အပိုင်း
၄
ထန်ယီသည်
ဓာတ်လှေကားထဲတွင် ယွင်ကျန့်ကို ကုန်းပိုးကာ ရပ်နေသည်။ ဓာတ်လှေကားတံခါးပွင့်လာပြီးနောက်
နီဇွန်က သူ့နောက်လိုက်လာသော အမျိုးသမီးကို လက်ယမ်းပြလိုက်သည်။
ထိုအမျိုးသမီးက
နားမလည်သလို ထူးဆန်းစွာ ပြန်မေးလိုက်သည်။ “ကျွန်မ ဘာလုပ်ရမှာလဲ”
နီဇွန်က
နှုတ်ခမ်းစူပြီး ထိုအမျိုးသမီးကို ဓာတ်လှေကားတံခါးဆီသို့ တွန်းလိုက်သည်။ သူသည်အထဲမှာပုန်းပြီး
ဓာတ်လှေကား တံခါးကို ဖိပိတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက “အပြင်မှာ ပရိသတ်တွေ ဒါမှမဟုတ်
ပါပါရာဇီတွေ ရှိလား ကြည့်ကြည့်ဦး”
ဟုပြောလိုက်သည်။
“အိုး!” သူမ ချက်ချင်း ထွက်သွားပြီး
ကြည့်ပေးလိုက်သည်။ ထို့နောက် နောက်တစ်ဖန်ပြန်ကြည့်ပေးပြီး “ကျွန်မ ဘယ်သူ့ကိုမှ မတွေ့ပါဘူး” ဟုပြန်ဖြေလိုက်သည်။
ထိုမှသာ
နီဇွန်သည် အပြင်ထွက်ကာ “မျက်ကန်းမျက်မှန်”
ကို ချွတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို သာမန်မျက်စိဖြင့် ကြည့်ကာ ထွက်လာနိုင်သည်ကို
အချက်ပြရန် ထန်ယီကို မေးငေါ့ပြလိုက်သည်။
ထန်ယီသည်
နီဇွန်နှင့် ပိုရင်းနှီးသောကြောင့် နီဇွန်ပြောချင်သည်ကို အလိုလိုနားလည်နေကာ ယွင်ကျန့်ကို
ကုန်းပိုးလျက် ထွက်လာသည်။ မနီးမဝေးမှ ကျန့်ကျင်းယုသည် သူတို့ဆီ ကားကိုမောင်းလာသည်။
ထန်ယီက
ယွင်ကျန့်ကို ကားထဲထည့်လိုက်ပြီး နောက်ခုံတွင် သူပါဝင်ထိုင်လိုက်သည်။
သူမနှင့်အတူ
အဖော်အဖြစ်လိုက်လာပေးသော အမျိုးသမီးက တုန်လှုပ်ချောက်ချားပြီး ခရီးသည်ထိုင်ခုံတွင်
ထိုင်ချလိုက်သည်။
“ငါမလိုက်တော့ဘူး၊ ဘာကြောင့်
မလိုက်ဘူးလဲဆိုတာ အစီရင်ခံတင်ပြရဦးမလား”
နီဇွန်က ပြောလိုက်သည်။
“ခဏနေ ပြန်လာခဲ့မယ်” ထန်ယီက ပြန်ပြောလိုက်သည်။
“အိုကေ”
နီဇွန် ထွက်သွားခါနီးမှာ ရှေ့ခုံတွင်ထိုင်နေသော အမျိုးသမီးက ပြတင်းပေါက်ကိုဖွင့်ပြီး
“နီဇွန်၊ ကျွန်မအတွက် နာမည်လေးရေးပြီး လက်မှတ်ထိုးပေးလို့ရမလား” ဟုစိတ်လှုပ်ရှားစွာ
မေးလိုက်သည်။
နီဇွန်က
တန့်သွားကာ ခေါင်းညိမ့်ပြပြီးနောက် နှစ်ယောက်စလုံး ဒီအတိုင်းမတ်တပ်ရပ်နေကြသည်။
ထိုအမျိုးသမီးက
ဘာမှမယူလာပေ။ နီဇွန်လည်း ထို့နည်းတူဖြစ်သည်။ ဤနာမည်ကို လက်မှတ်ထိုးပေး၍ မရတော့ပေ။
အရက်မူးနေသူကြောင့်
ကြယ်နှစ်ပွင့်ဆုံတွေ့သွားကြမည်ဟု မည်သူကထင်မည်နည်း။
“ကောင်းပြီ မင်းနာမည်နဲ့
