အပိုင်း ၅
ထန်ယီသည် သီးသန့်ခန်းသို့ ပြန်ရောက်သောအခါ နီဇွန်သည် စားပွဲတွင် တစ်ယောက်တည်းထိုင်ကာ အသီးအရွက်များကို စားကောင်းသည့်ဟန်နှင့် စားနေသည်။
တုရှန့်ယန်သည် ဖုန်းကိုကိုင်ထားပြီး နောက်ဆုံးပေါ် ထွက်ရှိထားသော ရုပ်ရှင်အကြောင်းပြောနေပုံပေါ်ကာ ပြတင်းပေါက်ဘေးတွင် ရပ်နေသည်။
ထိုဖုန်းပြောနေသည့်အကြောင်းကို တစ်ခဏမျှ နားထောင်ပြီးနောက် ထန်ယီဟာ အရင်က တုရှန့်ယန်၏ ဂရုစိုက် စောင့်ရှောက်ပေးမှုကို ခံခဲ့ရသည့်သူတစ်ဦး ဖြစ်ခဲ့သည်ို နားလည်သွားသည်။ တုရှန့်ယန်က သူ့ကို ရုပ်ရှင်တစ်ခုမှာ မင်းသားနေရာရဖို့ ကူညီပေးခဲ့ဖူးသည်။
ထန်ယီသည် နောင်တွင် ထိုသို့သော အရာများကို မကြာခဏ ကြုံတွေ့ရမည်ဟု ခံစားမိသောကြောင့် ထမင်းအတူ စားသောအခါတွင် တုရှန့်ယန်က ကိစ္စများကို မည်သို့ ရင်ဆိုင်ပြီး အတွေ့အကြုံများမှ မည်သို့သင်ယူခဲ့သည်ကို သူသည် အထူးတလည် ဂရုပြု၍ နားထောင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ထန်ယီသည် သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး နီဇွန်ထံ မက်ဆေ့ဂျ်တစ်စောင် ပို့လိုက်သည် - ငါ့ကို တစ်ခုလုပ်ပေး
နီဇွန်က ဖုန်းကို ကြည့်လိုက်ပြီး သူ့ဘေးမှာ ထိုင်နေသော ထန်ယီကို လှည့်ကြည့်ကာ "မင်း ဘယ်လိုတွေ အကွက်ရွှေ့နေတာလဲ၊ ငါက ယဉ်ယဉ်ကျေးကျေး လုပ်ပြစရာလိုလို့လား”
ထန်ယီက တုရှန့်ယန်ရှိသည့်နေရာသို့ မျက်ရိပ်မျက်ကဲပြပြီး နီဇွန်က စာရိုက်ကာ ပြန်ပြောသည်။
ထန်ယီ - ဟိုအထုပ်ကြီးကို ကိစ္စရှင်းဖို့ ငါနဲ့လိုက်ခဲ့
နီဇွန်က ထိုစာကိုဖတ်ပြီး ဝမ်းသာအားရ ပြုံးကာ စာရိုက် မေးလိုက်သည် - အဲ့ဒါဘယ်သူတွေလဲ
ထန်ယီ - ရယ်စရာကောင်းတဲ့ မျက်စိဆံပင်မွေးစူးစရာနှစ်ကောင်
နီဇွန် - မင်း အဲ့ဒါကို ကိုင်တွယ်နိုင်တာ သေချာလား။ မင်း လုပ်တာကို လူမြင်လို့ မဖြစ်ဘူးမလား
ထန်ယီ - အဲ့ကိုသွားဖို့အတွက် ပြင်ဆင်ထားဖို့ ငါ့လက်ထောက်ကို ပြောပြီးပြီ
တုရှန့်ယန်သည် သူတို့နှစ်ယောက်၏ အကြီးဆုံးအစ်ကိုကဲ့သို့ဖြစ်နေသည်။ တုရှန့်ယန်သည် သူတို့ကို သူ၏ညီလေးများကဲ့သို့ပင် ကောင်းစွာ ဂရုစိုက်ပေးလေ့ရှိသည်။
ထိုကောင်လေး နှစ်ယောက် ရန်ဖြစ်မည်ကိုလည်း တုရှန့်ယန်က သိလေ့ရှိပြီး တားတတ်သည်။ ရှေးဆိုရိုးစကားအရ သူတို့သည် လူသိများသော နာမည်ကြီးပုဂ္ဂိုလ်များဖြစ်ကြပြီး သူတို့၏ပုံရိပ်ကို အာရုံစိုက်ကာ အပြုအမူများကို ဂရုစိုက်သင့်သည်ဟု ဆိုကြသည်။
