အပိုင်း ၃
မူကျိုက် အဆောက်အအုံသည် ဤမြို့တွင် အသစ်ဖွင့်ထားသော စားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။ စားသောက်ဆိုင်၏ အတွင်းပိုင်းသည် ဂရန်းဗျူးဥယျာဉ်၏ ဒီဇိုင်းပုံစံကို အတုယူထားကာ ဂန္တဝင်ဆန်ဆန် ဒီဇိုင်းဖြင့် အလှဆင်ထားသည်။
သီးသန့်အခန်းကို ဧည့်ခန်းကနေ ဝင်ရန်အတွက် ဥယျာဉ်များ နှင့် အပြာရောင်လှိုင်းလုံးများ ရှိသည့်ရေကန်ငယ်ဖြင့် ဝန်းရံထားသည့် လိမ်ကောက်နေပြီး လက်ရန်းများပါသည့် ဝရန်တာကို ဖြတ်သွားရပါမည်။
စားသောက်ဆိုင်တွင် စားသုံးမှုနှုန်းမှာ အဆင့်အတန်းမြင့်မားပြီး ဤစားသောက်ဆိုင်သို့ လာရောက်သော ဖောက်သည်များအားလုံးကို တစ်ပြိုင်နက် နေရာယူပေးထားကြသည်။
ယွင်ကျန့်သည် အံကြိတ်ကာ ရင်းနှီးမြုပ်နှံသူများကို ဤနေရာတွင် စားသောက်ရန် ဖိတ်ခေါ်ဖို့ စိတ်ပိုင်းဖြတ်ထားလိုက်သည်။
သူမ ဆက်မသောက်နိုင်တော့ပေ။
ဟယ်ဟောင်ရွှမ်သည် အရက်သောက်နိုင်သည်ဟု သတ်မှတ်ခံထားရပေမယ့် မျက်နှာဝိုင်းဝိုင်း၊ ဗိုက်ကားကားနှင့် ရင်းနှီးမြုပ်နှံသူများကို တွေ့သည့်အခါမှာတော့ သူတို့သည် မူးနေသော်လည်း စကားစမြည်ပြောနိုင်ပါသေးသည်။
နောက်ပိုင်းတွင် သူမသည် ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
သူမ ဆက်မထိန်းနိုင်တော့ဘူးဟု ခံစားမိပြီး သန့်စင်ခန်းသွားတော့မည်ဟုဆိုကာ သီးသန့်ခန်းထဲမှ ယိမ်းယိုင်နေသည့်ပုံစံဖြင့် ထွက်သွားသည်။
သန့်စင်ခန်းတံခါးနားသို့ ရောက်လာသောအခါ ယောက်ျားတစ်ယောက်သည် ယောကျ်ားသန့်စင်ခန်းထဲမှ ထွက်လာသည်။ သူသည် အရပ်ရှည်ပြီး အနက်ရောင်အဝတ်အစားကို ဝတ်ထားသည်။ သန့်စင်ခန်းသွားတဲ့အထိ နေကာမျက်မှန်နဲ့ ဦးထုပ်ဆောင်းထားသေးသည်။
အရက်မူးနေသော မိန်းမတစ်ယောက်က သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသဖြင့် သူသည် သတိမမူမိပဲ ရှောင်ထွက်သွားပြီး ယွင်ကျန့်အနီးသို့ လျှောက်သွားလိုက်သည်။
ယွင်ကျန့်က ရင်းနှီးနေသလိုခံစားမိပြီး ယွင်ကျန့်ကို အကြိမ်အနည်းငယ် စိုက်ကြည့်ရင်း ယွင်ကျန့်က သန့်စင်ခန်းထဲဝင်သွားသည်ကိုတွေ့တော့မှ ထိုယောကျ်ားက ကမန်းကတန်း ထွက်သွားသည်။ ထိုယောကျ်ားသည်လည်း ယွင်ကျန့်တို့အခန်းနှင့် တူညီသောအထပ်မှ သီးသန့်အခန်းတစ်ခန်းထဲသို့ ဝင်သွားသည်။
