အပိုင်း ၁၄
Viewers 681

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၁၄

 

 

 

ထန်ယီသည် ဖုန်းကိုယူ၍ ဖုန်းစခရင်ပေါ်ရှိ ဓာတ်ပုံများကိုကြည့်ကာ ပျော့ခွေသွားသည့် အနေအထားသို့ ရောက်သွားလေသည်။

 

 

အတင်းရယ်မောလိုက်ပြီး ဖုန်းကိုင်ထားသည့် လက်များ တုန်ခါသွားရန်အထိ တော်တော်အချိန်ယူလိုက်ရသည်။

သူသဘောကျသည့်လူမှာ တကယ့်ကို ရတနာတစ်ခုပင် ဖြစ်ပေသည်။

 

 

ဖုန်းကိုကြည့်ကာ လှဲချလိုက်ပြီး မက်ဆေ့ချ်ပို့ရန် စာကိုထပ်ခါထပ်ခါ ပြန်ရိုက်နေသည် - မင်း ဘယ်မှာလဲ

 

 

ယွင်ကျန့်- ဟိုတယ်မှာ။

 

 

ထန်ယီ- လိပ်စာလေးပြောပြပါဦး။

 

 

ယွင်ကျန့်- ရှင် ဘာလုပ်မလို့လဲ။

 

 

ထန်ယီ- အခန်းဝန်ဆောင်မှုပေးမလို့ပါ။

 

 

ယွင်ကျန့်- အရူးထမနေနဲ့၊ ရှင်ဒီကိုရောက်နေရင် ပါပါရာဇီတွေရောက်လာလိမ့်မယ်၊ နောက်နေ့ကျရင် ဒါရိုက်တာဟောင်းနဲ့ နာမည်ကြီးတဲ့ တက်သစ်စလေးတို့ ဟိုတယ်လေးမှာ ချိန်းတွေ့ကြတယ်ဆိုပြီး ခေါင်းစဉ်အကြီးကြီးနဲ့ နာမည်ထပ်ကြီးသွားဦးမယ်။

 

 

ထန်ယီ- အဲ့လို သဘောမျိုးမဟုတ်ဘူး၊ မင်းအတွက် ညလယ်စာလာပို့မလို့။

 

 

ယွင်ကျန့်- မေ့လိုက်တော့၊ မလိုပါဘူး၊ ရှင့်ဘာသာ စား၊ ကျွန်မ အိပ်တော့မယ်။

 

 

ထန်ယီ- ကိုယ့်ဘာသာ လုံခြုံအောင်နေဦး။

 

 

ယွင်ကျန့်- အမကြီးရေ(စနောက်ပြီးခေါ်လိုက်ခြင်းဖြစ်သည်)  ကျွန်မလေ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့တောင်ပိုင်းကို ခရီးထွက်ပြီး အသွားအပြန်လုပ်ခဲ့တာ နှစ်အတော်ကြာပြီ၊ ပြီးတော့ ရှင့်ထက် ကျွန်မပိုသိတယ်၊ အဲ့ဒီတော့ ရှင် အဲ့ဒါအတွက် စိတ်ပူနေစရာ မလိုဘူး။

 

 

ထန်ယီ- ကောင်းပြီလေ၊ ဂွတ်နိုက်။

 

 

ယွင်ကျန့်- ရှင်သူတို့ကို ဆက်သွယ်ချင်ရင်တော့ ရှင်ကိုယ်တိုင် ဖုန်းဆက်လိုက်၊ အပြင်မှာတွေ့တဲ့အခါ ကတ်ထဲကအတိုင်း လှမလှတော့ ကျွန်မလည်း အာမမခံနိုင်ဘူး

 

 

ထန်ယီ- ကောင်းပြီ။

 

 

ယွင်ကျန့်သည် WeChat ဖွင့်ထားသည့် စခရင်ရှိ မက်ဆေ့ချ်ကို စိုက်ကြည့်နေပြီး ထန်ယီ၏ သဘောထားကို သေချာမသိပေ။ သူလည်း ဘာပြောရမှန်းမသိသောကြောင့် ဂွတ်နိုက်ဟုသာ စာရိုက်လိုက်သည်။ ထိုသို့စာမပို့ခင် ထန်ယီက ဖုန်းခေါ်လိုက်သေးသည်။

 

 

သူမ ချက်ချင်း ကိုင်လိုက်သည်- “ဟဲလို?”

