အပိုင်း ၁၃
Viewers 630

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

 

အပိုင်း ၁၃

 

 

 

 

 

   

 

 

အပြင်က လူတွေအားလုံးက စုန့်လင်းချွမ် အကြောင်းပြောကြသလို သူ့အနီးနားက လူတွေကလည်း သူ့ ဒေါသထွက်နေတဲ့အချိန် ကြုံသလို ဝုန်းဒိုင်းကြဲတာမျိုး ဘယ်တော့မှ မလုပ်ဘူးဆိုတာ အားလုံးသိကြသည်။ သူသည် အလုပ်နဲ့ ပတ်သက်ရင် အမြဲတမ်း လေးနက်သည်။

 

 

ဒီလောကထဲ သူဝင်လာချိန်မှစပြီး ရုပ်ရှင်ရိုက်သည်ဖြစ်စေ variety show တွေရိုက်ကူးသည်ဖြစ်စေ စုန့်လင်းချွမ်က အချိန်ပို‌တွေ အကြိမ်ပေါင်းများစွာ ကြုံရပေမယ့် အများစုမှာ အမြဲတမ်း ပူးပေါင်းလုပ်ဆောင်သည်။

 

 

ဒါပေမယ့် ဒီတစ်ခါတော့ မတူပေ။ စုန့်အာ့နန်က နာမည်ကြီးတစ်ယောက် မဟုတ်သလို ယခင်ကလည်း ရိုက်ကူး‌ရေး အတွေ့အကြုံမရှိပေ။ သူမ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်  ကင်မရာရှေ့ရောက်ရင်တော့ သူမ မသက်မသာဖြစ် နေဆဲပင်။

 

 

ခဏကြာတော့ ဖုန်းခေါ်ဖို့ ထွက်သွားတဲ့ ဝန်ထမ်းက ပြန်ဝင်လာသည်။

 

 

"ဒါရိုက်တာက အဆင်ပြေပါတယ်တဲ့၊ ဆရာစုန့်နဲ့ အန်တီလေးတို့က ဒီနေ့ ရဲစခန်းမှာ နေ့လည်ကတည်းက အလုပ်ကြိုးစားခဲ့ကြလို့ ဒါပြီးရင် စောစောအနားယူလို့ပါတယ်တဲ့"

 

 

စုန့်လင်းချွမ် တစ်ခဏလောက် ကြောင်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

 

 

ဒါရိုက်တာက သူတို့အတွက် ဆင်ခြေပေးပြီး ပြဿနာကနေ ကယ်တင်လိုက်တာဘဲ။

 

 

နောက်တော့ ကျန်တဲ့ guest သုံးဖွဲ့ကတော့ ဆက်ပြီး  ရိုက်ကူးသည်။ တရားမျှတသောအကြောင်းပြချက်မရှိတဲ့အတွက်၊ အဲ့ဒါက ယုတ်ညံ့တဲ့စိတ်ဆန္ဒရှိသူတွေအတွက် အစာအဖြစ်ပြောင်းလဲသွားနိုင်သည်။

 

 

ခဏနေတော့ စုန့်အာ့နန် အိပ်ခန်းထဲက ထွက်လာသည်။ စုန့်လင်းချွမ်က သူမကို လက်ပြလိုက်ပြီး ပြောလာသည်။ "အန်တီလေး၊ အားလုံးကို နှုတ်ဆက်လိုက်ဦး၊ ငါတို့ တိုက်ရိုက်လွှင့်တာကို အဆုံးသတ်တော့မယ်"

 

 

စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားပြီး သူမရှင်းရှင်းလင်းလင်း သဘောမပေါက်သေးပေ။ "ည ၉ နာရီအထိ မဟုတ်ဘူးလား?"

