ချိုမြိန်ရိပ်မြုံ
အပိုင်း ၂၁
ဤနေရာတွင် ဆံပင်ပုံစံကြောင့် ပုံစံကျအောင်လုပ်နေရခြင်းသည်
ဟယ်ယီရှားထက် များစွာနှေးကွေးသွားသည်။ နောက်စက္ကန့်ပိုင်းလောက်ကြာသောအခါ ယွင်ကျန့်သည်
ဟယ်ယီရှား၏ ပုံစံကို သွားကြည့်ခဲ့သည်။
ဟယ်ယီရှားကို ပုံစံသွင်းခြင်း အပြီးသတ်ပြီးနောက်
သူမသည် ဟယ်ယီရှား၏ တစ်ပုံတည်းသော ဓာတ်ပုံကို ရိုက်ရန်ဖုန်းကို ကောက်ထုတ်လိုက်သည်။
သူမ၏အလုပ်များသောအချိန်ဇယားပြီးသွားပြီးနောက်
ယွင်ကျန့်သည် ထန်ယီ၏အ၀တ်လဲခန်းသို့ ထပ်မံရောက်ရှိလာသည်။ သူမဝင်လာသည့်အခါ ကျန့်ကျင်းယုသည်
ထန်ယီ၏ ပုခုံးများကို နှိပ်ပေးရင်း stylist မှ အဝတ်အစားများကို ရွေးချယ်နေသည်။
“ခဏနေဦး ဒီဝတ်စုံကို ပြင်ပေးလိုက်မယ်”
Stylist က စကားပြီးသွားသောအခါ အဝတ်လဲခန်းထဲက အဝတ်အစားများကို ဆွဲထုတ်လိုက်ပြီး အသေးစိတ်ကို
သေချာညှိနေသည်မှာ ဖြစ်နိုင်သည်။
ကျန့်ကျင်းယုသည် ထန်ယီ၏ပုခုံးများကို နှိပ်ပေးနေသော်လည်း
ထန်ယီက ရှောင်ထွက်သွားခဲ့သည်။
ကျန့်ကျင်းယုက မတုံ့ပြန်ခင် ခဏလောက် တန့်သွားပြီး
“ကျွန်တော် အဝတ်အစားတွေကို တစ်ချက်သွားကြည့်လိုက်ဦးမယ်” ဟုပြောလိုက်သည်။
ထိုစကားပြောပြီးနောက် အဝတ်လဲခန်းထဲက ထွက်လာပြီး
တံခါးကိုပိတ်လိုက်သည်။
ထန်ယီသည် ယွင်ကျန့်ကို ကြည့်လိုက်ရာ ယွင်ကျန့်၏
အနက်ရောင် ပိုးသားအသားကပ်ခြေအိတ်မှာ အနည်းငယ် ပြဲနေသည်ကို တွေ့လိုက်ရပြီး သူမပေါင်ပေါ်တွင်
စက်ဝိုင်းပုံ အပေါက်တစ်ခု ဖြစ်နေသည်။
“ခြေအိတ်ပြဲနေတယ်” ထန်ယီက ယွင်ကျန့်ကို သူ့နံဘေးကို
ဆွဲလိုက်ပြီး ဟိုကြည့်သည်ကြည့်နှင့် မရယ်ပဲ မနေနိုင်ပေ။ “အသားတွေ အတစ်လိုက်ထွက်နေသလိုပဲ၊
ပြီးတော့ ကြည့်ရတာ အရမ်းဆွဲဆန့်လို့ရနေပုံပဲ” ယွင်ကျန့်သည် ခေါင်းငုံ့ကာ ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်း ပြဲနေသည်။ သူ မတုံ့ပြန်ခင်မှာ ထန်ယီက သူ့ခြေထောက်ကို ထိနေပြီဖြစ်သည်။
ထန်ယီက ဘယ်လောက် မာနကြီးပြီး လူဆိုးတစ်ယောက်လို
