အပိုင်း ၁၅
Viewers 984

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၁၅

 

 

ယွင်ကျန့်က ဒရာမာအကြောင်းကို ပြောပြနေချိန်တွင် သူမသည် တကယ်ကို စေ့စပ်သေချာစွာ ပြောခဲ့သည်။ လက်ဟန်ခြေဟန်များနှင့် သရုပ်ဆောင်များအတွက် ပျော်ပျော်ရွှင်ရွှင် ရှင်းပြပေးခြင်းကို ထပ်ပြီးလုပ်ပြရန် မစောင့်နိုင်တော့ပေ။ ဟောပြောပွဲပြီးသွားရာ ယွင်ကျန့်က အားတက်သရော အမူအရာနှင့် သူတို့ကို ကြည့်လိုက်သည်- ဘယ်လိုလဲ၊ သရုပ်ဆောင်ရတာ လွယ်တယ် မဟုတ်လား။

 

 

ကျန်းရှင်းချင်က သူမကိုယ်သူမ သတိပြန်ဝင်လာပြီး လုပ်လိုက်ကာ နားထောင်ခိုင်းနေသည်။ ထို့နောက် ယွင်ကျန့် ရည်ရွယ်ထားသည့်အတိုင်း ပြန်လုပ်ပြလိုက်သည်။

ကျန်းရှင်းချင်၏ ကျွမ်းကျင်မှုက မဆိုးပေ။ ယွင်ကျန့်၏ ရှင်းလင်းချက်အပြီးတွင် သူမ၏ သရုပ်ဆောင်ပြမှုမှာ ပြီးလုနီးပါးဖြစ်နေသည်။ ယွင်ကျန့်က ထိုအရာကို အတော်လေးကျေနပ်နေတုန်းပဲဖြစ်သည်။

 

 

သူမသည် ထိုင်ခုံဆီသို့ ပြန်သွားပြီး ထိုင်လိုက်သည်။ ထန်ယီသည် နောက်တစ်ကြိမ် ငုံ့ကာ သူမကို ဖိနပ်ချွတ်ပေးကာ တစ်ရှူးများကို ဆွဲထုတ်ပြီး ဖိနပ်ပြန်ဝတ်နိုင်ရန် ကူညီပေးခဲ့သည်။

 

 

စက္ကူကို ဘောလုံးတစ်လုံးကဲ့သို့ လက်ဖြင့်ဆုပ်လိုက်ပြီးနောက် ထိုစက္ကူဘောလုံးကို အမှိုက်ပုံးထဲသို့ တန်းပစ်လိုက်သည်။

 

 

ကျန်းရှင်းချင်သည် ထန်ယီ၏ လှုပ်ရှားမှုများကို ကြည့်ပြီး အံ့သြသွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။

အစမ်းသရုပ်ဆောင်မှုသုံးကြိမ်ပြီးသွားပြီးနောက် ယွင်ကျန့်သည် ထပ်ခါတလဲလဲ ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် လူနှစ်ဦးသာရွေးခဲ့ပြီး တစ်ဦးမှာ ကျန်းရှင်းချင်နှင့် နောက်တစ်ဦးမှာ စီးပွားရေးသမားတစ်ဦးမှ ခေါ်လာသူဖြစ်သည်။ သို့သော်လည်း သူသည် မထင်မှတ်လောက်အောင်သေးငယ်သော အခန်းကဏ္ဍတွင်သာ ပါဝင်သရုပ်ဆောင်ရမည်ဖြစ်သည်။

 

 

ထန်ယီက သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။

ကိစ္စအားလုံးပြီးသွားသောအခါ ယွင်ကျန့်က လူငယ်အနုပညာရှင်နှစ်ယောက်ကို သူမအနားခေါ်ပြီး စကားစမြည်ပြောပါတော့သည်။ သူတို့နှင့် ထိတွေ့မှုရချိန်အတွင်းတွင် အခန်းကဏ္ဍများတွင် သရုပ်ဆောင်ခိုင်းရမည်ကို ပိုမိုကောင်းမွန်စွာ စီစဉ်နိုင်စေရန်အတွက် ၎င်းတို့နှင့် ထိတွေ့စကားပြောနိုင်မှ ဖြစ်မည်။ ထန်ယီမှာ လုပ်စရာများရှိနေသေးသောကြောင့် သူ့ရုံးခန်းသို့ အချိန်မီပြန်လာခဲ့သည်။