 

 

စုန့်လင်းချွမ်က အချက်အလက်ကျကျပြောလိုက်သည်။ "ဒီနေ့ စောစော လွှင့်တာဆိုတော့ စောစောအဆုံးသတ်ရမှာပေါ့"

 

 

စုန့်အာ့နန်လည်း "အိုး" လို့ပြောလိုက်ကာ သိပ်ပြီးမစဉ်းစားတော့ဘဲ ကင်မရာဆီ နာနာခံခံနဲ့ နှုတ်ဆက်လိုက်သည်။

 

 

နောက်တစ်စက္ကန့်မှာဘဲ၊ စုန့်လင်းချွမ်က တိုက်ရိုက်ထုတ် နေတဲ့ကင်မရာကို မညှာမတာ ပိတ်ချလိုက်သည်။

 

 

 တိုက်ရိုက်ထုတ်လွှင့်တဲ့ မှတ်ချက်ဧရိယာကမှ ပရိသတ်တွေဟာလည်း အနက်ရောင်စခရင်ကို မြင်ပြီး ချက်ချင်းပင် အော်ဟစ်ငိုကြွေးကြ‌တော့သည်။

 

 

ခဏတာ ပြင်းပြင်းထန်ထန် ငိုကြွေးပြီးတဲ့နောက်မှာ၊ အချို့လူတွေက တိုက်ရိုက်ထုတ်လွှင့်မှုကနေ ထွက်သွားကြပေမယ့် အများစုကတော့ အခြား guest အဖွဲ့တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆင်ပြေစွာနဲ့ နှိပ်လိုက်ကြသည်။

 

 

ဒါပေမယ့် ဒီဟာက ဒါရိုက်တာနဲ့ သူ့အဖွဲ့ရဲ့ လက်ထဲမှာပင်။

 

 

စုန့်လင်းချွမ်တို့ တူဝရီးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီနေ့နံနက်စကတည်းက  ကြည့်ရှုမှုအရေအတွက်ဟာ တည်ငြိမ်နေခဲ့သည်။ ဒါက အခြားတိုက်ရိုက်ထုတ်လွှင့်မှုတွေဆီ လမ်းကြောင်းပြောင်းဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

 

 

ရှိုးရဲ့ဒါရိုက်တာ တစ်ယောက်အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအားလုံး အောင်မြင်ဖို့ မျှော်လင့်ကာ  ကြီးမားတဲ့ရုပ်လုံးပေါ်အောင် တွေးတောရမည်ဖြစ်သည်။

 

 

သို့ပေမယ့် စုန့်အာ့နန်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ‌‌စောစောပြီးဆုံးသွားပေမယ့်  သူတို့ရဲ့အွန်လိုင်းပေါ်က ပေါ်ပြူလာဖြစ်မှုကို လုံးဝမထိခိုက်စေပေ။

 

 

တစ်ရက်ကြာ တိုက်ရိုက်ထုတ်လွှင့်ပြီးတဲ့နောက်၊ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ အကြောင်းတွေဟာ မယုံနိုင်လောက်အောင် အတိုင်းအတာတစ်ခုအထိ ဆွေးနွေးခံနေရသည်။

 

 

#ထိပ်တန်းကြယ်ပွင့်အန်ကယ်စုန့်လင်းချွမ်# #အန်တီလေးက လက်ဗလာနဲ့ ယောက်ျားကြီးနှစ်ယောက်ကို ဖမ်းလိုက်တယ်# #စုန့်လင်းချွမ်နဲ့ သူ့အန်တီလေးတို့ လူကုန်ကူးတဲ့သူတွေကို ဖမ်း# #စုန့်လင်းချွမ် ရဲ့ဇနီးဖန်တွေ နံရံကျော်တက်ကုန်ပြီ#၊ #စုန့်လင်းချွမ် ရဲ့ အန်တီလေး # စတဲ့ သူတို့နဲ့ပတ်သက်သည့် အခြားဆက်စပ်တဲ့ tag တွေဟာလည်း တစ်နေကုန် ရေပန်းစား‌နေခဲ့ပြီး ပရိုဂရမ်အဖွဲ့ကို ပျော်သွားစေသည်။

 

 

သေချာတာကတော့ သူတို့အပြင် အပျော်ဆုံးက ကျန်းဟန် ပင်။

 

 

သူက ဒီကျော်ကြားမှုအဆင့်ကို အကြမ်းဖျင်းတော့ မျှော်မှန်းထားသည်။

 

