ချိုမြိန်ရိပ်မြုံ
အပိုင်း
၁၂
ယွင်ကျန့်သည်
ဟယ်ယီရှားနှင့် အတူတိုက်ခန်းမှ ထွက်လာသည်။ ယွင်ကျန့် အံ့သြသွားသည်မှာ သူမကို သတင်းထောက်များက
တိုက်ခန်းအပြင်ဖက်တွင် စောင့်နေခြင်းပင် ဖြစ်သည်။ သူမသည် ဤကဲ့သို့ ဆက်ဆံမခံရသည်မှာ
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
ဤတစ်ခါတော့
သူမ ယခုတိုက်ခန်းနေရာကို ဝယ်ခဲ့သည်မှာ ဝယ်ရကျိုးနပ်သွားခဲ့လေသည်။
ယွင်ကျန့်သည်
ထိုအချိန်တုန်းက ငွေအနည်းငယ်စုဆောင်းခဲ့ပြီး ကောင်းမွန်သောဘဝကို နေထိုင်ခဲ့သည်။ သူမသည်
မြို့တော်၏ တည်နေရာကောင်းတွင် အိမ်တစ်လုံးဝယ်ပြီး ထိုနေရာမှာ ပိုင်ဆိုင်မှုနှင့် လုံခြုံမှုမှာ
သိပ်မရှိခဲ့ပေ။
အိပ်ရာဝင်းထဲတွင်
လမ်းလျှောက်ရင်း နာမည်ကြီးစတားတစ်ယောက်နှင့် တွေ့ဆုံတတ်သည်မှာ ပုံမှန်လိုပင်ဖြစ်နေသည်။
သူမတို့နှစ်ယောက်သည်
မြေအောက်ကားပါကင်ကနေ တိုက်ရိုက်ထွက်လာကြသည်။ ကားပါကင်တွင် ထွက်ပေါက်လေးပေါက်ရှိပြီး
အပြင်ထွက်ရန် လမ်းအမျိုးမျိုးကို ရွေးချယ်နိုင်သောကြောင့် ချောမွေ့စွာ သွားလာနိုင်ကြသည်။
ထန်ယုစတူဒီယိုနားသို့
ရောက်လာသောအခါ ယွင်ကျန့်အိမ်နားမှာထက် သတင်းထောက်များ ပိုမိုများပြားလာသည်ကို တွေ့လိုက်ရပြီး
ထိုအရာဟာ တိုက်ပွဲကြီးတစ်ခုလိုဖြစ်နေသည်။ ပရိသတ်များနှင့် သတင်းထောက်များသည် ကြီးမားသော
သရုပ်ဆောင်အရည်အချင်းပြည့်မီသူများကို စုဆောင်းသည့်ပွဲ ကို လာကြည့်သကဲ့သို့ လှည့်လည်သွားလာနေကြသည်။
ဟယ်ယီရှား၏
ယာဉ်မောင်းက မရပ်ပဲ လှည့်ပတ်ပြီး ယွင်ကျန့်အား ကျန်းရှန်းယန်ကိုဖုန်းခေါ်ပြီး ဘယ်လိုဝင်လာရမလဲဆိုသည်ကို
မေးခိုင်းသည်။
ထို့နောက်
ထန်ယုစတူဒီယိုမှ သက်တော်စောင့် တစ်ဒါဇင် ထွက်လာသည်ကို တွေ့လိုက်ရပြီး ထိုမြင်ကွင်းသည်
ခေါင်းဆောင်တစ်ယောက်ကို ကြိုဆိုနေသကဲ့သို့ ဖြစ်နေသည်။
“အမလေး အမေရေ... ဟားဟားဟား!”
