ချိုမြိန်ရိပ်မြုံ
အပိုင်း
၁၃
ယွင်ကျန့်သည်
တစ်နေ့တွင် သူမ ချစ်မြတ်နိုး သောချစ်သူနှင့် လက်ချင်းတွဲလျက် လမ်းပေါ်တွင် လျှောက်သွားကာ
နောက်ဆုံးတွင် တစ်ယောက်ကို တစ်ယောက် ပြုံးပြ၍ လရောင်အောက်တွင် နမ်းကြမည်ဟု တစ်ခါက စိတ်ကူးယဉ်ခဲ့ဖူးလေသည်...
သို့သော်လည်း
သူမ၏ ပထမဆုံးအနမ်းက ယခုလိုမျိုးဖြစ်လိမ့်မည်ဟု သူမ မတွေးခဲ့ဖူးချေ။
လူနှစ်ယောက်သာရှိသော
အစည်းအဝေးခန်းတွင် လေအေးပေးစက်သည် တစ်ချိန်လုံး မှုတ်ထုတ်နေပြီး အေးစက်မှုအရိပ်အယောင်နှင့်
ဆံပင်များသည် ပခုံးပေါ်မှာ ပျံကျဲနေကာ အင်္ကျီစများနှင့် ရောထွေးနေသည်။
သူမရှေ့တွင်
ရပ်နေသောလူသည် အလွန်အရပ်ရှည်ပြီး သူမကိုနမ်းသည့်အခါ ငုံ့ထားရသည်။ သို့သော် ယခုအချိန်တွင်
သူသည် သူမနှင့် ပိုနီးသွားစေရန်အတွက် သူမ၏ခါးကို သိုင်းဖက်ထားရပေတော့မည်။
သူမ
အသိစိတ်က ထန်ယီကို တွန်းထုတ်ချင်နေပြီး ထန်ယီ၏ ရင်ဘတ်ပေါ် လက်ကို တင်ကာ ပြင်းပြင်းထန်ထန်
တွန်းထုတ်နေသည်။ သူမ၏ ငြင်းဆန်မှုကို ခံစားလိုက်ရသော ထန်ယီသည် နောက်မဆုတ်ပေးပဲ ကိုယ်ကိုလှည့်လိုက်ကာ
သူမ၏ ခန္ဓာကိုယ်အား နောက်ဆုတ်၍ မရစေရန် အစည်းအဝေးခန်း တံခါးပေါ် မှီစေခဲ့သည်။
ထန်ယီ၏
နှာခေါင်းမှ ထွက်သက်ဝင်သက်က သူမကို ဝိုင်းရံထားပြီး နူးညံ့သော ကျူးကျော်သူလေးသည် သူမ၏
ပါးစပ်အတွင်းသို့ ရက်စက်ကြမ်းကြုတ်သော အပြုအမူဖြင့် ကြီးစိုးနေဆဲဖြစ်သည်။
သူ့အရသာက
အနည်းငယ်ချိုသည်။
သူမ
မသိစိတ်က တံတွေးကို မျိုချမိလိုက်ပြီး ထန်ယီကို ကြည့်လိုက်ရာ မျက်လုံးမှိတ်ထားကာ သူ၏
သွယ်လျသော မျက်တောင်များကို အနီးကပ်ကြည့်နိုင်သည်ကို တွေ့လိုက်ရသည်။
ပထမဆုံးအနမ်း။
မှော်ဆန်စွာဖြင့်
ထန်ယီအား ပေးခဲ့ရလေသည်။
အရာအားလုံးက
ပုံစံမမှန်တော့ဘူးဟု သူမခံစားလိုက်ရသည်။ မဟုတ်လျှင် ထန်ယီက ထိုအရာမျိုးကို မည်သို့
လုပ်နိုင်မည်နည်း။ သူမမြင်ဖူးသည့် ထန်ယီမှာ ထိုသို့မဟုတ်ပေ။
နောက်ဆုံးတော့
ထန်ယီက သူမကို လွှတ်ပေးလိုက်ပြီး သူမ ထွက်မပြေးသွားအောင် လက်တစ်ဖက်က တံခါးပေါ်ထောက်ထားကာ
