အပိုင်း ၁၇
Viewers 677

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၁၇

 

 

 

ယွင်ကျန့်သည် နှိမ့်ချခံရသော ခံစားချက်ကို မကြိုက်ပေ။

 

 

သူမ၏ စိတ်ထဲတွင် မာနထောင်လွှားမှုသည် ရှိနေဆဲဖြစ်ပြီး သူမသည် အလွယ်တကူ အလျှော့ပေးမည်ဟု ဘယ်သောအခါမှ မခံစားဖူးချေ။

 

 

သူမ ရုန်းနေခဲ့သည်။ ထန်ယီက သူမကို အရှက်ရအောင် ဆက်မလုပ်တော့ပဲ လွှတ်ပေးလိုက်ပြီး အနည်းငယ် စိတ်တိုနေသည့်ဟန်ဖြင့် သူမရှေ့မှာ ရပ်နေလိုက်သည်။

 

 

အချိန်မှာ ညဉ့်နက်နေပြီဖြစ်၍ မီးမဖွင့်ထားသော အခန်းသည် မှောင်နေသဖြင့် တစ်ဖက်သား၏ပုံသဏ္ဍာန်မှာ မှုန်ဝါးဝါးသာ မြင်နေရသည်။ သူတို့နှစ်ယောက်လုံး မီးလင်းနေသောနေရာမှ ဤနေရာသို့ ရုတ်တရက်ရောက်လာကာ ပထမဆုံးအကြိမ် တစ်ယောက်ကိုတစ်ယောက် မကြည့်ရဲဖြစ်သွားသည်။

 

 

အခြေအနေသည် ရှေ့တိုး၍မရ နောက်ဆုတ်၍မရ ဖြစ်နေသည်။

 

 

ထန်ယီသည် အလွန် စိတ်မသက်မသာစွာ ခံစားနေရသည်။

 

 

ယွင်ကျန့်၏ ကြိုက်သည့်ပုံစံမှာ သူ့ကိုယ်ပိုင်ပုံစံနှင့် လုံးဝခြားနားသည်နေကို သိရှိပြီးနောက်တွင် သူသည် စိတ်မပါတော့ပေ။ သို့သော် ယွင်ကျန့်က သူ့ကို မကြိုက်ရခြင်းမှာ သူမ အပြစ်မဟုတ်သလို သူ့ဘာသာ တစ်ယောက်တည်း စိတ်ဆိုးနေခြင်းသာဖြစ်သည်။

သူသည် ယွင်ကျန့်ကို သဘောကျသည်။ သူမကို ချစ်လည်းချစ်သည်။

 

 

နေ့ရောညပါ သူမကို တွေးမိနေပြီး ပြန်မြင်ယောင်သည့်အခါ ဒီလိုအချစ်မျိုးသည် နှလုံးသားထဲတွင် ချက်ချင်းပြည့်လျှံလာပြီး ထိန်းချုပ်ရခက်သည်။

 

 

 ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်လို လောဘကြီးသောမျက်လုံးများနှင့် သားကောင်ကို လိုချင်တောင်းတစွာ စိုက်ကြည့်နေတယ်။ သရေများ တမြန်းမြန်း ကျနေပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများက အော်ဟစ်တောင်းဆိုနေကြသည်။

 

 

သူမကို ဖမ်းပစ်ချင်၊ ပွေ့ဖက်ပစ်ချင်ပြီး ခံစားပျော်ပါးလိုက်ချင်သည်။

 

 

သို့သော် သူသည် တိရစ္ဆာန်မဟုတ်၊ လူသားတစ်ယောက်သာ ဖြစ်သည်။

 

 

ယွင်ကျန့်သည် သူသဘောကျသောလူတစ်ယောက်ဖြစ်ပြီး သူ အထီးကျန်သလို ခံစားနေရရုံနှင့် ယွင်ကျန့်ကို သူ့အား အတင်းအကြပ် သဘောကျခိုင်း၍မဖြစ်ပေ။

 

 

ထိုအရာက သူ့ကို အထူးဝမ်းနည်းကြေကွဲစေကာ နှုတ်ခမ်းကိုကိုက်ထားပြီး အမှောင်ထဲတွင် သူ၏ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်ရင်း ဝမ်းနည်းမှုနှင့်အတူ ငိုလုနီးပါးဖြစ်စေခဲ့သည်။

