အပိုင်း ၉
Viewers 952

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

 

အပိုင်း

 

 

               

အခုတော့ သူမ နေရာလွတ်၏ သေးငယ်မှုကို မကြိုက်တာမဖြစ်တော့ပါ။ အထဲ၌ ပစ္စည်းများစွာ ရှိနေတုန်းဖြစ်သည်။ ဆန်၊ အသား၊ ဥမျိုးစုံ၊ နို့၊ မုန့်မျိုးစုံ၊ ဆပ်ပြာများ၊ အောက်ခံအင်္ကျီ ဘောင်းဘီ၊ ချည်အမျိုးမျိုး၊ ကော်တွန်ချည်စတစ်လိပ်၊ ခေါင်းအုံး၊ မီးစက်များ၊ ဒီဇယ်၊ ဓာတ်ဆီ၊ မီးအိမ်အသေးစသည်တို့ရှိသည်။

 

                       

ထိုအရာများမှာ သူမ သုံးလေ့ရှိသည့် ပစ္စည်းများသာမက သူမနှင့်ရင်းနှီးသောအဖွဲ့သားများ ထားထားသော ပစ္စည်းများဖြစ်သည်။

 

                   

ထို့အပြင်  ပုံဆောင်ခဲအမြုတေများက နေရာအကျယ်ဆုံးယူထားသည်။  အမျိုးအစား၊အဆင့်မျိုးစုံရှိသည်။

 

                     

သူမ၏ ကူးယူနိုင်သည့် စွမ်းအားက တစ်ခုခုကို ကူးယူရာတွင် မလွယ်ကူပါ။ ဥပမာ ပုံဆောင်ခဲ အမြုတေကပို၍ အလွန်ခက်ခဲသည်။ ပုံဆောင်ခဲအမြုတေတစ်ခုကိုအဆင့်တူ ကူးယူရသည်မှာ အရမ်းအားထုတ်ရသည်။ ပွားယူပြီးသည့်နောက် သူမ အားအင်ကုန်ခမ်းသွား၍ ပြန်ကောင်းရန် အချိန်ယူရသည်။

 

                     

 ထို့အပြင် စွမ်းအင်ထိန်းသိမ်းခြင်းနိယာမအရ ပွားယူလိုက်သည်တောင် ဆုံးရှုံးရသည်နှင့် မထိုက်တန်ပါ။ ဒါပေမယ့် သူမ တကယ် ကူးယူလိုက်နိုင်လျှင်လည်း အလွန်ထူးခြားသောပုံဆောင်ခဲအမြုတေအမျိုးအစား  ဖြစ်သည်။

 

                     

 သူမကူးယူလိုက်သော စွမ်းအားများမှာ သူတို့ဘာသာ ပြန်အားမပြည့်ပါ။ သူတို့ တူညီသောပုံဆောင်ခဲအမြုတေကို  စုပ်ယူရန်လိုပြီး စွမ်းအားကုန်သွားသည့်အခါ ပြန်အားပြည့်ရန်အတွက် သူမ နေရာလွတ်တွင် အမြဲတမ်းပုံဆောင်ခဲအမြုတေများစွာ ရှိသည်။

 

                   

သူမ ကူးယူခဲ့သော စွမ်းအားများကိုကြည့်လျှင် နေရာလွတ်စွမ်းအားသာ ပိုဒုက္ခများသည်ဖြစ်သည်။ သုံးလေ့ရှိသော စွမ်းအားအများစုမှာ လေ၊ သတ္တု၊ မီးစွမ်းအားဖြစ်သည်။ ဒီစွမ်းအား၃မျိုးမှ တစ်ခုမှာ ထွက်ပြေးရာတွင်သုံးပြီး တခြားတစ်ခုမှာ တိုက်ခိုက်ရာတွင် သုံးနိုင်သည့်အတွက် တိုက်ခိုက်ခြင်း ခုခံခြင်းအတွက် အသုံးဝင်သည်။

                       

 

တစ်ခြားကူးယူခဲ့သော လျှပ်စီး၊ ရေ၊ သစ်သား အစရှိသော စွမ်းအားများမှာ သူမ အကြောင်းပြချက်များစွာကြောင့် မသုံးဖြစ်ချေ။

