ချိုမြိန်ရိပ်မြုံ
အပိုင်း ၁၆
တုရှန့်ယန်၏ ဒရာမာဟောင်းကြီးသည် ထန်ယီကဲ့သို့သော
လူငယ်အနုပညာရှင်များနှင့် ကွဲပြားသည်။
ထန်ယီနှင့် အခြားသူများသည် အချိန်ပိုလုပ်ကြပြီး
အလုပ်များကာ အသက်ကို လောင်ကျွမ်းလုနီးပါးဖြစ်၍ ခဏတာ မရပ်နားနိုင်ဖြစ်ရသည့်အချက်ကို
အခွင့်ကောင်းယူကြသည်။
သူတို့၏ အခြေခံအုတ်မြစ်က မတည်ငြိမ်ချေ။ ကောင်းကောင်း
ဆက်မလုပ်နိုင်လျှင် သူတို့ တကယ် ပင်ပန်းရမည်ဖြစ်ပြီး လူများက သူတို့ကိုပြန်မှတ်မိဖို့
ခက်လိမ့်မယ်။
တုရှန့်ယန်က ထိုသို့မဟုတ်ပေ။
သူ့မှာ သူ့ကိုယ်ပိုင်အလုပ်နှင့် နှစ်ကြိမ်တိုင်တိုင်
သရုပ်ဆောင်ဖြစ်လာခဲ့ပြီး အခုချိန်မှာတော့ ဇာတ်ညွှန်းများကို အများကြီးလက်ခံတော့ပဲ သင့်တင့်ကောင်းမွန်သောဇာတ်ညွှန်းများကိုသာ
ရွေးချယ်လက်ခံခဲ့သည်။ သူ၏အလုပ်မှာ ကြော်ငြာရိုက်ကူးခြင်း၊ Reality Show ရိုက်ကူးခြင်းနှင့်
တခြားအလုပ်များဖြစ်ပြီး ထန်ယီထက် အားလပ်ချိန်များ အများကြီး ပိုင်ဆိုင်ထားလေသည်။
ဤကာလအတောအတွင်း တုရှန့်ယန်သည် အလွန်ပျင်းရိပြီး
ဘာမှလုပ်စရာမရှိပေ။ သူ့လက်ထဲမှာ ဇာတ်ညွှန်းတစ်ခု ရှိပြီး Reality Show ပြီးဆုံးချိန်မှာတော့
စတင်လုပ်ရမည့်အလုပ်များမှာ အရမ်းများနေလိမ့်မယ်။ သူသည် ဤဇာတ်ကားအတွက် ပြင်ဆင်ချိန်
တစ်နှစ်ခွဲကျော်ကြာခဲ့သည်။
ယနေ့တွင် ထန်ယီက တုရှန့်ယန်ကို ညစာစားဖို့ ဖိတ်ထားသည်။
သီးသန့်ခန်းထဲ ရောက်လာသည်နှင့် ယွင်ကျန့်နှင့် ထန်ယီတို့မှာ အခန်းထဲမှာ နှစ်ယောက်တည်း
ရှိနေသည်ကို မြင်တွေ့လိုက်ရပြီး အားလုံးကို နားလည်သွားသလို ရယ်လိုက်သည်။
ယွင်ကျန့်သည် တုရှန့်ယန်ကို အလွန်လေးစားသဘောကျခဲ့ပြီး
သူရောက်လာသည်ကိုမြင်သောအခါ နှုတ်ဆက်ရန် ချက်ချင်းထကာ ယဉ်ကျေးသောစကားအသုံးအနှုန်းများဖြင့်
ပြောခဲ့သည်။ တုရှန့်ယန်က ထန်ယီ၏ နံဘေးကို လာပြီး “ဘာလို့လဲ၊ မိဘတွေ့ဆုံပွဲလား”
ဤမိဘဆိုသည်မှာ သူ့ကို ထန်ယီ၏ အစ်ကိုကြီးဟု ရည်ညွှန်းလိုက်ခြင်းဖြစ်ပေသည်။
ထန်ယီသည် တုရှန့်ယန်မှာ မြေခွေးအိုတစ်ကောင်ဖြစ်သည်ကို
သိထားပြီး တုရှန့်ယန်ထံမှ မည်သည့်အရာကိုမျှ မဖုံးကွယ်နိုင်ပေ ။ သူက မငြင်းပဲ ခေါင်းညိမ့်ပြပြီး
“ကျွန်တော်အခုထိ အခြေအနေမဟန်သေးဘူး၊ တစ်ခုတော့ လုပ်ပေး”
“အစ်ကိုကိုရောင်းပစ်မလို့လား”
“ပေါက်ကရတွေ!”
