အပိုင်း ၁၂
Viewers 629

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

 

အပိုင်း ၁၂

 

 

 

 

 

 

 

စုန့်အာ့နန်နဲ့ သူတို့ ထွက်ဆိုချက်ပြီးတဲ့အခါ ကလေးဟာလည်း ဆေးနည်းနည်းသာ ရှူလိုက်ရတဲ့အတွက် အခုသက်သာသွားပြီဆိုတဲ့ သတင်းကြားလိုက်ရသည်။

 

 

ကျန်းဟန်လည်း ရဲစခန်းကနေ ထွက်လာတဲ့အခါ သူတို့နှစ်ယောက်ကို ခေါ်လာပြီး အစီအစဉ်အဖွဲ့ရဲ့ ကားလည်းတံခါးဝတွင် စောင့်နေပြီဖြစ်သည်။

 

 

သူတို့လည်းဘယ်မှ မသွားတော့ဘဲ စုန့်လင်းချွမ်ရဲ့ အိမ်ကိုဘဲ တန်းတန်းမတ်မတ်ပြန်သွားလိုက်ကြသည်။

 

 

ကားပေါ်တက်ပြီးတဲ့နောက်မှာ ကင်မရာမန်းက ခရီးသည်ထိုင်ခုံမှာဘဲ ထိုင်လိုက်ပြီး စုန့်အာ့နန်၊ စုန့်လင်းချွမ်နဲ့ ကျန်းဟန်တို့က အနောက်ခုံမှာထိုင်လိုက်သည်။

 

 

ရှိုးကို တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်ကာ ကြည့်ရှုသူအရေအတွက်က အစောပိုင်းမှာ ကျဆင်းသွားပေမယ့် စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ ကင်မရာထဲမှာ ထပ်ပေါ်လာတဲ့အခါ အရေအတွက်က လျင်မြန်စွာတက်လာပြီး စခရင်တွင် မှတ်ချက်တွေ ကျည်ဆံလို ပြည့်သွားသည်။

 

 

 သို့ပေမယ့် အသက်ဝင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ ယှဉ်ပါက ကားထဲမှာ အလွန်တိတ်ဆိတ်နေသည်။

 

 

သူတို့မှာ ပင်ပန်းနေကြတာကြောင့် ကားပေါ်တက်ပြီးတာနဲ့ စုန့်အာ့နန်ရော စုန့်လင်းချွမ်ရော ဘာမှ မပြောကြဘဲ ဘာတွေတွေးနေမှန်းမသိစွာနဲ့  ဒီတိုင်းဘဲငြိမ်ငြိမ်လေး ထိုင်နေကြသည်။

 

 

ကင်မရာမန်းလည်း စိုးရိမ်သွားသည်၊ ဒီလိုတိတ်ဆိတ်နေတာက ဘာမှ မဖြစ်ပေမယ့်၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဆက်ရှိနေတာကြောင့် ကျန်းဟန်ကို အကြည့်နဲ့ အကူအညီတောင်းလိုက်ရသည်။

 

 

ကျန်းဟန်လည်း မသိမသာ ခေါင်းညိတ်ပြလိုက်သည်။

 

 

ဒီလိုအချိန်မျိုးမှာ ကျည်ဆံလိုမှတ်ချက်တွေကို မမြင်နိုင်ပေမယ့် လူတိုင်းသိချင်တဲ့အရာကို သူရှင်းရှင်းလင်းလင်း သိသည်။

 

 

ဒါနဲ့ ကျန်းဟန်လည်း စုန့်အာ့နန်ဘက်လှည့်ကာ မေးလိုက်သည်။ "အန်တီလေးက တိုက်ကွမ်ဒိုလည်း တတ်တာလား?"

 

 

စုန့်အာ့နန်က လန့်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ ကျွန်မ ငယ်ငယ်က လင်းချွမ်နဲ့ လိုက်ပြီး သင်ခဲ့ဖူးတယ်"

 

 

ဒါကိုကြားတော့ ကျန်းဟန် နည်းနည်းအံ့သြသွားပြီး စုန့်လင်းချွမ်ဘက်လှည့်ကာ မေးလိုက်သည်။ "မင်းလည်း သင်ဖူးတာလား?"

