အပိုင်း ၁၂
Viewers 672

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း

 

အပိုင်း ၁၂

 

   

 

ဟယ်လျန်ရှန့်သည် ကျောက်မိသားစုအိမ်ကို ဝင်လာရာ ရေချိုးခန်းထဲက ထွက်လာသည့် ကျောက်ချင်းစုန့်နှင့် ထိပ်တိုက်တွေ့သည်။      

 

        

ညွှန်ကြားချက် ကျလာပြီ။ မနက်ဖြန် နေ့လည်လောက်တော့ သွားရမယ်ထင်တယ်ကျောက်ချင်းစုန့်သည် သူ့ဗိုက်ကို ပွတ်ပြီး လျိုမိသားစု ပြသနာလာရှာနေ၍ အလုပ်ကိစ္စကိုတောင် မေ့နေမိသည်။

 

      

သူနှင့် ကျောက်ချင်းစုန့်သည် တပ်ရင်းတစ်ခုထဲမှ ဖြစ်ပြီး သူက အငယ်ဆုံးနှင့် အားအနည်းဆုံးဖြစ်သည်။ လူတိုင်းက သူ့ကို ပယ်ထားချိန်တွင် ကျောက်ချင်းစုန့်တစ်ယောက်ထဲကသာ အစ်ကိုကြီးတစ်ယောက်လို သွားလေရာခေါ်သွားပြီး လေ့ကျင့်ပေးသင်ကြားပေးသည်။

 

    

အခုချိန် တပ်ရင်းမတူသော်လည်း ညီအစ်ကိုဆက်ဆံရေးကတော့ ကောင်းနေဆဲဖြစ်သည်။ သူဟိုင်ချန်ရေဒီယိုစက်ရုံကို ပြောင်းပြီးနောက် အစ်ကိုကျောက်နှင့် အဆက်အသွယ်ရှိနေသေးသည်။ ဒီတစ်ခါ သူခိုးအုပ်စုနောက်ကို လိုက်ရင်းနှင့် နယ်စပ်ထိရောက်သွားရာ နယ်စပ်ကို ကျော်နိုင်ရန် ခွင့်ပြုချက် လိုနေသည့်အတွက် ကျောက်ချင်းစုန့်နှင့် ပူးပေါင်းခဲ့သည်။

 

        

ကျောက်ချင်းစုန့်သည် လက်ကို ခေါင်းနောက်ပစ်ပြီးအခုချိန်ပြန်မယ်ဆို အကြံကောင်းပဲ။ မင်းဒီအလုပ်ကောင်းကောင်းပြီးသွားရင် စက်ရုံမှာ ရာထူးတိုးနိုင်တယ် ဟု ဆိုလာသည်။

 

     

ဟယ်လျန်ရှန့်သည် ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်နေသည်။ ကျောက်ချင်းစုန့်သည့် ရှောင်ဟယ်၏ ဘယ်ခြေကို ကြည့်နေမိသည်။ မတော်တဆဖြစ်တုန်းက ထိုဘယ်ခြေကိုသာ မထိခိုက်မိခဲ့လျှင် ရှောင်ဟယ်၏ လက်ရှိစစ်တပ်ရာထူးသည် ယခုထက် ပိုမြင့်နေမည်မှာ သေချာသည်။

 

        

လမ်းလျှောက်သည့်အခါ ထိုခြေမသန်ခြင်းသည် ရှက်စရာမဟုတ်ပေမဲ့ အလုပ်ကိစ္စလုပ်ရာတွင် ခန္တာကိုယ်အင်အားက သေချာပေါက်လိုအပ်သည်။ အင်ဂျင်နီယာစစ်သားဖြစ်နေပေမဲ့လည်း ကိုယ်ကာယအင်အားကိုတော့ လိုအပ်နေသေးသည်။

 

      

ဆက်သွယ်ရေး စစ်သားတစ်ယောက်ဖြစ်ရန် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေဖို့က အခြေံကျသည်။ အရင်နှစ် မတော်တဆဖြစ်ရပ်သည် အလွန်ကြီးမားတာကြောင့် ဆေးမှတ်တမ်းအရ စိတ်ဓာတ်ကျဆင်းကာ အရင်အလုပ်နေရာတွင် လုံးဝမလုပ်နိုင်တော့ပေ။