သရုပ်ဆောင်ရာတွင် ယုံကြည်မှုရှိသည်ဆိုတာကိုလည်း သူမ မသိခဲ့သလို သူ့အထိအတွေ့သည် အမှန်တကယ်ကို
အလွန် တည်ငြိမ်နေသည်။ ခြေအိတ်များဝတ်ထားရသည်မှာ သူမသည် ပရက်ရှာပေါင်းအိုးကဲ့သို့ ခံစားရပြီး
ပူလာသည်။
ယွင်ကျန့်၏ ခြေထောက်များသည် အလွန်ပိန်ပါးပြီး
ဖြောင့်စင်းနေသော်လည်း ထိုခြေအိတ်များမှ ထွက်လာသော ပေါင်မှအသားများမှာ တဇွတ်ထိုး ဆန်နေပြီး
ချစ်စရာကောင်းလှသည်။
ထန်ယီက ၎င်းကိုထိလိုက်ပြီးနောက် ထိုထွက်နေသော
အသားကို ထပ်ညှစ်ပစ်လိုက်သည်။
“သေစမ်း!” ယွင်ကျန့်သည် ထန်ယီကို ချက်ချင်း တွန်းထုတ်လိုက်သည်။
ထန်ယီ၏ ပုံစံပျက်သွားမှာကို မကြောက်ခဲ့လျှင် သူမသည် ရိုက်နှက်ပစ်ချင်မှာအမှန်ပင်။
နောက်ဆုံးတော့ ထန်ယီမှာ ပိုဆိုးလာပြီး ဖုန်းကိုထုတ်ကာ
သူမ၏ ခြေထောက်ကို ဓာတ်ပုံရိုက်လိုက်သည်။ “ငါ ဒီဓာတ်ပုံကို သိမ်းထားမယ်”
“ဦးနှောက်မကောင်းတဲ့ကောင်!”
“ဒီကိုလာ၊ ငါ ကူလုပ်ပေးမယ်” ထန်ယီက ယွင်ကျန့်ကို
သူ့ရှေ့သို့ တဖန် ဆွဲလိုက်ပြီး ယွင်ကျန့်၏ ပိုးသားအသားကပ်ခြေအိတ်ရှိ အပေါက်တချို့ကို
ဆုတ်ဖြဲလိုက်ကာ စိတ်ကျေနပ်နေသည်။
သူသည် ဆုံလည်ကုလားထိုင်ကို နောက်သို့ ဆုတ်လိုက်ပြီး
ယွင်ကျန့်၏ ပုံသဏ္ဍာန်ကို ကြည့်ကာ လက်မထောင်ကာ တိုင်းတာနေသည် - “ဒါက အရင်ကထက် ပိုပြီး
ဆက်စီဆန်တဲ့ ခံစားချက်တွေ ပိုရလာတယ်”
ယွင်ကျန့်သည် ခေါင်းငုံ့ပြီး ခြေအိတ်ကို စိတ်ပျက်လက်ပျက်
အမူအရာဖြင့် ကြည့်လိုက်သည်။ သူမခြေအိတ်များသည် ယခုအခါ ငါးမျှားခြေအိတ်များနှင့် မကွာခြားတော့ဘူးဟု
အမြဲလိုလို ခံစားမိနေသည်။ ဒီလိုမျိုးဝတ်ရသည်မှာ နည်းနည်းတော့ မူမမှန်သလိုဖြစ်နေသည်။
သူမသည် ကန့်လန့်ကာနောက်သို့ လျှောက်သွားပြီး ခြေအိတ်များကို
တန်းချွတ်ပစ်ရန် ကြံရွယ်ကာ ကန့်လန့်ကာကို ဆွဲလိုက်သည်။
မနက်စောစော ဒီလိုမျိုး ဝတ်ပြီး အပြင်ထွက်ရသည်မှာ
နည်းနည်းအေးသောကြောင့် ဖြစ်သည်။
ထန်ယီက ကုလားထိုင်ကို လှည့်လိုက်ပြီး ကန့်လန့်ကာ
