အပိုင်း ၈
Viewers 698

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၈

 

 

 

ယွင်ကျန့်သည် “Face Gini”ကို အချိန်အကြာကြီး စိုက်ကြည့်ပြီး နောက်ဆုံးတွင် လက်လျှော့လိုက်သည်။ သူမသည် တစ်ခုလျှင် ၁၀ယွမ်သာ ပေးရသော ကြီးမားသည့် နေကာဦးထုပ်ကို ရွေးချယ်ကာ နေ ကာမျက်မှန်တပ်ပြီး အခြားဝန်ထမ်းများနှင့် ဆက်လက် လည်ပတ်နေခဲ့သည်။

 

 

(Face Giniဆိုသည်မှာ အာရပ်လူမျိုးများ ဝတ်ဆင်လေ့ရှိသည့် မျက်နှာကာမျိုးဖြစ်သည်။)

 

 

ရိုက်ကူးမည့်နေရာကို ရွေးချယ်ရန် ကွင်းဆင်းလေ့လာရသည် တကယ်တမ်းတော့ အဆင်ချောလှသော အလုပ်မဟုတ်ပေ။ သူမသည် သာမန်နေရာများကို မကြိုက်ချေ။ နောက်ဆုံးတော့ ရိုက်ကူးမည့်နေရာ ရသွားလေပြီ။

 

 

 အခြားလူများက မငှားနိုင်သော်လည်း သူမတို့အဖွဲ့ကတော့ ငှားနိုင်လေသည်။ သို့သော် ထိုနေရာတွင် ရိုက်ကူးရန်မှာ အဆင်ပြေလောက်မည် မဟုတ်ပေ။

 

 

ရာသီဥတုက ပူလွန်းသဖြင့် တစ်မြို့လုံးကို ရေပူစမ်းထဲတွင် စိမ်ထားပုံရပြီး လမ်းများမှာလည်း ပူနေသော ဖုန်မှုန့်များနှင့် ပြည့်နှက်နေသည်။

 

 

သို့သော် ယွင်ကျန့်သည် သူမအိမ်သာကို ခေါက်တုပ်ခေါက်ပြန်သွားနေလျှင် အခြားလူများကို နှောင့်နှေးစေမှာစိုးသောကြောင့် ရေများများ မသောက်ရဲပေ။

 

 

သူမသည် ထိုပုံစံဖြင့် လမ်းလျှောက်ပြီး လည်ပတ်နေသည်မှာ ၆ ရက်ရှိနေပြီး မြို့တစ်ဝက်ပဲ ရှိသေးတယ်။

သူမသည် လမ်းတစ်ခုရှေ့တွင် ရပ်ကာ ကင်မရာဖြင့် ဓာတ်ပုံရိုက်ပြီး မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်ခဲ့သည်။

 

 

ထိုအချိန်၌ တစ်စုံတစ်ယောက်က သူမဘေးမှာ ထီးတစ်လက်ကို ကိုင်ပြီး လာရပ်နေသည်။

 

 

သူမက ထိုသူကို ဂရုမစိုက်ပေ။ သူမသည် စာရေးပြီးသည်နှင့် ခေါင်းကိုလှည့်ပြီး ရှေ့ကိုလျှောက်သွားဖို့ လုပ်နေသည်။ သူမဘေးတွင် ရပ်နေသောလူသည် အလွန်အရပ်ရှည်ကြောင်းကို သူမမြင်လိုက်ရပြီး သူမကို ထီးဆောင်းပေးရန်အတွက် ထိုလူမှာ ခါးကုန်းကာ ဆောင်းပေးနေရသည်။

 

 

အခြားဝန်ထမ်းများက သူတို့နှစ်ယောက်ကို အံ့အားသင့်စွာ ဝိုင်းကြည့်နေကြသည်။ ကျန့်ကျင်းယုသည် သတင်းထောက်များ ဓာတ်ပုံရိုက်ခံရမည် သို့မဟုတ် ပရိသတ်များ တွေ့ရှိမည်ကို စိုးရိမ်သောကြောင့် အချိန်တိုင်း ဘယ်ကြည့်ညာကြည့်ကာ စစ်ဆေးကြည့်ရှုပြီး အဝေးမှရပ်နေခဲ့သည်။

 

 

ထန်ယီ?” ယွင်ကျန့်က အသံတိုးတိုးဖြင့် သေချာစဉ်းစားပြီး မေးလိုက်သည်။

 

 

ပူပြင်းသောနေ့တွင် ထန်ယီသည် လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး နှာခေါင်းစည်းနှင့် မျက်မှန်တပ်ကာ ခေါင်းတွင် လျှာထိုးဦးထုပ် ဆောင်းထားလေသည်။

