အပိုင်း ၇
Viewers 947

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

 

အပိုင်း

 

 

 

                        

ကုလျန်ရုန် အိမ်ပြန်ရောက်သောအခါ မိသားစုဝင်အားလုံး ညစာစားဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။

 

                       

 ရွှီကျင်းဖန် ပြုံး၍ပြောလိုက်သည်။ "တတိယမြောက်ကလေး ပြန်ရောက်ပြီပဲ"

 

                                

ကျန်းထျန် ရွှီကျင်းဖန် ပြောသည်ကိုကြား၍ ခေါင်းလှည့်ကာ အနာဂတ်တွင် တရုတ်ပြည်၌ အချမ်းသာဆုံးအဓိကအမျိုးသား ဇာတ်လိုက်ဖြစ်လာမည့် ကုလျန်ရုန်ကို ကြည့်လိုက်သည်။

 

                              

သူမ ခေါင်းပြန်လှည့်ကာ စားပွဲပေါ်က ခမ်းနားလှသော ညစာကိုကြည့်လိုက်သည်။ အချမ်းသာဆုံးဖြစ်မည့်လူက အခုသူမလောက် လောဘမကြီးဘူးဘဲ။

 

                       

ကုလျန်ရုန် ခေါင်းကုတ်လိုက်ပြီး အသားအနံ့များကို ခံရင်း အနောက်ခြံက ရေတွင်းသို့ ခြေလက်ဆေးကြောရန် သွားလိုက်သည်။

 

                           

အသားဟင်း၊ အရံဟင်း၊ ပန်ကိတ်များကို ကြည့်ရင်း ကျန်းထျန် တစ်ခုခုလိုနေသေးသလို ခံစားရသည်။ "အမေ၊ ပန်ကိတ်ကို ဒီတိုင်းစားရင် နင်မိလိုက်မယ်။ သမီးတို့ ကြက်ဥစွပ်ပြုတ် ထပ်လုပ်လိုက်မလား?"

 

                        

ရွှီကျင်းဖန်မှာ အစားအသောက်နှင့် ပတ်သက်လျှင် ကပ်စေးကုတ်သည် မဟုတ်ပါ။ အလေအလွင့်ဖြစ်သည်ကိုသာ နှမြောသည်ဖြစ်သည်။

 

                             

ကုချန်းချင် မဆုံးခင်၊ ကုလျန်ရွှမ် ခြေထောက်ကောင်းစဥ်အခါက မိသားစုဝင်ငွေက ကောင်းပြီး လတိုင်း ဝင်ငွေအမြဲရှိသည်။ အနောက်ခြံတွင် မွေးထားသော ကြက်များကလည်း တစ်နေ့ ၂လုံး ၃လုံး အမြဲဥ၍ ကလေးတွေအတွက် အမြဲအပိုချက်နေကျဖြစ်သည်။

 

                        

ရွှီကျင်းဖန် စားပွဲပေါ်က ဟင်းများကိုကြည့်ရင်း စွပ်ပြုတ်ချက်လျှင် ပိုကောင်းမည်ဖြစ်၍ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ သမီးတို့ အရင်စားနှင့်။ အမေ မီးဖိုချောင်သွားပြီး ကြက်ဥစွပ်ပြုတ်လုပ်လိုက်ဦးမယ်။ တစ်ခါတည်း အမွှာလေးတွေအတွက်ပါ နို့မှုန့်ဖျော်လိုက်မယ်"

 

                         

သူမပြောပြီး မီးဖိုချောင်ဘက်သွားရင်း ထပ်ပြောလိုက်သည်။ "စားပြီးရင် တစ်ခါတည်းသိမ်းလိုက်။ စားနှင့်ကြ။ အမေ့ကို မစောင့်နဲ့!"