မင်းအပေါင်းအဖော်ရဲ့ အခန်းနံပါတ် ငါ့ကိုပြော။ ငါလက်မှတ်ထိုးပြီး မင်းဆီပို့ပေးလိုက်မယ်
ဟုတ်ပြီလား” နီဇွန်က သူ့လက်ကို အိတ်ကပ်ထဲထည့်ကာ မေးလိုက်သည်။
(အပေါင်းအဖော်ဆိုသည်မှာ
ယွင်ကျန့်ကို ပြောခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် ယွင်ကျန့်၏ အပေါင်းအဖော်ဖြစ်သည်။)
“ဟုတ်! ကျွန်မနာမည်က မုန့်
မုန့်မုန့်ပါ”
“နာမည်က မိုက်သားပဲ၊ ခေါ်ရင်
လျှာလိမ်မဲ့ပုံပဲ”
နီဇွန်က စကားပြောပြီးသည်နှင့် ဓါတ်လှေကားဆီ လျှောက်သွားပြီးလက်ကို
ဝှေ့ယမ်းပြလိုက်သည်။
မုန့်
မုန့်မုန့်သည် အရမ်းကို စိတ်လှုပ်ရှားနေပြီး နာမည်ကြီး အိုင်ဒေါနှစ်ယောက်ကို တစ်ပြိုင်နက်တည်း
တွေ့လိုက်ရပြီး သူတို့သည် သူမမျှော်မှန်းထားသည်ထက် ပိုပြီးဖော်ရွေကြသည်။
သူမ
ခေါင်းကိုလှည့်ကာ ထန်ယီ၏ မျက်လုံးများကို ကြည့်လိုက်သည်။
ထန်ယီ၏
မျက်လုံးများတွင် မကျေမနပ်မှုများပြည့်နှပ်နေပြီး သူမကို စိုက်ကြည့်ကာ စူးစူးဝါးဝါးငေးကြည့်ရင်း
မုန့် မုန့်မုန့်ကို တုန်လှုပ်သွားအောင်လုပ်လိုက်သည်။ ထို့နောက် ခေါင်းကို အမြန်လှည့်လိုက်ကာ
သေသပ်စွာ ထိုင်လိုက်သည်။
ထန်ယီသည် Reality ရှိုးများတွင်ကဲ့သို့ လူမှုပေါင်းသင်းဆက်ဆံရေး
ကောင်းမွန်ပုံမပေါ်ပေ။
ထိုအရာက
အရမ်းပြင်းထန်သည်ဟု ခံစားရသည်။ သို့သော် သူတို့ကို ကူညီချင်မည့်သူများက လူမှုဆက်ဆံရေး
မဆိုးသင့်ပေ။
သူမသည်
တစ်ခုခုကို စဉ်းစားမိသွားပြီး ဖုန်းကို အမြန်ထုတ်ကာ သူမက ယွင်ကျန့်ကို ခေါ်သွားပြီဖြစ်ကြောင်း
သူမနှင့်အတူ ညစာစားခဲ့ကြသူများဆီ မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။
ကားထဲမှာ
ဘယ်သူမှ စကားမပြောကြပေ၊ သီချင်းသံတောင် မကြားရ၊ တိတ်ဆိတ်သော ပတ်ဝန်းကျင်အနေအထားကပင် ရှက်စရာများကို ပို၍တိုးလာစေသည်။
ကျန့်ကျင်းယုလည်း
ထိုပုံစံကို ကျင့်သားရသွားပုံရသည်။ ထန်ယီ၏ အနေအထားမှာ ကြောက်စရာကောင်းနေပြီး မည်သူမျှ
သွားဆွ၍မဖြစ်သော အခြေအနေဖြစ်နေသည်။ မုန့် မုန့်မုန့်လည်း လက်သီးဆုပ်၍သာ နေလေသည်။
ကားကွေ့လိုက်သောအခါ
ယွင်ကျန့်၏ ခန္ဓာကိုယ်ဟာ ဘေးတိုက် လျှောကျလာပြီး ထန်ယီ ပုခုံးပေါ် မှီမိသလိုဖြစ်သွားသည်။
ထန်ယီက သူမမျက်နှာကို လှည့်ကြည့်လိုက်ပြီး ရှုပ်ယှက်ခတ်နေသော ဆံပင်များကို သပ်ပေးဖို့