 

 

အာ၊ ဘယ်လိုတောင် တိုက်ဆိုင်မှုပါလိမ့် ထန်ယီက အံ့သြချင်ဟန်ဆောင်ကာ မေးလိုက်သည်။ “ဒီလိုတိုက်ဆိုင်တာက ဖြစ်ရောဖြစ်နိုင်လို့လား

 

 

ထန်ယီက ထိုစကားများကိုပြောပြီးနောက် ရယ်မောကာ နှာခေါင်းစည်းကိုဆွဲချွတ်ကာ အသက်ရှုထုတ်ရန် ပါးစပ်ကနေ လေကိုထုတ်လိုက်ပြီး “ဒီနားတစ်ဝိုက်မှာ ရှူတင်ရှိလို့လေ၊ ဒီကနေ သိပ်မဝေးဘူး၊ အဲ့တာနဲ့ မင်းရွေးထားတဲ့နေရာက ကောင်းလား မကောင်းလားဆိုပြီး လမ်းကြုံလို့ ဝင်လာကြည့်လိုက်တာ”

 

 

“ဒါဆို ထိုင်စရာနေရာရှာရအောင်လေ၊ ကျွန်မ ကင်မရာထဲက ဓာတ်ပုံတွေကို ရှင့်ကိုပြမလို့

 

 

အင်း ကောင်းပြီ

 

 

သူတို့အုပ်စုသည် လမ်းဘေးရှိ အအေးဆိုင်တစ်ဆိုင်ကို တွေ့သွားပြီး ဆိုင်ထဲဝင်သွားကြသည်။ ထန်ယီက ဝန်ထမ်းအားလုံးကို သောက်ဖို့ ခေါ်လိုက်ပြီး ကျန့်ကျင်းယုသည် အချိုရည်များကို အခြားသူများထံ သွားလိုက်ပြန်လိုက်နှင့် ဝေပေးနေသည်။

 

 

ထန်ယီ ထိုင်သောအခါတွင် ကုလားထိုင်ကို နောက်သို့ တမင်ဆွဲလိုက်သည်။ အကြောင်းမှာ သူ့ခြေတံရှည်ရှည်ဖြင့် ထိုင်ရသည်မှာ အဆင်မပြေဖြစ်မှာ စိုးသောကြောင့်ဖြစ်သည်။ ဤနည်းဖြင့် သူသည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းနိုင်ပြီး ကင်မရာကို ပျင်းရိစွာ ကြည့်နိုင်ပေမည်။

 

 

ယွင်ကျန့်သည် သူ့ဘေးတွင်ထိုင်ရန် လုပ်လိုက်ပြီး ထန်ယီက အောက်သို့ လှန်ချလိုက်သောအခါတွင် အခြားရွေးချယ်စရာများ နှင့် မည်သည့်ဇာတ်ကွက်များကို ရိုက်ကူးမည်ကို ရှင်းပြကာ ဓာတ်ပုံတွင် ဖော်ပြထားသည့် မြင်ကွင်းများကို မည်သည့်နေရာတွင် အသုံးပြုရမည်ဖြစ်ကြောင်း ညွှန်ပြခဲ့သည်။

 

 

ထန်ယီက ဆက်ကြည့်နေတယ်။ ကျန့်ကျင်းယုသည် ကော်ဖီနှင့် ရှုဘင်းဟူသော တရုတ်ရိုးရာ ပေါင်မုန့်တစ်မျိုးကို သူတို့နှစ်ယောက်ရှေ့တွင် အနှောင့်အယှက်မပေးပဲ အနီးနားတွင် အသာလေး ချထားလိုက်သည်။

 

 

ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းများက သူ့ကို ထိုင်ခိုင်းနေသည်။ သို့သော် သူက ပြုံးပြီး ပြန်ပြောခဲ့သည်။ “ရပါတယ်၊ ကျွန်တော် ကားကို အခုလေးတင် နှစ်နာရီကျော်ကျော်လောက် မောင်းခဲ့ရတာ..."

