အပိုင်း ၁၀
Viewers 1k

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

 

အပိုင်း ၁၀

 

                          

  "ဥ!" ရှောင်းဝူနှင့် ရှောင်းလျို မျက်လုံးများ ‌အရောင်တောက်လာပြီး‌ ရှောင်းလျို ကျန်းထျန်ကို မော့ကြည့်ကာ နားမလည်သဖြင့် မေးလိုက်သည်။"ဒီဥက ဘာလို့ အရမ်းကြီးရတာလဲ!?"

 

                           

ရှောင်းဝူ ရှောင်းလျိုမေးခွန်းကို ကြား၍ ခေါင်းမော့လာကာ ကျန်းထျန်ကို မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ကြည့်နေလေသည်။

 

                        

ကျန်းထျန် တိုးတိုးပြောလိုက်သည်။ "ဒါက ဘဲဥ"

 

                         

 "ဘဲဥ?!" အမွှာနှစ်ယောက် သူတို့ပါးစပ်ကို အုပ်၍ တိုးတိုးမေးလိုက်သည်။ "ဘဲဥက ကြက်ဥထက် ပိုကြီးတာလား? စားလို့ရောရလား?"

 

                         

"စားလို့ရတာပေါ့" သူမမှာ အရသာရှိသော ဆားငံဘဲဥများလည်းရှိသည်။ အခုထုတ်ရန် အဆင်မပြေသေး၍သာ။ "ဘဲဥကို ကြော်စားလို့လည်း ရတယ်။ ဆားစိမ်‌ပြီးတော့ ဆားငံဘဲဥ လုပ်စားလို့လည်းရတယ်။ ရှောင်းဝူနဲ့ ရှောင်းလျို ဘယ်လိုစားချင်လဲ?" ဘဲဥက ဒီနေရာတွင် ခေတ်မစားပါ။ ဘယ်မိသားစုမှလည်း ဘဲမမွေးကြပါ။

 

                        

မြို့စျေးတွင်သာ ဘဲဥရောင်း၍ ကလေးနှစ်ယောက် ဘဲဥကိုမြင်လည်းမမြင်ဖူး စားလည်းမစားဖူးကြပါ။

 

                             

ကျန်းထျန် ဘေးမှာကြွေကျနေသော သစ်ရွက်ကြီး၂ရွက်ကို ‌ကောက်လိုက်ပြီး ဘဲဥ၁၂လုံးကို တစ်ဝက်ခွဲကာ ထုပ်လိုက်သည်။ သူမ ကလေး၂ယောက် တံတွေးမျိုချသံကြား၍ ကလေးတွေ စားချင်သည်ထင်၍ မနက်ဖြန် ‌ကြော်ပေးမည်ဟု ပြောရန်ပြင်လိုက်စဥ် ရှောင်းလျို ပြောသည်ကို ကြားလိုက်သည်။ "‌ကျွန်တော်က ဒီနေ့ပဲ အသားစားပြီးပြီ။ ထပ်မစားတော့ဘူး။ အမေနဲ့ အစ်ကိုတွေအတွက်ပဲ သိမ်းထားလိုက်ပါ!" ရှောင်းဝူလည်း ခေါင်းညိတ်သည်။

 

                         

ယောင်္ကျားလေးများက မိန်းကလေးတွေထပ် စကားပြောတတ်သည်မှာနောက်ကျသည်။ အမြဲတမ်း ရှောင်းလျိုသာ အမွှာလေးတွေကိုယ်စား ပြောလေ့ရှိသည်။

 

                         

ကျန်းထျန် ခဏကြောင်သွားသည်။ ကလေး၂ယောက် တော်တော် သိတတ်မည်ဟု ထင်မထားပါ။ သူမပြုံးကာ ပြောလိုက်သည်။ "စားလို့ရပါတယ်။ ဘဲဥတွေက အလုံအလောက်ရှိတယ်။ မရီး သယ်စရာရှိ‌သေးတော့ ရှောင်းဝူနဲ့ ရှောင်းလျို မရီးကို ဘဲဥတွေ အိမ်အထိကူသယ်ပေးလို့ရလား?"