 

 

ယွင်ကျန့်က သူမလက်ကောက်ဝတ်ကို ပြန်ဆွဲထုတ်လိုက်ပြီး ခဏလေး လှုပ်လိုက်ကာ အရက်မူးနေရင်း ဝိုးတဝါးအသံနှင့် မေးလိုက်သည်။ “ကျွန်မနဲ့ ဟိုဟာလုပ်မယ်ဆိုရင် ရှင့်သရုပ်ဆောင်ခကို လျှော့ပေးမှာလား”

 

 

“ဟင်?!” ထန်ယီ၏ ဝမ်းနည်းပူဆွေးမှုမှာ ခဏရပ်သွားပြီး ရုတ်တရက် အနည်းငယ် စိတ်ဆိုးသွားသည်။

 

 

“ထားလိုက်ပါတော့၊ နောက်တစ်ကြိမ် သရုပ်ဆောင်ခကို ထပ်လျှော့လိုက်ရင် ရှင့်အတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး၊ ရှင့်အဖွဲ့ကိုလည်း ထောက်ပံ့ဖို့ မလုံလောက်နိုင်ဘူး”

 

 

“မင်းသိနေတာလား?”

 

 

“အဲ့ဒါနဲ့ပဲ ငါတို့နှစ်ယောက် ဒီလိုခိုးကြောင်ခိုးဝှက်လုပ်လို့မရတော့ဘူးလား”

 

 

ထန်ယီသည် တကယ်ကို တားမြစ်ထားသော စည်းမျဉ်းများအတွက် စိတ်ကိုမပြင်ဆင်ထားရသေးပဲ သူ ဒေါသထွက်ကာ ထိုအခွင့်အရေးကို ရယူချင်ခဲ့သည်။ သူသည် ပါးစပ်ကို စေ့ထားပြီး စကားမပြောပဲ သူ့ခံစားချက်များကို ထိန်းထားကာ နှုတ်ဆိတ်နေခဲ့သည်။

 

 

ဒီအချိန်တွင် ယွင်ကျန့်က လက်ကို မြှောက်လိုက်ပြီး ထန်ယီ၏ ခေါင်းကို ပွတ်လိုက်သည်။ “ရှင် အရပ်ပိုရှည်လာပြန်ပြီလား။ တကယ်တော့လေ...ကျွန်မတို့ အရင်တစ်ခေါက်တွေ့ကတည်းက မေးချင်နေခဲ့တာ”

 

 

“နည်းနည်းလေးရှည်လာတယ်” ထန်ယီက ယွင်ကျန့်လက်မမှီမှာစိုး၍ ခေါင်းကို တမင်တကာ ငုံ့ပေးလိုက်ပြီး ယွင်ကျန့်ကို ပေါ့ပေါ့ပါးပါးနှင့် ထိတွေ့ခွင့်ပေးလိုက်သည်။

 

 

“ပြီးတော့ ရုပ်ချောလာတယ်!”

 

 

“ငါ အဲ့လောက်လည်း ရုပ်မဆိုးပါဘူး”

 

 

“ကျွန်မရော?”

 

 

“အွန်း?”

 

 

“ကျွန်မရော လှလာလား”

 

 

ထန်ယီသည် ခဏလောက်စဉ်းစားပြီး “မင်းရဲ့အရင်ပုံစံကို ငါသဘောကျတုန်းပဲ၊ ယုံကြည်မှုအပြည့်နဲ့ ခွန်အားတွေအပြည့်နဲ့”

 

 

ထိုစကားကိုကြားပြီးသည်နှင့် ယွင်ကျန့်ပုခုံးများ ချက်ချင်းနိမ့်ကျသွားပြီး သက်ပြင်းချလိုက်သည်။ “ဒါဆို ကျွန်မတို့နှစ်ယောက်ကြားက တံတိုင်းကြီးက ပိုပြီး ကြီးသထက် ကြီးလာ...”

