အပိုင်း ၉
Viewers 752

ချိုမြိန်ရိပ်မြုံ

 

အပိုင်း

 

 

ကျန်းရှန်းယန်၏ လက်ဖဝါးက ကော်ဖီ စားပွဲပေါ်သို့ အားပြင်းပြင်းနှင့် ရိုက်ချလိုက်ပြီး စန္ဒကူးသားမျက်နှာပြင်မှာ အက်ကွဲသွားပုံပေါ်သည်။

 

 

မင်းရူးနေလား

 

 

ထန်ယီက သူ့တင်ပါးအောက်တွင် ဖုန်းကို ခုထိုင်လိုက်ပြီး အေးဂျင့်အား သူ့ဖုန်းကို ယူခွင့်မပေးဘူးဟု ပြောလိုက်သည်။

 

 

ကျန်းရှန်းယန်သည် လက်တော့ပ်ကိုဖွင့်လိုက်ပြီး ထန်ယီ Weibo အကောင့်၏ စကားဝှက်ကို ပြောင်းချင်ခဲ့သည်။ သို့သော် အကောင့်ထဲဝင်ရောက်ရန် စိစစ်မှု မအောင်မြင်ကြောင်း သူတွေ့ရှိခဲ့သည်။

 

 

ထိုအရာက သူ့ကို ပိုစိတ်တိုအောင် လုပ်သည်။ အမြဲတမ်း အေးချမ်းနေသောလူသည်ပင် ထန်ယီကို အော်ဟစ်ပစ်လိုက်သည်။မင်းဘာလုပ်နေလဲဆိုတာ မင်းသိရဲ့လား

 

 

သိတယ် ထန်ယီက ဂရုမစိုက်ပဲ ပြန်ပြောခဲ့သည်။

 

 

စတူဒီယိုက အခုမှစပြီး လည်ပတ်နေတာလေ၊ ပြီးတော့ ဘာအလုပ်မှ ကောင်းကောင်းမွန်မွန် မလုပ်ရသေးဘူး၊ မင်းကတော့ ဘာအကျိုးမှ မရှိပဲ ဒီလိုမျိုးတွေ လျှောက်လုပ်နေတယ်၊ အဲ့ဒါကိုရော စဉ်းစားမိရဲ့လား

 

 

ထန်ယီသည် သူ့လက်ချောင်းပေါ်ရှိ လက်စွပ်နှင့် ကစားနေခဲ့သည်။ ထိုလက်စွပ်မှာ ဘာအဓိပ္ပါယ်မှမရှိပေ၊ ၎င်းကို အဝတ်အစားဆင်ပေးသည့်သူက သူ့အဝတ်အစားနှင့် လိုက်အောင် တွဲဖက်ဆင်ယင်ပေးထားခြင်းသာဖြစ်သည်။

 

 

ခဏကြာမှ လေးပင်လာသော မျက်ခွံများကို မှေးလိုက်ပြီးအစ်ကိုကျန်း၊ ကျွန်တော် နောက်ထပ်နောင်တ မရချင်ဘူး ဟုပြန်ဖြေလိုက်သည်။

 

 

ကျန်းရှန်းယန်၏ စကားများကို နားထောင်ပြီးနောက် သူ့တစ်ကိုယ်လုံး မလှုပ်မယှက်ဖြစ်သွားပြီး ကျန့်ကျင်းယုကို လက်ပြလိုက်သည်။ တစ်ဖက်မှာ ကြောက်လန့်နေသော ကျန့်ကျင်းယုကိုမီဒီယာတွေဖုန်းခေါ်ရင် သေသေချာချာနဲ့ ကောင်းကောင်းမွန်မွန် ပြောပြလိုက် ဟုပြောလိုက်သည်။

 

 

အိုး... အိုကေ ကျန့်ကျင်းယုသည် တက္ကသိုလ်မှ ဘွဲ့ရထားခါစ လူငယ်လေးဖြစ်ပြီး အမြဲတမ်းလိုလို သိတတ်ပြီး ချက်ချင်း ပြေးထွက်သွားလေ့ရှိသည်။

 

 

ကျန်းရှန်းယန်သည် ထန်ယီနှင့် ကောင်းကောင်းစကားပြောရတော့မည်ကို သူသိလိုက်သည်။

 

 

မင်းကအရမ်းစမတ်ကျတယ်လို့ ငါပြောဖူးတယ်လေ။ အဲ့ဒါတောင် မင်းဘာလို့ သူနဲ့ပက်သက်ပြီး အဲ့လောက်အဆင်မပြေဖြစ်နေရတာလဲ။ ယွင်ကျန့်က အခုဘယ်မှာလဲ

 

 

ကျန်းရှန်းယန်က အတတ်နိုင်ဆုံး အေးအေးဆေးဆေး မေးနေသည်။ ရန်ဖြစ်ခြင်းသည် ပြဿနာကို မဖြေရှင်းနိုင်မှန်း သိသော်လည်း ကြင်နာသနားတတ်ခြင်းကို ထိခိုက်စေသည်။