သူ့လက်ကို မြှောက်လိုက်ကာ သူမကို မတွန်းဖယ်ပဲ သူ၏ပုခုံးပေါ် မှီခွင့်ပြုလိုက်သည်။
ယွင်ကျန့်၏
မျက်နှာသည် အလွန်သေးငယ်သည်။ ထန်ယီမျက်နှာမှာမူ ကြီးမားသော်လည်း သူ့မျက်နှာသွင်ပြင်မှာ
အလွန်သက်ဝင်နေသည်။ ၎င်းမှာ အမြင်အရ အလွန်ပြီးပြည့်စုံသော ဆွဲဆောင်မှုရှိသည့် ပြည့်စုံသည့်အလှတရားတစ်ခုဖြစ်သည်။
ယွင်ကျန့်ကို
ပထမဆုံးတွေ့တုန်းက သူမက စိတ်အားထက်သန်သူတစ်ယောက် ဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူမသည်
ကြီးစိုးတတ်ခြင်း၊ မာနကြီးပြီး အရိုးထဲစွဲသည့်အထိ ခေါင်းမာခဲ့သည်။ ဒရာမာကောင်းတစ်ခု
မရိုက်ခင် သူမသည် ထုတ်လုပ်သူနှင့် အကြိမ်ကြိမ် ရန်ဖြစ်လေ့ရှိသည်။
ထန်ယီမှာ
ထိုအချိန်တုန်းက တတိယအမျိုးသားဇာတ်ပို့အဖြစ် ရွေးချယ်ခံရသောအခါ အဖွဲ့သားအများအပြားက
သဘောမတူခဲ့ကြပေ။ ရင်းနှီးမြုပ်နှံသူလည်း ပုံသေ သရုပ်ဆောင်ပြရမည့် အခန်းကဏ္ဍတစ်ခုကို
ပေးပို့ခဲ့ပြီး ယွင်ကျန့်၏ ခုခံမှုအောက်တွင် ထိုအခန်းကဏ္ဍကို ရရှိခဲ့သည်။
ယွင်ကျန့်ကြောင့်သာမဟုတ်ခဲ့လျှင်
သူသည် ဒီလောက်စောပြီး ပွဲဦးထွက်ဖြစ်ဦးမည် မဟုတ်ပေ။
ယွင်ကျန့်သာ
မိန်းမလှလေးမဖြစ်ခဲ့ပဲ နောက်ပိုင်း ထိုအရာများကို မကြုံတွေ့ခဲ့လျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။
ဤအသိုင်းအဝိုင်းတွင်
ယွင်ကျန့်ကဲ့သို့သော အမျိုးသမီးမျိုးနှင့်အတူ ပေါင်းစည်းနိုင်ရန်မှာ အလွန်ခက်ခဲသည်။
ကားသည်
ယွင်ကျန့်နေထိုင်သည့် အိမ်ရာ၏ ဂိတ်ပေါက်တွင် ရပ်သွားသည်။ ကျန်းကျင်းယုသည် လှည့်ပြီး
ထန်ယီကို မေးလိုက်သည်။
“ကျွန်တော် ဆရာမကို အပေါ်ထိ သယ်သွားပေးရမလား” ရလဒ်အနေနှင့် ထန်ယီက သူ့ကို စိုက်ကြည့်ပြီး ကျန့်ကျင်းယုမှာ
သတိမထားပဲ ပြောထွက်သွားသည်။ “ကျွန်တော်အောက်ထပ်ကနေပဲ စောင့်နေပါမယ်”
ထန်ယီက
ကားထဲမှ ဆင်းကာ လက်တစ်ဖက်က တံခါးကိုဖွင့်ပြီး ယွင်ကျန့်ကို ကုန်းပိုးလာခဲ့သည်။ မုန့်
မုန့်မုန့်သည် ယွင်ကျန့်ကျောကို ဆက်လက် ထိန်းထားပေးခဲ့သည်။
ကားပေါ်မှဆင်းလာသောအခါ
လေတစ်ချက်တိုက်သွားပြီး ယွင်ကျန့်ခဏနိုးလာကာ မျက်လုံးများကို မှိန်းခနဲဖွင့်ပြီး ပတ်ပတ်လည်ကို
ကြည့်လိုက်သည်။ မုန့် မုန့်မုန့်ကို တွေ့သွားသောအခါ သူမသည် မသိစိတ်မှ စိတ်သက်သာရာရသွားသည်။
သူမသည် သူမကိုသယ်လာသောသူကို ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်။ “ထန်ယီ?”
