အပိုင်း ၁၉
Viewers 1k

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၁၉

 

 

 

 

 

 

အလုပ်သည် ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။

နောင်လာမည့်အချိန်ကာလအတွင်း ယွင်ကျန့်တစ်ယောက် အလုပ်များနှင့် မအားမလပ်ဖြစ်နေသည်။

 

 

အဓိကဇာတ်ဆောင် နှစ်ယောက်ကို အတည်ပြုခဲ့ပြီး ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်မည့်သူများကိုလည်း အတည်ပြုခဲ့ပြီးဖြစ်သည်။ ဒရာမာအသစ်သည် မရိုက်ကူးခင်ကတည်းကပင် အာရုံစိုက်ခံရမှုများစွာကို ရရှိနေပြီးဖြစ်သည်။

 

 

၎င်းသည် နောက်ဆက်တွဲ သရုပ်ဆောင်သည့် လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့စေလိမ့်မည်။ အချို့သော ရင်းနှီးမြုပ်နှံသူများတောင် သူတို့ကို ဆက်သွယ်လာကြသေးသည်။

 

 

အရာအားလုံးဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ကောင်းမွန်သော လားရာဖက်သို့ တိုးတက်လာနေသည်။

ထန်ယီ၏ ထန်ယုစတူဒီယိုမှ လူသစ်နှစ်ဦးကို တွန်းပို့ခဲ့ပြီး ဟယ်ယီရှားသည်လည်း ကုမ္ပဏီ၏ လူသစ်များကို ကူညီပေးခဲ့သည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး လူသိနည်းသော လူငယ်အနုပညာရှင်တစ်ဦးကို ခေါ်ယူလာခဲ့ပြီး ထိုကောင်လေးမှာ ဒရာမာတွင် အနည်းငယ် ထပ်မံပါဝင်သရုပ်ဆောင်စေခဲ့သည်။

 

 

အခြားဇာတ်ရုပ်များအတွက် ယွင်ကျန့်သည် တစ်ယောက်ပြီးတစ်ယောက်ရှာဖွေနေပြီး နှစ်ရက်အတွင်း လူလေးဆယ်ကျော်၏ အစမ်းသရုပ်ဆောင်မှုများကိုကြည့်ခဲ့သည်။

 

 

လူသစ်အချို့၏ သရုပ်ဆောင်စွမ်းရည်မှာ တကယ့်ကို ရှက်စရာကောင်းနေခဲ့ပြီး ထူးချွန်တောက်ပသောအချက်မှာ သိပ်မရှိသော်လည်း နောက်ကွယ်ကနေ တွန်းအားပေးနေသူများလည်း ရှိနေပေသည်။

 

 

အရင်တုန်းကဆိုလျှင် ယွင်ကျန့်သည် ဒီလိုမျိုးများကို မကြိုက်ခဲ့သော်လည်း ဤတစ်ကြိမ်မှာတော့ တွန့်ဆုတ်နေခဲ့သည်။

 

 

ထုတ်လုပ်သူနှင့် စကားစမြည်ပြောနေစဉ် ယွင်ကျန့်သည် ထန်ယီထံမှ မက်ဆေ့ချ်တစ်စောင်ရရှိခဲ့သည် - မင်းက ငါ့ကို ဘာလို့မခေါ်တာလဲ။

 

 

ယွင်ကျန့်က သူမဖုန်းကို ကြည့်ကာ စာရိုက်ပြီး မေးလိုက်သည် - ရှင့်မှာ ကိစ္စတစ်ခုခု ရှိလို့လား။

 

 

ထန်ယီ - မရှိပါဘူး၊ မင်း ငါ့ကို ဖုန်းခေါ်လို့ရလား။

 

 

ယွင်ကျန့် တကယ်မသိတော့ပါ။ ယခု တီဗွီဇာတ်လမ်းတွဲ ရိုက်ကူးနေချိန်အတောအတွင်း သူမ၏ခံစားချက်များကို ထိုသူရဲကောင်းကြီးနှင့် ရံဖန်ရံခါ ပြောပြဖို့ လိုပါသေးသည်။

 

 