 

 

 သူ့အနုပညာရှင်မှာ ဒီအရည်အချင်းရှိတယ်ဆိုတာ သူတောင်မသိရဘူး၊ သူ့မန်နေဂျာ တစ်ယောက်အနေနဲ့ ဒါက ခွင့်မလွှတ်ချင်စရာဘဲ။

 

 

ကြီးကျယ်ခမ်းနားတဲ့ လူသိရှင်ကြား ပစ္စည်းတွေ၊ စုန့်လင်းချွမ်ရဲ့ ထိရှစေတဲ့ ယောက်ျားတစ်ယောက်ရဲ့ ပုံရိပ်ကို ဘယ်လိုယူပေးရမလဲဆိုတာ သူ့ဦးနှောက်တွေကို စုစည်းထားပြီး ဒီအတွက်အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

 

 

"ဘယ်လိုလုပ် အရင်က မပြောတာလဲ?"  ကျန်းဟန်က မေးလိုက်သည်။

 

 

စုန့်လင်းချွမ် က သူ့ကို ဘာသိဘာသာ ကြည့်လိုက်ပြီး ပြန်ဖြေလာသည်။ "ခင်ဗျားလည်း မမေးဖူးဘူးလေ"

 

 

ကျန်းဟန် - "......"

 

 

[ဟာဟား၊ ဒါကြောင့် သူ့မန်နေဂျာကို စကားမပြောနိုင်အောက် လုပ်လိုက်နိုင်တာဘဲ။ သူကတကယ်လို့ လျှာစောင်းထက်တာဘဲ]

 

 

[သေအောင် ရယ်နေရတယ်၊  စုန့်လင်းချွမ်ရဲ့ မန်နေဂျာ အမူအရာကို ကြည့်ရတာ ရယ်ရလိုက်တာ]

 

 

[စုန့်လင်းချွမ်ရဲ့ မန်နေဂျာ - ငါ့ရဲ့ မိခင်ဘာသာစကားက တိတ်တိတ်နေတာဘဲ]

 

 

[စုန့်အာ့နန်က သူနဲ့တူ လိုက်သွားပေးတာလို့ ပြောခဲ့တယ်။  သူ့အန်တီလေးက အရမ်းတော်တဲ့ မိန်းကလေးဘဲ။ စုန့်လင်းချွမ်ဆို ပိုလို့တောင် မိုက်မှာ]

 

 

[ဝါး စုန့်လင်းချွမ်က အရမ်းသိုသိုသိပ်သိပ် နေလိမ့်မယ်လို့ငါ မမျှော်လင့်ထားဘူး။ သူ့အရည်အချင်းတွေကို ဘယ်တော့မှပြမှာလဲ?]

 

 

အင်တာနက်သုံးစွဲသူတွေရဲ့ အတွေးတွေက ကျန်းဟန်ရဲ့ အတွေးတွေလည်းဖြစ်သည်။ ဒါပေမယ့် အခုက သိသိသာသာကိုဘဲ အချိန်မကျသေးပါချေ။ အချိန်ကောင်းကိုစောင့်ပြီး စောင့်ပြီး လူတိုင်းကို အံ့အားသင့်စေတာက ပိုကောင်းတယ်။

 

 

"အန်တီလေး၊ တိုက်ကွမ်ဒိုမှာ ခါးပတ်အဆင့် အမျိုးမျိုး ရှိတယ်မဟုတ်လား? အန်တီလေးရဲ့ လက်ရှိ အဆင့်က ဘယ်လောက်လဲ?" ကျန်းဟန်က စိတ်ဝင်တစား မေးလိုက်သည်။

 

 

စုန့်အာ့နန် ဖြေခါနီးမှာဘဲ စုန့်လင်းချွမ်က ခုန်ထွက်လာပြီး စကားပြောဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

 

 

"ခါးပတ်နက်လေ! ငါ့အန်တီလေးက အရမ်းမိုက်တာ!" စုန့်လင်းချွမ်က ဂုဏ်ယူစွာနဲ့ပြောလိုက်သည်။

 

 

