အပိုင်း ၁၈
Viewers 689

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၁၈

 

 

 

 

နောက်တစ်နေ့မနက်တွင် ယွင်ကျန့် အိပ်ရာကနိုးလာသည့်အခါ ပေါင်မုန့်ကို ကိုင်ထားလျက် အိပ်ပျော်သွားခဲ့သည်ကို သိလိုက်ရသည်။

 

 

တစ်ညလုံးအိပ်ပျော်သွားသောကြောင့် ပေါင်မုန့်သည် ကျောက်စရစ်ခဲလိုခဲသွားပြီးနောက် အမှုန်များအဖြစ် အနည်းငယ် ကြေမွသွားသည်။

 

 

အချိန်အတော်ကြာ ထိုအမှုန်များကို ခါချေပြီးနောက် သူမဆံပင်များတွင်လည်း ကပ်ငြိနေကြောင်း တွေ့လိုက်ရသောကြောင့် သူမသည် ချက်ချင်းထကာ သန့်ရှင်းသွားအောင်လုပ်လိုက်သည်။ ထို့နောက် အိပ်ယာခင်းများကို ချွတ်ကာ အဝတ်လျှော်စက်ထဲကို ပစ်ချလိုက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားခဲ့သည်။

 

 

ရေချိုးနေစဉ်မှာ သူမသည် မနေ့ညက ဖြစ်ပျက်သွားခဲ့သည်များကို ပြန်မှတ်မိဖို့ မနည်းကြိုးစားနေသည်။ မနေ့ညက ဆိုင်တွင်ထမင်းစားနေစဉ် တုရှန့်ယန်သည် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သေးလား။

 

 

စဉ်းစားလေ ခေါင်းကိုက်လေ ဖြစ်လာသောကြောင့် ပြန်မှတ်မိအောင် မလုပ်တော့ပဲ ရေပန်းကို ပိတ်လိုက်ကာ တစ်ကိုယ်လုံးကို သုတ်လိုက်ပြီး ရေချိုးခန်းထဲကနေ ရေသုတ်ပုဝါနှင့် သူမခန္ဓာကိုယ်ကို ပတ်၍ အိပ်ခန်းထဲပြန်ဝင်ကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် ထန်ယီကို မေးချင်နေမိသည်။

 

 

 

နောက်ဆုံးတော့ WeChat ကို ဖွင့်လိုက်သည်နှင့် သူမကို မက်ဆေ့ချ်များ ပို့ထားသည်ကို တွေ့လိုက်သည်။

 

 

သူမသည် ဟယ်ယီရှား၏ WeChat  ကိုနှိပ်လိုက်သည်။ WeChat တွင် သူမပြောခဲ့သည်ကို တွေ့လိုက်ရသည်- တုရှန့်ယန်က ဧည့်သည်သရုပ်ဆောင်အဖြစ်လာမယ်လို့ ငါကြားထားတယ်။

 

 

ဟယ်ယီရှား ထိုသတင်းကို သိပြီးပြီပေါ့။

 

 

သူမက ချက်ချင်းပြန်ဖြေလိုက်သည် - နင်ဘယ်လိုသိတာလဲ။

 

 

ဟယ်ယီရှား - ငါ့ညီမလေးရေ၊ ဒီအသိုင်းအဝိုင်းထဲမှာ လျှို့ဝှက်ချက်ဆိုတာ ဘယ်မှာရှိလို့လဲ။ အဲ့ဒါအပြင် နင်သတင်းတွေ အခုဟော့နေတယ် ဒါပေမဲ့ အရင်တစ်ခေါက်ကလောက်တော့ မဟော့ဘူး” သူမသည် အလွန်ထူးဆန်းသောကြောင့် Weibo ကို နှိပ်ပြီး ရှာဖွေမှုစာရင်းတွင် လူ၂၀ကျော်လောက် ရှာထားသည်ကို တွေ့လိုက်ရသည်၊ ထိုရှာဖွေမှုခေါင်းစဉ်မှာ- တုရှန့်ယန်က ယွင်ကျန့်ကို အာရုံစိုက်နေပြီ။

 

 

တုရှန့်ယန်နာမည် နောက်ကပါလာခြင်းကြောင့် လူရှာများမည်မဟုတ်ပေ။

 

 

သို့သော် သေချာစဉ်းစားကြည့်လျှင် တုရှန့်ယန်က ယွင်ကျန့်ကို ဘာ့ကြောင့် ဂရုစိုက်ရမည်နည်း။ ထန်ယီက ယွင်ကျန့်ကို သူနှင့် စကားပြောရန် အရင်ကူညီခဲ့ပြီး တုရှန့်ယန်က Weibo တွင် ယွင်ကျန့်ကို follow ခဲသည်။ ဒါကဘာကိုဆိုလိုတာပါလဲ ? !