 

 

ခဏကြာ စကားစမြည်ပြောပြီးနောက် ယွင်ကျန့်က ရုတ်တရက် တစ်ခုခုကို တွေးပြီး ကျန်းရှင်းချင်က “ထန်ယီက မင်းနဲ့ ခဏခဏ သရုပ်ဆောင်လေ့ရှိလား”

 

 

ကျန်းရှင်းချင်က ချက်ချင်း ခေါင်းခါလိုက်ပြီး “အဲ့လိုမဟုတ်ပါဘူး၊ ကျောင်းက ဆရာတွေပဲလေ၊ စတူဒီယိုက ဆရာတွေလည်း စီစဉ်ပေးတယ်”

 

 

“သူအဖွဲ့ထဲရှိတုန်းက ဇာတ်ကားတွေမှာ သိပ်ပြီး သရုပ်မဆောင်ဖြစ်ဘူးမလား၊ သရုပ်ဆောင်လေ့ကျင့်ဖို့ မင်းကိုလာရှာတတ်တယ်မလား”

 

 

“သရုပ်ဆောင်လေ့ကျင့်ဖို့?” ကျန်းရှင်းချင်က ဤဖော်ပြချက်ဟာ ထူးဆန်းသည်ဟု ထင်မြင်မိပေမယ့် “ဆရာထန်က ဇာတ်ကားတွေမှာ ဝင်ပြီးသရုပ်မဆောင်ဘူး၊ ပြီးတော့ သူ့ကို ဇာတ်ကားထဲ ခေါ်သွားရမယ့် အလှည့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ နှစ်ယောက်က အမှန်တကယ် စလုပ်နေတဲ့အပြင် အပြိုင်အဆိုင်တွေလည်း ရှိနေတယ်၊ အဲ့တော့ တခြားအချိန်တွေကလွဲလို့ သရုပ်ဆောင်ကိစ္စလုပ်နေချိန်မှာတော့ ကျွန်မတို့ နှစ်ယောက်တည်း အတူတူရှိနေဖြစ်တယ်”

 

 

“ဒါဆို မင်းတို့နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ...”

နောက်ဆုံးတော့ ယွင်ကျန့်၏ စကားမဆုံးခင် ကျန်းရှင်းချင်က “ဘာမှမဖြစ်ပါဘူး ဆရာထန်က အတင်းအဖျင်းတွေကို မုန်းတယ်လေ။ သူနဲ့ တစ်ချိန်လုံးတော့ အတူတူရှိမနေဖြစ်ဘူး၊ မဟုတ်ရင် ထန်ယီ၁၆ဆိုတဲ့နာမည်ပြောင်ကို ဘယ်လိုရလာမှာလဲ”

 

 

နောက်လူသစ်ကလည်း “ဟုတ်တယ် ဆရာထန်က အရမ်း အေးစက်တယ်ဆိုပြီး ဒီအသိုင်းအဝိုင်းထဲမှာ နာမည်ကြီးတယ်”

 

 

ယွင်ကျန့်သည် ရုတ်တရက် နားမလည်နိုင်ဖြစ်သွားသည်။

 

 

နောက်ထပ်တွေ့ဖြစ်သောအခါ ထန်ယီသည် သူမကို တွေ့တွေ့ချင်း သူမဆံပင်နှင့်ဆော့ကစားခဲ့ပြီး နောက်ထပ်တစ်ကြိမ်တွေ့သောအခါတွင် သူမအား သရုပ်ဆောင်ရန် ခေါ်ဆောင်သွားကာ စကားပြောဆိုခဲ့သည်။ မင်းတို့ပြောသော သွေးအေးသူ ထန်ယီက သူမကို မနေ့ညကပဲ ဖုန်းခေါ်ခဲ့သည်။ သူမကို အခန်းဝန်ဆောင်မှုပေးမလို့ လုပ်နေခဲ့သည့်သူက ဘယ်သူလဲ။

 

 