လမ်းလျှောက်ဝင်သွားပြီးသည်နှင့် ဦးထုပ်နှင့် နေကာမျက်မှန်ကို ချွတ်ပြီး ကုလားထိုင်ကို ဆွဲလိုက်ပြီး ထိုင်ကာ “မင်းတို့ မှာပြီးပြီလား” ဟုပြောလိုက်သည်။
အနည်းငယ်အသက်ကြီးသော လူအိုကြီးက ခပ်ပြုံးပြုံးနှင့် “မင်း အိမ်သာသွားတဲ့အချိန် ထွက်ပြေးလို့ရတယ်လေ” ဟုပြန်ဖြေလိုက်သည်။
“သွားစမ်းပါ အဲ့လိုထွက်ပြေးဖို့အတွက် ဒီကိုတကူးတကလာမလား”
ထန်ယီသည် ကုလားထိုင်ပေါ်တွင် ငြီးငွေ့ဖွယ်ကောင်းလောက်အောင် မှီထိုင်နေပြီး ထိုလူအိုကြီးကို ဘေးတိုက်ကြည့်ကာ “ကျွန်တော် နေကာမျက်မှန်တပ်ထားလို့ရတယ်မလား
“မင်း သန့်စင်ခန်းသွားတုန်းက ဝတ်မထားဘူးလို့ မပြောလိုက်နဲ့” ထိုလူက မကျေမနပ်နှင့် ပြန်ပြောသည်။
“ကျွန်တော်
မျက်ကန်းတွေ တပ်တဲ့မျက်မှန်ကို တခါမှမတပ်ဖူးဘူး၊ မသိရင် ခုံးကျော်တံတားက ဗေဒင်ဆရာတွေ ဝတ်ထားသလိုမျိုး ဖြစ်နေတယ်”
လူအိုကြီးသည် “ကျစ်”ဟုပြောလိုက်ပြီး အနက်ရောင် ၀တ်ထားသည့်သူ့အား စားပွဲပေါ်က စာရင်းကိုပေးကာ “ကိုယ့်ဘာသာကြည့်၊ ဘယ်ဟာက မင်းစံနှုန်းနဲ့ ကိုက်ညီသလဲဆိုတာ” ဟုပြောလိုက်သည်။
အနက်ရောင်ဝတ်ထားသည့်သူလည်း စာရင်းကိုယူ၍ သေသေချာချာကြည့်ကာ “ကျွန်တော် သွားတော့မယ်၊ နာမည်က စာပေကျမ်းဂန်ထဲကလိုပဲ၊ အဲဒါကိုဘယ်သူကသိမှာလဲ” ဟုပြန်ပြောသည်။
ထန်ယီနှင့် အတူစားသောက်ခဲ့ကြသော နှစ်ယောက်စလုံးသည် reality ရှိုးအတွင်း သိခဲ့ကြသော ထန်ယီ၏ သူငယ်ချင်းများဖြစ်သည်။
ထန်ယီပါဝင်ခဲ့သည့် reality ရှိုးမှာ “အကောင်းဆုံးဆုံးရှုံးခဲ့ရသော သူငယ်ချင်းများ” ဟုခေါ်သည်။ ထိုပွဲထဲမှာ ပုံမှန်ဧည့်သည် လေးယောက်ရှိပြီး အပိုင်းတစ်ပိုင်းစီမှာ ပါဝင်ဖို့ တခြားဧည့်သည်များကို ဖိတ်ကြားလေ့ရှိသည်။ ၎င်းသည် လတ်တလောတွင် အကျော်ကြားဆုံး reality ရှိုးများထဲမှ တစ်ခုဖြစ်သည်။
အနက်ရောင်ဝတ်ဆင်ထားသည့်သူမှာ အိုလံပစ်ရွှေတံဆိပ်နှစ်ခုရရှိထားသည့် အငြိမ်းစားလက်ဝှေ့သမား နီဇွန်ဖြစ်သည်။
အငြိမ်းစားယူပြီးနောက်မှာတော့ ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာခဲ့ပြီး သူ၏တင်းမာပြီး ချောမောသည့် အသွင်အပြင်၊ သူ့ခန္ဓာကိုယ်ကလည်း အလွန်ကောင်းမွန်သောကြောင့် ကျော်ကြားမှုလည်း မြင့်မားလာသည်။