 

 

“အကောင်းဆုံး ဆုံးရှုံးခဲ့သော သူငယ်ချင်းများ” မှ အစ်ကိုကြီးများသည်လည်း ယွင်ကျန့်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေတာလား။

 

 

သူမသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော မှတ်ချက်များပေးခဲ့ပြီး ထန်ယီ၏ ပရိသတ်များက ယွင်ကျန့်၏  ပို့စ်များတွင် မှတ်ချက်ပေးကြသည်။ ထန်ယီခြေထောက်ဖက်ပြီး တောင်းဆိုပြီး၍ တုရှန့်ယန်ခြေထောက်ကို ထပ်ဖက်သည်မှာ ရွံရှာဖွယ်ကောင်းလှသည် ဟူ၍ဖြစ်သည်။

 

 

ထိုအရာက သူမကို ကောင်းကင်ကို မော့ကြည့်စေပြီး အော်ပစ်လိုက်ရသည်အထိ ဖြစ်ချင်သွားပြီး ဘာကြောင့် သူမ မှန်သည့်အရာ လုပ်တိုင်း မှားသွားရသနည်း။ သူမသည် လူမသိ သူမသိသာ နေချင်တော့သည်။

 

 

ဖုန်းပြန်မြည်လာသည်နှင့် သူမသည် ဖုန်းအား လှမ်းကြည့်လိုက်ရာ ထန်ယီဆီမှဖြစ်ကြောင်း တွေ့လိုက်ရသည်။

 

 

ထန်ယီ - မင်း Weibo မှာ ပိုစ့်တစ်ခုတင်လိုက်။

 

 

ယွင်ကျန့်က ခပ်သွက်သွက် စာရိုက်လိုက်သည် - ကျွန်မက ဘာတင်ရမှာလဲ။

 

 

ထန်ယီ - ဘာပဲဖြစ်ဖြစ်။

 

 

ယွင်ကျန့် - ကျွန်မမှာ တင်စရာမှ မရှိတာ။

 

 

ထန်ယီ - ဒါဆိုရင် ဆယ်လ်ဖီတစ်ပုံ ရိုက်လိုက်။

 

 

ယွင်ကျန့် - ...

 

 

သူမသည် ဖုန်းကိုကိုင်ထားပြီး ကျစ်ဆံမြီးများကို ဆွဲဆန့်ပြီးကိုင်နေရင်း ငါဘာတင်ရမလဲ။

 

 

နောက်ဆုံးတော့ သူမသည် ဆယ်လ်ဖီရိုက်ရုံသာ တတ်နိုင်တော့သည်ကို သိလိုက်ရသွားသောကြောင့် ဆံပင်ကို အလျင်အမြန် လေမှုတ်ပြီး မိတ်ကပ်တွေလိမ်းကာ အိမ်ရှိနေရာ အသီးသီးကို သွားပြီး ဆယ်လ်ဖီရိုက်ဖို့ ပြင်လိုက်သည်။

 

 

သူမ ရိုက်မလို့လုပ်သောအခါ အိမ်က အလွန်ရှုပ်ပွနေသည်ကိုတွေ့လိုက်ရာ အခန်းသန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်ထိုင်ကာ ဖုန်းဖြင့် ဆယ်လ်ဖီ ရိုက်လိုက်သည်။ ဆယ်လ်ဖီရိုက်ပြီးသည်နှင့် ဓာတ်ပုံပြင်သည့် ဆော့ဖ်ဝဲထဲဝင်ပြီးနောက် တိတ်တဆိတ် ပြုပြင်လိုက်သည်။ ပြီးလျှင် Weibo မှာ တင်ဖို့ စိတ်ကူးထားသည်။

 

 

ဓာတ်ပုံက အဆင်သင့်ဖြစ်နေပြီး ဘာရေးတင်ရမလဲဆိုသည့် ပြဿနာဖြစ်လာပြန်သည်။ သက်ပြင်းချလိုက်ပြီး လှည့်ပတ်ပြေးနေကာ နောက်ဆုံးတွင် “လာစမ်းပါ” ဟူသောစကားလုံးနှစ်လုံးသာ ရေးခဲ့သည်။

 

 

ထို့နောက် Weiboပေါ် တင်လိုက်သည်။

 

 

Weibo ပေါ်တင်ပြီးသည်နှင့် ထန်ယီကို သွားပြောပြမည်ဖြစ်ပြီး ထန်ယီဆီက မက်ဆေ့ဂျ်ရောက်လာသည် - ဒီလောက် နှစ်နာရီတောင် ပြင်ဆင်ပြီးမှ ပုံတစ်ပုံနဲ့ စာနှစ်လုံးပဲရေးတင်ရလား။

 

 

သိတာ မြန်လှချည်လား?

