ချိုမြိန်ရိပ်မြုံ
အပိုင်း ၂၀
ယွင်ကျန့်သည် စိတ်လှုပ်ရှားလွန်း၍ ပါးစပ်ကို အကြာကြီးအုပ်ထားပြီး
စကားမပြောပဲနေနေသဖြင့် ထန်ယီက သူမမှာ ထူးဆန်းနေသလို ခံစားလိုက်ရပြီး “မင်းဘာလို့ စကားမပြောတော့တာလဲ”
ဟု မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ အဲ့ဒါက ရှင့်အပေါ်မှာပဲ မူတည်တယ်”
ထန်ယီက ရယ်မောလိုက်ပြီး သူ့အပြုံးက ချိုမြိန်လွန်း၍
ယွင်ကျန့်မှာ လည်ချောင်း နာကျင်သလိုဖြစ်လာသည်။
“ဒီမှာ ကြည့်ကြည့်” ထန်ယီသည် ယွင်ကျန့်က သူ့ကိုကြည့်နေသည်ကို
အထူးနှစ်သက်နေပုံရပြီး “ငါလည်း မင်းကို ကြည့်ပါရစေ၊ လွမ်းတယ်ကွာ၊ မင်းကို မြင်ပြီးတာနဲ့
ဒီညအိပ်လို့ရပြီ”
“ရှင်အရင်က အဲ့လိုမျိုး မဟုတ်ပါဘူး” ယွင်ကျန့်က
ကင်မရာကို လှည့်ပြီး ဗီဒီယိုထဲမှာ သူမကိုယ်သူမ ကြည့်နေရင်းနှင့် သူမပုံမှာ အမှန်တကယ်
မျက်တွင်းများ ချောင်နေပြီး ဒီရက်ပိုင်း သူမတကယ် ပင်ပန်းနေကြောင်း တွေ့နေရသည်။
ထန်ယီသည် ဖုန်းကို စိုက်ကြည့်ရင်း သူ့မျက်လုံးများသည်
အထူးညင်သာစွာဖြင့် ခေါင်းအုံးကို ပွေ့ဖက်ကာ နွေဦးအလင်းရောင်ကို တားဆီးလိုက်ရာ ယွင်ကျန့်မျက်နှာလေးကို
ကြည့်ရင်း နစ်မြောသွားသလို တစ်ခဏတာ ခံစားလိုက်ရသည်။
“အရင်ကနဲ့ မတူဘူး!” ထန်ယီသည် ထိုသို့ပြောပြီး
ကင်မရာပေါ်သို့ နမ်းလိုက်သည်။
ယွင်ကျန့်သည် သူမမှာ ထိုအခိုက်အတန့်ကို မမျှော်မှန်းထားသဖြင့်
မလှုပ်မယှက်နိုင်ဖြစ်ကာ ယခုခေတ် ယောက်ျားလေးများက တကယ်ကို ကြောက်စရာကောင်းသည်ဟု စိတ်ထဲကနေ
သက်ပြင်းချကာ ကောင်မလေးတစ်ယောက်ပြီးတစ်ယောက်ကို ဘယ်လိုတောင် ကြွေသွားအောင် လုပ်နေတာလဲဟု
တွေးနေမိသည်။
“ရှင် တွေ့ပြီးပြီမလား အဲ့တော့အိပ်လို့ရပြီမလား”
ယွင်ကျန့်က မေးလိုက်သည်။
“အိပ်မပျော်နိုင်ပါဘူး။ အိမ်မက်ထဲကိုသာ လာခဲ့”
ထန်ယီက လူဆိုးလေးလို စတင်ပလေးလိုက်သည်။
“အဲ့ဒါဆိုရင် ရှင့်အိပ်မက်ကောင်း မက်ရမှာမဟုတ်လောက်ဘူး”
“ဟုတ်တယ်၊ မင်းလည်းပဲ အိပ်မက်ရိုးရိုးမက်လိမ့်မယ်မထင်ဘူး”
ထန်ယီက စခရင်ကို ခဏလောက် စိုက်ကြည့်ရင်း သက်ပြင်းချပြီး “ကောင်းပြီ မင်း စောစော အနားယူတော့၊
အရမ်းအပင်ပန်းမခံနဲ့” ဟု ပြောလိုက်သည်။
“အင်းပါ”
ယွင်ကျန့် အလွန်ပင်ပန်းနေသည်ကိုမြင်ပြီး ထန်ယီက