 

 

အစ်ကိုကျန်း အစ်ကိုကရော ဘယ်နေရာကောင်းလို့လဲ ကျွန်တော် ကုမ္ပဏီထဲစဝင်တုန်းက ဘယ်သူမှ အစ်ကို့နောက်ကို မလိုက်ချင်ကြဘူး။ ကျွန်တော်ကုမ္ပဏီကိုရောက်လာတော့ ကုမ္ပဏီက ကျွန်တော့်ရဲ့ အေးဂျင့်ကို ပြောင်းချင်ခဲ့တယ်၊ ကျွန်တော် အစ်ကို့ကို ဘယ်တုန်းကမှ မထားခဲ့ဘူး၊ အခု အစ်ကို့ကို ကျွန်တော့်ကုမ္ပဏီအထိ ခေါ်ခဲ့လာပြီလေ၊ ပြီးတော့ အစ်ကိုက ကျွန်တော့်ရဲ့အေးဂျင့်ဖြစ်နေပြီး ကျွန်တော့်အပြင် ဒီစတူဒီယိုရဲ့ အကြီးဆုံးရှယ်ယာရှင်လည်း ဖြစ်တယ်

 

 

ထန်ယီပြန်ဖြေပြီးနောက် ကျန်းရှန်းယန်မှာ တိတ်ဆိတ်သွားသည်။

 

 

ထန်ယီက သူ့အပေါ်ချစ်ခြင်းမေတ္တာနှင့် တန်ဖိုးထားခြင်းကို အလေးထားသည်ကိုလည်း ကျန်းရှန်းယန် သိနေသည်။ ထိုအရာကလည်း တခြားဧည့်သည်တော်တော်များများကအကောင်းဆုံးဆုံးရှုံးခဲ့ရသောသူငယ်ချင်းများမှာ ထန်ယီနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

 

 

 ယနေ့ Reality Show များက ရှိုးတွင်သာ အလွန်လိုက်ဖက်ညီပုံရပေမယ့် တကယ်တမ်းမှာတော့ အများစုဟာ တစ်ယောက်နဲ့တစ်ယောက် မသိသလို နေတတ်ကြသည်။အကောင်းဆုံးဆုံးရှုံးခဲ့ရသောသူငယ်ချင်းများ ကဲ့သို့ပင် ပါဝင်သည့် ဧည့်သည်များကြားရှိ သီးသန့်ဆက်ဆံရေးသည် ရှားပါးလှသည်။

 

 

ကျန်းရှန်းယန်က ထန်ယီမှာ သူ့ကို ဘာလုပ်ပေးခဲ့လဲဆိုသည်ကို သိနေသည်။ ထို့ကြောင့် ယခုအခါတွင် နှုတ်ဆိတ်နေလိုက်ရပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ တိတ်ဆိတ်နေခဲ့သည်။

 

 

ထန်ယီက ဆက်ပြောခဲ့သည် - “ယွင်ကျန့် မတော်တဆမှု ဖြစ်ခဲ့တဲ့ နောက်ဆုံးတစ်ခေါက်မှာ အစ်ကို့ရဲ့စကားတွေကို ကျွန်တော် နားထောင်ခဲ့ပြီး ကုမ္ပဏီရဲ့အမိန့်အတိုင်း သူ့ကို လျစ်လျူရှုခဲ့တယ်။ အစ်ကို ကျွန်တော့်ကို ဘယ်လိုပြောခဲ့လဲဆိုတော့ ကျွန်တော်နာမည်ကြီးလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာဖို့အထိ စောင့်ပြီးမှ ကျွန်တော်လုပ်လို့ရမယ်၊ သူ့ကို ကူညီနိုင်မယ်လို့ ပြောခဲ့တယ်လေ ဟုတ်တယ်မလား

 

 

ဟုတ်တယ်...” ထိုအချိန်တုန်းက ကျန်းရှန်းယန်မှာ ထန်ယီကို အာရုံပြောင်းသွားအောင် သိမ်းသွင်း ပြောခဲ့ပေမယ့် ထန်ယီကို ဒီလောက်ကြာအောင် မှတ်မိဖို့ မမျှော်လင့်ထားမိပေ။

 

 

အခုရော ဘာထူးလို့လဲ၊ သူက ကျွန်တော့်ဆီလာခဲ့တယ်၊ ဒါပေမယ့် အစ်ကို ကျွန်တော့်ကို မပြောခဲ့ဘူး။ အဲ့တုန်းက ကျွန်တော်သာ စတူဒီယိုကို ခဏပြန်လာပြီး ဧည့်ခံခန်းထဲမှာ သူ့ကိုမတွေ့ခဲ့ရင် ဒီကိစ္စက ပြီးသွားလောက်ပြီမလား