 "နည်းပြက သင်ပေးခဲ့တဲ့ ကျောင်းသားတွေကြားထဲမှာ သူ့ထက် ဘယ်သူမှ ဇွဲရော ခံနိုင်ရည်ရောရှိတဲ့လူကို မတွေ့ဖူးဘူးလို့ သူ့ကို ချီးကျူးဖူးတယ်"

 

 

အမှန်အတိုင်းပြောရရင် စုန့်လင်းချွမ်က စုန့်အာ့နန် ကို ကလေးကတည်းက ဘောကျခဲ့တာကြောင့်ဖြစ်သည်။

 

 

သူမက ဒီလောက်ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်  သူမ လုပ်သမျှအရာတိုင်းကို မဆုတ်မနစ်ကြိုးစားသည်။  သူမရဲ့ ဇွဲလုံ့လကို ဘယ်ကရလာမှန်း ဘယ်သူမှ မသိကြပေ။ ငယ်ငယ်လေးကတည်းက သူမဟာ ဘာပဲလုပ်လုပ် ဇွဲရှိရှိနဲ့ ဖြတ်ကျော်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပင်။

 

 

အဲ့ဒီအချိန်မှာ စုန့်အာ့နန်က ရုတ်တရက် ထွက်လာပြီး စုန့်လင်းချွမ်ရဲ့ အဝတ်အစားတွေကို ဆွဲလိုက်သည်။

 

 

စုန့်လင်းချွမ်ကခေါင်းကို လှည့်ကာ အံ့ဩစွာနဲ့ မေးလိုက်သည်။အန်တီလေး ဘာဖြစ်လို့လဲ?”

 

 

စုန့်လင်းချွမ်ရဲ့ ချီးကျူးစကားကြောင့် သူမကအနည်းငယ်ရှက်သွားပုံရကာ- "အမ်၊ ခါးပတ်နက်မဟုတ်ဘူး၊ ငါက သိပ်မတော်ဘူး အနီ-အနက် ခါးပတ်ဘဲ"

 

 

စုန့်လင်းချွမ်က ခဏလောက် အံ့ဩသွားပြီး သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည် - "အိုး၊ အဲဒါက အရေးမကြီးပါဘူး။ အရမ်းအထင်ကြီးစရာကောင်းတုန်းဘဲ"

 

 

[ဟာဟား၊ 'အဲ့ဒါက အရေးမကြီးဘူး?' ဒီလူက တော်တော်လွန်တာဘဲ]

 

 

[LMAO စုန့်လင်းချွမ် သူ့အန်တီလေးအကြောင်း ကြွားလုံးထုတ်တာက  တကယ်ရယ်စရာကောင်းတယ်။ သူ့အန်တီလေးကိုပါ ရှက်သွားစေတယ်]

 

 

[တိုက်ကွမ်ဒို ခါးပတ်အဆင့်ကို လူတိုင်းအတွက် ရှင်းပြပါရစေ။ အဆင့်နိမ့်ကနေ အမြင့်ကိုဆိုရင် - ခါးပတ်ဖြူ၊ အဖြူ-ဝါ ခါးပတ်၊ ခါးပတ်ဝါ ဝါ-စိမ်း ခါးပတ်၊ ခါးပတ်အစိမ်း၊ စိမ်း-ပြာ ခါးပတ်၊ ခါးပတ်ပြာ အပြာ-နီခါးပတ်၊ ခါးပတ်နီ၊ အနီ-အနက် ခါးပတ်၊ ခါးပတ်နက်။ ဒါကြောင့် ခါးပတ်နက်က အဆင့်အမြင့်ဆုံးဖြစ်ပြီး အနီ-အနက်ခါးပတ်က ခါးပတ်နက်ရဲ့ ဒုတိယမြောက်ပါ]

 

 

[ ဝိုး အန်တီလေးက အရမ်းမိုက်တာပဲ! ဒါကိုကြည့်ရရင်စုန့်လင်းချွမ်  'ကြွားလုံးထုတ်တာ' ကအတော်လေး မှန်ပါတယ်]

 

 

[ ပြောရရင်၊ စုန့်အာ့နန်က သူနဲ့အတူ လိုက်သွားပြီး သွားကစားတုန်းက အနီ-အနက်ခါးပတ်ဖြစ်နေပြီ။ စုန့်လင်းချွမ်ကတော့ ခါးပတ်နက်လို့ မပြောနဲ့နော်ဝါး ဒါက တော်တော် အထင်ကြီးစရာဘဲ]

