဟား' ဆိုတာတွေနဲ့ ချက်ချင်းပြည့်သွားသည်။

 

 

[သေအောင်ရယ်ရတယ်၊ စုန့်လင်းချွမ်ရဲ့ဖန်တွေက သစ္စာခံတဲ့ဘက် အမြန် ပြောင်းသွားကြတယ်၊ အံ့သြစရာဘဲ]

 

 

[စုန့်လင်းချွမ် မန်နေဂျာရဲ့မျက်နှာပေါ်က အမူအရာကိုကြည့်ပါဦး နေရာမှာဘဲ ကြက်သေသေသွားတာ]

 

 

[ကျန်းဟန်ရဲ့ စိတ်ထဲမှာ‌ - ငါ့ရဲ့အနုပညာရှင်က အခု လူကြိုက်မများတော့ဘူးလား?]

 

 

[စုန့်လင်းချွမ် - ဒါဆို အချစ်တွေလည်း ပျောက်သွားမှာ ဟုတ်တယ်မလား?]

 

 

[အချစ်တွေက မပျောက်သွားပေမယ့် ပြောင်းသွားတာပါ]

 

 

[ဟားဟားဟား စုန့်လင်းချွမ်ရဲ့ ပရိသတ်တွေ ငါ့ကို တကယ်သတ်နေကြတာလား? နင်တို့ရဲ့ အမျိုးသား idol ကိုဒီလို ဆက်ဆံနေတာလား?]

 

 

[ဝါးးအစ်ကို လင်းချွမ် အတွက် နှလုံးသားက နာကျင်နေတယ်၊ ဒါပေမယ့် ငါသာဆိုရင်လည်း အန်တီလေး လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံလေးကို ပိုလိုချင်ပါတယ်၊ ကောကောဟာက ငါ့မှာရှိပြီးသားလေ]