 

သို့ပေမယ့် တစ်ရက်အကြာမှာဘဲ  လူအများကြား စုန့်လင်းချွမ်ရဲ့ဂုဏ်သတင်းမှာ သူမျှော်လင့်ထားတာထက် လုံးဝ ကျော်လွန်သွားသည်။

 

 

ရှိုးပြီးတဲ့နောက်မှာ စုန့်လင်းချွမ်ရဲ့ဂုဏ်သတင်းဟာ မယုံနိုင်လောက်အောင် ပြောင်းပြန်လှန်သွားနိုင်ကြောင်း သူစိတ်ကူးမိသည်။

 

 

သို့ပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှု ပထမနေ့ပြီးတဲ့နောက် စုန့်လင်းချွမ်နဲ့ စုန့်အာ့နန် တို့ဟာ တစ်နေ့တာလုံး ရေပန်းစားနေတဲ့ဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး  ဒီအခြေအနေဟာ စုန့်လင်းချွမ်ရဲ့ hater တွေ လုံးဝမလိုလားတဲ့ အရာမှန်း သိသာလှသည်။

 

 

ဒါကြောင့် သူတို့ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးတာနဲ့ တပြိုင်နက် hater တွေက စုန့်လင်းချွမ်ရဲ့ အမှားတွေကို ရှာတွေ့ဖို့ မျှော်လင့်ကာ ဗီဒီယိုကို ပြန်လည်ကြည့်ရှုဖို့ အလျင်အမြန် ပြေးလာကြသည်။

 

 

ဒါပေမယ့် လက်ရှိအခြေအနေအရ စုန့်လင်းချွမ်ရဲ့ မကြာခဏ ဝေဖန်ခံရမှုတွေက လုံးဝကို လှိုင်းထမသွားစေဘဲ အင်တာနက်သုံးစွဲသူတွေကတော့ ဒါကိုစိတ်မဝင်စားတော့ဘူးဆိုတာ သိသာသည်။

 

 

hater တွေဟာလည်း ရွေးချယ်စရာများ မရှိတော့ဘဲ နောက်ဆုံးစုန့်အာ့နန်ကို တိုက်ခိုက်ဖို့ ဦးတည်လိုက်သည်။

 

 

စုန့်အာ့နန်ရဲ့ပုံရိပ်က တမင်ဖန်တီးထားတာတို့၊ ဟန်တောင်နေတာတို့၊ စုန့်လင်းချွမ်ရဲ့ကျော်ကြားမှုကို မှီခိုပြီး ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ငွေရှာဖို့ ကြိုးစားနေတာက သိသာတယ်တို့၊ သိမ်မွေ့တဲ့ ပုံရိပ်ဖန်တီးနေတယ်တို့ စသည်တို့ပင်။

 

 

ပရိုဂရမ်အဖွဲ့ပဲဖြစ်စေ စုန့်လင်းချွမ်ရဲ့အဖွဲ့ပဲဖြစ်စေ hater တွေရဲ့ လုပ်ရပ်ကို သတိပြုထားမိကြ‌ပေမယ့်၊ အဲဒါက ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ မဟုတ်တဲ့ စပျစ်သီးချဥ်တချို့ဘဲ ဖြစ်ကြတဲ့အတွက် ကြီးမားတဲ့ လှိုင်းလုံးကြီးတွေကို လှုပ်ခတ်နိုင်စွမ်းမရှိပေ။

 

 

သို့ပေမယ့် မမျှော်လင့်ထားစွာနဲ့ တစ်ညလုံး အချဉ် ဖောက်ပြီးတဲ့နောက်မှာ အခြေအနေ ဆိုးရွားလာသည်။

 

 

နောက်နေ့မနက်စောစောတွင် #စုန့်လင်းချွမ်ရဲ့ဆိုးသွမ်းတဲ့အန်တီ‌လေး# ဆိုတာက ရေပန်းစားတဲ့ရှာဖွေမှုမှာ နံပါတ် ၁ နေရာယူထားသည်။

 

 