ဟယ်ယီရှားသည် ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ရယ်မောကာ သည်းမခံနိုင်တော့ပဲ သူမပေါင်ကို
တည့်တည့်ပုတ်နေကာ ယွင်ကျန့်နှင့်အတူ ထန်ယုစတူဒီယိုဆီသို့ လျှောက်သွားခဲ့သည်။ သေချာသည်မှာ
သတင်းထောက်များ စုရုံးလာကြသည်။
“ဒါရိုက်တာယွင်၊ အရင်တုန်းက
အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုခုရှိလား”
“ခွင့်လွှတ်ပါ၊ ရှင်တကယ်ပဲ
ချောက်ချခံခဲ့ရတာလား”
“ခင်ဗျားတို့နှစ်ယောက်အတူတူရောက်နေကြပြီဆိုတော့
ဟယ်ယီရှားက ဒီဇာတ်ကားရဲ့ မင်းသမီးဖြစ်လာမှာလား”
“ဟယ်ယီရှား၊ ဒီဇာတ်ကားကို
လက်ခံမှာ သေချာရဲ့လား”
ဟယ်ယီရှားက
အထဲကို လျှောက်လာရင်း ထိုအကြောင်းကိုစဉ်းစားလိုက်ပြီး မေးခွန်းတစ်ခုကို ဖြေဖို့ လှည့်လိုက်သည်။
“တောက်ယွင်က ဟိုးအရင်ကတည်းက ကျွန်မကို အများကြီး
ကူညီပေးခဲ့တယ်။ သူကြောင့်သာ မဟုတ်ရင် ဒီနေ့ရဲ့ကျွန်မဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်မ
သူနဲ့ ပြန်လက်တွဲပြီး အလုပ်လုပ်လို့ရတယ်၊ အဲ့အတွက် အရမ်းပျော်ပါတယ်၊ ဒါကြောင့် အခွင့်အခါရှိတိုင်း
သူနဲ့ သေချာပေါက် ပူးပေါင်းပြီး အလုပ်လုပ်သွားမှာပါ”
ထိုသို့
စကားပြောပြီးနောက် သူမ အမြန်ဝင်သွားသည်။
“နင်ဒီလိုပြောရင် စာချုပ်မှာ
လက်မှတ်ထိုးဖို့ ငြင်းချင်ရင်တောင် ခက်သွားလိမ့်မယ်”
ဟယ်ယီရှား တံခါးကနေဖြတ်၍ အထဲဝင်လာပြီးနောက် ယွင်ကျန့်က သူမအား တိုးတိုးလေးပြောလိုက်သည်။
“အဲ့ဒါကြောင့် ငါ့ရဲ့ ပွဲစားကုမ္ပဏီကို
တမင်တကာ ဖိအားမပေးခဲ့ဘူး။ သူတို့တွေ ငါစာချုပ်မှာ လက်မှတ်ထိုးမှာကို သဘောတူမှာ မဟုတ်ဘူး”
“အရမ်းမိုက်တဲ့အကွက်ပဲဟေ”
“ငါကမဆိုးပါဘူး နင်ငါ့ကို
မချစ်ပဲမနေနိုင်ဘူး ဟုတ်တယ်မလား”
ယွင်ကျန့်သည် ဟယ်ယီရှား၏ လက်မောင်းကို ချက်ချင်းဆွဲယူလိုက်ပြီး ဟယ်ယီရှားကို
ကလေးလေးလိုမျိုး ချွဲနေသည်။
ထန်ယီသည်
စာရင်းကိုင်ရုံးခန်းမှ ထွက်လာသောအခါတွင် လူအနည်းငယ်က သူ့ထံ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရပြီး
ကြောင်ပေါက်လေးယွင်ကျန့်မှာ ဟယ်ယီရှားကို ကလေးလေးကဲ့သို့ ချွဲနေသည်ကို မြင်လိုက်ရာ
သူ မျက်မှောင်ကြုတ်သွားသည်။
သူ့ကို
ထိုကဲ့သို့ တစ်ခါမှ မဆက်ဆံဖူးချေ။
သို့သော်လည်း
ထန်ယီက သူတို့ဆီ လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
“အိုး ရှောင်ထန် ဟုတ်တယ်မလား?”
