အပိုင်း ၇
Viewers 691

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၇

 

 

 

နှစ်ယောက်သား ကိုယ်ဟန်အနေအထားကို ချိန်ညှိပြီးနောက် ယွင်ကျန့်က ထန်ယီ၏ ခန္ဓာကိုယ်အပေါ်ပိုင်း ကိုယ်ဟန်အနေအထားကို ထိန်းထားရန် သင်ကြားခဲ့သော်လည်း နားမလည်ခဲ့ပေ။ သူတို့သည် သူတို့နှစ်ယောက် ခန္ဓာကိုယ်နှစ်ခုစလုံးကို မှန်ထဲ၌ ချိန်ညှိကာ လှည့်ပတ်ကြည့်ပြီး ပိုမိုကောင်းမွန်သော ထောင့်အနေအထားကိုရအောင် ကင်မရာမှန်ဘီလူးကို မည်သို့အသုံးပြုရကြောင်း ထန်ယီအား ရှင်းပြခဲ့သည်။

 

 

ထို့အပြင် သူမက ထန်ယီကိုလည်း အကြံဉာဏ်ပေးခဲ့သေးသည်။

 

 

ဥပမာ ထန်ယီက မည်သို့အမူအရာမျိုး လုပ်ပြသင့်ကြောင်း၊ ဇာတ်ကောင်၏ စိတ်ထားမှာ မည်သို့ပုံစံရှိကြောင်းကို ရှုထောင့်အမျိုးမျိုးကနေ ခွဲခြမ်းစိတ်ဖြာပြီး ပြောပြနေသည်။

 

 

ဒီလိုဆိုရင်တော့ မဆိုးပါဘူး၊ ရှင်ရောဘယ်လိုထင်လဲ  ယွင်ကျန့်က သူ့ကို မေးလိုက်သည်။

 

 

ထန်ယီက အတော်လေး သက်တောင့်သက်သာ ပွေ့ဖက်ထားသည်ဟု ခံစားမိသောကြောင့် “အင်း ဟု ခေါင်းညိမ့်ပြလိုက်သည်။

 

 

ထို့နောက် ယွင်ကျန့်က သူ့ဖုန်းကို ထုတ်ပြီး မှန်ထဲမှ သူတို့နှစ်ယောက်ပုံကို ဓာတ်ပုံရိုက်လိုက်ပြီးနောက် ထန်ယီ၏ ရင်ခွင်ထဲမှ ထွက်သွားလေသည်။

 

 

သူသဘောမတူခဲ့ပေ...

 

 

ထန်ယီသည် အံ့အားသင့်သွားကာ ယွင်ကျန့်မှာ သူ့ရင်ခွင်ထဲက ထွက်ခွာသွားသည်ကို ဖျတ်ခနဲကြည့်လိုက်သည်။

ထန်ယီသည် ဖုန်းဖြင့် ဂိမ်းကစားနေစဉ် ထန်ယီထံ ဓာတ်ပုံပေးပို့ပြီးနောက် ယွင်ကျန့်မှာ မီးဖိုချောင်ထဲသို့ ထပ်မံဝင်သွားခဲ့သည်။ သူမသည် အပူမပေးပဲ စား၍ရသော ဟင်းတစ်ပန်းကန် လုပ်ရန်အတွက် သခွားသီးများကို အတုံးများဖြစ်အောင် ထပ်မံလှီးလိုက်လေသည်။

ယွင်ကျန့်သည် သူမ၏ ကောင်းမွန်သော ဟင်းချက်လက်ရာကြောင့် ကျော်ကြားခဲ့ဖူးသည်။

 

 

ရုပ်ရှင်ရိုက်ခဲ့စဉ်တုန်းက အဖွဲ့သားများက အစားအသောက်ကို တာဝန်ယူလေ့ရှိသည်။ သရုပ်ဆောင်များနှင့် ဝန်ထမ်းများအကြားကွာခြားချက်အရ ထမင်းဘူး၏ အဆင့်မှာ သုံးဆင့် သို့မဟုတ် ခြောက်ဆင့် သို့မဟုတ် ကိုးဆင့်ခန့် ရှိတတ်ကြသည်။

 

 

အများအားဖြင့်တော့ ထိုထမင်းများစားရသည်ကို ငြီးငွေ့တတ်ပြီး မီးဖိုသေးသေးလေးနှင့် ချက်စားချင်မိသည်။  ယွင်ကျန့်က စိတ်အခြေအနေကောင်းသောအခါ အဖွဲ့သားများအတွက် အရသာရှိသည့် စားစရာတစ်ခုခုလုပ်ပေးတတ်သည်။

 

 

ယွင်ကျန့်မှပြုလုပ်သောဟင်းလျာများကိုစားဖူးသူများမှ ယွင်ကျန့်၏ လက်ရာမကောင်းဘူးဟူ၍ ပြောသံကို တစ်ခါမှ မကြားရပေ။

 

 

တစ်ခုတည်းသောနောင်တမှာ ယွင်ကျန့်သည် စပ်သောအစားအစာများကို မစားခြင်းဖြစ်သည်။

 

 

အစပ်ဟင်းများကို မကြိုက်သည့်အတွက် အစပ်ဟင်းများက အလွန်ကောင်းသည်ဟု မထင်တတ်ပေ။

 

 