 

     

 ကျောက်ချင်းစုန့်သည် သက်ပြင်းချလိုက်ပြီး မင်း အရမ်းဂျီးများစရာမလိုဘူး။ မိန်းမတွေ အကုန် မျက်လုံး၂လုံးနဲ့ နှာခေါင်းတစ်ပေါက်ပါနေမှတော့ အိမ်မှုကိစ္စလုပ်နိုင်ရင် ဘယ်သူမဆို ယူလိုက်လို့ရတယ်လေ

 

  

သို့သော် သူ့စိတ်ထဲ ပေါ်လာသည့် ကောင်မလေးသည် တခြားမိန်းမတွေနှင့်မတူ ထူးခြားနေသည်။ ဟယ်လျန်ရှန့်သည် တပ်ရင်းတွင် ရုပ်ရည်ချောမောသောကြောင့် နာမည်ကြီးသည်။ စစ်ရဲမေတွေဆိုလည်း ဟယ်လျန်ရှန့်နှင့် ရင်းနှီးချင်ကြပြီး သူကိုယ်တိုင်တောင် သူ့တူမတွေနဲ့ မိတ်ဆက်ပေးချင်မိသည်။

 

 

  ဒီကောင်မလေးအပေါ် ဘာစိတ်မှ ရှိမနေဘူးဆိုတာ သူကိုယ်တိုင်အတွက် သက်သေပြချင်နေလို့လား ရှောင်ဟယ်ကိုပဲ သင်ပြပေးချင်နေလား မသဲကွဲချေ။

 

     

ငါပြောတာကို ယုံလိုက် ငါ့ကောင်ရေ။ ငါဒါမျိုးတွေ တွေ့ကြုံခဲ့ပြီးပြီ။ မိန်းမတွေဆိုတာ အိပ်ရာထဲရောက်သွားရင် အကုန်အတူတူပဲ။ အစပိုင်းမှာတော့ မင်းမိန်းမရလို့ ပျော်နေမှာပေါ့။ နောက်ပိုင်းကျ ဒါတွေက ဘာမှ သိပ်အရေးမပါတော့ဘူးကွ

 

         

 ဟယ်လျန်ရှန့်သည် တိတ်ဆိတ်နေပြီး ထိုဘာမဟုတ်သည့် ပေါက်တတ်ကရတွေကို နားမထောင်ချင်တော့တာကြောင့် လေသံတိုးတိုးနှင့်လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကသာ အရေးကြီးဆုံးလို့ ကျွန်တော်ထင်တယ်

 

     

ကျောက်ချင်းစုန့်သည်မင်းက အရမ်းငယ်နေသေးတယ်ဆိုသည့် မျက်နှာပေးမျိုးနှင့် လှောင်သလို ပြုံးလိုက်သည်။ သူ့မှာ နှစ်ပေါင်းများစွာ မြိုသိပ်ထားရသည့် စကားတွေကို သူ့ဘေးနားရှိ လူတွေကို မပြောနိုင်ခဲ့ပေမဲ့ ရှောင်ဟယ်ကတော့ ခြားနားသည်။ သူ့ညီအစ်ကိုရဲဘော်ရဲဘက် ဖြစ်နေတာကြောင့် သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းချပြ၍ အဆင်ပြေသည်။

 

 