 

                   

ကုလျန်မင် ထမင်းစားပွဲတွင်ထိုင်ရင်း ကျန်းထျန်ကို ခဏခဏ ကြည့်နေမိသည်။ သူမ အမေ၏ ဒေါသက ကျန်းထျန်ရှေ့တွင် ဘာကြောင့်အလုပ်မလုပ်သည်ကို သူမနားမလည်ပါ။ ကျန်းထျန်က စွပ်ပြုတ်သောက်ချင်သည်ပြော၍ သူမအမေက တစ်ခါတည်း သဘောတူလိုက်သည်!!

 

                      

သူမသာ အဲ့လိုပြောလျှင် တတိယမြောက်အကိုနှင့် အကိုအကြီးဆုံးက သဘောတူမည်မဟုတ်။ အမေကလည်း တံမြက်စည်းနှင့် ရိုက်မည်ဖြစ်သည်။ စားရလျှင်တောင်မှ အရိုက်ခံပြီးမှ စားရသည်။

 

                     

ကုလျန်မင် သူမအသက်၈နှစ်မပြည့်ခင်ထိ ကြက်ဥတစ်နေ့ တစ်လုံးစားခဲ့ရသည်ကို မှတ်မိပါသေးသည်။ ဒါကို တွေးမိသွား၍ ကုလျန်မင် ရှောင်းဝူနှင့် ရှောင်းလျိုအတွက် စိတ်မကောင်းဖြစ်သွားသည်။ အမွှာအကြီးလေးတွေမှာ ၇နှစ်မပြည့်ခင်ကပင် ကြက်ဥမစားရတော့သဖြင့် သူမထပ်ပင်အခြေအနေဆိုးသေးသည်။

 

                     

 လူတွေက ကိုယ်က သူများထက် နည်းနည်းသာလျှင် စိတ်အနည်းငယ် ဖြေသာသွားကြသည်။ ကုလျန်မင် ရွာက တချို့လူတွေ တစ်ခြားမိသားစုက သူတို့ထက်သာမည်ကို ဘာလို့မမြင်နိုင်ကြကြောင်း နားလည်သွားသည်။

 

                         

ပင်မအခန်းတံခါးဝမှာ ကျန်းထျန် ခြေသလုံးနီးပါး မြင့်သည်။ ကုလျန်ရွှမ် ဝှီးချဲနှင့်ဖြစ်ပြီးနောက် အိမ်အဆင်းအတက် သွားရအဆင်ပြေစေရန် သစ်သားဘုတ်ပြားခံထားသည်။ သို့သော် ဝှီးချဲကို တွန်းရသေးသည်ဖြစ်သည်။ သို့သော် ဒီအတိုင်း ရွှေ့သည်ထပ်တော့ ပိုအဆင်ပြေသည်။ မဟုတ်လျှင် ကုလျန်ရုန်နှင့် ရွှီကျင်းဖန် ပေါင်း လျှင်တောင် နေ့တိုင်းအဆင်မပြေနိုင်။

 

                     

အလုပ်ရှုပ်သည့်တိုင် သူတို့ ကုလျန်ရွှမ်ကို အသုံးမဝင်သည့်လူကဲ့သို့ အခန်းထဲတွင်သာ အိပ်လိုက်စားလိုက် မနေစေချင်၍ ကုမိသားစု နောက်ပိုင်း သစ်သားဘုတ်ပြားကို အတက်အဆင်းတွင် ခံထားခြင်းဖြစ်သည်။

 

                   

ကုမိသားစုက တကယ်ပင် ကုလျန်ရွှမ် စိတ်အခြေအနေအဆင်ပြေရန်အတွက် အပင်ပန်းခံစဥ်းစားပေးခြင်းဖြစ်သည်။

 

                           

ကုလျန်ရုန်နှင့် ရွှီကျင်းဖန်သာ ကုလျန်ရွှမ်ကို ပင်မအိပ်ခန်း အတက်အဆင်း တွန်းတင်ရန် တာဝန်ယူထားကြသည်။ ကုလျန်မင်မှာ ၁၃နှစ်သာရှိသေးသည်။ သစ်သားဘုတ်ပြားမှာ မတ်စောက်၍ သူမတစ်ယောက်တည်းနှင့် တွန်းမတင်နိုင်ပါ။