အနည်းငယ်လွတ်နေသည့်နေရာမှ သူမ၏ခြေသလုံး အပေါ်ဖက်ကို ကြည့်နေမိသည်။ ယွင်ကျန့်သည် အထဲမှာ
ထိုင်ချလိုက်ပြီး ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်သည်။
ထို့နောက် ဘောင်းဘီတိုကို ချွတ်လိုက်သည်။
သူသည် ဘောင်းဘီတိုကိုမြင်လိုက်ပြီး ဒေါက်မြင့်ဖိနပ်ပေါ်တင်ထားကာ
ယွင်ကျန့်သည် အသားကပ်ခြေအိတ်ကို ချွတ်လိုက်သည်။
ထိုလွတ်နေသည့် နေရာလေးမှ ဘောင်းဘီကို ဒေါက်မြင့်ဖိနပ်များပေါ်တွင်
စုပုံထားကာ ခြေကျင်းဝတ်ကို အနည်းငယ်သာ မြင်နိုင်သည်။ သို့သော် ထန်ယီက ထိုမြင်ကွင်းကို
မြင်လိုက်သည့်အခါ သူ့ဦးနှောက်ထဲမှ ပုံရိပ်များ ဆက်တိုက်ဖန်တီးနေသည် သို့မဟုတ် မြင်ကွင်းက
စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
သူသည် ရုတ်တရက် ရေငတ်သလို ခံစားလိုက်ရပြီး လက်ကို
ဆန့်ထုတ်ကာ သောက်စရာကို ယူပြီး တစ်ငုံသောက်လိုက်ရာ အနည်းငယ် ချိုမြိန်သွားသည်ကို ခံစားလိုက်ရသည်။
သူကြည့်လိုက်ရာ ယွင်ကျန့်၏ မစ်လ်တီးကို သောက်မိနေသည်ကို
သိလိုက်ရပြီး ယွင်ကျန့်၏ နှုတ်ခမ်းလေးက ဤပိုက်ကိုထိလိုက်သည်ကို တွေးမိ၍ နောက်တစ်ငုံထပ်သောက်လိုက်သည်။
ယွင်ကျန့် ထွက်လာပြီး ပိုးသားအသားကပ်ခြေအိတ်ကို
အမှိုက်ပုံးထဲသို့ တန်းပစ်ချလိုက်ကာ ထန်ယီအနားသို့ လျှောက်သွားကာ ထန်ယီ၏ ဆံပင်တုကို
တွေ့သွားခဲ့သည်။
သူမ ကိုယ်ကိုကိုင်းညွှတ်လိုက်သည်နှင့် ထန်ယီက
သူ့ခေါင်းကို လှည့်လိုက်ပြီး သူနှုတ်ခမ်းကို နမ်းလိုက်သည် “မင်း ငါ့ကို ဘယ်တော့မှ အရင်စမနမ်းဖူးဘူးနော်”
ဟု ခါးသီးစွာ ညည်းညူလိုက်သည်။
သူမသည် လန့်သွားကာ နောက်ဆုတ်မိလိုက်ပြီး သူမများ
မှားသွားလားဟုတောင် စဉ်းစားနေမိသည်။ “ကျွန်မမှာ... အဲ့လိုအကျင့်မျိုး မရှိဘူး”
ထန်ယီသည် ခြေထောက်ကို မြှောက်ပြီး ခြေမနှင့် တစ်ဖက်ရှိ
ခရီးဆောင်အိတ်ကို ညွှန်ပြပြီး “ဒီမှာ မင်းအတွက် ငါဝယ်ခဲ့တယ်”
ယွင်ကျန့်သည် ၂၉ လက်မအရွယ် ခရီးဆောင်အိတ်ကြီးကို
ကြည့်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ “ဘာကြီး?”