အစပ်ဟင်းကြိုက်သူများအဖို့ ယွင်ကျန့်ဆီသို့ရောက်လာသောအခါ အလွန်စိတ်မကောင်းဖြစ်ရသည်။ ထန်ယီသည်လည်း အစပ်ကြိုက်တတ်သည်။

 

 

အစပ်ကြိုက်သော မျိုးနွယ်ဝင်တစ်ယောက်ပင် ဖြစ်သည်။

 

 

ယွင်ကျန့်ပို့လိုက်သော ဓာတ်ပုံကို ကြည့်ပြီး ထန်ယီက “မင်းဘာလို့ ပုံမှာ စိန်လိုလက်နေတဲ့ effect တွေ ထည့်သုံးနေသေးတာလဲ  ဟုမေးလိုက်သည်။

 

 

ယွင်ကျန့်သည် ထန်ယီ၏ ဓာတ်ပုံကို ပို့မပေးမီတွင် သူမသည် သူ့မျက်နှာပေါ်တွင် ထိုeffectကို ထည့်ရန် ဓာတ်ပုံ ပြုပြင်သည့်ဆော့ဖ်ဝဲကို အသုံးပြုပြီးနောက် ထန်ယီဆီပေးပို့ခဲ့သည်။

 

 

လိုလိုမယ်မယ် ထည့်ထားတာ ယွင်ကျန့်က ပြန်ဖြေလိုက်သည်။

 

 

အတင်းအဖျင်းပြောခံရမှာကြောက်လို့လား

 

 

ဒီအသိုင်းအဝိုင်းထဲက ရှင်နဲ့အရှုပ်တော်ပုံတွေကို မမျှဝေချင်တဲ့သူတွေအတွက်ကတော့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပါမှာကြောက်တယ်လေ၊  ကျွန်မကိုလည်း နောက်ကနေ စောင့်ကြည့်နေတဲ့သူတွေရှိနေတော့ ဒီလိုလုပ်တာက ကျွန်မ ဒရာမာအသစ်အတွက် ကောင်းမယ်ထင်တယ်။ ဆဲဆိုကြိမ်းမောင်းတာဆိုရင်တောင် အာရုံစိုက်ခံရနိုင်တယ်လေ  ယွင်ကျန့်က ပြန်ပြောလိုက်သည်။ တိမ်တွေက ပေါ့ပါးစွာ ရွေ့လျားနေပြီး လေညင်းလေးများ တိုက်ခတ်နေသော်လည်း သူမ လုံးဝ ဂရုမစိုက်ပေ။

 

 

နှစ်အနည်းငယ်ကြာအောင် ထိုအသိုင်းအဝိုင်းထဲမှာ ကျင်လည်ခဲ့သော ဝါရင့်သော သူတစ်ယောက်အနေနှင့် ထိုစကားများကို ပွင့်ပွင့်လင်းလင်း ပြောတတ်လေသည်။

 

 

အတင်းအဖျင်း ထင်ကြေးပေးခြင်းသည် အရိုးရှင်းဆုံးဖြစ်သော်လည်း အထိရောက်ဆုံး ထင်ကြေးပေးသည့်နည်းလမ်းဖြစ်သည်။

 

 

ဖောက်ပြန်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် မူးယစ်ဆေးသုံးပြီး အကြမ်းဖက်မှုစသည့် သတင်းများသည် တီဗီစခရင်ကို လွှမ်းမိုးနိုင်သည့် သေချာပေါက် အကျော်ကြားဆုံးသတင်းများ ဖြစ်သည်။

 

 

သို့ပေမယ့် ထိုသတင်းများမှာ အချိန်အတိုင်းအတာ တစ်ခုအတွက်သာ ရှင်သန်နိုင်ပြီး နောက်ပိုင်းမှာ အနုပညာရှင်၏ ဂုဏ်သတင်းမှာ ညစ်ညမ်းသွားပြီး သူ့ကုမ္ပဏီက ထိုအရာများကို လိုက်ဖြေရှင်းပေးမည် မဟုတ်ပေ။

 

 

သို့သော် အတင်းအဖျင်းများကမူ မတူချေ။ လူတိုင်းက ၎င်းကို အာရုံစိုက်နေကြပြီး ၎င်းသည် လျှင်မြန်စွာ သတင်းခေါင်းကြီးပိုင်းနှင့် နာမည်ကြီးသော ရှာဖွေမှုတစ်ခု ဖြစ်လာနိုင်သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ သတင်းရင်းမြစ်အချို့ပါရှိပြီး အခြားပါတီက အမီလိုက်နေဆဲဖြစ်တတ်ကာ ထိုအကြောင်းအရာကို ဖော်ထုတ်ချင်သည့် စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးလေ့ရှိသည်။

 

 

နှစ်ဖက်ပရိတ်သတ်များမှာ သဘောထားကွဲလွဲကာ ရန်ဖြစ်ကြပြီး ထိုရန်ဖြစ်သည့်နေရာမှာပဲဖြစ်ဖြစ် ပွဲရှာသူများကို ဆွဲဆောင်ပါလိမ့်မယ်။

 

 