ဟယ်ယီရှားသည် ထန်ယီထက် နှစ်နှစ်ပိုကြီးပြီး ထန်ယီကိုတွေ့သောအခါ ထိုကဲ့သို့ ခေါ်လေသည်။
ထိုသို့
ခေါ်ခြင်းအပေါ် ဘာမှမဖြစ်ပေ။ ထန်ယီက ပြန်၍သာပြုံးပြလိုက်သည်။
ဟယ်ယီရှားသည်
ထန်ယီကို အကြိမ်အနည်းငယ် ထပ်မံကြည့်ရှုခဲ့ရာ ထန်ယီသည် တီဗွီပေါ်မှာထက် အပြင်မှာ လူချင်းတွေ့ရသောအခါ
ပို၍ လူတကာမျက်စိကျဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ကင်မရာမှန်ဘီလူးသည် လူကို ကြည့်ရဝစေသည်၊
အနည်းငယ် ရောင်ရမ်းလျှင် လူများကို ပို၍ကြည့်ရဝစေလိမ့်မည်။
အနုပညာရှင်များစွာသည်
ဝိတ်ချရန် စိတ်အားထက်သန်နေကြသည်မှာ ကင်မရာထဲတွင် ကြည့်ကောင်းနေစေရန်ဖြစ်သည်။
ထန်ယီသည်
ခြေတံရှည်ရှည်နှင့် သွယ်လျသောခါးရှိသည့် ရှည်တောင့်တောင့် အမျိုးသားတစ်ယောက်ဖြစ်သည်။
သူသည် ရှပ်အင်္ကျီကို ချွတ်ထားပြီး ဟော်မုန်းများပြည့်နေသော ကြွက်သား အကြောမျှင်များကို
တွေ့နေရသည်။
သူ့လိုမျိုး
အရည်အသွေးမြင့် တက်သစ်စလေးသာ လူကြိုက်မများဘူးဆိုရင် မည်သူကများ လူကြိုက်များလာနိုင်မှာလဲဟု
သူမကိုယ်တိုင် တိတ်တဆိတ်မပြောပဲမနေနိုင်ပေ။
သူတို့အဖွဲ့သည်
အစည်းအဝေးခန်းသို့သွားကာ ထန်ယီသည် သူဌေးရာထူးနေရာတွင် ထိုင်လိုက်သည်။
ကျန်းရှန်းယန်နှင့်
ကျန့်ကျင်းယုသည် ယွင်ကျန့်နှင့် ဟယ်ယီရှား၏ ဆန့်ကျင်ဘက်တွင် ထိုင်နေပြီး ထုတ်လုပ်သူမှ
ရေးထားသော မှတ်ချက်များပါရှိသည့် စာချုပ်ကို ယွင်ကျန့်အား ပေးလိုက်သည်။
သူမက
အကြမ်းဖျင်း ကြည့်လိုက်ပြီး လူသစ်များပါလာကြောင်း တွေ့လိုက်ရသောကြောင့် သူမက “ကျွန်မ
ဒီလူတွေကို အစမ်းသရုပ်ဆောင်ခိုင်းကြည့်မယ်။ အဲ့အဆင့်အောင်ပြီးမှသာ သူတို့နဲ့ စာချုပ်ချုပ်မယ့်အစား
တစ်ခါတည်း သရုပ်ဆောင်ခိုင်းသွားမှာပါ”
ကျန်းရှန်းယန်
စကားပြန်ပြောခါနီးတွင် ထန်ယီက “ဟုတ်ပြီ”
ဟုတိုက်ရိုက်ပြန်ဖြေလိုက်သည်။
ယွင်ကျန့်က
စာချုပ်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ရာ ဇာတ်ညွှန်းကို ပြောင်းလဲရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်
ဇာတ်ညွှန်းရေးသူ ခေါ်လာရမည်ဆိုတာကို သူမ မြင်သွားသောကြောင့် “ဒီဇာတ်ညွှန်းရေးသူက...”