“ဟုတ်တယ်” ထန်ယီက နှာသံလေးနှင့်
ပြန်ဖြေလိုက်သည်။
ထို့ကြောင့်
ယွင်ကျန့်သည် ချက်ချင်းပင် စိတ်မချမ်းသာဖြစ်သွားပြီး လက်ကို မြှောက်ကာ ထန်ယီ၏ဦးထုပ်ကို
ချွတ်လိုက်ပြီး ဦးထုပ်လည်း မြေပြင်ပေါ်သို့ ကျသွားသည်။ “ရှင့်ဆံပင်ကြီး ရွေ့သွားပြီ!
ရှင်က ကတုံးကြီးပဲ!”
ထန်ယီ၏
လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မျက်လုံးများလှန်ကြည့်လိုက်သည်။ သူသည် တကယ့်ကို ဒေါသကြီးကို ဆုပ်ကိုင်ထားသည်။
မုန့်
မုန့်မုန့်က ထန်ယီ၏ ဦးထုပ်ကို အမြန်ကူကောက်ပေးပြီး မတ်တပ်ရပ်လိုက်သည့်အခါ ယွင်ကျန့်က
ထန်ယီ၏ ဆံပင်များကို အားကြိုးမာန်တက် ပွတ်နေသည်ကို တွေ့လိုက်ရသည်။ “ရှင့်ဆံပင်က ကောင်းတယ်။
တနေကုန် လျှော်လိုက်၊ ညှပ်ပြီး မှုတ်လိုက်နဲ့ဆိုရင် ရှင့်ဆံပင်တွေ ကောင်းလာလိမ့်မယ်။
အခုတော့ ဘယ်ရောက်သွားပြီလဲ”
ယွင်ကျန့်က
ထန်ယီ၏ ဆံပင်များကို လုံးဝ ရှုပ်ပွအောင် လုပ်နေပြီး ဆံပင်က အတော်ကိုင်လို့ ကောင်းနေ၍
လက်ကို ဆံပင်ထဲ ပြန်ထည့်လိုက် ထုတ်လိုက်လုပ်နေသည်။
မုန့်
မုန့်မုန့်သည် ထန်ယီ၏ဦးထုပ်ကို သတိလက်လွတ်ကိုင်ထားမိပြီး ထန်ယီ၏ခေါင်းပေါ်ကို ခြေဖျားထောက်ကာ
ဆောင်းပေးပြီး “ယွင်ကျန့်က အရင်က ဒီလိုမဟုတ်ပါဘူး” ဟု ရှင်းပြလိုက်သည်။
ထိုစကားကို
နားထောင်ပြီးနောက် ထန်ယီသည် လှောင်ပြောင်သည်။ “မသိရင် အရင်က သူ့ကို ငါမသိတာကျနေတာပဲ”
မုန့်
မုန့်မုန့်သည် ထန်ယီကို ယွင်ကျန့်သိခဲ့ကြောင်းကို သိထားပြီး ယနေ့တွင် ယွင်ကျန့်က ထန်ယီသည်
အဓိကဇာတ်ဆောင်မင်းသားနေရာ သရုပ်ဆောင်ပေးဖို့ သဘောတူမည်ဖြစ်ကြောင်း ပြောထားသောကြောင့်
သူမသည် ပါးစပ်ပိတ်ထားခဲ့သည်။
ယွင်ကျန့်၏
ယခင် ပင်ကိုယ်စရိုက်က တကယ်ဆိုးမှန်း သူမသိနေသည်။ နှစ်ရှည်လများ သူမခံနိုင်ရည်ရှိအောင်
လုပ်ခဲ့ရသည်။ ယွင်ကျန့်၏ အိမ်ကို ပြန်ရောက်သောအခါ မုန့် မုန့်မုန့်သည် လက်ဗွေရာဖြင့်
တံခါးဖွင့်ဖို့အတွက် ယွင်ကျန့်၏ လက်ချောင်းများကို တစ်ချောင်းပြီးတစ်ချောင်းစမ်းသပ်ရန်