ပွဲစားကုမ္ပဏီသည် ထိုအရာမှာ ၎င်း၏အောင်မြင်မှုဖြစ်လာပြီး နှစ်သက်စွာ ပျော်ပျော်ကြီး ကြည့်နေတတ်သည်။ ထိုအခြေအနေကို အကောင်းမြင်စိတ်မရှိပါက စျေးကွက်ကို ထိန်းချုပ်လိုက်လျှင် ပြေလည်သွားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လမ်းခွဲခြင်းသတင်းကို ပြန့်သွားအောင် မလုပ်ဖို့နှင့် အချိန်အနည်းငယ်ကြာလာသောအခါ လူတိုင်းက လက်ခံလာကြမည်ဖြစ်ပြီး စုံတွဲအားပေးသော ပရိသတ်များလည်း တဖြည်းဖြည်း ပေါ်လာပါမည်။

 

 

ထိုသို့ဖြစ်လာသောအခါ အရာအားလုံးက အပူတပြင်းများ ဖြစ်လာကြလိမ့်မည်။

 

 

ဖျော်ဖြေရေးနယ်ပယ်က ဘာကို အားကိုးနေသလဲ။

ထိုအပူအပြင်းအရာများအပေါ် မူတည်နေသည်။

နေရာတော်တော်များများက ထိုအရာများကို အသုံးပြုလိုစိတ်ရှိကြသည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း ထိုအရာများမှာ အသုံးပြုရလွယ်သည်။

 

 

ဒရာမာအသစ်ထွက်တော့မည်၊ ထိုသို့ ဂယက်များ ထလိုက်ကြစို့။ အယ်လ်ဘမ်အသစ်ထွက်တော့မည်၊ ဂယက်များ ထလိုက်ကြစို့။

 

 

လိုက်ဖ်ရှိုးပွဲစတော့မယ် ၊ ဂယက်များ ထလိုက်ကြစို့။

reality showမှာ ပေါ်လာတော့မယ်၊ ဂယက်များ ထလိုက်ကြစို့။

 

 

ဒါဆို မင်းက အဲ့လိုeffectတွေ သုံးတုန်းလား ထန်ယီက သူ့လက်ကိုင်ဖုန်းကို လှုပ်ခါရင်း မေးလိုက်သည်။

 

 

ယွင်ကျန့်နှင့်အတူ တစ်ခါမှ ဓါတ်ပုံမရိုက်ဖူးသည့်အတွက်  မူရင်းပုံလိုချင်သော်လည်း  သူတကယ်စိတ်မကောင်းဖြစ်ခဲ့ရသည်။

 

 

ကျွန်မက နာမည်ပျက်ရှိဖူးတော့ ရှင့်ကို အလွယ်တကူ ထိခိုက်စေလိမ့်မယ်  ယွင်ကျန့်က ပြန်ဖြေလိုက်သည်။

 

 

ထန်ယီ နှုတ်ဆိတ်သွားသည်။ ထိုစားပွဲမှာထိုင်ရသည်မှာ စိတ်မကောင်းဖြစ်မိသည်။ ဓာတ်ပုံကို သူ့ဖုန်းထဲတွင် သိမ်းဆည်းပြီးနောက် သူကဟင်းပန်းကန်ကိုကြည့်ကာ “ငရုတ်သီး ဒါမှမဟုတ် ဆော့စ်စပ်စပ်လေးထည့်ပေးလို့ရလား ဟုမေးလိုက်သည်။

 

 

ယွင်ကျန့်သည် ထိုအေးစက်စက် စားစရာများကို ရောမွှေပြီး ထမင်းယူလာကာ ခေါင်းညိမ့် သဘောတူလိုက်သည်။

 

 

သူ မစဉ်းစားပဲမနေနိုင်၊ သူမက သူ့ကို ဆက်ဆံပုံမှာ တကယ်ကို ကွဲပြားနေသည်။ အရင်ကဆိုလျှင် ယွင်ကျန့်က “ငါအဲ့လိုစားရတာကြိုက်တယ် နင့်ဘာသာ စားချင်စား မစားချင်နေ ဟုသာ သေချာပေါက်ပြန်ပြောလိမ့်မည်။

 

 

ခဏအကြာတွင် ယွင်ကျန့်သည် ငရုတ်သီးခြောက်များကို အစိတ်စိတ်အမွှာမွှာ လှီးဖြတ်ပြီး ၎င်းတို့ကို ယူလာခဲ့သည်။ ကျန့်ကျင်းယု ယူလာသော ငရုတ်သီးခြောက်များပင်ဖြစ်သည်။ သူမမိသားစုက ထိုသို့စားစရာများကို ဘယ်တော့မှ မပြင်ဆင်ဖူးပေ။

 

 

ထို့နောက် ထန်ယီ၏မျှော်လင့်ချက်အကြည့်အောက်တွင် ယွင်ကျန့်သည် ထန်ယီ၏ ထမင်းပန်းကန်ထဲသို့ ငရုတ်သီးအနှစ်များကို လောင်းချလိုက်သည်။

 

 

သူ ခေါင်းငုတ်ကာ ထမင်းပေါ်ရှိ ငရုတ်သီးအနှစ်အလွှာကို ကြည့်လိုက်ရာ သူ့အမူအရာက အံ့ဩစရာဖြစ်သွားသည်။

 

 