စိတ်မချမ်းမသာဖြစ်သွားသည်။ ဒရာမာအသစ်မှာ မိတ်ကပ်ဓာတ်ပုံများနှင့် ပရိုမိုးရှင်းပိုစတာများကိုလည်း
ရိုက်ကူးရမည်ဖြစ်သည်။
သူတို့ရိုက်ကူးမည်မှာ ရိုးရှင်းသောပုံစံနှင့်
ခေတ်ပေါ်ဒရာမာဇာတ်ကားဖြစ်သည်။ ရှေးခေတ်ဇာတ်ကားများလို အင်တာနက်သုံးစွဲသူများထံမှ ရူးသွပ်သောမကျေနပ်ချက်များကို
ကြုံတွေ့ရရန်မှာ မလွယ်ကူလှပေ။
ဒါရိုက်တာအနေနှင့် ယွင်ကျန့်သည် အဖွဲ့ထဲက သရုပ်ဆောင်များ၏
ဝတ်စုံအသေးစိတ်ကို စစ်ဆေးဖို့ အစောကြီးကတည်းက ရိုက်ကွင်းနေရာကို ရောက်နှင့်နေပြီးဖြစ်သည်။
ဟယ်ယီရှားသည် သူမ၏အဖွဲ့အား ရိုက်ကွင်းသို့ ခေါ်လာကာ
အဝတ်လဲခန်းထဲသို့ ဝင်သွားခဲ့သည်။
ယွင်ကျန့်သည် သူမနှင့် စကားပြောရန် အပြေးလေးလာခဲ့သည်။
ထန်ယီ ရောက်လာသောအခါ အရင်ဆုံးသူမနှင့် မဆုံနိုင်ရန်အတွက် ဟယ်ယီရှား၏ အဝတ်လဲခန်းထဲမှာ
နေနေလိုက်သည်။
ထန်ယီက အစကတည်းက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သူတို့နှစ်ယောက် “ချိတ်ဆက်” ပြီးနောက် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုပင်ဖြစ်သည်။
နောက်ဆုံးတော့ စတူဒီယိုကိုရောက်လာသောအခါ ယွင်ကျန့်၏ လူများကို မတွေ့ချေ။
အဝတ်လဲခန်းထဲမှာထိုင်ရင်း ဖုန်းကိုထုတ်ပြီး ယွင်ကျန့်ထံ
မက်ဆေ့ဂျ်တစ်စောင်ပို့ခဲ့သည် - ငါဒီရောက်နေပြီ၊ မင်းဘယ်မှာလဲ?
ခဏကြာသည့်အခါ ယွင်ကျန့်က သူ့အဝတ်လဲခန်းထဲကို ဝင်လာပြီး
“ထန်ယီ! ရှင့်ဆံပင်က ဘယ်လိုဖြစ်နေတာလဲ!” ဟုဆူဟောက်ပစ်လိုက်သည်။
ထန်ယီသည် သူမ၏ဆူဟောက်သံကြောင့် လန့်သွားပြီး သူမကိုကြည့်ရန်
ခေါင်းကိုလှည့်ကာ “ဘာဖြစ်နေလို့လဲ” ဟုမေးလိုက်သည်။
“ရှင့်ဆံပင်...” ယွင်ကျန့်က ထန်ယီ၏ ဆံပင်များကို
ညွှန်ပြရင်း ဒေါသတကြီးနှင့် လက်ချောင်းများ တုန်နေသည်။
ထန်ယီ၏ ဆံပင်မှာ ရိတ်ထားပြီး သူဘာတွေတွေးနေမှန်းမသိတော့ချေ။
ခေါင်း၏ နောက်ဖက်ရှိ ဆံပင်ရိတ်ထားသည်မှာ လည်ပင်းနားရှိ ဦးရေပြား နီးနီးဖြစ်နေပြီး ဆံပင်ထူထူတစ်လွှာတည်းသာထားထားသည်။
မကြာသေးမီက ဤဆံပင်ပုံစံသည် အတော်လေး hip-hop ဆန်ဆန်
ခေတ်စားနေပုံရသော်လည်း ယွင်ကျန့်သည် ၎င်းကိုမြင်လိုက်ပြီးနောက် မူးလဲသွားသည်။
“ငါက အရင်တီးဝိုင်းတုန်းက ဘေ့စ်ဂစ်တာသမားတစ်ယောက်ပဲ”
