အပိုင်း ၈
Viewers 951

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

 

အပိုင်း

 

 

                     

အမွှာအကြီးလေးတွေအစား ရွှီကျင်းဖန် လူလဲလိုက်သဖြင့် အမွှာအကြီးလေးတွေ ထမင်းစားရန် အမြန်ပြေးသွားကြသည်။

 

                      

လူစုံသည်နှင့် ညစာစစားလို့ရပြီဖြစ်၍ တူများအားလုံး စားပွဲအလယ်က အသားဟင်းသို့ညရောက်သွားကြသည်။

 

                        

ကျန်းထျန် ဝက်သားနှပ် တစ်ဖက်ယူလိုက်၍ ပါးစပ်ထဲထည့်လိုက်သည်။ အဆီ၊အသားမှာ နူးညံ့နေပြီး မအီပါ။ ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်။ ထင်းမီးဖိုတွင် အိုးကြီးနှင့်ချက်ထားသော အသားမှာ အရမ်းအရသာရှိလှသည်။

 

                        

ကျန်းထျန် ပန်ကိတ်ကို တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ပန်ကိတ်မှာ ရွှေရောင်သန်းပြီး ကြွပ်ရွနေသည်။ ပြောင်းအချိုအရသာနှင့် အနည်းငယ် ငံသောအရသာရောနေသည်။ သူမ ဒီလိုထူးခြားပြီး အရသာရှိလှသောပန်ကိတ်ကို မစားဖူးပါ။

 

                       

ကြာဆံမှာ အရသာထူးခြားပြီး အာလူးမှာ နူးအိနေကာ ပဲများမှာ အလွန်အရသာရှိသည်။ မုန်လာဥနှင့် ငရုတ်အပွမှာ အနည်းငယ်စပ်သော်လည်း အစားအစာများကို ပိုခံတွင်းမြိန်စေသည်။ ကျန်းထျန် အစားအသောက်နိဗ္ဗာန်ကမ္ဘာထဲ ရောက်သွားသလို ခံစားနေရသည်။

 

                       

ဟင်းခတ်အမွှေးအကြိုင်များမရှိ၍ အရသာမှာ ထူးဆန်းနေမည်ဟု ကျန်းထျန်ထင်ခဲ့သော်လည်း အစားအစာများမှာ အရမ်းအရသာရှိနေသည်။

 

                 

ကျန်းထျန် နှစ်ခြိုက်စွာ ဆက်တိုက်စားရင်း  ပန်ကိတ်၃ခုပင်ကုန်သွားပြီဖြစ်သည်။

 

                  

သူမ အများကြီး စားလိုက်မိပြီ ထင်လိုက်သော်လည်း သူမဘေးမှ ကုလျန်ရွှမ်နှင့် ကုလျန်ရုန်မှာ စားနေကြတုန်းဖြစ်သည်။

 

                     

သူတို့၂ယောက်မှာ ဘေးသို့ပင်မကြည့်ပဲ ဆက်တိုက်စားနေကြသည်။ ပန်ကိတ်တစ်ခုစားပြီးနောက် နောက်တစ်ခုကို ထပ်ကိုင်လိုက်သည်။ ၂ကိုက်၃ကိုက်စားပြီးကုန်သွားလျှင် နောက်တစ်ခုက ပန်းကန်ထဲတွင် အသင့်နေရာယူပြီးဖြစ်သည်။

 

                 

ကျန်းထျန် သူတို့ကိုကြည့်ရင်း အံ့အားသင့်သွားသည်။

 

                  

ကုလျန်မင်မှာ သူမထက် ပိုစားနိုင်သည်။ ပန်ကိတ်၃ချပ်ကုန်သွားပြီဖြစ်ပြီး ၅ချပ်မြောက်ကို စားနေခြင်းဖြစ်သည်။

 

                        

အမြွှာ၂ယောက်မှာလည်း ဖြည်းဖြည်းချင်းဝါးစားနေကာ ပန်ကိတ် ၂ချပ်မြောက်ဖြစ်သည်။

 

                           

ကုမိသားစုက တစ်လဝင်ငွေမနည်းပေမယ့် အရမ်းဆင်းရဲသည့်အကြောင်းမှာ မည်သို့ကြောင့်ဖြစ်သည်ကို ကျန်းထျန် နားလည်လိုက်သည်။ အပေါ်ဆုံးသားအကြီး၂ယောက်မှာ အလွန်စားနိုင်ရုံမက အငယ်၃ယောက်မှာလည်း ထွားသည့်အရွယ်ဖြစ်၍ အများကြီးစားကြသည်။ ဒီနေ့ သူတို့စားသည့်ပုံကြည့်ပြီး စားစရာဘယ်လောက်ရှိရှိ မလောက်ကြောင်း သိလိုက်သည်။