 

 

မင်းရဲ့အချိန်ဇယားကလည့်း ပြည့်နေပြီလေ

 

 

ကျွန်တော် ထပ်ပြီး ဆွေးနွေးလို့ ရပါတယ်၊ စာချုပ် ပျက်သွားရင်တောင် ကျွန်တော် ဒဏ်ကြေးပေးနိုင်တယ်

 

 

အဲ့လိုလုပ်တာက မင်းအတွက် မကောင်းဘူးလေ၊ ပြီးတော့ နောက်ပိုင်း ဇာတ်ညွှန်းတွေမှာ လက်မှတ်ထိုးတဲ့ကိစ္စတွေမှာ မင်းကို ထိပါးလာလိမ့်မယ်

 

 

ကျွန်တော့်လူတွေကို ပြုစုပျိုးထောင်ဖို့အတွက် စာချုပ်ကိုတောင် ချိုးဖျက်ပြီး လစာတောင် လျှော့ပေးလိုက်ပြီ၊ ဒီလိုမျိုးကိစ္စတွေ ပျံ့သွားရင် ကျွန်တော်နာမည်ဆိုးရလာမှာလား

 

 

ကျန်းရှန်းယန် တိတ်ဆိတ်သွားပြန်သည်။

ယွင်ကျန့်ဝန်းကျင်က လူတွေကို ကြည့်လိုက်၊ ရိုက်ကူးရေးလုပ်မည့် တကယ့်နေရာတွေကို သူကိုယ်တိုင် သွားရှာရတယ် ပြီးတော့ သူမနှုတ်ခမ်းတွေဆို အရေခွံတွေလန်ပြီး ကွဲနေတယ်။ အဲ့ဒီ့လိုထုတ်လုပ်သူကိုရော မြင်ဖူးလား။ အဲ့အကြောင်း နည်းနည်းပြောကြည့်ရအောင်၊ သူ့မှာ ဘာမှတောင် မပြောနိုင်ရှာဘူး၊ သူ့အဖွဲ့ဆိုရင်လည်း အောင်မြင်လာဖို့ မျှော်လင့်စရာမရှိတဲ့ လူတစ်စုပဲ၊ သူနဲ့ ရောရောသောသောနေပြီး အောင်မြင်ရာ အောင်မြင်ကြောင်းရှိမလားဆိုပြီး လာစမ်းကြတဲ့ လူတွေချည်းပဲ၊ ယွင်ကျန့် ပြုစုပျိုးထောင်ပေးနေတဲ့ အဲ့လူတွေက လူသေတွေနဲ့ မခြားဘူး

 

 

ယွင်ကျန့်နဲ့ အတူတူလက်တွဲလုပ်တာက အဲ့ဒီလူတွေကို နှိုးဆွလိုက်တာနဲ့ ညီမျှတယ်ဆိုတာကို အစ်ကိုလည်း သိပါတယ်။ အသက်မွေးဝမ်းကြောင်း အလားအလာ နည်းနည်းလည်းသာ ရှိတဲ့အဲ့လူတွေက သူ့ကို ထိပါးတာမျိုးကို မလုပ်ချင်ကြဘူး။ အဲ့လိုလုပ်မိရင် နောင်သူတို့အနာဂတ်မှာ ဇယားရှုပ်သွားမှာ စိုးလို့လေ။ ယွင်ကျန့်ကလည်း အဲ့ဒါကို ခန့်မှန်းမိတယ်။ အဲ့ဒါကြောင့် အဲ့လူတွေပါ သူ့ကိစ္စထဲ မပါအောင်လို့ ထပ်ပြီး မဆက်သွယ်ပဲ နေခဲ့တာလေ

 

 

အဲ့တော့ ယွင်ကျန့်က ကျွန်တော့်ကို ထိခိုက်စေချင်လို့ ဆက်သွယ်ခဲ့တယ်ထင်လား

 

 

ဘယ်လိုပြောရမလဲမသိတော့ဘူး ကျန်းရှန်းယန်က ပြန်ဖြေလိုက်ပြီး ခေါင်းကို ငုံ့ကာ ခေါင်းမာနေဆဲ။

သူသိသလောက်မှာ ထန်ယီကို ယွင်ကျန့်နှင့် ဘာမှမပတ်သက်စေချင်သည့် လူပေါင်း ၁သောင်းရှိနေပြီး ထိုအရာကလည်း ထန်ယီ၏ အနာဂတ်အတွက်သာ ဖြစ်ပေသည်။

 

 