သူ့နှုတ်ခမ်းများကို အခြားလက်တစ်ဖက်ဖြင့် သုတ်လိုက်ပြီး “သိပ်မကောင်းဘူးမလား” ဟုလှောင်ပြောင်ကာ
မေးလိုက်သည်။
“ဒါက ရှင်လုပ်ချင်လို့လုပ်နေတာလား
ဒါမှမဟုတ် ရှင်ရဲ့ အကျင့်စရိုက်လား” ယွင်ကျန့်က မဝံ့မရဲ
မေးလိုက်သည်။
“နမ်းတဲ့နည်းစနစ်ကို လုပ်ပြနေတာ”
“အမ်...” ယွင်ကျန့်သည် သူမ၏စိတ်နေစိတ်ထားကို ပြန်ပြင်ဖို့
ကြိုးစားရင်း ထန်ယီက သူမကို လှည့်စားနေသလား ဒါမှမဟုတ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေသလားဟု
အနည်းငယ် တွေးနေမိသည်။ ထို့အပြင် ခေါင်းထိထားသည်မှာလည်း အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးသောကြောင့်
ထိုအရာကို ပြန်လည် တုံ့ပြန်ရန် အနည်းငယ် လိုသေးသည်။
“ငါ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည်၊
ပြောရမည့်ပုံစံတွေ၊ ဖော်ပြနိုင်စွမ်းတွေက မင်း ဉာဏ်အလင်းပေးခဲ့တဲ့အရာတွေပဲ” ထန်ယီက စကားထပ်ပြောပြီး တခြားအကြောင်းအရာများအကြောင်း
ထပ်ပြောပြန်သည်။
“ဟုတ်လောက်မယ်” ယွင်ကျန့်က ထန်ယီကို သရုပ်ဆောင်ခိုင်းသည့်အခါ သူသည်
လူသစ်တစ်ယောက်သာဖြစ်ပြီး လေ့ကျင့်မှုမရှိသေးပေ။
“အဲ့ဒါကြောင့် မင်း အဆုံးထိ
တာဝန်ယူရမယ်၊ ငါ မင်းကို အရှက်ခွဲလို့ မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား”
“အဲ့လိုဖြစ်စရာ အကြောင်းတရားနဲ့
အကျိုးတရားတွေရော ရှိနိုင်လား”
“ဇာတ်ညွှန်းကိုဖတ်ပြီးပြီ
နမ်းရမဲ့အခန်းတွေပါတယ်၊ အိပ်ရာပေါ်က အခန်းတွေလည်း ပါတယ်၊ ဒါပေမယ့် အချစ်၊ အနမ်း၊ ဟိုဒင်းဟိုဟာမှာလည်း
အတွေ့အကြုံတောင် မရှိဘူး၊ အဲ့ဒါကြောင့် မလုပ်တတ်တော့ ဇာတ်လမ်းရိုက်လို့မရမှာ ကြောက်မိတယ်၊
အဲ့တော့ မင်းတစ်ယောက်တည်းပဲ ငါ့ကိုသီးသန့် သင်ပေးဖို့ ခွင့်ပြုထားခဲ့တာ”
“ကျွန်မလည်း ဒီဟာတွေမှာ မကျွမ်းဘူးလေ” ယွင်ကျန့်က ထန်ယီ၏
လက်ကို ချက်ချင်းတွန်းထုတ်လိုက်သည်။
“ရပါတယ်၊ ငါတို့ ဖြည်းဖြည်းချင်း
လေ့ကျင့်ကြတာပေါ့”
“ဖြည်းဖြည်းချင်းလေ့ကျင့်ကြမယ်?”