 

                    

 ဒါတောင် ကျန်းထျန်နှင့် ရွှီကျင်းဖန်ကို ထည့်မတွက်ထားသေးပါ။ ကျန်းထျန် ခေါင်မိုးကိုကြည့်ရင်း စဥ်းစားကြည့်လိုက်သည်။ သူမမှတ်ဉာဏ်အရ ရွှီကျင်းဖန်သည်လည်း အလွန်သန်မာသည့်ပုံပေါ်၍ စားနိုင်လောက်သည်။

 

                     

ကျန်းထျန် - "....."သူမ တံတွေးမျိုချရင်း သူမ လောဘကြီးသည်ကိုမြင်ပြီး ကုမိသားစုတွင် ကုလျန်မင်တစ်ယောက်သာ ဘာလို့အပြစ်ပြောသည်ကို သဘောပေါက်သွားသည်။

 

                        

ကျန်းထျန်မှာ ပစ္စည်းကောင်းတွေကို လောဘကြီးသည်ဖြစ်ပြီး အစားအသောက်ပိုင်းတွင် လောဘကြီးသည်ကိုတော့ ကုမိသားစုကို မမီပါ။

 

                        

ကုလျန်မင် ပန်ကိတ်၆ချပ်စားပြီးနောက် ထပ်မစားနိုင်တော့၍ ဘေစင်တွင် ရေတစ်ခွက်ခပ်ပြီး ပါးစပ်ပလုတ်ကျင်းလိုက်သည်။ "ညီမ အမေနဲ့ လူသွားလဲလိုက်တော့မယ်  !"

 

                       

ကုလျန်ရွှမ်နှင့် ကုလျန်ရုန် မော့မကြည့်ဘဲ ခေါင်းသာညိတ်ပြီး "ကောင်းပြီ"လို့ပြောကြသည်။

 

                      

ကျန်းထျန်ကို ကုလျန်မင် အရှေ့အခန်း၌ ရွှီကျင်းဖန်နှင့် လူလဲသည်ကို မြင်လိုက်သည်။

 

                    

 ရွှီကျင်းဖန် လူတိုင်းစားကောင်းကြသည်ကို မြင်၍ ပြုံးကာပြောလိုက်သည်။ "လျန်မင်ရဲ့ ဟင်းချက်လက်ရာက တော်တော်တိုးတက်လာတာပဲ။ အမေ အရှေ့အခန်းထဲကနေ အနံ့တွေရပြီး တော်တော်ဆာလာတယ်"

 

                         

 ကျန်းထျန် ထလိုက်ပြီး ဖယ်ထားသော စားစရာများကို ဖွင့်လိုက်ရင်း ရွှီကျင်းဖန်ကို ပြောလိုက်သည်။ "အမေ၊ သမီး အမေ့အတွက် သိမ်းထားပေးတယ်"

 

                    

ရွှီကျင်းဖန် ပန်းကန်လုံးကြီးထဲတွင် ဝက်သားဖတ်များ စားစရာများ အပြည့်ထည့်ထားသည်ကိုမြင်ကာ ရင်ထဲ နွေးထွေးသွားသည်။

 

                       

သူမ ခေါင်းမဖော်တမ်း စားနေသောသားအကြီးဆုံးနှစ်ယောက်ကိုကြည့်ရင်း ထျန်ထျန်ကမှ သိတတ်ကြောင်း တွေးလိုက်သည်။

 

                         

သူမ အပြုံးနှင့် ကျန်းထျန်ဆီမှ ပန်ကိတ်နှင့် ဝါးတူကိုယူလိုက်သည်။ "ထျန်ထျန်၊ သမီးဘာလို့မစားတာလဲ?"

 

                       

ကျန်းထျန် ရွှီကျင်းဖန်အတွက် စွပ်ပြုတ်တစ်ခွက်ချပေးလိုက်သည်။ "အမေ၊ သမီး ဗိုက်ဝသွားပြီ" ရွှီကျင်းဖန်ကိုကြည့်ရင်း ထပ်ပြောလိုက်သည်။ "အမေ၊ သမီး ဗိုက်အရမ်းတင်းနေလို့ အစာကြေအောင် အနောက်ကတောင်မှာ ထင်းသွားကောက်လို့ရလား?"