သို့ပေမယ့် သူတို့နှစ်ယောက်၏ အရာရာကို စိုးမိုးခြယ်လှယ်ချင်မှုတွင် သူတို့၏ အရိုင်းဆန်သော စွမ်းအား စိတ်နေစိတ်ထားလည်း ရှိတတ်သည်။ သူတို့နှစ်ယောက်သည် အရှိန်အဝါကြီးမားသောသူများဖြစ်ကြပြီး ထိုအမှန်တရားကို သိနားလည်ကြသော်လည်း သူတို့ကို စိတ်ကိုထိန်းထားနိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေမှာ သူတို့အတွက် အရေးမကြီးဟု ထင်နေကြသည်။
စားသောက်ကြပြီးနောက် သူတို့နှစ်ယောက်က တုရှန့်ယန်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ကားထဲသို့ လိုက်ပို့ကြသည်။
တုရှန့်က သူတို့နှစ်ယောက်ကို သေချာစိုက်ကြည့်လိုက်သည်။ ထန်ယီက အတော်လေး တည်ငြိမ်နေပြီး ဘာကိုမှ မမြင်ပေ။
သို့သော် နီဇွန်ကတော့ သူ့လိုမလုပ်နိုင်ပေ၊ တုံးအသည်၊ သူ့မျက်နှာမှာ ဘယ်အရာမှ ဖုံးကွယ်ထား၍မရပေ။ သူ့လည်ပင်းကို ဟိုလှည့်ဒီလှည့် လုပ်နေသည်။
ထို့ကြောင့် တုရှန့်ယန်က သူတို့နှစ်ယောက်ကို မေးလိုက်သည်။ “မင်းတို့နှစ်ယောက် ဒါပြီးရင် တစ်ခုခုလုပ်မလို့မလား”
“ဟုတ် ဂျင်သွားမလို့ပါ” ထန်ယီက ပြန်ပြောလိုက်သည်။
“ဒါဆို ဂျင်သွားမလို့ကို နီဇွန်က ဘာလို့ ခွက်ထိုးခွက်လန်ရယ်နေတာလဲ”
“အဲ့မှာက အလှပဂေးတွေရှိလို့ပါ” ထန်ယီက အလွန်အေးဆေးစွာ ဖြေလိုက်သောကြောင့် နီဇွန်က သဘာဝမကျစွာ ချောင်းဟန့်လိုက်သည်။
တုရှန့်ယန်သည် ထန်ယီကို ဆက်မကြည့်တော့ပဲ နီဇွန်တစ်ယောက်တည်းကိုသာ ကြည့်ပြီးပြောလိုက်သည်။ “မင်းအခန်းထဲကို မိန်းမတစ်ယောက် ခေါ်လာမယ်ဆိုရင် သူပြန်သွားတဲ့အခါ အဲ့မိန်းမသယ်လာတဲ့ပစ္စည်းတွေ သူနဲ့ပက်သက်တဲ့ပစ္စည်းတွေကို လွှတ်ပစ်ရမယ်၊ ပြီးရင် ဓါတ်ပုံအရိုက်မခံရစေနဲ့”
“ဘာလို့ ကျွန်တော့်တစ်ယောက်တည်းကိုပဲ ပြောနေတာလဲ” နီဇွန်ကအလွန်စိတ်မကောင်းဖြစ်သွားသည်။
တုရှန့်ယန်က ထိုမေးခွန်းကို ပြန်မဖြေပဲ အမိန့်ပေးသလိုပြောလိုက်သည်။ “သတိထား" ထို့နောက် ကားထဲသို့ တန်းဝင်သွားသည်။
နီဇွန်သည် ထန်ယီကို အပေါ်မှအောက်သို့ ခြေစွန်းခေါင်းစွန်း နားမလည်နိုင်အောင် ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ထန်ယီ၏ ဘောင်းဘီခွကြားကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။
“သွားစမ်းပါ!” ထန်ယီက ဒဲ့ကျိန်ဆဲလိုက်သည်။
နီဇွန်က ဘာမှ ပြန်မပြောပဲ လက်ထောက်ကို ခေါ်လိုက်ပြီး ထန်ယီ၏ ကားဆီ သွားလိုက်သည်။ ကျန့်ကျင်းယု သည် အပြစ်မကင်းသော အသိစိတ်ဖြင့် ကားကို အဝေးသို့ မောင်းထွက်သွားပြီး စောင့်ကြည့်မည့်သူများ မရှိသည့် နေရာတွင် ရပ်လိုက်သည်။
ကားထဲမှာ လူလေးယောက်သည် အဝတ်လဲပြီး ကားပေါ်ကနေ အတူတူ ထွက်လာခဲ့ကြသည်။