 

 

ထိုသို့ပြောနေစဉ်တွင် ထန်ယီက သူ့ကို ကန်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ် တုန်ခါသွားကာ လဲကျမသွားသော်လည်း သူ့ပါးစပ်ကို ပိတ်လိုက်သည်။

 

 

ဘယ်လိုလဲ ကျွန်တော်အဆင်ပြေလောက်ပါတယ်နော် ယွင်ကျန့်က သူ့ဘေးနားက လှုပ်ရှားမှုကို သတိမထားမိပဲ မေးလိုက်သည်။

 

 

အန်...” ထန်ယီသည် ဓာတ်ပုံများကို လှန်လှောကြည့်နေဆဲဖြစ်သော်လည်း သူ့စိတ်ထဲတွင် ဇာတ်လမ်းအကြောင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ အဲဒီအစား ယွင်ကျန့်၏ ကိုယ်သင်းရနံ့ကိုပဲ သူ အာရုံစိုက်နေခဲ့သည်။ ယနေ့တွင် ရေမွှေးများကို ဖြန်းထားပုံရသည်။

 

 

ထို့နောက် ယွင်ကျန့်သည် အဖွဲ့ထဲရှိ အခြားလူတစ်ဦးနှင့် အအေးကို လဲလှယ်သောက်နေသည်ကို မြင်ပြီး ရေခဲမုန့်ကို မစ်လ်တီးဖြင့် အစားထိုးလိုက်ကာ ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်၍ ရက်စွဲကို ကြည့်လိုက်ပြီးနောက် တိတ်တိတ်လေး ပြန်ထည့်ထားလိုက်သည်။

 

 

ယွင်ကျန့်က ခေါင်းငုံ့ပြီး အခြားဇာတ်ဝင်ခန်းတစ်ခုကို မိတ်ဆက်ပြနေသောအခါ ထန်ယီက သူမဦးထုပ်ကို ချွတ်ဖို့ သူ့လက်ကို မြှောက်လိုက်ပြီး ဦးထုပ်ကို ဘေးသို့ပစ်ချလိုက်သည်။

 

 

ယွင်ကျန့်သည် ကောက်ရိုးဦးထုပ်မှာ လွင့်ပျံမသွားခင် ခဏလောက်သာ ၀တ်ထားခဲ့ရကြောင်း သိလိုက်ရပြီး သူမ ပိုက်ဆံပေးပြီးဝယ်ထားသော ပစ္စည်းများကို ထန်ယီက ဖျက်လိုဖျက်စီးလုပ်မိသွားလေသည်။

 

 

ထို့နောက် ရုတ်တရက် ထန်ယီသည် သူ့ခေါင်းမှ လျှာထိုးဦးထုပ်ကို ချွတ်လိုက်ပြီး ယွင်ကျန့်၏ ခေါင်းပေါ်၌ တင်လိုက်ကာ “ဆက်ပြောပါ ဟုပြောလေသည်။

 

 

သူတို့နှစ်ယောက်သည် နာရီဝက်လောက် စကားပြောဖြစ်သည်။ ထို့နောက် ကျန့်ကျင်းယုက ထန်ယီအနားတွင် ချောင်းဟန့်လိုက်သည်။

 

 

ထန်ယီက သူ့ကိုပြန်မဖြေပဲ ဇာတ်ညွှန်းအကြောင်းကို ယွင်ကျန့်နှင့် ဆက်ပြောနေလေသည်။

 

 

ကျန့်ကျင်းယုသည် ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး တီဘီရောဂါသည်လို ချောင်းဆိုးလိုက်သည်။

 

 

ထန်ယီက ကင်မရာကို ယွင်ကျန့်ထံ ပြန်ပေးခဲ့သည် - “ငါ့ လက်ထောက်ကို ရောဂါကုပေးဖို့ ခေါ်သွားလိုက်ဦးမယ်

ထိုသို့ပြောပြီးသည်နှင့် သူထွက်သွားခဲ့သည်။

 

 

ထန်ယီထွက်သွားသည်နှင့် တစ်ပြိုင်နက် တူညီသောအဖွဲ့မှဝန်ထမ်းများ စိတ်လှုပ်ရှားလာသည်။

 

 

ဒါရိုက်တာယွင်၊ ထန်ယီက တကယ်ပဲ အဓိကဇာတ်ဆောင်နေရာကို သရုပ်ဆောင်မှာလား မိန်းကလေးတစ်ယောက်က မေးလိုက်သည်။

 

 

သေချာမသိရသေးပါဘူး။ သူက အရမ်းစိတ်ဝင်စားပုံရတယ်၊ ဒါပေမယ့် သူ့အချိန်ဇယားက ပြည့်သွားပြီလေ၊ အဲ့ဒါကြောင့် ဒီနေရာကို ကြာကြာငှားနိုင်ဖို့အတွက် လုံးပမ်းရဦးမယ်

 

 