တုရှန့်ယန်က ဒေါသထွက်မသွားပဲ မေးလိုက်ရုံသာဖြစ်သည်။
“အခုတော့ ပျော်သွားပြီမလား”
“ကျွန်တော် တော်တော်ပျော်ပါတယ်”
လူနှစ်ယောက် တိုးတိုးပြောပြီးနောက် ခဏကြာ တစ်ယောက်ကို
တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် တုရှန့်ယန်သည် သူ့စိတ်နှလုံးကို ပျော့ပြောင်းအောင်လုပ်လိုက်ကာ
သက်ပြင်းချပြီး ယွင်ကျန့်နှင့် စကားစမြည်ပြောလေသည်။
သူတို့ပြောကြသည့် အကြောင်းအရာအများစုမှာ ဒရာမာအသစ်များအကြောင်းဖြစ်သည်။
တုရှန့်ယန်နှင့် ယွင်ကျန့်တို့သည် မတူညီသောနယ်ပယ်နှစ်ခုမှ
ဖြစ်ကြသည်။ ယွင်ကျန့်က တီဗီဇာတ်လမ်းတွဲတွေရိုက်နေချိန်မှာ တုရှန့်ယန်က ရုပ်ရှင်များ
ပိုရိုက်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် စကားပြောကြသည့်အခါ အတွေ့အကြုံများ ဖလှယ်ကြသလို
ယွင်ကျန့်က သူမအတွက် အကျိုးအလွန်ရှိသည်ဟု ခံစားရသည်။
ထန်ယီက သူတို့ကို သိပ်မနှောက်ယှက်တော့ပေ။ သူသည်
အော်ဒါမှာရင်းထိုင်နေပြီး အစားအသောက်များ ရောက်လာသောအခါ ယဉ်ကျေးမှုမရှိစွာ သူအရင်စားလိုက်ပါတော့သည်။
ယွင်ကျန့်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ထန်ယီက
“အစ်ကိုတု၊ ကျွန်တော်တို့ရဲ့ ဒရာမာအသစ်မှာ
ဧည့်သည်သရုပ်ဆောင်အနေနဲ့ ကူညီပေးနိုင်တယ်မလား” ဟုပြောခဲ့သည်။
တုရှန့်ယန်သည် အချိန်အတော်ကြာအောင် စိတ်ကိုပြင်ဆင်ထားသောကြောင့်
သူ မအံ့သြတော့ပေ။ သူ့မျက်နှာမှာ ဘာအမူအရာမှ မဖြစ်ပေါ်ချေ။ သူက ပြုံးရုံသာပြုံးပြီး
“ငါ့ကို ဘယ်အခန်းကဏ္ဍကနေ သရုပ်ဆောင်ခိုင်းမှာလဲ” ဟုမေးလိုက်သည်။
တကယ်တမ်းတော့ ထန်ယီသည် တုရှန့်ယန်၏ ဧည့်သည်သရုပ်ဆောင်အသွင်အပြင်အတွက်
၎င်းကို ယာယီဖော်ပြခဲ့ပြီးဖြစ်သည်။ ယွင်ကျန့်က ဤကိစ္စကို တွေးတောင်မတွေးထားတော့ပဲ
“ဒါရိုက်တာတစ်ယောက်အနေနဲ့” ဟုအမြန်ပြန်ဖြေလိုက်သည်။
“ငါ့ပုံကိုလည်းကြည့်ပါဦး။ ငါက ရာဇဝတ်ကောင်နဲ့တူတယ်လေ။
ကောင်းတဲ့ဇာတ်ကောင်နေရာတွေကနေ သရုပ်ဆောင်လို့ရပါ့မလား”
“အစ်ကို နောက်ထပ် တခြားဇာတ်ကောင်နေရာကို သရုပ်ဆောင်ချင်ရင်
ဇာတ်ညွှန်းရေးသူကို နောက်ထပ် ထပ်ဖြည့်ခိုင်းလိုက်လို့ရတယ်!”