“အကောင်းဆုံး ဆုံးရှုံးခဲ့ရသောသူငယ်ချင်းများ”တွင် နီဇွန်သည် ပုံမှန်ဧည့်သည်များထဲမှ တစ်ဦးဖြစ်ပြီး ရှိုးတွင် ခပ်ကြမ်းကြမ်း ယောက်ျားအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ လူအိုကြီးက တုရှန့်ယန်ဟုခေါ်ပြီး ထန်ယီနှင့် နီဇွန်တို့ နှင့်အတူယဉ်ရပ်လိုက်သောအခါ လူကောင်သေးသေးလေးကဲ့သို့ ဖြစ်နေသည်။
တုရှန့်ယန်သည် ဖျော်ဖြေရေးလောကတွင် သြဇာကြီးသော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ နောက်ပိုင်းမှာတော့ သူ၏ ကိုယ်ပိုင်အစွမ်းအစနှင့် အကောင်းဆုံးသရုပ်ဆောင်ဆု နှစ်ဆုကို ရရှိခဲ့ပြီး စစ်မှန်သည့် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သည်။
တုရှန့်ယန်၏ နာမည် တွင် အဓိပ္ပါယ်ပြင်းထန်သောစကားလုံးတစ်လုံးရှိသော်လည်း သူသည် အလွန်ကြင်နာတတ်ပြီး ဟန်ဆောင်မှုမရှိပဲ ဘော်ဒါကြီး ရှောင်ရှန်းရိုကဲ့သို့ပင် ဟာသများပြောတတ်သည်။
သရုပ်ဆောင်ပိုင်းမှာလည်း ထန်ယီကို အများကြီး ကူညီပေးခဲ့သည်။
အကောင်းဆုံး ဆုံးရှုံးခဲ့ရသော သူငယ်ချင်းများ၏ ရာသီနှစ်ခုစာကို အောင်မြင်စွာရိုက်ကူးခဲ့ပြီး တတိယရာသီအတွက် စာချုပ်ချုပ်ဆိုခဲ့သည်။ ဧည့်သည်လေးယောက်ကတော့ အရင်အတိုင်းပင် ဖြစ်သည်။ သူတို့သည် အမြဲတမ်း မူလအဖွဲ့သားများဖြစ်ပြီး ပွဲအတွက် အာရုံစိုက်မှုကို ဆွဲဆောင်လျက်ရှိသည်။
ယနေ့ ညစာလာစားသည်မှာ သုံးယောက်တည်းသာ ဖြစ်ပြီး ကျန်တစ်ယောက်က ပဲရစ်မြို့မှာ ဖက်ရှင်ပွဲကို တက်ရောက်နေတုန်းဖြစ်သည်။
နီဇွန်သည် မီးခြစ်တစ်လုံးနှင့် ကစားရသည်ကို ငြီးငွေ့နေသည်။ ထန်ယီနှင့် တုရှန့်ယန်တို့ စကားစမြည်ပြောသည်ကို ကြားလိုက်ရာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး “ငါ အိမ်သာထဲမှာ ဒါရိုက်တာလေးတစ်ယောက်နဲ့ သွားဆုံခဲ့တယ်” ဟုပြောသည်။
“ဒါဆို မင်းတို့နှစ်ယောက် အရမ်းအဆင်ပြေသွားလား” ဟုထန်ယီက ပြုံးပြုံးလေး မေးလိုက်သည်။
“သွားသေလိုက်လေ!” နီဇွန်က ကျိန်ဆဲခဲ့သည်။
တုရှန့်ယန် သည် ဘေးနားတွင် ထိုင်ကာ ဥဥမည့် ကြက်မအိုကြီးကဲ့သို့ ပျော်ရွှင်စွာ ရယ်မောနေပြန်သည်။
“အဲ့ဒါက မိန်းမတစ်ယောက်ပဲ” ဟု နီဇွန်က ဆက်ပြောသည်။