သူတို့အားလုံးသည် အနက်ရောင်ခေါင်းစွပ်အကျီများ ၀တ်ထားကြပြီး အသစ်ဝယ်ထားသော အနက်ရောင်နှာခေါင်းစည်းများနှင့် လျှာထိုးဦးထုပ်များကို ဝတ်ထားကြသည်။ သူတို့ခန္ဓာကိုယ်များ တစ်နေရာမှ မပေါ်စေရန်အတွက် ကျန့်ကျင်းယုက နံပါတ်စင်တူ တူညီဖိနပ်များကိုတောင် ဝယ်လာသေးသည်။ ကျန့်ကျင်းယုသည် ဖိနပ်ကို ချက်ချင်းဝတ်လိုက်သည်။
ပစ္စည်းပစ္စယများ စုံလင်သွားပြီဖြစ်သည်။ ထို့နောက် သူတို့လေးယောက်က KTV ကို တက္ကစီဖြင့် သွားခဲ့ကြသည်။
ကျန့်ကျင်းယုံက တစ်ယောက်ယောက်ကို စောင့်ကြည့်ဖို့ လွှတ်လိုက်ပြီး အဖွဲ့သားများက စားသောက်ပြီးသွားသောအခါ သီချင်းဆိုဖို့ KTV ကို သွားခဲ့ကြသည်။
ချမ်းသာကြွယ်ဝသော စီးပွားရေးသမားနှစ်ဦး၏ ကားများကို လူအများအပြားက တွေ့ရှိခဲ့ပြီး ထိုကားများဘေးတွင် ထိုင်ကြည့်နေခဲ့သည်။ စောင့်ဆိုင်းရခြင်းသည် ငြီးငွေ့ဖွယ်ကောင်းပြီး သူတို့လေးယောက်သည် ခဏတာ အတူထိုင်ခဲ့ကြပြီး ဆဲဆိုနေကြသည်။
ညလယ် ၁ နာရီကျော်လောက်မှာ လူများသည် ထိုနေရာမှ ထွက်သွားခဲ့ကြ၍ မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်သည့်သူများလည်း သိပ်မရှိသောကြောင့် အထူးယဉ်ကျေးမှုရှိပေးစရာ မလိုသည့်ပုံစံဖြင့် သူတို့သည် နေရာအသီးသီးသို့ ထွက်သွားခဲ့ကြသည်။
ထိုလူလေးယောက်က ဖုန်းများကို ကြည့်နေရင်း ကောက်သိမ်းလိုက်သည်။ နီဇွန်၏ လက်ထောက်နှင့် ကျန့်ကျင်းယုတို့က လမ်းလျှောက်လာပြီး အထုပ်ကြီးကို တန်းထည့်လိုက်သည်။ ချမ်းသာကြွယ်ဝသော စီးပွားရေးသမား နှစ်ယောက်က အလွန်မူးနေသောကြောင့် ထိန်းချုပ်ရလွယ်ကူနေသည်။
နီဇွန်သည် လမ်းလျှောက်လာပြီး ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်ကို ဖမ်းမိသောအခါ စတင်ရိုက်နှက်တော့သည်။
သူသည် လက်ဝှေ့သမားတစ်ဦးဖြစ်ခဲ့ပြီး သူ၏ လျင်မြန်သော ထိုးနှက်ချက်အရှိန်နှင့် ခွန်အားတို့ကြောင့် အမြဲလိုလို လူသိများခဲ့ပြီး ရန်သူကို တစ်ကြိမ်တည်းဖြင့် အလဲထိုးအနိုင်ယူလေ့ရှိခဲ့သည်။ ဤနည်းဖြင့် ထိုအထုပ်ကြီးကို သဲအိတ်အဖြစ် သဘောထားကာ အကြီးအကျယ် ထိုးနှက်၊ ရိုက်နှက်နေသည်။
ထန်ယီက ကျန်အခြားတစ်ယောက်ကို တာဝန်ယူခဲ့သည်။ ထန်ယီသည် ဒေါသထွက်နေပြီး လျော့ပေါ့စွာ မလုပ်ခဲ့ပေ။
ထိုးနှက်ပွဲကြီးတစ်ဝက်ခန့်ရောက်သောအခါတွင် ထန်ယီက ကျန့်ကျင်းယုအား မျက်ရိပ်မျက်ကဲ ပြလိုက်သည်။
ကျန့်ကျင်းယုသည် အနည်းငယ် ရှက်သွားသော်လည်း ထိုစကားများကို စတင်ပြောခဲ့သည်။ “မင်းတို့ ပိုက်ဆံရှိရင် မင်းတို့လို ဝက်သေနှစ်ကောင် ချက်ချင်းပြန်ဆပ်ရမယ်၊ သဘောတူထားတဲ့နေ့က ဘယ်နေ့လဲဆိုတာ မှတ်မိသေးလား။ အား! သဘောတူထားတဲ့ရက်ထက် သုံးရက်ကျော်နေပြီး အိုကေလေ အခုထိ မသိသေးဘူးပေါ့?!”