“စတူဒီယိုက ပြုစုပျိုးထောင်ထားတဲ့
စာရေးဆရာတစ်ယောက်က အလားအလာကောင်းပြီး ခင်ဗျားရဲ့ အဓိကဇာတ်ကွက်ကို ပြောင်းလိုက်မှာမဟုတ်ပေမဲ့
တချို့စိတ်ခံစားမှုဆိုင်ရာ ဒရာမာဇာတ်ကွက်တွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောင်းရလိမ့်မယ်” ကျန်းရှန်းယန်က ရှင်းပြလိုက်သည်။
“အခန်းဆက်တွေရောလား”
“မဟုတ်ဘူး၊ လစာကိုတော့ စတူဒီယိုကနေ
ခင်ဗျားကိုယ်တိုင် ယူလာပေးပါ”
ယွင်ကျန့်က
ခဏလောက်စဉ်းစားပြီး “ပြောင်းလိုက်ပြီးရင် ကျွန်မ အဲ့ဒါကို ဇာတ်ညွှန်းရေးသူကို ပြရမယ်၊
ပြီးတော့ ကျွန်မကလည်း အဲ့ဒါကို သဘောတူပေးရမယ်"
ထန်ယီက
နောက်ထပ် သဘောတူလိုက်သည် - “ဟုတ်ပြီ”
“ဒါက ကျိုးကြောင်းသင့်တော်တဲ့
အကြောင်းပြချက်လိုတယ်လေ... ကျွန်မ ဒါကို နားလည်ပါတယ်၊ ဒါပေမယ့် ဒီလိုမျိုးတွေ လုပ်နေတာရတာလဲ၊
ပြီးတော့ ရှင်တို့က ကျွန်မကို အဲ့အကြောင်း မှတ်သားထားစေချင်တာလား”
ယွင်ကျန့်သည် ဤနေရာကို ကြည့်ပြီး အလွန်အံ့သြသွားသည်။
ထုတ်လုပ်သူက
ထိုအရာကိုလည်း သတိပြုမိပြီး ဘောပင်ဖင်က ခလုတ်ကို အကြိမ်ပေါင်းများစွာကို နှိပ်ရင်း
နောက်ဆုံးတွင် မေးခွန်းအမှတ်အသားတစ်ခုကို ရေးဆွဲခဲ့သည်။
“နောင်လာမဲ့ဟာတွေအတွက် ပြင်ဆင်ထား” ထန်ယီက ယုံကြည်မှုရှိစွာ
ပြန်ဖြေလိုက်သည်။ ဟယ်ယီရှားက အတိတ်အကြောင်းကို နောက်မှ လိုက်ကာ စူးစမ်းလေ့လာပြီး အဓိပ္ပါယ်ရှိရှိ
မပြုံးပဲမနေနိုင်ပေ။
“ဒီဟာအတွက်... ကျွန်မရဲ့
သရုပ်ဆောင်လမ်းညွှန်ချက်အပြည့်အဝ လိုတယ်...” ယွင်ကျန့်က သိပ်နားမလည်ပေ။
“မင်းပြောလိုက်တယ်နော်” ထန်ယီက ပြန်ပြောသည်။
“ဒီအချက်တွေကို စာချုပ်ထဲမှာ
ရေးထားဖို့ လိုသေးလား”
“မင်းနောင်တရသွားလိမ့်မယ်”
ယွင်ကျန့်က
ကျန်းရှန်းယန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး အမြဲတမ်း အနှောင့်အယှက်ပေးလိုသော
ကျန်းရှန်းယန်သည် ယခုအချိန်တွင် တိတ်ဆိတ်သွားသည်။ ယွင်ကျန့်က သူ့ကို ကြည့်လိုက်သောအခါ
ချောင်းခြောက်ဆိုးပြီး အဝေးကို လှမ်းကြည့်လိုက်သည်။