ဤအရာက သူမအတွက် စဉ်းစားဆင်ခြင်စရာ ဖြစ်သွားစေသည်။ ထန်ယီက ဘာကိုဆိုလိုချင်သည်ကို သူမ နားလည်မှုလွဲခဲ့လေသလား။ တကယ်တမ်းတော့ ထန်ယီ၏ တကယ်ကို စေတနာသက်သက်ဖြစ်ခဲ့ပါသည်။ သူမသည် ထန်ယီ၏ ဉာဏ်အလင်းပြဆရာဖြစ်သောကြောင့် ထန်ယီသည် ဤကိစ္စတွင် သူမအား အားကိုးပြီး ယုံကြည်ပြီး သူနှင့်အတူ သရုပ်ဆောင်စေချင်နေသည်လား။

 

 

ယွင်ကျန့်က သူမလက်ကို မြှောက်လိုက်ပြီး မျက်နှာကို ပွတ်လိုက်ကာ သူမ၏ညစ်ညမ်းသော အတွေးများကို ပြန်သုံးသပ်လိုက်သည်။ ထန်ယီနှင့်ပတ်သက်ပြီး သူမအပေါ်တွင် မကောင်းသောအကြံအစည်ရှိသည်ဟု တွေးမိသည်မှာ သူမကိုယ်တိုင်လည်း ထန်ယီအပေါ် မကောင်းသောအတွေးများ ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။ ယခုတွင်မူ ထန်ယီ၏ အောင်မြင်မှုများကို အသာထားဦး၊ သူက ဘယ်လိုမျိုးတွေ ကြိုက်တတ်လဲ၊ အသက် ၂၈နှစ်အရွယ် မိန်းကလေးကို ကြိုက်ပါ့မလား။

စိတ်ကူးယဉ်လို့ မရဘူး!

 

 

ချစ်လို့ မရဘူး!

 

 

အလုပ်က အလုပ်ပဲ !

 

 

အခုမြင်နေရသည့်မြင်ကွင်းများသည် အလုပ်သာဖြစ်သည်။

 

 

တခြားအနုပညာရှင်တွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့ တကယ်ကို အတိုင်းအတာတစ်ခုအထိ ရောက်နေပါပြီ။ နမ်းသည့်အခန်းများ မရိုက်ကူးဖူးသူ အနည်းငယ်ရှိပြီး အနုပညာထဲ စိတ်နှစ်ထားသူများလည်း ရှိသည်။ သူတို့အားလုံး တစ်ကိုယ်ကောင်းဆန်သော ဆန္ဒကြောင့်လား။

 

 

အလုပ်အတွက်ပဲ မဟုတ်ပေဘူးလား။

 

 

သူတို့၏အသိုင်းအဝိုင်းမှာ ယခုလိုမျိုး အဖြစ်များပေမယ့် အမျိုးသမီး ဒါရိုက်တာများ နည်းပါးသည့်အတွက် ယခုလိုဆက်ဆံခံရခြင်းမျိုးက တစ်ခုခုမှားနေသည်ဟု သူမကို ခံစားရစေသည်။

 

 

ထိူလူနှစ်ယောက်နှင့် ခဏမျှ စကားစမြည်ပြောပြီးနောက် ယွင်ကျန့်သည် ထန်ယီ၏ရုံးခန်းသို့ သွားခဲ့သည်။

သူမ ဝင်သွားလာသောအခါ ထန်ယီက ကျန်းရှန်းယန်နှင့် စကားစမြည်ပြောနေပြီး သူမသည် ဆိုဖာပေါ်မှာ ထိုင်စောင့်နေသည်။ သူမ ဝင်လာပြီးနောက် သူတို့အချင်းချင်း ပေါ့ပေါ့ပါးပါးနှင့် ဆက်မပြောနိုင်တော့ဘူးဟု ထင်သောကြောင့် ကျန်းရှန်းယန်က စကားရပ်လိုက်သည်။ ထန်ယီက ကျန်းရှန်းယန်ကို ခဏလောက် စိုက်ကြည့်ပြီး “ပြောစရာနောက်ထပ်ရှိသေးလား”

 

 

ကျန်းရှန်းယန်က ခဏလောက် ငြိမ်သွားပြီး ပြန်ဖြေလိုက်သည်။ “မရှိတော့ဘူး ရပါပြီ...”

 

 

“အိုး၊ အဲ့ဒါဆို အပြင်ထွက်သွား”

 

 

အပြင်ထွက်ရမယ်?

