အပိုင်း
၆
ယွင်ကျန့်သည်
အသက်ပြင်းပြင်းရှူပြီးနောက် ဇာတ်ညွှန်းကိုကောက်ယူပြီး ထန်ယီကို မေးလိုက်သည်။ “ရှင်သရုပ်ဆောင်ရမဲ့
ဇာတ်ကောင်အကြောင်း စာဖတ်ပြတာက အသုံးဝင်လို့လား”
“ဘာပဲဖြစ်ဖြစ်၊ ဇာတ်ညွှန်းစာအုပ်ပေါ်မှာရှိတဲ့
ခေါင်းစဉ်ကနေ စဖတ်” ထန်ယီက ထိုသို့ပြန်ဖြေပြီးသောအခါ
သူသည် ဂိမ်းကို စကစားနေပြီဖြစ်ပြီး စခရင်ကို လက်ချောင်းဖြင့် အမြန်နှိပ်လိုက်သည်။
ဖုန်းရွှေအလှည့်သည်
တစ်ဖန်ပြန်လည်လာခဲ့သည်။ ဟယ်ဒုံတွင် အနှစ်၃၀နှင့် ဟယ်ရှီတွင် အနှစ်၃၀ လှည့်ပတ်သည်။
ဟိုအရင်ချိန်တုန်းက
ထန်ယီသည် လူသစ်တစ်ဦးဖြစ်ပြီး ဝါရင့်အော်ပရာကပြသူများနှင့် အပြိုင်သရုပ်ဆောင်ရသောအခါ
တစ်ဖက်ပြိုင်ဖက်၏ အရောင်အဝါဖြင့် လုံးဝဖိနှိပ်ခံခဲ့ရသည်။
ပရက်ရှာများလွန်းသည့်အတွက်
စိတ်လှုပ်ရှားလွယ်ခဲ့သည်။ သူသည် ပြောရမည့်စာကြောင်းများကို အကြိမ်ပေါင်းများစွာ မေ့သွားခဲ့ပြီး
တစ်ဖက်လူက ထိုစာကြောင်းများကို ပြောပြီးသွားသောအခါ သူသည် ဘယ်ကနေစပြောရမှန်း မသိဖြစ်နေတတ်သည်။
ယွင်ကျန့်သည်
ဒေါသအရမ်းထွက်သွားပြီး နားကြပ်ကိုပစ်ချကာ လူအများရှေ့ ရိုက်ကူးရေးနေရာကို လျှောက်လာခဲ့သည်။
သူမသည် ထန်ယီကို ဆွဲခေါ်သွားပြီး လျှောက်လာရင်း ကျိန်ဆဲနေသည်။
“မင်းအထဲဝင်ပြီး ဇာတ်ညွှန်းတွေကို
အလွတ်ကျက်၊ ခေါင်းစဉ်ကနေစကျက် ဇာတ်လိုက်ပဲဖြစ်ဖြစ် ဇာတ်ပို့ပဲဖြစ်ဖြစ် ဇာတ်လမ်းဇာတ်ကွက်အကုန်လုံး
ငါ့ကို ပြန်ပြောပြ၊ ဒါဟာတောင် ကောင်းကောင်းမလုပ်နိုင်ရင် မင်းက ဘယ်ဇာတ်ဝင်ခန်းတွေကို
သွားရိုက်မှာလဲ!”
ယွင်ကျန့်သည်
ထန်ယီကို အဝတ်အစားလဲခန်းတွင် သော့ခတ်ထားခဲ့ပြီး နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ မည်သူကိုမှ
သူ့အား အစားအသောက်များ ပေးပို့ခွင့်မပြုခဲ့ပေ။
ထိုနေ့အတွက်
ရိုက်ကူးရေးပြီးသွားသောအခါ ယွင်ကျန့်သည် ထိုအခန်းတွင် ထန်ယီကိုလာတွေ့ပြီး သူ့ဘေးတွင်
ငုတ်တုတ်ထိုင်ကာ “ဘယ်လိုလဲ၊ အဲ့ဒါဘယ်မှာလဲ”
ဟုမေးလိုက်သည်။
ထန်ယီသည်
ခုနက ငိုနေပုံရပြီး ယခုအချိန်တွင် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။ သူသည် ယွင်ကျန့်ကို
မျက်လုံးထဲတွင် မရေရာသောအမူအရာဖြင့် စိုက်ကြည့်ပြီးနောက် မှိုင်တွေသောအသံဖြင့် ဇာတ်ညွှန်းကို
စတင်ရွတ်ဆိုခဲ့သည်။
ယွင်ကျန့်က
လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖြတ်ပြောလိုက်သည်။ “ထွက်လာခဲ့ ပြီးတော့ ဒါသယ်သွား”
ထို့နောက်
ထန်ယီအား အဖွဲ့သားများမှ ယာယီတည်ဆောက်ထားသော မီးဖိုချောင်ရိုးရိုးသို့ ခေါ်သွားပြီး
ထန်ယီအတွက် ဟင်းချက်ပါဝင်ပစ္စည်းများနှင့် ဟင်းချက်နည်းများကို ရှာဖွေခဲ့သည်။
ထန်ယီသည်
ထိုနေရာမှာ ဇာတ်ညွှန်းကို အလွတ်ကျက်နေပြီး ယွင်ကျန့်က ထန်ယီအတွက် ချက်ပြုတ်နေသည်။ သူတို့နှစ်ယောက်စလုံးသည်
တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးပဲ ကိုယ့်အလုပ်ကို လုပ်နေကြသည်။
ယွင်ကျန့်သည်
ထန်ယီအတွက် ကုန်းပေါင်ကြက်သား ထမင်းတစ်ပန်းကန်ကို ပြုလုပ်ပြီး ထန်ယီရှေ့မှာ ချထားလိုက်သည်။
ထန်ယီသည် တစ်နေ့လုံး ဗိုက်ဆာနေပြီး ပုံမှန် “အမျိုးသားနတ်ဘုရား” ၏ အိုင်ဒေါပုံရိပ်ကို
ထိန်းသိမ်းရမည်ဟူသော ဝန်ထုပ်ဝန်ပိုးကို မေ့ထားလိုက်ပြီး စတင်စားသောက်ခဲ့သည်။ ထန်ယီက
အားရပါးရစားနေစဉ် ယွင်ကျန့်သည် သူ့ဘေးတွင် ထိုင်ကာ စကားပြောနေသည်။
“အရှိန်အဟုန်အပြည့်နဲ့ လုပ်ပစ်လိုက်စမ်းပါ!