အထူးသဖြင့် အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင် တစ်ခါမှားတာနဲ့ တစ်သက်လုံး ခံစားနေရတော့မှာလေ။ငါ့အိမ်ထောင်ရေးကို နောက်တစ်ခါပြန်စဖို့ စဥ်းစားနေတာ၂နှစ်ကျော်ပြီ။ မိသားစုကောင်းကောင်းက လူတွေကလည်း ငါ့ကို စိတ်မဝင်စားကြဘူး။ အသက်ကြီးကြီးအဒေါ်ကြီးတစ်ယောက်လည်း မိန်းမအဖြစ်နဲ့ မရချင်သလို အရမ်းဆင်းရဲနုံချာတဲ့မိန်းမလည်း မလိုချင်ဘူးကွာ။ တကယ်တော့ လျိုမိသားစုအခြေအနေက မဆိုးဘူးလို့ ပြောလို့ရတယ်။ အဓိကကတော့ကွာ လျိုပေါင်းကျူးက ရုပ်လေးလည်း လှပြီးစိတ်နေစိတ်ထားကလည်း မဆိုးတော့ အသင့်တော်ဆုံးလို ဖြစ်နေတာပေါ့။ချင်မိသားစုက ကောင်မလေးကကျ ချောလည်းချောတယ် ငယ်လည်းငယ်တယ်။ ထက်မြက်တဲ့ပုံလေးဆိုပေမဲ့ မိသားစုကကျ နောက်ခံမတောင့်တင်းတော့ နှမြောစရာပေါ့ကွာ ဟုတ်တယ်မလား

 

    

ဟယ်လျန်ရှန့်သည် မျက်မှောင်ကြုတ်လိုက်ပြီး သု့အစ်ကိုလို ခင်မင်ရင်းနှီးရတဲ့သူမှ ပြောတဲ့စကားတွေကို မယုံကြည်နိုင်ဖြစ်နေသည်။

 

   

ကျောက်ချင်းစုန့်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း အလုပ်အကြောင်း စဥ်းစားနေမိသည်။ သို့သော် သူ့မင်္ဂလာပွဲအတွက်ရော သူကိုယ်တိုင် သတို့သားဖြစ်တော့မည့် အရေးကို ရင်ခုန်စိတ်လှုပ်ရှားနေခြင်း မရှိပေ။

 

   

အရင်နှစ်က မတော်တဆဖြစ်စေတဲ့ ကိစ္စကနေ မင်း အကျိုးအမြတ်ရအောင် ယူလို့ရတယ်လေ

 

  

 အကိုချင်းစုန့် စကားပြောတာ ဂရုစိုက်ပါအုံး အရင်နှစ်က မတော်တဆဖြစ်ရပ်က ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လေလုံသည့် နံရံတွေ မရှိဘူးဆိုသလိုပင်။ မတော်တဆဖြစ်ရပ်၏ အကြောင်းအရင်းကို သိသွားကြသူတိုင်း သူ့ကို လှောင်ရီကြသည်။ သို့သော် သူအမြဲတမ်းလေးစားအားကျရသည့် အစ်ကိုကျောက်ချင်းစုန့်သည် ထိုကဲ့သို့ ပြောလိမ့်မည်ဟု မထင်ထားပေ။

 

      

ရှောင်ဟယ် အစ်ကိုပြောတာနားထောင်အုံး။ အတိတ်က ကိစ္စကို ပြန်အစဆွဲဖော်နေတာမဟုတ်ဘူး။ ငါမချင့်မရဲဖြစ်တာက မင်းရဲ့ ရာထူးကိစ္စကိုပဲ။ အင်ဂျင်နီယာစစ်သားပဲ ဖြစ်နေတာကို လက်သင့်မခံနိုင်လို့ကွာ နားလည်လား

 

   

အကုန်လုံးက အလုပ်တွေပဲလေ။ သာတယ်နာတယ် မရှိပါဘူး

 

    

 ကျောက်ချင်းစုန့်သည် နှစ်ကြိမ်မျှ ရယ်မောလိုက်ပြီးဒါပေါ့ အလုပ်တွေအကုန်လုံးက အရေးကြီးတယ်။ ဒါကြောင့် အရေးကြီးကိစ္စတွေဆိုတာ မနှောင့်နှေးသင့်ဘူး။ကောင်မလေးက ဒေါသကြီးတယ် အလယ်တန်းပဲ အောင်ထားသေးတယ်ဆိုပေမဲ့ မိသားစုအရေးကိုတော့ ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ။ မင်္ဂလာပွဲကို မြန်မြန်လုပ်တော့။ မင်းလည်း သားနဲ့မယားနဲ့ နေရဖို့ အချိန်တန်နေပြီ

 

   

 ဟယ်လျန်ရှန့်သည် ရှောင်ချင်၏ အကြောင်းကို လက်လွတ်စပယ် ပြောနေတာကို လုံးဝမကြိုက်ပေ။အစ်ကိုကျောက်သည် မကောင်းပြောနေတာ မဟုတ်ပေမဲ့ သူ့အနေနှင့် နားထောင်နေရတာ အဆင်မပြေဖြစ်စေသည်။