ထန်ယီက
ပြန်မဖြေပဲ ယွင်ကျန့်ထိုင်ခဲ့သည့် ထိုင်ခုံဆီသို့ ပြန်လှည့်ကာ သူမ၏ အိတ်ကို ကောက်ယူပြီး
“အိတ်ထဲမှာ နှုတ်ခမ်းနီတွေ ရှိလား”
ဟုမေးလိုက်သည်။
“ရှိတယ်”
“ ငါဖွင့်ကြည့်လို့ရမလား” သူက အိတ်ကို ကိုင်လိုက်ပြီး
လှုပ်လိုက်သည်။
ယွင်ကျန့်က
သူမနှုတ်ခမ်းများကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီး “ဘာမှရှက်စရာ မလိုပါဘူး” ဟုပြန်ဖြေလိုက်သည်။
ထန်ယီက
ယွင်ကျန့်၏ အိတ်ကိုဖွင့်ပြီး အနီရောင် နှုတ်ခမ်းနီဘူးကိုယူကာ အဖုံးကိုဖွင့်ပြီး “ဒီကိုလာ” ထိုဘူးကို လှည့်ဖွင့်ပြီး
ယွင်ကျန့်ကို ပြောလိုက်သည်။ ယွင်ကျန့်က လှမ်းယူလိုက်သော်လည်း ထန်ယီက သူမကို ရှောင်လိုက်ပြီး
သူမကို လက်ကို လှမ်းဆွဲကာ သူ့ရှေ့သို့ ဆွဲလိုက်သည်။ သူသည် ယွင်ကျန့်ကို နှုတ်ခမ်းနီဆိုးပေးရန်
ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းကာ အစည်းအဝေး စားပွဲပေါ်၌ ထိုင်နေသည်။
ယွင်ကျန့်က
အနည်းငယ် နေရခက်သွားသော်လည်း နောက်ဆုံးတွင် သဘောတူပြီး ပါးစပ်ကို ဟပေးလိုက်သည်။ ဘာကြောင့်မှန်းမသိ
သူမသည် ထန်ယီကို ငြင်းဆန်၍မရဖြစ်နေသည်။
ထန်ယီ၏
လှုပ်ရှားမှုတိုင်းတွင် အလွန်ဂရုစိုက်ပေးမှုများပါနေသည်။ သူသည် မိန်းကလေးတစ်ဦးကို ပထမဆုံးအကြိမ်
နှုတ်ခမ်းနီ ဆိုးပေးဖူးခြင်းဖြစ်သောကြောင့် ခေါင်းငုံ့ထားကာ ယွင်ကျန့်နှင့် အလွန်နီးကပ်နေသည်။
ထိုအချိန်တွင်
အစည်းအဝေးခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ဟယ်ယီရှားက “မပြီးသေးဘူးလား” ဟု မေးလိုက်သည်။
တစ်ချက်ကြည့်လိုက်ပြီးနောက်
တံခါးကို “ဘန်း”
ခနဲ မြည်အောင် ပိတ်လိုက်ပြီး “နင်တို့ကို တံခါးအပြင်ကနေ စောင့်နေမယ်” ဟုပြောလိုက်သည်။
ထန်ယီလည်း
အနည်းငယ် ထိတ်လန့်သွားသည်။ သူ့လက်များ တုန်နေသည်။ ဟယ်ယီရှားသည် ၎င်းကိုမြင်သွားသောအခါ