“မိန်းမ အိမ်သာထဲသွားခဲ့တာလား။ နောက်တစ်ခါ အိမ်သာသွားရင် နေကာမျက်မှန်ကို ချွတ်လိုက်တော့။ လူတွေ အထင်လွဲရင်မကောင်းဘူး” ထန်ယီသည် ဆက်ပြောနေပြီး သတ္တုရေသံဘူးကို လှည့်ဖွင့်ကာ ခဏရပ်လိုက်သည်။ “ဘယ်လို မိန်းမဒါရိုက်တာလဲ” ဟုမေးလိုက်သည်။
“နာမည်တော့
မမှတ်မိတော့ပေမယ့် တော်တော်လှတယ်။ သောက်ထားတော့ ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး ဖြစ်နေတယ်၊ ဒေါက်မြင့်ဖိနပ်လည်း ဝတ်ထားပြီးတော့ ယိုင်တိယိုင်တိုင်ဖြစ်နေတယ်” နီဇွန်က ပြန်ဖြေလိုက်သည်။
တုရှန့်ယန် သတိရသွားသည်။ “တော်တော်လှတဲ့ ဒါရိုက်တာကို ငါသိတယ် အဲ့ဒါ ယွင်ကျန့်ပဲ”
“ဟုတ်တယ် အဲ့နာမည်ဖြစ်လိမ့်မယ်”
“ဟေ့ ထန်ယီ၊ မင်း အရင်က သူနဲ့ တွဲလုပ်ခဲ့ဖူးတယ်မလား” တုရှန့်ယန်သည် ထန်ယီ၏ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်း အကြောင်းကိုသိနေသည်။ ထန်ယီ၏ သရုပ်ဆောင်မှုကို လမ်းညွှန်ပေးရန်အတွက် တုရှန့်ယန်သည် ထန်ယီ၏ အလုပ်တော်တော်များကို မြင်တွေ့ခဲ့ဖူးသည်။
ထန်ယီ၏ တိုးတက်မှုကို မြင်သောကြောင့် တုရှန့်ယန်သည် ထန်ယီအပေါ် အထူးသဖြင့် အကောင်းမြင်တတ်သည်။
ထန်ယီသည် အဖုံးဖွင့်ထားသည့် သတ္တုရည်ကိုမသောက်ပဲ ယူလိုက်ကာ မျက်မှောင်ကြုတ်ပြီး ခေါင်းညိမ့်နေသည်။
“သူနဲ့ပက်သက်တဲ့ သတင်းတချို့ကို ငါကြားဖူးတယ်၊ သူက ဂျူနီယာဆိုလားပဲ” နီဇွန်က သံသယစိတ်ဖြင့် မေးလိုက်သည်။
“သူက အဲ့လိုမဟုတ်ဘူး!” ထန်ယီက ချက်ချင်းငြင်းလိုက်သည်။
“ဟုတ်တယ်၊ သူက ဂျူနီယာတော့မဟုတ်ဘူး၊ အခုတော့ တော်တော်စုတ်ပြတ်နေပြီ။ အဲ့ဒါနဲ့ပက်သက်ပြီး နည်းနည်းသိထားတယ်” တုရှန့်ယန်လည်း သိနေသည်။
နီဇွန်လည်း မနေနိုင်ပဲ အတင်းအဖျင်းဝင်ပြောပြီး “ဘာဖြစ်သွားတယ်တဲ့လဲ၊ အဲ့တုန်းက ကိစ္စက အတော်ရုပ်ပေါက်တယ်လို့ကြားတယ်” ဟုမေးလိုက်သည်။
တုရှန့်ယန်သည် ထန်ယီကို ဦးစွာကြည့်လိုက်ရာ ထန်ယီသည် ရေပုလင်းကို ကောက်ယူပြီး အကြိမ်ပေါင်းများစွာ သောက်နေသည်ကို တွေ့လိုက်ပြီးနောက် ခန်းမဖက်ကို လှည့်ကာ “အရမ်းတော်တဲ့ မိန်းကလေး၊ ညစ်ညမ်းနေတဲ့ ပတ်ဝန်းကျင်ကြောင့်ပါ၊ အဲ့ဒါအတွက် စိတ်ပူစရာမလိုဘူး”
“ဘာဖြစ်သွားတာလဲ တစ်စုံတစ်ယောက်က သူ့ကို ဖုံးကွယ်ပေးချင်နေတာလား” နီဇွန်သည်
အထူအပါးနားမလည်သူဖြစ်ပြီး ထန်ယီ၏ မျက်နှာသည် အလွန်ပျက်နေသည်ကိုပင် မမြင်မိပေ။