မင်းက ယောကျ်ားတစ်ယောက်ပဲလေ၊ အခုတော့ ဘယ်လိုဆက်လုပ်မလဲ၊ သရုပ်ဆောင်ခြင်းက မင်းရဲ့ အရောင်အဝါကို
ပေါ်လွင်စေတယ် အဲ့တော့ မင်း ဘာလုပ်သင့်လဲ၊ လောင်လျှိုရဲ့လှုပ်ရှားမှုတွေကို မင်း ဘာလို့ကြောက်နေတာလဲ။
မင်း သေလိုက်လို့ရပြီ၊ သူ့ရဲ့ အိုမင်းမစွမ်းတဲ့ လက်တွေ ခြေထောက်တွေက မင်းကို ရိုက်နိုင်ပါ့မလား၊
လုပ်စမ်းပါ၊ မင်း ငါနဲ့ လေ့ကျင့်”
ထန်ယီစားသောက်ပြီး
တစ်ဝက်လောက်မှာ ယွင်ကျန့်က သူမနှင့် သရုပ်ဆောင် လေ့ကျင့်ရန် ဆွဲခေါ်သွားသည်။ ခဏလောက်ကြာသောအခါ
ယွင်ကျန့်က ထန်ယီကို ပြန်လွှတ်လိုက်ပြီးနောက် သူ့ကို ဆက်စားခွင့်ပေးကာ ထန်ယီ၏ သရုပ်ဆောင်ခြင်းကို
သူ့ရှေ့မှာ ထိုင်၍ အနှစ်ချုပ် ပြောပြနေသည်။
သူတို့နှစ်ယောက်သည်
မနက် ၃ နာရီကျော်သည်အထိ သရုပ်ဆောင်ခြင်းကို လေ့ကျင့်နေကြသည်။ ထန်ယီက စားသောက်နေသည်ကိုလည်း
နှစ်ကြိမ် နှောင့်ယှက်ခဲ့ပြီး သုံးကြိမ်မြောက်မှ ထန်ယီတစ်ယောက် စား၍ပြီးသွားခဲ့သည်။
ထန်ယီသည်
နောက်တစ်နေ့နံနက်တွင် ရိုက်ကူးရေးမရှိသောကြောင့် နေ့လည် ၁ နာရီကျော်သည်အထိ အိပ်ခဲ့သည်။
သူထွက်လာသောအခါ ယွင်ကျန့်သည် မနက် ၆ နာရီကတည်းက ရိုက်ကူးရေး စတင်ခဲ့သည်ဟု ကြားခဲ့ရသည်။
ယခုတော့
ယွင်ကျန့် ဇာတ်ညွှန်း ဖတ်သည့် အလှည့်သို့ ရောက်လာခဲ့သည်။
သူမသည်
စိတ်ရှည်ရှည်ဖြင့် နှစ်နာရီကြာ ဇာတ်ညွှန်းကို ဖတ်ပြနေပြီး ထန်ယီက သမ်းနေသည်။ ယွင်ကျန့်
လည်း လည်ချောင်းနာလာပြီး ထိုင်ရာမှထကာ ရေတစ်ခွက်ထည့်သောက်လိုက်သည်။ ထို့နောက် ထန်ယီကို
“ဘာသောက်မလဲ” ဟုမေးလိုက်သည်။
“သတ္တုရေ”
“ကျွန်မအိမ်မှာက Sprite၊
ကိုကာကိုလာနဲ့ ဘီယာပဲရှိတယ်”
ထိုစကားကိုကြားပြီးနောက်
ထန်ယီက ဖုန်းကိုချလိုက်ပြီး “မင်း ကောင်းကောင်းသောက်နိုင်တယ်ပေါ့” ဟု ဒေါသတကြီး မေးလိုက်သည်။
“နောက်ဆုံး ပါတီလုပ်ခဲ့တာ
ကျွန်မအိမ်မှာ၊ ပြီးတော့ ဟိုအရက်ချိုးတွေက ကျန်တာ အကုန်သောက်သွားကြတာ” ယွင်ကျန့်က မီးဖိုချောင်ထဲသို့ ဝင်သွားကာ ထန်ယီအတွက်
ရေနွေးတစ်အိုး တည်လိုက်သည်။
ထိုအခိုက်အတန့်တွင်
လူခေါ်ဘဲလ်သံ မြည်လာပြီး ယွင်ကျန့် တံခါးသွားမဖွင့်ခင် ထန်ယီသည် အပြင်ကလူအတွက် တံခါးဖွင့်ဖို့
လုပ်ပေးနေသည်။
“ဟင် ဘယ်သူလဲ?” ယွင်ကျန့်က
မီးဖိုချောင်တံခါးဝမှာ ရပ်ရင်း မေးလိုက်သည်။
“ငါ့လက်ထောက်”
မကြာခင်
ကျန့်ကျင်းယုသည် အပေါ်ထပ်သို့ တက်သွားခဲ့ပြီး ဟင်းသီးဟင်းရွက် အိတ်တစ်ချို့ကို ယူလာကာ
ပြန်ထွက်သွားခဲ့သည်။ “ရှင်ဝင်ပြီးမထိုင်တော့ဘူးလား” ယွင်ကျန့်က သံသယနှင့်