“ရိုက်တာ...
လူမှား! အားးးးးး !” အရိုက်ခံရသည့်လူနှစ်ယောက်က အသတ်ခံနေရသော ဝက်များကဲ့သို့ အော်ဟစ်နေကြသည်။
“ချီးထုပ်တွေ၊ ပိုက်ဆံလာချေးတုန်းက ခခယယနဲ့၊ အခုတော့ လူကိုမမှတ်မိတော့ဘူးတဲ့လား! ချေးတုန်းက ချေးပြီး အခုတော့ မဝန်ခံရဲဘူးလား” နီဇွန်က စကားများ မပြောရဲသော်လည်း လက်သီးနှင့်သာ ဆက်ထိုးနေခဲ့သည်။
ထန်ယီသည်လည်း လူသိရှင်ကြား ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။
နီဇွန်၏ လက်ထောက်မှာလည်း လက်ဝှေ့ကလပ်မှ ဖြစ်သည်။ ဤအဖြစ်အပျက်ကို သူက မကြောက်ပဲ တစ်ချိန်လုံး ရယ်နေခဲ့သေးသည်။ သူလည်း ထူးဆန်းသော လူတစ်ယောက်ပင်ဖြစ်သည်။
ထိုးနှက်ပွဲကြီးမှာ ပြီးလုနီးပါးဖြစ်ပြီး ထိုလေးယောက်သည် နောက်ဆုံးတော့ ရပ်သွားခဲ့သည်။
ဝဖြိုးနေသောထိုလူနှစ်ယောက်သည် မြေကြီးပေါ်တွင် လှဲလျောင်းနေပြီး လေဖြတ်သလိုမျိုး ဆန့်ငင်ဆန့်ငင်ဖြစ်နေကာ ဘောင်းဘီခွကြားများမှာ စိုစွတ်နေသေးပြီး အနံ့အသက်ဆိုးများ ထွက်လာသည်။ ထန်ယီသည် ဒေါသမီးတစ်ချက် တောက်သွားပြီး ခြေထောက်ဖြင့် နောက်ထပ်ကန်ခဲ့သေးသည်။
သူတို့သည် အချင်းချင်း မျက်ရိပ်မျက်ကဲများ ပြပြီး စတင်ထွက်ပြေးကြပါတော့သည်။
သိပ်မလှမ်းမကမ်းတွင် သူတို့ကားနောက်မှ ကားတစ်စီးလိုက်လာသည်ကို ကျန့်ကျင်းယုမှာ သတိထားမိပြီး သတင်းထောက်က ရှာတွေ့သွားသည် ဟူ၍ကြောက်လန့်နေကာ အလန့်တကြား မဖြစ်ပဲမနေနိုင်ပေ။
ကျန့်ကျင်းယုက နောက်ပြန်လှည့်ကြည့်ပြီး ခဏရပ်သွားသည်။ “အစ်ကိုထန်၊ အဲ့ဒါ အစ်ကိုတုရဲ့ ကားပဲ”
ထိုစကားကိုကြားပြီးနောက် လေးယောက်စလုံး ရပ်သွားကြသည်။
တုရှန့်ယန်၏ ကားလည်း ရပ်သွားပြီး တံခါးပွင့်လာကာ သူတို့လေးယောက် အတူတူ ကားပေါ်တက်ခဲ့သည်။
မကောင်းသည့်အလုပ်ကို လုပ်မိ၍ လေးယောက်စလုံးမှာ စကားမပြောရဲကြပေ။
တုရှန့်ယန်က သက်ပြင်းချလိုက်ပြီး “ငယ်သေးတာပဲ အရက်သောက်နိုင်တဲ့ လူတွေက ယာဉ်မောင်းကို ခေါ်သွားတတ်ကြတာ သက်သေပဲလေ”
“အန်...” ထန်ယီက လုံးဝကို လျစ်လျူရှူလိုက်ပြီး ဒေါသကြောင့် မိုက်မဲနေခဲ့သည်။
တုရှန့်ယန်က သူ့လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး “ရပါတယ်လေ၊ ငါရှင်းလိုက်မယ်။ နောက်တစ်ခါ မင်းတို့ဘာသာ လျှောက်မလုပ်နဲ့။ အိမ်ပြန်ရောက်ရင် မင်းတို့နှစ်ယောက်အတွက် အလုပ်လိပ်စာကတ်နှစ်ကတ် ရှာပေးဦးမယ်”