 

 

ထန်ယီသည် ယွင်ကျန့် နားသို့ ချက်ချင်းကပ်လာပြီး သူ့ခေါင်းကိုငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။ “ဘာတံတိုင်းမှ မရှိဘူး။ ငါတို့နှစ်ယောက် ဝေးနေတယ်လို့ မင်းခံစားရရင် မင်းဆီကို အရောက်လာဖို့ ငါ့ဖက်က အရင်စလိုက်ရလိမ့်မယ်။ ငါ့ကို ခဏပဲစောင့်”

 

 

ယွင်ကျန့်သည် ထူးထူးခြားခြား ရယ်မောလိုက်ကာ လက်ကို မြှောက်ပြီး အရက်မူးပြီး စိတ်ဖောက်ပြန်နေသော မိန်းမတစ်ယောက်ကဲ့သို့ ထန်ယီ၏ ရင်ဘတ်ကို ပုတ်နေကာ “ကျွန်မကို မနောက်စမ်းပါနဲ့၊ ကျွန်မ အသည်းကွဲရလိမ့်မယ်”

 

 

“ဒါဆို မင်း ငါ့ကြောင့် ရင်ခုန်ဖူးလား” ထန်ယီသည် တစ်လှမ်းပြီးတစ်လှမ်း သူမနား ပိုပြီးကပ်လာသည်။

 

 

ယွင်ကျန့်က “အိုး...အမ်...” ဟုအချိန်အတော်ကြာတွေးနေပြီး အဖြေမပေးပဲ လက်ကို မြှောက်ကာ ထန်ယီ၏ ပုခုံးကို ဖက်လိုက်ရာ ထန်ယီကို ပွေ့ဖက်ထားရသည့် ခံစားချက်ကို ခံစားလိုက်သည်။

 

 

အပြည့်အဝကို ပွေ့ဖက်ထားပြီး အလွန်သက်တောင့်သက်သာရှိလှသည်။

 

 

ထန်ယီမှာ ပွေ့ဖက်ခံလိုက်ရသည့်အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်သည် တောင့်တောင့်ကြီးဖြစ်သွားပြီး သူ တစ်စက်လေးမျှ မလှုပ်ရဲတော့ပေ။

 

 

ထန်ယီက ရုတ်တရက် တံတွေးမျိုချလိုက်သည်။

 

 

သူ့တွင် အေးဆေးတည်ငြိမ်မှုမရှိပဲ အချိန်တိုင်း မှန်ကန်သည်ဟု သူအမြဲထင်နေခဲ့သော အရာကို လုပ်နိုင်ခဲ့သည်။ အရင်တစ်ခေါက်တုန်းက ယွင်ကျန့်၏ နှုတ်ခမ်းနီကို အပိုင်းပိုင်းဖြစ်သွားအောင် လုပ်ပစ်လိုက်ရသည်အထိ သူသည် လွန်စွာ တုန်လှုပ်သွားခဲ့ပြီး ဒီတစ်ကြိမ်လည်း အလားတူပင်ဖြစ်သည်။

 

 

သူ့ရင်ဘတ်ထဲရှိ နှလုံးသည် အရူးအမူးခုန်နေသည်။ ထိုတစ်ချိန်တွင် သူသည် စကြာဝဠာကြီး၌ အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့လိုက်ရသလိုပင်။

 

 

နောက်ဆုံးတော့ ယွင်ကျန့်သည် ရုတ်တရက် အမူးပြေလာပြီး ထန်ယီကို တွန်းထုတ်လိုက်ပြီး “မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး!”

 

 

ထိုစကားများပြောပြီးနောက် အခန်းမီးကို သူမဘာသာသူဖွင့်ကာ မီးဖိုချောင်သို့သွားပြီး ပေါင်မုန့်တစ်ချပ်ကို ထုတ်ကာ စားလိုက်သည်။

 

 

ထန်ယီက သူမကို စိုက်ကြည့်နေပြီး “မင်းဗိုက်မပြည့်သေးဘူးလား”

 

 

 “ကျွန်မ စကားပဲပြောခဲ့တာ၊ ဘာမှသိပ်မစားခဲ့ဘူး၊ နောက်တော့ ကျွန်မ စားမလို့ လုပ်တုန်း ရှင်တို့အားလုံးပြန်ကြတော့မယ်ဆိုလို့ ကျွန်မလည်း အရှက်မရချင်တာနဲ့ မစားပဲနေလိုက်တာ” ယွင်ကျန့်က ပေါင်မုန့်ကို ဝါးရင်း နာကျင်ဝမ်းနည်းစွာ ပြောလိုက်သည်။

 

 