 

                      

"သားတို့ သယ်ပေးနိုင်ပါတယ် " အမွှာလေးတွေ ပြောပြီး‌ပြီးချင်း ဘဲဥများထုပ်ထားသော သစ်ရွက်ကြီးများကို မြေကြီးပေါ်မှ မလိုက်သည်။ အထဲမှာ ရွှေရှိသကဲ့သို့ သတိထားစွာ စောင့်ကြည့်နေလေသည်။

 

                      

"မောင်လေးတွေ အရမ်းဂရုစိုက်စရာမလိုပါဘူး" အမွှာလေးတွေ သတိထားနေသည်ကို မြင်ပြီး ကျန်းထျန် သ‌ဘောကျစွာရယ်လိုက်သည်။

 

                         

ရှောင်းလျို သဘောမတူစွာ ခေါင်းခါလိုက်သည်။ " မဟုတ်ဘူး။ မရီး ဒါတွေကဘဲဥတွေ။ ကျွန်တော်တို့တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ ကြက်ဥထက် ပိုစျေးကြီးမှာသေချာတယ်" အမွှာလေးတွေ ဘဲဥစားရန် ဝန်လေးသည်။ သူတို့သိမ်းထားပြီး စျေး‌တွင် ငွေနှင့် သွားလဲချင်သည်။

 

                   

အပြန်လမ်းတစ်လျှောက် ကျန်းထျန်သယ်ခဲ့သော ခြင်းထဲနှင့် သစ်ရွက်ထုပ်ထဲက ငါးများမှာ ခုန်လည်းမခုန် လှုပ်လည်းမလှုပ် ငြိမ်နေလေသည်။ ငါးများမှာ မူးနေသကဲ့သို့ဖြစ်နေပြီး ရေထဲရောက်မှ လှုပ်မည့်ပုံပေါ်သည်။ မဟုတ်လျှင် သစ်ရွက်ကဘယ်လောက်ခိုင်ခိုင် ငါးများခုန်ထွက်နိုင်သည်။

 

                  

မြောင်းမှာ ကုအိမ်နှင့် မဝေးပါ။ ချောင်ကျပြီး နေဝင်လျှင် ရွာသားများ သိပ်လာလေ့ မရှိကြပေ။

 

                   

 ကျန်းထျန် ငါး ပုစွန်များကို ပိုက်ကာ နေဝင်သည်ကိုကြည့်ရင်း နွေညနေခင်းလေပြေလေးများ တိုက်သည်ကို ခံစားလျက် မကြာမီပင် အိမ်တံခါးဝပြန်ရောက်လာခဲ့သည်။

 

                      

 ရှောင်းဝူနှင့် ရှောင်းလျို မြန်မြန်လျှောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူတို့လက်ကို ပိုသတိထားလိုက်သည်။ အိမ်ထဲဝင်ပြီးနောက် သူတို့ ပစ္စည်းများချထားရန် မီးဖိုချောင်သို့ အမြန်ပြေးသွားလိုက်သည်။ ထို့နောက် အမြန်ပြန်ထွက်လာပြီး လူတိုင်းကို အော်ကြေညာလိုက်သည်။ "အမေ၊ အစ်ကိုတို့ ၊ ကျွန်တော်တို့ ဘဲဥတွေ ယူလာတယ်!"

 

                     

 "ဘဲဥ?" ကုလျန်မင် ပန်းကန်လုံးများ တူများ ရေတွင်း၌ ဆေးပြီး၍ လက်ထဲတွင်ကိုင်ကာ အရှေ့ခြံသို့ ပြန်ရောက်လာသည်။ ရှောင်းဝူနှင့် ရှောင်းလျိုပြောသည်ကို သူမကြား၍ မျက်လုံးများ အရောင်တောက်လာပြီး အလျင်အမြန် မေးလိုက်သည််။ "နင်တို့ ဘယ်ကရတာလဲ?"