 

 

ကျန်းရှန်းယန်က ထန်ယီကို အံ့အားသင့်စွာ ကြည့်ပြီးနောက် ယွင်ကျန့်ကို လှည့်ကြည့်ကာ ထန်ယီကို တစ်ဖန်ပြန်ကြည့်ပြီး ထန်ယီကို မျက်စိမျက်ဟန်ပြကာ မေးနေသည်- မင်းသေချာရဲ့လား?

 

 

ထန်ယီက ခေါင်းညိမ့်လိုက်သည်။

 

 

ကျန်းရှန်းယန်က ခေါင်းညိမ့်ပြ၍ အလျှော့ပေးလိုက်ပြီး မတ်တပ်ထရပ်ကာ အပြင်ထွက်ရန် ပြင်ဆင်နေသည်။ ထိုအကြောင်းကို တွေးပြီးနောက် သူသည် ထွက်မသွားမီ မှန်အကာများ ကျထားလိုက်သည်။

 

 

ကျန်းရှန်းယန်ထွက်သွားပြီးနောက် ထန်ယီသည် တံခါးရှိရာသို့ သွားကာ တံခါးကို တင်းတင်းကျပ်ကျပ်ပိတ်ပြီး သော့ခတ်လိုက်သည်။ ထို့နောက် ယွင်ကျန့်ဆီ လျှောက်လာပြီး ယွင်ကျန့်နှင့် မျက်နှာချင်းဆိုင် ထိုင်နိုင်ရန် ကော်ဖီစားပွဲပေါ်တွင် တန်းထိုင်လိုက်သည်။

 

 

“ဘာကြည့်နေတာလဲ” ကျန်းရှန်းယန်နှင့် သူ၏ ပြောဆိုနေခဲ့သည်ကို သတိမထားမိပဲ ယွင်ကျန့်သည် သူမဖုန်းကို ကြည့်နေသည်ကို ထန်ယီက ပြုံးပြလိုက်သည်။

 

 

ယွင်ကျန့်သည် သူ့အပြုံးကြောင့် ကြည့်နေရာမှ ရပ်လိုက်ပြီး ဗီဒီယိုကို ပိတ်လိုက်ကာ သူမကြည့်ခဲ့သည့်အရာဖြင့် ထန်ယီကို စမ်းသပ်ကြည့်ခဲ့သည်။

 

 

“ရှင်လက်ကို ဖြန့်ပြရင် ရှင့်ရဲ့ကံဇာတာကို ကျွန်မဟောပေးနိုင်တယ်” ယွင်ကျန့်က ထန်ယီအား ပြောပြလိုက်ရာ သူ့လက်ကို ဆန့်ထုတ်ပြခိုင်းနေသည်။ ထန်ယီသည် သူ့လက်ကို သူမပြောသည့်အတိုင်း နာခံတတ်စွာနှင့် ဆန့်လိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။

 

 

“ယောက်ျားဆို ဘယ်လက်၊ မိန်းမဆို ညာလက်၊ အဲ့တော့ ဘယ်လက်ကို ပြ”  ယွင်ကျန့်သည် ထန်ယီ၏ ညာဖက်လက်ကို ပုတ်ထုတ်လိုက်သည်။

 

 

ထန်ယီက ဂရုမစိုက်ပဲ ခေါင်းညိမ့်လိုက်ပြီး ဘယ်ဖက်လက်ကို မြှောက်ပြလိုက်ပြန်သည်။

 

 

ယွင်ကျန့်က ပြုံးပြီး ထန်ယီ၏ လက်ကို ခါလိုက်သည် “ရှင်ရဲ့ လက္ခဏာကို ကျွန်မမြင်ရပြီ၊ ရှင့်ဘဝမှာ ကျွန်မကို လိုအပ်နေတယ်”

 

 

ထန်ယီသည် ယွင်ကျန့်၏ တောက်ပစွာ ပြုံးနေသော မျက်နှာကို ကြည့် ပြီး သူမ ဆုပ်ကိုင်ထားသော သူ့လက်ကို ကြည့်ပြီးနောက် ယွင်ကျန့်ထက် သူမလက်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

 

 