“ယွင်ကျန့်က တကယ်ကြည့်ကောင်းခဲ့တာ၊ ဟိုတုန်းကတော့ နည်းနည်းပိုကောင်းခဲ့တာပေါ့။ လှလှပပ ဒါရိုက်တာဖြစ်ရတာလည်း ထိုက်တန်ပါတယ်” တုရှန့်ယန်က နီဇွန်ကို လက်ဖက်ရည်ငှဲ့ပေးပြီး သူ့ကို ပါးစပ်ပိတ်ထားစေချင်သည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်က လူကြိုက်များတဲ့ အရေအတွက် ကန့်သတ်ပြီး ထုတ်ထားတဲ့ ဒေါက်မြင့် ဖိနပ်ကို ဝတ်ထားတာ တွေ့ဖူးတယ်၊ လူအများစုက အဲ့ဟာကိုမတတ်နိုင်ကြဘူးလေ”
“ယို့ မင်းသိလား ဒေါက်မြင့်ဖိနပ်တွေကလည်း တော်တော်မိုက်တယ်”
“မမိုက်ပါဘူး၊ လွန်ခဲ့တဲ့သုံးနှစ်က ရည်းစားဟောင်းအတွက် ဝယ်ဖို့ ပါရီကို သွားခဲ့တယ်၊ ဒီလိုပုံစံပဲ၊ ဒေါက်မြင့်ဖိနပ်တစ်ရံကို ၁သိန်း၆သောင်းတဲ့၊ ကောင်းကောင်းမှတ်မိတယ်”
“ဟုတ်တယ်၊ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်က ယွင်ကျန့်လက်ရာတွေရဲ့ အဆင့်သတ်မှတ်ချက်တွေက အတော်လေးငြိမ်နေခဲ့ပြီး ကြီးကြီးမားမား သိပ်မရှိတဲ့အတွက် သူ့ကို ကျော်ကြားစေမဲ့ အလုပ်လည်း မရှိခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ လက်ရာတွေ၊ အဆင့်သတ်မှတ်ချက်တွေက ငြိမ်နေရင်းနဲ့ အခုထိအနုပညာလမ်းကြောင်း ပေါ်တောင် ပြန်မရောက်နိုင်သေးဘူး။ အရင်တုန်းက ထန်ယီလည်း ပါခဲ့သေးတယ်။ မင်းသရုပ်ဆောင်ခဲ့တဲ့ အဲ့ပထမဆုံးကားကို ယွင်ကျန့်ရိုက်ထားတာ ၊ မင်း သရုပ်ဆောင်ခဲ့တာက တတိယမြောက် ဇာတ်ပို့ယောက်ျားနေရာမလား” တုရှန့်ယန် က စားပွဲပေါ်လက်တင်ကာ ဖြေလိုက်သည်။
“အဲ့ဒါတော်တော်ကောင်းခဲ့တယ်”
“နောက်တော့
သူ့ကို ယောက်ျားကြီးတစ်ယောက်က ခေါ်သွားတာကို ငြင်းလိုက်တယ်။ ဒါတွေက ဒီလိုမျိုး အသိုင်းအဝိုင်းမှာ အံ့သြစရာမကောင်းပါဘူး။ ဒါပေမယ့် ဒီကောင်ကြီးက အိမ်ထောင်ကျပြီးသား သိပ်မကြာခင်မှာပဲ ယွင်ကျန့်တစ်ယောက် အဲ့ကောင်ကြီးက သူ့မိန်းမနဲ့ ကွာရှင်းမှာကို ဆန့်ကျင်ခဲ့တယ်လေ။ အခုတော့ သူ့မိန်းမက စုံစမ်းမိပြီး အဲ့သူဌေးကောင်က ယွင်ကျန့်ကို ပန်းတွေအမြဲပေးလေ့ရှိတယ် ယွင်ကျန့်ရဲ့တီဗွီဒရာမာတွေမှာလည်း ရင်းနှီးမြှုပ်နှံလေ့ရှိတာကို သိသွားတယ်လေ”
“ထင်သားပဲ၊
အဲ့သူ့မိန်းမက ပြသာနာသွားရှာသေးလား” နီဇွန်က မေးလိုက်သည်။