ထန်ယီက မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်ပြီး ယွင်ကျန့်၏ အမူအရာကို အနည်းငယ် နားမလည်သလို
ကြည့်နေသည်။
“ဇာတ်ညွှန်းရော ဖတ်ပြီးပြီလား၊ အဓိကအမျိုးသား
ဇာတ်ဆောင်ရဲ့ ပုံစံက နည်းနည်း ဖရိုဖရဲနိုင်တယ်၊ သူ့ဆံပင်က နည်းနည်း ပိုရှည်တယ်၊ ရှင့်ဆံပင်ကို
ပြန်ကြည့်၊ ဘယ်လို ဆံပင်ချည်ထားမလဲ”
“ငါ့ကို အပြစ်တင်လို့ရမလား၊ ဒါက ငါ့ရဲ့ သရုပ်ဆောင်ပုံတစ်မျိုးပဲ”
“ရှင်က ဘေ့စ်ဂစ်တာသမားတစ်ယောက်ဆိုရင်တောင် တခြား
ဆံပင်ပုံစံတွေလည်း လုပ်လို့ရတယ်လေ၊ ဒီလိုမျိုး ရိတ်စရာမလိုဘူး မဟုတ်လား”
သူမနှင့် ဆုံရသည်မှာ ရှားပါးလွန်းပြီး ထန်ယီမှာ
မထင်မှတ်ပဲ ထိုသို့ဆုံမိသောအခါ လုံးဝ စိတ်ပျက်သွားသည်။
“ဆံပင်တု ဝတ်လို့ရတယ်မလား၊ အဲ့ဒါအပြင် မင်းဇာတ်ညွှန်း
ပြောင်းသွားပြီမဟုတ်ဘူးလား”
“ရှင့်တစ်ခေါင်းလုံးကို ဘောလုံးလို ရိတ်ပစ်တာက
ဖြစ်နိုင်စရာလား ခေတ်သစ်ဒရာမာမှာ ဆံပင်တုဝတ်ဦးမယ်?” ယွင်ကျန့်က သူ့ခါးကို ဆွဲဆိတ်လိုက်ပြီး
မခံမရပ်နိုင်ဖြစ်နေကာ မေးလိုက်သည် “ရှင် ကျွန်မ ဇာတ်ညွှန်းကို လုံးဝမဖတ်ဘူးမလား” ဟုမေးလိုက်သည်။
ထန်ယီက ဤမေးခွန်း အမေးခံလိုက်ရသည်။
ဒီကာလမှာ သူအရမ်းအလုပ်များနေခဲ့သည်။ ဇာတ်ကားတစ်ကား
ရိုက်ကူးနေပြီး ယခင်ဇာတ်ကားမှ ရိုက်ချက်များစွာကိုလည်း ဖြည့်စွက်ထည့်ရိုက်နေရသည်။ ကြော်ငြာများကိုလည်း
တစ်ချိန်တည်းမှာပဲ ရိုက်နေရသည်။ ယနေ့တွင် ဇာတ်ညွှန်းဖတ်ဖို့ အချိန်မရှိ၍ ဓာတ်ပုံရိုက်ဖို့
အပြေးလေးပြန်လာခဲ့ရသည်။
သူသိထားသော ယွင်ကျန့်၏ ဇာတ်လမ်းအကြောင်းမှာ ယွင်ကျန့်ဖတ်ထားသော
ဇာတ်ညွှန်းဖြစ်ပြီး သူသည် ပေါ့ပေါ့ပါးပါးပဲ ကြည့်ခဲ့လိုက်သည်။
ထန်ယီက စကားမပြောတော့သည်ကိုမြင်ပြီး ယွင်ကျန့်က
မှန်တင်ခုံပေါ် လက်တစ်ဖက်နှင့် ထောက်လိုက်ပြီး “ထန်ယီ၊ ရှင် ဇာတ်ကားတောင် ကောင်းကောင်းစမရိုက်ရသေးဘူး၊
ရှင် ဒီလိုစလုပ်နေပြီလား၊ ဟုတ်တယ် ကျွန်မက ရှင့်ကို လစာပေးတာ အရမ်းနည်းတယ်၊ အဲ့တော့
ရှင် ကျွန်မစကားကို နားမထောင်ပဲ လျစ်လျူရှုထားမယ်၊ ဇာတ်ညွှန်းကိုလည်း အဲ့လိုပဲ လုပ်ခဲ့တာမလား”
“မင်းဘာကို ဆိုလိုတာလဲ?” ထန်ယီသည် မိတ်ကပ်ပညာရှင်၏လက်ကို