သူအခု စိတ်ပျက်အားငယ်နေတယ်၊ ဒါပေမဲ့လည်း သူက အရမ်းမာနကြီးတော့ သူ့တန်ဖိုးကို နှိမ်ချပြီး အကူအညီတောင်းမှာ မဟုတ်ဘူး ထန်ယီက ထိုစကားကိုပြောနေသည့်အခါ သူ့မျက်လုံးအကြည့်များက လေးနက်နေပြီး အနည်းငယ်နီလာကာ မျက်မှောင်ကြုတ်သွားသည်။ ထိုစိတ်ခံစားချက်အစစ်များအား ကျန်းရှန်းယန်တစ်ယောက် သူ့လှုပ်ရှားပုံများကို ကြည့်လိုက်ရုံနှင့် နားလည်သွားသည်။

 

 

ကျန်းရှန်းယန်သည် ဆိုဖာပေါ်တွင် မှီ၍ သက်ပြင်းရှည်ကြီးချလိုက်ပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ သူ့မျက်နှာမှာ ကူရာကယ်ရာမဲ့နေပုံရသည်။ ထန်ယီ၏ လှုပ်ရှားမှုသည် သူမကြောင့် ထိုသို့ဖြစ်သွားမှန်း သိလိုက်သည်။

 

 

 ထိုအချိန်က ယွင်ကျန့်၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်ပုံစံအရ သူမသည်သာ တကယ့် အကြောင်းအရင်းတစ်ခုဖြစ်သည်မဟုတ်၊ တကယ်ကို ယုတ္တိမတန်သော ကျင့်ဝတ်သိက္ခာအရ ထန်ယီ၏ ယောက်ျားလက်များက ကရုဏာသက်လိမ့်မည်မဟုတ်ဟု သူခန့်မှန်းမိသည်...

 

 

ရှေ့တစ်လှမ်းတိုးခြင်းသည် ပျက်စီးခြင်းသို့ ရောက်သွားသော်လည်း ထန်ယီက ပြတ်ပြတ်သားသား လျှောက်လှမ်းခဲ့သည်။

 

 

ထိုအချိန်တွင် ယွင့်ကျန့်နှင့် ရင်ဆိုင်ရန် ထန်ယီက သူ့စိတ်ကိုဆုံးဖြတ်လိုက်သည်။

 

 

သူတို့နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။ ထိုသို့ ဖြစ်သွားသည်မှာ ဘယ်လောက်ကြာသွားလဲမသိတော့ပေ။ ကျန့်ကျင်းယုက တံခါးကိုခေါက်လိုက်ပြီး ကျန်းရှန်းယန်က ထိုင်နေရင်းဝင်လာခဲ့ ဟုပြောလိုက်သည်။

 

 

ကျန့်ကျင်းယုက ဝင်လာပြီး အခြေအနေကို ချက်ချင်း အစီရင်ခံပြလိုက်သည်။ကျွန်တော်တို့ အစ်ကိုတွေ Weibo မှာ တင်ထားသေးတယ် အဲ့ဒါကို သွားတုံ့ပြန်ဖို့ လိုသေးလား

 

 

ထိုစကားကိုကြားပြီး ထန်ယီက ချက်ချင်းဆိုသလိုပင် သူ့တင်းပါးအောက်ကနေ ဖုန်းကိုထုတ်လိုက်ပြီး Weibo ကို ပွတ်ဆွဲကြည့်လိုက်ကာ ရယ်မောလိုက်သည်။

 

 

နီဇွန်- Donald Duck [ ဓါတ်ပုံ ]

Comments (34821) Like (64671)

 

 

ပုံမှာ နေရောင်အောက်တွင် အဝါရောင် ဘဲတစ်ကောင်ပုံ ဘောကွင်းပေါ်တွင် လဲလျောင်းနေသည့် ထန်ယီ၏ ပုံဖြစ်သည်။ ထိုပုံကို Weibo မှာတင်သည့် ပထမဆုံးလူလည်း ဖြစ်သည်။

 

 

နီဇွန်သည် ငယ်ငယ်လေးကတည်းက ရောထွေးနေတတ်ပြီး ငယ်ငယ်က ရန်ဖြစ်ခဲ့တာမျိုး သိပ်မရှိခဲ့ပေ။ မိဘများနှင့် နည်းပြများအပေါ်မှာလွဲ၍ သူသည် ဆိုးရွားသော ဆယ်ကျော်သက်တစ်ဦးဖြစ်သည်။ ထိုအရာသည်လည်း ကိစ္စတစ်ခုပင်ဖြစ်သည်။ သူကြီးပြင်းလာသောအခါ ခွန်အား အများကြီးလျော့သွားပေမယ့် အခုချိန်အထိတော့ ပိုင်စိုးပိုင်နင်းလုပ်တတ်သော သခင်လေးတစ်ယောက် ဖြစ်နေတုန်းပဲဖြစ်သည်။

ဘော့စ်လား?