 

 

“တခြားလူတွေကို ခေါ်လိုက်ရင် အပြင်မှာ တွေ့ရမဲ့ လူပုံစံက ဘယ်လိုလဲဆိုတာ သေချာမသိနိုင်ဘူး၊ အဲ့တော့ ဒီဖုန်းကို ခေါ်လိုက်တာ အနည်းဆုံးတော့ လူပုံစံကို သေချာသိနိုင်မယ်ထင်တယ်”

 

 

“ဒါဆို ရှင်က ရှင့်ရဲ့အစ်မကို အခန်းဝန်ဆောင်မှုပေးစေချင်နေတာလား”  ယွင်ကျန့် ဒေါသအရမ်းထွက်သွားပြီး ဆဲလုနီးပါးဖြစ်သွားသည်။ ဒါဟာ သူမကို စိတ်တည်ငြိမ်စေမယ့် နောက်ဆုံးအကြောင်းရင်းတစ်ခုပဲဖြစ်ပေသည်။

 

 

သေတဲ့အထိ မရိုက်လိုက်နဲ့၊ သူက အသုံးဝင်ပါသေးတယ်၊ သူက နင်ရဲ့ ဇာတ်လိုက်ပဲ!

 

 

“ဒါပေမယ့် ရှင် ခေါင်းကြီးပိုင်းသတင်းမှာ မပါချင်ဘူးမလား”

 

 

“အင်း ဒါဆို ပွင့်ပွင့်လင်းလင်း ပြောကြရအောင်”

 

 

“အဲ့ဒီတော့ ငါနဲ့ စကားပြောပေး”

 

 

ယွင်ကျန့်သည် ထန်ယီ၏ သဘောထားကို နားမလည်သဖြင့် “ဘာလို့ စကားအသုံးအနှုန်းကို chat service လို့ ပြောင်းလိုက်တာလဲ”

 

 

ထန်ယီက ဖုန်းရဲ့တစ်ဖက်တစ်ချက်မှာ ရယ်မောနေပြီး ရယ်လိုက်သည့်အခါ ဖုန်းစပီကာကနေ တိုးတိုးလေးပြောလိုက်သည်။ “မင်းဒီလိုပြောလိုက်တိုင်း အချစ်အကြောင်း အမြဲပြောနေသလိုပဲ ခံစားရတယ်”

 

 

“ရှင်တို့အခုခေတ်လူငယ်တွေက အရမ်းခေတ်မှီပြီး လန်းနေတယ်ပေါ့”  ယွင်ကျန့်က သူမကိုယ်သူမ အဖွားကြီးအဖြစ် လက်မခံနိုင်ဘူးဟူ၍ ခံစားနေရသည်။

 

 

“မဟုတ်ပါဘူး၊ ဒီအတိုင်း မင်းနဲ့စကားပြောချင်လို့ပါ”

 

 

“ရှင်ဘာအကြောင်းပြောချင်တာလဲ”

 

 

“မင်းဘာအကြောင်းမဆို ပြောလို့ရတယ် ဒီအတိုင်း မင်းရဲ့အသံလေးကို ကြားချင်လို့” ထန်ယီ၏ တောင်းဆိုချက်က အရမ်းရိုးရှင်းပြီး သူ့အသံက ရှားရှားပါးပါး ကလေးလေးလို သရုပ်ဆောင်နေသလိုမျိုး နူးညံ့နေသည်။

 

 

ယွင်ကျန့်သည် တစ်ခါမှ မချစ်ဖူးသူဖြစ်ပြီး ရိုမန်တစ်ဆန်ဆန်ဖုန်းပြောဖူးခြင်း မရှိသောကြောင့် ထိုသို့ဖုန်းပြောရသည့် ခံစားချက်ကို မသိပေ။

 

 