“မင်း ဒီဒရာမာကို ဒီလောက်တောင် ပေါ့ပေါ့ပါးပါး
ရိုက်နေရလား”
“ကျွန်မလည်း ရှင့်ကို တန်ဖိုးထားပါတယ်!” ယွင်ကျန့်သည်
တုရှန့်ယန်နှင့် မရင်းနှီးသောကြောင့် လက်တွေ့တွင် တုရှန့်ယန်သည် မည်သို့သော ဇာတ်ကောင်ဖြစ်သည်ကို
မသိပေ။ သူမသည် ဘယ်လိုဖြေရှင်းရမလဲ မသိသောကြောင့် ထန်ယီကို မျက်ရိပ်မျက်ကဲပြပြီး အကူအညီတောင်းခဲ့သည်။
ထို့ကြောင့် ထန်ယီသည် သူမ ဆိုလိုသည်ကို မှားယွင်းစွာ
နားလည်လိုက်ပြီး တုရှန့်ယန်နား သွားပြီး ယွင်ကျန့်၏ ပန်းကန်ထဲသို့ ပုဇွန်တစ်ကောင်ထည့်ပေးလိုက်သည်။
နားမလည်စရာအကြောင်းလုံးဝမရှိပေ။
ညီလေး ဒီမှာနေမည် မဟုတ်ပေ...
တုရှန့်ယန်မှာ စကားထပ်မပြောတော့ပေ။ သူသည် တူချောင်းများကို
ကောက်ယူပြီး စတင်စားတော့သည်။ တစ်ချိန်တည်းမှာပင် သူက “Reality Showမှာ အကူအညီတောင်းရတာ
အရမ်းရှက်မိတယ်။ ဒီဇာတ်ညွှန်းကိုလည်း သူ အာရုံစိုက်နေတယ်လေ။ ငါ့ဆီကနေ အကူအညီတောင်းချင်နေတာ”
“ဟုတ်တယ်၊ ကျွန်မလည်း ဒီဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး
အကောင်းမြင်မိပါတယ်!” ယွင်ကျန့်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။
တုရှန့်ယန်၏ စကားများ ခဏရပ်သွားသည်။
သူသည် ထန်ယီအတွက် သူမကို အမှန်တကယ် တောင်းဆိုဖို့ရန်
လာကြောင်း ပြချင်ခဲ့သည်ဟု ပြောခဲ့သည်။ ထိုမှသာ ဤအရာက သူ့အတွက် ထန်ယီကို ပိုအမှတ်ရစေမည်
ဖြစ်သည်။
ရလဒ်က... သိပ်မမှန်သည့်ပုံပေါက်နေသည်။
“အာ... ထန်ထန်က ငါ့ကို သိပ်ပြီး မတောင်းဆိုတတ်ပေမယ့်
သူဖက်က ပြောပြီးပြီဆိုတော့ ငါငြင်းလို့မရတော့ပါဘူး။ ဒီတစ်ခါတော့...” တုရှန့်ယန်က ဆက်ပြောသည်။
ထို့နောက် ချက်ချင်းပင် ယွင်ကျန့်သည် သူမ၏ ကိုင်တွယ်နည်းများကို
ပြောပြခဲ့သည်။ ဥပမာအားဖြင့် တုရှန့်ယန်သည် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးမည်ဆိုလျှင်
သူသည် ရိုက်ကူးမှုအပေါ် သေချာပေါက်အာရုံစိုက်မည်ဖြစ်ပြီး အခြေအနေကောင်းမွန်ပါက ရက်အနည်းငယ်အတွင်း
ရိုက်ကူးမှုပြီးစီးမည်ဖြစ်သည်။
တုရှန့်ယန်သည် အဆက်မပြတ် ခေါင်းညိမ့်ပြသော်လည်း