မေးလိုက်သည်။
“သူက ထိုင်ရတာ မကြိုက်ဘူး” ထန်ယီက အေးစက်စွာ
ဖြေလိုက်သည်။
“ဒါဆိုလည်း အိမ်ထဲဝင်လာပြီး
မတ်တပ်ရပ်မလား ဒါမှမဟုတ် စားပြီးမှပြန်မလား”
ထန်ယီသည်
ဘာမှပြန်မပြောပဲ ကြမ်းပြင်ပေါ်ရှိ ဟင်းသီးဟင်းရွက်များကို သူ့ခြေချောင်းများဖြင့် ညွှန်ပြပြီး
“ငါ ဗိုက်ဆာနေပြီ”
ဟုပြောလိုက်သည်။
ယွင်ကျန့်သည်
ချက်ချင်းနားလည်သဘောပေါက်သွားပြီး ဟင်းသီးဟင်းရွက်များကို မီးဖိုချောင်ထဲသယ်သွားကာ
ဝယ်လာသည့် ပစ္စည်းများကို ထုတ်ကြည့်ပြီး စတင်အလုပ်ရှုပ်ပါလေတော့သည်။
ထန်ယီသည်
ဧည့်ခန်းထဲတွင် ဖုန်းပြောနေသည်။ ထိုဖုန်းကောမှာ အရေးကြီးသောရိုက်ချက်အချို့ကို ဖန်တီးနိုင်မည်ဟု
မျှော်လင့်ထားသည့် ယခင်အဖွဲ့သားဒါရိုက်တာထံမှဖြစ်သည်။
ရိုက်ချက်အတိုတစ်ချို့ကို
ပေးပို့ပြီး ထန်ယီကိုယ်တိုင်က ၎င်းတို့ကို ကြည့်ကာ မည်ကဲ့သို့ တိုးတက်အောင်လုပ်ရမည်ကို
စဉ်းစားနေသောကြောင့် အချိန်ကုန်လည်း သက်သာစေသည်။
ထန်ယီက
သူ့ဖုန်းကို ခဏလောက်ကြည့်ပြီး မျက်မှောင်ကြုတ်လာကာ ဘေးသို့ ပစ်ချလိုက်သည်။
ဟင်းချက်ထားသည်မှာလည်း
သိပ်မကောင်းပဲ တချို့ဟင်းလျာများကို ချက်ပြုတ်သောအခါ တစ်ချိန်လုံး စောင့်ကြည့်ရန် မလိုပေ။
ယွင်ကျန့်ထွက်လာပြီး
ထန်ယီသည် ဆိုဖာပေါ်မှာ ပေါ့ပေါ့ပါးပါး ခြေပစ်လက်ပစ်နေရင်း ဗီဒီယိုကို ထပ်ခါထပ်ခါ နှိပ်ပြီး ပြန်ကြည့်နေသည်။
“ဒါနဲ့ပက်သက်ပြီး မင်းမှာ
မှတ်ချက်ပေးစရာရှိလား” ထန်ယီက သူမကို
မေးလိုက်သည်။
“မင်းသမီးက ရှင်သူ့ကိုကိုင်ထားလို့
နေရခက်နေမှန်း သိသာနေတယ်”
“နေရထိုင်ရ သက်တောင့်သက်သာရှိရအောင်
ငါကသူ့ကို နှိပ်ပေးနေတာမှ မဟုတ်တာ၊ အဲ့တော့ ဘာလုပ်ပေးရမလဲ”
“အဲ့တော့ အဲ့ရိုက်ကွက်က တစ်မျိုးကြီးဖြစ်နေတယ်လေ၊
ချစ်သူတွေနဲ့လည်း မတူဘူး”
ယွင်ကျန့်သည် ထိုသို့ပြောနေစဉ် ကော်ဖီသောက်သည့်စားပွဲအံဆွဲထဲမှ
ပုံကြမ်းစာအုပ်တစ်အုပ်ကိုထုတ်ကာ ဘောပင်ကိုထုတ်ပြီး ဟိုခြစ်သည်ခြစ်နှင့် အလျင်အမြန်ရေးခြစ်ကာ
ထန်ယီ၏ ရှေ့မှာ တင်ထားလိုက်သည်။
သူမသည် ပုံကြမ်းရေးဆွဲခြင်းနှင့် တရုတ်ရိုးရာ အော်ပရာ
ပုံကြမ်းရေးဆွဲခြင်းတို့တွင် အထူးပြုသင်ယူထားခဲ့ပြီး ဇာတ်လမ်းကို အလွယ်တကူ ရေးဆွဲပြနိုင်ဖို့အတွက်
ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပိုင်းလောက်တုန်းက သူမ ပျင်းသောအခါ ပန်းချီဆွဲရသည်ကို နှစ်သက်ခဲ့ပြီး
လက်ရည်လက်စွမ်းမှာ အလွန်တိုးတက်လာခဲ့သည်။
ယခုတွင်မူ
သူမ၏ ပုံဆွဲသည့်အဆင့်သည် အလွန်ကောင်းမွန်နေပြီး ပုံကြမ်းဆွဲရန် ပန်းခြံငယ်သို့သွားပါက