 

                   

  ရှောင်းဝူ ရှောင်းလျိုကို ကြည့်လိုက်သည်။ ရှောင်းလျို မျက်လုံးမှိတ်တုတ်မှိတ်တုတ်လုပ်ကာ ခေါင်းကိုကုတ်ရင်း ပြန်ဖြေလိုက်သည်။ "ကျွန်တော်မေးဖို့ မေ့သွားတယ်"

 

                    

ကုလျန်မင် - "?"

 

                     

ကျန်းထျန် ဝင်လာပြီး ရှင်းပြလိုက်သည်။ "အစ်မ မြစ်ဘေးက ‌ကောက်ရိုးပုံနားမှာ ဘဲဥ၁၂လုံးတွေ့လို့ အကုန်ကောက်လာတာ"

 

                     

 ပြောသံကြားလိုက်သော ရွှီကျင်းဖန် - ...

 

                     

အနောက်ခြံမှ ပြန်လာသော ကုလျန်ရွှမ် - .....

 

                      

ကုလျန်ရုန် ခြေသံတွေကိုကြား၍ ဖတ်နေသောစာအုပ်ကိုပိတ်ကာ ပြတင်းပေါက်မှ အိမ်အရှေ့ဘက်သို့ ကြည့်လိုက်သည်။ ကျန်းထျန်ပြောသံကိုကြားပြီး ပြောလိုက်သည်။ "မရီး ကံအရမ်းကောင်းတာပဲ?"

 

                           

မြောင်းရေမှာ တိမ်ပြီး ရွာမှကလေးများ ဆော့ကစား၍ရသည် ။ စား၍ရသည်များကိုလည်း လူတိုင်းကောက်ပြီးသွားကြပြီ။ သို့သော် မရီး သွားသည်နှင့် သူမ ဘဲဥ ၁၂လုံး ရလာသည်။ သူ ဒီလို ကံကောင်းသည်ကိုမမြင်ဖူးပါ။

 

                            

 "ဟုတ်တယ်" ကျန်းထျန် ပြောလိုက်သည်။ "အစ်မဒီနေ့ ကံကောင်းတယ်ထင်တယ်။ မြောင်းတစ်လျှောက် အ‌‌‌ရှေ့ဘက်လမ်းလျှောက်သွားရင်း နဲ့တွေ့တာ"

 

                            

 ကုလျန်ရုန် စဥ်းစားလိုက်သည်။ မြောင်း အရှေ့ မှာ နက်၍ ကလေးများကို မိဘများက သွားခွင့်မပြုပါ။ လူကြီးများမှာလည်း လယ်ထဲတွင် တစ်နေကုန် အလုပ်လုပ်နေရသဖြင့် သွားရန် အချိန် မရှိ။ ဒါကြောင့် မရီးပဲ ရှာတွေ့တာ နေမည်။

 

                         

ရွှီကျင်းဖန် ခဏလန့်သွားပြီးနောက် သတိပြန်ဝင်လာကာပြုံး၍ ပြောလိုက်သည်။ "အမေတို့မိသားစုက တော့ ကံကောင်းတာပဲ။အခုပဲ အသားစားပြီးထားတာ။  ဘဲဥတွေလည်း ထပ်ရတယ်"

 

 

သူမ ကျန်းထျန်ဝါးခြင်းထဲမှ ထင်းများကို မြင်နေရ၍ သူမစိတ်မကောင်းဖြစ်သွားသည်။ "အိမ်မှာ ထင်းတွေအလုံအလောက်ရှိတာပဲ။ ဘာလို့ အများကြီး ထပ်သယ်လာတာလည်း?မြန်မြန်ချလိုက်ဦး"

 

             

ကျန်းထျန် ရွှီကျင်းဖန် မ ပေးသည့် အတိုင်း ဝါးခြင်းကို ချလိုက်သည်။  လေးလွန်း၍ ရွှီကျင်းဖန်လက်မှ ချော်ကျတော့မလို ဖြစ်သွားသည်။ သူမအံ့သြသွားကာ "ထျန်ထျန်အထဲမှာ ဘာတွေရှိလို့လဲ? ဘာလို့အရမ်းလေးနေတာလည်း?"