သူမ ဖုန်းကို ကိုင်လိုက်ပြီး စာမပြန်ခင် ခဏလောက် တုံ့ဆိုင်းနေခဲ့သည်- ကျွန်မ အလုပ်များနေတယ်၊ အိမ်ပြန်ရောက်မှ ရှင့်ကို ဖုန်းခေါ်လိုက်မယ်လေ။

 

 

ထန်ယီ - ငါ ညဖက် ရိုက်ကူးရေးရှိသေးတယ်၊ အဲ့ဒါကြောင့် အခုတော့ ငါအားနေတယ်။

 

 

ယွင်ကျန့်က မတ်တပ်ရပ်လိုက်ပြီး ထုတ်လုပ်သူအား အားနာသည့် အပြုံးဖြင့် ပြုံးပြကာ ဖုန်းကို ထုတ်ပြီး ထန်ယီ၏ နံပါတ်ကို ခေါ်လိုက်သည်။

 

 

ထန်ယီသည် ထိုနေရာ၌ စားသောက်နေပြီး သူပြောသောအခါတွင် သူ့အသံမှာ “တစ်ခုခုကို ဝါးစားနေပြီး ပလုံးပထွေးသံ” ဖြစ်နေပြီး ယွင်ကျန့်သည် ထိုအသံကိုကြားသောအခါ ဗိုက်ဆာလာသည်။

 

 

“ရှင်ကတော့ ခေါက်ဆွဲ စားနေတယ်ပေါ့၊ ပြောပါဦး အရသာ ဘယ်လိုလဲ”  ယွင်ကျန့်က ဒေါသတကြီး မေးလိုက်သည်။

 

 

“ကောင်းတယ်၊ လက်လုပ်ခေါက်ဆွဲ၊ ဟင်းခတ်အမွှေးအကြိုင်သုံးမျိုး၊ ပုံမှန်ပဲပြာရည်၊ ငရုတ်သီးအနှစ်နဲ့ ဖွားဖွားနတ်သမီးက လုပ်ပေးထားတာ” ထန်ယီသည် အလွန်စိတ်ကျေနပ်နေပြီး ယွင်ကျန့်ကို မိတ်ဆက်ပေးနေသည်။

 

 

“အိုး အရသာရှိရဲ့လား”

 

 

“မင်းမရှိပဲနဲ့တောင် အရသာရှိတယ်”

 

 

“ကောင်းပြီ ကျွန်မ နောက်တစ်ခါကျရင် လာစားမယ်”

 

 

“မင်းရဲ့ အစမ်းသရုပ်ဆောင်ပွဲကြီးကရော ဘယ်လိုလဲ”

 

 

 ထန်ယီသည် အဖွဲ့သားများအကြောင်း ယွင်ကျန့်နှင့် စကားစမြည်ပြောနေပြီးနောက် သူ့အဖွဲ့သားများအကြောင်း ပြောပြနေသည်။ သူတို့နှစ်ယောက်သည် ထိုအကြောင်းများပြောနေပေမယ့် အရေးတကြီး ပြောစရာများ မရှိချေ။

 

 

အကြောင်းမှာ အဖွဲ့ထဲတွင် လူများစွာရှိနေပြီး ထန်ယီသည်လည်း စကားအလွန်ပြောကောင်းပြီး ထိုအကြောင်းကြားရသည်မှာ မဆိုးပေ။ သူသည် ယွင်ကျန့်နှင့် ဖုန်းပြောချင်ရုံသာ။

 

 

“ဇာတ်ဝင်ခန်း အသစ်တချို့ ရိုက်တဲ့အခါကျရင် ငါတို့ ထပ်တွေ့နိုင်ဦးမှာပါ” ထန်ယီက ထိုသို့ပြောနေသည့်အချိန်တွင် ပြုံးနေသည်။

 

 

အရင်က မချစ်တတ်ခဲ့စဉ်တုန်းက ဘာမှမခံစားခဲ့ရပေမယ့် ယခုချိန်မှာတော့ ချစ်မိသွားပြီး ဝေးကွားနေရသည့် မိနစ်တိုင်းက နှိပ်စက်ညှဉ်းပန်းမှုတစ်ခုဟု ခံစားမိသည်။

 

 