“နှုတ်ခမ်းနီ”
ထန်ယီက သူမ၏နှုတ်ခမ်းနီအတွက် ပြန်ပေးမယ်ဟု ကတိပေးခဲ့သည်ကို
ယွင်ကျန့်က သတိရသွားသည်။ “ဒီလို ခရီးဆောင်အိတ်ကြီးအကြီးကြီးထဲမှာ နှုတ်ခမ်းနီ ထည့်ထားတာလား”
“မင်းရဲ့ နှုတ်ခမ်းနီက ဘယ်လိုမျိုးလဲဆိုတာ ငါ
မမှတ်မိတော့ဘူး၊ အဲ့ဒါကြောင့် နှုတ်ခမ်းနီ တံဆိပ်တိုင်း၊ အရောင်တွေ အကုန်လုံး၊
velvet လား matteလား ...တစ်ချောင်းချင်းစီ ဝယ်ခဲ့တယ်၊ အဲ့လိုနဲ့ အများကြီးဝယ်ခဲ့တာ”
ထန်ယီက ပြောလိုက်သေးသည်။
“မင်းတို့
မိန်းမတွေရဲ့ limited edition နှုတ်ခမ်းနီတွေက ဖိနပ်ထက် ဝယ်ရခက်မယ်လို့ ငါ မထင်ထားဘူး။
ဘာနေရာမှာများ သွားကွာနေမလဲ”
ယွင်ကျန့်မှာ အံအားသင့်စွာ နားထောင်ပြီးနောက်
သူမလက်ကိုဆန့်ကာ ခရီးဆောင်အိတ်ကို ကောက်ယူလိုက်သည်။ လေးလံသော အလေးချိန်ကို သူမခံစားလိုက်ရပြီး
ရုတ်တရက် ထိတ်လန့်သွားသည်။
ဒီလက်ဆောင်က နည်းနည်းကြီးနေသလိုပဲ။
သူမ ဘာလုပ်ရမလဲ စဉ်းစားနေစဉ် ထန်ယီသည် ရိုက်ကူးရေးစရန်
အခေါ်ခံလိုက်ရသည်။
သူမသည် ခရီးဆောင်အိတ်ကို ခဏတာ စိုက်ကြည့်ကာ ထန်ယီလို
လူစားမျိုးက ကုန်ပစ္စည်းများ ပြန်လဲရန် ကုန်တိုက်သို့ ခရီးဆောင်အိတ်ကို သယ်သွားမည်မဟုတ်ဟု
ခန့်မှန်းမိသည်။ သူမ မလိုချင်ဘူးဟုပြောလိုက်လျှင် ထန်ယီ ဒေါသထွက်သွားမည်မှာ အသေအချာပင်ဖြစ်သည်။
သို့သော် သူမ လက်ခံခဲ့သည်။ ဒီဘဝမှာ...သုံးလို့ကုန်နိုင်လောက်လား?
နှုတ်ခမ်းနီတွေမှာ သက်တမ်းရှိလား။
၎င်းသည် ထန်ယီ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို အမှန်တကယ်
ကျင့်သားရနေပြီဟု သူမ ခံစားလာရပြီး ခုနက ထန်ယီ၏ ရုတ်တရက် နမ်းခြင်းကို သူမ အံ့သြသွားတော့မည်မဟုတ်ပေ။
ဘုရားရေ! လေ့လာ! အသုံးချခံ!