ထိတ်လန့်သွားပြီး နှုတ်ခမ်းနီအဖုံးကို တန်းဖုံးလိုက်သည်။ ထို့နောက် ယွင်ကျန့်၏ အော်ဟစ်သံကို
ကြားလိုက်ရသည်။
ယွင်ကျန့်သည်
နှုတ်ခမ်းနီကို အမြန်ဆွဲယူလိုက်ပြီး နှုတ်ခမ်းနီတောင့်မှာ အထဲသို့ ပြန်မထည့်ရသေးပဲ
ထိပ်ပြားသွားလေသည်။
ယွင်ကျန့်၏
အော်သံကြောင့် အံ့အားသင့်သွားကာ ကြောင်သွားပြီး “ငါ မင်းကို နှုတ်ခမ်းနီဖိုး ပြန်ပေးမယ်” ဟုပြောလိုက်သည်။
ယွင်ကျန့်က
သူ့ကို စိုက်ကြည့်လိုက်ပြီး သူမအိတ်ကို ဇွက်ခနဲယူလိုက်ကာ အစည်းအဝေးခန်းမှ ထွက်လာခဲ့သည်။
လူနှစ်ယောက်
အစည်းအဝေးခန်းထဲက ထွက်လာသည့်အခါ ဟယ်ယီရှားက ယွင်ကျန့်နံဘေးကို ရောက်လာပြီး ယွင်ကျန့်၏
လက်မောင်းကို ဆွဲကိုင်လိုက်ပြီး တီးတိုးမေးလိုက်သည်။
"အရမ်းတွေ ပြင်းထန်နေပါလား၊ နင့်အော်သံကို ငါကြားလိုက်တယ်၊
ချက်ချင်းပဲ ကိစ္စပြီးသွားတာလား”
ယွင်ကျန့်က ပြန်မဖြေပေမယ့် သူ့လက်ထဲက နှုတ်ခမ်းနီကို ကိုင်ထားဆဲဖြစ်သည်။
ဟယ်ယီရှားက
တခဏချင်း နားလည်သဘောပေါက်ပြီး အရူးတစ်ယောက်လို ပြုံးကာ ကြမ်းပြင်ကြွေပြားများ အသံမြည်လာသည်ဟု
အထင်နှင့် သူမခြေထောက်များကို ဆောင့်ပြီး လမ်းလျှောက်သွားသည်။
သူတို့အဖွဲ့သည်
ဟိုတယ်ကို သွားခဲ့ကြသည်။ ယွင်ကျန့်ထိုင်ပြီးနောက် ထန်ယီသည် သူမဘေးတွင် လာထိုင်သည်ကို
သတိပြုမိသွားသည်။ ထန်ယီကို အချိန်အကြာကြီး ဂရုတစိုက်ကြည့်ပြီးနောက် ထန်ယီသည် အရာအားလုံးကို
ပုံမှန်အတိုင်း အေးအေးဆေးဆေး လုပ်နေကြောင်း သူမတွေ့လိုက်ရသည်။
ထန်ယီသည်
ယုတ်မာသော ကောင်စုတ်လေးတစ်ယောက်သာဆိုလျှင် ဟယ်ယီရှားသည်လည်း ရွေးချယ်မှုကောင်းတစ်ခုဖြစ်ပေသည်။
သို့သော်လည်း ထန်ယီနှင့် ဟယ်ယီရှားတို့သည် ဇာတ်ညွှန်းမှလွဲ၍ ဘာမှ မပြောကြပေ။
သူမ
အမြဲတမ်း ထူးဆန်းသလို ခံစားနေရသည်။
ဖြစ်နိုင်ခြေတစ်ခုက...ထန်ယီက
ကုတ်ကမြင်းများလား?