 

 

သူ့အမေဆီ သွားစမ်းပါ၊ ရှောင်ရဲကို မင်း အနိုင်ယူလို့မရပါဘူး၊ ရှောင်ရဲက မင်းအဖေလေ။

 

 

မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

 

အားကျိုး-“မင်းအစ်ကို နောက်ကနေ လိုက်လာလား။ အဲ့တော့ ယွင်ကျန့်က အပြစ်ကင်းသွားလား။ မင်း ပြောသမျှကို ငါယုံပါတယ်၊ မင်းအစ်ကိုက တစ်သက်လုံးမင်းရဲ့အစ်ကိုပါပဲ

Like (၆၅၈၇)

 

 

Js_lwy - ဇွန်ရီစာတန်းက ဘယ်တော့မှ ပြုတ်ကျမှာ မဟုတ်ဘူး။

Like (၅၄၇၂)

 

...

 

ကျန့်လီ - ငါ့အစ်ကိုနဲ့ ငါ့ညီတွေအတွက် အဝတ်အစားတွေဝယ်ခဲ့တယ် အနီရောင်တွေက နီဇွန်အတွက် အရှက်ရစရာ အဖြစ်ဆုံး အ၀တ်အစားတွေပဲ။ အဝါရောင်က တုရှန်ယန်အတွက်ဖြစ်ပြီး၊ အဲ့ဒါက သူ့ဗီဇအတိုင်း လျှောက်ယမ်းဖို့ အသင့်တော်ဆုံးပဲ၊ ဆာကူရာအရောင်လေးကတော့ ထန်ယီအတွက်၊ သူ့မိုင်းစဝ်အတွက် အကောင်းဆုံးပဲ။ [ ဓါတ်ပုံ ]

မှတ်ချက် (51687) Like (81672)

 

 

မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ငါသာအလှဆုံး- ဘာလို့ ဘုရင်မက အနီ၊ အဝါနဲ့ အစိမ်းကို  မဝယ်လိုက်တာလဲ။ မီးပွိုင့်အရောင်စုံတွေဖြစ်သွားအောင် လုပ်လိုက်ပေါ့။

Like (၇၃၆၁)

 

 

စွေ့ယုအဝါရောင်ဂျာစီက အန်ရန်နောက်ကို လိုက်လာတယ်- ဘုရင်မဆိုတဲ့အဓိပ္ပါယ်က ထန်ယီများလား

Like (၄၅၇၁)

 

 

အပွင့်လင်းဆုံးပြောတတ်သူမှာ တုရှန်ယန်ဟု ပြောရပေမည်။ သူက Weibo မှာ နောက်ဆုံးတင်ခဲ့တဲ့သူ ဖြစ်ပြီး နှစ်ဖက်စလုံးကို ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့သည်။

 

 

တုရှန်ယန်-မင်း ထပ်ပြီး အတူတူအလုပ်လုပ်ကြမလို့လား။ ငါလေမင်းတစ်ယောက်တည်း ဆိုတာကိုကြည့်ရင်း အသက်တွေကြီးလာပြီ။ @ထန်ယီ@ယွင်ကျန့်

မှတ်ချက် (24875) Like (48731)

 

 

ချင် ချင်ယွဲ့- “မင်းတစ်ယောက်တည်း  ကို ကြည့်ရင်းနဲ့ တကယ်ပဲ အသက်တွေကြီးလာတော့မှာ သေချာလား။

Like (၄၆၂၄)

 

 

ချစ်လှစွာသော ဝမ်ဝမ်- ဒီကိုလာကြည့်စမ်းပါဦး။ သေချာတယ် နင် Weibo မှာလည်း တင်ထားပါသေးတယ်။ ထန်ယီက ဒီအချိန်မှာ မှန်မယ်လို့ မျှော်လင့်တယ်၊ မဟုတ်ရင် အစ်ကိုတွေလည်း နောက်က လိုက်လာလိမ့်မယ်။

Like (2457)

 

...

 

ထန်ယီသည် Weibo တွင် လှည့်ပတ်ကြည့်ရှု ပြီးနောက် ကျန်းရှန်းယန်ရှေ့မှာ သူ့ဖုန်းကို ချထားလိုက်သည်  “ဒီဇာတ်လမ်းကို အစ်ကို့ဖက်က လက်ခံမခံကြောင်း ဘာမှမဖြေရှင်းချင်ရင်တောင် မဖြစ်မနေ ရင်ဆိုင်ရလိမ့်မယ်၊ အဲ့တော့ အဖြေတစ်ခု စဉ်းစားထားလိုက်

 

 

ကျန်းရှန်းယန်က Weibo ကို ကြည့်ပြီး ခဏလောက် နှုတ်ဆိတ်နေကာအဲ့ဟာကို ကြည့်လုပ်လိုက်လို့ရတယ်၊ ဒါပေမယ့် မင်း စာချုပ်ကို ဖျက်လို့မရဘူး။ မင်း ဒီဇာတ်လမ်းကို လက်ခံချင်ရင် အပင်ပန်းခံနိုင်ရမယ်။ ပြီးတော့ ငါတို့မှာ အပိုင်းသုံးပိုင်းစာ စာချုပ်ရှိတယ် ပြီးရင် နောက်မှ အဲ့အကြောင်း ငါတို့ ဆက်ပြောကြမယ်