အခြေအနေက
ဘယ်လိုလဲ။
“ဟုတ်ပြီ...” ယွင်ကျန့်က
ပြန်ဖြေပြီး ထိုစာချုပ်ပါအချက်များကို အနီးကပ်ကြည့်ပြီးနောက် နောက်ဆက်တွဲများကိုလည်း
ကြည့်လိုက်သည်။
ယွင်ကျန့်သည်
စာချုပ်ကိုကြည့်နေစဉ် ထန်ယီက သူ့ဖုန်းကို ငုံ့ကြည့်နေသည်။ တစ်ယောက်ယောက်က သူ့ကို တစ်ခုခုပြောနေပုံရသည်။
ရုတ်တရက်ရယ်ကာ ထလိုက်ပြီး ဟယ်ယီရှားဆီ လျှောက်သွားပြီး မေးလိုက်သည်။
“အတူတူ ဓာတ်ပုံရိုက်လို့ရမလား”
“ဟင်?” ဟယ်ယီရှားမှာ အနည်းငယ်
အံ့သြသွားသော်လည်း သဘောတူလိုက်သည်။
ထန်ယီသည်
ဟယ်ယီရှားနှင့် ဓါတ်ပုံအတူတူ ရိုက်လိုက်ပြီးနောက် စာရွက်တစ်ရွက်ကို ယူလိုက်ပြီး ယွင်ကျန့်၏
လက်ထဲက ဘောပင်ကို ယူလိုက်ပြီး “နောက်ထပ် လက်မှတ်ထိုးပေးဦး”
“ဘာလို့လဲ ရှင်က ကျွန်မရဲ့ ပရိသတ်လား ဒါမှမဟုတ် ယဉ်းကျေးတဲ့
ပရိသတ်လား” ဟယ်ယီရှားက သူ့ကို
မေးလိုက်သည်။
ထန်ယီက
ပြုံးပြပြီး နီဇွန်ဆီသို့ ထိုဓာတ်ပုံကို ပို့လိုက်ပြီး “သို့ နီဇွန်၊ ပြန်ရောင်းတာမျိုးမရပါ” ဟုပြန်ပြောလိုက်သည်။
“နီဇွန်?” ဟယ်ယီရှားသည် ဖုန်းကိုထုတ်လိုက်ပြီး
မှတ်စုတိုတွင် ရေးရမည့် စကားလုံးအားလုံးကို ရိုက်ထည့်လိုက်သည်။ ပြီးနောက် ဖုန်းထဲက
စကားလုံးများကို ကြည့်ပြီး မှားမှာစိုး၍ ကူးရေးလိုက်သည်။
သူမသည်
ပညာရေးအရည်အချင်းနိမ့်ပါးသူဖြစ်ပြီး တစ်ခါတစ်ရံ နေရာတိုင်းတွင် သတိထားရမည်ဖြစ်ပြီး
အင်္ဂလိပ်စာစာကြောင်းများကို အကြောက်ဆုံးဖြစ်ကာ ထိုစာများကို အချိန်တိုင်း ထိတ်လန့်နေတတ်သည်။
လက်မှတ်ထိုးပြီးနောက်
ဟယ်ယီရှားက ထန်ယီဆီ ကောက်ပေးလိုက်ပြီး မေးလိုက်သည်။ “နီဇွန်က ကျွန်မရဲ့ ပရိသတ်လား”
ထန်ယီက
ဗီဒီယိုရိုက်သည့်ခလုတ်ကို နှိပ်လိုက်ပြီး ဗီဒီယိုအတိုလေးကို နီဇွန်ထံ ပို့လိုက်ကာ
“ရသွားပြီ” ဟု တိုးတိုးလေး ပြန်ပြောလိုက်သည်။
ခဏကြာသည့်အခါ
ဖုန်းထဲကနေ နီဇွန်၏ အော်ဟစ်သံကြီး ထွက်ပေါ်လာတယ် - အား၊ အား၊ အား နတ်သမီးလေးပါးစပ်ကနေ
ငါ့နာမည် ထွက်လာတယ်၊ ပျော်လိုက်တာကွာ!
