အပိုင်း ၁၁
Viewers 1k

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

 

အပိုင်း ၁၁

 

 

                      

ကုအိမ် ဖွဲ့စည်းထားပုံမှာ အရှေ့ခြံနှင့် အနောက်ခြံဟူ၍ ဖြစ်သည်။ ပင်မအခန်းကို ၃ခန်းခွဲထားပြီး အရှေ့ အနောက်အခန်းကို ၄ခန်းထပ်ခွဲထားသည်။

 

                     

  အိမ်သာက အနောက်ခြံ၏ တောင်ဘက်တွင် ရှိပြီး ဝက်ခြံလည်း ဆောက်ထားသည်။ အစကတော့ ဝက်မွေးရန် ကုမိသားစု ဆောက်ထားခြင်း ဖြစ်ပေမယ့် ရွာက ထုတ်လုပ်ရေးအဖွဲ့သို့ ပြောင်းသွားပြီးနောက်ပိုင်း သိပ်မသုံးဖြစ်တော့။

 

                            

ကျန်းထျန် တစ်နေကုန် လျှောက်သွား‌ထားသဖြင့် သူမတစ်ကိုယ်လုံး ချွေးအပြည့်နှင့်ဖြစ်သည်။ နေ့ဘက်တွင် ရေပူပူများတည်ပြီး ရေချိုးထားသဖြင့် သူမ အခု ရေချိုးခန်းသို့ အနည်းငယ်ဆေးကြောရန် သွားလိုက်ပြီး အဝတ်အသန့်များ လဲဝတ်လိုက်သည်။

 

                          

ကုအိမ်တွင် မိသားစုဝင် ၉ယောက်ရှိသည်။ သူတို့အားလုံး အရှေ့ အခန်း၄ခန်းတွင် နေသည်။

 

                             

ပထမဆုံးအခန်းက ကျန်းထျန်နှင့် ကုလျန်ရွှမ်အခန်းဖြစ်ပြီး နံရံနှင့် ကပ်ရက်တွင် ကန်စားပွဲအကြီးတစ်ခုရှိသည်။

         

                             

ဟုန်ချီစုပေါင်းအဖွဲ့ရှိသော ချွီကျန်းခရိုင်မှာ တောင်အရပ်တွင် တည်ရှိသည်။ တောင်အရပ်တွင် လူအနည်းငယ်သာ ကန်စားပွဲရှိသည်။ သို့သော် ကုချန်းချင်မှာ စစ်တပ်မှ စစ်သားဖြစ်၍ အခန်းတွင် အိပ်ရန် ကန်စားပွဲရှိသည်။

 

                        

တောင်အရပ်မှာ စိုစွတ်ထိုင်းမှိုင်းပြီး ဆောင်းရာသီတွင် ပို၍ပို‌၍အေးသည်။ ထို့ကြောင့် ကန်စားပွဲကို အပူပေးပြီး အိပ်လေ့ရှိကြသည်။

 

                         

အရှေ့ ဒုတိယမြောက်အခန်းတွင် ကုလျန်ရုန်၊ အမွှာနှစ်ယောက် ကုလျန်ရှင်းနှင့် ကုလျန်ထောင်အိပ်သည်။

 

                          

တတိယမြောက်အခန်းမှာ မူလက ညီအစ်မ၃ယောက် ကုလျန်ရှန်၊ ကုလျန်မင်၊ ကုလျန်ရှင်နေသည်။ နောက်ပိုင်း  ကုလျန်ရှန် သူမအထက်တန်းအခန်းဖော် တုကျီကျွင်းနှင့် အိမ်ထောင်ကျခဲ့သည်။

 

                  

တုကျီကျွင်းမှာ ကုလျန်ရွှမ်ကဲ့သို့ စစ်တပ်ထဲ ဝင်ခဲ့သည်။ သို့သော် တစ်ယောက် တောင်၊ တစ်ယောက် မြောက်ဘက် တာဝန်ကျသဖြင့် အချင်းချင်း သိပ်မတွေ့ဖြစ်ကြ။          

                         

  နောက် တုကျီကျွင်း စစ်ဆင်ရေးတစ်ခုတွင် ကျဆုံးခဲ့သည်။ ထိိုသတင်းကြားချိန်တွင် ကုလျန်ရှန်မှာ ကိုယ်ဝန်အရင့်အမာနှင့်ဖြစ်သည်။ အမွှာလေးများကို မွေးဖွားရသည်မှာ ခက်ခဲပြီး သူမ သွေးအလွန်ဆင်းပြီးဆုံးပါးသွားခဲ့သည်။

 