ထန်ယီ၏ အချိန်ဇယားကို ညှိပြီး လုပ်လို့ရနိုင်ပါတယ်၊ ကျန်တာအားလုံးက အသေးအဖွဲပါပဲ။ သူက ဖျော်ဖြေတင်ဆက်မှုတွေမှာ ပါတတ်ပြီး သူ့ရဲ့အဆင့်သတ်မှတ်ချက်တွေကိုလည်း အာမခံထားတယ်။ ထန်ယီက ဒိတ်ဒိတ်ကျဲပဲလေ၊ အဝတ်အစားတွေဝယ်ဖို့ ကုန်တိုက်ကိုသွားလိုက်ရုံနဲ့တင် အင်တာနက်ပေါ် လူတွေအရှာဖွေဆုံးစာရင်းမှာ ထိပ်ဆုံးရနိုင်တယ်

 

 

ကြိုးစားစမ်း!”  ယွင်ကျန့်က လက်သီးဆုပ်ပြီး ပြန်ပြောပြီးနောက် ထန်ယီ၏ ဦးထုပ်ကို မချွတ်ရသေးကြောင်း သိလိုက်ရသဖြင့် သူမအား ပေးလိုက်သည်လား။

 

 

ထန်ယီသည် သူဘာပဲလုပ်လုပ် လူများအရှာဖွေဆုံးစာရင်းတွင် ထိပ်ဆုံးနေရာကို ရနေကျဖြစ်သည်။ သူက ယွင်ကျန့်နှင့် တခြားသူများနှင့် နေ့လည်ခင်းတွင် အအေးဆိုင်မှာ ထိုင်ခဲ့ပြီး ညဖက်တွင် လူရှာဖွေမှုအများဆုံး စာရင်းတွင် ထိပ်ဆုံးရောက်သွားလေသည်။

 

 

ဤတစ်ကြိမ်ပဲ အံ့သြစရာကောင်းသော နာမည်တစ်ခုကို ဆောင်ယူလာခဲ့သည် : ထန်ယီ ယွင်ကျန့်။ ဤကိစ္စအစမှာ အအေးဆိုင်တွင် သာမန်အအေးဝယ်နေသည့် လူတစ်ယောက်ကြောင့်ပဲ ဖြစ်သည်။

 

 

 သူသည် ထန်ယီနှင့် မတော်တဆ တွေ့သွားခဲ့သည်။ သူသည် ထန်ယီ၏လက်မှတ်ကို လာမတောင်းရဲချေ။ သူသည် ထန်ယီကို တိတ်တခိုး ဓါတ်ပုံရိုက်ယူကာ ‘ထန်ယီနဲ့ မထင်မှတ်ပဲ ဆုံသွားတယ်၊ အပြင်မှာ အရမ်းချောတယ်!’ ဟူသော စာသားကို တွဲလျက်။

 

 

ထို့နောက် သူသည် ထန်ယီအနားတွင် ထိုင်လိုက်သည်။ ထန်ယီနှင့် စကားပြောနေသူသည် ယွင်ကျန့်ဖြစ်ပြီး ထိုသတင်းကို ချက်ချင်း မထိန်းချုပ်နိုင်ခဲ့ပေ။

 

 

Watermelon မီဒီယာ- Netizens များသည် ထန်ယီနှင့် ယခင်ကနာမည်ကြီးအလှမယ်ဒါရိုက်တာ ယွင်ကျန့်တို့ အအေးသောက်နေကြသည်ကို ဓာတ်ပုံရိုက်ခဲ့ကြပြီး သူတို့နှစ်ယောက်မှာ အလွန် တရင်းတနှီးပြောဆိုနေခဲ့ကြသည်။ သံသယရှိစရာ ဆက်ဆံရေး ပေါ်သွားပြီလား [ဓါတ်ပုံ ]

 

 

မှတ်ချက် (၄၂၈၇၀) Like (၆၁၆၈၇)

 

 

မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

 

ရှန့်ဂျီ - မင်း ပိုပြီး ကျိုးကြောင်းဆီလျော်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ထန်ထန်က ယွင်ဒေါက်က အရင်ဆုံး ရှာတွေ့ထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ အသက် ၁၇ နှစ်မှာ ယွင်ဒေါက်နဲ့အတူ အလုပ်လုပ်ခဲ့ပြီး အင်တာဗျူးတွေမှာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ယွင်ဒေါက်ကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြခဲ့တယ်။ ပုံထဲမှာလည်း တခြားဝန်ထမ်းတွေ ရှိနေတာ သိသာနေတယ် နှစ်ယောက်သားတည်း ချိန်းတွေ့တာမဟုတ်ပဲ ကင်မရာကိုကြည့်ပြီး အလုပ်အကြောင်းပြောနေကြတာပါ။

Like (၁၅၇၄၈)၊

 

 