သူမသည် အရေးကြီးပြောစရာမရှိသော်လည်း သူမကိုယ်တိုင်ပင် ဘာ့ကြောင့် စကားဆက်ပြောနေပါလိမ့်ဟု တွေးမိသည်။

 

 

သူမသည် ထန်ယီကို ဦးတည်ပြီး ပြောနေခြင်း မဟုတ်ပေ။ (တွေ့ကရာလျှောက်ပြောနေခြင်း ဖြစ်သည်)

“ဒါဆို ရှင်ရောဘာလုပ်နေတာလဲ” ယွင်ကျန့်က တက်ကြွစွာ မေးလိုက်သည်။

 

 

“ကိုယ်လက်ဆေးကြောပြီးလို့ Mask ကပ်နေတာ”

 

 

“ရှင်တို့လို တက်သစ်စလေးတွေက အလှပြင်ဖို့ အလှပြင်ဆိုင်ပဲဖြစ်ဖြစ် တစ်နေရာပဲဖြစ်ဖြစ် သွားလေ့ရှိတာလား”

 

 

“တကယ်တော့ အနုပညာရှင်တွေက အကုန်အတူတူနီးပါးပါပဲ၊ ပုံမှန်အသားအရေထိန်းသိမ်းတာတွေ၊ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ကြတယ်။ ယောက်ျားလေးတွေရဲ့ အဓိကအချက်က ကျန်းမာကြံ့ခိုင်ဖို့၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမြဲတမ်း စွဲမြဲနေဖို့လိုတယ်”

 

 

“အိုး” ယွင်ကျန့်တွင် ပြောစရာစကား လုံးဝမရှိဖြစ်သွားသည်။

 

 

“ငါမင်းကိုအရမ်းလွမ်းတယ်” ထန်ယီက ရုတ်တရက် ထိုစကားတစ်ခွန်းကိုပြောလိုက်သည်။

 

 

“အယ်?” ယွင်ကျန့်၏ နှလုံးခုန်သံသည် မိုးသက်မုန်တိုင်းတစ်ခုထဲက မိုးရေစက်များ ဖန်ခွက်ထဲ ပြင်းထန်စွာ တဖြောက်ဖြောက်ကျလာသကဲ့သို့ ဖြစ်နေသည်။

 

 

“လွန်ခဲ့တဲ့ နှစ်တွေကတည်းက မင်းကို အရမ်းလွမ်းနေခဲ့တာ။ မင်းရဲ့ဇာတ်ကားတွေကိုလည်း မတွေ့ရတာကြာပြီ၊ ပြီးတော့ အမြဲတမ်း ကိုယ့်ကိုယ်ကို သနားစရာကောင်းတယ်လို့ ခံစားရတယ်၊ အဲ့တော့ အဲ့ဒီနေ့က မင်းငါ့ဆီလာလည်တာကို တွေ့လိုက်ရတော့ အရမ်းပျော်သွားခဲ့တာ”

 

 

“အိုး အဲ့ဒါပါပဲ...” သူမ၏ ဇာတ်ကားများကို မတွေ့ရတာကြာပြီဖြစ်သည့်အတွက် သနားစရာလေးဖြစ်သွားသည်။ “ကျွန်မကို ကူညီပြီး သရုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့အလုပ်တွေကို မတွေ့ရတာ ကြာပြီဖြစ်တဲ့ အတွက် သနားစရာ ဖြစ်သွားပါတယ်။

 

 

“မင်းကို ကူညီနိုင်လို့ အရမ်းဝမ်းသာမိတယ်”

 

 

“ထန်ယီ၊ ရှင် မကြာသေးခင်ကမှ လူတွေကို နွေးနွေးထွေးထွေးဆက်ဆံတတ်တဲ့ လူလိုနေသွားမယ်လို့ စဉ်းစားနေတာလား” ယွင်ကျန့်က မနေနိုင်ပဲ မေးလိုက်သည်။

 

 

“အမ်... အစ်ကိုတွေနဲ့ နေတာကြာပြီလေ၊ အဲ့တော့ သူတို့ဆီက တစ်ခုခု သင်လာခဲ့တာ”

 

 

“ဥပမာ?”