ထိုအချိန်တွင်
ညစာစားပွဲ၌ စတင်ရိုက်ကူးမည့်အချိန်၊ အချိန်ဇယားနှင့် စစ်ဆေးမှုအကြောင်း စတင်ပြောဆိုလာကြသည်။
ယွင်ကျန့်လည်း အသိစိတ်များ ပြန်ဝင်လာပြီး သူတို့နှင့်ဆွေးနွေးခဲ့သည်။
သူမသည်
ဒါရိုက်တာလုပ်ရာမှာ အလွန်ကျွမ်းကျင်ဆဲဖြစ်သည်။ ထိုအရာများကို စီစဉ်သည့်ကိစ္စများကို
ပြောသည့်အခါမှာလည်း လွတ်လွတ်လပ်လပ် ပြောတတ်သည်။ သရုပ်ဆောင်တစ်ဦးချင်းစီရဲ့ အချိန်ဇယားအတိုင်း
အချိန်ကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်ပေးသွားမှာဖြစ်သည်။
ထန်ယီ၏
အခြေအနေမှာ အလွန်ရှုပ်ထွေးသည်။ အစောပိုင်းအဆင့်တွင် သူသည် ဇာတ်ကားကို လှည့်ပတ်ကြည့်ရှုရန်
လိုအပ်ပြီး ဇာတ်ကား ပြီးဆုံးခါနီးတွင် “အကောင်းဆုံး ဆုံးရှုံးခဲ့ရသော သူငယ်ချင်းများ” reality show ၏ seasonအသစ်ကို
ရိုက်ကူးရမည်ဖြစ်သည်။ အလယ်မှာ ကြော်ငြာ သုံးခုနှင့် မဂ္ဂဇင်း ရိုက်ကူးရေး နှစ်ခု ပါဝင်နေသည်။
၎င်းတို့သည်
လက်ရှိအချိန်တွင် ဆုံးဖြတ်နိုင်သော အရာများဖြစ်ပြီး အခြားအရာများကို နောက်မှ ထပ်ထည့်ပါမည်။
ယွင်ကျန့်သည် အချိန်ဇယားကို ကြည့်ပြီး ခေါင်းကိုက်ကာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
“အရင်ဆုံး စားလိုက်ရအောင်” ထန်ယီက ယွင်ကျန့်ကို လှမ်းမပေးမီ သူမရှေ့ရှိ ပန်းကန်လုံးနှင့်
တူများကို သုတ်ပေးလိုက်သည်။
ယွင်ကျန့်သည်
စားသောက်ပြီး ဖောင်ကိုဖတ်နေကာ သီးခြားအစီအစဉ်များကို အခါအားလျော်စွာ ပြန်ပြင်ပေးရန်
တောင်းဆိုနေသည်။
ထမင်းစားပြီးနောက်
နီဇွန်သည် သီးသန့်ခန်းထဲသို့ ရုတ်ချည်းပေါ်လာပြီး သူဝင်လာသောအခါတွင် ခပ်တည်တည်ဝင်ထိုင်ကာ
သူတို့အား နှောင့်လည်း မနှောင့်ယှက်၊ ဝင်လည်း မစားသောက်ပဲ သူတို့နောက်လိုက်လာခဲ့ခြင်းသာ
ဖြစ်သည်။
“ဒါရိုက်တာယွင်၊ ကျွန်တော်ရော
တစ်ခန်းလောက် ဝင်ရိုက်လို့ရမလား”
နီဇွန်က ရုတ်တရက် ထိုစကားကို ပြောလိုက်သည်။
ယွင်ကျန့်သည်လည်း
အခကြေးငွေမပေးပဲ ကျော်ကြားမှုအချို့ကို အနိုင်ယူနိုင်ကြောင်း သက်သေပြသွားသည့် နီဇွန်ကိုလည်း
တစ်ခန်းလောက် ထည့်ရိုက်ပေးချင်သည်။ နီဇွန်၏ လက်ရှိရေပန်းစားမှုသည် အလွန်မြင့်မားဆဲဖြစ်ပြီး
ဒရာမာအတွက် အမှန်တကယ် အထောက်အကူ ဖြစ်စေပေမည်။
“မင်းရဲ့ သရုပ်ဆောင်မှုစွမ်းရည်က
လူသေကောင်နေရာပဲ လုပ်လို့ရမယ်” ထန်ယီက မသိမသာပြောလိုက်သည်။
ဟယ်ယီရှာလည်း
မထိန်းနိုင်ပဲ ရယ်မောပစ်လိုက်သည်။
နီဇွန်သည်
သူမအား ဦးစွာကြည့်လိုက်သည်။ ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး စခရင်ကို နှိပ်လိုက်ပါတော့သည်။