သူမသည် ထန်ယီအတွက် ခြွင်းချက်တစ်ခုသာဖြစ်ကြောင်း
သူမကိုယ်တိုင်သိနေသည်။
တစ်စုံတစ်ယောက်က သူမကို ဒီလိုဆက်ဆံလျှင် ခေါင်းကို
ခုန်အုပ်ပြီး ရိုက်နှက်မှာ သေချာနေပေမယ့် ဒီလူကတော့ ထန်ယီဖြစ်နေသောကြောင့် သူမသည် ဘာမှမစဉ်းစားတော့ပေ။
ဓာတ်ပုံရိုက်သည့်အခါ ထန်ယီ၏ စွမ်းဆောင်ရည်က အမြဲတမ်း
သဘာဝမကျခဲ့ပေ။
ထန်ယီ၏ပခုံးပေါ် ဟယ်ယီရှား၏ လက်တင်လိုက်သည့်အခါ
ထန်ယီသည် မသိစိတ်က ရှောင်သွားခဲ့သည်။ ဟယ်ယီရှားအား သူ့ကိုပေးမထိခင် ခဏလောက် တုံ့ဆိုင်းနေခဲ့သည်။
ဟယ်ယီရှားသည် ရိုက်ကူးရေးအတောအတွင်း သူမကပဲ အရင်စပြီး လုပ်ဆောင်နေရသည်ဟု အမြဲခံစားခဲ့ရပြီး
ထန်ယီ သည်လည်း တရင်းတနှီးနေပေးခဲ့သည်။
ထိုလူနှစ်ယောက်ကို ကြည့်ရင်း အဆင်မပြေသည်ကို မြင်လိုက်ရာ
ယွင်ကျန့်သည် အနည်းငယ် စိုးရိမ်သွားပြီး “ကျွန်မထိုင်ပြီး စကားပြောမှရတော့မယ်၊ ရှင်တို့
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာစေဖို့”
သူတို့နှစ်ယောက်သားသည် တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောခဲပြီး
ရင်းနှီးသလိုပုံစံနှင့် ဟန်ဆောင်ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။
“ဒါက ကြင်ဖက်တွေ့တာမျိုး မဟုတ်ဘူး” ထန်ယီက ပြတ်ပြတ်သားသား
ငြင်းလိုက်သည်။
“အတင်းအကြပ် စကားမပြောခိုင်းတာက ပိုကောင်းပါတယ်၊
ဒါကအလုပ်ပဲဟာ၊ ဘာမှမဟုတ်ပါဘူး” ဟယ်ယီရှားကတော့
သိပ်ဂရုမစိုက်ပေမယ့် ဓာတ်ပုံရိုက်ပြီးသွားသည်နှင့် သွားကြည့်လိုက်သည်။
ယွင်ကျန့်က အားနာနာနှင့် ပြုံးပြလိုက်သည်။ နောက်ထပ်ရိုက်ကူးမှုမှာတော့
ဓာတ်ပုံဆရာနှင့် အလုပ်ဆက်လုပ်ပြီး ကိုယ်ဟန်အနေအထားကို သင်ပေးရမည်။
အဖွဲ့တစ်ဖွဲ့တွင် ထန်ယီက ခေါင်းငုံ့လိုက်ကာ ဟယ်ယီရှားက
ခေါင်းကို မော့ပြီး နှစ်ယောက်သား နမ်းမလိုဖြစ်နေသော်လည်း မနမ်းတော့ပေ။ ယွင်ကျန့်က အနီးကပ်
ငုံ့ကြည့်ရင်း သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး “နင်တို့ ဒီထက်ပို နီးအောင်
ကပ်ပေးလို့ရမလား” ဟုလေးလေးနက်နက် မေးလိုက်သည်။
နောက်ဆုံးတော့ ထန်ယီက ချက်ခြင်း နောက်ပြန်ဆုတ်သွားပြီး
သူ့ပုံစံက လုံးဝဖြူဖက်သွားသည်။
ယွင်ကျန့်သည် ဤပုံစံသည် မဟုတ်တော့ကြောင်း ခံစားမိသောကြောင့်
ဟယ်ယီရှားကို သူ့အတွက် တောင်းပန်ခဲ့ရသည်။ ထို့နောက် ဟယ်ယီရှားကို အရင် အနားယူခွင့်ပေးပြီး
ထန်ယီကို အဝေးသို့ ခေါ်သွားပြီး သူနှင့် တစ်ယောက်တည်း စကားပြောဖို့ စီစဉ်ထားသည်။
“ယောက်ျားနဲ့ မိန်းမ ဇာတ်ဝင်ခန်းတွေ ရိုက်ရတာ
ရှင့် အဲ့လောက်တောင် သဘာဝကျကျ မလုပ်နိုင်ဘူးလား” ယွင်ကျန့်သည် မှန်တင်ခုံပေါ်မှာ ထိုင်ရင်း
ထန်ယီကို ကြည့်ရင်း မေးလိုက်သည်။
ကော်ဖီသောက်ရင်း ကုလားထိုင်ပေါ်ထိုင်နေသော ထန်ယီက
သဘာဝမကျစွာ ပြောလိုက်သည် “မင်းရှေ့မှာပဲ ငါအဲ့လိုမျိုးတွေ မလုပ်တတ်တာ၊ ငါအမြဲတမ်း...