 

                  

ကျန်းထျန် ခြံထဲမှာ လူများ သူမကို ကြည့်နေသည်ကိုမြင်၍ ချောင်းဟန့်လိုက်ကာ ရွှီကျင်းဖန်ကို ဖြည်းဖြည်းချင်းပြောလိုက်သည်။ " အမေ သမီးဒီနေ့ ကံကောင်းတယ်ထင်တယ်။ "

 

                   

"သမီး ဘာဆိုလိုချင်တာလဲ?" ရွှီကျင်းဖန် ဝါးခြင်းကိုမြေကြီးပေါ် သတိထားပြီး ချလိုက်ကာ ကျန်းထျန်ကို ကြည့်လိုက်သည်။

 

                      

ကျန်းထျန် ကိုင်ထားသော သစ်ရွက်များကို မြေပေါ်ချလိုက်ကာ ဝါးခြင်းအပေါ်ဆုံးက ထင်းများကို ဖြည်းဖြည်းချင်း ဖယ်လိုက်ပြီး အထဲမှပစ္စည်းများကို ရွှီကျင်းဖန်ကို ပြလိုက်သည်။  နေဝင်သွားပြီး လမထွက်ခင်အချိန်ဖြစ်၍ ကောင်းကင်မှာ မှောင်မဲနေပြီး သေချာမမြင်ရပါ။

                       

 

သို့သော် ထင်းအောက်မှ ငါးကြေးခွံများအလင်းပြန်နေသည်ကို မြင်၍ အတွေးတစ်ခုပေါ်လာကာ သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျန်းထျန်ကိုကြည့်ကာမေးလိုက်သည်။" ဒါတွေ ......အကုန်လုံးလား"

 

                       

ကျန်းထျန်ခေါင်းညိတ်လိုက်သည်။ ရွှီကျင်းဖန်အံ့သြသွားသည်ကို တွေ့လိုက်သည်။

                     

 

ရွှီကျင်းဖန်  နံရံကို မှီရင်း ပြောလိုက်သည်။ " အများကြီး!"

 

                  

"ဟုတ်တယ်"ကျန်းထျန် ထပ်ခေါင်းငြိမ့်လိုက်သည်။

 

                      

ခြံထဲက ဘယ်သူမှ ဤယောက္ခမနှင့်ချွေးမပြောနေသည်ကိုနားမလည်ချေ။

 

                       

ကုလျန်မင် မနေနိုင်တော့သည့်အဆုံး ပန်းကန်များကို ပြတင်းပေါက်ပေါ်တင်ကာ  သွားကြည့်လိုက်သည်။

          

 

 သူမလည်း ဘာရှိလို့လဲဆိုတာ သိချင်သည်။ အနားရောက်၍ မြင်လိုက်ရပြီး မယုံနိုင်စွာ မျက်လုံးကိုပွတ်ပြီး ထပ်ကြည့်လိုက်သည်။ နောက် သူမလည်း နံရံကိုမှီရင်း တုန်ယင်စွာ မေးလိုက်သည်။

 

 

"ဒါ.......အထဲမှာ အပြည့်ရှိတာလား?"

 

            

ကျန်းထျန် ခေါင်းညိတ်လိုက်သည်။

 

            

ကုလျန်ရွှမ်နှင့် ကုလျန်ရုန် - ......

            

 

 ညီအကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ၂ယောက်လုံးသိချင်နေပြီး နားမလည်မှန်းတွေ့လိုက်သည်။

 

                    

"အမေ!"ကုလျန်ရုန် အော်မေးလိုက်သည်။

      

                    

သို့သော် ရွှီကျင်းဖန်နှင့် ကုလျန်မင်မှာ သူတို့မိသားစု ကံကောင်းသည့်အကြောင်း အလွန်အံ့သြနေ၍ ညီအစ်ကိုနှစ်ယောက်ကို ဂရုစိုက်ရန် မအားပါ။

 

                    