 

 

ထန်ယီက သူမ Weiboကို တစ်ချိန်လုံး refreshလုပ်ပြီး ထိုင်ကြည့်နေတာလား။

 

 

သူမကို အဲ့လောက်တောင် အထူးသတိထားနေသေးလား။

 

 

ယွင်ကျန့်က အလွန်စိတ်ဆိုးသည့်ပုံစံနှင့် ရှင်းပြလိုက်သည် - ကျွန်မ ပုံ ၂၀ ကျော်ရိုက်ခဲ့သေးတယ်၊ နောက်ဆုံးတော့ ဒီပုံကို ရွေးလိုက်တာ။

 

 

ထန်ယီ - ငါကြည့်ဖို့ ပို့လိုက်။

 

 

ယွင်ကျန့်သည် နောက်ထပ်ပုံတစ်ချို့ကို ရွေးယူလိုက်ပြီး ထန်ယီဆီသို့ ပို့ပေးလိုက်သည်။

 

 

ထန်ယီ - ပုံ ၂၀ကျော်တယ်မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ခြောက်ပုံပဲပို့ရတာလဲ။

 

 

သူမသည် နည်းနည်း နားမလည်နိုင်ဖြစ်သွားသည်။ ဒါက ထန်ယီက အိမ်စာစစ်နေသလို လုပ်နေတာလား။ ထို့ကြောင့် သူမသည် နောက်ထပ် ပုံတစ်ချို့ကို ပို့ပြီး စာပြန်ရိုက်ခဲ့သည်- အဲ့ပုံတွေက ကိုယ်ဟန်ထားတွေနဲ့ အမူအရာတွေက တူနေလို့။

 

 

ထန်ယီ - မပြင်ရသေးတဲ့ မူရင်းပုံရော ငါ့ဆီ ပို့ထားသေးလား။

 

 

ယွင်ကျန့် - အဲ့ဒါကလေ၊ ပြင်ပြီးတဲ့ ပုံကို Weibo မှာတင်လိုက်တာ။

 

 

ထန်ယီ - ကောင်းတယ်။

 

 

ယွင်ကျန့်သည် ဖုန်း၏စခရင်ပေါ်ရှိ “ကောင်းတယ်” ဟူသော စကားလုံးကို ကြည့်လိုက်ရာ ခဏတာ အံ့အားသင့်သွားကာ ထန်ယီက ပြန်ဖျက်လိုက်သည်ကို မြင်လိုက်ရတော့မှသာ သက်ပြင်းချနိုင်ခဲ့သည်။ ကြည့်ရသည်မှာ သူစာရိုက်မှားသွားသောကြောင့် ဖြစ်ပါလိမ့်မည်။

 

 

ထို့ကြောင့် ထန်ယီဆီမှသတင်းသည် သူမအား နားမလည်နိုင်ဖြစ်သွားစေသည်။

 

 

ထန်ယီ- နောက်ဆို ငါတို့တွေ သတိထားရမယ်။

 

 

ဘာ့ကြောင့် သတိထားရမလဲ။

 

 

သူမ အမြန်တုံ့ပြန်လိုက်သည်။ ပရိသတ်များက သူတို့နှစ်ဦးကို အာရုံစိုက်လာနိုင်ပြီး မီဒီယာများကလည်း သူတို့ကို စိုက်ကြည့်နေနိုင်သောကြောင့် သတိထားဖို့ လိုပါလိမ့်မည်။ မဟုတ်လျှင် အရှုပ်အရှင်းကိစ္စများ ဖြစ်လွယ်နိုင်သည်။

 

 

သူမက ထန်ယီကို ချက်ချင်း အာမခံလိုက်သည် - စိတ်မပူပါနဲ့၊ ကျွန်မအရမ်းသတိထားနေပါ့မယ်။

 

 

ထန်ယီ - ဟမ်၊ မင်းကို နမ်းပြီကွာ။

 

 

ထိုမက်ဆေ့ဂျ်ကို ရုပ်သိမ်းခဲ့သည်။

 

 