အပြစ်ရှိသလို ခံစားရတယ်” ဟု ပြောလိုက်သည်။
“ဘာလို့လဲ?”
“မင်းဝမ်းနည်းသွားမှာကို ငါကြောက်တယ်”
“ရိုက်ကူးရေးအတွက် ပူးပေါင်းလုပ်ပေးတာပဲ ကျွန်မက
ဘာလို့စိတ်ဆိုးရမှာလဲ”
ထန်ယီအတွက် ပထမဆုံးအကြိမ် ချစ်မိသွားခြင်းလည်းဖြစ်သည်။
ထို့ကြောင့် သူသည် အခြားမိန်းကလေးတစ်ဦးနှင့် အလွန်ရင်းနှီးပြရပြီး အတူတူရှိနေစဉ်တွင်
သူ့ချစ်သူရှေ့တွင် ဓာတ်ပုံရိုက်နေခဲ့ရသည်။ ထိုအရာအတွက် ယွင်ကျန့် ဒေါသထွက်မှာကို ကြောက်မိသောကြောင့်
သူသည် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
ယွင်ကျန့်သာ အမှန်တကယ် ဒေါသထွက်လျှင် ဒါဟာ တကယ့်ကို
ဆိုးရွားတဲ့ ဘေးအန္တရာယ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
အခုမှပဲ သူက ဟယ်ယီရှားနှင့် အလွန်ရင်းနှီးပြသော်လည်း
အခြေအနေမှာ အလွန်ရှုပ်ထွေးနေဆဲဖြစ်သည်။ နောက်ဆုံးတော့ ယွင်ကျန့်သည် မျက်လုံးများကို
ကျယ်ကျယ်ဖွင့်ကာ သူတို့ကို တစ်ချိန်လုံး စိုက်ကြည့်နေပြီး သူတို့ချင်း ရင်းနှီးလာစေပြီး
ထန်ယီသည် အိပ်ရာပေါ်တွင် အဓမ္မပြုကျင့်ခံရသကဲ့သို့ပင် ခံစားခဲ့ရသည်။
အပြစ်ရှိသလိုခံစားနေရသည်။
အထဲမှာတော့ ကြောက်စိတ်။
“တောင်းပန်ပါတယ် ကိုယ့်ကိုယ်ကို ပြန်ပြင်လိုက်ပါ့မယ်”
ထန်ယီက ပြန်ပြောပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
“စိတ်ခံစားမှုကို ထုတ်ပြတဲ့ ဇာတ်ရုပ်ကို သွင်းဖို့ကရော
ခက်နေတုန်းပဲလား” ယွင်ကျန့်က မှန်တင်ခုံပေါ်က ခုန်ဆင်းပြီး ထန်ယီကို မေးလိုက်သည်။
“အိုကေ”
သူမက ထန်ယီနား လာရန် အစပျိုးခဲ့ပြီး ထန်ယီ၏ရင်ခွင်ထဲတွင်
ထိုင်ကာ ထန်ယီ၏ နောက်ကျောထိ လက်မျာဖြင့် ပွေ့ဖက်ထားပြီး ထန်ယီ၏ ပုခုံးပေါ်တွင် မေးစေ့တင်လိုက်သည်-
“ခံစားကြည့်ရအောင်”
ထန်ယီက သူ့လက်ကို မြှောက်လိုက်ပြီး ယွင်ကျန့်ကို
ပွေ့ဖက်လိုက်သည်။ သူက အရပ်ရှည်ပြီး လက်တံရှည်သည့်အတွက် ယွင်ကျန့်ကို တင်းတင်းကြပ်ကြပ်