 

      

သူက အခုမှ ကလေးပဲရှိပါသေးတယ်။ အဲ့အကြောင်းတွေပြောဖို့ စောသေးတယ်လို့ ကျွန်တော်ထင်တယ်

 

    

ငယ်သေးတာတော့ ဟုတ်ပေမဲ့ လက်ထပ်လို့ရတဲ့ အရွယ်ရောက်နေပြီလေကွာ။ မင်းကလည်း အတွေးမခေါင်စမ်းပါနဲ့

 

    

ကျောက်ချင်းစုန့်သည် သူ့ဇနီးဟောင်းကို မတွေးမိပဲ မနေနိုင်ပေ။ ကမ္ဘာပေါ်ရှိ မိန်းမအကုန်လုံးသာ သူ့မိန်းမလို ထက်မြက်ပြီး အကြင်နာမဲ့နေလျှင် ယောကျာ်းတွေအကုန် ပျင်းရိပြီး စိတ်ဆင်းရဲ၍ သေသွားနိုင်သည်။

 

      

ငါကတော့ အခုချိန် လက်ထပ်ဖို့က အဆင်ပြေမယ်မထင်ဘူး။ သူမက စဥ်းစားတတ်ပေမဲ့ သူမ မိသားစုကတော့ စိတ်ပျက်စရာတွေပဲ ဖြစ်နေတယ်

 

      

ဟယ်လျန်ရှန့်လည်း ခုနလေးကတင် လျိုမိသားစုက လူတွေ၏ ဝိုင်းဆွဲပြီး ငိုယိုတောင်းပန်ကာ အပူကပ်နေတာတွေးမိတိုင်း ခေါင်းကိုက်လာသလိုပင်။

 

     

ကျောက်ချင်းစုန့်သည် စာနာသနာခြင်းမရှိပဲ ရွံရှာနေသည့် အသံဖြင့်  “လျိုစန်းဟူရဲ့ ခိုးမှုက သာမာန်ခိုးမှုမဟုတ်ဘူး။ နိုင်ငံတော်ပိုင်ပစ္စည်းတွေကိုမှ ခိုးရဲတာဆိုတော့ သူ့ခေါင်းက ကျည်ဆန်တစ်တောင့်ပစ်ထည့်ခံသင့်နေပြီ ဟု ပြောလိုက်သည်။

 

       

သူယူသည့် မိန်းမ၏ တတိယအစ်ကိုသည် ပြစ်မှုကြီးကြီးမားမားရှိနေလျှင် သူကိုယ်တိုင်၏ ရာထူးတက်လမ်းနှင့် ဂုဏ်သိက္ခာကိုလည်း ထိခိုက်လာနိုင်သည်။တကယ်လို့ လက်ထပ်စာချုပ်သာ တရားဝင်မဖြစ်သေးရင် လက်ထပ်ပွဲကို အတည်မပြုနိုင်သေးပေ။

 

   

 ငါ့အမေက ဘာကိစ္စမဆို စိတ်လောတတ်တော့ လက်ထပ်စာချုပ်ကို မြန်မြန်လုပ်လိုက်တာ မှားသွားတယ်။ ၂ရက်လောက်သာ နောက်ကျသွားရင် အခုချိန် သူမက ငါ့မိန်းမဖြစ်နေမှာ မဟုတ်ဘူး

 

      

ဟယ်လျန်ရှန့်သည် ကျောက်ချင်းစုန့်၏ ပြောစကားကို ကြားပြီး စိတ်ပျက်သွားကာ အစ်ကိုအဲ့လို မတွေးပါနဲ့။အလုပ်အခွင့်အရေးဆိုတာ ကိုယ့်စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တာပါ

 

   

ရှောင်ဟယ်ရေ မင်းက ငယ်သေးတော့ အချို့အရာတွေကို နားမလည်နိုင်သေးဘူး

 

 