“မင်းတော်တော်မှန်တယ်” ထန်ယီသည် အထူးဂရုမစိုက်သော လေသံဖြင့် ပြုံးကာ ပြန်ပြောသော်လည်း အရောင်များတောက်နေသော မျက်လုံးများဖြင့် ကြည့်နေပြီး သူမကို တစ်ခဏမျှ အထိတ်တလန့်ဖြစ်သွားစေသည်။

 

 

 အသက်ဝင်လာသော ဒုက္ခပေးသူကို ကြည့်နေရကဲ့သို့ပင် သူမ၏ နှလုံးခုန်သံသည် ပြင်းထန်စွာ ခုန်မြည်နေသည်။ ထိုသို့မဟုတ်သေးပေ။ သူမကို ခြယ်လှယ်တော့မလိုပင်။

 

 

“တကယ်တော့...အဲ့ဒါက စမ်းကြည့်တာသက်သက်ပါ...ကျွန်မခုနက အွန်လိုင်းမှာ တွေ့ခဲ့တာ”  ယွင်ကျန့်က သူမလက်ကို ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် ထန်ယီက သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာကြောင့် လုံးဝမဆွဲထုတ်နိုင်ခဲ့ပေ။

 

 

“မင်းမှာ ဗေဒင်ဟောဖို့ အလားအလာရှိသားပဲ၊ ပထမဆုံးအကြိမ်ဟောတာတောင် အရမ်းတိကျတယ်”

 

 

“ဟေ့! ကျွန်မကို မစနဲ့နော် ကျွန်မလက်ဖဝါးနဲ့ ရှင့်ပါးနဲ့ အပ်ပြီး ရှင့်ဘဝအကြောင်းပြောပြရလိမ့်မယ်”

 

 

“ငါတို့ဘဝရဲ့ ကျန်သေးတဲ့ဘဝအကြောင်းလေး ပြောပြပါဦး”

 

 

ယွင်ကျန့်သည် ဒေါသအရမ်းထွက်ပြီး ထန်ယီကို ခြေထောက်နှင့် ကန်ခဲ့ပေမယ့် ထန်ယီက တားဆီးနိုင်ခဲ့သည်။ သူမခြေထောက်ကို သူ့ခြေထောက်ဖြင့် ပိတ်ဆို့လိုက်ပြီး သူမနှင့် ကတောက်ကဆက်ဖြစ်ရင်း ပြုံးပြုံးကြီးနှင့် အလုပ်ကိစ္စအကြောင်း မေးနေသည်။ “သူတို့ကို မင်း ဘယ်လိုသဘောရလဲ”  လက်က လွှတ်မပေးသေးပေ။

 

 

သို့သော်လည်း ယွင်ကျန့်သည် လုံးဝ အာရုံပြောင်းသွားပြီး ထိုလူငယ်များကို မှတ်ချက်ပေးခဲ့သည်။ “ကျန်းရှင်းချင်က တော်တော်ကောင်းတယ်၊ ပါးနပ်တယ်၊ ရုပ်ရည်လည်းကြည့်ကောင်းတယ်၊ ဒါပေမယ့်...”

 

 

“ဘာလို့လဲ”

 

 

“ခုနက ကျွန်မနဲ့ နှစ်ကိုယ်ကြား ပြောလိုက်သေးတယ် သူက ဗီလိန်ဇာတ်ရုပ်ကို မလုပ်ချင်ဘူး၊ ကြင်နာတတ်တဲ့ ဇာတ်ရုပ်မျိုး သရုပ်ဆောင်ချင်တယ်တဲ့၊ မဟုတ်ရင် သူမအနာဂတ်ပုံရိပ်ကို ထိခိုက်လာလိမ့်မယ်တဲ့။ သူအရင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်ရုပ်က ရှောင်ပိုင်ဟွားလို အမျိုးအစားမလား၊ ကျွန်မ  မှတ်မိနေပါသေးတယ်။ ဒါက အမြဲတမ်း ပုံသေလိုမျိုး ပုံရိပ်တစ်ခုအနေနဲ့ သူ့အနာဂတ်လမ်းကြောင်းကို ကန့်သတ်ထားသလို ဖြစ်နေလိမ့်မယ်၊ ကျွန်မ သူ့ကို အခွင့်အရေးမပေးခဲ့သလို သူနဲ့ပက်သက်ပြီး ကျွန်မ ဘာမှ မပြောနိုင်သေးဘူး”