 

                           

သူမ မကူးဖြတ်ခင် မြို့ကို ဖုတ်ကောင်များ တိုက်ခိုက်နေသည်ဖြစ်၍ သူမ ဖုတ်ကောင်များကို ရင်ဆိုင်ဖြေရှင်းရန် ပုံဆောင်ခဲ အမြုတေများစွာ သုံးခဲ့သကဲ့သို့ ဖုတ်ကောင်များသေပြီး ပုံဆောင်ခဲအမြုတေများရခဲ့၍ စုဆောင်းထားခဲ့သည်။ သူမ အခုထိ သေချာ မစစ်ဆေးရသေးပါ။

 

                        

 အရောင်ကိုလိုက်၍ ခွဲခြားထားသည်ကို ကျန်းထျန် အခွင့်ကောင်းယူ၍ သူမမျက်လုံးမှိတ်ကာ သူမပွားယူခဲ့သော စွမ်းအားများကို ခံစားမိရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် ပထမဆုံးပွားယူခဲ့သော နေရာလွတ်စွမ်းအားမှလွဲ၍ တစ်ခြားစွမ်းအားများကို ခံစား၍မရပါ။

 

                         

ကျန်းထျန် သက်ပြင်းချလိုက်ပြီးနောက် သူမကိုယ်သူမ ပြန်လည်နှစ်သိမ့်လိုက်သည်။ ယခုမှာငြိမ်းချမ်းသည့်ခေတ်ဖြစ်၍ သူမမှာ သဘာဝလွန် စွမ်းအားများမရှိလျှင်တောင် သူမရှင်သန်နိုင်သည်။ အကယ်၍ ထိုစွမ်းအားများသုံး၍ရသည်ဆိုလျှင် ဒီမှာသုံးဖို့ဖြစ်နိုင်လား?

 

                   

သူမစိတ်လျော့လိုက်ပြီး ဆက်လက်၍ အချိန်ကုန်စဥ်းစားမနေဘဲ နေရာလွတ်က ဘဲဥ၊ ငုံးဥများကိုသာ ကြည့်လိုက်သည်။

 

                   

သူမ ခေါင်းစောင်းကာ မေးစေ့ပွတ်ရင်း တွေးလိုက်သည်။ အိမ်စားဘဲဥနှင့် တောရိုင်းဘဲဥကို သူမ မခွဲတတ်ပါ။ သူမနေရာလွတ်တွင် ဘဲဥမျိုးစုံရှိပြီး  ကမ္ဘာမပျက်ခင်က စားလေ့ရှိသော ဘဲဥနှင့် ကမ္ဘာပျက်ပြီး ဆင့်ကဲပြောင်းလဲသွားသော ဘဲဥဟူ၍ အဓိကအမျိုးအစား၂မျိုး ခွဲခြားထားသည်။ ၂မျိုးလုံးစား၍ရပြီး အစိမ်းဘဲဥနှင့်ဆားငံဘဲဥဟု ထပ်ခွဲထားသည်။

 

                  

ဆင့်ကဲပြောင်းလဲပြီးဘဲဥမှာ တွေ့နေကျဘဲဥထက် ပိုကြီး၍ ကျန်းထျန် ခဏမျှစဥ်းစားလိုက်ပြီး တွေ့နေကျ ဘဲဥကိုသာရွေးလိုက်သည်။ သူမ နေရာလွတ်မှ သာမန်ဘဲဥ၂လုံးကို ထုတ်လိုက်ပြီး ပွားယူသည့်စွမ်းအားဖြင့် ၆ဆပွားလိုက်သည်။ ဝါးခြင်းထဲတွင် ဖြူဖြူဖွေးဖွေးကြီးကြီး ဘဲဥ၁၂လုံး ရှိသွားသည်။

 

                    

ကျန်းထျန် သန့်ရှင်းနေသော ဘဲဥအပေါ်ခွံများကို ကြည့်ပြီး သဘာဝကျအောင် နည်းနည်း ပြုပြင်သင့်သည်ဟု တွေးလိုက်သည်။ သူမဘဲဥများကို မြေကြီးတွင်ချကာ ရွှံတစ်ထပ်အုပ်လိုက်ပြီး နေရာလွတ်ထဲ ပြန်ထားလိုက်သည်။