ထန်ယီ၏ဖုန်းက မကြာခင်မှာ အချက်ပေးသံထွက်လာသည်။
နတ်ဘုရားမရှေ့တွင်
သူသည် ကျိန်ဆဲခြင်းမပြုနိုင်သောကြောင့် သူ့ဖုန်းကနေသာ ပြောလိုက်သည်။ နောက်ဆုံးတွင်
နီဇွန်၏ ဧည့်သည်သရုပ်ဆောင်အခန်းကို အပြီးမသတ်ခဲ့ပဲ သူမအေးဂျင့်မှ ဖုန်းခေါ်လာသောကြောင့်
ဟယ်ယီရှားမှာ ထွက်သွားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
နီဇွန်သည်
သူ့ရင်ဘတ်နှင့် ခြေဖဝါးကို ထုရိုက်လောက်သည့်အထိ အလွန်နောင်တရသွားသော်လည်း သူ့နတ်ဘုရားမလေးကို
စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ထန်ယီသည်
ယွင်ကျန့်ကို ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ယွင်ကျန့်သည် ထိုသို့မတိုင်မီ သူမဘာသာသူမ
ထွက်ခွာသွားခဲ့ပြီး ထန်ယီက လက်လျှော့လိုက်ရသည်။
သူမသည်
အစကတည်းက Taxi တစ်စီးဖြင့် ထန်ယီရှေ့မှ ထွက်သွားခဲ့သော်လည်း တက္ကစီပေါ်တွင် နှာခေါင်းစည်းကိုဝတ်ကာ
ဆံပင်ချီထားပြီး ဦးထုပ်ဆောင်းကာ တက္ကစီပေါ်မှ လမ်းတစ်ဝက် ဆင်းခဲ့သည်။
တလမ်းလုံး
ဂရုတစိုက် ဟိုကြည့်သည်ကြည့် ကြည့်ပြီးနောက်
ပါပါရာဇီများ မရှိကြောင်း အတည်ပြုပြီးနောက်မှသာ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမသည်
ဟိုဟိုဒီဒီလျှောက်သွားကာ ဟိုတယ်ငယ်လေးတစ်ခုသို့ သွားခဲ့သည်။ အခန်းကို အမှတ်တမဲ့ ဖွင့်လိုက်ပြီးနောက်
ဝင်သွားကာ အခန်းတံခါးကို သော့ခတ်ပြီး ဆိုဖာတစ်လုံးဖြင့် တံခါးကို ပိတ်ဆို့လိုက်သည်။
သတိမထားမိပဲ
မီးပိတ်လိုက်ပြီး ဖုန်းကင်မရာနှင့် ဓာတ်ပုံရိုက်လိုက်သည်။ ရေချိုးခန်းထဲဝင်ပြီး ရေမချိုးခင်
ဘာပြဿနာမှမရှိဘူးဆိုသည်မှာ သေချာကြောင်း။
သူမသည်
ဆံပင်ခြောက်အောင်လုပ်ပြီး အခန်းထဲတွင် ယောဂကျင့်နေသည်။
ည
၁၁ နာရီလောက်တွင် တံခါးဝကို လှည့်ကြည့်လိုက်ရာ တံခါးပေါက်မှာ ကတ်လေးများစိုက်ထည့်ထားသည်ကို
တွေ့လိုက်သောကြောင့် လှမ်းယူကြည့်လိုက်သည်။
Weibo
စကင်န်ဖတ်ဖို့ အိပ်ရာပေါ်တက်ကာ ခဏလောက်စောင့်ပြီး လှည့်ပတ်ကြည့်လိုက်သည့်အခါ ကတ်သေးသေးလေး
၃ ကတ်ကို ကောက်ယူလိုက်ပြီး အိပ်ယာပေါ်ကတ်သေးသေးလေးများကို ချထားကာ ဓာတ်ပုံရိုက်လိုက်သည်။
သူမ
WeChat ကို ဖွင့်လိုက်သည်နှင့် သူမသည် ထန်ယီထံသို့ ဓာတ်ပုံကို ပေးပို့ပြီး စာရိုက်လိုက်သည်-
တစ်ချို့သော ဟိုဇာတ်ဝင်ခန်းတွေကို လေ့ကျင့်ချင်ရင် သူတို့ကို ခေါ်ကြည့်ကြည့်၊ ပြီးတော့
သူတို့ အဲ့ဟာတွေကို လုပ်ကောင်းလုပ်ပေးလိမ့်မယ်။