 

 

“နီဇွန်ဆီကနေ လက်ဝှေ့ သင်ခဲ့တယ်၊ ဟိုကိစ္စတွေကို ကျန့်လီဆီကနေ ဂုဏ်ယူစွာ သင်ခဲ့တယ်၊ တုရှန့်ယန်ဆီက လူသားဆန်မှုနည်းနည်း သင်ခဲ့ပြီးတော့ သူက မျက်နှာအမူအရာကို မပြောင်းပဲနဲ့ ခပ်ညံ့ညံ့ဟာသမျိုးစုံကို ပြောတတ်သေးတယ်”

 

 

“တကယ်ကောင်းကောင်း ကြီးပြင်းခဲ့တာပဲ၊ အရင်က အဲ့လိုမျိုး တစ်ခါမှ မခံစားဖူးဘူး”  ယွင်ကျန့်က သက်ပြင်းချလိုက်သည်။

 

 

ထန်ယီက ရယ်မောလိုက်ပြီးနောက် ပြန်ဖြေခဲ့သည် “အချိန်ကြာလာတာနဲ့အမျှ မင်းကဘယ်သူလဲဆိုတာကို လူတွေသိသွားအောင် ငါလုပ်ပေးမယ်”  ဖြည်းဖြည်းချင်း တစ်ဆင့်ပြီး တစ်ဆင့် တခြားလူတွေ စိတ်တောင်မကူးဖူးတဲ့ ပုံစံမျိုးနဲ့။

 

 

ထန်ယီ၏အချိန်သည် အလွန်အကန့်အသတ်ရှိပြီး နောက်တစ်နေ့တွင် ယွင်ကျန့်သည် ထန်ယီ၏ ထန်ယု စတူဒီယိုသို့ သွားခဲ့သည်။

 

 

သူမသည် ဟိုတယ်သေးလေးမှ စထွက်လာပြီး စောင့်နေမည့် သတင်းထောက်များလည်း မရှိခဲ့ပါ။ သူမသည် ထန်ယီ၏စတူဒီယိုသို့ Taxiစီးကာ ထန်ယီက သူမအား လာကြိုရန် ဝန်ထမ်းတစ်ယောက်ကို လွှတ်ပေးခိုင်းလိုက်ဖို့ ကြိုပြီး ဖုန်းဆက်အကြောင်းကြားခဲ့သည်။

 

 

ထန်နှင့် စတူဒီယိုမှ သူမအတွက် အစမ်းလေ့ကျင့်ခန်းကို စီစဉ်ပေးကာ အစည်းအဝေးခန်းအတွင်း စားပွဲများကို ရွှေ့ထားကာ ယွင်ကျန့်နှင့် အခြားလူများကို အစမ်းသရုပ်ဆောင်ကြည့်နိုင်စေရန် လေ့ကျင့်ရေးခန်း၏ နေရာလွတ်အောင် လုပ်ထားလိုက်သည်။

 

 

ထန်နှင့် စတူဒီယိုသည် ယနေ့တွင် စုစုပေါင်း အစမ်းသရုပ်ဆောင်မှုကို သုံးခုခန့် စီစဉ်ပေးခဲ့ပြီး ရှောင်ယင်းချန်လက်အောက်ရှိ အနုပညာရှင်နှစ်ဦးဖြစ်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထို့နောက် လူသစ်တစ်ဦးကို အခြားအေးဂျင့်မှ ခေါ်လာခဲ့သည်။

 

 

ဒီလူသုံးယောက်၏ အသွင်အပြင်က ကောင်းပါပြီး သူတို့၏ မျက်နှာများသည် ပလစ်စတစ်ဆာကျူရီ မလုပ်ထားပေ။ တစ်ယောက်ချင်းစီတွင် ၎င်းတို့၏ကိုယ်ပိုင်လက္ခဏာများရှိပြီး အလွန်မှတ်မိလွယ်သည်။ ယွင်ကျန့်က သူမလက်ထဲမှာရှိသည့် ဇာတ်ညွှန်းကို ထိုလူသုံးယောက်ဆီ ပေးပို့လိုက်ပြီး သူမက ထိုင်ခုံမှာထိုင်လျက် ပြဿနာများကို ဖြေရှင်းနေစဉ် သူတို့ကို ခဏလောက် ဖတ်ခိုင်းထားသည်။