 

 

ထန်ယီက နားထောင်ပြီးနောက် ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။ “ကောင်းပြီ၊ နောက်ထပ်ရှိသေးလား”

 

 

“အခြားကောင်လေးက အားအင်အပြည့်နဲ့ သူဘာမဆိုလုပ်နိုင်တယ်လို့ ပြောတယ်။ သူက အရမ်းတက်ကြွနေပုံရတယ်။ သူက သူ့မျက်နှာကိုပြချင်တဲ့လူစားမျိုးပဲဖြစ်ရမယ် ဟုတ်တယ်မလား”

 

 

ထန်ယီက ခေါင်းညိမ့်ပြလိုက်သည်။ “သူက တကယ်နာမည်ကြီးချင်နေပုံပဲ။ သူ့ကို လက်မှတ်ထိုးပေးတုန်းက သူက အင်တာနက်နာမည်ကြီးဖြစ်နေပြီ၊ အခု သူ့မှာ ပရိတ်သတ်တွေ အများကြီးရှိနေပြီလေ”

 

 

“သရုပ်ဆောင်ပိုင်းမှာတော့ ဒီအတိုင်းပုံမှန်ပဲ၊ ဘာမှ ထူးထူးခြားခြား မရှိဘူး၊ အရမ်းလည်း ကောင်းမနေဘူး၊ ဆိုးလည်း ဆိုးမနေဘူး၊ ဒါပေမဲ့ သူက အဖွဲ့လိုက်သရုပ်ဆောင်တာကို မထီမဲ့မြင်ပြုတဲ့ ခံစားချက်ရှိတယ်၊ ဒါပေမယ့် သူကြည့်ရတာ လူတွေနဲ့ ဆက်ဆံတဲ့နေရာ ပြသာနာရှိနေပုံပဲ”

 

 

“အဲ့ဒါနဲ့ပက်သက်ပြီး ပြဿနာရှိလို့လား”

 

 

“သူ့ပုံစံလို အနုပညာရှင်တွေ အများကြီးတွေ့ဖူးတယ်၊ အရင်ကတော့ အဲ့ဒါနဲ့ ပက်သက်ပြီး ဘာမှ မခံစားခဲ့ရဘူး။ ဒါပေမယ့် တစ်ခုခုတော့ ဖြစ်သွားနိုင်တယ်၊ ရှင်နဲ့ ဟယ်ယီရှားက ကျွန်မကို ကူညီပေးမယ်ဆိုတာ သူသိသွားပြီး အဲ့ဒါကို အခွင့်ကောင်းယူပြီး ရှင့်ကို တစ်မျိုး ထင်လိမ့်မယ်။ တစ်ချက်တည်းနဲ့ ရှင့်ရဲ့သတင်းတွေနဲ့ လူတကာ အာရုံကို သူဖမ်းစားလိမ့်မယ်”

 

 

ထန်ယီက ခေါင်းညိမ့်လိုက်ပြီး “ဘာလို့ ဒီလိုပြောချင်တာလဲ”

 

 

“ရှင်က အဲ့လိုသူများကို စောင့်ကြည့်တတ်ဖို့ ငယ်လွန်းသေးတယ်။ ကျွန်မ ရှင့်ကို အထင်ကြီးပါတယ်။ ရှင့်ကို ဘယ်အရာမှ ဒါမှမဟုတ် ဘယ်သူ့ကမှ ထိခိုက်တာမျိုး မဖြစ်စေချင်ဘူး၊ ဒါကြောင့် ရှင့်ကို သတိပေးမယ်။ သူ့ကို ဂရုစိုက်ပေးပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာတွေကို သင်ပေးလိုက်ပါ။ ဒီလိုမှမဟုတ်ရင် သူတစ်ခုခုအမှားလုပ်မိသွားရင် ရှင်ရဲ့စတူဒီယိုကို ငွေညစ်ဖို့ လွယ်သွားလိမ့်မယ်။ ရှင့်ရဲ့စတူဒီယိုလည်း သေချာမတည်ငြိမ်သေးတော့ ကောင်းကောင်းရပ်တည်နိုင်မှာ မဟုတ်ဘူး”

 

 