အားလုံးစုပေါင်းထိုင်ကြပြီးနောက်
အချိန်မရှိတော့မှာကို စိုးရိမ်ပြီး ထန်ယီနှင့် ဟယ်ယီရှားတို့သည် အစည်းအဝေးခန်းထဲမှာ
ထိုင်ပြီး ဇာတ်ညွှန်းကိုကိုင်ကာ ဇာတ်ဝင်ခန်းကို ရိုးရိုးရှင်းရှင်း ပြန်ပြင်နေကြသည်။
ယွင်ကျန့်က
မေးထောက်ရင်း နားထောင်နေကာ သူတို့နှစ်ယောက်သည် စာပိုဒ်နှစ်ပိုဒ်အတွက် အံကိုက်ဖြစ်နေကြောင်းကို
တွေ့ရှိပြီးနောက် ထန်ယီသည် ဇာတ်ကောင်စရိုက်ကို အခြေခံအားဖြင့် ကျွမ်းကျင်ပြီး သူ၏အပြောအဆိုများသည်
အားလုံးကောင်းမွန်နေသည်။
သူမသည်
ထန်ယီ၏ စွမ်းဆောင်မှုကို အလွယ်တကူ ကြည့်ရှုခဲ့ပြီး ထန်ယီမှာ အထူးအကြံပေးစရာလိုသည်ဟု
သူမ မပြောတတ်တော့ပေ။
ထိုစဉ်အတောအတွင်း
ယွင်ကျန့်သည်လည်း သူမ၏ကိုယ်ပိုင်အတွေးအမြင်များကို ဖော်ပြခဲ့သည်။
ဥပမာအားဖြင့် ထန်ယီသည် ပို၍ စိတ်ဓာတ်ကျသည့်ပုံပေါက်နိုင်မည်ဟု
သူမ မျှော်လင့်ထားပြီး ဟယ်ယီရှားသည် ပို၍ ကွဲပြားသည့်ပုံစံဖြစ်စေချင်သည်။ သူမ ပြောသည်ကို
နားလည်သဘောပေါက်ကြပြီး ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုကဲ့သို့ဖြစ်မနေပေ။
“ကျွန်မ သန့်စင်ခန်း သွားလိုက်ဦးမယ်
ပြီးရင် အပြင်မှာ သွားစားကြမယ်လေ”
ဟယ်ယီရှားက ပြောပြီးသည်နှင့် ထိုအခန်းထဲမှ တန်းထွက်လာခဲ့သည်။
အစည်းအဝေးခန်းရှိလူများသည်လည်း
သိမ်းဆည်းကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ယွင်ကျန့်က
မတ်တပ်ထရပ်လိုက်ပြီး ထန်ယီကို တားလိုက်သည်။ “ဟေး ထန်ယီ ကျွန်မ နားမလည်တော့ဘူး”
ထန်ယီလည်း
ရပ်သွားပြီး သူမကိုကြည့်ကာ “မင်းပြောခဲ့တာပဲလေ” ဟုပြောလိုက်သည်။
“ရှင်ပြောရမဲ့စာကြောင်းတွေနဲ့
ရှင့်ရဲ့ဇာတ်ကောင်ပုံစံကို သရုပ်နိုင်စွမ်းမှာလည်း ဘာအမှားအယွင်းမှမရှိဘူး။ ဘယ်ဇာတ်ဝင်ခန်းမှာမဆို
ကျွန်မရဲ့ အထူးလမ်းညွှန်တာကို လိုနေသေးလို့လား။ စာချုပ်ထဲမှာ အမှန်တကယ် ရေးထားသေးတယ်”
ကျန့်ကျင်းယုလည်း
အစည်းအဝေးခန်းထဲက ထွက်လာပြီး ထန်ယီ အပြင်မထွက်သေးသောကြောင့် နောက်တစ်ခေါက် ပြန်သွားကြည့်ချင်နေသည်။
နောက်ဆုံးတော့ ထန်ယီက အစည်းအဝေးခန်းတံခါးကို ကိုယ်တိုင်ပိတ်လိုက်သည်။
ကျန်းရှန်းယန်က
ရုံးခန်းဧရိယာကို တိုက်ရိုက်သွားပြီး သူလက်မှတ်ထိုးထားသည့် စာချုပ်ကို တစ်ယောက်ယောက်အား