 

 

"သွားလေ"ရွှီကျင်းဖန် ခေါင်းညိတ်လိုက်သည်။

 

                        

အရှေ့အခန်းမှာထိုင်ရင်း သူမစဥ်းစားကြည့်မိသည်။ ထျန်ထျန် သူမလက်ထပ်ပြီး အိမ်အလုပ်မလုပ်သည်မှာ ပျင်း၍မဟုတ်ပဲ သူမနေသားမကျသေး၍ ဖြစ်မည်။

 

                        

ထျန်ထျန်အဖိုးမှာ မနှစ်က ဆောင်းရာသီ၌ ဆုံးပါးသွားခဲ့သည်။ သူမမိဘတွေနှင့် ကောင်းကောင်းမရင်းနှီးသဖြင့် သူမအိမ်တွင်နေရသည်မှာ သိပ်အဆင်မပြေ။ ထို့ကြောင့် ကုမိသားစုတွင် နေရသည်မှာ ပို၍အဆင်မပြေဖြစ်မည်။

 

                     

ကုမိသားစုအိမ်တွင် ကိစ္စတစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့၍ ထျန်ထျန် ထိတ်လန့်ပြီး အလုပ်မလုပ်ချင်တာနေမည်။

 

                      

ပြီးတော့ ကုမိသားစုတွင် ထျန်ထျန်က သူမကိုသာသိသည်။ ဒီကလေးတွေက ထျန်ထျန် အဘိုးအိမ်မရောက်ဖူးသဖြင့် ထျန်ထျန်နှင့် မဆုံဖူးပါ။ ထျန်ထျန်က လက်ထပ်ပြီးသည်နှင့် ကုမိသားစု၏ အကြီးဆုံးချွေးမဖြစ်လာသဖြင့် ထိတ်လန့်တုန်လှုပ်ပြီး လုပ်ချင်စိတ်မရှိတာနေမည်။

 

                    

ရွှီကျင်းဖန် ကျန်းထျန်ကို ဘယ်လိုဖြစ်ဖြစ် အကောင်းဖက်ကတွေးပေးပြီး အကြောင်းပြချက် ရှာပေးသည်။ သူမအတွေးထဲတွင် သူမကိုငယ်စဥ်က သကြားလုံးပေးခဲ့သော ကလေးမမှာ ဘယ်လိုဖြစ်ဖြစ် ချစ်စရာကောင်းသည်ဖြစ်သည်။

 

                   

"ရှောင်းဝူနဲ့ ရှောင်းလျိုကိုလည်း သမီးနဲ့ တူတူသွားခိုင်း။ ကလေးတွေ စားတာများပြီး ဗိုက်မကောင်းဖြစ်မှာစိုးလို့" ရွှီကျင်းဖန် ကလေး၂ယောက်ကို ပန်ကိတ်ဆက်မယူရန်တားလိုက်ပြီး မာန်လိုက်သည်။

 

 

 "သားတို့ ဘယ်လောက်စားပြီးပြီလည်း? ထပ်မစားနဲ့တော့။လအမေသိမ်းထားလိုက်တော့မယ်။ အခု ထျန်ထျန်နဲ့ တောင်ကို အရင်လိုက်သွားလိုက်။ နောက်ဆာမှထပ်စား"

 

                 

ကလေးတွေမှာ မတားလျှင် ဗိုက်တင်းတင်းမတင်းတင်း ဆက်စားမည်ဖြစ်သည်။ အမွှာအကြီးလေးတွေ ပန်ကိတ်ယူရန် လှမ်းနေသော လက်များကို ရုတ်လိုက်ကာ စိတ်ဓါတ်ကျနေသောအမူအရာဖြင့်  စားချင်သလောက်စားနေသော အကိုအကြီးဆုံးနှင့် တတိယမြောက်အကိုကို အားကျစွာကြည့်လိုက်သည်။ လူကြီးတွေမှာ သူတို့စားချင်သလောက် စားနိုင်သည်။

 

              

 ကျန်းထျန်နှင့် အမွှာ၂ယောက် ကျောတွင် ဝါးခြင်းကိုယ်စီနှင့် ထင်းကောက်ရန် အနောက်ဘက်ကတောင်သို့ သွားလိုက်သည်။ ဤတောင်ကို အလွန်ကျယ်ပြန့်သည်ဟု ပြောကြသည်။