သူ့အနေနှင့် ပညာရေးမကောင်းပဲ နောက်ခံအင်အားမရှိပဲ ဒီလိုရာထူးကြီးတစ်ခုကို ရလာတယ်ဆိုတာ သွေးတွေ ချွေးတွေနှင့် ရင်းနှီးထားရတာဖြစ်သည်။

 

 

တစ်စုံတစ်ယောက်ကသာ သူ့ရှေ့ရေးကို ပိတ်ချင်သည်ဆိုလျှင်လည်း ဖယ်ရှားပစ်နိုင်သည့် လုံလောက်သည့် အင်အား သူ့မှာမရှိသေးပေ။

 

           

ကျောက်ချင်းစုန့် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီးမဟုတ်သေးဘူး လက်ထပ်တဲ့ကိစ္စက ပြီးသွားပြီဆိုမှတော့ လျိုပေါင်းကျူး သူ့အိမ်ထဲ ဝင်လာပြီး စစ်တပ်ထဲ လိုက်နေရင် ပါးစပ်ကို စေ့နေအောင် ပိတ်ခိုင်းထားရမယ်။ လျိုစန်းဟူဆိုတဲ့ လူ လုံးဝ မရှိခဲ့သလိုမျိုး အဲ့ခိုးမှုအကြောင်း ပါးစပ်က တစ်ခွန်းမှ မထွက်စေရဘူး'

 

         

  ဟယ်လျန်ရှန့်သည် အစ်ကိုကျောက်ရဲ့ နောက်ကျောကို တစ်ချက်ကြည့်ပြီး ဖိနပ်စီးကာ စိတ်မပျော်မရွှင်ဖြစ်ပြီး အိမ်ထဲမှ ထွက်လာလိုက်သည်။

 

       

အနည်းငယ်လည်း နားမလည်နိုင်ဖြစ်နေသည်။ သူ ချင်မိသားစုကို ကူညီပြီး လျိုမိသားစုကို အနည်းငယ်ခြောက်လှန့်လိုက်ရန် တွေးထားမိသော်လည်း မထင်မှတ်ထားတာ ဖြစ်သွားသည်။ ပြီးတော့ တပ်ရင်းက ကြောင်းအရင်းမရှိပဲနှင့် လျိုစန်းဟူ ခိုးထားသည့် ပစ္စည်းများကို သွားရှာမည်မဟုတ်ပေ။ ဒီကမ္ဘာမှာ တိုက်ဆိုင်တယ်ဆိုတာမျိုး မရှိ တမင်သက်သက်ကြံစည်တာနှင့် ရေရှည်အစီအစဥ်ချထားတာမျိုးပဲ ရှိသည်။

 

       

အဖြစ်နိုင်ဆုံး ကြံစည်သူတွေသည် အမြဲတမ်းအနိုင်ကျင့်ခံနေရသည့် ချင်မိသားစုပင် ဖြစ်သည်။ သို့သော် အိုမင်းသည့် အားနည်းသည့် လူအိုတွေနှင့် ကလေးငယ်တွေသည် ဒီကိစ္စကြီးကို ကြံစည်နိုင်မည်လည်း မဟုတ်။ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။

 

     

နေ့လည်တွင် ကျောက်ချင်းစုန့်နှင့် အတူ မြို့တော်ကိုသွားပြီး အလုပ်ကိစ္စသွားလုပ်သည်။ မသွားခင် ရှောင်ချင်ကို ရွာကလူတွေကို သတိထားဆက်ဆံရန်နှင့် ဂရုစိုက်ရန် မှာထားခဲ့သည်။

 

    

ချင်လိုင်တိသည် ဟယ်လျန်ရှန့် ခရီးထွက်သွားသောအခါ တိရစ္ဆာန်စောင့်ရှောက်သူအနေနှင့် အလုပ်ဆက်လုပ်နေသည်။ ရွာသားတွေသည် သူမသည် ဆရာဟဲဆီမှ ပညာတွေကို အမှန်တကယ် သင်ယူထားသည် ယုံကြည်နေကြသည်။ ထို့ကြောင့် ကြက်တုပ်ကွေးပဲဖြစ်ဖြစ် ခွေးတွေ အစားမစားတော့လျှင်ဖြစ်ဖြစ် သို့မဟုတ် ဘဲတွေ ဥမဥတာပဲဖြစ်ဖြစ် သူမဆီကိုပဲ လာပြကြသည်။