“ဘယ်ပြောကောင်းမလဲ ဒီလိုကိစ္စမျိုးကို အဲ့သူဌေးကိုယ်တိုင်က ဖြေရှင်းခဲ့တာ။ ဒါပေမယ့် ယွင်ကျန့်ရဲ့ ငြင်းဆိုမှုကို ဒေါသထွက်သွားပြီး သဘောတူပေးရင် သူအခြေချဖို့ ကောင်းကောင်းဖြေရှင်းပေးမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့သေးတယ်၊ ဒါပေမယ့် ယွင်ကျန့်က ထပ်ငြင်းခဲ့တော့ ယွင်ကျန့်လည်း ချက်ချင်းဆိုသလို ပြိုလဲသွားခဲ့တယ်လေ၊ အခုတော့ ယွင်ကျန့်တစ်ယောက် အနုပညာလောကထဲ ပြန်ဝင်လာချင်လို့ ဖြစ်မှာပေါ့”
“အဲ့သူဌေးက
ဘယ်သူလဲ” နီဇွန်က ကလေးတစ်ယောက်လိုမျိုး သိချင်၍ မေးလိုက်သည်။
ထိုအချိန်တွင် ထန်ယီမှာ စားပွဲမှကောက်ထပြီး “အိမ်သာသွားဦးမယ်” ဟုစိတ်မသက်မသာနှင့် ပြောလိုက်သည်။
ထန်ယီထွက်သွားသည်ကို နီဇွန်က ကြည့်နေပြီး ထန်ယီ စိတ်ဆိုးနေသည်ကို တွေ့သွား၍ “ဒီကောင် ဘာဖြစ်နေတာလဲ” ဟုသံသယဝင်ကာ မေးလိုက်သည်။
“ထန်ယီကို ယွင်ကျန့်က ရှာတွေ့ခဲ့တာ အစပိုင်းမှာတော့ သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ယွင်ကျန့်မှာ အဲ့မတော်တဆမှုဖြစ်နေတဲ့အချိန် ထန်ယီက နာမည်မကြီးသေးဘူးလေ”
“ဖြစ်မှဖြစ်ရလေ…” နီဇွန်က သက်ပြင်းချကာ တစ်ချက်ကြည့်လိုက်ပြီး “ဒီမိုက်မဲတဲ့ ခွေးကောင်က ဒီအတိုင်း ထွက်သွားတာပဲ၊ ရုပ်လည်းမဖျက်ထားဘူး” ဟုကျိန်ဆဲလိုက်သည်။
စကားပြောအပြီးတွင် သူသည် သူကိုယ်တိုင် “မျက်မမြင်မျက်မှန်” ကိုတပ်၍ ထန်ယီ၏ ဦးထုပ်နှင့် နေကာမျက်မှန်ကို ယူကာ အပြင်သို့ ပြေးထွက်သွားခဲ့သည်။ ထန်ယီသည် သန့်စင်ခန်းတံခါးဆီသို့ လျှောက်သွားသည်။
ညာဘက်တွင် အမျိုးသမီးသန့်စင်ခန်း၊ ဘယ်ဘက်တွင် အမျိုးသားသန့်စင်ခန်းဖြစ်ပြီး အလယ်တွင် လက်ဆေးသည့်နေရာ ဖြစ်သည်။
လက်ဆေးသည့်နေရာ၌ သူရပ်လိုက်ပြီး အမျိုးသမီးသန့်စင်ခန်းမှ တံခါးခေါက်သံကြားလိုက်သည်။ “ ယွင်ကျန့်! ရှင်က ယွင်ကျန့်လား တံခါးဖွင့်ဦး အဆင်ပြေရဲ့လား”
ထိုမိန်းမသည် တံခါးကို ဆက်ခေါက်ပေမယ့် တစ်စုံတစ်ရာတုံ့ပြန်မှု မရှိခဲ့ပေ။
ထန်ယီသည် ခေါင်းကို လှည့်၍ ကြည့်လိုက်သောအခါ နေကာမျက်မှန် ဝတ်လျက်သားဖြစ်သွားသည်။ သူက နီဇွန်ကိုကြည့်လိုက်ပြီး နီဇွန်က ပြုံးပြလိုက်သည်။ “သွားလေ၊ မင်းနေကာမျက်မှန်တပ်ပြီး လုပ်နိုင်မလား ကြည့်ရသေးတာပေါ့”