သိမ်းခိုင်းလိုက်သည်။ ကျန့်ကျင်းယုသည် တံခါးဝမှာရပ်လိုက်ပြီး စောင့်နေလိုက်သည်။
တံခါးပိတ်ပြီးနောက်
ထန်ယီက ယွင်ကျန့်ကို “စိတ်ခံစားမှုနဲ့ ပက်သက်တဲ့ ဒရာမာတွေမှာဆို သိပ်မတော်ဘူး။ အခုထက်ထိ
ချစ်သူရည်းစားလည်း တစ်ခါမှ မထားဖူးဘူး အဲ့တော့ အဲ့လိုဒရာမာတွေဆို သိပ်မရဘူး”
“အင်း ဟုတ်သားပဲ၊ ရှင်အဲ့ဒါမျိုးတွေ
ကောင်းကောင်းမလုပ်တတ်ဘူးပဲ...” ယွင်ကျန့်က ပြန်ဖြေသောအခါ အနည်းငယ် စိတ်နဲ့ကိုယ် မကပ်ဖြစ်ချင်သွားသည်။
သူမသည်လည်း ထိုကိစ္စမျိုးများတွင် သိပ်အကောင်းကြီးမဟုတ်သလို ချစ်သူရည်းစားလည်း တစ်ခါမှ
မထားဖူးပေ။
“တစ်ချို့ဇာတ်ဝင်ခန်းတွေဆို
အရမ်းဖော်ပြရတဲ့ အသွင်အပြင်လည်း ပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းဆိုရင် နည်းနည်းတော့...”
“ဒီလိုလား” ထန်ယီက သူ့လက်ကို
ဆန့်ထုတ်ပြီး ယွင်ကျန့်ကို သူ့ဘေးနားသို့ ဆွဲလိုက်ကာ ခေါင်းငုံ့၍ သူမနှုတ်ခမ်းကို အလျင်အမြန်
နမ်းလိုက်ကာ ခွာလိုက်သည်။ ထို့နောက် အေးအေးဆေးဆေး မေးလိုက်သည်။ “ကြည့်ပါလား ငါလုပ်တာ
ညံ့တယ်မလား”
ယွင်ကျန့်က
ထန်ယီကို တအံ့တသြ ကြည့်ရင်း သူ့ခေါင်းထဲ ဗလာဖြစ်သွားပြီး ဘာမှပြန်မဖြေနိုင်တော့ပေ။
ကွန်ပြူတာ
ရုတ်တရက် ပျက်သွားသလိုပင်။ စက်အတွင်း၌ အကြောင်းအရာများ ပေါများပေမယ့် ဘယ်အရာကမှ ထွက်မလာသောကြောင့်
ပြုပြင်မှ ရပါတော့မည်။
“နောက်ပြီး တချို့နေရာတွေမှာ
လျှာနဲ့နမ်းဖို့ လိုတယ်လို့ ကြားတယ်၊ ငါတော့ မလုပ်နိုင်ဘူး ထင်တယ်။ သင်ပေးလို့ရမလား” ထန်ယီက ညင်သောသောအသံဖြင့်
တိုးတိုးလေး မေးလိုက်သည်။ သူ့အသံက သိမ်မွေ့လွန်းသဖြင့် သူမကို လှည့်စားနေရင်တောင် ငြင်းဆန်ရန်
မဖြစ်နိုင်ပေ။
“အဲ့ဒါက ကျွန်မလည်း...” ယွင်ကျန့်
စကားမဆုံးခင်မှာပင် ထန်ယီက အခွင့်အရေးကိုယူကာ သူမခေါင်းနောက်ကို ကိုင်ဖိထားပြီး နမ်းပစ်လိုက်သည်။
သူမ နှုတ်ခမ်းများ ဟသွားသည်ကို အခွင့်ကောင်းယူပြီး သူ့လျှာဖျားကို တိုက်ရိုက် ထိုးသွင်းကာ
ပတ်ချာလည် နမ်းပစ်လိုက်သည်။ သူသည် သူမကို အပိုင်ကြီးစိုးထားပြီး ဇွတ်အတင်းလုပ်တတ်သူပင်ဖြစ်သည်။
ဘယ်နေရာမှာ
ညံ့သွားလို့လဲ။ ရှင်က အရမ်းကျွမ်းကျင်ပြီးသားကို!