ဖက်ထားနိုင်ခဲ့သည်။
ထွေးပွေ့မှုဟာ တကယ်ကို ကျေနပ်စရာဖြစ်နေသည်။ အထူးသဖြင့်
သူသဘောကျနေသည့်သူကို ထွေးပွေ့ရခြင်းကို အလွန်ကျေနပ်မိသည်။
“ရှင် ရသွားပြီမလား” ယွင်ကျန့်က မေးလိုက်သည်။
“မရသေးဘူး၊ ခဏလောက် ဆက်ဖက်ထားပေးဦး” ထန်ယီက စပြီး
နောက်တော့သည်။ သူသည် ယွင်ကျန့်ကို ဤကဲ့သို့ တနေကုန် ဖက်ထားချင်သည်မှာ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်။
“ဇာတ်ညွှန်းထဲမှာ ရှင်က ဟယ်ယီရှားကို လေးလေးနက်နက်
ချစ်တယ်။ သူက ရှင့်ရဲ့ နတ်ဘုရားမပဲ။ ရှင့်ဘဝက အမှောင်ထဲမှာ၊ သူကသာ ရှင့်ရဲ့ ပံ့ပိုးပေးမယ့်သူပဲ။
ရှင်သူ့ကို ဆယ်နှစ်ဆယ်မိုး ချစ်ခဲ့တယ်၊ အထက်တန်းကျောင်းတက်တုန်းက သုံးနှစ်နဲ့ ရဲသင်တန်းကျောင်းမှာ
လေးနှစ်လောက် ချစ်ခဲ့တယ်။ ဘွဲ့ရပြီး နှစ်နှစ်လောက်မှာ သူနဲ့ကွဲသွားခဲ့တယ်၊ ဒါပေမယ့်
ရှင်သူ့ကို ချစ်လို့ လမ်းခွဲခဲ့တာက သူ့ကို အရမ်းချစ်လို့၊ သူကသာ ရှင့်ဘဝရဲ့ အရေးကြီးဆုံးလူတစ်ယောက်ပဲ၊
ပြီးတော့ ပြန်တွေ့မယ့်အချိန်က သူနဲ့လမ်းခွဲပြီး တစ်နှစ်အကြာမှာ”
“ဟုတ်တယ်” ထန်ယီက ပြန်ဖြေလိုက်သည်။
“ရှင်သူ့ကိုချစ်ပေမယ့် ထိလို့မရဘူး။ ရှင့်ဆီကို
သူအကြိမ်ကြိမ် ပြန်လာခဲ့ပေမယ့် ရှင်မှာငြင်းပိုင်ခွင့်သာရှိခဲ့တယ်။ ရှင့်ရဲ့ခံစားချက်တွေက
အောင့်သက်သက်ဖြစ်နေခဲ့တယ်။ အရမ်းကိုနက်နဲတဲ့အချစ်၊ ချစ်လွန်းလို့ နာကျင်ရတယ်”
“အိုကေ”
“နားလည်လား”
“အိုကေ”
“ရှင့်ရဲ့ အတွေးတွေကို ပြောပါဦး” ယွင်ကျန့်သည်
ထန်ယီသည် သိပ်ပြီးအားမထုတ်တတ်ဘူးဟု အမြဲခံစားရသည်။
“ငါတို့နှစ်ယောက်လိုပဲ” ထန်ယီသည် ပျင်းရိပျင်းတွဲနှင့်
အလွန်နားထောင်ကောင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။ ငပျင်းလေးသည် မျောက်မောင်းမကဲ့သို့
သူမကို ပွေ့ဖက်ထားကာ အသည်းပုံလေးကို လက်ညှိုးဖြင့် သူမကျောပေါ်သို့ ရေးဆွဲလိုက်သည်။