အချိန်အကြာကြီး ဘာမှပြန်မပြောပဲ အဓိကအားဖြင့် သူသိပ်ပြီး ဝင်မပြောနိုင်သောကြောင့်ဖြစ်သည်။
ထန်ယီသည် သူ့ဘေးနားတွင် လူနှစ်ယောက်မှာ နေရခက်စွာ စကားများပြောနေသော်လည်း ထန်ယီက စားသောက်နေဆဲဖြစ်သည်။
နောက်ဆုံးတွင် တုရှန့်ယန်သည် အခြားအကြောင်းအရာများအကြောင်းကို
ယွင်ကျန့်နှင့် ပြောရန် အခွင့်အရေးရလာသောကြောင့် ယွင်ကျန့်ကို မေးလိုက်သည်။ “မင်းအသက်ဘယ်လောက်လဲ”
“၂၈ နှစ်”
“ကောင်လေးရှိလား”
“မရှိပါဘူး၊ စိတ်မပူပါနဲ့၊ ကျွန်မက တီဗွီစီးရီးကို
သေချာအာရုံစိုက်ပြီး တခြားဟာတွေကြောင့် နှောင့်နှေးစေမှာ မဟုတ်ပါဘူး...”
တုရှန့်ယန်က သူ့လက်ကို မြှောက်လိုက်ပြီး မျက်နှာကို
ကုတ်၍ ခေါင်းကို လှည့်ကာ ထန်ယီတစ်ယောက် ရယ်မောနေသည်ကို မြင်လိုက်ရာ သူ့နှလုံးသားက ပိုအားကိုးရာမဲ့
ဖြစ်သွားသည်။
“ဘယ်လိုကောင်လေးမျိုးကြိုက်လဲ” တုရှန့်ယန်က ထပ်မေးလိုက်သည်။
“ရှင်?”
“ငါ့ အဆက်အသွယ်တွေက တော်တော်အဆင်ပြေတယ်။ မင်းကြိုက်တဲ့
ကောင်လေးမျိုးရှိရင် ငါ မင်းကို မိတ်ဆက်ပေးလို့ရတယ်”
ယွင်ကျန့်သည် ထန်ယီကို သတိမမူမိပဲ တစ်ချက်ကြည့်လိုက်သော်လည်း
ထန်ယီကို ဇာတ်လိုက်မင်းသားအဖြစ် ရှာရန် ရည်ရွယ်ချက်ကို သူတို့နှစ်ဦး အထင်လွဲမည်ကို
စိုးရိမ်သဖြင့် အခြားကောင်လေးအမျိုးအစားများကို တမင်ပြောခဲ့သည်- “ဦးလေးလိုမျိုးကို
ကြိုက်တယ်!”ထန်ယီမှာ စားသောက်နေသည်။
“ဦးလေး?။ မင်းဦးလေးဖြစ်လာနိုင်တဲ့လူက ပုံမှန်ဆို
အသက် ၃၀နဲ့ ၄၀တွေပဲရှိမယ်မဟုတ်လား” တုရှန့်ယန်မှာ အံ့သြသွားသည်။
“ဟုတ်တယ်၊ ရှင့်လိုပဲ စိတ်ဓါတ်ပိုင်းရော ရင့်ကျက်ပြီး
တည်ငြိမ်တယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မြင့်မားတယ်” ယွင်ကျန့်က ပြန်ပြောလိုက်သည်။
တုရှန့်ယန်သည် ထန်ယီကို လျင်မြန်စွာ ကြည့်လိုက်ပြီး
သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြလိုက်သည် “မလုပ်နဲ့ ၊ မလုပ်နဲ့ ၊ ငါ အိမ်ထောင်ရှိတယ်”
“ကျွန်မပြောချင်တာက လူအမျိုးအစားကို ပြောပြတာပါ!” ယွင်ကျန့်က တုရှန့်ယန်အကြောင်းကို ဘာမှ သိပ်မစဉ်းစားခဲ့ပေ။