သူသည် ထမင်းပေါ်ခရမ်းချဉ်သီးအနှစ်နှင့် နှမ်းစေ့များ တင်ထားသည်ကို မြင်ဖူးပြီး ငရုတ်သီးအနှစ် တင်ထားသည်ကို တစ်ခါမှ မတွေ့ဖူးပေ။

 

 

bibimbapကို စားလိုက်ပါဦး ယွင်ကျန့်က ပြောကာ တူများကို ကောက်ကိုင်လိုက်ပြီး သူမဘာသာ စားနေသည်။ (bibimbap-ကိုရီးယားထမင်းသုပ်)

 

 

ထန်ယီသည် ငရုတ်သီးအနှစ်ကို သွန်ထည့်လိုက်လျှင် အရှက်မရှိသလို ဖြစ်သွားမည်ဖြစ်သောကြောင့် မသွန်ထည့်တော့ပဲ ငရုတ်သီးအနှစ်ထုပ်ကို ကိုက်လိုက်ပြီး ထမင်းနှင့် ရောကာ “မင်း ဒီနည်းနဲ့ တခြားသူတွေကို မကြာခဏ ပြန်ပြောတတ်လား

 

 

ယွင်ကျန့်သည် ထိုသို့အရာများကို သတိမထားမိတတ်ကြောင်း ထန်ယီ အမြဲတမ်းလိုခံစားမိ ပြီး သူမေးသည်ကို အလွယ်တကူ ဖြေလိမ့်မည်ဟု ထင်နေသည်။

 

 

ဟုတ်တယ် ယွင်ကျန့်က ပြန်ဖြေလိုက်သည်။

 

 

ဒါက... ရှင်ထင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့လား ယွင်ကျန့်က တစ်ခုခုကို တွေးနေပုံရပြီး သူမကိုယ်သူမ စိတ်ပါလက်ပါ ပြောဆိုခဲ့သည် - “ဟုတ်ပါတယ်၊ ဒါရှင်နဲ့တော့ မဟုတ်ဘူး၊ တကယ်တော့ ဒါရိုက်တာဆိုတာက အချိန်အတော်ကြာပြီး လုပ်ရပြီးတော့ ဇာတ်လမ်းမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ရတာတွေ ရှိတယ်၊ အဲ့ဒါက ပြဿနာမရှိပါဘူး။ ရှင် သိပါတယ်။ မြို့တော်ကြီးက ဘယ်လိုမျိုးလဲဆိုတာ၊ ရှင့်ရဲ့မျက်နှာတန်ဖိုးနဲ့ ရှင့်ရဲ့အကြံဉာဏ်တွေနဲ့ ပန်းတိုင်တွေကြောင့်သာ မဟုတ်ရင် ဒီလိုနေရာမျိုးမှာ ရှင်သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး

 

 

အိုး ထန်ယီသည် ငရုတ်သီးအနှစ်နယ်ထားသော ထမင်းကို တစ်လုတ်စားလိုက်သည်။

 

 

ကျွန်မကလည်း ပြတ်သားခိုင်မာတဲ့ ဒါရိုက်တာတစ်ယောက်ပဲ။ တခြားသူတွေနဲ့မတူပဲ ကျွန်မ့မှာလည်း ကျွန်မရဲ့ကိုယ်ပိုင်မူ ကိုယ်ပိုင်စည်းကမ်းတွေရှိတယ်။မေတ္တာအတွက် စွမ်းအားတွေ ဖန်တီးနေတာပါ။ လူသစ်ပဲဖြစ်ဖြစ်၊ လူဟောင်းပဲဖြစ်ဖြစ်၊ ကျွန်မကတော့ ဒီအတိုင်းပဲ ဆက်ဆံတယ်။ ကျွန်မနဲ့အတူ သရုပ်ဆောင်ရင် အများကြီး သင်ယူနိုင်တယ်။ နောက်ကျရင် ပြဿနာတစ်ခုခု ကြုံလာခဲ့ရင် ကျွန်မဆီ လာခဲ့လို့ရပါတယ်

 

 

ဇာတ်ညွှန်းကို ပြောင်းလိုက်လို့ရလား

 

 

ပြောင်းလို့ရပါတယ်၊ ဘယ်လိုမျိုးပြောင်းချင်လို့လဲ

 

 

မင်းရဲ့ စည်းကမ်းတွေကရော ဘာတွေလဲ

 

 

ယွင်ကျန့်က ဂရုမစိုက်သည့်ပုံဖြင့် ပြုံးပြီး ပြန်ပြောလိုက်သည် “ကျွန်မရဲ့ စည်းကမ်းကတော့ ရှင်တစ်ခုခုဇာတ်ညွှန်းကိုပြောင်းလိုက်တာရှိရင် ကျွန်မကို ပြရမယ်၊ မဟုတ်ရင် ရှင့်ကို သင်ပြပေးလို့ရမှာ မဟုတ်ဘူး

 

 

တကယ်တမ်းတော့ သရုပ်ဆောင်များအတွက် ဇာတ်ညွှန်းများကိုပြောင်းကြသည်မှာ ဖြစ်နေကျကိစ္စများပင် ဖြစ်သည်။

 

 