အချို့သောလူများက သူမနှင့်ပူးပေါင်းမည်ဟု ခန့်မှန်းမိသည်။
“ဒီလိုမျိုးဆိုရင်ရော ရှင့်ကို
ပိုပြီးသက်တောင့်သက်သာဖြစ်စေလား၊ ရှင်ကိုယ်တိုင် ခံစားကြည့်ပါလား” ယွင်ကျန့်က ပုံကြမ်းစာအုပ်ကို ထန်ယီအား ပေးလိုက်သည်။
ထန်ယီသည်
ပုံကြမ်းစာအုပ်ကိုယူ၍ စာလေ့လာနေသကဲ့သို့ လက်တစ်ဖက်ဖြင့် မေးစေ့ကို ပွတ်ကာ ဖတ်နေသည်။
ယွင်ကျန့်သည်
သူ့ကိုအနှောင့်အယှက် မပေးတော့ပဲ ထလိုက်ကာ မီးဖိုချောင်သို့ ပြန်သွားပြီး ဒယ်အိုး မကပ်စေရန်
ယောက်မဖြင့် ဟိုမွှေသည်မွှေ ကြော်လိုက်သည်။
ထန်ယီသည်
မီးဖိုချောင်ထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားကာ ရုတ်တရက် သူမကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး
သူမခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်သွားသည်။
ရုတ်တရက်
သူမကို အနောက်ကနေ ကောင်လေးတစ်ယောက်က ပွေ့ဖက်ထားသည်ကို တစ်ခုခုမှားနေသလိုခံစားနေရသည်မှာ
သူ့အပေါ်စိတ်ခံစားချက် အပြောင်းအလဲမရှိဖြစ်နေပြီး အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။
“ရှင်ဘာလုပ်နေတာလဲ?!” ယွင်ကျန့်က
မေးလိုက်သည်။
“ခံစားကြည့်နေတာ” ထန်ယီက ပြန်ပြောလိုက်သည်။
ယွင်ကျန့်က
ခေါင်းညိမ့်ပြပြီး သူမနားလည်ကြောင်း လုပ်ပြကာ ဆက်ချက်ပြုတ်နေသည်။
ထန်ယီက
သူမကို လွှတ်လိုက်ကာ ထောင့်အနေအထားကို ပြောင်းပြီး သူမကို “ဇာတ်ဝင်ခန်းသုံးပစ္စည်း” အဖြစ် အသုံးပြုနေသည်ဟု
တွေးကာ သူမကို ထပ်မံပွေ့ဖက်လိုက်သည်။
ရိုက်ကူးသည့်အခါ
ထုတ်လုပ်ပြီးနောက်ပိုင်းတွင် လိုအပ်သည့် အထူးပြုလုပ်ချက်အချို့မှာ သုံးမရပဲ သရုပ်ဆောင်၏
ကိုယ်ပိုင်စိတ်ကူးပေါ်တွင်သာ မူတည်သည်။
သရုပ်ဆောင်နေစဉ်
လိုအပ်ပါက ဇာတ်ဆောင်အား အရုပ်တစ်ရုပ်ကို ပေးမည် သို့မဟုတ် တကယ့်လူကို အသားကပ်များဝတ်စေကာ
ထူးဆန်းသောပုံဖြင့် သရုပ်ဆောင်သွားရမည်ဖြစ်သည်။ သရုပ်ဆောင်တိုင်းက ထိုအရာအားလုံးကို
လိုက်နာဖို့ လိုသည်။
တကယ့်လူကို
“ဇာတ်ဝင်ခန်းသုံးပစ္စည်း”အဖြစ်သုံးခြင်းသည် အလွန်ဇိမ်ကျလှသည်။
“သရုပ်ဆောင်တဲ့နည်းလမ်းတစ်ချို့ကိုရော
ရှင်မြင်ဖူးလား” ယွင်ကျန့်က သူ့ကို
မေးလိုက်သည်။ “ဘယ်လိုမျိုးလဲ”
“ရှင့်ဖက်နေတာက ဓားစာခံကို
ဖက်ထားတဲ့နည်းပဲ။ နောက်စက္ကန့်ပိုင်းလောက်မှာ ရှင့်လည်ပင်းကြီး တောင့်တောင့်ကြီးဖြစ်သွားမှာစိုးတယ်
ပြီးတော့ ကျွန်မ သေချာ ကောင်းကောင်းပြပေးမယ်”
ထန်ယီသည်
ချက်ချင်းပင် သူမအပေါ် စိတ်ဝင်စားမှု မရှိတော့ပဲ သူမကိုလွှတ်လိုက်ပြီး မီးဖိုချောင်ပြတင်းပေါက်ကို