နီဇွန်သည် အရပ် ၁၈၄ စင်တီမီတာရှိပြီး အရပ် ၁၇၃စင်တီမီတာရှိသော တုရှန့်ယန်က သူ့လက်ဖြင့် သိုင်းဖက်ထားသည်။ “အစ်ကိုတု၊ ကျွန်တော် အစ်ကို့ကိုပဲ အားကိုးရတော့မယ်၊ ထန်ထန်က စိတ်မချရဘူး”
“ကဲ အခုတော့သိပြီမလား” တုရှန့်ယန်က မေးလိုက်သည်။
“ဟုတ်၊ သူ့ကြောင့် ကျွန်တော် လမ်းမှားရောက်သွားတယ်။ ကျွန်တော် အားကစားကျောင်းက ထွက်လာပြီးကတည်းက ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး!” နီဇွန်က ကျယ်လောင်စွာ ညည်းညူလိုက်သည်။ အရာအားလုံးက ရုပ်ရည်ချောမောသော အသွင်အပြင်ရှိသည့် ထန်ယီ၏ အပြစ်ပင်ဖြစ်သည်။ ရှန့်ယန်သည် ဝန်ထမ်းများကို နီဇွန်နှင့် မမိတ်ဆက်ပေးတော့ပေ။
ထန်ယီသည် ထိုအချိန်တွင် သူ၏ ဖုန်းကို ထုတ်ယူလိုက်ပြီး သူ၏ ဖုန်းနံပါတ်စာရင်းများထဲမှ ဖုန်းနံပါတ်တစ်ခုကို တွေ့ခဲ့သည်။
နီဇွန်က သူ့ကိုတစ်ချက်ကြည့်ပြီး မေးလိုက်သည်။ “မင်း စိတ်မရှုပ်ဘူးလား၊ ဘာလို့ သူ့ကို လိုက်ရှာနေတာလဲ”
ထန်ယီသည် ဘာမှပြန်မဖြေပဲ ထိုဖုန်းနံပါတ်ကို တန်းခေါ်လိုက်သည်။
ယွင်ကျန့်သည် မျက်စိပွင့်လာပြီး အိပ်ခန်းထဲက မီးအိမ်ကို ကြည့်လိုက်ကာ မနေ့ညက အဖြစ်အပျက်များကို မှတ်မိအောင် လုပ်နေသည်။
ထို့နောက် သူမသည် အမြန်ထကာ သူမ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ မနေ့ညက အဝတ်အစားများ ဝတ်ထားသော်လည်း ခါးနည်းနည်းနာနေသည်။ အဝတ်များကို လှန်လိုက်၊ အချိန်အကြာကြီး ဟိုလှိမ့်ဒီလှိမ့်လုပ်လိုက်နှင့် ခဏကြာသောအခါ ထူးခြားသော ထောင့်အနေအထားတစ်နေရာကနေ ဖုန်းနှင့် ဆယ်လ်ဖီ တစ်ပုံရိုက်လိုက်သည်။
ဓာတ်ပုံနောက်ခံမြင်ကွင်းတွင် အစိမ်းရောင် အဝတ်စနှစ်စကို တွေ့ခဲ့ပြီး ထိုအဝတ်များမှာ တစ်နေရာရာတွင် ညှပ်နေသောကြောင့် ပုံထဲတွင် ပေါ်လာသည်သာ ဖြစ်ပေလိမ့်မည်။
သူမသည်ခါးကို ပွတ်သပ်ပြီး ကုတင်ပေါ်မှ ဆင်းကာ ကော်ဇော စိုစွတ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအရာကို နင်းမိပြီး တစ်ခုခုကို သတိရသွားကာ ရွံလည်းရွံသွား၍ သက်ပြင်းမချပဲ မနေနိုင်ပေ။
အိပ်ရာမှ နိုးလာပြီးချင်းတွင် အခန်းပတ်ပတ်လည်ကို သန့်ရှင်းရေး လုပ်လိုက်သည်။ ရေချိုးခန်းထဲတွင် လျှော်ဖွတ်နေရင်း ဖုန်းမြည်သံကြားပြီးနောက် ထုတ်လုပ်သူဆီက ဖုန်းခေါ်လာသည်ကို လက်ခံပြောကြားဖို့ ချက်ချင်းထွက်လာခဲ့သည်။