ထန်ထန်ရဲ့ အတွင်းခံဘောင်းဘီ - ယွင်ကျန့်က ဘယ်သူလဲ။

Like (၉၂၄၅)

 

 

ခုန်နေတဲ့ သမင်လေး- အိုး၊ အဲ့ဒီနာမည်ကြီး သခင်မလေးလေ။ လှပဆဲ ဒါရိုက်တာတွေထဲက တစ်ယောက်၊ အသက်ဘယ်လောက်တောင်ရှိပြီလဲ ၊ သူ့ဘဝ အတက်အကျကြမ်းချက်ကို ကြည့်ပါဦး၊ စိတ်ပျက်စရာပဲ၊ ဒီဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက ထွက်သွားစမ်း။

Like (၇၅၂၄)၊

 

 

ငါ နတ်ဆိုးဖြစ်ချင်တယ် - ထန်၁၆ရဲ့ ရှင်းလင်းတာကို စောင့်လိုက်ပါဦး။

Like (၄၆၈၄)၊

 

 

နေ့တိုင်း အလုပ်မလုပ်ချင်သော အန်း - ထန်၁၆က ၅ နာရီအတွင်း ဖြေရှင်းလိမ့်မယ်လို့ ငါလောင်းရဲတယ်

Like (၄၂၁၄)

 

 

ထန်ယီတွင် သူ၏အလေ့အထတစ်ခုကြောင့် ထန်၁၆ ဟူသော နာမည်ပြောင်လည်း ရှိသည်။

 

 

ထန်ယီ၏ အရှုပ်တော်ပုံပေါ်လာတိုင်း ထန်ယီက Weibo ကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပေးဖို့ ပို့ပေးတတ်သည်။ အရှုပ်တော်ပုံသည် အတုအယောင်ဖြစ်ကြောင်း တိုက်ရိုက်မဖော်ပြသော်လည်း အများစုမှာ သူနှင့် အမျိုးသမီးအနုပညာရှင်သည် ချစ်သူများမဟုတ်ကြောင်း ဟာသနှောကာ ဖြေရှင်းပေးမည်ဖြစ်သည်။

 

 

ဒရာမာအသစ်ထွက်ရှိမည်ဆိုလျှင်တောင်မှ သူနှင့် ဇာတ်ဆောင်အမျိုးသမီတို့၏ အရှုပ်တော်ပုံကို ကြော်ညာခံချင်သည်ဟု မီဒီယာများက ခန့်မှန်းကြသော်လည်း ထန်ယီက ထိုသို့ ဘယ်တော့မှ အဖြစ်မခံပဲ ချက်ချင်းပင် ဖြေရှင်းခဲ့သည်။

 

 

အကြာဆုံးတစ်ခုမှာ ထိုအဖြစ်အပျက်ဖြစ်ပြီး ၁၆နာရီအကြာတွင် ဖြေရှင်းခဲ့သောကြောင့် သူ့ကို ထန်၁၆ ဟုခေါ်ကြသည်။ ထို့အတွက် ထန်ယီမှာလည်း မရေမတွက်နိုင်သော ပရိသတ်များ ရှိလာပါသည်။

 

 

ထို့ကြောင့် ဤကောလဟာလကို လူတိုင်းက အလေးအနက်မထားကြပေ။

 

 

ပိုင်းခြားသိမြင်သောမျက်စိရှိသူတိုင်း ဤအရာသည် တကယ်မဟုတ်ကြောင်း မြင်နိုင်သည်။ အနီးအနားမှာ တခြားဝန်ထမ်းများရှိပြီး သူတို့နှစ်ယောက်က အလုပ်အကြောင်းပြောနေပုံရသည်။ ကင်မရာကို အတူတူကြည့်ကြပြီး ပိုနီးကပ်နေကြသည်။ ထိုအရာသည် ဘာမှ သိပ်မဟုတ်ပေ။

 

 

လူတိုင်းအတွက် ပျော်ရွှင်မှုအများစုမှာ ယွင်ကျန့်၏ အတင်းအဖျင်းပြောခြင်းဖြစ်ပြီး ထန်ယီက ဖြေရှင်းမည်ကို စောင့်နေကြသည်။

 

 

ထန်ယီ၏ စတူဒီယို Weibo မှ ရှင်းလင်းချက်တစ်ခုကို Weiboပေါ်တွင် သုံးနာရီအကြာ၌ ထုတ်ပြန်ခဲ့သည်။ စာသားသည် တရားဝင်ဖြစ်ပြီး ယေဘူယျ အယူအဆမှာ- ဟုတ်ကဲ့၊ အလုပ်ကိစ္စဖြစ်ပါသည်။ ထန်ယီနှင့် ယွင်ကျန့်တို့မှာ နောက်တစ်ကြိမ် ပူးပေါင်းလုပ်ဆောင်ရန် မျှော်လင့်ထားပြီး အားလုံးက ဒရာမာအသစ်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