ကြည့်ကာ စိတ်မသက်မသာ ဖြစ်နေသည်။ ပြတင်းပေါက်များ ပိတ်နေသဖြင့် ဖွင့်ပြီး အပြင်ကိုကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ ပါပါရာဇီတွေက
ဒီနေရာအထိ ဓာတ်ပုံမရိုက်နိုင်ဘူး။ အိမ်ဝယ်တုန်းက အဲ့ဒီအကြောင်းကို တမင်တကာ သေချာစဉ်းစားပြီး
ဝယ်ခဲ့တာ။ အဲ့ဒါကြောင့် ပါပါရာဇီတွေဆီကနေ ချောင်းမြောင်းပြီး ဓာတ်ပုံရိုက်ခံရမှာကို
စိတ်ပူစရာမလိုတော့ဘူး” ယွင်ကျန့်က ပြောလိုက်သည်။
“မင်းအိမ်က ကောင်းသားပဲ”
“အိမ်ကို အပေါင်ခံထားတာလေ၊
အခုလောလောဆယ် ခဏပဲ နေမှာမလို့”
ထန်ယီသည်
ပြတင်းပေါက်အကာများ ပိတ်လိုက်ဖွင့်လိုက်လုပ်သည့်ကြိုးကို လွှတ်ချလိုက်ပြီး လှည့်ကြည့်ကာ
သူမကို မေးလိုက်သည်။ “ဘာလို့လဲ။ တီဗီဇာတ်လမ်းတွဲ ရိုက်တော့မလို့လား”
“ဟုတ်တယ် ဒါ ကျွန်မ နောက်ဆုံး
ကြိုးစားပြီးရိုက်မဲ့ ဇာတ်လမ်းပဲ။ မအောင်မြင်ခဲ့ရင် မွေးရပ်မြေကိုပြန်ပြီး အမေစီစဉ်ပေးတဲ့
ကြင်ယာဖက်ကိုပဲ လက်ခံပြီး အိမ်ထောင်ပြုတော့မယ်။ အိမ်ထောင်ကျပြီး ကလေးတွေမွေးပြီး ဒီလောကထဲက
ထွက်သွားတော့မယ်”
ယွင်ကျန့်က ဟင်းပွဲများကို ပြင်ဆင်ပေးရင်း ပြောနေခဲ့သည်။ ဟင်းချက်ပစ္စည်းများကို
ဘေးဖယ်ထားပြီး တစ်ချို့ကို ဘေစင်ထဲသို့ ထည့်ကာ နောက်ထပ် ဟင်းပွဲကို ချက်နေသည်။
ထန်ယီက
သူ့လက်ကို မြှောက်လိုက်ပြီး နှုတ်ခမ်းကို ထိထားလျက် ယွင်ကျန့်၏ အလုပ်ရှုပ်နေပုံကို
စိုက်ကြည့်ကာ “ဘာလို့လဲ၊ ချစ်ရမဲ့လူ မတွေ့သေးလို့လား”
“ဟုတ်တယ် ရှင် မသိဘူးလား။
ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို အောင်မြင်နိုင်မယ်လို့ ထင်ခဲ့တာ၊ အဲ့ဒါနဲ့ပဲ တစ်ချိန်လုံး
လုံးပန်းနေခဲ့တယ်၊ အလယ်တန်းတုန်းက ကျောင်းပိတ်ရက်တွေမှာ လက်ကမ်းစာစောင်တွေ လိုက်ဝေရင်း
ကျွန်မ အနာဂတ်ပန်းတိုင်အတွက် ပိုက်ဆံစုခဲ့တယ်၊ အထက်တန်းကျောင်းက စပြီး ကလပ်တွေ ဝင်ခဲ့တယ်၊
ကောလိပ်ရောက်တော့ အွန်လိုင်းရုပ်ရှင်တွေ စလုပ်တယ်၊ ဘွဲ့ရပြီးတဲ့နောက်မှာ နည်းပြဆရာရဲ့အကူအညီနဲ့
ဒီအလုပ်ကို တန်းလုပ်ခဲ့တာပဲ” ယွင်ကျန့်သည်
အသီးအရွက်များကို ကျွမ်းကျင်စွာလှီးရင်း သူမပြောနေသည့်လေသံကို ဂရုမစိုက်ပဲ သူမကိုယ်ပိုင်ဘဝအကြောင်းကို
မိတ်ဆက်ခဲ့သည်။
“အိုး…” သူဌေးလိုမိန်းကလေး၏
ဆွဲဆောင်မှုကို ခံရခြင်းသည် အပြစ်အကင်းစင်ဆုံးဆွဲဆောင်မှုဟု ထင်ခဲ့သော်လည်း သူမမှာ
ကံအဆိုးဆုံးလူဖြစ်ကြောင်း သူမနောက်တွင် ထိုင်နေသည့် ထန်ယီမှာ သိလိုက်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းကလည်း