ရှောင်းဝူနှင့် ရှောင်းလျိုလည်း လမ်းတစ်လျှောက်လုံး မရီးက ထင်းသယ်လာသည်ဟုသာ ထင်၍ သူတို့လည်း ဘာပါလည်းဆိုတာ သိချင်သွားသည်။

 

                      

ကုလျန်ရွှမ် ဝှီးချဲကို ရှေ့သို့တွန်းလိုက်သည်။ ကုလျန်ရုန်မှာ အိပ်ရာပေါ်က အမွှာငယ်လေးများကို ကြည့်ရဦးမည်ဖြစ်၍ သူ့အကိုအကြီးဆုံးကိုသာ ကြည့်ပေးရန် တောင်းပန်​လိုက်ရသည်။

 

                      

ကုလျန်ရွှမ် ဝါးခြင်းနားရောက်လာပြီး ကြည့်လိုက်သည်။ အရင်က ညဘက် စစ်တပ်ထဲတွင် စစ်ဆင်ရေးများအမြဲလိုလိုရှိ၍  အမှောင်ထဲကြည့်တတ်နေပြီဖြစ်သဖြင့် ကုလျန်ရွှမ် ဝါးခြင်းထဲတွင် ငါးအပြည့်ရှိသည်ကို သေချာမြင်လိုက်ရသည်။

 

                    

ကုလျန်ရွှမ် - "......" သူကျန်းထျန်ကို ကြည့်လိုက်ပြီး သူမကံအရမ်းကောင်းသည်ဟု တွေးလိုက်မိသည်။

 

                     

ရှောင်းဝူနှင့် ရှောင်းလျိုလည်း ငါးအပြည့်နှင့် ဝါးခြင်းကိုမြင်၍ အလွန်အံ့အားသင့်သွားကာ အော်လိုက်သည်။ "ငါးတွေ!"

 

 

ရွှီကျင်းဖန်လည်း သတိပြန်ဝင်လာပြီး မှာရန်သတိရလိုက်သည်။ "ရှောင်းဝူနဲ့ ရှောင်းလျို မြန်မြန် မင်းတို့တတိယမြောက်အစ်ကိုနဲ့ လူသွားလဲချည်။ ရှောင်းမင် သမီးရေတွင်းက ရေခပ်ပြီး အိမ်က အိုးတွေအကုန်ဖြည့်ထားလိုက်" သူမပြောပြီး ကျန်းထျန်ကိုကြည့်၍ မေးလိုက်သည်။ "ရှင်သေးလား?"

 

                 

ကျန်း​ထျ​န် ခေါင်းညိတ်လိုက်ပြန်သည်။ "အကုန် အရှင်တွေ၊ သယ်တာ နည်းနည်းကြာလာတာတစ်ခုပါပဲ"

 

                 

 "ဟုတ်ပြီ" ရွှီကျင်းဖန်မျက်နှာကိုသုတ်လိုက်ပြီး သူမ ထိုအခါမှ မြေကြီးပေါ်က သစ်ရွက်ထုပ်ကိုတွေ့လိုက်သည်။ "ဒါ ဘာလဲ?"

 

                

"ငါးတွေ" ကျန်းထျန်ပြန်ဖြေလိုက်သည်။

 

                  

ရွှီကျင်းဖန် - "...."သူမ ထပ်တုန်လှုပ်သွားသည်။ သို့သော် ဒီနေ့ အံ့အားသင့်နေသည်က များနေပြီဖြစ်၍ သူမအမူအရာက အရမ်းတော့ မပြောင်းလဲသွားချေ။

 

                    

ကုလျန်မင် မြေကြီးပေါ်က ထလိုက်ပြီး အနောက်ခြံသို့သွားလိုက်သည်။ မသွားခင် သူမ ကျန်းထျန်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

 

                     

ရှောင်းဝူနှင့် ရှောင်းလျို အရှေ့ခန်းသို့သွား၍ ကုလျန်ရုန်နှင့် လူလဲလိုက်သည်။

 

                    

ကုလျန်ရုန် သူ့စာအုပ်ကိုချထားလိုက်ပြီး အမြန်ပြေးလာလိုက်သည်။ သူဝါးခြင်းထဲက ပစ္စည်းများကို မြင်၍ ကြောင်သွားသည်။