ယွင်ကျန့်က ဖုန်းစခရင်ကို ကြည့်လိုက်ရာ သူမမျက်လုံးများ ကျွတ်ကျမတတ်ဖြစ်သွားသည်။ အခြေအနေက ဘယ်လိုဖြစ်နေတာလဲ။ ထန်ယီက မက်ဆေ့ခ်ျကို မှားပြီးထပ်ပို့ခဲ့တာလား။ ဖြစ်နိုင်ချေတစ်ခုမှာ ထန်ယီသည် သူ့ကောင်မလေးနှင့် တစ်ချိန်တည်းမှာပင် စကားပြောနေတာလား။

 

 

ထန်ယီ ချစ်တတ်နေပြီလား။

 

 

သူမ အနည်းငယ် လမ်းပျောက်သွားသလို ဖြစ်သွားခဲ့သည်။

 

 

သို့သော် တုရှန့်ယန်သည် သူမ၏ Weibo ကို ပြန်ဖြေကြားခဲ့သောကြောင့် သူမ လျင်မြန်စွာ အာရုံပြောင်းသွားခဲ့သည်။

 

 

တုရှန့်ယန် - ငါတို့ ထန်ထန်ကို ပြုစုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ၊ မဟုတ်ရင် ငါတို့ ဒီလောက်တော်တဲ့ ထန်ထန်ကို တွေ့ရမှာမဟုတ်ဘူး။

Like (၄၂၉၄)

 

 

တုရှန့်ယန်က ဦးဆောင်ပြီး ပြန်ဖြေခဲ့သော်လည်း ယွင်ကျန့်ကို ကြိမ်ဖန်များစွာ ကြိမ်းမောင်းဆဲဆိုနေသည့် ပရိသတ်အရေအတွက်က ချက်ချင်းပင် နည်းပါးသွားခဲ့ပြီး တုရှန့်ယန်ကိုလည်း ကျေးဇူးတင်ခဲ့ကြသေးသည်။

 

 

Eleven-ကျေးဇူးတင်ပါတယ် မိန်းမငယ်လေး! အစ်မက အရမ်းလှတယ်။

Like (၂၃၅၁)

 

 

ရွှယ်လန် ကျင့်ဟွား- ငါတောင် ဟိုတစ်နေ့က "Only You" ကို ပြန်ကြည့်နေတာ။ အဲ့ထဲမှာ ထန်ထန်က အရမ်းလှတာပဲ။ ထန်ထန်ကို ပြုစုပျိုးထောင်ပေးတဲ့အတွက် ယွင်ဒေါက်ကို ကျေးဇူးတင်ပါတယ်။

Like (၁၂၇၆)

 

 

ချစ်လှစွားသော ဝမ်ဝမ်- ကျန့်ကျန့်ရဲ့ အသွင်အပြင်က လုံးဝ ပေါက်ကွဲလုမတတ်ပဲ၊ အဲ့တော့ မင်းသမီးအဖြစ် သရုပ်ဆောင်လည်း ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဒရာမာအသစ်ကို စောင့်မျှော်နေပါတယ်နော်။

Like (၈၅၄)

 

 

Weibo ပေါ်က မှတ်ချက်များကို ကြည့်လိုက်ရာ ယွင်ကျန့်သည် ဆိုဖာပေါ်ကို ပျော်ပျော်ကြီး လှဲချလိုက်ရာ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။

 

 

သူမ အသိစိတ်များကို ပြန်လည်စုစည်းပြီးနောက် သူမသည် ထန်ယီ၏ Weibo ကို ထပ်နှိပ်ပြီး  စတင်ပြီး လိုက်လံကြည့်ရှုခဲ့သည်။

 

 

ကျန်းရှန်းယန်က သူ့ကောင်းကင်ကြီး ပြိုကျလုနီးပါး ခံစားလိုက်ရသည်။

 

 

မိတ်ကပ်ပညာရှင်သည် အဝတ်လဲခန်းမှ ထွက်သွားပြီးနောက် ထန်ယီ၏ အဝတ်လဲခန်းထဲသို့ ချက်ချင်းဝင်ကာ တံခါးကို သော့ခတ်ပြီး အသံတိုးတိုးနှင့် အလွန်လေးလံသော စကားလုံးများဖြင့် “မင်းတကယ်ပဲ သူ့ကိုချစ်နေပြီလား”

 

 

ထန်ယီသည် နောက်ဆုံးတွင် ယွင်ကျန့်၏ ဓာတ်ပုံလေးများကို အမြတ်တနိုး သိမ်းဆည်းနိုင်ခဲ့သောကြောင့် ထူးခြားစွား ခေါင်းညိမ့်ပြလိုက်သည်။