ကိစ္စကြီးတစ်ခုကြောင့် ထိခိုက်ခဲ့ပြီး ချစ်ရမည့်သူ မရှာခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းမိနေသည်။
“အဲ့တော့ ဒီဇာတ်လမ်းအတွက်
သရုပ်ဆောင်တာကို မိသားစုကိုကူညီတယ်လို့ပဲ သဘောထားလိုက်၊ ကိုယ့်ကိုယ်ကို ဂုဏ်ယူစွာနဲ့
ဒီကအစ်မကြီးကို တစ်ခါလောက် ကူညီလိုက်စမ်းပါ၊ ရှင့်အတွက် သရုပ်ဆောင်ခကိုလည်း တိုးပေးမယ်
တိုးကိုတိုးလာစေရမယ်...” ယွင်ကျန့်သည် အကြာကြီးရုန်းကန်ခဲ့ရပြီး
နောက်ဆုံးတွင် မျက်နှာမကောင်းဖြစ်ကာ တစ်ပိုင်းစာကုန်ကျစရိတ်စုစုပေါင်းကို ၁၇သန်းဟု
တင်ပြလိုက်သည်။
ထန်ယီက
မျက်လုံးလှန်ကြည့်လိုက်သည်။ ဒုတိယသခင်လေးမင်အမည်ဖြင့် ယွမ်သန်း၃၀ အရင်းအနှီးကို ယွင်ကျန့်က
လက်ခံရရှိခဲ့သည်။ ထို့ကြောင့် ယွင်ကျန့်သည် အလွန်စိတ်ပိုင်းဖြတ်ထားသောကြောင့် သူ့အတွက်
တိုးပေးရန် အပိုင်းတစ်ပိုင်းစာကို လစာ၂သောင်းပေးဖို့ လုပ်ပေးနေသည်။
ဘယ်လိုဖြစ်သွားတာလဲ?
“ငါစဉ်းစားလိုက်ဦးမယ်”
ထန်ယီက ပြန်ပြောလိုက်သည်။
ယွင်ကျန့်လည်း
တွေးလိုက်သည်။ ထိုသို့တိုးပေးရန် ထည့်သွင်းစဉ်းစားခြင်းမရှိပါက ထန်ယီသည် သူမထံသို့
ရောက်လာမည်မဟုတ်ဟု တွေးခဲ့သည်။
ထန်ယီက
သူမသည် သူမကိုယ်ထဲရှိ ဒေါသကို ထုတ်ပစ်ချင်သည်ဟု ခန့်မှန်းမိသည်။ သူမ နှလုံးသားထဲမှာ
နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသော မကျေနပ်ချက်များကို ထုတ်ဖော်ဖို့ ခဏတာ ခက်ခဲခဲ့ပြီးမှ
လက်ခံနိုင်ခဲ့သည်။ ထိုအရာက ထန်ယီအား ဇာတ်ညွှန်းကို အချိန်ကြာကြာ ဖတ်အောင်လုပ်နေသည်။
ဟင်းနှစ်ပွဲစလုံးချက်ပြီးသောအခါ
ယွင်ကျန့်က ပန်းကန်များကို မီးဖိုချောင်ထဲက ထုတ်ယူလိုက်သည်။ ပန်းကန်များကို စားပွဲပေါ်တင်လိုက်သည်နှင့်
ထန်ယီသည် သူမခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ကာ သူမရုတ်တရက် လန့်သွားစေခဲ့သည်။
ပွေ့ဖက်မှုသည်
အလွန်တင်းကျပ်လွန်းသဖြင့် သူမ မသိစိတ်က နောက်သို့ မှီစေပြီး ထန်ယီ၏ ခိုင်ခံ့သော ရင်ခွင်မှာ
သူမကျောနှင့် ထိနေပြီး ထိုရင်ခွင်၏ ပူနွေးမှုကိုလည်း ခံစားမိနေသည်။
ထို့နောက်
ထန်ယီက “မသွားပါနဲ့”
ဟုစိတ်ထဲက နှစ်နှစ်ကာကာ ပြောနေသောလေသံဖြင့် သူမခေါင်းထက်တွင် သူ့ပြောသံကို
ကြားလိုက်ရသည်။
ထန်ယီ၏
အသံသည် အလွန်နားထောင်ရကောင်းနေပြီး သူ၏ နူးညံ့သိမ်မွေ့သော စကားသည် ပိုဆိုးနေသည်။ ထိုသို့ပြောဆိုခြင်းက
တမင်တကာ လှည့်ဖြားခြင်းသာ ဖြစ်ပါက ထန်ယီသည် နှစ်ပေါင်း ထောင်နှင့်ချီ၍ သူတစ်ပါးကို