စောနက ထိုတွေ့ဆုံပွဲတွင် ဤမျှစိတ်လှုပ်ရှားနေစရာ မလိုကြောင်း ထန်ယီက ယွင်ကျန့်ကို ပြောပြချင်သည်။ တုရှန့်ယန်သည် သူ့အစ်ကိုတစ်ယောက်ဖြစ်ပြီး သူမသည် ထိုအစ်ကိုဖြစ်သူနှင့် အလိုက်သင့် ပြောဆိုဆက်ဆံနိုင်သည်။

 

 

သို့သော် …

 

 

သူသည် ရေခဲသေတ္တာဆီသို့ လျှောက်သွားကာ ရေခဲသေတ္တာတံခါးကိုဖွင့်ပြီး အထဲတွင် တို့ဟူးချဉ်တစ်တုံးသာရှိနေသည်။ “မင်းက အသက်ကြီးနေပြီလေ၊ အဲ့ဒါတောင် ဘာလို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရတာလဲ”

 

 

ယွင်ကျန့်က ရင်ဘတ်ထဲ မြှားတစ်စင်းစိုက်သွားသလို ခံစားလိုက်ရသည်...

 

 

သူတို့အားလုံး ဒီလောက်တောင် အသက်ကြီးနေပြီပဲ...

 

 

သူတို့အားလုံး ဒီလောက်တောင် အသက်ကြီးနေပြီပဲ...

 

 

အိုနေပြီပဲ...

 

 

ယွင်ကျန့်က ပေါင်မုန့်ကိုကိုက်ပြီး ပို၍စိတ်ဆိုးသွားသည်။ သူမသည် ပါးစပ်ထဲမှ ပေါင်မုန့်များ စားမကုန်ခင် ငိုချလိုက်သည်။

 

 

တကယ်ကို ငိုနေပြီး ကျိန်လည်း ကျိန်ဆဲရင်း- “အင်းပါ ဟယ်လို! ရှင်က ငယ်သေးတာပဲ၊ ရှင်ကသာ အေးခဲနေတဲ့ သုတ်ပိုးထုတ်တဲ့ ဥပိုင်ရှင်! ကျွန်မဖြင့် ကျွန်မအခေါင်းတလားကိုတောင် မသယ်နိုင်တော့ဘူး၊ ကျွန်မ ရှင်နဲ့ ကိစ္စရှင်းဖို့က ဒီဘဝတင် ပြီးဦးမှာ မဟုတ်ဘူး၊ အား အား အား!”

 

 

ထန်ယီသည် ကြောင်တောင်တောင်ဖြစ်သွားကာ ယွင်ကျန့်ကို အံသြစွာကြည့်နေသည်။ ကြည့်ရတာ သူမ မူးလာတိုင်း ပိုပြီး အံ့ဩစရာ ဖြစ်လာပုံရသည်။

 

 

သို့သော် မမျှော်လင့်စွာနှင့် ရိုးသားခဲ့လေသည်။

 

 

“ယွင်ကျန့်၊ မင်းကို တစ်ခုလောက်မေးပါရစေ” ထန်ယီက လက်ပိုက်ပြီး ရေခဲသေတ္တာကို မှီကာ သူမကို ကြည့်၍ မေးနေသည်။

 

 

စိတ်ဓါတ်ကျနေတတ်သောမိန်းမတစ်ယောက်ဖြစ်သူ ယွင်ကျန့်သည် ယခုအခါတွင် အားအင်အပြည့်နှင့် ပို၍ တက်ကြွလာသည်။ သူမသည် ပေါင်မုန့်တစ်ပိုင်းကို ဖဲ့လိုက်ကာ ဆုပ်နယ်ပြီး ဘောလုံးလို လုံး၍ ထန်ယီဆီ ပစ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

 

 

 “ပြော!”