တစ်ခါတရံတွင် အမျိုးသမီးဒုတိယဇာတ်ကောင်၊ အမျိုးသမီးတတိယဇာတ်ကောင်၊ အမျိုးသားဒုတိယဇာတ်ကောင်၊ အမျိုးသားတတိယဇာတ်ကောင်နှင့် အခြားဇာတ်ကောင်များသည် ဇာတ်ဆောင်ထက် သာလွန်နေသည် သို့မဟုတ် ဇာတ်ဆောင်ထက် ရိုက်ကွက် သုံးကွက်လောက်ပိုများတတ်ပြီး ၎င်းတို့သည် ဇာတ်ဆောင်ထက် ပရိသတ်ပိုများကြောင်း တစ်ခါတစ်ရံ သင်ကိုယ်တိုင် မြင်တွေ့နိုင်သည်။ ဇာတ်ညွှန်းရေးသူကို အပြစ်မတင်ပါနှင့်၊ ရင်းနှီးမြှုပ်နှံသူများကိုသာ အပြစ်တင်ရပေမည်။

 

 

မြင်ကွင်းရိုက်ကွက်များကို လုတတ်သူများသည် ထိုသို့ဖြစ်နိုင်ခြေရှိသည်များမှာ အင်အားကြီးသော စီးပွားရေးကုမ္ပဏီ သို့မဟုတ် အဆက်အသွယ်ကောင်းကွန်ရက်တစ်ခုရှိနေသောကြောင့် ဖြစ်သည်။ အနုပညာရှင်၏ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် သို့မဟုတ် အခြားအကြောင်းအမျိုးမျိုးကြောင့် သူတို့သရုပ်ဆောင်ရသော ဇာတ်ညွှန်းများကို ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်ခန့် ပြောင်းလဲပစ်ရမည်ဖြစ်ပြီး  ထိုသို့ပြောင်းလဲခြင်းသည် မူရင်းဇာတ်ညွှန်းနှင့် လုံးဝကွဲပြားသွားတတ်သည်။

 

 

တစ်ခါတရံမှာ ဇာတ်ညွှန်းရေးသူက အဖွဲ့သားများနောက်လိုက်ကြည့်နေသော်လည်း သူ့ဇာတ်ညွှန်းကို မည်သို့သရုပ်ဆောင်ပြီး နောက်ပိုင်းမည်သည့်အဆင့်များမှာ ပြန်ပြင်ထားသနည်းဆိုသည်ကို ထိုဒရာမာကို တရားဝင်ကြည့်ရှုမှသာ သူသိပေတော့သည်။

 

 

တစ်ခါက မုန့် မုန့်မုန့်က ယွင်ကျန့်ကို ဖုန်းဆက်ပြီး သူ့ဇာတ်ညွှန်းပြောင်းသွားပြီဟုပြောပြီး နှစ်နာရီကျော်ကြာအောင် ငိုခဲ့သည်။ သူမသည် မင်မင်းဆက်နှောင်းပိုင်းရုပ်ရှင်တစ်ကားလုံးကို ကြည့်ရှုခဲ့သော်လည်း မထုတ်လွှင့်မီတွင် များစွာပြောင်းလဲခဲ့သည်။

 

 

သူတို့သည် ဇာတ်လမ်းလှည့်ကွက်ကို လုံးဝ ဂရုမစိုက်ကြပေ။ ရှေ့ပိုင်းတစ်ပိုင်းလုံးနှင့် ဇာတ်ကွက်အသေးစိတ်များကို လုံးဝတည်းဖြတ်လိုက်ပြီး လုံးဝမထုတ်လွှင့်ခဲ့တော့ပေ။

 

 

Netizens(အင်တာနက်အမြဲသုံးစွဲသူများ သို့မဟုတ် အင်တာနက်ပေါ်ကဆရာကြီး)များက ထိုအရာကို ဂရုမစိုက်ကြပေ၊ သူတို့အားလုံးက ဇာတ်ညွှန်းရေးသူကို တိုက်ခိုက်ခဲ့ကြပြီး မုန့်မုန့်၏ Weibo အကောင့်တွင်တောင် ကျိန်ဆဲခဲ့ပြီးနောက် သူမနာမည် ကိုတွေ့ပြီး ပြောခဲ့ပါသေးသည်။ မုန့်မုန့်သည် ဇာတ်ညွှန်းရေးသူ၏ ဦးနှောက်ပျက်စီးမှုကြောင့် စိတ်ဓာတ်ကျလုနီးပါးဖြစ်ခဲ့ရသည်။

 

 

ယွင်ကျန့်သည် အလွန်စည်းကမ်းရှိသော ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမ၏ ဇာတ်ညွှန်းကို ပြောင်းချင်သလိုပြောင်းလဲခွင့် လုံးဝမရှိပေ။

 

 

ယခုမူ သူမ၏ ဂုဏ်သိက္ခာသည် ထပ်ခါထပ်ခါ ကျဆင်းသွားခဲ့ပါသည်။

 

 

ထန်ယီသည် ယွင်ကျန့်အတွက် အနည်းငယ် နာကျင်မှုကို ခံစားလိုက်ရသည်။ ယွင်ကျန့်သည် ယခင်ကနှင့် မတူကြောင်း သူအမြဲတမ်း ခံစားမိသည်။

 

 

ရုပ်ရှင်အကြောင်းပြောသည့်အခါ ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများ နှင့် အရောင်တောက်လာသောမျက်လုံးများလည်း ရှိနေသေးသည်။ စပွန်ဆာအသစ်ကြောင့် ယွင်ကျန့်သည် ယုံကြည်မှုပိုရှိလာပြီး ရိုက်ကူးမည့်နေရာကို ချက်ချင်းသွားရောက်စစ်ဆေးခဲ့သည်။