ကိုင်ထားပြီး ထန်ယီက အနည်းငယ် ထိုင်ချပေးကာ ပူးပေါင်းလုပ်ဆောင်ပေးရာ နောက်ဆုံးကျန်သည့်
လက်ချောင်းကို စမ်းကြည့်မှသာ အောင်မြင်သွားတော့သည်။ မုန့် မုန့်မုန့်လည်း အံ့သြသွားသည်…။
ထန်ယီသည်
နောက်ဆုံးတွင် မတ်တပ်ကောင်းကောင်းရပ်နိုင်သောကြောင့် တံခါးကို ခြေထောက်ဖြင့်ဖွင့်ကာ
ယွင်ကျန့်ကို ပြန်ကုန်းပိုးပြီးနောက် တံခါးကို ချက်ချင်းပိတ်လိုက်သည်။
မုန့်
မုန့်မုန့်သည် သူမမျက်နှာပေါ်တွင် ဘာဖြစ်သွားမှန်း မသိသောအမူအရာဖြင့် အပြင်ဖက်တွင်
တံခါးပိတ်ခံလိုက်ရသည်။
ထန်ယီဝင်လာပြီးနောက်
အခန်းအနှံ့ မီးခလုတ်များကို စမ်းတဝါးဝါးနှင့်
လိုက်ရှာနေပြီး နောက်ဆုံးတော့ သူ့ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်ကာ ဓာတ်မီးကို ဖွင့်လိုက်သည်။
ထိုအချိန်တွင် ယွင်ကျန့်၏ ခန္ဓာကိုယ်သည် သူ့ကျောပေါ်မှ ချော်ထွက်လုနီးပါးဖြစ်နေပြီဖြစ်သည်။
အမှောင်ထဲတွင်
သူသည်အိပ်ခန်းတံခါးကိုဖွင့်ပြီး အခန်းအတွင်းတွင် တစ်ခုခုကို ကန်မိသွားသလိုမျိုးဖြစ်သွားသဖြင့်
သူ့အိတ်ကပ်ထဲသို့ ဖုန်းကိုပြန်ထည့်လိုက်သည်။ ဘေးအိမ်မှ မီးအလင်းရောင်လေးဖြင့် နောက်ဆုံးတော့
သူသည် ကုတင်နေရာကို သိသွားပြီး ယွင်ကျန့်ကို လှဲချပစ်လိုက်သည်။
“သေစမ်း!” ယွင်ကျန့်သည် ဒဲ့ကျိန်ဆဲလိုက်ပြီး
နာကျင်စွာ ခန္ဓာကိုယ်ကို လူးလှိမ့်လိုက်သည်။
ထန်ယီက
အိပ်ခန်းထဲက မီးကိုဖွင့်လိုက်ပြီး အခန်းထဲက အရှုပ်အပွများကို ကြည့်ပြီး တိတ်ဆိတ်သွားသည်။
ခုနက
သူကန်ခဲ့သည့်အရာမှာ ဘရာစီယာ ဖြစ်ပြီး အသားရောင်ဖြစ်နေသည်။
အခန်းထဲတွင်
အချက်အလက်မျိုးစုံ စာအုပ်များစုပုံနေသည်။ ယွင်ကျန့်သည်
အိပ်ခန်းထဲတွင် ခဏတာ ရုန်းကန်ခဲ့ပုံပေါ်နေသည်။ စာအုပ်များသည် ကော်ဇောနှင့် ကုတင်ပေါ်တွင်
ပျံ့ကျဲနေသည်။ တချို့စာအုပ်များမှာ ဖွင့်လျက်သားဖြစ်နေပြီး အဓိကအချက်များကို ရောင်စုံဆော့ပင်များဖြင့်
ရေးဆွဲမှတ်ထားသည်။