သူနှင့် ယွင်ကျန့်တို့ မတွေ့ရသည်မှာ ၅ ရက်လောက်ရှိပြီဖြစ်သည်။ ထန်ယီသည် ထိုအကြောင်းကို တွေးမိတိုင်း အသည်းယားလာသည်။

 

 

“ရှင်တစ်ခုခုဖြစ်နေလို့လား” ထန်ယီသည် အနည်းငယ်ထူးဆန်းနေသည်ဟု ယွင်ကျန့် ခံစားမိလိုက်သည်။ ဘာမှအရေးမကြီးပါလျက်နှင့် ဘာ့ကြောင့် သူမကို ဖုန်းခေါ်ခိုင်းသနည်း။

 

 

သူတစ်ခုခုများဖြစ်နေပြီး သူမ၏ ဆုံးမသွန်သင်မှုကို လိုချင်နေသည် သို့မဟုတ် သူမ၏ အကြံဉာဏ်ကို လိုချင်တာလား။

 

 

ယွင်ကျန့်သည် ထိုအကြောင်းကို တွေးပြီးသောအခါ ဤအကြံဟာ အားကိုး၍ရမည်ဟု ခံစားမိလိုက်သည်။ ထန်ယီ၏ ပင်ကိုယ်စရိုက်က အူကြောင်ကြောင်နိုင်ပြီး ပြောစရာတစ်ခုခုရှိလျှင် ထိုအကြောင်းကို သူပြောထွက်ရမှာ ရှက်နေတတ်သည်ဟု သူမထင်နေသည်။ ထို့ကြောင့် သူမသည် ထန်ယီကို မေးမြန်းဖို့ အစပျိုးလိုက်ပြီး သူမသည် ထန်ယီကို ဂရုစိုက်ပေသည်။

 

 

“မဟုတ်ပါဘူး(ကျေနပ်သွားကာ ကြိတ်ရယ်နေသည်)” ထန်ယီက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။

 

 

“မကြောက်ပါနဲ့ ပြောပါ၊ ကျွန်မ သေချာနားထောင်ပေးပါ့မယ်”

 

 

ထန်ယီသည် ခေတ္တရပ်သွားပြီး “အင်း၊ တစ်ခုခုတော့ဖြစ်နေပြီ” ဟု တိတ်တဆိတ် ပြောလိုက်သည်။

 

 

ယွင်ကျန့်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး ထန်ယီ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်သဖြင့် သက်ပြင်းချလိုက်ကာ “ဘာဖြစ်တာလဲ”

 

 

“မင်းကို သတိရနေတာ”

 

 

“အန်…” “အရမ်းတွေ့ချင်နေပြီ” ထိုစကားပြောပြီးနောက် သူသည် ခေါက်ဆွဲကို ပြန်စားလိုက်သည်။

 

 

မူမမှန်တော့ပေ!

 

 

အလွန်မူမမှန်တော့ပေ။

 

 

“ရှင်ဘာတွေစိတ်ရူးပေါက်ပြီး လျှောက်ပြောနေတာလဲ” ယွင်ကျန့်က ထပ်မေးလိုက်သည်။

 

 

“စိတ်ရူးပေါက်တယ်? ငါက ရည်းစားထားတဲ့နေရာမှာ အရမ်းတော်တာမဟုတ်ဘူး ပြီးတော့ အဲ့လိုဇာတ်ကောင်မျိုးလည်း မလုပ်ဖူးသေးဘူး။ ဘယ်လိုပြောရမလဲ... ချစ်မိသွားတဲ့အခါ အရင်ကနဲ့ မတူတော့ဘူးလို့ ခံစားရတယ်၊ ဒါပေမယ့်လည်း အရင်အတိုင်းပဲ ရှိနေသင့်တာ၊ နောက်ပြီး အဲ့လိုမျိုး အရင်တုန်းကနဲ့ အခု ခံစားချက်တွေက အတူတူပဲဆိုရင် မချစ်တတ်တာနဲ့ ချစ်တတ်တာက ဘာနေရာမှာ ကွာသွားလဲ အဲ့နှစ်ခုရဲ့ ကွာခြားချက်က ဘာဖြစ်သွားမလဲ”

 

 