 

 

ဇာတ်ဝင်ခန်းတိုင်းကို အကောင်းဆုံးဖြစ်အောင် သူမနှင့် ဇာတ်လမ်းရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းများသည် အကောင်းဆုံး ရိုက်ကူးမည့်နေရာကို ရှာမတွေ့မချင်း အချိန်တစ်ခုကြာသွားသည့်တိုင် ခရီးထွက်သွားကာ ထိုနေရာမှမပြန်မီ ငှားရမ်းခနှင့် အချိန်ကိုလည်း ညှိနှိုင်းခဲ့ကြသည်။

 

 

ရလဒ်အနေနှင့် ဇာတ်ညွှန်းပြောင်းသွားသည်ဟုပြောခဲ့ပြီး ထန်ယီ၏ ကိုယ်ပိုင်ဗီလာအိမ်ကို ရောက်လာသူများမှာ မုန့် မုန့်မုန့်နှင့် ထုတ်လုပ်သူသာ ဖြစ်ပေသည်။

 

 

ထန်ယီသည် ယွင်ကျန့်ကို တွေ့နိုင်မည်ဟု တွေးထင်သွားခဲ့သည်။ သူသည် ၃ ရက်အတွင်း မြို့ကြီး ၄ မြို့သို့ လေယာဉ် ၆ စင်းဖြင့် ပျံသန်းခဲ့ပြီး နောက်ဆုံးတွင် ညတွင်းချင်း ဤနေရာသို့ အမြန်ပြန်လာခဲ့သည်။ သူသည် ယွင်ကျန့်နှင့် ဇာတ်ညွှန်းအကြောင်းကို လူချင်းတွေ့ပြီး ပြောပြချင်ခဲ့သည်။

 

 

ရလဒ်များကို အကြိမ်ကြိမ် အတည်ပြုပြီးနောက် သူ့ဆီရောက်ရှိလာသူမှာ အခြားသူတစ်ဦးဖြစ်ခဲ့သဖြင့် ရုတ်တရက် စိတ်ပျက်သွားခဲ့သည်။

 

 

ဤလူနှစ်ယောက်က ဒီလိုမျိုးကိစ္စအတွက် တကယ်ပဲ တာဝန်ရှိသည်ဟူသော အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိပေမယ့်... ထန်ယီအတွက်ကတော့ သိပ်အဆင်မပြေပေ။

 

 

မုန့် မုန့်မုန့်သည် ရေကူးကန်ဘေးရှိ ကုလားထိုင်ပေါ်တွင် စိတ်မကောင်းဖြစ်နေသော ပုံစံဖြင့်ထိုင်နေသည့် ထန်ယီ၏စိတ်ပျက်မှုကို သတိပြုမိပြီး ကျန့်ကျင်းယုအား ဇာတ်ညွှန်းကို မည်သို့ပြောင်းလဲဖို့ မေးနေသည်။

 

 

ထုတ်လုပ်သူသည် ထန်ယီနှင့် စကားစမြည်ပြောလိုသော်လည်း နောက်ဆုံးတွင် မန်နေဂျာကျန်းက လက်ဖက်ရည်သောက်ရန် ဖိတ်ကြားခဲ့သောကြောင့် အိမ်ထဲသို့ လိုက်သွားခဲ့လေသည်။

 

 

ကျွန်တော် ခင်ဗျားအတွက် ထီးရွှေ့ပေးမယ် ကျန်းကျင်းယုက မုန့် မုန့်မုန့်ကို ကူညီပြီး ထီးကိုရွှေ့ပေးလိုက်သည်။ မဟုတ်လျှင် မုန့် မုန့်မုန့်၏ လက်ပ်တော့သည် နေရောင်ထဲတွင် မျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာ မမြင်နိုင်ပေ။

 

 

ကျေးဇူးပါရှင် မုန့် မုန့်မုန့်သည် ထန်ယီမှာ စိတ်အခြေအနေမကောင်းကြောင်းကိုလည်း မြင်လိုက်ရသောကြောင့် သူမသည် အလွန်အပြစ်ရှိသလို ခံစားနေရပြီး အရာရာကို သတိထားနေလေသည်။

 

 

ငါပြောနေတယ်လေ မင်းမျက်နှာက ဘယ်လိုဖြစ်နေတာလဲ နီဇွန်က ရေကန်ဘေးမှာထိုင်ပြီး ရေကူးကန်ထဲမှာ ရေကူးနေသည့် ထန်ယီကို ကြည့်ရင်း မေးလိုက်သည်။

 

 

ထန်ယီက လုံးဝပြန်မဖြေပဲ ရေထဲမှာ ခန္ဓာကိုယ်ကို ပျော့ပြောင်းစွာ လှည့်ကူးနေကာ ရေကူးကန်အပြင်ဖက်ကို ရေစင်အောင်လုပ်ပြီးနောက် ရေပြန်ကူးသွားပြန်သည်။

 

 