 

         

တောတောင်ထူထပ်သည့်နေရာ၏ အကျိုးကျေးဇူးသည် ဆေးဖက်ဝင်အပင်တွေ ပေါများတာဖြစ်သည်။မနက်တိုင်း ဆေးရွက်ကြီးအပင်တွေသွားခူးပြီး နေ့လည်ခင်းတွင် ဆေးပင်တွေ လိုက်စုသည်။ ဆေးပင်မှန်သမျှ ခူးပြီး နေလှမ်းသည် အမှုန့်ကြိတ်သည်။

 

       

သူမ ညနေ အိမ်ပြန်ရောက်လျှင် အဘွားကြီးတစ်စုသည်လိုင်တိ တောင်ပေါ် ဆေးပင်သွားခူးပြန်ပြီလား။မနက်ဖြန်ကျ ခေါင်းကိုက်ပျောက်ဆေးနည်းနည်းလောက် လာယူအုံးမယ်နော်

 

   

ငါ့ကလေးလေးက ထမင်းမစားချင်ဘူးဖြစ်နေလို့ စားလို့ကောင်းတာလေး ပြပေးပါအုံး

 

      

ပြောသမျှကို သူမ သဘောတူလိုက်ပြီး လွယ်ထားသည့် ခြင်းတောင်းကိုချကာ ထိုင်ချလိုက်ရင်း စကားဝိုင်းကို ဆက်နားထောင်နေသည်။

 

    

 ချွေးလောင်ဝူရဲ့ မိန်းမ ဆေးရုံက ဆင်းခဲ့တာ ကြားပြီးကြပြီလား

 

 

အိုး ဟုတ်လို့လားဟယ် ဖျားလို့နာလို့ ဆေးရုံကို တစ်ခါသွားရင် မပြီးတော့ဘူး။ မင်းမှာ ရွှေတွေ ငွေတွေ ရှိနေတောင် ဆေးရုံတစ်ခါသွားစရိတ်က မလွယ်ဘူးဆို

 

    

လူတိုင်းခေါင်းငြိမ့်ပြီး ထောက်ခံလိုက်ကြသည်။ အခုကာလတွင် ဖျားနာမှုအသေးစားလေးဆို ဆေးမြီးတိုနှင့်ကုပြီး ရောဂါကြီးတွေဆို ကံ အပေါ်ကို ပုံချထားလိုက်ရတာမျိုးဖြစ်သည်။ ဆေးရုံကို ချက်ချင်းတင်လိုက်နိုင်သည့် လူတန်းစား နည်းနေသေးသည်။

 

        

 အခုဆေးရုံက ဆင်းလာတာဆိုတော့ အဲ့မိန်းမသေတော့မယ်ထင်တယ်

 

  

လူတိုင်း သက်ပြင်းချလိုက်ပြီး တချို့လူတွေက မျက်ရည်ခိုးသုတ်လိုက်ကြသည်။

 

       

လူတိုင်းက စိတ်လှုပ်ရှားလာပြီး စကားတွေ ဖောင်ဖွဲ့ပြောကြတော့သည်။ တချို့က သူမမျက်နှာက ဝါနေသည် တချို့က သူမမျက်လုံးတွေတောင် ဝါရဲနေပြီး ခြေဖဝါးတွေတောင် အဝါရောင်ဖြစ်နေသည်ဟု ဆိုကြသည်။ အရင်နှစ်က သူမ အလုပ်ကို လုပ်နိုင်သည်ဆိုရုံရှိသေးသော်လည်း တဖြည်းဖြည်းနှင့် ခြေလှမ်း၂လှမ်းလောက်သာ လျှောက်နိုင်တော့သည်။ အခုဆို အိပ်ရာပေါ်က မထနိုင်တော့သည်ထိ အခြေအနေဆိုးနေပြီဖြစ်သည်။

 

      

ထိုအကြောင်းတွေ လိုင်တိကြားလိုက်တော့ သူမ ရောဂါတစ်ခုအကြောင်း စဥ်းစားမိသွားသည်။