ထန်ယီ၏ လျှာလိမ်သံကို နားထောင်ရင်း ယွင်ကျန့်သည် နားလည်ရန် ကြိုးစားပြီး တစ်ချိန်တည်းတွင် သက်ပြင်းချလိုက်သည်။

 

 

ထန်ယီသည် ဤဇာတ်ရုပ်ကို မုဒ်သွင်း၍ မရသေးပေ။ အကြီးအကဲတစ်ဦးနှင့် ဒါရိုက်တာတစ်ဦးအနေဖြင့် သူမသည် ထန်ယီကို အမှန်တကယ် လမ်းညွှန်သင့်နေပြီဖြစ်သည်။

 

 

“ရှင်တစ်ယောက်ယောက်ကို သဘောကျဖူးလား” ယွင်ကျန့်က သူ့ကို မေးလိုက်သည်။

 

 

“မင်း ပေါက်ကရတွေ လျှောက်မေးနေတာလား”

 

 

“ဒါဆို ရှင့်နှလုံးသားထဲမှာ သူ့တစ်ယောက်တည်းပဲ ရှိတယ်လို့ သေသေချာချာ တွေးကြည့်၊ ရှင့် သူ့ကို ဘာလုပ်ချင်လဲ ရှင့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထဲကနေ သူ့ကို အရမ်းတွေချစ်ချင်နေလား။ ရှင် ရုပ်ရှင်ရိုက်ရင် အဲ့လိုပဲတွေးကြည့်လိုက် အတူတူပဲ၊ မင်းသမီးကို ရှင်သဘောကျတဲ့သူလို့ အစားထိုးပြီး ခံစားကြည့်...”

 

 

ဤအကြောင်းကိုပြောနေရင်း ထန်ယီက ထရယ်လိုက်သည်။ “မင်းဘာလို့ ဒီလောက်တောင် ရူးသွပ်နေတာလဲ၊ မင်းသမီးကို ငါသဘောကျတဲ့သူလို့ တွေးကြည့်ရမယ်?”

 

 

ယွင်ကျန့်သည် သူမနှင့် ထန်ယီအကြား မျိုးဆက်ကွာဟချက်ရှိနေသည်ဟု ခံစားမိသည်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က သူမဟာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်နေခဲ့ပြီး ခေတ်ရေစီးကြောင်းကို မလိုက်နိုင်တော့မည်ကို စိုးရိမ်မိသည်။ သူမသည် ထန်ယီနှင့် အမြဲလိုလို အကျိုးသင့် အကြောင်းသင့် ရှင်းလင်း၍ မပြနိုင်အောင် ပြောလေ့ရှိသည်။

 

 

သို့သော်လည်း သူမသည် ထန်ယီကို ဘယ်လိုသရုပ်ဆောင်ရမည်ကို စိတ်ရှည်ရှည်ဖြင့် သင်ပြပြီးနောက် ဖုန်းချသွားခဲ့သည်။

 

 

ထန်ယီဖက်မှကြည့်လျှင် ယွင်ကျန့်သည် စကားပြောရန် အဆင်မပြေဟုထင်ကာ သူတို့၏ အချစ်ရေးကို ထုတ်ဖော်ပြသလိုဖြစ်သွားမည်ကို စိုးရိမ်ပြီး သူ အလွန်သတိထားမိသည်။

 

 

သူမသည် သူနှင့်လည်း ပူးပေါင်းဆောင်ရွက်ပေးပြီး သူမနှင့်စကားပြောရလေ ပိုပျော်လေဖြစ်ကာ သူ့အပြုံးက ချိုမြိန်လွန်းနေရင်း ဖုန်းပြောခြင်းမှာပြီးသွားခဲ့သည်။

 

 

သူစားနေသည့်အချိန်တွင် သူ့ပတ်ဝန်းကျင်က လူများက သူနှင့် ခပ်ဝေးဝေးမှာ ရှိနေပြီး သူပြောနေသည်ကို မကြားနိုင်ပေမယ့် သူ့အပြုံးကို မြင်လိုက်ရာ လူများက သူ့အပြုံးကနေ မျက်လုံးမခွာနိုင်လောက်အောင် တောက်ပနေခဲ့သည်။

 

 