 

 

သူမရောက်သောအခါတွင် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားပြီး စားပွဲရှေ့တွင် အကာတစ်ခုပါရှိသဖြင့် ဖိနပ်ကိုချွတ်ကာ သူမခြေထောက်ကို အေးဆေးအနားပေးပြီး တစ်ချိန်တည်းမှာပင် မေးခွန်းအထွေထွေကို ဖြေဆိုနေခဲ့သည်။

 

 

ထန်ယီက ဝင်လာပြီး သူမဘေးမှာ ဝင်ထိုင်လိုက်သည်။

ကျန်းရှန်းယန်နှင့် အေးဂျင့်များစွာနှင့် သူတို့၏ ဆရာများလည်း ဝင်လာပြီး တစ်ဖက်မှာရှိသည့် ထိုင်ခုံများတွင် ဝင်ထိုင်ကာ စောင့်ကြည့်ဖို့ ပြင်နေပုံရသည်။ ထုတ်လုပ်သူသည် ကျန်းရှန်းယန်၏ ဘက်တွင်ရှိနေပြီး ကျန်းရှန်းယန်နှင့် စကားပြောနေပါသည်။

 

 

“ဒီမှာ လူတွေအများကြီးရှိနေတော့ အစမ်းသရုပ်ဆောင်ခိုင်းမဲ့သူတွေမှာ ပရက်ရှာမရှိနိုင်ဘူးလား” ယွင်ကျန့်က ထန်ယီနားကပ်ပြီး မေးလိုက်သည်။

 

 

“ဘာမှမဖြစ်ပါဘူး၊ ပရက်ရှာဆိုတာ မိုတီပဲလေ” ထန်ယီက ပြန်ပြောလိုက်သည့်အခါ ယွင်ကျန့်မှာ ဖိနပ်ကိုချွတ်ထားကာ ခြေကျင်းဝတ်ကို လှမ်းကိုင်နေပြီး ခြေထောက်တစ်ဖက်ကို မြှောက်၍ ပေါင်ပေါ် တင်ထားသည်ကိုတွေ့လိုက်ရာ “ခြေထောက်နာနေတာလား...”

 

 

အမှန်တကယ်နာနေသည်။

 

 

နာမည်ပျက်ခဲ့သော လွန်ခဲ့သည့်၃ နှစ်အကြာတွင် သူမသည် ရိုက်ကူးရေးတွင် အားကစားဖိနပ်များကို ၀တ်ဆင်ခဲ့ပြီး ပွဲအခမ်းအနားများတွင်သာ ဒေါက်မြင့်ဖိနပ်ကို ၀တ်ဆင်ခဲ့သည်။ ဒေါက်မြင့်ဖိနပ်မစီးရတာကြာပြီဖြစ်သည်။ တစ်ခါတစ်လေမှသာ ဝတ်သည်။ လမ်းလျှောက်ဖို့ အလွန်ခက်လေသည်။

 

 

“ရပါတယ်၊ ကျွန်မ ခဏနေ သက်သာသွားလိမ့်မယ်” ယွင်ကျန့်က သူမဘေးနားကလူ မြင်မှာကို ကြောက်ပြီး သူမခြေထောက်ကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။

 

 

ထန်ယီက သူမကို လျစ်လျူရှုခဲ့ပြီးနောက် သူမခြေထောက်များကိုတောင် ကူပွတ်ပေးခဲ့သေးသည်။

“ရှင်... ကျွန်မခြေထောက်တွေက ညစ်ပတ်နေတယ်လို့ မထင်ဘူးလား” ယွင်ကျန့်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အထပ်ထပ်အခါခါ ရှောင်နေသည်။

 

 

ထန်ယီက စကားမပြောပဲ စားပွဲပေါ်မှ စက္ကူပုဝါကို ထုတ်ကာ ယွင်ကျန့်၏ ခြေဖဝါးကို စက္ကူပုဝါဖြင့် ပတ်ပေးနေကာ သေချာပွတ်နေသည်။