 

 

ကျန်းဟန်လည်း အင်တာနက် အသုံးပြုသူတွေအတိုင်း တွေးနေပုံရသည်။ သူက စုန့်လင်းချွမ်ကို ရုတ်တရက် မျှော်တလင့်လင့်နဲ့ ကြည့်လိုက်ပြီး မေးလိုက်သည်။  "ဒါဆို လင်းချွမ် မင်းရေု? မင်းရဲ့ အန်တီလေးက မင်းနဲ့အတူ လိုက်ကစားပေးတာလို့ ပြောတော့၊ မင်းကရော ဘယ်ခါးပတ်လဲ?"

 

 

စုန့်လင်းချွမ်က တစ်ခဏလောက် တိတ်နေပြီးမှ ပြောလာသည် - "...ခါးပတ်ဖြူ"

 

 

လူတိုင်း - "......"

 

 

သူ အရင်က တိုက်ကွမ်ဒို သင်ခဲ့တာကို ဘာကြောင့် မပြောပြခဲ့လဲဆိုတာ ရုတ်တရက် သဘောပေါက်သွားရသည်။

 

 

 ငယ်ရွယ်တဲ့ကောင်မလေးက အနီ-အနက်ခါးပတ် ရထားပေမယ့် သူ့ရဲ့ အဓိက ကျောင်းသားမှာတော့ အဖြူ-ဝါ ခါးပတ်တစ်ခုဘဲ ရှိသည်။

 

 

ဒီဟာက...

 

 

မနှိုင်းယှဉ်ရင် ဘာထိခိုက်မှုမှ ရှိလာမှာ မဟုတ်ဘူး။

 

 

စုန့်လင်းချွမ်ကို ပိုလို့တောင် အရည်အချင်း မရှိတဲ့ပုံပေါက်သွားစေသည်။

 

 

ကျန်းဟန် စိတ်ထဲမှာ အရမ်းဝမ်းနည်းသွားရသည်။ ဒါတွေက သူစကားအရမ်းများလို့ဘဲ။

 

 

အခုတော့ သွားရော။ ရင်ထဲထိစေတဲ့ ပုံရိပ်ကို မစရသေးခင်မှာဘဲ  အားတည်းတဲ့လူဆိုပြီး လူတွေရဲ့ရင်ထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားပြီ။

 

 

သို့ပေမယ့် ကျန်းဟန်အနေနဲ့ ဒီစ္စနဲ့ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ အမြဲခံစားရသည်။ စုန့်လင်းချွမ်အပေါ် သူ့နားလည်သလောက်ဆို ဒီလူမှာ အားကစားစွမ်းရည် များစွာရှိနေဆဲဖြစ်သည်။

 

 

ဒီလိုမျိုးက မဖြစ်သင့်ဘူး။

 

 

ဒီထဲမှာ ဇာတ်လမ်းတစ်ပုဒ်ရှိရမယ်။

 

 

ကျန်းဟန်က စုန့်လင်းချွမ်ကို ဘယ်လိုရှင်းပြရမလဲ စဉ်းစားနေတုန်းမှာ စုန့်အာ့နန်က ရုတ်တရတ်ပြောလာသည်။

 

 

"ဒါက မတူဘူး" သူမက "လင်းချွမ်က တိုက်ကွမ်ဒိုကို ခဏဘဲ သင်ခဲ့ပြီးတော့ နောက်ပိုင်း အိမ်နားက လက်ဝှေ့ကလပ်က သူ့ရဲ့ အရည်အချင်းကို မြင်ပြီး လက်ဝှေ့ကျင့်ဖို့ သူ့ကိုဆွဲခေါ်သွားတယ်လေ"

 

 

ဟုတ်သည် အရည်အချင်းက အသွင်အပြင်တစ်ခုဘဲ၊ ဒါပေမယ့် အဓိက အကြောင်းအရင်းကတော့ စုန့်လင်းချွမ် ကိုယ်တိုင်က စိတ်ဝင်စားလို့ပင်။

 

 

"သူ လက်ဝှေ့ကို နှစ်တော်တော်ကြာ လေ့ကျင့်ခဲ့တာ အရမ်းတော်တယ်" စုန့်အာ့နန်က အလေးပေးပြောလာသည်။

 

 

ကျန်းဟန်က မထိန်းနိုင်ဘဲ ထပ်မေးလိုက်သည်။ "သူ ဘယ်လောက်တော်တာလဲ?"