သူတို့နှစ်ယောက်သား စကားအကြာကြီးပြောနေကြပေမယ့် သူတို့အခုလုပ်နေသည့် အလုပ်အကြောင်းကို မပြောခဲ့ကြပေ။

 

 

ယွင်ကျန့်၏ အစမ်းသရုပ်ဆောင်ပွဲကြီး ပြီးပြီးချင်း အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ထန်ယီဆီက ဖုန်းဝင်လာခဲ့သည်။

 

 

သူမသည် ထန်ယီမှာ အမှားမှားအယွင်းယွင်းလုပ်တတ်မှန်း သိထားပြီးဖြစ်သောကြောင့် ဖုန်းပြောသည့်အခါ နားကြပ်တပ်ထားပြီး ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ကိုင်ဖုန်းကို ထည့်၍ တစ်အိမ်လုံး လျှောက်ပတ်သွားရင်း ပစ္စည်းများ သိမ်းဆည်းနေကာ ထန်ယီနှင့် ဖုန်းပြောနေသည်။

 

 

“ရှင် ဒီည အလုပ်ရှုပ်တယ်လို့ ပြောထားတယ်မလား” ယွင်ကျန့်က သူ့ကို မေးလိုက်သည်။

 

 

“အခုဘယ်အချိန်ရှိနေပြီလဲ၊ ရိုက်ကူးရေးလည်း ပြီးသွားပြီလေ” ထန်ယီက ပြန်ပြောလိုက်သည်။

 

 

ရိုက်ကူးရေးအဖွဲ့သားများက ညဖက်ရိုက်ကူးရေးရင်တောင်မှ ခေါင်းကြီးပိုင်းသမားများကို အရင်ရိုက်ပစ်တတ်သည်။ မနက်စောစောပိုင်းတွင် ရိုက်သည့်ရိုက်ကွက်အများစုမှာ ဇာတ်ပို့များသာဖြစ်သည်။

 

 

သရုပ်ဆောင်အကြီးပိုင်းနှင့် အငယ်ပိုင်းဟူ၍ ခွဲခြားတတ်သော အသိုင်းအဝိုင်းတစ်ခုပင်ဖြစ်သည်။ ထန်ယီသည် သူ၏ လက်ရှိကျော်ကြားမှုအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ရိုက်ကူးရေးအချိန်သည် နေ့ခင်းဖက်ဖြစ်ပြီး  ညနေ ကိုးနာရီ ဆယ်နာရီတွင် ပြီးသွားလေ့ရှိသည်။

 

 

“မင်း ဟိုတယ်မှာလား”

 

 

“ပြောရမယ်ဆိုရင် ကျွန်မ ရေချိုးပြီးသွားလို့ အိပ်ရာပေါ်မှာ လဲနေတာ”

 

 

“ကဲ ကျွန်မ အိပ်တော့မယ်၊ ဂွတ်နိုက်ပါ”

 

 

“ဖုန်းချတော့မလို့လား” ထန်ယီက ယွင်ကျန့်ဖုန်းချမှာကို ကြောက်သွား၍ အသည်းအသန် မေးလိုက်သည်။

 

 

“ဟုတ်တယ်” ယွင်ကျန့်က အခိုင်အမာ ပြန်ဖြေလိုက်သည်။

 

 

ထန်ယီသည် စကားသိပ်မပြောရသေးသောကြောင့် ဒေါသအလွန်ထွက်နေပြီးနောက် တစ်ခွန်းသာ မေးလိုက်သည်။ “မင်း ငါ့ကိုပြောချင်တာတစ်ခုခုရှိလား”

 

 

“ရှင်ရော ပြောစရာရှိသေးလို့လား”

 

 

“ယွင်ကျန့် ဒီမှာ ငါမင်းကိုပြောပြမယ်၊ ငါဒီရက်ပိုင်း အိပ်မပျော်ဘူး၊ စိုးရိမ်ပူပန်မှုတာတွေနဲ့ စိတ်ထဲ နေရထိုင်ရမကောင်းဘူး၊ အဲ့ဒါ ညရောက်တိုင်း အဲ့လိုတွေဖြစ်နေတယ် မင်းဘယ်လိုသဘောရလဲ”

 

 