“ထန်ထန်လို လူချောတွေရော မကောင်းဘူးလား” တုရှန့်ယန်က
ထိုသို့ပြောသောအခါ ထန်ယီ၏ ပုခုံးကို ပုတ်လိုက်သည်။
“အစ်ကို စိတ်မပူပါနဲ့၊ ကျွန်မက ရှင့်ထန်ထန်နှင့်
အဲ့လိုမျိုးပက်သက်မှာ မဟုတ်ပါဘူး ကျွန်မတို့အဖွဲ့သားတွေက အဲ့လိုတားမြစ်ထားတဲ့ စည်းကမ်းတွေကို
ဖောက်ဖျက်မဲ့ လူတွေမဟုတ်ပါဘူး” ယွင်ကျန့်က ရင်ဘတ်ကို လက်နှင့်ဖိပြီး တုရှန့်ယန်ကို
အာမခံပြနေသည်။
တုရှန့်ယန်မှာ ဘာပြောရမှန်းမသိ၊ ဘုရားသာ သိတော့မည်၊
သူတို့၏ ထန်ထန်သည် ယွင်ကျန့်ဖက်က စတင်နိုင်မည်ဟု မျှော်လင့်နေသည်။
သူက ထန်ယီကို ကူညီချင်သည်၊ နှစ်ယောက်သား အတူရှိဖို့
အခွင့်အရေးရကောင်း ရလာလိမ့်မည်။ သူတို့ နှစ်ယောက်မှာ တစ်ယောက်က ကြောင်တောင်တောင်၊ နောက်တစ်ယောက်က
ငတုံး၊ သူတို့တတွေ အရမ်းလိုက်ဖက်ကြပေသည်။ သူတို့တွေ အတူတူရှိနိုင်ပေမည်။
နောက်ဆုံးတော့ သူစကားပြောပြီးသည့်အခါ ယွင်ကျန့်က
စိတ်ကို ခိုင်မာအောင်ပြန်လုပ်လိုက်ပြီး သူမတို့နှစ်ယောက်ကို ပိုပိုပြီး ဝေးကွာသွားစေခဲ့သည်။
စားသောက်ပြီးနောက် တုရှန့်ယန်က ဧည့်သည်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ရန် သဘောတူခဲ့ပြီးနောက်
သီးခြားကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
သူတို့သည် နောက်ထပ်လူကြီးတစ်ယောက်နှင့် စေ့စပ်ညှိနှိုင်းကြပြီး
ယွင်ကျန့်သည် အလွန်စိတ်လှုပ်ရှားသွားပြီး သူမသည် ရင်ထဲ တလှပ်လှပ် ဖြစ်သွားကာ တုရှန်ယန်နှင့်
ခဏလောက် သောက်ခဲ့သေးသည်။ သူမအရက်မူးနေချိန်မှာတော့ တုရှန့်ယန်ကို ရယ်စရာကြီးအဖြစ်ကြည့်နေပြီး
သူမဘာကို ပျော်လို့ ပျော်နေမှန်းမသိဖြစ်နေသည်။
တုရှန့်ယန်ထွက်သွားခါနီးတွင် ထန်ယီနား ကပ်လိုက်ကာ
တိုးတိုးလေး ပြောလိုက်သည်။ “သူက အကြီးကြီးပဲနော်၊ သူ့ကို တခြားသူတွေ နှစ်ပေါင်းများစွာ
လှည့်စားဖို့ မလွယ်လောက်ဘူး”
“သူက ငယ်ငယ်လေးကတည်းက အရမ်းတော်တယ်လို့ ခံစားလာရတဲ့အတွက်
အစ်ကို့လို ဦးလေးတစ်ယောက်နဲ့သာ သူက ထိုက်တန်ပါတယ်”
“သွားသေလိုက်လေ၊ မနာလိုဖြစ်မနေနဲ့”
ထန်ယီသည် သူကိုယ်တိုင်က မနာလိုဖြစ်နေသည်ကို သိနေသောကြောင့်