ထန်ယီသည် ကျန်းရှင်းချင်မှာ တစ်ချိန်က ယုရန်က သူမနောက် အမှီလိုက်ချင်ကြောင်း တိုင်ကြားခဲ့ပြီး ယုရန်လည်း ပရိသတ်များနှင့် ချိန်းဆိုထားသည်ကို ကြားသိရသဖြင့် ခေါင်းညိမ့်ကာ “ကောင်းပြီ ငါသိပါပြီး” ဟုထန်ယီက ပြန်ပြောလိုက်သည်။

 

 

“နောက်ထပ်အသစ်တစ်ယောက်က အရမ်းစိတ်လှုပ်ရှားတတ်ပြီး ဆက်ပြီး လေ့ကျင့်ရဦးမယ်”

 

 

“သူက ကြည့်ကောင်းပြီး အသက်လည်းငယ်တယ်”

 

 

“သီချင်းဆိုမယ်ဆိုရင်ရော ဘယ်လိုလဲ”

 

 

ထန်ယီက သူနှင့် ယွင်ကျန့်မှာ အကြံတစ်ခုတည်းစဉ်းစားထားသည်ကို သဘောပေါက်ပြီး သူက ခေါင်းညိမ့်ပြလိုက်သည်။ “သီချင်းဆိုရတာက အဆင်ပြေပါတယ်၊ စည်းဝါးတော့ ကိုက်ပါတယ် ဒါပေမဲ့ အရမ်းအကောင်းကြီးတော့ မဟုတ်ဘူး။ သူလည်း လေ့ကျင့်နေပါတယ်။ နောက်ထပ်သက်တူရွယ်တူ သုံးယောက်ကို စုလိုက်ပြီး လေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်”

 

 

“အဲ့ဒါဆို အိုကေလောက်တယ်”

 

 

“ငါ့ကို ရယ်တတ်အောင် သင်ပေးတာမျိုးတို့ ဘာတို့ လမ်းညွှန်ပေးချင်သေးလား”

 

 

ယွင်ကျန့်က သူ့လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး ထန်ယီ၏ ပါးစပ်ထောင့်ကို အပေါ်သို့ လက်ဖြင့်တွန်းလိုက်ပြီး “ဒါက ရယ်စရာ မဟုတ်ဘူး” ဟုပြောလိုက်သည်။

 

 

ထန်ယီက နောက်ပြန်ဆုတ်ကာ သူ့လက်ကို ဆန့်ထုတ်၍ ယွင်ကျန့်၏ ပါးစပ်ထောင့်ကို သူ့လက်ချောင်းများဖြင့် ဆွဲဆိတ်လိုက်သည်။ “အာ...အဲ့ဒါဆိုရင် ပြုံးလိုက်တာက ဒီလို ဖြစ်သွားတယ်​ပေါ့နော်”

 

 

“ဘယ်လို?”

 

 

 “ဘာမှမဟုတ်တော့ဘူး၊ အရမ်းလှတယ်” ထန်ယီက လွှတ်ချလိုက်ပြီး အပေါ်ကနေ မိုးပြီး ယွင်ကျန့်၏ နဖူးပေါ်ကို အနမ်းသေးသေးလေး ခြွေလိုက်ပြီး “သွားရအောင်၊ ညစာသွားစားကြမယ်”

 

 

ယွင်ကျန့်၏ နှလုံးသားသည် တဖန်ပြန်ခုန်လာသည်။

နဖူးကို နမ်းတာ မှန်ရဲ့လား။

 

 

ထန်ယီ မတ်တပ်ထရပ်ပြီး ယွင်ကျန့် မလှုပ်မယှက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက အလျင်လို မနေပေ။ သူမကို ဖြားယောင်းဖို့ နောက်တစ်ကွက်ကို သုံးလိုက်သည်။ “တုရှန်ယန်ကို ဧည့်သည်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်စေချင်တာမလား”

 

 

“ဟုတ်တယ်!” ယွင်ကျန့်သည် ချက်ချင်းထလိုက်ပြီး ထန်ယီ နောက်သို့ လိုက်သွားခဲ့သည်။

 

 

လျစ်လျူမရှုသင့်သော ဤအသေးစိတ် အချက်ကို သူမသည် နောက်တစ်ကြိမ် လျစ်လျူရှုခဲ့လေသည်။