 

 

အတွင်းပိုင်းထိ လျှောက်သွားလျှင်  ဝက်ဝံရိုင်းများ မြေခွေးများကို တွေ့နိုင်ပြီး လွန်ခဲ့သောနှစ်အချို့က ကျားများကိုပင် တွေ့သည်ဟု ပြောကြသည်။ ကုမိသားစုက ဤနေရာဝန်းကျင်တွင်နေသည်။ သစ်သား သို့မဟုတ် လူအရပ် တစ်ဝက်ခန့်မြင့်သော ရွှံ့နံရံများနှင့် ဆောက်ထားသော ရွာမှ တခြားအိမ်များနှင့်မတူဘဲ ကုအိမ်နံရံများမှာ တောင့်တင်းမြင့်မားသည်။

 

                        

ယခုအချိန်တွင် မည်သူမှ တောင်သို့မလာကြပါ။ တစ်မိသားစုလုံး အိမ်မှာစားလျှင်စား သို့မဟုတ် စားပြီးနောက် ရွာလယ်က ကြိတ်ဆုံကျောက်ကြီးတွင် ဝိုင်းဖွဲ့စကားပြောလေ့ရှိကြသည်။

 

                       

ကျန်းထျန် အရှေ့မှ လျှောက်ကာ တုတ်တစ်ချောင်းနှင့် လမ်းတွင်ရှိသောကျောက်ခဲများကို ဖယ်နေပြီး နောက်မှလိုက်လာသော အမွှာလေးများကိုပြောလိုက်သည်။ "မောင်လေးတွေ လက်ထဲထင်းတွေ အများကြီးကိုင်မထားနဲ့နော်။ များလာရင် အစ်မခြင်းထဲထည့်၊ ဟုတ်ပြီလား?"

 

                    

 "ဟုတ်ကဲ့"

 

                     

 "လိမ္မာလိုက်တာ"ကျန်းထျန်ချီးကျူးလိုက်သည်။ "ပြန်ရင် သကြားလုံးထပ်ပေးမယ်"

 

              

 အမွှာလေးတွေ ပျော်ရွှင်စွာ အော်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ မရီး"

 

                      

ထင်းတွေစုထားသည့်နေရာရောက်သောအခါ ကျန်းထျန်ရပ်လိုက်ပြီး "ဒီမှာပဲ ထင်းတွေစုထားကြမယ်။ မောင်လေးတို့၂ယောက် အစ်မ ရှိတဲ့နေရာကနေ ဝေးဝေးမသွားနဲ့နော်"

 

                    

အမွှာလေးတွေ ခေါင်းညိတ်ကာ အော်ပြောလိုက်သည်။ "ဟုတ်ကဲ့"

 

                      

ကျန်းထျန် အမွှာလေးတွေ ခေါင်းကိုကိုင်ပြီး "သွားလို့ရပြီ" အမွှာလေးတွေ အနောက်ဘက်တွင် ခုန်ပေါက်ပြီး အဆင်ပြေသည့်ပုံပေါ်မှ ကျန်းထျန် အပင်ကြီးတစ်ပင်နောက်တွင် မြန်မြန်ပုန်းလိုက်သည်။

 

                    

ဘယ်သူမှမရှိတာ သေချာအောင် ၂ကြိမ်လောက် လှည့်ကြည့်ပြီးမှ သူမစွမ်းအားများကို စစ်ဆေးလိုက်သည်။

 

        

သူမ ကမ္ဘာပျက်ခေတ်တွင် ရသည့် စွမ်းအားမှာ ပွားနိုင်သည့် စွမ်းအားဖြစ်သည်။ အစောပိုင်းအဆင့်တွင် အားနည်းပြီး နောက်ပိုင်းတွင် ပိုဆိုးသည့် စွမ်းအားဖြစ်သည်။

 

                  

 ဘာလို့ဒီလိုပြောရသည်လဲဆို သူမ ဒီခေတ်ကို မကူးပြောင်းခင် ကမ္ဘာပျက်ခေတ်တွင် စုစုပေါင်း စွမ်းအားအဆင့်၉ဆင့်ရှိသည်။ ပထမဆုံးအဆင့်မှ တတိယမြောက်အဆင့်ထိမှာ စတင်သူများဖြစ်ပြီး စတုတ္ထမြောက်အဆင့်မှ ဆဌမမြောက်အဆင့်မှာ အလယ်အလတ်အဆင့်ဖြစ်ကာ သတ္တမမြောက်အဆင့်မှ နဝမမြောက်အဆင့်ထိမှာ ကျွမ်းကျင်သူများအဆင့်ဖြစ်သည်။