ယွင်ကျန့်သည် ဤလက္ခဏာများကိုကြားသောအခါတွင် အနည်းငယ်မျက်မှောင်ကြုတ်ကာ “ပရက်ရှာတွေအရမ်းများနေလို့လား” ဟုမေးလိုက်သည်။

 

 

“ငါမင်းကိုလွမ်းလို့”

 

 

ထန်ယီက ထိုစကားပြောထွက်လာသည်ကို ယွင်ကျန့်ကြားလိုက်ရသောအခါ သူမတကယ်ပဲ ရယ်ချင်လာသည်။ “ရှင့်ကိုယ်ရှင် အရမ်းအိပ်မပျော်ဘူး ထင်နေတာမလား၊ ကျွန်မတစ်ခုပဲ ပြောလိုက်မယ်၊ ကျွန်မကတော့ ကောင်းကောင်း အိပ်ပျော်တယ်”

 

 

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့၊ ငါ့ကို ချော့သိပ်ပေး၊ အဲ့လိုမှမဟုတ်ရင် ငါ စိတ်ချမ်းသာမှာ မဟုတ်ဘူး”

 

 

“ရှင် စာချုပ်ချုပ်တုန်းက ရှင့်ကို ချော့သိပ်ရမယ်ဆိုတဲ့ အချက်မပါဘူးနော်” ယွင်ကျန့်က မတတ်နိုင်တော့ပဲ ထိုအကြောင်းကို တွေးကြည့်ပြီးနောက် သူနဲ့ အပေးအယူလုပ်ကာ ထိုအချက်ကို ထပ်ထည့်လိုက်သည် “ကောင်းပြီ ခဏစောင့်” ဟုပြောလိုက်သည်။

 

 

သူမသည် ထိုသို့ပြောပြီးနောက် ကွန်ပြူတာဖွင့်၍ စာရိုက်၍ ရှာဖွေကာ “မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ရှိစဉ်အခါက သစ်ပင်များစွာရှိနေသော ဥယျာဉ်တော်တွင် သီတင်းသုံးနေလေသည်။ ရဟန်းနှင့် လူထောင်ပေါင်းများစွာလည်း လာရောက်...”

 

 

 “မင်း ဘာတွေဖတ်နေတာလဲ”

 

 

“တရားတော်”

 

 

"မင်း ငါ့ကို သံသရာကနေ ကယ်မလို့လား”

 

 

“မဟုတ်ပါဘူး၊ ရှင့်စိတ်ကို သန့်စင်သွားအောင်၊ စိတ်တွေပျံ့လွင့်နေတဲ့ အတွေးတွေကို ဖျောက်ပြီး ကောင်းကောင်း အိပ်ပျော်နိုင်သူ ဖြစ်ပါစေ”

 

 

ထန်ယီသည် ယွင်ကျန့်ကို အမှန်တကယ် ရယ်မောလိုက်ပြီး ယွင်ကျန့်လည်း အားကိုးရာမဲ့ လေသံဖြင့် “ရှင် ကျွန်မကို လာနောက်နေတာမလား...ကျွန်မ ဘာလုပ်လုပ် အဲ့လိုလိုက်ရယ်နေတာလဲ”

 

 

ထိုသို့ပြောနေပေမယ့်လည်း ထိုစကားလုံးများတွင် ဂရုဏာများ ပြည့်နှက်နေသည်။

 

 

သူသည် ယွင်ကျန့်ကို အမြဲစိတ်တိုင်းမကျဖြစ်နေခဲ့သည်မှာ အသိသာကြီးဖြစ်သော်လည်း ထန်ယီသည် ယွင်ကျန့်ကို ရှာတွေ့ဖို့ ဆန္ဒရှိနေဆဲ ဖြစ်ပြီး ယွင်ကျန့်ကို သူတကယ်ချစ်လည်းချစ် မုန်းလည်းမုန်းသည်မှာ အထင်ရှားပင်ဖြစ်သည်။

 

 

“ကျွန်မ ဆက်ဖတ်ပေးရဦးမလား” ယွင်ကျန့်က မေးလိုက်သည်။

 

 

“နှုတ်ဆက်ပါတယ် ဂွတ်ဘိုင်ပါ၊ မဟုတ်ရင် အိပ်မပျော်နိုင်လောက်အောင် စိတ်ညစ်သွားလိမ့်မယ်”

 

 

“ဒါဆို ကောင်းသောညနော်?”