 

 

ထန်ယီက ထိုအရာကို တမင်တကာ သင်ယူထားပုံရသည်ဟု မပြောလိုက်ပါနှင့်။ သေချာအားစိုက်ထုတ်ပြီး ပွတ်နေသည်မှာ မဆိုးလှပေ။ ထို့ကြောင့် “ရှင် မိန်းကလေးတွေ ခြေထောက်ကို အဲ့လိုမကြာခဏ လုပ်ပေးတတ်လား” ဟုမေးလိုက်သည်။

 

 

ထန်ယီသည် ယခုတွင် မိန်းကလေးများကို အရည်ပျော်သွားလုပ်နိုင်သည့်ဆရာတစ်ဆူ ဖြစ်မည်ဟု ခံစားနေရသည်။

 

 

 “ “အကောင်းဆုံး ဆုံးရှုံးခဲ့ရသော သူငယ်ချင်းများ”ရဲ့အပိုင်းတစ်ပိုင်းမှာ အစ်ကိုသုံးယောက်ရဲ့ အထင်သေးသနားတာ ခံခဲ့ရဖူးတယ်၊ အဲ့တော ခြေထောက်အနာ သက်သာစေမဲ့ နှိပ်နည်းကို သွားသင်ခဲ့ပြီးတော့ သူတို့ခြေထောက်တွေကို နှိပ်ပေးခဲ့တယ်၊ နာရီဝက်လောက် နှိပ်ပေးခဲ့တာ၊ အဲ့တုန်းကဆို နှိပ်လည်း နှိပ်ပြီးရော ငါ့လက်တွေ သုံးစားမရတော့ဘူး ထင်သွားတာ”

 

 

“အား ကျွန်မ အဲ့အပိုင်းကို ကြည့်လိုက်သေးတယ်”

 

 

“ဘယ်နှပိုင်းလောက်ကြည့်ပြီးပြီလဲ”

 

 

“အပိုင်းအားလုံးပဲ”

 

 

ထန်ယီက သူမကိုကြည့်ဖို့ ခေါင်းကိုလှည့်ကာ ရယ်မောလိုက်ပြီး သူ့အပြုံးက အလွန်ချိုမြိန်နေကာ အကြိမ်ပေါင်းများစွာ တစ်ခဏချင်း စိတ်အားတက်သွားသလိုပင်ဖြစ်နေသည်။

 

 

ထန်ယီနှင့် ကျန့်လီတို့ နှစ်ယောက်စလုံးမှာ စိတ်ဓါတ်ရော လှပသည်ကို ပြောထွက်ဖို့ ယွင်ကျန့်သည် ရှက်ရွံ့မနေပေ။ သူမသည် အဓိကအားဖြင့် သူတို့၏မျက်နှာများကို ကြည့်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ reality show ကို “ဟားဟားဟား” ဟူ၍ကြည့်ရန်ဖြစ်သည်။

 

 

“နည်းပြကောင်း ယွင်၊ ကျွန်မနာမည်က ကျန်းရှင်းချင်ပါ၊ ကျွန်မက တရုတ်အော်ပရာကျောင်းသူလည်း ဖြစ်သလို ရိုးရိုးကျောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်” ထိုအချိန်တွင် ပထမဦးဆုံးအကြိမ် အစမ်းသရုပ်ဆောင်ရန် ကောင်မလေးတစ်ယောက်မှာ ဝင်လာခဲ့သည်။

 

 

ယွင်ကျန့်သည် ချက်ချင်းပင် သူမအတွေးများကို ဘေးဖယ်ထားလိုက်ပြီး desktopပေါ်ရှိ အချက်အလက်များကို ကောက်ယူကြည့်လိုက်ရာ ထန်ယုစတူဒီယို၏ အဓိက လေ့ကျင့်ပေးထားသည့်ပစ္စည်းအဖြစ် သတ်မှတ်ခံထားရသော ထန်ယီနှင့် ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် အနည်းငယ် နာမည်ကြီးသော အမျိုးသမီးအနုပညာရှင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 