အဲ့ဒါကိုနှိပ်လိုက်တာနဲ့ ထိပ်ဆုံးမှာ စုန့်အာ့နန်ကို သွားပုတ်လေလွင့်စွပ်စွဲထားတာတွေ အမျိုးမျိုးပင်။

 

 

ပြောထားကြတာကတော့ သူမက ကျောင်းသားဆိုးတစ်ယောက်ဖြစ်ပြီး လူကောင်းယောင်ဆောင်ထားပေမယ့် အမှန်တကယ်တော့ နောက်ကွယ်မှာ လူဆိုးမတစ်ယောက်ဖြစ်သည်။ သူမက ကျောင်းထုတ်ခံခဲ့ရပြီး ယခုအခါစုန့်လင်းချွမ်ရဲ့ ကျော်ကြားမှုကို အသုံးကာ ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ငွေရှာချင်တာ‌ကြောင့်ဖြစ်သည် ဟု ပြောထားကြသည်။

 

 

သူမက ကျောင်းမှာ နေ့တိုင်း အတန်းဖော်တွေနဲ့ ရန်ဖြစ်၊ အနိုင်ကျင့်ကာ အတန်းဖော်တစ်ဦးဆို ဆေးရုံတင်ထားရသလို တခြား ဒေါသထွက်စရာ ကောလာဟလတွေကိုလည်း သူတို့က ကောင်းကောင်း သက်သေပြနိုင်တယ်လို့ ဆိုကြသေးသည်။

 

 

အဲ့ဒီ tagအောက်မှာ hater တွေက စုန့်အာ့နန်ကို  ငယ်ငယ်ကတည်းက စာမ‌လေ့လာ၊ ကောလိပ်မတက်နိုင်ခဲ့တဲ့အတွက် လွယ်တဲ့လမ်းကနေ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်လာတာလို့ ဝေဖန်ထားကြသည်။ သူတို့က သူမကို boycott သင့်တယ်လို့ အကြံပြုထားကြသည်။ မဟုတ်ပါက သူမဟာ ကလေးတွေအတွက် မကောင်းတဲ့စံနမူနာဖြစ်စေပြီး ဆယ်ကျော်သက်‌တွေကို လမ်းမှားရောက်စေလိမ့်မည်ဟု ပြောထားကြသည်။

 

 

ဒီအဆင့်ကို မြှင့်လိုက်တာက စုန့်အာ့နန်ကို မီးရှို့လိုက်သလိုပင်။

 

 

မနေ့က ရှိုးကြည့်ခဲ့ဖူးတဲ့ အင်တာနက်သုံးစွဲသူတွေအတွက်တော့ ဒီအကြောင်းအရာကို မြင်လိုက်ရတဲ့အခါ လုံးလုံးစိတ်ရှုပ်သွားကြတော့သည်။

 

 

ဘာတွေဖြစ်နေတာလဲ?

 

 

တစ်ညအိပ်လေး အိပ်လိုက်မိတာနဲ့ စုန့်အာ့နန်က နာမည်ပျက်သွားတာလား?!

 

 

[ဘယ်လို! မနေ့က ရှိုးကို ကြည့်ပြီးတော့ စုန့်အာ့နန်ကို တော်တော် သဘောကျသွားတာ၊ သူက လိမ္မာရေးခြားရှိတဲ့ မိန်းကလေးတစ်ယောက်လိုဘဲ]

 

 

[ငါသိတယ် ဒီလိုချစ်စရာကောင်းတဲ့ အန်တီလေးက ဆိုးသွမ်းတဲ့ မိန်းကလေးတစ်ယောက်လို လုံးဝမထင်ရဘူး]

 

 

[လိမ္မာတယ်? Pfft၊ ဒါတွေအားလုံးက ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ပြီး ငွေရှာနိုင်ဖို့ လုပ်ရပ်တစ်ခုဘဲ]

 

 

[အဆင့်တွေကျတယ်? ရန်ဖြစ်တယ်? အတန်းဖော်တွေကိုတောင် အနိုင်ကျင့်တယ်လား? ဒါတွေအားလုံးက နည်းနည်းတော့ အတွေးခေါင်နေသလိုဘဲ]

 

 

[ ငါပြောချင်တာက လေမရှိဘဲနဲ့ လှိုင်းမထနိုင်ဘူးလို့ပြောတာ၊ စုန့်အာ့နန်သာ တကယ် ဒီဟာ‌တွေအားလုံး မလုပ်ခဲ့ရင်၊ အွန်လိုင်းမှာ လူတော်တော်များများက ဘာလို့ ဒီလောက်အသေးစိတ်ပြောနေကြမှာလဲ?]