 

 

“မင်း! မင်းက ငါ့ကို စောက်လုပ်ရှုပ်စေချင်တာမလား”

 

 

“အချစ်က ဒီမှာပဲလေ၊ ပြီးတော့ အစ်ကို တားလို့မရဘူး” ထန်ယီက သူ ပြန်ဖြေသောအခါ မပြုံးပဲ မနေနိုင်ခြင်းမှာ သူ့စိတ်အရမ်းပျော်နေသောကြောင့် ဖြစ်သည်။

 

 

“မင်းတို့ နှစ်ယောက် ဆုံးဖြတ်ချက် အမြန်ချလိုက်၊ မင်းတို့ ချစ်သွားကြတာ ရက်ပိုင်းပဲ ရှိသေးမလား”

 

 

“အဲ့လောက်လည်း မမြန်ပါဘူး၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိနေတာ ခုနစ်နှစ်ရှိပြီလေ”

 

 

“သူကရော တစ်ခုခုပြောခဲ့သေးလား၊ ဥပမာ လူသိရှင်ကြားဖြစ်အောင်လုပ်ပြီး မင်းနဲ့ပက်သက်တာကို အခွင့်ကောင်းယူပြီး နာမည်ကြီးအောင် လုပ်မှာတို့ ဘာတို့”

 

 

ထန်ယီက ခေါင်းယမ်းကာ သာယာသောလေသံဖြင့် “ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဝန်ခံခဲ့ကြတယ်၊ ဒါက relationshipတစ်ခုပဲ မဟုတ်ဘူးလား ဒါပေမယ့် အချိန်က အကန့်အသတ်ရှိတယ်၊ ကျွန်တော်တို့ စကားအများကြီး မပြောခဲ့ကြဘူး၊ ဒီမေးခွန်းတွေနဲ့ ပက်သက်ပြီးတော့ပေါ့၊ နောက်မှ ပြောကြမယ်ဆိုပြီး၊ ဒါပေမယ့် လူတွေရဲ့အထင်အမြင်တွေကြောင့် သူ့ကို မထိခိုက်စေရဘူးလို့ ကျွန်တော် ကတိပေးခဲ့တယ်”

 

 

“သူ့ကို မထိခိုက်စေရဘူး? ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းမှာ မိန်းကလေး ပရိသတ် ဘယ်လောက်ရှိလဲဆိုတာ မင်းသိလား။ မင်းသာ မင်းရဲ့ဆက်ဆံရေးကို ဖွင့်ချပြလိုက်ရင် အဲ့ဒါက ကပ်ဘေးဆိုက်သွားစေမဲ့အဆင့်ထိ သေချာပေါက် ဖြစ်သွားလိမ့်မယ်”

 

 

ထန်ယီသည် ယွင်ကျန့်၏ ဓာတ်ပုံများကို သိမ်းဆည်းခဲ့ပြီး အယ်လ်ဘမ်တစ်ခုကို စကားဝှက်ဖြင့် လုပ်ထားလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး ကျန်းရှန်းယန်၏ ပုခုံးကို ပုတ်လိုက်ပြီး “အဲ့ဒါက အစ်ကို့ပေါ်ပဲ မူတည်တယ်၊ တစ်နည်း တစ်ဖုံ စဉ်းစားကြတာပေါ့၊ ဖြည်းဖြည်းချင်း လုပ်သွားရအောင်ဗျာ”

 

 

ကျန်းရှန်းယန်သည် သူ့ကံကြမ္မာပေါ် ပုံချလိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ သူ့မျက်လုံးများနှင့် လှန်ကြည့်လိုက်ပြီး အဝတ်လဲခန်းထဲတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။

 

 

အသက် ၂၄ နှစ်ရှိပြီဖြစ်သည့် ထန်ယီဟာ သူ့အချစ်ဦးဇာတ်လမ်းမှာ စတင်နေပြီဟု တဖက်သတ်ယုံကြည်နေသည်။

 

 

ယွင်ကျန့်မှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူမသည် လက်ရှိတွင် တစ်ကိုယ်တည်းဖြစ်နေကြောင်း တစ်ဖက်သတ်ခံစားရပြီး ထန်ယီ၏ Weibo တွင် သဲလွန်စများရှာဖွေကာ ထန်ယီ၏ချစ်သူသည် မည်သူဖြစ်သည်ကို မှန်းဆတွေးတောနေရင်း ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေခဲ့သည်။