 

ယခုတစ်ကြိမ်တွင် ထန်ယီသည်လည်း သူနှင့်အတူလက်တွဲ ခေါ်သွားရန် စီစဉ်ထားသည်။

 

 

ကျန်းရှင်းချင်သည် မျက်နှာဝိုင်းဝိုင်း၊ ချိုမြိန်သောအသွင်အပြင်၊ ကော်လာဂျင်သုံးထားသော မျက်နှာနှင့် ဖြူဖွေးသောအသားအရေရှိပြီး သူမ၏ပုံပန်းသွင်ပြင်မှာ အလွန်ကောင်းမွန်သည်။ ယွင်ကျန့်သည် သူမအား ပထမဦးစွာ အထင်ကြီးသွားကာ ခေါင်းညိမ့်ပြီး နှုတ်ဆက်ခဲ့သည်- “ဟဲလို၊ မင်းကို မေးခွန်းလေးနည်းနည်းလောက်မေးမယ်”

 

 

“ဟုတ်ကဲ့ပါ” ကျန်းရှင်းချင်သည် သပ်ရပ်စွာ မတ်တပ်ရပ်လိုက်ပြီး သူမနှင့် ထန်ယီကို ပြုံးပြလိုက်သည်။

အချက်အလက်များအရ ကျန်းရှင်းချင်သည် ငယ်စဉ်ကတည်းက အကကို သင်ယူခဲ့ပြီး သူမ၏ မတ်တပ်ရပ်နေသည့် ကိုယ်ဟန်အနေအထားကို ကြည့်ခြင်းအားဖြင့် သူမမှာ အခြေခံရှိကြောင်း ယွင်ကျန့် သိလိုက်သည်။

 

 

လူများ၏ မတ်တပ်ရပ်သည့် ကိုယ်ဟန်အနေအထားမှာ နှစ်မျိုးရှိသည်။ သူတို့၏ အခြေခံကို မြင်နိုင်တယ်သည်။ တစ်ယောက်မှာ အကကို သင်ယူထားသည့်သူဖြစ်ပြီး နောက်တစ်မျိုးမှာ စစ်သားလိုမျိုးဖြစ်သည်။

 

 

“မင်းမှာ ဝါသနာ တစ်ခုခု ရှိလား” ယွင်ကျန့်က မေးလိုက်သည်။ “အက၊ ယောဂ၊ ဒရမ်တီးတာနဲ့ ပန်းအလှစင်ရတာတွေကို ကြိုက်ပါတယ်”

 

 

“ဆေးလိပ်သောက်လား”

 

 

ကျန်းရှင်းချင်က ခေါင်းခါပြလိုက်သည်။

 

 

ယွင်ကျန့်က တစ်စုံတစ်ခုကို ငုံ့ကြည့်နေပြီး ထိုကောင်မလေး ခေါင်းယမ်းပြနေသည်ကို သတိမထားမိသောကြောင့် သူမကို မော့ကြည့်လိုက်သည်။ ယွင်ကျန့်ဘေးနားရှိ ထန်ယီက “သူ ဆေးလိပ်မသောက်ဘူး”

 

 

“အိုး...” ယွင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး ကျန်းရှင်းချင်၏ အချက်အလက်ကို ဆက်လက်ဖတ်ရှုခဲ့သည် ။ ထိုအချိန်တွင် ထန်ယီသည် သူ့လက်ကို အနည်းငယ်လေးလံစွာ နေရာရွှေ့လိုက်ပြီး ချက်ချင်းပင် ခေါင်းလှည့်ကာ “မင်း ပြီးစလွယ် လက်ခံလိုက်တယ်ပေါ့” ဟုသတိပေးလိုက်သည်။

 

 

“သူက မဆိုးပါဘူး”

 

 

လေ့ကျင့်ရေးအခန်းသည် ချက်ချင်းငြိမ်သက်သွားကာ လူတိုင်းက ထူးဆန်းသောမျက်လုံးများဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေကြသည်။

 

 