                    

 

သူမပတ်ကြည့်သောအခါ ဤနေရာတွင် ဘဲရှိမည့်ပုံမပေါ်။ ဘဲများမှာ ရေရှိသည့်နေရာတွင် နေလေ့ရှိပြီး ဤနေရာ၏ အရှေ့နှင့်အနောက်တွင်မြစ်မရှိပါ။

 

                     

ကျန်းထျန် ဒီနေ့ စျေးကပြန်လာတော့ မြစ်တစ်ခုကိုဖြတ်ခဲ့ရသည်။ သူမ ထိုမြစ်သို့သွားပြီး ဘဲဥများရှာတွေ့သည်ပုံဟန်ဆောင်ပြီး ငါးများကိုပါ တစ်ခါတည်းဖမ်းခဲ့မည်။ ထိုမြစ်ကိုဖြတ်ခဲ့စဥ်က မြည်းလှည်းများမှာ တံတားပေါ်ကဖြတ်ရသည်။ မြစ်မှာ ကျယ်ပြီး နက်မည်ဖြစ်၍ ငါးများရှိလောက်သည်။ သို့သော် မြစ်တွင် ရေနစ်လေ့ရှိသဖြင့် လူအချို့သာ ဖြတ်သန်းသွားကြသည်။

 

                    

မြစ်ဘေးတွင် မြောင်းတစ်ခုကို ရွာသားများဖောက်ထားပြီး လျှော်ဖွတ်ရန်သုံးကြသည်။ ကျန်းထျန် အမွှာလေးများကိုခေါ်၍ ထိုမြောင်းသို့ သွားရန်တွေးလိုက်သည်။

 

                    

သူမလက်ခုပ်တီးပြီးနောက် ခြင်းထဲတွင် ထင်းများကို ပွားလိုက်ကာ အမွှာများကိုရှာရန်ထလိုက်သည်။

 

                     

"ရှောင်းဝူ၊ ရှောင်လျို၊ အစ်မတို့ပြန်ကြမယ်!" ကျန်းထျန် ရွှံ့အိုင်ကြီးရှိရာ အော်ခေါ်လိုက်သည်။ ပြန်ဖြေသံ နှစ်သံထွက်လာပြီးနောက် အမွှာ၂ယောက် ပြေးလာကြသည်။

 

                      

အမွှာလေးတွေ၏ မျက်နှာတွင် ရွှံများဖြင့်ဖုံးနေပြီး လက်တွင် အမည်းစက်များ လက်ချောင်းရာများကိုပါ ကျန်းထျန်မြင်လိုက်သည်။ အမွှာလေးများမှာ ရွှံ့အရုပ်လေးတွေနှင့်ပင် တူသည်။

 

                   

ကျန်းထျန် - "....." သူမ အပြစ်ရှိသလိုခံစားလိုက်ရသည်။

 

                      

ကျန်းထျန် လက်ကိုင်ပုဝါတစ်ခု ထုတ်လိုက်ပြီး အမွှာလေးတွေ၏ မျက်နှာနှင့်လက်ကို သုတ်ပေးလိုက်သည်။ ထင်းများကို မမြင်၍ ကလေးတွေ ထင်းမကောက်ဘဲ ရွှံအိုင်တွင်သာ ဆော့နေမှန်းသိလိုက်သည်။ ကလေးတွေဖြစ်၍ ဆော့ကစားသည်ကလည်း ပိုကောင်းသည်ဟု ကျန်းထျန်တွေးလိုက်သည်။

 

                     

"မပြန်ခင် ရေမြောင်းကို ခဏသွားရအောင်" ကျန်းထျန် အမွှာလေးတွေနှင့် တိုင်ပင်လိုက်သည်။

 

                      

ရှောင်းဝူနှင့်ရှောင်းလျို သူတို့ မြစ်ကိုသွားရတော့မည်ကိုကြား၍ မျက်လုံးများအရောင်တောက်လာပြီး တပြိုင်တည်း ခေါင်းညိတ်ကြသည်။ "ဝိုး ဝိုး!"