ခေါင်းညိမ့်ပြပြီး တုရှန့်ယန်၏ လူများက သူတို့နှစ်ယောက်ကို လူများမမြင်အောင် ကာကွယ်ပေးမှုအောက်တွင်
သူသည် ယွင်ကျန့်ကော်လန်ကို မပျော်ရွှင်သော အမူအရာဖြင့် ကိုင်ဆွဲလာပြီး ထိုအမူးသမလေးကို
ဟိုတယ်နှင့် ဝေးရာသို့ ခေါ် သွားလေသည်။
ကားပေါ်တက်ပြီး ယွင်ကျန့်ကို အိမ်ပြန်ပို့လိုက်သည်။
ယွင်ကျန့်က အရက်မူးမူးနှင့် မေးလိုက်သည် “အစ်ကိုတုအတွက် ဘယ်သူက ပိုကောင်းမယ်ထင်လဲ”
သူက စိတ်ဆိုးနေပြီး လုံးဝပြန်မဖြေချေ။ သူမကို
ထိုင်ခုံခါးပတ် ပတ်ပေးဖို့ သူမ ခန္ဓာကိုယ်ရှေ့နားသို့ သူ့ခန္ဓာကိုယ်ကို ကိုင်းလိုက်သည်။
ယွင်ကျန့်က သူမလက်ကို မြှောက်လိုက်ပြီး ထန်ယီ၏
ခေါင်းကို ပွတ်လိုက်သည်။ “ကျေးဇူးပါနော် ကလေးလေး ထန်ထန်ရေ”
ကလေး... ထန်ယီက ယွင်ကျန့်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
ယွင်ကျန့် တိုက်ခန်း၏ မြေအောက်ကားပါကင်သို့ရောက်သောအခါ သူတို့ကားနောက်တွင် အခြားကားများ မရှိကြောင်းကို
သေချာစစ်ဆေးပြီးနောက် ယွင်ကျန့်ကို သူမတိုက်ခန်းသို့ခေါ်သွားခဲ့သည်။
ယွင်ကျန့် နေသည့်နေရာကိုရောက်သည်မှာ ဒါပထမဆုံးအကြိမ်မဟုတ်ပေ။
သူသည် ဤအိမ်ပြန်လမ်းများကို ကျွမ်းနေတာ ကြာပါပြီ။
တံခါးဖွင့်ဝင်သွားပြီးနောက် ထန်ယီက တံခါးကို အလွယ်တကူပိတ်လိုက်ပြီး
ယွင်ကျန့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ ဘာကိုမှ ဂရုစိုက်မနေတော့ပဲ သူမနှုတ်ခမ်းများကို
နမ်းလိုက်သည်။ အမှောင်ထဲမှာတောင် နှုတ်ခမ်းများကို သေသေချာချာ ရှာတွေ့ပြီး နမ်းနိုင်လေသည်။
ဤတစ်ကြိမ်တွင် ယွင်ကျန့်သည် အနည်းငယ်ပြင်းထန်သော
အနမ်းကြောင့် အံ့အားသင့်သွားကာ အစွမ်းကုန်တွန်းထုတ်ပြီး ထိတ်လန့်တကြားဖြင့် “ရှင် ဒါဘာလုပ်နေတာလဲ?!”
“တားမြစ်ထားတဲ့ စည်းကမ်းတွေ” ထန်ယီက ပြန်ဖြေပြီးသွားပြီးနောက်
ယွင်ကျန့်ကို သူ့ရင်ခွင်ထဲ ပြန်ဆွဲထည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ကို
လှည့်လိုက်ကာ သူမကို နံရံပေါ် ကပ်ထားပြီး သူမလက်ကောက်ဝတ်များကို ဆုပ်ကိုင်ထား၍ ရူးသွပ်စွာ
နမ်းပစ်လိုက်သည်။