ထိခိုက်နစ်နာစေမည့် ဖြစ်တည်မှုတစ်ခု ဖြစ်သည်မှာ သေချာလိမ့်မည်။
သာယာနာပျေော်ဖွယ်
အသံနှင့် ရင်ကိုထိစေသော စကားများနှင့်အတူ ယွင်ကျန့်၏ နှလုံးသားမှာ တစ်ခဏမျှ လှုပ်ရှားသွားခဲ့သည်။
“ကျွန်မပြောနေတယ်လေ၊ ရှင်
အဲ့လိုရုတ်တရက် ထဖက်တာမျိုး မလုပ်ပါနဲ့လား၊ အဲ့လိုလုပ်တာက ကျွန်မကို ရင်တုန်စေတယ်” ယွင်ကျန့်က အနည်းငယ်
စိတ်မသက်မသာနှင့် မေးလိုက်သည်။
“အခုလိုဆိုရော ပိုကောင်းသွားလား” ထန်ယီက သူမကို ပွေ့ဖက်ထားပြီး
လုံးဝမလွှတ်ပေးချေ။ ထိုသို့စကားပြောနေသောအခါ သူ့ပါးစပ်က ထွက်လာသော လေသည် သူမဆံနွယ်များကို
လှုပ်ရှားသွားစေသည်။
“ကျွန်မဒီလိုပုံစံနဲ့ဆိုတော့
ရှင်သရုပ်ဆောင်တာ အဆင်ပြေမပြေ မပြောတတ်ဘူး၊ ခဏစောင့်” ယွင်ကျန့်က ထန်ယီ၏ သိုင်းဖက်ထားသော လက်များကို ဖြေပစ်ပြီး
သူ့ရင်ခွင်မှ တစ်နည်းတစ်ဖုံနှင့် ရုန်းထွက်လိုက်သည်။
ထန်ယီသည်
ယွင်ကျန့်မှာ သူမအိပ်ခန်းထဲသို့ လျှောက်သွားသည်ကို ကြည့်ပြီး ခဏအကြာတွင် အိပ်ခန်းထဲမှ
မှန်ချပ်ကြီးတစ်ချပ် ထုတ်လာကာ ဧည့်ခန်းတွင် ထားလိုက်သည်။ ထိုသို့ပြင်ဆင်ပြီးနောက် ထန်ယီ၏
ဖုန်းကို သွားယူခဲ့သည်။
ဖုန်း၏စခရင်သည်
မည်းနေသောကြောင့် သူမက ထန်ယီအား “လော့ခ်ဖွင့်ပေး” ဟုပြောလိုက်သည်။
“စကားဝှက်က ၂၂၃၃၆၆” ထန်ယီက စကားဝှက်ကို သွယ်ဝိုက်ပြောမနေပဲ တိုက်ရိုက်ပြောချလိုက်သည်။
အနုပညာရှင်၏
ဖုန်းသည် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေတတ်သည်။ မည်သူနှင့် စကားပြောပြီး
WeChatတွင် မည်သူ့ကို မက်ဆေ့ဂျ်များ ပေးပို့နေသည်ဟူသောအရာများသည် တန်ဖိုးရှိသော အချက်အလက်များဖြစ်ပြီး
ပေါက်ကြားသွားခဲ့လျှင် နောက်ပိုင်းတွင် ကောလဟာလများ ဆက်တိုက်ထွက်ပေါ်လာပေလိမ့်မည်။
သို့သော်လည်း
ထန်ယီက ယွင်ကျန့်အား ဘာကိုမှဂရုမစိုက်သလိုပုံစံနှင့် သူ့ဖုန်းစကားဝှက်ကို ပြတ်သားစွာ
ပြောပြခဲ့သည်။
ယွင်ကျန့်သည်
စခရင်ပေါ် တစ်ချက်နှိပ်လိုက်ပြီး ထိုစကားဝှက်ဖြင့် လော့ခ်ဖွင့်ကာ ဗီဒီယိုကို ပြန်ကြည့်နေပြီး
ထန်ယီကို မေးလိုက်သည်။ “ ချောင်းချင်က ကျွန်မထက် အရပ်ရှည်လား”
“ရှည်လောက်မယ်ထင်တယ်”
“အရပ်ဘယ်လောက်ရှည်မယ်ထင်လဲ”
“အန်... ၁၇၅ စင်တီမီတာ?” ထန်ယီလည်း သေချာမသိသဖြင့် အကြမ်းဖျင်းပဲ ပြောပြလိုက်သည်။
ယွင်ကျန့်က
စာအုပ်တစ်ချို့ကို စာအုပ်စင်ပေါ်မှ ယူလာကာ ပေကြိုးကို ယူလိုက်ပြီး စာအုပ်များကို ကြိမ်ဖန်များစွာ
ချိန်ညှိပြီး တစ်အုပ်ပေါ် တစ်အုပ်ထပ်နေသည်။ ထိုနောက် ထိုစာအုပ်ပုံအမြင့်ကို ပေကြိုးဖြင့်တိုင်းတာကာ