 

 

စုန့်အာ့နန်က အဲဒါကို သေသေချာချာ တွေးလိုက်ပြီး သင့်လျော်အောင် ဘယ်လိုဖော်ပြရမလဲ မသိတာကြောင့် သူမက  “သူ ကျွန်မကို အလျှော့မပေးရင် ကျွန်မသူ့ကို မရိုက်နိုင်ဘူး" လို့ ပြန်ဖြေလာသည်။

 

 

[OMG စုန့်လင်းချွမ်မှာ ဒီလို လျှို့ဝှက်ထားတဲ့ အရည်အချင်းရှိမှန်း ငါမသိခဲ့ဘူး၊ သူက တကယ်ကြီး လက်ဝှေ့ထိုးတာပေါ့!]

 

 

[ဂါး၊ ငါ့လို အမာခံဖန်တောင် ကောကောက လက်ဝှေ့ထိုးတတ်တယ်ဆိုတာ မသိခဲ့ဘူး]

 

 

[ဟင်း  အဓိက လူက အရမ်းသိုသိုသိပ်သိပ် နေနေတာ အရမ်းစိတ်ညစ်စရာဘဲ]

 

 

[အရင်က အွန်လိုင်းမှာ ဗီဒီယိုတစ်ခုကြည့်ဖူးတာကို သတိရမိတယ်၊ စုန့်လင်းချွမ် အဲ့ဒီတုန်းက လက်ဝှေ့ ကစားတဲ့ပုံဘဲ။ သူ့ရဲ့ ခါးနဲ့ ဝမ်းဗိုက်ရဲ့ ချိတ်အားက စံနှုန်းမှန်တယ်။ တုံ့ပြန်မှုနှုန်းကလည်း အံ့မခန်းဘဲ သူ ကောင်းကောင်း သင်ခဲ့တာ သိသာတယ်]

 

 

[အဲ့ဒါက **** အမှတ်တံဆိပ်အတွက် ပရိုမိုးရှင်းဗီဒီယိုတစ်ခုလေ။ အဲ့ဒီအချိန်တုန်းက ပရိသတ်အချို့က သူ သင်ထားတယ်လို့ သံသယရှိနေကြပေမယ့် တာဝန်ရှိသူတွေက ပြန်မတုံ့ပြန်လို့ အဲ့ဒါကို ပယ်ချလိုက်တယ်]

 

...

 

  

အဲ့ဒီ ပရိုမိုးရှင်းဗီဒီယိုကို ကျန်းဟန် မှတ်မိသည်။

 

 

အဲ့ဒီတုန်းက လက်ဝှေ့ နည်းပြက တစ်ကြိမ်ဘဲ လှုပ်ရှားမှုတွေကို သရုပ်ပြခဲ့ပေမယ့် သူကတော့ သင်နိုင်ခဲ့သည်။

 

 

အဲ့ဒီတုန်းက ကျန်းဟန်လည်း အဲ့ဒီလိုသံသယရှိခဲ့ပေမယ့် စုန့်လင်းချွမ်က ဘယ်လိုပြန်ဖြေခဲ့လဲ?

 

 

"မတတ်နိုင်ဘူးလေ၊ ကျွန်တော်က ပါရမီရှိတော့၊ တစ်ကြိမ်တည်းနဲ့ တတ်သွားတာပေါ့"

 

 

မဟုတ်တာတွေ!

 

 

အရှက်ကိုမရှိဘူး!