 

 

[သူတိုက်ခိုက်တာ အရမ်းတော်နေတာ မထူးဆန်းတော့ပါဘူး၊ မနေ့က ယောက်ျားကြီးနှစ်ယောက်ကို လက်ဗလာနဲ့ တိုက်ခိုက်တဲ့ပုံကို ကြည့်ရရင် သူက ကောင်းကောင်း လေ့ကျင့်ထားတာလို့ ငါပြောနိုင်တယ်။ ကျောင်းမှာ ပတ်သောင်းကျန်း‌ခဲ့တာဘဲ]

 

 

[ဘုရားရေ၊ ဒီလို တိုက်ခိုက်နိုင်စွမ်း မြင့်မားတဲ့ လူတစ်ယောက်က အတန်းဖော်တွေကို အနိုင်ကျင့်နေတယ်ဆိုတာ တွေးကြည့်ရင် အရမ်းကြောက်စရာကောင်းတာဘဲ။ နစ်နာသူတွေဆို အများကြီး ခံစားခဲ့ရမှာ]

 

 

[ဒီနေရာမှာ ကောက်ချက်မချနိုင်‌၊ စွပ်စွဲချက်တွေကို အတည်မပြုနိုင်သေးပေမယ့် မနေ့က လူကုန်ကူးတဲ့သူတွေဆီကနေ စုန့်အာ့နန် တစ်ယောက်ယောက်ကို ကယ်တင်ခဲ့တယ် အမှုတစ်ခုစီတိုင်းကို သူ့နည်းလမ်းအတိုင်း တရားစီရင်သင့်တယ်]

 

 

[အွန်လိုင်းပေါ်မှာ လှည့်ပတ်ကြည့်ပြီးတဲ့နောက်မှာ၊ စုန့်အာ့နန် နဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေအတွက် သက်သေအစစ်အမှန် မရှိဘူးလို့ ငါခံစားရတယ်။ ငါ့အတွက်တော့ အခြေအမြစ်မရှိသော ကောလာဟလတွေလို့ အနံ့ရတယ်]

 

 

[ရယ်စရာမလုပ်စမ်းပါနဲ့၊ ဒီဟာက သူ့ကို ရှာဖွေမှုအဆင့်ထိပ်ဆုံးထိ ရောက်သွားစေတယ်။ စုန့်လင်းချွမ်ရဲ့အဖွဲ့က အလကားစား နေကြတယ်လို့ ထင်နေတာလား? သတင်းတုတွေ ထွက်လာရင် သူတို့ငြင်းကြလိမ့်မယ်]

 

...

 

စုန့်အာ့နန် နဲ့ ပတ်သက်ပြီး ဒီစွပ်စွဲချက်တွေအားလုံး ရုတ်တရက် ထွက်ပေါ်လာချိန်မှာတော့ ဒါရိုက်တာနဲ့ ထုတ်လုပ်ရေးအဖွဲ့က အစိုးရိမ်ရဆုံးပင်။

 

 

သူတို့ရဲ့ ပထမအပိုင်းအတွက် အဆင့်သတ်မှတ်ချက်တွေနဲ့ တိုင်းတာမှုတွေက  A-list စုန့်လင်းချွမ်ရဲ့လွှမ်းမိုးမှုကြောင့် သံသယဖြစ်စရာမရှိ များစွာကျော်လွန်ခဲ့သည်။ ဒါပေမယ့် စုန့်အာ့နန်ကလည်း အများကြီး ပံ့ပိုးပေးခဲ့တယ်ဆိုတာ ငြင်းစရာမရှိပေ။

 

 