 

                          

ကလေးများမှာ မြောင်းသို့ တူတူသွားလေ့ရှိကြသည်။ မြောင်းရှိ ရေမှာတိမ်ကာ ငါး ပုစွန်လေးများ တစ်ခါတစ်ရံရှိသည်။ နွေရာသီတွင် ရေက အေး၍ ဖိနပ်ချွတ်ပြီး ရေထဲခုန်ဆင်းလျှင် အေးမြသွားသည်။

 

                           

ကျန်းထျန် သူမကျောတွင် ဝါးခြင်းကိုလွယ်ထားပြီး အမွှာ၂ယောက်ကို ဘယ်တစ်ဖက် ညာတစ်ဖက် လက်ဆွဲထားကာ တောင်မှဆင်းပြီးမြောင်းသို့သွားလိုက်သည်။

 

                      

 ပေါင်းပင်များက မြောင်းတစ်ဖက်တစ်ချက် ရှည်လျားထူထပ်စွာ ပေါက်ရောက်နေသဖြင့် ကလေး၂ယောက်ကို မမြင်ရမည်စိုး၍ ကျန်းထျန် သူတို့ကို မြင်ရသည့်နေရာတွင်သာ နေပြီး ရေထဲမဆင်းရန် မှာထားသည်။

 

                      

ရှောင်းဝူနှင့် ရှောင်းလျို နှုတ်ခမ်းများစူကာ မပျော်ပေမယ့် ကျန်းထျန် ရုပ်တည်နေ၍ သူတို့ ခေါင်းသာညိတ်လိုက်ရသည်။ သူတို့ ဤမရီးကိုတော့ အနည်းငယ်ကြောက်သည်။

 

                      

ကျန်းထျန် ပေါင်းပင်များကြား ဖြတ်ပြီး လှည့်ကြည့်လျှင် ကလေး၂ယောက်ကိုမြင်ရသည်သေချာမှ မြောင်းတစ်လျှောက် အရှေ့သို့လျှောက်သွားလိုက်သည်။ ရေမှာ ရေစုန်ထက် ပိုနက်သည်။

 

                      

ကျန်းထျန် ဘဲဥများကိုထုတ်လိုက်ပြီး ခြင်းထဲထည့်လိုက်သည်။ ထို့နောက် နေရာလွတ်မှ မြစိမ်းရောင်အရည်ပုလင်းကို ထပ်ထုတ်လိုက်သည်။

 

                     

ဤသည်မှာ ကမ္ဘာပျက်ခေတ် ထိပ်တန်းသဘာဝလွန်သစ်သားစွမ်းအားပိုင်ရှင်များမှ ထုတ်လုပ်ထားသော သက်ရှင်ဆေးရည်ဖြစ်သည်။

 

                   

သူမတွင် အလားတူ ရေ မြေကြီး တခြားစွမ်းအားများမှ ထုတ်လုပ်ထားသော အနာသက်သာစေသော၊ ခန္ဓာကိုယ်ကြံ့ခိုင်စေသော၊ လူသားများကို သဘာဝလွန်စွမ်းအားထုတ်နိုင်ရန် နှိုးဆွပေးသော ဆေးရည်များရှိသည်။

 

                     

သက်ရှင်ဆေးရည်တစ်စက်ဖြင့် သေစေနိုင်သောဒဏ်ရာကို ကုသပေးနိုင်ရုံသာမက အသက်တစ်မျှင်မျှကျန်နေလျှင်တောင် ကယ်နိုင်သည်။

 

                     

ကျန်းထျန်ကို ပုလင်းကိုဖွင့်လိုက်ပြီး မြစ်ရေထဲ တစ်စက်ချလိုက်ကာ ငြိမ်သက်စွာစောင့်နေလိုက်သည်။ မကြာမီ ငါးကြီးများ ပုစွန်သေးလေးများ စုလာ၍ ကျန်းထျန် အကုန်လုံးကို ဖမ်းရန်တွေးလိုက်သည်။ ဤငါး ပုစွန်များမှာ ကုမိသားစု ဆယ်ရက်မှ လဝက်ခန့်စားရန်အတွက် လုံလောက်သည်။