 

*

 

"Our Dearest Us" အတွက် တိုက်ရိုက်ထုတ်လွှင့်ချိန်က နံနက် နာရီကနေ နာရီအထိဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။

 

 

သို့ပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ပထမနေ့၊ 7 နာရီအကြာမှာ  စုန့်လင်းချွမ်က ပရိုဂရမ်ဝန်ထမ်းတွေကို လာရှာပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုကြောင်း ပြောလာသည်။

 

 

ဝန်ထမ်းတွေက သူ့ကို ယဉ်ကျေးစွာနဲ့ အတိပေးလိုက်သည် - "ဆရာစုန့် အချိန်မှားသွားတာလား? နာရီတောင် မထိုးသေးဘူးလေ"

 

 

စုန့်လင်းချွမ်က ရိုးရိုးရှင်းရှင်းပဲ ပြောလာသည်။ "မင်းတို့တွေ မနက် 7 နာရီ လာခဲ့တယ်လေ"

 

 

သူရဲ့ အဓိပ္ပါယ်ကတော့ အလုပ်ချိန် ပြည့်သွားပြီလို့ဆိုလိုတာပင်။

 

 

ဝန်ထမ်းတွေက ခဏရပ်သွားပြီး သူဘာကိုဆိုလိုလဲဆိုတာ ရုတ်တရက် သဘောပေါက်သွားကြသည်။

 

 

အဲဒီလို တွက်ကြည့်တော့လည်း မမှားပါဘူး။

 

 

ဒါပေမယ့် ဒီရှိုးက တတိယမြောက် season ဖြစ်တဲ့အတွက် အရင်က ရိုက်ကူးခဲ့တဲ့အချိန်တွေလို မဟုတ်ပေ။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးတော့ သူတို့ တစ်ခါမှ မကြုံဖူးဘူး။

 

 

ဒါ့ပြင် အခြား တိုက်ရိုက်ထုတ်လွှင့်မှု ခုကိုလည်း နံနက် နာရီမှာ စပြီးထုတ်လွှင့်ခဲ့ပြီး အခုထိလည်းဆက်လက်ထုတ်လွှင့်နေဆဲဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို စောစောစီးစီး အဆုံးသတ်ဖို့က သူတို့အတွက် အဆင်မပြေပါချေ။

 

 

"အင်း၊ ဒါကို ကျွန်တော် ဆုံးဖြတ်လို့မရဘူး၊  ဒါရိုက်တာကို သွားမေးလိုက်ရမလား?" ဝန်ထမ်းက ခေါင်းကုတ်ကာ ပြောလာသည်။

 

 

စုန့်လင်းချွမ်က သူ့အတွက် ခက်ခဲအောင် မလုပ်တော့ဘဲ ခေါင်းညိတ်လိုက်သည်။ "အင်း၊ သွားမေးလိုက်"

 

 

ပြောပြီးတဲ့နောက်မှာ မထွက်သွားသေးဘဲ လက်ပိုက်ကာ စောင့်နေသည်။

 

 

ဝန်ထမ်းလည်း ဖုန်းကို တုံ့ဆိုင်းစွာထုတ်ကာ ဒါရိုက်တာကို ဖုန်းဆက်မေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

 

 

အဲ့ဒီအချိန် အိမ်ပြန်ရောက်လာပြီး အခုမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်ရတဲ့ ရုံးဝန်ထမ်း အများအပြားမှာ လုံးဝကို နားမလည်နိုင်ဖြစ်နေကြသည်။

 

 

ဘာတွေဖြစ်နေတာလဲ? သူတို့ အခုမှ ကြည့်ရတာကို၊ ဘယ်လို လုပ် ပြီးတော့မှာလဲ?

 

 

[အားးးး၊ မဖြစ်ဘူး၊ ဒီရုံးဝန်ထမ်းလေး တစ်နေကုန် တိုက်ရိုက်လွှင့်တာကို ကြည့်ဖို့ စောင့်မျှော်နေရတာ နောက်ဆုံးတော့ အလုပ်က ဆင်းလာရပြီလေ!]

 

 

[သေတာပဲ! စုန့်လင်းချွမ်က အရမ်းတော်တယ်၊ အမြဲသူလုပ်ချင်တာကို လုပ်တယ်၊ အလုပ်ခွင်မှာလည် အချိန်မှန်တယ်၊ ငါနဲ့သူနဲ့ စပြီ!]