“ညီမယွင်ရေ၊ ပြောစရာ နှစ်ခုရှိတယ်၊ ကောင်းတဲ့စကား အရင်နားထောင်မလား ဒါမှမဟုတ် မကောင်းတဲ့ဟာ နားထောင်မလား” ထုတ်လုပ်သူက ထိုစကားပြောခဲ့ပြီးနောက် သူပြောလိုက်သည့်လေသံမှာ ဘာကမှားနေမှန်းကို မပြောတတ်ပေ။
“မကောင်းတဲ့ဟာ” ယွင်ကျန့်သည် မှန်ထဲသို့ ကြည့်ကာ သူမနဖူးကို ကြည့်လိုက်သည်။ သူမ မနေ့ညက အရက်မူးအောင် သောက်ခဲ့ပြီး နဖူးတွင်လည်း ဝက်ခြံများ ထွက်နေကာ တကယ့်ကို အဖွားကြီးပုံပေါက်နေသည်။
“မနေ့က ငါတို့တွေသီချင်းသွားဆိုတာပြီးသွားတော့ ကားပါကင်နားမှာ ရင်းနှီးမြုပ်နှံသူ နှစ်ယောက်က အိတ်ကြီးတွေနဲ့ အစွက်ခံရပြီး အရိုက်ခံခဲ့ရတာတဲ့”
“ဘာ!?” ယွင်ကျန့် လန့်သွားပြီး သူမအသံ ကျယ်ကျယ်ထွက်သွားသည်။ “ငါကြားတာတော့ အကြွေးရှင်တစ်ချို့က သူတို့ကို လူမှားပြီး ရိုက်ခဲ့တာတဲ့၊ ပထမတော့ တစ်ယောက်တည်း ၅သန်း ရင်းနှီးပေးတာလည်း ကောင်းပါတယ်ပေါ့၊ ဒါပေမယ့် အခုတော့ ပြောင်းသွားပြီ။ အဲ့ရင်းနှီးမြှပ်နှံသူ နှစ်ယောက်စလုံးက ၅သန်းကို အတူတူ ရင်းနှီးပေးမယ်တဲ့” ထုတ်လုပ်သူသည် စကားပြောပြီးသောအခါ သက်ပြင်းချလိုက်သည်။
တစ်ယောက်လျှင် ၂.၅သန်း၊ ထိုကိန်းဂဏန်းသည် အလွန်ကောင်းမွန်သည်။
“အရမ်းပျော်ဖို့ကောင်းတာပဲ... ပန်းစည်းတွေ ပေးဖို့ရောလိုသေးလား” ယွင်ကျန့်က နံရံကို လက်ဖြင့်ထောက်ထားပြီး သူမရင်ထဲတွင် ဟာတာတာဖြစ်နေသည်ကို သဘောပေါက်ခဲ့သော်လည်း အရင်းအနှီးမရှိခြင်းထက် အရင်းအနှီးရှိခြင်းက ပိုကောင်းလိမ့်မည်သာ ဖြစ်သည်။
“ကျွန်မ ဒီဟာကို လုပ်နိုင်ပါတယ်”
“နောက်တစ်ခုကရော ဘာများလဲ”
"ငါပြောတာကို မင်းယုံ မယုံတော့မသိဘူး။ နောက်တစ်ခုက ဒုတိယသခင်လေးက ရုတ်တရက် ယွမ်သန်း ၃၀ အရင်းအနှီးပေးသွားတယ်။ ဒီမနက်ပဲ ဖုန်းခေါ်ပြီး စကားနှစ်ခွန်းပဲ ပြောခဲ့တယ် - ရင်းနှီးမယ်၊ တစ်နည်းနည်းနဲ့လှည့်ပြီးတော့ ပိုက်ဆံပေးမယ်”
“ဒုတိယသခင်လေးမင်?” ယွင်ကျန့်က မယုံသင်္ကာနှင့် မေးလိုက်သည်။ သူတို့သည် ထိုကဲ့သို့သော ထိပ်တန်းနံပါတ်တစ်လူတစ်ယောက်ကို တစ်ခါမှ မဆက်သွယ်ခဲ့ဖူးပေ။
“ညီမယွင်၊ သူ့ကို သိလား”
“ကျွန်မလည်း မသိပါဘူး” ယွင်ကျန့်လည်း အလွန်ထူးဆန်းသလို ခံစားခဲ့ရသော်လည်း အရင်ဆုံး ပြောလိုက်သည်မှာ “စာချုပ်ကိုရအောင်ချုပ်ပြီး ဒီအခွင့်အရေးကို မရရအောင် အပိုင်ယူထား!”