တွန်းဖယ်လိုက်ပြီး ယွင်ကျန့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ကျွန်မပြောတာ မဟုတ်လို့လား” ယွင်ကျန့်က အလျှော့ပေးဖို့
လုံးဝလက်မခံခဲ့ပေ။
ယွင်ကျန့်နှင့် ထန်ယီတို့ ရန်ဖြစ်ကြတော့မည်ဟု
မိတ်ကပ်ပညာရှင် မြင်နေသည်။ ထန်ယီ၏ လက်ထောက်သည် သောက်စရာတစ်ဘူးကို ဝယ်လာပြီး အဝတ်လဲခန်းမှ
အမြန်ထွက်လာကာ ထုတ်လုပ်သူထံသွားကာ ရန်ဖြစ်နေသည်ကို တားရန် သွားခေါ်ခဲ့သည်။
မိတ်ကပ်ပညာရှင် ထွက်သွားပြီးနောက် ထန်ယီက မတ်တပ်ထရပ်လိုက်ပြီး
တံခါးကို သော့ခတ်ကာ ယွင်ကျန့်ကို အချိန်အတော်ကြာ စိတ်ဆိုးဒေါသထွက်နေကာ လှည့်ကြည့်လိုက်ပြီး
“ငါတစ်နေ့ကို ဘယ်နှနာရီလောက်ပဲ အိပ်ရလဲဆိုတာ မင်းသိလား” ဟုမေးလိုက်သည်။
ယွင်ကျန့်လည်း သူမ၏ ဒေါသကို ဖြေဖျောက်ရန် ကြိုးစားနေသည်။
သူမသည် ထန်ယီကို မြင်လိုက်ရသောအခါ အဘယ်ကြောင့် ဤမျှ ဒေါသပေါက်ကွဲသွားမှန်းမသိတော့ချေ။
ခဏလောက်ကြာသည့်အခါ ထန်ယီဟာ သူမ၏ ဇာတ်ညွှန်းကို
အလေးအနက်မထားဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထန်ယီဖက်ကကြည့်လျှင် အခြားသူများ၏ဇာတ်ညွှန်းများသည်
သူမထက် ပို၍အရေးကြီးနေသည်။
ဤအကြောင်းကြောင့် သူမဘာကြောင့် အဆင်မပြေဖြစ်မှန်း
သူမသိတော့ပေ။
“ကျွန်မ တစ်ချက်ကြည့်ပါရစေ” ယွင်ကျန့်က ထန်ယီကို
လက်ယပ်ခေါ်လိုက်သည်။
ထန်ယီက စိတ်ဆိုးသွားပြီး ခေါင်းကိုလှည့်ကာ သူမကို
လျစ်လျူရှုလိုက်သည်။
ယွင်ကျန့်သည် မှန်တင်ခုံပေါ်တွင် လက်ပိုက်ကာ ထိုင်နေပြီး
လက်တစ်ဖက်မှာ သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး သူ့လက်တစ်ဖက်က စက္ကူလိပ်ကို
ကိုင်ထားပြီး ထန်ယီကို မကျေမနပ်နှင့် မေးနေသေးသည်။ “ရှင် ဆံပင်တုဝတ်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ
သိလား။ ဆံပင်တုက ရှင့်ပုံရိပ်ကို ထိခိုက်စေနိုင်မလား”
“အခုတော့ ဆံပင်က ဒီလိုဖြစ်နေတော့ ငါဘယ်လိုသွားလုပ်ရမလဲ”
ယွင်ကျန့်က သက်ပြင်းချလိုက်ပြီး ဖုန်းကိုထုတ်ကာ
ဝန်ထမ်းတစ်ယောက်ကို ဆက်သွယ်လိုက်ကာ ထန်ယီအတွက် ဆံပင်တုတစ်ခု လုပ်စေခဲ့သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက် တံခါးလာခေါက်သောအခါ
ထန်ယီက တံခါးဖွင့်ရန် ပြေးသွားရာ ကျန့်ကျင်းယုက အိတ်များအထပ်လိုက်ကြီးကို ထမ်းပြီး