ယွင်ကျန့်
ယခုဖြတ်သန်းနေရသော ထိုနေရာကို ကြည့်လိုက်သည်။ စာအုပ်ပုံလေး နှစ်ပုံရှိနေသည်။ ထိုနေရာမှာ
ယွင်ကျန့်စတင် ကြိုးစားခဲ့သောနေရာဖြစ်ကောင်းဖြစ်နိုင်ပြီး သူမသည် ထိုစာအုပ်ပုံများပေါ်တွင်
လှဲလျောင်းချင် လှဲလျောင်းနေလိမ့်မည်။
ထိုအချိန်တွင်
ယွင်ကျန့်သည် ကုတင်ပေါ်တွင် လှုပ်လှုပ်ရွရွဖြစ်နေပြီး ကုတင်ဘေးရှိ စားပွဲပေါ်မှ စက္ကူပုဝါပါးကို
ဆွဲထုတ်လိုသော်လည်း ထိုစက္ကူပုဝါပါးကို ရှောင်ခဲ့ပြီး ကုတင်ဘေးစားပွဲပေါ်ရှိ အတွင်းခံတစ်ထည်ဖြင့်
ပါးစပ်ကို သုတ်လိုက်သည်။ .
ထန်ယီသည်
လျင်မြန်စွာ လျှောက်သွားကာ အတွင်းခံကို ကောက်ယူပြီးနောက် ကြမ်းပြင်ပေါ်သို့ အလျင်အမြန်
ပစ်ချလိုက်ပြီး လှည့်မကြည့်တော့ပဲ ခေါက်ဆွဲခြောက်တစ်ဘူးကို တွေ့ပြီး လျှောက်လာလိုက်သည်။
ခေါက်ဆွဲခြောက်ဘူးသည် စားပြီးသွားသည့်ပုံစံဖြစ်နေသော်လည်း အရည်များကျန်နေသေးကာ ထန်ယီ၏
ဖိနပ်ကို ပေစွန်းသွားစေသည်။
ထန်ယီ၏
နဖူးပေါ်ရှိ အပြာရောင်သွေးပြန်ကြောများ ထိုးထောင်တက်လာသည်။
ထန်ယီ၏
အကြီးမားဆုံးအားနည်းချက်မှာ ဖိနပ်ဖြစ်သည်ကို ထန်ယီကို သိသည့်သူတိုင်း သိကြသည်။ သူသည်
သူ့ဖိနပ် အားလုံးကို မြတ်နိုးတယ်။ ဘယ်ဖိနပ်မှ အဖိုးမဖြတ်နိုင်ပေ။
ရလဒ်ကတော့
…
ထိုအချိန်တွင်
တံခါးဘဲလ်တီးသံ ကြားရသဖြင့် ထန်ယီက စိတ်မချမ်းသာစွာဖြင့် ထွက်သွားကာ တံခါးကိုဖွင့်လိုက်ပြီး
“ဘာကိစ္စများရှိလို့လဲ”
ဟုမေးလိုက်သည်။
မုန့်
မုန့်မုန့်သည် သူတို့နှစ်ယောက်ကို ဒီအတိုင်းမလွှတ်ထားနိုင်ပေ။ အကြောင်းမှာ တစ်ခုခုဖြစ်ခဲ့လျှင်
ထိုအရာအတွက် သူမ မဖြေရှင်းနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် တံခါးကိုဖွင့်ကာ အတင်းဖျစ်ညှစ်ပြီး
ဝင်လာကာ “ကျွန်မ သူ့ကို ဂရုစိုက်လိုက်ပါ့မယ်”
ဟုပြုံးပြုံးလေးနှင့် ရှင်းပြလိုက်သည်။
“သူ... အရင်ကတည်းက အခန်းက
အဲ့လောက်အရမ်းရှုပ်နေတာလား” ထန်ယီက အခန်းထဲကို
လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