 

 

“မင်းငါ့ကို သဘောကျလား”

 

 

“အဲ့ဒါကို မင်း ထိန်းချုပ်ထားနိုင်လို့လား”

 

 

“မင်း မဟုတ်ဘူးလို့ ပြောလိုက်တယ်၊ အခုတော့ ပြန်ဖြေဖို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြီလား”

 

 

“ကျွန်မလိုအရွယ် မိန်းမသားတွေက ပုံမှန်အားဖြင့် ဘယ်သုတ်ပိုး ဘယ်ဥကိုမှ လက်မခံနိုင်ဘူး!” ယွင်ကျန့်သည် သူမရင်ဘတ်ကို သုံးကြိမ်လောက် တမင်တကာ ပုတ်ပြလိုက်ရာ သူမ ရင်ဘတ်မှာ တုန်ခါသွားသည်။

 

 

“တခြားဘာမှလျှောက်မပြောနဲ့ ငါမေးတာက မင်းငါ့ကိုသဘောကျလား မကျဘူးလား ဒါပဲ”

 

 

“ကျွန်မက ကျွန်မပဲ၊ အဲ့တော့ ကျွန်မကို ကျွန်မချစ်တယ်” သူမမွေးရပ်မြေရဲ့ လေယူလေသိမ်းဖြင့် ပြောခဲ့သည်...။

 

 

“မင်း ငါမေးတာကို မဖြေရင် သတ်ပစ်မယ်နော်”

 

 

 “သဘောကျတယ်” အသက်မသေချင်သေးသောစိတ်ကြောင့် ယွင်ကျန့်သည် ဤမေးခွန်းကို ဖြေခဲ့သည်။

 

 

ထန်ယီသည် ယွင်ကျန့်ကိုကြည့်လိုက်သည်။ ယခုနမ်းလိုက်သော အနမ်းသည် သူမ၏ဆံပင်ကို အနည်းငယ် ရှုပ်ပွသွားစေပြီး သူမနှုတ်ခမ်းပေါ်ရှိ နှုတ်ခမ်းနီသည် အလွန်အရောင်ဖျော့လာခဲ့သည်။

 

 

သို့သော် ယွင်ကျန့်သည် လှပသည်။ သူမကိုမြင်တွေ့လိုက်ရသောအခါ မမေ့နိုင်သော အလှမျိုးဖြင့်၊ ၎င်းသည် လူများကို အမြင်အာရုံဖြင့် ပြင်းထန်သော ခံစားချက်ကို ပေးစွမ်းသည်။

 

 

သူမအမူးလွန်နေခြင်းကြောင့် မျက်လုံးများ အနည်းငယ် ရီဝေနေသော်လည်း သူ့ကို ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်နေဟန်ဆောင်ခဲ့သည်။

 

 

သူ မရယ်ပဲမနေနိုင်။ တစ်ညလုံး သူ့ကို ရစ်ပတ်ထားခဲ့သော မြူခိုးများ ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးသည် တစ်ခဏချင်း ကြည်လင်လာခဲ့လေသည်။

 

 

သူသိသွားပြီဖြစ်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။

“ငါ့ကို အချိန်အတိုင်းအတာတစ်ခုလောက်ပဲပေး၊ အရာအားလုံးကို ပြင်ဆင်ပြီး လူတွေရဲ့ အမြင်က မင်းကို ဘယ်တော့မှ မထိခိုက်စေရဘူး။ ငါနဲ့အတူနေပါ၊ မင်းကို လူတိုင်းက ကောင်းချီးပေးလိမ့်မယ်” ဟု ထန်ယီပြောလိုက်သည်။

 

 

ယွင်ကျန့်က ထန်ယီ ပြောသည်ကို နားလည်ဖို့ ကြိုးစားရင်း ခေါင်းကို ငုံ့လိုက်သည်။

 

 

“ကောင်းပြီ ငါပြန်တော့မယ်၊ ဂွက်နိုက်ပါ” ထန်ယီက စကားပြောပြီးသည်နှင့် သူသည် တံခါးဆီသို့ လျှောက်သွားပြီး တံခါးလက်ကိုင်ကို ကိုင်ရန် လက်ကို မြှောက်ကာ တုံ့ဆိုင်းသွားလေသည်။

 

 

ယွင်ကျန့်ကိုပြန်လှည့်ကြည့်လိုက်ရာ မီးဖိုချောင်တံခါးဝမှာရပ်နေသော ယွင်ကျန့်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

 

 

သူသည် နောက်ပြန်လှည့်လာပြီး ယွင်ကျန့်ရှေ့မှာ ရပ်ကာ သူမမျက်နှာလေးကို ကိုင်ပြီး နဖူးကို နမ်းလိုက်သည်- “ငါ မင်းကို ချစ်နေတာ ခုနစ်နှစ်လောက်ရှိခဲ့ပြီ”