ထန်ယီကို လက်ညိုးထိုး၍ ခေါ်လိုက်သည်။ “လာ၊ ကျွန်မကို လာဖက်”
ထန်ယီသည်
သူမပြောနေသည်ကို အတော်လေး နာခံမှုရှိနေပြီး ယွင်ကျန့်၏ နောက်သို့ ရောက်လာကာ ယွင်ကျန့်ကို
နောက်မှဖက်ရန် လှမ်းလိုက်သည်။
ယွင်ကျန့်က
မှန်ကို ညွှန်ပြလိုက်ပြီး ထန်ယီအား သူ့ကိုယ်သူ ပြန်ကြည့်စေသည်။ “ရှင့်ကိုယ်ရှင် ပြန်မြင်ရတော့
တစ်မျိုးကြီးဖြစ်သလို မခံစားရဘူးမလား”
ထန်ယီသည်
မှန်ထဲမှ သူတို့နှစ်ယောက်ပုံကို ကြည့်လိုက်သည်။
ထိုအချိန်တွင်
ယွင်ကျန့်၏ မျက်နှာသည် ဘာမှမလိမ်းခြယ်ထားပဲ သူမ၏ အနက်ရောင်ဆံနွယ်များက ပုခုံးထက်တွင်
ရစ်ပတ်ခွေကျနေကာ သူမ၏ သေးငယ်လှသော မျက်နှာသည် ပို၍ သိမ်မွေ့စွာ ထင်ဟပ်နေပြီး သူမ၏ မျက်လုံးများဖြင့်
သူ့ကို မှန်ထဲတွင် ကြည့်နေသည်။
ထန်ယီသည်
ယွင်ကျန့်ကို ဖက်ထားပြီး သူမနောက်တွင် ရပ်နေသည်။ ယွင်ကျန့်ကိုကြည့်လိုက်သောအခါ သူ့အမူအရာက
တစ်ခဏမျှ သဘာဝမကျသလိုဖြစ်နေပြီးနောက်တွင် အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားသည်။
ထန်ယီက
သူ့လက်အနေအထားကို ချိန်ညှိပေးပြီး “ဒီလိုဆို ပိုကောင်းမလား” ဟုမေးနေသည်။
ယွင်ကျန့်သည်
မှန်ထဲမှ သူတို့နှစ်ယောက်ပုံကို ကြည့်ပြီး မကျေနပ်သေးပေ။ ထန်ယီ၏ လက်အနေအထားကို ပြန်ချိန်ညှိရန်
အစပြုလိုက်ကာ ထန်ယီက သူမကို မည်သို့ကိုင်ရမည်ကို သင်ပေးရင်း ရေရွတ်နေသည်။
“ဘာဖြစ်နေတာလဲ၊ ရည်းစားမထားဖူးဘူးလား၊
ရှင့်ကောင်မလေး စိတ်ထိခိုက်နေချိန် အဲ့လိုမျိုးကြီးဖက်တော့ ကောင်မလေးအတွက် သက်သောင့်သက်သာ
ဖြစ်မနေဘူးလေ”
“ကောင်မလေး တစ်ခါမှ မထားဖူးဘူး” ထန်ယီက ပြန်ပြောလိုက်သည်။
ယွင်ကျန့်က ခဏလောက် အံ့သြသွားပြီး ရုတ်တရက် ရယ်လိုက်သည်။ “ရှင်သိလား ရှင်က ငယ်ငယ်လေးတည်းက
ထူးထူးခြားခြား ထူးချွန်နေတယ်လို့ ခံစားဖူးလား”
ထန်ယီသည်
ထိုမေးခွန်းကိုကြားသောအခါ မရယ်ပဲမနေနိုင်ပေ။
သူတို့နှစ်ယောက်သည်
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ပို၍နီးကပ်လာကာ ထန်ယီ၏ ခန္ဓာကိုယ်သည် သူရယ်လိုက်တိုင်း
လှုပ်ခါသွားသည်။
သူမသည်
မှန်ထဲတွင် ထန်ယီ၏ ရယ်မောနေသော မျက်နှာကို ကြည့်ပြီး ထန်ယီသည် အမှန်တကယ်ပင် ကြည့်ကောင်းသည်ဟု
စိတ်ထဲတွင် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိကာ ဟိုးအရင်တုန်းက သူမမျက်လုံးများသည် အလွန်ရွေးချယ်တတ်ခဲ့သည်ဟု
ခံစားလိုက်ရသည်။
......
စာရေးဆရာတွင်
ပြောပြစရာရှိသည်။
ထန်ယီ
- အစီအစဉ်ကတော့ အောင်မြင်သွားပြီ။