 

               

"ဒါ.....ဒါ?"ကုလျန်ရုန် သူ့လက်သူ ဆိတ်ကြည့်လိုက်ပြီး နာမှ သူအိမ်မက်မက်နေသည် မဟုတ်ကြောင်း သေချာသွားသည်။ "ငါး?!" သူ ရွှီကျင်းဖန်နှင့် ကုလျန်ရွှမ်ကိုကြည့်ပြီး အတည်ပြုရန် ကြည့်လိုက်သည်။

 

                 

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ ရွှီကျင်းဖန်ကတော့ လက်ရမ်းရင်း မှာလိုက်သည်။ "မြန်မြန် အနောက်ခြံသွားပြီး ရေခပ်။ ငါးတွေ သေကုန်တော့မယ်"

 

                      

ကုလျန်ရုန် ဝါးခြင်းကို မြန်မြန်မပြီး အနောက်ခြံသွားလိုက်သည်။ သူ့အမေပြောသလို ငါးများသေသွားမည်ကိုစိုးရိမ်သည်။

 

                    

ရွှီကျင်းဖန်လည်း မြေကြီးပေါ်က သစ်ရွက်ထုပ်ကို ကောက်ကိုင်ကာ အမြန်လိုက်သွားသည်။

 

                   

ကျန်းထျန် မြေကြီးပေါ်မှထလိုက်သည်။ သူမထိုင်နေသည်မှာ ကြာပြီဖြစ်၍ ခြေထောက်ကျင်ကာ မှောက်လဲမလိုဖြစ်သွားသည်။

                  

 

ကုလျန်ရွှမ် သူမလက်ကို အမြန်ဖမ်းလိုက်ပြီး "ဖြေးဖြေးထ"ဟုပြောလိုက်သည်။

 

                 

ကျန်းထျန်လည်း ခေါင်း​မော့​လိုက်ကာ ရှက်ပြီး ပြုံးကာပြောလိုက်သည်။"ခြေထောက်ကျင်သွားတာနေမယ်"

 

                     

ကုလျန်ရွှမ် ပြုံးလိုက်သည်။ ကျန်းထျန်မှာ အရင်နှင့် တကယ်မတူပါ "အနောက်ခြံမှာ အမေရှိတယ်။ မင်းစိတ်ပူစရာမလိုဘူး"

 

                    

 ကျန်းထျန်လည်း သူမ သိပ်မကူညီနိုင်မှန်းသိ၍ ခြေထောက်ကျင်တာပျောက်မှ ထရန် တွေးလိုက်သည်။

 

                     

သူမ နောက်ကျောက အဝတ်စိုများကို ကိုင်ကြည့်လိုက်သည်။ ဝါးခြင်းမှာ သစ်ရွက်များခံထားသော်လည်း ရေစိမ့်သည်ဖြစ်၍ အဝတ်များစိုသွားသည်။ မူလပိုင်ရှင်မှာ အဝတ်များစွာရှိ၍ တော်သေးသည်။ သူမ အဝတ်လဲစရာမရှိမည်ကို စိတ်ပူစရာမလိုပါ။

 

               

  ကျန်းထျန် ကုလျန်ရွှမ်ကို မေးလိုက်သည်။ "ကျွန်မတို့ အနောက်ခြံကို သွားမလား?"

 

                 

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

 

                  

ကျန်းထျန် ကုလျန်ရွှမ်ကို အနောက်ခြံဘက်သို့ တွန်းခေါ်သွားလိုက်သည်။

 

                  

ကျန်းထျန် ငါးထည့်လိုက်သော ဝါးခြင်းမှာ ၈၀စင်တီမီတာရှည်၍ မီတာတစ်ဝက်ခန့်အချင်းရှိသည်။ ငါးအပြည့်ဖြည့်လျှင် အကောင်၂၀ ၃၀ဆန့်သည်။ သစ်ရွက်ထုပ်က ငါးများပါပေါင်းလိုက်လျှင် ငါးအကောင်၄၀ကျော်ရှိသည်။