 

 

သို့သော် ဤရှင်းလင်းချက်သည် ဆွေးနွေးမှုကို ရပ်တန့်မသွားစေပဲ ယွင်ကျန့်၏ ကိုယ်ရေးကိုယ်တာအမည်မှာ အင်တာနက်ပေါ် အရှာဖွေဆုံး ပြန်ဖြစ်လာခဲ့သည်။

စတူဒီယိုက Weiboက မှတ်ချက်များကို အောက်ပါအတိုင်း ရှင်းလင်းထားသည်။

 

 

ရှင်းချိုး - ဘာလို့လဲမသိဘူး၊ ဒီရှင်းလင်းချက်က ထူးဆန်းနေသလိုပဲ ခံစားရတယ်...

Like (၁၃၄၈၅)၊

 

 

ချီဟယ် Page - ဆိုးဝါးတဲ့အရာတစ်ခုကြီး ဖြစ်လာမှာကို ကြိုပြီးသိလိုက်ရသလိုမျိုးပဲ။

Like (7824)

 

 

နိုက်ကလပ် ကော်ဖီ- ဒီတစ်ခါတော့ သုံးနာရီကြာတယ်ဟ!

Like (၄၅၈၂)၊

 

 

အိမ်မွေးတိရစ္ဆာန်များကို စွဲလမ်းခြင်း - စတူဒီယိုက ဘာလို့ ဒီအချိန်ကြီးမှ ရှင်းပြရတာလဲ။ ထန်ယီရဲ့ Weiboကနေ မဟုတ်ဘူး! ထန်ယီက အလုပ်များနေလို့ပြောလိုက်စမ်းပါ၊ ငါထင်နေတာ မမှန်ဘူးလို့ ပြောကြပါဦး။

Like (၂၁၄၇)၊

 

 

ဆေးနာမည်က နင်ပဲ- ဇာတ်ဆောင်အမျိုးသားရဲ့ညီငယ်အဖြစ် ထန်ထန်သရုပ်ဆောင်ထားတဲ့ “မင်းတစ်ယောက်တည်း ဆိုတဲ့ဟာကို ရှာကြည့်လို့ရတယ်၊ အဲ့ထဲမှာ အရမ်းနူးညံ့သိမ်မွေ့ပြီး ရေရဲ့နူးညံ့မှုကိုတောင် စွဲဆောင်နိုင်တယ်တဲ့။ ထန်ထန်ရဲ့ Virgo၊ Gogo! အဲ့ပြဇာတ်ကို ယွင်ကျန့်က ရိုက်ထားတာ။ အဲ့ဟာကို Cracked Wall ကနေ မကြာခဏ ရိုက်ချက်တွေက လှပတယ်လို့ အကြံပြုလေ့ရှိတယ်။

Like (၁၃၅၇)

 

 

ထို့နောက် ချက်ချင်းပင် ယွင်ကျန့်သည် လူများအကြား နာမည်ကြီးသွားခဲ့ပြီး ထန်ယီက သူမ၏ ဂျူနီယာဖြစ်ခြင်းနှင့်ပတ်သက်၍ ကောလာဟလများ လူများရှေ့သို့ တစ်ဖန်ရောက်ရှိလာခဲ့သည်။

 

 

များမကြာမီတွင် “တရားမျှတမှုရှိသူများ အများအပြားသည် ယွင်ကျန့်၏  Weiboဆီ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် ယွင်ကျန့်ကို တိုက်ခိုက်ခဲ့ကြသည်။

 

 

သူတို့သည် ထန်ယီ၏ Weiboအကောင့်ကိုလည်း သွားရောက်ပြီး ယွင်ကျန့်နှင့် မပူးပေါင်းဖို့၊ ဒီလိုမိန်းမမျိုးနှင့် ဘယ်တော့မှ အတူမနေဖို့လည်း အကြံပေးခဲ့သေးသည်။

 

 