အမျိုးသမီးသန့်စင်ခန်းထဲမှ တံခါးကို ထုရိုက်သံကြားနေရတုန်းပဲဖြစ်ပြီး ထန်ယီက ခဏတုံ့ဆိုင်းသွားပြီး တည့်တည့်ဝင်ချသွားလေသည်။
နီဇွန်လည်း အံ့အားသင့်သွားကာ “သွားတော့မယ်!” ဟုပြောလိုက်သည်။
စကားပြောပြီးသည်နှင့် သူသည်ဖုန်းကိုထုတ်လိုက်ပြီး အမျိုးသမီးသန့်စင်ခန်း၏ ဆိုင်းဘုတ်ကို ကင်မရာဖြင့် ချိန်လိုက်ပြီး ဗွီဒီယိုမှတ်တမ်းတင်ကာ “ကြည့်ပါဦး၊ ဒီပုံက ဂန္ထဝင်ပဲ၊ ငါတို့ ထန်ထန်လေးက အမျိုးသမီးအိမ်သာထဲကို ဝင်သွားတာ၊ ငါက တံခါးနားမှာ ရပ်နေတာ ငါတော့ မဝင်ရဲဘူး။ ထန်ထန် ဝင်ပြီးသွားရင် ငါတို့တွေဘာဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့”
ထန်ယီသည် သူ့နောက်က အရူးနောက်တစ်ယောက်ကို လျစ်လျူရှုပြီး တံခါးကို ခေါက်နေသည့်မိန်းမကို “ဘာဖြစ်တာလဲဗျာ့” ဟုမေးလိုက်သည်။
ထိုမိန်းမက ထန်ယီကို မြင်လိုက်သောအခါ လန့်သွားပြီး ပြန်ဖြေဖို့ အချိန်ခဏလောက်ယူကာ “ယွင်ကျန့်က အရက်မူးနေတယ် အိမ်သာထဲ ဝင်သွားပြီးတော့ ပြန်မလာတော့ဘူး၊ ကျွန်မလည်း နည်းနည်း စိတ်ပူသွားပြီး အိမ်သာထဲ ဝင်ကြည့်လိုက်တော့ သူက အိမ်သာတံခါး မဖွင့်ပေးခဲ့ဘူး”
“မိန်းကလေး
တစ်ယောက်အနေနဲ့ ဘယ်လိုတောင်သောက်ရတာလဲ!” ထန်ယီသည် အနည်းငယ် ဒေါသထွက်နေပြီဖြစ်သည်။
“ကျွန်မတို့ရဲ့ တခြားဝန်ထမ်းတွေ အားလုံး ရင်းနှီးမြှုပ်နှံသူတစ်ယောက်ရဲ့ တရုတ်ပြည်သုံးပြည်ထောင်ရဲ့ အစည်းအဝေးပွဲကြီး အတွက် အလုပ်ရှုပ်နေကြတာ၊ ပြီးတော့ ယွင်ကျန့်က ဒါရိုက်တာအဖြစ် ပါဝင်နေတာ”
“သူ အထဲမှာရှိတာ သေချာလား” ထန်ယီက တံခါးကို ညွှန်ပြပြီး မေးလိုက်သည်။
“ဟုတ်လောက်မယ် တခြားလူသာဆိုရင် ပြန်ဖြေတာကြာလှပြီ” ထန်ယီက သူ့အိတ်ကပ်ထဲက ကတ်တစ်ကတ်ကို ထုတ်ကာ တံခါးပေါက်ကြားမှ တွန်းထည့်လိုက်ပြီး အပေါ်ကို မြှောက်လိုက်သည်။ အိမ်သာတံခါးကိုပွင့်သွားသောအခါ ထိုမိန်းမကို ချက်ချင်းကျော်သွားကာ တံခါးကို ညွှန်ပြပြီး မေးလိုက်သည်။ “ခင်ဗျား ဘောင်းဘီဝတ်ထားလား”
နီဇွန်လည်း လိမ္မာပါးနပ်စွာ နောက်ဆုတ်ပေးကာ ဗီဒီယိုရိုက်နေခြင်းကို ရပ်လိုက်သည်။ ပြေးထွက်သွားသူသည် ထန်ယီလို လူကြိုက်များသော တက်သစ်စလေးတစ်ယောက် အမျိုးသမီးသန့်စင်ခန်းထဲသို့ ပြေးဝင်သွားသည့် မြင်ကွင်းကို အခြားလူများ တွေ့သွားမည်ကို စိုးရိမ်သောကြောင့် လူများကို တားဆီးပေးရန် ထန်ယီကို ကူညီပေးနေပုံရသည်။