 

                      

ယခု ညစာစားမည့်အချိန် ရောက်ပြီဖြစ်သည်။ ရွှီကျင်းဖန်က မီးဖိုချောင်တွင်ဖြစ်ပြီး ကုလျန်ရုန်မှာ အနောက်ခြံတွင်သာရှိသေးသည်။ ကုလျန်ရွှမ်ကတော့ အပင်အောက်တွင်ဖြစ်သည်။ ကုလျန်ရွှမ် ငူငူငိုင်ငိုင်နှင့် တစ်ယောက်တည်း အပစ်ထားခံသလို အမူအရာဖြင့်ထိုင်နေသည်ကိုမြင်၍ ကျန်းထျန် ဆက်မကြည့်နိုင်တော့။

 

                    

သူမ သက်ပြင်းချလိုက်ပြီး နောက် ကုလျန်ရွှမ်ကို သွားကြည့်လိုက်သည်။

 

 

ကုလျန်ရွှမ် သူ့အမေ ဒီည ပန်ကိတ်အလုံအလောက်လုပ်ထားသည်လား? သူဒီည ပန်ကိတ်နှင့် အသီးအရွက်များကို ဗိုက်အပြည့် စားသင့်လား၊ သို့မဟုတ် ပန်ကိတ် ၂ခု ၃ခုလောက်စားပြီး ရေပဲသောက်နေရမလား? ရေသောက်များပြီး သူ ညဘက် အိမ်သာသွားနေရရင်ရော?

 

                               

 ပန်းပွင့်များ ထိုးထားသည့် အနက်ရောင်အဝတ်ဖိနပ်က သူ့ရှေ့ပေါ်လာ၍ ကုလျန်ရွှမ် ခေါင်းမော့ကြည့်လိုက်သောအခါ အံ့သြသွားသည်။ "ကျန်းထျန်?"

 

                              

"ကျွန်မ ရှင့်ကို ညစာစားဖို့ ပင်မအခန်းကို တွန်းသွားပေးဖို့ လာတာ" ကျန်းထျန် ပြောရင်း ဝှီးချဲကို တွန်းလိုက်သည်။

 

                    

 ကုလျန်ရွှမ် တွန်းသည်ကို ခံစားလိုက်ရ၍ ကျန်းထျန်ကို လှည့်ကြည့်လိုက်သည်။ သူမ တည်ငြိမ်နေပြီး အနည်းငယ်ပင်ပြုံးနေကာ စိတ်ကြည်နေပုံ ပေါ်၍ ကုလျန်ရွှမ် နားမလည်နိုင်ဖြစ်သွားသည်။

                        

 

ကျန်းထျန် စိတ်ကြည်သောအခါ သူ့ကိုတွေးသည်လား? ပုံမှန်ဆိုလျှင် သူ့အမေ သူ့အတွက် ဝယ်ပေးသော ဖြည့်စွက်စာတွေကို တွေးသည်မဟုတ်ဘူးလား?

 

                     

တံခါးဝနားကပ်ကပ်လာသည်ကိုမြင်၍ ကုလျန်ရွှမ် ချွေးပြန်လာသည်။ ကျန်းထျန် ရုတ်တရက် စိတ်မကြည်ဖြစ်ကာ သူ့ကို သစ်သားဘုတ်ပြားမှ တွန်းချလျှင် သူဘာမှမတတ်နိုင်ပါ။

 

                      

ကုလျန်ရုန် ရေတွင်းတွင် ခြေလက်သန့်စင်ပြီး၍ အသားစားရန် ခြံအရှေ့ဘက်သို့ ရောက်လာသောအခါ အိမ်ထောင်ကျသည့် သုံးလအတွင်း တံမြက်စည်းတောင်မကိုင်သော သူ့မရီးက သူ့အကိုအကြီးဆုံးကို ပင်မအခန်းဆီသို့ တွန်းသွားသည်ကို တွေ့လိုက်သည်။