ထိုသူတို့၏ နောက်ထပ် မှတ်တိုင်တစ်ခုမှာ “အကောင်းဆုံးပျောက်ဆုံးနေသောသူငယ်ချင်းများ ထဲ ပါဝင်သည့် အခြားအနုပညာရှင်ပင် ဖြစ်သည်။ တုရှန်ယန်၊ နီဇွန်နှင့် ကျန့်လီတို့၏ Weiboကို ပရိသတ်များ လာရောက်ကြည့်ရှုခဲ့ကြသည်။ Netizens တွေက တစ်ယောက်ပြီးတစ်ယောက် မေးကြသည်။ ထန်ယီကို စောင့်ကြည့်ရပေးရန်နှင့် သူ့ကို မိုက်မဲသောအရာများ မလုပ်စေရန်၊ တုရှန်ယန်တို့မှာ ထန်ယီ၏ ညီအစ်ကိုကောင်းများဖြစ်သောကြောင့် စောင့်ကြည့်ပေးဖို့ စသည်ဖြင့် ပြောဆိုနေကြသည်။

 

 

ယွင်ကျန့်သည် Weibo ကို နာရီအတော်ကြာ ကြောင်ကြည့်နေသည်။

 

 

သူမ၏ နှလုံးသားသည် စိန်လိုမျိုး မမာကျောပေ၊ လူငယ်လည်းမဟုတ်တော့ပါ။ ရုတ်တရက် ဤကဲ့သို့ တိုက်ခိုက်ခံရခြင်း သို့မဟုတ် စော်ကားခံရခြင်းကို မခံမရပ်နိုင်ဖြစ်ပြီး နှလုံးသားထဲတွင် ဘယ်လိုမှ မနေနိုင်ပေ။

 

 

ဖုန်းစခရင်ကို စိုက်ကြည့်ရင်း ငိုချင်သလို ခံစားရပေမယ့် ထိန်းထားသည်။ သူမက ကုတင်ပေါ် တက်ကာ ခန္ဓာကိုယ်ကို ကျုံ့ကျုံ့လေးကွေးပြီး လှဲနေလေသည်။

 

 

 အချိန်အတော်ကြာ မှိုင်တွေသွားပြီးနောက် သူမသည် ဖုန်းကိုထုတ်ကာ ထန်ယီနှင့်WeChat ပေါ်တွင် စကားပြောထားသည့် ချက်တ်ကို ဖွင့်ကာ “တောင်းပန်ပါတယ် ဟူသော စကားလုံးသုံးလုံးကို ရိုက်ထည့်လိုက်သော်လည်း အချိန်အတော်ကြာအောင် မပို့ပဲ နေနေလေသည်။

 

 

ရလဒ်အနေဖြင့် ထန်ယီ၏အမည်အောက်တွင် တစ်ဖက်မှ စာရိုက်နေသည့် ပုံစံကို သူမမြင်လိုက်ရသည်...

ထန်ယီက တစ်စုံတစ်ခုပေးပို့လာမည့်အချိန်ကို စောင့်မျှော်ရင်း သူမ အသက်ရှုကြပ်သွားခဲ့သည်။ နောက်ဆုံးတွင် ထန်ယီသည် စာတစ်လုံးတောင် မပို့တော့ပဲ စာရိုက်နေသည့်ပုံလေး ပျောက်သွားသည်။

 

 

အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် သူမသည် ထိုစကားလုံးသုံးလုံးကို အရင်ပို့လိုက်သည်။

 

 

တစ်ဖက်မှာ စာထပ်မရိုက်တော့သလို ထန်ယီသည် သူမကို အကြောင်းမပြန်တော့ပေ။ သူမသည် ကုတင်ပေါ်တွင်ထိုင်ကာ စခရင်မှောင်ကျသွားချိန်မှ ဖွင့်ကြည့်လိုက်သည်။ ဆယ်မိနစ်ကျော်ကြာအောင် စောင့်ပြီးနောက် ထန်ယီဆီမှ စာပြန်ခြင်းမရှိတော့သဖြင့် သူမသည် နောက်ဆုံးတွင် ဖုန်းကို ဘေးဖယ်ထားလိုက်သည်။

 

 

သို့သော်လည်း သူမမှာ မနေနိုင်ပဲ ခဏအကြာတွင် ဖုန်းကို ထုတ်ကြည့်ကာ သူမ၏ နာမည်ကို ရှာဖွေလိုက်ရာ Weibo ပေါ်တွင် နာမည်ကြီးနေသည်ကို တွေ့လိုက်ရပြီး ဒေါသအလွန်ထွက်ပြီး မေ့လဲသွားလေသည်။

 

 