“အရင်ကတည်းက ရှင်သူ့ကို သိခဲ့တာမဟုတ်ဘူးလား”
ထန်ယီသည်
ယွင်ကျန့်ကို ယခင်က သိခဲ့သော်လည်း အလုပ်အတူတူလုပ်ဖူးသည့် ဆက်ဆံရေးသာဖြစ်သည်။
ထန်ယီသည် ယွင်ကျန့်အိမ်သို့ ရောက်ဖူးခဲ့သည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
သူသည်ပြန်မဖြေပဲ
ယွင်ကျန့်၏ ဖိနပ်ထားသည့်နေရာကို လှမ်းကြည့်ကာ တစ်ခုချင်းစီကို လိုက်ကြည့်နေသည်။
“ယွင်ကျန့်ရဲ့ အိမ်မှာက ရှင်ဝတ်လို့ရမဲ့
ဖိနပ်မရှိလောက်ဘူး...” မုန့် မုန့်မုန့်သည် ထန်ယီ၏ ဖိနပ်ကို သတိထားမိပြီး ငေးကြည့်ကာ
ပြောလိုက်သည်။
ထန်ယီသည်
ထိုစကားများကိုကြားသောအခါ အံ့သြစရာကောင်းလောက်အောင် ပိုပြီး စိတ်သက်သာလာသည်။ နောက်ဆုံးတွင်
သူသည် ခြေညှပ်ဖိနပ်တစ်ရံကိုတွေ့ကာ ခြေထောက်ဗလာဖြင့်ဝတ်ပြီး ပေသွားသော သူ့ဖိနပ်များကို
သယ်လာရင်း တံခါးဝတွင်ရပ်၍ “ခဏနေရင် သူ့အဝတ်အစားတွေ ချွတ်ပေးလိုက်၊ သူနိုးလာတဲ့အခါကျရင်
သူ့ကို တစ်ယောက်ယောက်က သယ်လာပေးတယ် ပြီးတော့ မင်းနဲ့ငါက သူ့ကို လမ်းလယ်ခေါင်ကနေ ကယ်ခဲ့တာလို့
ပြောလိုက်”
“အလောင်းကောက်တဲ့အခါ လမ်းလယ်ခေါင်မှာ
သွားမကောက်ကြဘူး၊ အများစုက ကားပါကင်လို နေရာမျိုးတွေကိုပဲ သွားတတ်ကြတယ်” မုန့် မုန့်မုန့်သည်
ထန်ယီပြောသည်ကို နားထောင်ပြီး နိုးကြားသွားသလိုဖြစ်သွားသည်။
“မင်း နားလည်ပြီလား”
“မဟုတ်ဘူး...ကျွန်...ကျွန်မ
အဲ့ဒါကို ယုတ္တိမရှိဘူးလို့ ထင်တယ်”
မုန့် မုန့်မုန့်က လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
“မင်းရဲ့ အလုပ်အကိုင်ကဘာလဲ”
“ဇာတ်ညွှန်းရေးသူ”
“အိုး...” ထန်ယီသည် တံခါးကို
တိုက်ရိုက်ဖွင့်ကာ ထွက်သွားလေသည်။
မုန့်
မုန့်မုန့်သည် သက်ပြင်းချရင်း ယွင်ကျန့်အိမ်မှ မီးများဖွင့်လိုက်ပြီး ဧည့်ခန်းထဲမှာ
ရှုပ်ပွနေပုံကို ကြည့်ပြီး မတတ်နိုင်သည့်အဆုံး တိတ်တဆိတ် ပြုံးရယ်မိတော့သည်။ ထန်ယီသည်