 

                   

ကုလျန်မင် အိမ်ကအကြီးဆုံး စည်ပိုင်း၂ခုကို ယူလာပြီး ဖြည့်သော်လည်း မလောက်ပါ။ ထို့ကြောင့် ကုလျန်ရုန် မီးဖိုချောင်တွင် သုံးလေ့မရှိသော ဘူးကြီးအလွတ်တစ်ခုကိုယူ၍ ထပ်ဖြည့်လိုက်သည်။

 

                 

ဖြည့်​ပြီးသွားသောအခါ လပင် ထွက်လာ၍ အလင်းရောင် နည်းနည်း ရနေပြီဖြစ်သည်။

 

                 

ကုလျန်မင် စည်ပိုင်းထဲက ရေတွင်းရေအေးအေးကိုထိရင်း ကျန်းထျန်ကို တစ်ချက် ချောင်းကြည့်လိုက်သည်။ သူမ ကျန်းထျန်၏ ကောင်းကွက်တစ်ချက်ကို တွေ့လိုက်ရသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူမအမေက ကျန်းထျန်ကို ပို၍ကောင်းကောင်း ဆက်ဆံတာနေမည်။ -ကျန်းထျန်က ကံကောင်းသည်။

 

                   

 သူမ လွန်ခဲ့သောလများက ကျန်းထျန် ကံအရမ်းကောင်းသည်ကို မတွေ့ရသော်လည်း ဒီနေ့ရုတ်တရက်ကြီး သိလိုက်ရသည်။ ကျန်းထျန် မှောင်ခိုစျေးမှ နို့မှုန့် ဂျုံ အဝတ်စများကို စျေးပေါပေါနှင့် ရခဲ့ရုံသာမက မြစ်တွင်. ဘဲဥ၁၂လုံး တွေ့လာပြီး ငါးအများကြီးကိုလည်း ဖမ်းမိလာသည်။

 

                   

ကုလျန်မင် စည်ပိုင်း၂ခုတွင် ကူးခတ်နေသော ငါးများကိုမြင်၍ ကျန်းထျန်ကို မနေနိုင်စွာ ချီးကျူး​လိုက်သည်။ "ယောင်းမ ဒီနေ့ အရမ်းတော်တာပဲ" သူမ ကျန်းထျန်၏ ကံကောင်းမှုကို တကယ်​ပင် သဘောကျသည်။

 

                     

  "အဟမ်း ကံကောင်းလို့ချည်းပဲ မဟုတ်ပါဘူး" ကျန်းထျန် ပြန်လည်ဖာထေးလိုက်သည်။ သူမက ကံအရမ်းကောင်း၍ ကုမိသားစုကို ထားခဲ့သည်ဟု နာမည်ရသွားမည်ကလည်းမဖြစ်သေး။

 

 

"အစ်မ ကိုင်ထားရင်း ဘဲဥတစ်လုံးကို ခွဲမိလိုက်လို့ ဘယ်သူမှမတွေ့အောင် မြစ်ထဲလွှတ်ပစ်လိုက်တာ။ နောက် ငါးတွေထွက်လာတာတွေ့လို့ အစ်မ ခြင်းနဲ့ဖမ်းလိုက်တယ်"ကျန်းထျန် ခေါင်းငြိမ့်ကာ ထိုသို့ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

 

                   

ကုလျန်ရုန် သူငယ်စဥ်ကတည်းက မြစ်တွင် ငါးဖမ်းပေမယ့် ငါးအများကြီး ရှာမတွေ့သည့်အကြောင်းမှာ ဒီလိုကြောင့်လားဟု စဥ်းစားလိုက်သည်။ ဘဲဥအကွဲ?? ဒီလိုရှားပါးပစ္စည်းက ငါးဖမ်းရာတွင် သုံးလို့ရသည်လား?

 

       

ဘဲဥကြောင့်ချည်းပဲ မဖြစ်နိုင်ပါ။ သူ့မရီးက ကံကောင်း၍ ဖမ်းမိတာ ဖြစ်နိုင်သည်။