ကျန်းရှင်းချင်က ချက်ချင်း ချောင်းဟန့်လိုက်ပြီး ရှက်စရာကောင်းသည့် အခြေအနေကို ပျောက်သွားအောင် လုပ်ပေးလိုက်သည်။ “နောက်တစ်ခါ ဒီဆရာမကြီးက မင်းကို မေးခွန်းတစ်ခုမေးရင် ပါးစပ်ကနေ ဖြေပေးရမယ်၊  ခေါင်းကို ခါမနေနဲ့၊ အချက်အလက်တွေကို မင်းသေချာ မကြည့်ထားဘူးလား"

 

 

ကျန်းရှင်းချင်က ချက်ချင်း ခေါင်းညိမ့်ကာ စဉ်းစားပြီး “ကောင်းပါပြီ” ဟုပြန်ပြောလိုက်သည်။

 

 

“ရယ်ကြည့်” ယွင်ကျန့်သည် နောက်ဆုံးတွင် သူမလက်ထဲက အချက်အလက်များကို ချလိုက်ပြီး ကျန်းရှင်းချင်ကို မော့ကြည့်လိုက်သည်။

 

 

ကျန်းရှင်းချင်က ယွင်ကျန့်ကို ပြုံးပြလိုက်သည်။

“လှောင်ရယ်တဲ့ပုံစံလုပ်ပြ”

 

 

ကျန်းရှင်းချင်သည် သူမ၏ အမူအရာကို ပြန်ပြင်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

 

 

“မဲ့ပြုံး ပြုံးပြ” ဤတစ်ကြိမ်တွင် ကျန်းရှင်းချင်သည် မောက်မာစွာ မပြုံးပြမီ ခဏမျှ တုံ့ဆိုင်းသွားသည်။ ယွင်ကျန့်သည် ထိုအရာကိုမြင်သောအခါ အနည်းငယ်ရှက်သွားသလို ကျန်းရှင်းချင် ရပ်တန့်နိုင်ကြောင်း အချက်ပြရန် သူမလက်ကို တစ်ချက်ရိုက်လိုက်သည်။

 

 

ရယ်မောခြင်းက ငိုသည်ထက် ပိုခက်ကြောင်းကို ဤအသိုင်းအဝိုင်းထဲက လူတော်တော်များများ သိကြပါသည်။

 

 

ငိုနေသည့် ပြကွက်များကို ကြည့်ကာ ငိုနေသည့် မြင်ကွင်းများသည် လူတစ်ဦး၏ သရုပ်ဆောင်မှုစွမ်းရည်ကို ဖော်ပြနိုင်သည်ဟု ထင်မြင်ကြသည်။

 

 

 တကယ်တမ်းတော့ ရယ်မောခြင်းကသာ သရုပ်ဆောင်မှုစွမ်းရည်ကို စမ်းသပ်၍ အရဆုံးအရာဖြစ်သည်။ ငိုချင်လျှင် အသည်းအသန် ငိုချ၍ရပေမယ့် သဘာဝအတိုင်း ပြုံးဖို့ကတော့ ခက်ပါသည်။

 

 

အမျိုးမျိုးသော အရယ်အပြုံးများ၏ အမူအရာကို လုပ်နိုင်ရန် ပို၍ပင် ခက်ခဲလှသည်။

 

 

ယွင်ကျန့်သည် သူမ၏ ခြေထောက်ကို နောက်ပြန်ဆွဲကာ ဖိနပ်ကိုစီးပြီး ကျန်းရှင်းချင်ရှေ့သို့ လျှောက်သွား၍ ကျန်းရှင်းချင်ကို လက်ဟန်ပြကာ ကျန်းရှင်းချင်မှာ သူမ၏ စိတ်ခံစားမှုကို အစားထိုးနိုင်ပြီး သူမလိုချင်သော အပြုံးမျိုးကို ပြသနိုင်မည်ဟု မျှော်လင့်နေပါသည်။

 

 

ကျန်းရှင်းချင်သည် ယွင်ကျန့်၏ ဒေါက်ဖိနပ်၏ ဒေါက်ကြားမှာ ကပ်နေသော စက္ကူပုဝါများကို စိုက်ကြည့်နေသည် ..။