 

 

“ငါအရင်ဖုန်းချလိုက်မယ်” ထန်ယီက စကားပြောပြီး၍ ဖုန်းချလိုက်သည်။

 

 

ယွင်ကျန့်သည် ဖုန်းစခရင်ကိုကြည့်ကာ ထန်ယီ စိတ်ညစ်သွားမလားဟု တွေးမိသည်။ ဖုန်းကိုယူ၍ WeChat ကို ဖွင့်လိုက်သည်။ ထန်ယီကို ဂွတ်နိုက်ဟု ပြောရမလား စဉ်းစားရင်း ထန်ယီက နောက်ထပ် ဗီဒီယိုကော လက်ခံပေးဖို့ တောင်းဆိုချက်ကို ပို့ခဲ့သည်။

 

 

သူမသည် ဖုန်းကိုကြည့်ရင်း ခဏတာ တုံ့ဆိုင်းနေပြီး အိမ်ရှိ တခြားနေရာများကို ဗီဒီယိုတွင် ပေါ်ရန်အတွက် ဖုန်း၏နောက်ကင်မရာကို အမြန်ဖွင့်လိုက်သည်။

 

 

“မင်းဘယ်မှာလဲ?” ထန်ယီက ဖုန်းထဲမှာ ဆံပင်ကို သပ်နေရင်း ဗီဒီယိုထဲမှာ သူ၏ ချောမောသော မျက်နှာ ပေါ်လာပြီး သူမသည် စခရင်ကို ခဏလောက် စိုက်ကြည့်နေသည်။

 

 

ထန်ယီနှင့် ဗီဒီယိုကောပြောခြင်းမှာ ထောင်ပေါင်းများစွာသော မိန်းကလေးများ၏ အိပ်မက်ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူမလည်း ထိုသို့ သူနှင့်ဗီဒီယိုကောကို တကယ်ပဲ ပြောခွင့်ရှိသလား။

 

 

ထန်ယီက သူ့ကောင်မလေးနဲ့ရော ဗီဒီယိုကောမပြောဘူးလား။

 

 

သူမကရော ဘာလို့  သူ့ကို စိုက်ကြည့်နေခဲ့တာလဲ။

“ကျွန်မ အခုမှ မျက်နှာသစ်ပြီးသွားလို့” ဟုယွင်ကျန့်က ပြန်ပြောပြီး အိပ်ခန်းဆီသို့ ပြန်လျှောက်လာကာ အိပ်ရာပေါ်တက်လိုက်သည်။

 

 

“ဟုတ်လား ငါကြည့်ပါရစေ”

 

 

“မကြည့်နဲ့၊ ကျွန်မက အသက်ကြီးနေပြီ၊ မိတ်ကပ်မလိမ်းထားလို့ မျက်တွင်းတွေချောင်နေတယ်”

 

 

“ငါလည်း မိတ်ကပ်မလိမ်းထားဘူး၊ ဒီမှာကြည့်” ထန်ယီက ယွင်ကျန့်နှင့်စကားပြောနေချိန်မှာ သူ့မျက်နှာကို အနီးကပ်ပြလိုက်သည်။ အဲ့လိုမျိုး မလုပ်လိုက်ပါနဲ့ ယွင်ကျန့်မှာ အသည်းယားလာပြီး သူ့ပါးကို ဆွဲဆိတ်ချင်မိသည်။

 

 

“ရှင် မိတ်ကပ်လိမ်းထားတာနဲ့ မလိမ်းထားတာက ဘာမှသိပ်မကွာဘူး”

 

 

“အဲ့လို မပြောပါနဲ့ ငါ့stylist က မင်းနဲ့ ရန်လာဖြစ်ဦးမယ်” ထန်ယီက ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ပြောလိုက်ပြီး တစ်ချိန်တည်းမှာပဲ ရေချိုးဝတ်စုံဝတ်ထားပြီး အိပ်ရာပေါ် လဲလျောင်းရင်း ရင်ဘတ်ပေါ်အဝတ်လွတ်နေကာ ရင်ဘတ်ကြွက်သားများ ပေါ်လွင်နေသည်။