ထိုမိန်းမလည်း တုံ့ပြန်ပြီးနောက် တံခါးကိုသတိထားပြီးဖွင့်ကာ အိမ်သာပေါ်တွင်ထိုင်နေသော ယွင်ကျန့်ကိုကြည့်၍ ထိတ်လန့်တကြားပြောကာ “ကျေးဇူးတင်ပါတယ်၊ ကျွန်မ သူ့ကို အဝတ်အစား ကောင်းကောင်း ဝတ်ပေးလိုက်ပါ့မယ်”
ထန်ယီက “အမ်” ဟုပြောပြီး သန့်စင်ခန်းထဲက ထွက်သွားသည်။
နီဇွန်သည် ပါးစပ်ထဲ စီးကရက်တစ်လိပ်ကို ခဲထားပြီး တံခါးနားမှာ ရပ်နေတယ်။ ထန်ယီ ထွက်လာသည်ကိုမြင်တော့မှ သူပျော်သွားပြီး “လာစမ်းပါဦး” ဟုပြောလိုက်သည်။
“မလာဘူး ခဏနေရင် သီချင်းတစ်ပုဒ်အတွက် အသံသွားသွင်းတော့မလို့”
“အဲ့ဒါကြောင့် မင်း သတ္တုရည်သောက်နေတာကိုး”
သူတို့နှစ်ယောက်သည် ခဏစောင့်နေပြီး ထိုမိန်းမက ယွင်ကျန့်ကို ကျောပေါ်တွင် တင်ကာ ထွက်လာသည်။ ယွင်ကျန့်သည် လုံးဝအရက်မူးနေပြီး ဝက်သေတစ်ကောင်လို အိပ်နေလေသည်။
ထိုမိန်းမသည် လူကောင်သေးသောကြောင့် ယွင်ကျန့်ကို ထမ်းနေရသည်မှာ သူမအတွက် ရုန်းကန်နေရပုံ ပေါက်နေသည်။
ထန်ယီသည် သူတို့နှစ်ဦး ဖြည်းညှင်းစွာ ထွက်သွားသည်ကို ကြည့်ရင်း နောက်မှ လိုက်လာကာ ယွင်ကျန့်ကို လှမ်းဆွဲရန် သူ့လက်ကို ဆန့်ထုတ်ကာ ပွေ့ချီသွားပြီး ပြောလိုက်သည်။ “သူမူးနေတယ်၊ ငါအိမ်ပြန်ပို့လိုက်မယ်”
“အာ...အာ...ကျေးဇူးပါ ထန်...ထန်ယီ ကျွန်မက ရှင့်ရဲ့ ဖန်ပါ အဲ့ဒါ ကျွန်မ...” အမျိုးသမီးက စိတ်လှုပ်ရှားမှု အပြည့်နှင့် ဗလုံးဗထွေးပြောလိုက်သည်။
ထန်ယီသည် သူမကို လျစ်လျူရှုပြီး တစ်စုံတစ်ယောက်ကို ပွေ့ဖက်ကာ ထွက်သွားခဲ့သည်။
နီဇွန်က သူ့ပုံစံကို သေချာမကြည့်မိလိုက်ဘူးဟု ခံစားရပြီး သူ့ကို တားဖို့ အလျင်စလို ပြေးလွှားသွားသည်။ “မင်း ဒီလောက် သန်မာတဲ့ ချစ်သူကောင်လေး ဖြစ်ချင်နေလား မင်းအနေအထားက လူတကာ မျက်စိကို ဖမ်းစားလွန်းတယ်၊ မင်းကုန်းပိုးသွားပါလား၊ ငါ့ကို ဖုန်းပေး၊ ပြီးတော့ လက်ထောက်ကို မြေအောက်ဓာတ်လှေကားဆီ ကားမောင်းလာခိုင်းလိုက်မယ်”
ထန်ယီသည် ယွင်ကျန့်ကို လှဲချလိုက်ပြီး ကိုယ်ဟန်အနေအထားကို ချိန်ညှိပြီးနောက် ယွင်ကျန့်ကို ကုန်းပိုးသွားလိုက်သည်။
ယွင်ကျန့်သည် အိတ်တစ်လုံးလို ဖြစ်နေပြီး ထိုကဲ့သို့ပစ်ချသော်လည်း နိုးလာခြင်းမရှိပေ။