နီဇွန်လည်း အနည်းငယ် ဒေါသထွက်သွားသည်။ သူက ထန်ယီကို ပျော်ပါးပြီးစကားပြောရန် လာရှာပေမယ့် ထန်ယီက မနက်စောစော ဆူပုတ်နေသော မျက်နှာထားနှင့် သူ့ကို စိတ်မချမ်းသာအောင် လုပ်လိုက်သည်။

 

 

ထန်ယီက သူ့အနားကို ကူးခတ်လာပြီး သူက ချက်ချင်းလက်ဆွဲပြီး ထန်ယီကို ရေထဲမှ ဆွဲထုတ်ရန် လုပ်လိုက်သည်။ “ငါမင်းကို တစ်ခုလောက်မေးချင်တယ်၊ ရှောင်ရဲက မင်းကိုတွေ့ဖို့လာတာကို မင်းငါ့ကို ဒီလိုဖျော်ဖြေနေရလား

 

 

မင်း တစ်ချိန်လုံး အလုပ်ရှုပ်နေတာမဟုတ်ဘူးလား ထန်ယီက မေးလိုက်သည်။

 

 

နီဇွန်က အမှန်တကယ်အလုပ်မများပေ။

 

 

အငြိမ်းစားအားကစားသမားများသည် လေ့ကျင့်ရန် မလိုအပ်ပဲ ယခုအလုပ်မှာ reality showများ ရိုက်ကူးခြင်းနှင့် ကြော်ငြာများရိုက်ကူးခြင်းတို့သာ ရှိပေသည်။

 

 

နီဇွန်ကို အသည်းအသန် တိုက်တွန်းလျှင် ပရဟိတပွဲများကိုပါ ခေါ်သွားလို့ရပေသည်။ တခြားအရာများထက်... နီဇွန်က လက်ဝှေ့ထိုးရုံကလွဲ၍ ဘာမှ မလုပ်တတ်ပေ။ “ငါကွာ မင်းရဲ့ ဆူပုတ်နေတဲ့ မျက်နှာကို သည်းမခံနိုင်တော့ဘူး၊ မင်းကို ဘယ်သူက ဒီလိုမျက်နှာထားဖြစ်သွားအောင် လုပ်လိုက်တာလဲ နီဇွန် က ဆက်ပြီး ဆန္ဒပြနေသည်။

 

 

စိတ်ထဲနေလို့မကောင်းလို့…”

 

 

ငါပြောတာက မင်းပုံမှန်လူတွေလိုဘဝကိုမနေတာကြာပြီ၊ ဒါကြောင့် မင်းမှာ endocrine ချို့ယွင်းတာတွေရှိနေတာလား။ မင်းပြောလို့ရပါတယ်၊ ငါက မင်းရဲ့သူငယ်ချင်းပဲလေ၊ မင်းလိုအပ်သလောက် မင်းအတွက် ငါ့ခြေထောက်တွေကို ကားထားပေးမယ်

 

 

ထန်ယီက နီဇွန်ကိုကြည့် ရင်း သူ့မျက်လုံးများက နီဇွန်ကိုစက်ဆုပ်ရွံရှာနေကြောင်းကို ဖုံးကွယ်မထားနိုင်ပေ။

 

 

နီဇွန်၏ ခန္ဓာကိုယ်သည် အတားအဆီးမဲ့ အရွတ်အသားများဖြင့် ပြည့်နှက်နေပြီး ကြွက်သား ၃၀၀ ကျော်သည် ငါးကြင်းလေးများ ခုန်ပေါက်နေသလိုမျိုး မိန်းကလေးများသည် ရင်ဘတ်လှုပ်နိုင်သလို သူသည် သူ့ကြွက်သားများကို လှုပ်နိုင်ပြီး ထိုအရာကို ဘယ်ယောကျာ်းမှ မလုပ်နိုင်ပေ။

 

 

တော်ပါ မင်းရဲ့ ဖင်ပေါက်က ကြွက်သားတွေအပြည့်ပဲဆိုတော့ ငါ့ပစ္စည်းလေးကို ပြတ်သွားမှာကို ငါတကယ်ကြောက်တယ် ထန်ယီက ငြင်းလိုက်သည်။

 

 

မင်းရဲ့သူငယ်ချင်းလေးက အရမ်းနုနယ်နေတာလား နီဇွန်သည် ခေါင်းမာသောသူတစ်ယောက်ပီပီ အလျှော့ပေးဖို့ ရည်ရွယ်ချက် လုံးဝမရှိပေ။

 

 

ထိုအချိန်တွင် ပျော့ပျောင်းသောအသံတစ်ခုထွက်လာသည်- “တကယ်တော့ ဖင်ပေါက်နားတစ်ဝိုက်က ကြွက်သားတွေက တကယ်ကို ဖွံ့ဖြိုးကြတယ်လေ

 

 

ထန်ယီတို့နှစ်ယောက်သားသည် တစ်ချိန်တည်းမှာပင် မုန့် မုန့်မုန့်ကို ကြည့်လိုက်သည်။ သို့သော် နီဇွန်သည် သူမစကားကြောင့် ကြောင်ပြီးရပ်မသွားပဲ ရေကန်ထဲသို့ ကျသွားလုနီးပါး ခွက်ထိုးခွက်လန်ရယ်မောနေခဲ့သည်။

 

 