ထန်ယီကို သနားစိတ်နှင့် မေးလိုက်သည်။ “အစ်ကို ထန်၊ ဝန်ထမ်းတိုင်းကို ဝေပေးရမှာလား”
ထန်ယီက ကျန့်ကျင်းယုလက်ထဲမှ ယွင်ကျန့်အတွက် အိတ်တစ်အိတ်ကို
နှိုက်ယူလိုက်ပြီး ကျန့်ကျင်းယုကို ထိုသို့ပြောလိုက်သည် “အေး၊ တတ်နိုင်သမျှ အကုန်ပေးလိုက်။
မလုံရင် အချိန်ပိုင်းသမားတွေကို ချန်ထားခဲ့လိုက်”
“ဟုတ်ကဲ့”
ကျန့်ကျင်းယုသည် အလွန်ဉာဏ်ကောင်းပြီး အချိုရည်များကို တစ်ဘူးပြီးတစ်ဘူး ဝေပေးလိုက်လေသည်။
ယွင်ကျန့်သည် အိတ်ကိုတစ်ချက် ကြည့်လိုက်ပြီး ထန်ယီ၏
လက်ထဲမှ မစ်လ်တီးရည်ကို ယူလိုက်သည်။ မစ်လ်တီးမှာ နွေးနွေးလေးဖြစ်နေသည်။
သူမသည် ဤရက်ပိုင်း အအေးသောက်၍ မရပေ။
“မိန်းကလေးတစ်ယောက်အတွက် ရာသီလာတာက အရမ်းဆိုးတာပဲ”
ထန်ယီသည် မစ်လ်တီးကို ယွင်ကျန့်ထံ ပေးလိုက်ကာ မနေနိုင်ပဲ ရေရွတ်၍ သူ့လက်ထဲက ကော်ဖီကို
သောက်ရင်း မှန်တင်ခုံပေါ်ကို ညှိုးငယ်စွာနှင့် မှီနေသည်။
ယွင်ကျန့်၏ ပြီးခဲ့သည့်တစ်ခေါက်က ရာသီလာချိန်ကို
သူမှတ်မိနေသည်။
ယွင်ကျန့်ကလည်း သူမစိတ်ကို လျှော့လိုက်ပြီး “ရှင်
တစ်နေ့ကို ဘယ်နှစ်နာရီ အိပ်လဲ” ဟုမေးလိုက်သည်။
“ရိုက်ကူးရေးတွေ ရပ်ပြီး ဇာတ်ညွှန်းကို သေချာ
အာရုံစိုက်ရမယ်။ တစ်ရက်ကို ငါးနာရီလောက် အိပ်ရရင်ပဲ ပျော်နေပါပြီ။ ဒီနေ့ လေယာဉ်ကြောင့်
အလုပ်တွေကျန့်ကြာသွားမှာကို ကြောက်မိတယ်။ အဲ့ဒါကြောင့် တမင်တကာ မနက်စောစော ရထားစီးပြီး
ထွက်လာခဲ့တာ။ ဟိုတယ်ကနေ မနက်၃ နာရီခွဲလောက်မှာ ထွက်လာပြီးတော့ ဒီကို ကားနဲ့ တိုက်ရိုက်လာလိုက်တယ်”
ထန်ယီထိုသို့ပြောပြီးတာသည်နှင့် လက်ကို မြှောက်ပြီး
ယွင်ကျန့်အား သူ့အင်္ကျီလက်ကို နမ်းခိုင်းလိုက်သည်။ “မင်း ငါ့ဆီက ဖုန်နံ့တွေရတယ်မလား”
“နောက်ဆို ရှင် ခံနိုင်ရည်ရှိပါ့မလား” ယွင်ကျန့်က
ရှောင်လိုက်ပြီး ထိုအနံ့ မခံချင်ပေ။
“အခုရိုက်လက်စ ဇာတ်ကားက ရက်၂၀လောက်ပဲ ရိုက်ရတော့မှာဆိုတော့
ငါ့အပိုင်းက ပြီးတော့မယ်”
ယွင်ကျန့်က ခေါင်းညိမ့်ပြလိုက်ပြီး လက်ကို မြှောက်လိုက်ပြီး
ထန်ယီ၏ ခေါင်းနောက်ဖက်ကို ပုတ်ပေးလိုက်ပြီး “ဒါပေမယ့် ရှင့်ဆံပင်ကို ကျွန်မ မကြိုက်သေးဘူး”
“မင်းမကြိုက်ရင် ငါနောက်ဆို မညှပ်တော့ပါဘူး”
“အိုကေ”
ထန်ယီက ခေါင်းကို လှည့်ပြီး ကြည့်လိုက်ရာ ယွင်ကျန့်က