 

                        

ကုလျန်ရုန် ကောင်းကင်ကို မော့ကြည့်ပြီး ဒီနေ့ နေအရှေ့ဘက်မှထွက်၍ အနောက်ဘက်တွင်ဝင်သည်။ မိုးလည်းမရွာပါ။ ပုံမှန်သည်သာဖြစ်သည်။

                       

 

မူမမှန်သည်က သူ့မရီးဖြစ်နေသည်။

 

                      

 "မရီး၊ ကျွန်တော်လုပ်လိုက်ပါ့မယ်!" ကုလျန်ရုန် မျက်နှာကိုအသည်းအသန် ပွတ်လိုက်ပြီးနောက် ကျန်းထျန်လက်မှ တိတ်ဆိတ်နေသော သူ့အကိုအကြီးဆုံးကို ပြောင်းယူရန် အမြန်ပြေးသွားလိုက်သည်။ "မရီးက ဒီနေ့ မြို့ကိုသွားထားရတာ၊ ပင်ပန်းနေမှာ။ ကျွန်တော်ပဲတွန်းလိုက်ပါမယ်"

 

                      

ကျန်းထျန်မှာ ပင်ပန်းသည်ကို မခံနိုင်၍ မြို့သို့ မြည်းလှည်းနှင့်သွားသည်ကို တစ်မိသားစုလုံး သိပြီးဖြစ်သည်။

 

                         

ကျန်းထျန်ဘေးသို့ အတွန်းခံလိုက်ရ၍ လှည့်ကြည့်လိုက်သောအခါ ကြောက်လန့်နေပုံပေါ်သော ကုလျန်ရုန်နှင့် ဝှီးချဲပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေသော ကုလျန်ရွှမ်ကိုတွေ့လိုက်ရသည်။

                          

 

ကျန်းထျန် သူမကြောင်သွားသည်လားဟု တွေးမိသွားသည်။ ကုလျန်ရွှမ်၏ သနားစရာပုံစံကြောင့် သူမ ကြင်နာမိသွားသည်လား?

 

                       

"အဟမ်း၊ ဘာမှမခက်ပါဘူး။ ပြီးတော့ အစ်မ ညစာမြန်မြန်စားချင်လို့" ကျန်းထျန် ရုပ်တည်လိုက်ပြီး သူမ၏ခုနက အမူအရာမှာ ညစာမြန်မြန်စားချင်၍လုပ်သည့်ပုံဖမ်းလိုက်သည်။

 

                 

ကုလျန်ရုန် ရယ်လိုက်ပြီး ရွဲ့လိုက်သည်။ "အစ်မ ဘယ်တုန်းက ကျွန်တော်တို့ကို ညစာစားဖို့စောင့်လို့လဲ?"

 

                    

ကျန်းထျန် - "..."မဟုတ်သေးပါဘူး။ မူလပိုင်ရှင်က သူမအဖွား၏နေရာတွင် အလွန်သိတတ်ပါသည်။ ကုမိသားစုအိမ်ရောက်မှ ဘယ်လိုဖြစ်ပြီး ပျင်းသည့်ပုံစံပြောင်းလိုက်ရသနည်း?

 

                             

ကျန်းထျန် နားမလည်နိုင်စွာ ထမင်းစားပွဲတွင် ထိုင်လိုက်သည်။

                            

 

ရွှီကျင်းဖန် ကြက်ဥစွပ်ပြုတ် တင်လိုက်ရင်း ပြောလိုက်သည်။ "သမီးတို့ အရင်စားနှင့်။ အမေ အမွှာအငယ်တွေကိုကြည့်ဖို့ ရှောင်းဝူ၊ ရှောင်းလျိုနဲ့ လူလဲလိုက်ဦးမယ်" နောက် ကုလျန်ရုန်နှင့် ကုလျန်မင်ကိုမှာလိုက်သည်။

 

 