ထိုပေါက်ကရပြောတတ်သော မိန်းကလေးကို ကြည့်လိုက်သည့်အခါ ထန်ယီမှာ ရုတ်တရက် ဘာမှပြောစရာမရှိအောင် ဖြစ်သွားပြီး ကျန့်ကျင်းယုကို သူ့အတွက် ရေကူးဘောကွင်းတစ်ကွင်း ယူလာပေးရန် ပြောလိုက်ပြီး နေရောင်အောက်မှာ နေပူဆာလှုံဖို့ အဝါရောင်ဘဲပုံစံဘောကွင်းဖြင့် ရေကူးကန်ထဲမှာ ပက်လက်လှဲလျောင်းနေခဲ့သည်။

 

 

သူများနှင့် မတူသောအရာတစ်ခုကို ရှာဖွေနေသကဲ့သို့ နီဇွန်သည် ကလေးငယ်များ ရေချိုးလျှင် ရေထဲသို့ပစ်ချသည့် အဝါရောင် ဘဲငယ်တစ်သိုက်ကို တွေ့သွားပြီး ထန်ယီနားတစ်ဝိုက် ပေါလောပေါ်နေစေသည်။

 

 

မုန့် မုန့်မုန့်သည် ဖုန်းကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ထန်ယီ၏ လက်ရှိ အခြေအနေကို ဓာတ်ပုံရိုက်ကာ ယွင်ကျန့်ဆီသို့ ပေးပို့လိုက်သည်-ပတ်ဝန်းကျင်အခြေအနေက နည်းနည်း ရှက်ဖို့ကောင်းပြီး လန့်စရာပဲ။

 

 

ရွတတကောင်မလေးလို မုန့် မုန့်မုန့်အတွက် အကြောင်းပြချက်ရှိသည်။ မုန့် မုန့်မုန့်သည် လူကြိုက်များသော တက်သစ်စ ရေပန်းစားနေသော အမျိုးသားတစ်ဦးကိုရေကူးဝတ်စုံနှင့်အတူ သူမအရှေ့တွင် တွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားနေသင့်သော်လည်း ထန်ယီနှင့် ဆက်ဆံပေါင်းသင်းရန်မှာ ခက်ခဲလွန်းလှသည်။

 

 

ထန်ယီ၏ ဖုန်းကို ရေစိုခံအိတ်ထဲတွင် ထည့်ကာ ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲထားသည်။ ဖုန်းက အချက်ပေးသံ ကြားလိုက်ပြီး သူက ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းထထိုင်ကာ ဖုန်းကိုဖိပြီး အသံမက်ဆေ့ချ်ကို နားထောင်ဖို့ နားထဲကို ထည့်လိုက်သည်။

 

 

ယွင်ကျန့်- “ရှင် စိတ်မကောင်းဖြစ်နေတယ်လို့ ကျွန်မကြားတယ် ရှင့်အတွက် သီချင်းဆိုပေးရမလား

 

 

ယွင်ကျန့်- “ဂိတ်ရှေ့က တံတားပေါ်ကနေ ရေထဲကို ဖြတ်သွားနေတဲ့ ဘဲတစ်အုပ်ရှိတယ်။ ရေတွက်ကြည့်။ နှစ်၊ လေး၊ ခြောက်၊ ခုနစ်၊ ရှစ် (သီချင်းဆိုနေခြင်းဖြစ်သည်)

 

 

ထန်ယီသည် ချက်ချင်းပင် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ယွင်ကျန့်ကို ရှာမတွေ့သဖြင့် သူက စာရိုက်ပြီး မေးလိုက်သည်-မင်းဒီမှာလား။

 

 

ယွင်ကျန့်က နောက်ထပ်မက်ဆေ့ဂျ်တစ်စောင် ပို့လိုက်သည်။ ယွင်ကျန့် -[ဓါတ်ပုံ]

 

 

ယွင်ကျန့်- “ကြည့်ပါဦး ကျွန်မရိုက်ကွင်းကိုရောက်နေတာ။ ကျွန်မလိုက်ရှာနေတဲ့နေရာက စိတ်ချရတယ်မဟုတ်လား ဇာတ်ညွှန်းပြောင်းပြီးတာကို စာရင်းပြုစုပြီးရင်တော့ ကျေးဇူးပြုပြီး စာချုပ်ချုပ်လိုက်ပါနော်

 

 

ထန်ယီက ဓာတ်ပုံကို ကြည့်လိုက်သည်။ ထိုပုံဟာ ဆယ်လ်ဖီပုံဖြစ်ပြီး နောက်ခံမြင်ကွင်းမှာ သက်ဝင်နေသော်လည်း ထိုနောက်ခံမြင်ကွင်းကို ကြည့်ဖို့ စိတ်မ၀င်စားပေ။

 

 

ဆယ်လ်ဖီ ...

 

 

ဟိုတလက်လက် effect တွေလည်း မပါဘူး!

 

 

နီဇွန်သည် သူ့ဘော်ဒါမှာ ရုတ်တရက် ပြန်လည်သက်သာလာသည်ကို တွေ့လိုက်ရသောကြောင့် မက်ဆေ့ချ်ပို့ခဲ့သူကို ကြည့်ရန် မတ်တတ်ရပ်လိုက်သော်လည်း ခေါင်းကို ထုတ်လိုက်သည်နှင့် ထန်ယီက သူ့ကို ရေထဲသို့ တွန်းချလိုက်သည်။