မစ်လ်တီးကို တိတ်တဆိတ် စုပ်သောက်နေပြီး သူ့လက်ကို သူမပုခုံးပေါ်တင်ကာ သူမကို သူ့ဘေးနားသို့
ဆွဲလိုက်သည်။ သူမပါးပြင်ကို နမ်းဖို့လုပ်နေတုန်းတွင် တစ်စုံတစ်ယောက်က တံခါးကိုဖွင့်လိုက်သည်။
သူက ယွင်ကျန့်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး
အခန်းထဲဝင်လာသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။
ထုတ်လုပ်သူနှင့် မိတ်ကပ်ပညာရှင်တို့က အမြန်ဝင်လာကြသည်။
သူတို့နှစ်ယောက်သည် ပြန်တည့်သွားပြီဖြစ်သော်လည်း အခန်းတွင်း အငွေ့အသက်က ဖော်ရွေမှု
သိပ်မရှိလှသေးချေ။
ဒါရိုက်တာသည် စိတ်တိုတတ်ပြီး စိတ်ခံစားချက်များကို
မထိန်းထားနိုင်သော်လည်း ဇာတ်လမ်းကို ပိုကောင်းအောင် ရိုက်ချင်သောကြောင့် ယခုလိုဖြစ်သွားကြောင်း
ပြောပြနေရင်း ထုတ်လုပ်သူများတွင် အပြုံးများ
ပျောက်ကွယ်လာကြသည်။
ထန်ယီသည် မိတ်ကပ်အလိမ်းခံခဲ့ပြီး ထိုသို့ဖြစ်သွားခဲ့သည်များကို
နားလည်ကြောင်း ပြောကြားခဲ့သည်။
ယခင်က ယွင်ကျန့်သည် ယခုထက်ပို၍ ဒေါသကြီးခဲ့သည်။
ယွင်ကျန့်သည် ထန်ယီ ၏ဆံပင်ကို စိုက်ကြည့်ကာ မိတ်ကပ်ပညာရှင်အား
“ဆံပင်တုနဲ့ ယာယီဆံပင်ပုံစံလုပ်ပေးလို့ရမလား”
“လုပ်ပေးလို့တော့ရပါတယ်၊ ဒါပေမယ့် စိတ်ကြိုက်ဖြစ်အောင်တော့
မလုပ်နိုင်လောက်ဘူး၊ ပြီးတော့ ရလာမယ့်ပုံစံကလည်း အရမ်းကောင်းမယ်လို့ မျှော်လင့်ထားလို့မရဘူး”
“ဒါဆို နောက်မှ ပြင်လိုက်၊ ပြီးတော့ တရားဝင်ရိုက်တဲ့အခါကျရင်
သေချာရွေးထားတဲ့ဆံပင်တုကိုပဲ သုံးပေးပါ”
“အတတ်နိုင်ဆုံး ပြင်ပေးပါ့မယ်”
“ကောင်းပြီ၊ ဒါဆို ဆံပင်တုတွေ သွားဝယ်ခိုင်းလိုက်မယ်”
နောက်ဆုံးတွင် ထန်ယီသည် ဤဆံပင်တုကို ယာယီဝယ်ထားခဲ့ပြီး
၎င်းမှာ ရှည်လျားသောဆံပင်ဖြစ်သောကြောင့် ဤနေရာတွင်သာ ဝတ်နိုင်ခဲ့သည်။
Stylist သည် ထန်ယီကို ကူဝတ်ပေးသောအခါ ယွင်ကျန့်သည်
တစ်ဖက်မှကြည့်နေသည်။ ဖုန်းကို ထုတ်ကာ ဆံပင်တုတပ်ထားသည့် ထန်ယီ၏ ပုံအချို့ကို မနေနိုင်ပဲ
ရိုက်ယူလိုက်သည်။
ထန်ယီသည် ယွင်ကျန့်က ယခုလိုလုပ်နေသည်ကို ကျင့်သားရနေပြီး
ထိုနေရာတွင် အခြား လူတစ်ဦးသာဆိုလျှင် အစကတည်းက မောင်းထုတ်လိုက်မည်သာ ဖြစ်သည်။
ဆံပင်တုကို ၀တ်ပြီးနောက် Stylist သည် ဆံပင်ကို
ကတ်ကြေးဖြင့် ညှပ်ရင်း စဉ်းစားနေသည်။