“မင်အုပ်စုကုမ္ပဏီကို အခုပဲသွားနေတယ် စိတ်မပူနဲ့”
ယွင်ကျန့်သည် ထုတ်လုပ်သူနှင့် စကားအနည်းငယ်ပြောလိုသော်လည်း လူခေါ်ဘဲလ်သံ မြည်လာသည်။
သူမသည် တံခါးဆီသို့သွားကာ ဗီဒီယိုအင်တာကွန်ကို ဖွင့်လိုက်သည်။ ထန်ယီသည် သူမအခန်းတံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူမသည် ဖုန်းကိုချလိုက်ပြီး ထန်ယီကို “ကျွန်မကို ငါးမိနစ်လောက်စောင့်ပေး!” ဟုပြောလိုက်သည်။
“ဟမ်?!” ထန်ယီက နားမလည်သလို ဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် သူ့ဦးထုပ်ကို သပ်သပ်ရပ်ရပ် ပြင် ဝတ်လိုက်သည်။ အပြင်မှာ တစ်စက္ကန့်လောက်နေလျှင် နေသည့်အလျောက် သူ့အတွက် အန္တရာယ်ရှိပေသည်။
“ရှင်... ရှင် အပေါ်ထပ်ကို အရင်သွားနေနှင့်၊ ကျွန်မ...ကျွန်မ မကြာခင် သိမ်းလို့ပြီးတော့မယ်” ယွင်ကျန့်က အမြန်နောက်လှည့်ကာ အလွန်မြန်ဆန်သော အရှိန်ဖြင့် ဧည့်ခန်းကို သန့်ရှင်းရေးလုပ်နေသည်။
ထန်ယီသည် ခဏအကြာတွင် ယွင်ကျန့်၏အိမ်တံခါးဝသို့ရောက်လာပြီး လူခေါ်ဘဲလ်ကို ထပ်တီးလိုက်သည်။ ယွင်ကျန့်က သိမ်းဆဲ၍မပြီးသေးပဲ တံခါးဆီ လှမ်းအော်လိုက် “ခဏစောင့်၊ ပြီးတော့မယ်”
ထိုသို့ပြောပြီးနောက် ရှင်းလင်း၍ မပြီးနိုင်သော အရာများ အစုလိုက်အပုံလိုက်ကို အိပ်ခန်းထဲသို့ တွန်းထည့်ပြီး တံခါးကို ပိတ်လိုက်သည်။ ထို့နောက် အဆင်ပြေမည်ဟုထင်ပြီး တံခါးဖွင့်ပေးလိုက်သည်။
ထန်ယီသည် နှာခေါင်းရှုံ့လျက် ဝင်လာခဲ့သည်။ ယွင်ကျန့်သည် သူ့အတွက် အိမ်တွင်းစီးဖိနပ်တစ်ရံကို ရှာပေးချင်သော်လည်း ဆိုဒ်အကြီးဆုံးဖိနပ်တစ်ရံမှာ ပျောက်ဆုံးနေကြောင်း တွေ့ခဲ့ရသည်။
“ရှင် ဒီတိုင်းဝင်လာလို့ရပါတယ်...” ယွင်ကျန့်က ထိုသို့ပြောခဲ့ပြီး ကြမ်းပြင်မှာ သန့်ရှင်းရေးလုပ်၍ မပြီးသေးပေ။
ထန်ယီက ခေါင်းညိမ့်ပြပြီး အထဲကို တန်းဝင်သွားကာ ဆိုဖာဆီသို့ တည့်တည့်လျှောက်ကာ ထိုင်လိုက်သည်။
“ရှင် ဒီကို ရုတ်တရက် ရောက်လာတာက ကိစ္စတစ်ခုခုရှိလို့လား” ယွင်ကျန့်က သူမဆံပင်များကို သပ်သပ်ရပ်ရပ် ချီလိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချနေကာ ကံကောင်းစွာနှင့်ပင် သူမသည် ဒီမနက် ဆေးကြောသန့်စင်ထားပြီးသား ဖြစ်နေပြီး မဟုတ်လျှင် ထန်ယီစိတ်ရှုပ်စရာ ဖြစ်နေပေလိမ့်မည်။