သူ့စိတ်ထဲ စွဲနေတယ် - ယွင်ကျန့်က ကျွန်တော်မြင်ဖူးသမျှထဲမှာ အရှက်မရှိဆုံး ဒါရိုက်တာပဲ။ သူ့ကို ကြည့်ရင်တော့ သာမာန်ပုံပေါက်ပေမဲ့ သူ့ကိုယ်သူ တော်တော်လှတဲ့ ဒါရိုက်တာတစ်ယောက်ပဲလို့ အရှက်မရှိ လုပ်ပြနေသေးတယ်လေ။ နောက်ကျတော့ ကျော်ကြားမှုတွေ၊ ငွေတွေ အများကြီးရလာပြီး ဂျူနီယာတစ်ယောက်ကို ခေါ်လာနိုင်ခဲ့တယ်။ အရင်က လုပ်ဖော်ကိုင်ဖက်ကို ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အပြစ်ကင်းသလိုဟန်ဆောင်ပြီး ကမ္ဘာပေါ်တွင် သူကသာ အနာကျင်ရဆုံးသူဖြစ်နေသလိုမျိုး နောက်တစ်ခါ ခေါင်းပြန်ထောင်ချင်နေတာလေ။ သူက ထန်ယီကို ပံ့ပိုးနေတာမဟုတ်ဘူး၊ အဲ့ဒါတောင် သူ့ရဲ့ဒရာမာတွေကို ဆက်ပြီး ရင်းနှီးမြှုပ်နှံကြမလို့လား? တကယ်ပဲ သူ့ကိုယ်သူ ဆယ်လီတွေကို သင်ပြပေးတဲ့သူလို့ ထင်နေတာလား။ အသည်းနှလုံးမရှိတဲ့ မိန်းမများလား မသိဘူး။ နှစ်များစွာကြာတာတောင် ယွင်ကျန့်ဖက်က အဲ့လိုအချိုးမျိုးပဲ ဆက်ချိုးနေပြီး တောင်းပန်တာမျိုး မရှိခဲ့ဘူး။ ခုတော့ ထန်ယီရဲ့ ကျေးဇူးသိတတ်မှုကို အခွင့်ကောင်းယူပြီး အနုပညာနယ်ပယ်က အအောင်မြင်ဆုံးထန်ယီကိုမှ အနိုင်ကျင့်ချင်နေတာလေ။

 

 

ယွင်ကျန့်သည် လုံးလုံးပြိုလဲကျသွားကာ အိမ်တွင်ထိုင်လျက် ဖုန်းကို မျက်နှာကြည့်နေပြီး သူမသိသည့် အဆိုးဆုံးသော ကျိန်ဆဲသည့်စကားများဖြင့် အော်ဟစ်ငိုယိုကာ တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားသည်။

 

 

သုံးနှစ်ကြာပြီးသည့်တိုင် သူမသည် နောက်ဆုံးတော့ ဤလောကထဲသို့ ပြန်ခေါင်းဖော်နိုင်ပြီဟု ထင်ခဲ့သော်လည်း မဟုတ်ခဲ့ပေ။

 

 

သူမသည် ထင်သလောက် မသန်မာခဲ့ပါ။

 

 

ထိုအချိန်တွင် ဖုန်းမှ အချက်ပေးသံမြည်လာကာ ယွင်ကျန့်သည် ဖုန်းကို ယူကြည့်လိုက်ရာ မုန့် မုန့်မုန့်က မက်ဆေ့ဂျ်ပို့ထားသည်ကို တွေ့လိုက်ရသည်။

 

 

မုန့် မုန့်မုန့်- [ရုပ်ပုံ]

 

 

မုန့် မုန့်မုန့်- ထန်ယီက Weibo မှာ ပိုစ့်တစ်ခုတင်ထားတယ်။

 

 

မှန်ပါသည်။ အာရုံစိုက်မှုအနည်းငယ်ရရှိခဲ့ပြီး လူတော်တော်များများက ဒါဟာ အတုအယောင်ဖြစ်လွန်းဆိုသော အရှုပ်တော်ပုံအကြောင်းဖြစ်သည်။ ထန်ယီကလည်း ၎င်းကို ဖြေရှင်းရန်အတွက် Weibo တွင် တင်ခဲ့သည်။ ဤဖြေရှင်းချက်သည် သမီးရည်စားဆက်ဆံရေးအကြောင်းမဟုတ်ပဲ အခြားအရာများအကြောင်းသာဖြစ်သည်။ မိနစ် အနည်းငယ် ကြာပြီးနောက် ပို့စ်တစ်ခုသည် “ပေါက်ကွဲစေသော Weiboပိုစ့်တစ်ခု ဖြစ်လာခဲ့သည် ။

 

 

ထန်ယီ - သူ့ရဲ့ အကျင့်စရိုက်ကို ကျွန်တော်ယုံကြည်တယ်။ သူမ မလုပ်ခဲ့တဲ့အရာအတွက် တောင်းပန်စရာလိုလို့လား။