 

 

ထို့နောက် ကျန်းရှန်းယန်လည်း ထသွားကာ ဖုန်းကို ယူလိုက်ပြီး  ပြုံးရယ်ရင်း ဝန်ထမ်းများနှင့် စကားဆက်ပြောနေလေသည်။

 

 

ထန်ယီက သက်ပြင်းတစ်ချက်ချကာ ဖုန်းကိုပြန်ထုတ်ပြီး WeChat ထဲက ဆွေးနွေးရေးဂရုချက်တ်ကို ကြည့်လိုက်သည်။ ထိုထဲတွင် သူ့အကြောင်း မပြောသော်လည်း ကျန့်လီသည် မြင်သမျှဝယ်တတ်သော မျက်လုံးများ ရှိကြောင်းနှင့် သူဝယ်ထားသောအဝတ်အစားများမှာ ရုပ်ဆိုးကြောင်း ဆွေးနွေးနေကြသည်။

 

 

တုရှန်ယန်-အဲ့ဒါတွေ လှူလိုက်စမ်းပါ၊ ငါတိုင်းပြည်အတွက် လှူနေရင်တောင်။

 

 

နီဇွန်-ငါလည်းပဲ လှူပစ်ဖို့ သဘောတူတယ် အကယ်၍ လှူမည့်ဟာက ငါတို့ရဲ့ နှလုံးသားဖြစ်နေရင်တောင်။

 

 

ကျန့်လီ-အဲ့ဒါတွေကို အပ်ချုပ်သမားက သေချာချုပ်ပေးထားတာ၊ အထူးသဖြင့် မင်းရဲ့လက်ထောက်ကိုတောင် ဆိုဒ်မေးထားသေးတယ်။

 

 

နီဇွန်-ဒီ အနီရောင် ၀တ်စုံကြီးအစား ကိုယ်လုံးတီးနဲ့သာ လျှောက်သွားလိုက်ချင်တယ်။

 

 

တုရှန်ယန်-အသေအချာပဲ၊ ကိုယ်လုံးတီးနဲ့ပြေးတာက ဒီအဝတ်တွေ ဝတ်တာထက် ပိုကောင်းဦးမယ်။

 

 

နီဇွန်-ဟားဟားဟား။

 

 

ကျန့်လီ- မင်းတို့တွေ တော်တော်ဆိုးဆိုးပဲ။

 

 

နီဇွန်-မင်းရဲ့ ပရိသတ်တွေက မင်းကို ဘုရင်မလို့ ခေါ်ကြသေးလား။ ဘုရင်မသည် အနည်းဆုံး C Cup လောက်တော့ ဝတ်သေးတယ်မလား၊ ခွက်ဖြစ်ပါသလား။ မင်းက ဘာပဲဖြစ်ဖြစ် စစ်မှုထမ်းဟောင်း တစ်ယောက်ပဲလေ။

 

(C Cupဆိုသည်မှာ ဘော်လီဆိုဒ်တစ်ခုဖြစ်သည်။)

ကျန့်လီ- မင်းတို့တွေ ကိုယ်ရောင်ကိုယ်ဝါဆိုတာကို နားလည်ကြရဲ့လား။

 

 

နီဇွန်-ငါ့မှာလည်း ကိုယ်ရောင်ကိုယ်ဝါတွေ ရှိပါတယ်၊ ငါပရိသတ်တွေက ငါဟာ လုံး၀တိုက်ခိုက်တတ်သူပဲလို့ ပြောကြတယ်၊ ပြီးတော့ မင်းတို့ သုံးယောက်လုံးက ဟီးဟီး ...

 

 

ထန်ယီ- ကျေးဇူးတင်ပါတယ်။

 

 

ကျန့်လီ- အဝတ်အစားအတွက်လား ဒါမှမဟုတ်

 

 

ထန်ယီ- နှစ်ခုစလုံးအတွက်။

 

 

ကျန့်လီ-ဒါဆို မင်း ဒါတွေကို ဝတ်မလား

 

 

ထန်ယီ-လှူလိုက်ပါ။

 

 

ယွင်ကျန့်၏ စိတ်ဓာတ်သည် တက်လိုက်ကျလိုက်ဖြစ်နေပြီး သူမသည် တစ်ခါလောက် ကြိုးစားကြည့်ကာ မျက်ရည်များ ချက်ချင်း ရပ်သွားသည်။

 

 

ထန်ယီကို မြင်လိုက်သည့်အခိုက်တွင် သူမသည် မျက်နှာကို ချက်ချင်းပြင်လိုက်ပြီး စိတ်ဓါတ်များ ကြံ့ခိုင်လာပြီး ဘာကိုမှ မကြောက်တော့ပေ။ သူမသည် နှလုံးသားထဲတွင် အထူးသဖြင့် သက်တောင့်သက်သာ ခံစားရပြီး ထိုအရာက သူမကို နွေးထွေးစေသည်။ သူမထပ်ပြီး ငိုလျှင် အခြေအနေများ ပိုဆိုးသွားနိုင်ပြီး တစ်မျိုးဖြစ်သွားနိုင်သည်။