ဒါရိုက်တာရဲ့ ရှုထောင့်ကနေကြည့်ရင် စုန့်အာ့နန်က ပွဲဦးထွက်ဖို့ ရည်ရွယ်ထားလို့ ရှိုးမှာ ပါဝင်လာတာက နားလည်ပေးလို့ရသည်။

 

 

အဲ့ဒါတော့ မကူညီနိုင်ပေ။ ဖျော်ဖြေရေးနယ်ပယ်ဟာ အရမ်းတောက်ပကာ အမြတ်အစွန်းများတဲ့ လုပ်ငန်းဖြစ်တာကြောင့် လူငယ်အများစုက အလွန်အမင်းဝင်ရောက်ချင်တာ မဆန်းပေ။

 

 

ပြီးတော့ စုန့်အာ့နန် ရဲ့ အသွင်အပြင်ဟာလည်း သူမဟာ မျိုးရိုးဗီဇကောင်းတဲ့သူပင်။  သူမရဲ့ စူပါစတား တူလေးစုန့်လင်းချွမ်သာလမ်းခင်းပေးရင် သူမ ဝေးဝေးကို သွားနိုင်လိမ့်မည်ပင်။

 

 

 ဒါပေမယ့် ဒီဟာက ဒီအဖြစ်အပျက်ကို ချောချောမွေ့မွေ့နဲ့ ကျော်ဖြတ်နိုင်ဖို့ အကြောင်းပြချက်ပင်။

 

 

ဒါရိုက်တာက တွန့်ဆုတ်မနေဘဲ ကျန်းဟန်ကို တိုက်ရိုက်ဖုန်းဆက်လိုက်သည်။

 

 

အခုဆို သူတို့ဟာ လှေတစ်စင်းတည်းမှာ ရှိနေကြတာပင်။ ဒီပြဿနာကို သူတို့အတူတူဖြေရှင်းနိုင်ရင် ဘာမှပိုကောင်းလာမှာမဟုတ်ပေ။

 

 

သို့ပေမယ့် မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ပြီး ကျန်းဟန် ဖုန်းကိုင်လိုက်တဲ့အချိန် လုံးဝကို ငြိမ်သက်တည်ငြိမ်နေသည်။

 

 

"ဒါရိုက်တာ၊ စိတ်မပူပါနဲ့။ ဒါကို ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်။ ဒီနေ့ ကျွန်တော်တို့ တိုက်ရိုက်လွှင့်တဲ့ အချိန်မှာ အားလုံး ချောချောမွေ့မွေ့နဲ့ ရှင်းသွားပါလိမ့်မယ်။ ဒီရှိုးကို ထိခိုက်စေမှာ မဟုတ်ပါဘူး"

 

 

ကျန်းဟန် ဖုန်းချလိုက်ပြီးတဲ့နောက် ဒါရိုက်တာမှာ သူ့ဖုန်းကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေမိသည်။ ကျန်းဟန်ရဲ့ ယုံကြည်ချက်ရှိနေမှုကို သတိရလိုက်ပြီး သူလည်းချက်ချင်း စိတ်သက်သာရာ ရသွားသည်။

 

 

စုန့်အာ့နန် နဲ့ ပတ်သက်တဲ့ အွန်လိုင်း ကောလာဟလတွေဟာ အခုအချိန်မှာ သေချာသလောက် လွဲနေတာဖြစ်မည်။

 

 

သို့‌ပေသိ ကျန်းဟန်ရဲ့အာမခံချက်တွေကို ပြန်ပြောင်းသတိရမိတဲ့အခါ ဒါရိုက်တာ တစ်ယောက် မနေနိုင်ဘဲ သိချင်မိလာသည်။ ဒါကိုဖြေရှင်းဖို့ သူတို့တွေ ဘယ်လိုအတိအကျ စီစဉ်ထားပါလိမ့်?

 

 

ရုတ်တရက် သူ စိတ်လှုပ်ရှားသွားရသည်။ ဒီမိန်းကလေး စုန့်အာ့နန်မှာ အံ့သြစရာတွေ ပိုလို့တောင် ရှိနေလိမ့်မယ်ထင်တယ်!