ဧည့်ခန်းရှိ မီးများမဖွင့်သည်မှာ ပညာရှိရာရောက်သည်။ မဟုတ်ပါက သူတို့အဖွဲ့သားများ၏ ပုံရိပ်မှာ
အလွန်ပင် ကျဆင်းသွားမည်ဖြစ်သည်။
ဧည့်ခန်းနှင့်
ယှဉ်လျှင် ယွင်ကျန့်၏ အိပ်ခန်းသည် အလွန်သပ်ရပ်နေပေသည်။
ယွင်ကျန့်သည်
စိတ်အားထက်သန်သော သခင်မလေးတစ်ယောက်ဖြစ်ပြီး အလုပ်ကြိုးစားသောအခါတွင် မည်သည့်အရာကိုမျှ
ဂရုမစိုက်ဘဲ သန့်ရှင်းရေး မလုပ်ထားပါက သူ့အိမ်မှာ ရှုပ်ပွနေတတ်သည်။ အလုပ်များသောကာလပြီးသွားသည့်အခါ
ယွင်ကျန့်၏ အိမ်သည် ပုံမှန်အတိုင်းပြန်ဖြစ်သွားလိမ့်မည်။
ခြေညှပ်ဖိနပ်တစ်ရံကို
ဝတ်ဆင်ကာ မူကျိုက်အဆောက်အအုံသို့ ပြန်လာခဲ့ပြီး သူ၏ သီးသန့်ခန်းဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။
သန့်စင်ခန်းရှေ့က
ဖြတ်သွားသောအခါ လက်ဆေးဘေစင်ဆီသို့ အပြေးအလွှားသွားလိုက်သည်။
အိမ်သာထဲက ယောကျ်ားတော်တော်များများ စကားစမြည်ပြောနေကြသည်။ ထိုသူများထဲမှ လူနှစ်ယောက်မှာ
-
“အဲ့ဒီအမျိုးသမီးဒါရိုက်တာကို
လွတ်သွားတာ နှမြောစရာပဲ
“အဲ့ဒီမိန်းမက ဘယ်သူနဲ့မှ
ကောင်းကောင်းမအိပ်ဖူးဘူးလို့ကြားတယ်”
“အိုး..သူက ငယ်သေးတယ်လေ၊
ကိုယ့်ကိုယ်ကို နွားကလေးအဖြစ် မွေးလားမှန်း မသိပဲ ကျားတွေကိုမကြောက်တတ်ဘူးဖြစ်နေတယ်။
နှစ်ပေါင်းများစွာ အထီးကျန်ပြီး နေခဲ့ရတော့ ကြိုတင်သိပြီး အာရုံခံနိုင်လိမ့်မယ်။ သူမ
ဒီနေ့ပြုံးသွားတာကိုပဲ ကြည့်ပါလား အရင်ကလို အရောင်အဝါမျိုး ဘယ်ရှိနိုင်တော့မလဲ။ ပိုက်ဆံပိုရင်းနှီးမြုပ်နှံပြလေ
သူ့ခြေထောက်တွေကို အသာတကြည် ကားပေးလေပဲ ဖြစ်လိမ့်မယ်...။ သူတို့အားလုံးက ဝံပုလွေတွေပဲ၊
အမြင်ကတ်စရာကောင်းအောင် သိုးလေးလို ဟန်ဆောင်ပြနေတာ”
ထို့နောက်
ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
ထန်ယီသည်
မတ်တပ်ရပ်လိုက်ပြီး မှန်ကိုကြည့်ပြီးနောက် လက်မဆေးပဲ ထိုလူနှစ်ယောက် ထွက်လာသည်ကို ကြည့်၍
သီးသန့်ခန်းသို့ ပြန်သွားလေသည်။
ခေါင်းကိုလှည့်ပြီး
ထိုလူနှစ်ယောက်၏ နောက်ကျောကို ကြည့်ကာ ရယ်မောလိုက်သည်။