 

 

Weibo တွင်အကောင်းဆုံး ဆုံးရှုံးခဲ့ရသော သူငယ်ချင်းများ ဟူသောပို့စ်များကို တစ်ခုပြီးတစ်ခု တွေ့လိုက်ရသော ကြောင့် သူမ၏ နာမည်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

 

 

ယွင်ကျန့်သည် သူမနာမည်ကို ရှာဖို့ သွားခဲ့ပြန်သည်။ အရင်က သူမအား အပြင်းအထန်ဝေဖန်ခဲ့သူကို ထန်ယီဝင်ပြောခဲ့ပြီးနောက် ပရိသတ်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရပုံရပြီး သူ့Weiboကိုလည်း ဖျက်လိုက်သော်လည်း သူ့ကို မှတ်ချက်တွင် ဆက်လက်ဆဲနေကြတုန်းပဲ ဖြစ်သည်။

 

 

နာနာ-ရှင်တို့ရဲ့သီအိုရီအရ ဒရာမာတစ်ကားမှာ ရင်းနှီးမြှုပ်နှံရင် ဒါရိုက်တာဆိုတာရှိတယ်။ ထို့နည်းတူပဲ ပစ္စည်းတွေဝယ်ဖို့ စတိုးဆိုင်တစ်ဆိုင်ကို မကြာခဏသွားလေ့ရှိလား၊ ပြီးတော့ ပစ္စည်းတွေ အများကြီးဝယ်ပြီး သူဌေးကိုရော ရနိုင်လို့လား။ ကျွန်မက သန့်ရှင်းရေးသမားကို ငှားပြီး သန့်ရှင်းရေးလုပ်သူလည်း ထည့်ပေးဖို့ ယွမ် ၅၀ အပိုပေးခိုင်းလို့ရလား။

Like (၇၈၁၇)

 

 

အဝတ်အစားဝတ်တဲ့ ဗီရို - ကံကောင်းစွာနဲ့ပဲ မင်းက V ကြီးပဲ၊ လူတွေကို မဟုတ်ကဟုတ်က လိုက်ပြောနေရအောင်လို့ မင်းမှာ သက်သေရှိလို့လား၊ ဒါမှမဟုတ် BB ခရင်မ် အလိမ်းများပြီး မျက်ကန်းသွားတာလား။ သူတို့ အတူတူရှိနေတဲ့ပုံရော ရိုက်ဖူးလို့လား၊ အိပ်ရာပေါ်မှာကဟာကို မသွားတာလား။ တရားရုံးက သက်သေမရှိရင် ဘယ်အမှုမှ တရားမစီရင်ဘူး၊ မင်းကတော့ စကားတစ်ခွန်းမှ မပြောပဲ အမှုကို ဆုံးဖြတ်လိုက်တာပဲ ဟုတ်တယ်မလား။

Like (၆၈၂၄)

 

 

လွန်ခဲ့သည့်သုံးနှစ်အတွင်း ယွင်ကျန့်သည် မည်သည့်အခါမှ စိတ်သက်သာရာမရခဲ့ပဲ နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် သူမအား ယုံကြည်ခဲ့သည်။

 

 

သူမနှလုံးသားက ပြတင်းပေါက်ကိုဖွင့်ထားသလိုဖြစ်သွားပြီး အေးစက်သောလေက ဝင်လာကာ မြူများအားလုံးကို မှုတ်ထုတ်ပစ်လိုက်သည်။ သူမ၏ သွေးကြောများ နှင့် သူမ၏ ခြေလက်များ အတွင်းသို့ ဖြတ်သန်းသွားသော ကြည်နူးမှုကို ခံစားမှုရပြီး သူမ၏ တစ်ကိုယ်လုံး တစ်ခါမှ မခံစားဖူးသော လန်းဆန်းမှုမျိုးကို ခံစားလိုက်ရပေသည်။

 

 

ဖုန်းကအလန်းသံကြားလိုက်ရပြီး သူမချက်ချင်းဖွင့်ကြည့်လိုက်ရာ ထန်ယီဆီက မက်ဆေ့ချ်တစ်စောင်ဖြစ်နေသည်ကို တွေ့လိုက်သောကြောင့် အသံကိုချက်ချင်းဖွင့်လိုက်သည်။

 

 

ထန်ယီ-“စိတ်မကောင်းဖြစ်နေလား။ မင်းအတွက် သီချင်းဆိုပေးရမလား

 

 

ထန်ယီ-“ချစ်လှစွာသော ကလေးလေးရေ၊ မင်းဒီည ကောင်းကောင်းအိပ်လို့ရအောင် ချိုမြိန်မှုလေး နည်းနည်းပေးမယ်လေ...” (သီချင်းစာသား)