“အချိန်ရရင် ငါတို့ တွေ့ဖို့ ပြန်ချိန်းမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား” ထန်ယီက ပြန်ဖြေလိုက်သည်။
“အဲ့ဒါက ကျွန်မတို့ အချိန်ရှိမှ စကားသေချာပြောလို့ရတယ်လို့ ပြောခဲ့တာပါ” ယွင်ကျန့်က အသက်ပြင်းပြင်းရှူပြီး ထန်ယီကို စည်းရုံးဖို့ စတင်စီစဉ်ခဲ့သည်။
“ဇာတ်ညွှန်းကို သေချာ မဖတ်ရသေးဘူး”
ယွင်ကျန့်တွင် ဇာတ်ညွှန်းတစ်အုပ်ရှိနေသည်။ ချက်ချင်းပင် အိပ်ခန်းတံခါးကိုဖွင့်ကာ ဖုန်များခါလိုက်ပြီး ထိုဇာတ်ညွှန်းကော်ပီကိုယူလာကာ တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
“ရှင် ဒီဟာကို ဖတ်ချင်ရင် ဖတ်လို့ရပါတယ်” ဟုပြောလိုက်သည်။
“အဲ့ဟာဖတ်ဖို့ စိတ်ညစ်မခံချင်ဘူး၊ မင်း ငါ့ကိုဖတ်ပြပေးနိုင်တယ်မလား” ထန်ယီသည် ဆိုဖာပေါ်တွင် သူ့ခြေတံရှည်ရှည်ကြီးများဖြင့် ခြေဆန့်လက်ဆန့် လှဲလျောင်းနေဆဲဖြစ်ပြီး ခေါင်းအုံးပေါ်တွင် ခေါင်းကိုတင်ထားကာ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်၍ ပွတ်ပြီး ပျင်းရိစွာ ပြန်ပြောလိုက်သည်။
ဇာတ်ညွှန်းဖတ်မဲ့ ကိုယ်နေဟန်ထားက ဘယ်လိုကြီးလဲ။ ဒီနေရာကို အနားယူစရာနေရာများ မှတ်နေလား။
“ကျွန်မ ရှင့်ကို ဇာတ်လမ်းအကြမ်းဖျင်းကို ပြောပြနိုင်ပါတယ် ပြီးတော့ အခြေခံ ဇာတ်လမ်းဇာတ်ကွက်တွေရောပဲ”
“အဲ့ဇာတ်ညွှန်းစာအုပ်ကို အစကနေဖတ်ပြ၊ ပြီးတော့ ဇာတ်ပို့အခန်းကိုလည်း နားထောင်ချင်တယ်” ထန်ယီက ထိုသို့ ပြန်ပြောလိုက်သောအခါတွင် ဂိမ်းတစ်ခု၏ အဝင်သီချင်းသံသည် သူ့ဖုန်းထဲမှထွက်လာသည်။
ယွင်ကျန့်က ဇာတ်ညွှန်းစာအုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ လိုချင်မှု! ထူးခြားပြောင်မြောက်မှု! ကျက်သရေရှိမှု!
.......
ဤနေရာတွင် စာရေးဆရာမှာ ပြောစရာတစ်ခုရှိသည် -
ယွင်ကျန့် - ဇာတ်လမ်းအကြောင်း နားလည်ချင်တယ်ဆိုရင်လည်း အကြမ်းဖျင်းကိုပဲ နားထောင်ပေါ့၊ ဘာလို့ ကျွန်မက ဇာတ်ညွှန်းက အစအဆုံးဖတ်ပြရမှာလဲ?!
ထန်ယီ - ဇာတ်လမ်းအကြမ်းဖျင်းဆိုတာက ပြောပြရင် တစ်ခဏတည်းနဲ့ ပြီးသွားမှာ၊ ဇာတ်ညွှန်းဆိုရင်တော့ တစ်နေကုန်ဖတ်လို့ရတယ်လေ