 "နင်တို့၂ယောက် စားပြီး ငါနဲ့လူလဲပြောပြီးပြီးချင်း ရွှီကျင်းဖန် အရှေ့အခန်းသို့ သွားလိုက်သည်။

 

                       

ကုလျန်မင် တူကိုကောက်ကိုင်လိုက်ပြီး ဟင်းပွဲကိုစားရန်ပြင်လိုက်သည်။ ကျန်းထျန် ကုလျန်မင်ပုံစံကိုမြင်၍ လက်ကိုရိုက်လိုက်သည်။

 

                         

ကုလျန်မင် မကျေမနပ်ဖြစ်သွားပြီး "ဘာလို့ ကျွန်မကိုရိုက်တာလဲ? ဘာဖြစ်တာလဲ? ဘာလို့ကျွန်မကို အသားစားခွင့် မပေးတာလဲ? အစ်မ ဝယ်တဲ့အသားက အကိုအကြီးဆုံးရဲ့ငွေ၊ မိသားစုပိုက်ဆံနဲ့ဝယ်ထားတာ!!"

 

                      

ကျန်းထျန် - " အမေ့အတွက် အရင်သိမ်းထားရမှာ မသိဘူးလား?"

 

                        

ကုလျန်မင် ဒီလိုကြောင့် တားသည်ဟု မထင်မှတ်၍ ခေါင်းငုံ့သွားကာ အသံတိုးတိုးနှင့် ပြန်ပြောလိုက်သည်။ "သမီးတို့စားပြီးမှ အမေ့အတွက် သိမ်းထားလို့ရတာပဲ"

 

                      

ကျန်းထျန် ဝက်ဗိုက်သားကြီးကြီးတစ်ခုကို ပန်းကန်လုံးထဲထည့်လိုက်ပြီး ခြင်းထဲမှ ပန်ကိတ်၃ခုကိုပါယူလိုက်သည်။ သူမ ကုလျန်မင်ပြောသည်ကို ကြား၍ "တူတွေသုံးပြီးမှ အမေ့အတွက် ချန်မလို့လား? အမေ့ကို ငါတို့တံတွေးတွေ စားစေချင်တာလား?"

 

 

ကျန်းထျန် ထိုသို့ပြောပြီး အသီးအရွက် ပန်းကန်လုံးအပြည့်ထည့်လိုက်သည်ကို ကုလျန်မင်မြင်ပြီး သူမအမေ ကျန်းထျန်ကို ဘာကြောင့် အရမ်းသဘောကျသည်ကို နားလည်မိသလို ခံစားလိုက်ရသည်။    

 

                          

ကုလျန်ရုန် ကျန်းထျန်ပြောသည်ကိုကြားပြီး အသားယူမည့်ဟန် ပြင်ထားသော သူ့တူများကိုပါ ရုတ်လိုက်သည်။

 

                         

ကျေးရွာကလူများမှာ ဒီလိုကျင့်ဝတ်များကို သိပ်ဂရုစိုက်လေ့မရှိပါ။ သို့သော် ကုမိသားစုက မတူပါ။ အသားဟင်းပွဲစားရသည်မှာရှားလှ၍ စိတ်လောပြီး မေ့သွားခြင်းဖြစ်သည်။

 

                      

ကုလျန်ရုန် ကုလျန်မင်အစား ကူရှင်းပြပေးလိုက်သည်။ "မရီး၊ အထင်မလွဲပါနဲ့၊ ရှောင်းမင်က လောဘကြီးသွားလို့ပါ။ အိမ်က မိသားစုဝင်တွေက တူမသုံးခင် အစားအစာတွေကိုချန်ထားနေကျပါ"

 

                          

ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ "အစ်မသိတယ်" သူမ ရွှီကျင်းဖန်အတွက် အစားအစာတွေကို ဖယ်ထားလိုက်ပြီး ထပ်ပြောလိုက်သည်။ "အမွှာလေးတွေ လာတာစောင့်လိုက်ဦး၊ တူတူစားကြမယ်"