 

                     

ကမ္ဘာပျက်ခေတ်လူများမြင်လျှင်ဖြုန်းတီးသည်ဟုပြောမည်ဖြစ်သည်။

 

                     

သို့သော် ကျန်းထျန် ဂရုမစိုက်ပါ။ သက်ရှင်ဆေးရည်မှာ ရေသန့်ဘူးတစ်ဘူးစာ ကျန်သေး၍ တစ်စက်ကအရေးမပါလှ။ ကုန်သွားလျှင်တောင် သူမ ထပ်ပွားနိုင်သည်။

 

                     

သို့သော် ဒီသက်ရှင်ဆေးရည်ကို ပွားရသည်မှာ ပုံဆောင်ခဲအမြုတေထက် ပိုခက်သည်။ တစ်စက်ပွားလျှင်တောင် သူမ စွမ်းအား အားလုံးသုံးရသည်။

 

                     

စောင့်ရင်း ကျန်းထျန် ဆေးရည်ကို နေရာလွတ်ထဲပြန်သိမ်းလိုက်ပြီး မေးစေ့ပွတ်ကာ စဥ်းစားလိုက်သည်။

 

                     

ကုလျန်ရွှမ် ခြေထောက်များကို ရေ သစ်သားစွမ်းအားအခြေခံဆေးရည်များသုံးပြီး ကုနိုင်သည်။ တစ်စက်ဆိုလျှင်တောင် ရောဂါကို ကုနိုင်သည်။ ဆေးရည်ကို လိမ်း၍ဖြစ်စေ၊ သောက်၍ဖြစ်စေ သုံးနိုင်သည်။ သူမ ကုလျန်ရွှမ် ဆေးရည်သုံးအောင် ဘယ်နည်းလမ်းသုံးသင့်လဲ?

 

                     

ကုလျန်ရွှမ် ခြေထောက်ပြန်ကောင်းလျှင် သူမြို့ကိုသွား၍ အလုပ်ရှာနိုင်သည်။ သူ ဒဏ်ရာကြောင့် အနားယူလိုက်ရ၍ သူ့အထက်အရာရှိများက သူ့ကို လစဥ် ထောက်ပံ့ငွေပေးသည်။သို့သော် သူရှာနိုင်သလောက်တော့ မရပါ။

 

                              

ကျန်းထျန် သက်ပြင်းချလိုက်ပြီး တစ်ခါလျှင် တစ်ခုသာလုပ်ရန် ဆုံးဖြတ်လိုက်သည်။

                             

 

ကျန်းထျန် အမှတ်တမဲ့ဖြစ်နေစဥ် ငါးကြီးများ ပုစွန်များ သူမရှေ့မှဖြတ်သွားသည်။ သူမ နေရာလွတ်မှ ပုံးတစ်ခုထုတ်လိုက်ပြီး ဝါးခြင်းထဲ တစ်ပုံးပြီးတစ်ပုံးဖြည့်လိုက်သည်။ ငါး ပုစွန်များစွာလည်း တစ်ကောင်ပြီးတစ်ကောင်ရောက်လာသည်။

 

                    

ကျန်းထျန်မြစ်ကမ်းစပ်က သစ်ရွက်ကြီးများကို ခူးလိုက်ပြီး အသစ်ဖမ်းမိထားသောငါးများကို ထုပ်လိုက်သည်။ ငါး ပုစွန်များမှာ ဆေးရည်ချလိုက်သောနေရာကိုသာ ဝိုင်းအုံနေ၍ မတတ်နိုင်သည့်အဆုံး ကျန်းထျန်  ငါးများဝေးဝေးသွားရန် တုတ်တစ်ချောင််းနှင့် ရေကိုမွှေလိုက်သည်။

 

                  

 ထို့နောက် သူမ အမွှာလေးများရှိရာ သွားလိုက်သည်။ သူမ သစ်ရွက်များနှင့် ထုတ်ထားသည်ကို ပဟေဠိဆန်စွာ ဖွင့်ပြလိုက်ပြီး "ကြည့်။ ဒါက ဘာလဲ?"ဟု အမွှာလေးတွေကို ပြောလိုက်သည်။