 

                

အခြေခံပွားသည့်စွမ်းအားမှာ သက်မဲ့များကိုသာ ပွားနိုင်ပြီး အရွယ်အစားနှင့် ပမာဏမှာလည်း အလွန်ကန့်သတ်သည်။ သူမ ရေနှင့်အစားအစာ စသောပစ္စည်းများကိုသာ ပွားဖို့ အသုံးပြုသည်။

 

 

ပထမအဆင့်ဖြင့် တစ်နေ့တာ လူတစ်ယောက်၏ အစားအစာနှင့် ရေကိုသာ ထောက်ပံ့ပေးနိုင်သည်။ ဒုတိယမြောက်အဆင့်တွင် သူမ အရမ်းထပ်မပွားနိုင်။ တတိယမြောက် အဆင့်ရောက်သောအခါ သူမကို အဖွဲ့က အလေးအနက်မထားတော့ချေ။

 

                    

အလယ်အလတ်အဆင့် ရောက်သောအခါ ကျန်းထျန်စွမ်းအားမှာ အရည်အသွေး ပြောင်းလဲသွားသည်။ သူမ တစ်ခြားလူများ၏ စွမ်းအားကို ပွားနိုင်သွားသည်။ အလွန်စွမ်းအားကြီးသကဲ့သို့၊ တစ်ဆယ်မီလီယမ်လောက် ရသလို အံအားသင့်ဖွယ်ကောင်းသည့်ပုံပေါ်သော်လည်း ကျန်းထျန်မှာ ကံမကောင်းပါ။ ဘုရားသခင်က သူမကို မျက်နှာသာပေးချင်ပုံမရပေ။

 

                     

သူမ စမ်းသပ်ကြည့်ပြီးနောက် အဖွဲ့သားများဆီမှကူးယူထားသောစွမ်းအားမှာ မူလစွမ်းအားပိုင်ရှင်ထက် အဆင့်၂ဆင့် နိမ့်ကြောင်း သိလိုက်သည်။ ထို့အပြင် တစ်ကြိမ်တွင် စွမ်းအားတစ်ခုသာ ကူးယူနိုင်ပြီး အဆင့်ထပ်မြှင့်၍မရပေ။

 

                         

တိုက်ဆိုင်စွာ ထိုအချိန်က သူမပွားယူခဲ့သည်မှာ အဖွဲ့က ပဉ္စမအဆင့် နေရာလွတ် စွမ်းအားအသုံးပြုသူ၏ စွမ်းအားဖြစ်၍ သူမဆီမှာဆိုလျှင် တတိယအဆင့်နေရာလွတ် စွမ်းအားဖြစ်သည်။ တတိယအဆင့်နေရာလွတ် စွမ်းအားမှာ ၁၀၀စတုရန်းမီတာထက် သေးပြီး အမြင့်မှ ၅မီတာအောက်ဖြစ်၍ သူမ အော်ငိုချင်သွားသည်။

 

 

ပဉ္စမ အဆင့် နေရာလွတ် စွမ်းအားမှာဆိုလျှင် ဧရိယာ ၁၀၀၀ စတုရန်းမီတာထက် ပိုကြီးပြီး  ၂၉မီတာမြင့်သဖြင့် သူမအတွက်ဆိုလျှင် ဆုံးရှုံးမှုကြီးဖြစ်သည်!!

 

                       

ပိုဆိုးသည်မှာ သူမ စွမ်းအားတစ်ခုစီကို တစ်ကြိမ်သာကူးနိုင်၍ သူမ ပဉ္စမအဆင့်ရောက်၍ ကူးယူရန်ထပ်ကြိုးစားသောအခါ မအောင်မြင်ခဲ့ပေ။

 

                       

 သူမရှိလေဟာနယ်မှာ အမြဲတမ်း ၅၀၀ကုဗမီတာ ဆန့်၍ စုဆောင်းသူဖြစ်သည့် သူမအတွက် လေဟာနယ်တွင် ပစ္စည်းတစ်မျိုးစီကို တစ်ခါသာကူး၍ သိမ်းထားရပြီး သူမအသုံးလိုမှ ပွားရသည်။