 

 

ထန်ယီ-“စိတ်ဓါတ်ကျနေတဲ့ လား လား လား ကိုယ့်ကလေးလေး၊ ပင်ပန်းနေမှာပဲ၊ မင်းနဲ့ အဖော်ပြုဖို့ တစ်စုံတစ်ယောက်သာ ရှိခဲ့ရင်၊ အိုး ရက်ရ် ရက်ရ် ရက်ရ် ရက်ရ် ကိုယ့်ကလေးလေး၊ မင်းသာ လောကမှာ အကောင်းဆုံးဆိုတာကို သိစေချင်တယ်..”

 

 

ယွင်ကျန့်က ထိုသီချင်းမှာအကြွင်းမဲ့ အစီအစဉ် ၏ဇာတ်ဝင်သီချင်းဟုသိထားပြီး ထိုသီချင်းကို ဒီအချိန်မှာ ဆိုပြသည့်အခါ အနည်းငယ် ချစ်စရာကောင်းပြီး ချိုမြိန်နေသည်။

 

 

ဒုတ် ဒုတ် ဒုတ် ဒုတ်။

 

 

ရင်မခုန်တာကြာပြီဖြစ်သော အသက် ၂၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်က ဒီလိုမျိုး အချိန်အကြာကြီး ရင်ခုန်အောင် ကြိုးစားခဲ့ဖူးသည်။

 

 

ဘယ်အချိန်လောက်တုန်းက ဒီလိုမျိုးနောက်ဆုံးရင်ခုန်ခဲ့ဖူးတာလဲ။

 

 

အမျိုးသား အော်ပရာ သင်ကြားရေး အဆောက်အအုံ၏ လျှောက်လမ်းတွင် လမ်းလျှောက်လာရင်း ဆယ်ကျော်သက် ကောင်လေးတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမသည် ထိုဆယ်ကျော်သက်ကောင်လေးကို ဆက်သွယ်လို့ရမည့် လိပ်စာများကို မေးဖို့ လမ်းလျှောက်လာခဲ့သည်။ ထိုဆယ်ကျော်သက်ကောင်လေးသည် သူမကို လှည့်ကြည့်ကာ နှုတ်ခမ်းကို စေ့ထားပြီးခင်ဗျားက အရပ်အရမ်းပုလွန်းတယ် ဟူသောအဖြေဖြင့် မေးခွန်းကို မှားဖြေခဲ့သည်။

 

 

ငြင်းပယ်ခံရခြင်းကြောင့် သူမစိတ်ပျက်ခြင်းကို မခံစားရသော်လည်း တောက်ပသော အပြုံးလေး ပြုံးခဲ့သည်။

သူမသည် ပါးစပ်ကို ကွယ်ပြီး သူ့အသံကို ထပ်ခါထပ်ခါ နားထောင်ရင်း ရင်နည်းနည်း ခုန်သွားသည်။

 

 

ထန်ယီ၏ အသံက အလွန်နားထောင်ကောင်းပြီး သူသီချင်းဆိုလျှင်လည်း အလွန်ကောင်းပါသည်။ ညသန်းခေါင်ယံတွင် တိတ်ဆိတ်ငြိမ်သက်စွာ သူ့အသံကို ကြားနေရပြီး လူများ၏နှလုံးသားကို သက်သာစေရုံသာမက လူတစ်ကိုယ်လုံးကိုလည်း မငြိမ်မသက်ဖြစ်စေသည်။

 

 

သူ့မှာ အသိစိတ် နည်းနည်း ရှိရဲ့လား၊ ဒီလိုသီချင်းမျိုးဆိုခြင်းမှာ လူများကို အထင်လွဲစေသည်ကိုရော သူသိရဲ့လား။

 

......

 

ဤနေရာတွင် စာရေးဆရာပြောစရာတစ်ခုရှိတယ်။

 

 

ယွင်ကျန့် - ရှင် ကျွန်မကို ပထမဆုံးစတွေ့တုန်းက ကျွန်မကို အရပ်းပုတယ်ထင်ပြီး ငြင်းခဲ့တာမလား!

 

 

ထန်ယီ - အဲ့ဒါက ကိုယ်ကမြင်မြင်ချင်း ချစ်မိသွားတဲ့ အပေါ်ယံလူမဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ၊ ကိုယ်က နေ့ရက်တွေကို အတူတူဖြတ်သန်းပြီး တစ်ဖြည်းဖြည်း ချစ်လာတတ်တဲ့ လူစားမျိုးပဲ။

 

 

ယွင်ကျန့် - ကြည့်ရတာ ကျွန်မတစ်ယောက်တည်းကပဲ မြင်မြင်ချင်း ချစ်မိသွားပုံရတယ်။

 

 

ထန်ယီ - ...