 

 

[ငါသိတယ်၊ အလှပြင်ဖို့ အချိန်တောင်မရဘဲ ရုတ်တရက် အချိန်ပို ဆင်းရတဲ့အခါဆို စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးဘဲ]

 

 

[စုန့်လင်းချွမ်က မလုပ်ဘူးဆို မလုပ်ဘူးဘဲ။ တခြား guest တွေတောင် ဘာကိစ္စမှမရှိတာကို]

 

 

[မှန်တယ်၊ အလုပ်မလုပ်ဘဲ ပိုက်ဆံယူတဲ့ ကပ်ပါးရပ်ပါး ကို ဖိတ်ဖို့ ပရိုဂရမ်အဖွဲ့က ပိုက်ဆံအများကြီးကုန်ကျခံရတာ ကံမကောင်းလိုက်တာ]

 

 

[အစီအစဉ်အဖွဲ့နဲ့ ဒီရှိုးရဲ့စပွန်ဆာတွေအတွက် စိတ်တောင်မကောင်းဘူး]

 

 

[Pfft ရယ်စရာကောင်းလိုက်တာ၊  အရင်းရှင်တွေကို စာနာတဲ့သူက ရောက်လာသေးတယ်။ သူတို့အတွက် မကောင်းဘူးလို့ မခံစားရသေးခင် နင့်ပိုက်ဆံအိတ်ထဲမှာ အကြွေစေ့ ဘယ်လောက်ရှိလဲဆိုတာကို အရင်စစ်ကြည့်လိုက်ပါဦး]

 

 

[မျှမျှတတပြောရရင် စုန့်လင်းချွမ် မမှားဘူးလို့ထင်တယ်။ အစီအစဉ်အဖွဲ့က စောစောစီးစီး ထုတ်လွှင့်ရင် guest တွေဘက်ကလည်း ဘာလို့ စောစောအဆုံးသတ်လို့မရ ရမှာလဲ? ဒါကဘာလောဂျစ်လဲ?]

 

 

[စုန့်လင်းချွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ဖို့  ဘာလို့ အခိုင်အမာ ပြောနေလဲဆိုတာ ငါမှန်းတတ်တယ်၊ အဲ့ဒါက သူ့အန်တီလေးကို စောစောအနားယူစေချင်လို့ဘဲ။ ကောင်မလေးက နေ့လည်ကနဲ့ နှိုင်းစာရင် အခုလေးတင် ညစာစားချိန်မှာ နည်းနည်းလေး စိတ်အားထက်သန်တာ လျော့သွားတာကို   ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်]

 

 

[ငါလည်း သတိထားမိတယ်။ စုန့်လင်းချွမ်လည်း ညစာစားနေတုန်းမှာ စုန့်အာ့နန်ကို အကြိမ်ပေါင်းများစွာ ကြည့်ကြည့်နေတာ သူလည်း သတိထားမိမှာဘဲ]

 

 

[ဖျော်ဖြေရေးနယ်ပယ်မှာ တသီးတသန့်နဲ့ အေးတိအေးစက်နျုင်တယ်လို့ လူသိများတဲ့ စုန့်လင်းချွမ်က နွေးထွေးတဲ့လူတစ်ယောက်ဆိုတာ ဘယ်သူက ထင်မှာလဲ။ အရမ်းသတိထားမိစရာဘဲ]

 

 

[ဒီတစ်ရက်ကြာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးတော့ ဒီတူဖြစ်သူ စုန့်လင်းချွမ်က သူ့အန်တီလေး စုန့်အာ့နန်အပေါ် တော်တော်လေး ရည်မွန်တယ်ဆိုတာ မကျေနပ်စရာ လုံးဝကိုမရှိဘူး]

 

 

[ဝူး အန်တီလေးပြောသလိုပဲ ငါ့ ကောကောက အပြင်မှာအေးတိအေးစက်နိုင်ပေမယ့် အတွင်းထဲမှာတော့ နွေးထွေးတာဘဲ]

 

 

ပြောရမယ်ဆိုရင် တစ်ခါတလေ အင်တာနက်သုံးစွဲသူတွေမှာ တကယ့်ကို စူးရှတဲ့ မျက်လုံးတွေ ရှိသည်။ စုန့်လင်းချွမ် တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ချင်သည်မှာ စုန့်အာ့နန် ကြောင့်ဖြစ်သည်။