                        

ယခု ရွှီကျင်းဖန်မှာ အမွှာငယ်နှစ်ယောက်် ကုပင်း၊ ကုအန်းနှင့် နေသည်။

 

                         

ကျန်းထျန် သူမဆံပင်ကို ပုဝါနှင့် ခြောက်အောင်သုတ်ပြီး အပြင်တွင် လေအေးခံပြီးမှ အခန်းထဲဝင်ခဲ့သည်။

 

                         

ကုလျန်ရွှမ်မှာ အခု ကုတင်ပေါ်တွင် လှဲနေသည်။ ကျန်းထျန်စောင်မှာ ကုလျန်ရွှမ်နှင့် လူနှစ်ကိုယ်စာဝေးသည်။ မူလပိုင်ရှင်မှာ ကုလျန်ရွှမ်နှင့် စကားပြောလေ့မရှိပဲ ဝေးဝေးတွင်သာ အိပ်သည်။

 

                         

ကျန်းထျန် အခန်းထဲ ဝင်လာသောအခါ ကုလျန်ရွှမ် သူမကို ကြည့်နေမှန်း ခံစားလိုက်ရသည်။ သူမ ကုတင်ပေါ်ထိုင်လိုက်ပြီး သူမဖိနပ်ကို ချွတ်လိုက်သည်။ နောက် သူမ ခေါင်းလှည့်ပြီး သူ့ကို မေးလိုက်သည်။ "ကျွန်မကို ဘာလို့ကြည့်နေတာလဲ?"

 

                      

ကုလျန်ရွှမ် ပြန်ဖြေသည်ကို မစောင့်ဘဲ ကျန်းထျန်သူမဘာသာ ‌ဖြေလိုက်သည်။ "ဝိုး ကျွန်မသိပြီ။ ကျွန်မက ကြည့်ကောင်းလို့မလား"

 

                         

 ကုလျန်ရွှမ် - "...." သူ ဒီအတိုင်း သိချင်၍သာ ကြည့်ခြင်းဖြစ်သည်။ ကျန်းထျန်က မျက်နှာပြောင်သည်လား.?

 

                        

"ဟုတ်တယ်" ကုလျန်ရွှမ် ကျန်းထျန်၏ သန့်ရှင်းပြီး ကြည်လင်နေသောမျက်နှာကို ကြည့်ရင်း ပြန်ပြောလိုက်သည်။ သူ မလိမ်နိုင်ပါ။

 

                             

ကျန်းထျန် ပြန်ဖြေသံကြားပြီး ကုလျန်ရွှမ်ကိုကြည့်လိုက်သည်။ သူ တော်တော်ရိုးသားမည်ဟု သူမ မထင်ထားချေ။

 

                           

ကုလျန်ရွှမ်၏ ခြေထောက်နှစ်ဖက်လုံး မကောင်းသည်မဟုတ်။ သူ့ညာခြေထောက်သာ ကျည်ဆံမှန်သွားခြင်းဖြစ်သည်။ ဆေးချက်ချင်းမကုရဘဲ အချိန်ကြာသွားသဖြင့် ရောင်ပြီး အားသုံး၍မရတော့။ ဘယ်ခြေထောက်ကတော့ ‌ကောင်းသည်။

 

                    

သို့သော် တစ်ခါ ရေချိုးခန်းတွင် ခြေချော်ပြီး ခြေ‌ကျင်းဝတ်ခေါက်သွားသည်။ နောက်တစ်ခါ မိုးရွာနေစဥ် ခြေ‌တစ်ချောင်းထောက်ပြီး အနောက်ခြံမှ အသီးအရွက်သွားခူးသဖြင့် ချော်ပြီး မြေကြီးပေါ် လဲကာ ခြေကျင်းဝတ် ထပ်ခေါက်ပြန်သည်။ ထိုအခါမှ ဝှီးချဲ စသုံးခြင်းဖြစ်သည်

 

                    

ကျန်းထျန် ကုလျန်ရွှမ်က တော်တော် အငြိမ်မနေနိုင်တာဘဲဟု တွေးမိလိုက်သည်။

 

                       

ပထမဆုံးအချိန် ကူးပြောင်းသည့် ညဖြစ်သဖြင့် ကျန်းထျန်  သူမ အိပ်ပျော်မည်ဟု မထင်ခဲ့သော်လည်း သူမခေါင်း ခေါင်းအုံးကိုထိသည်နှင့် ဘေးက ကုလျန်ရွှမ်ပင် သူမဟောက်သံကို ကြားလိုက်ရသည်။

 

                        

ကုလျန်ရွှမ် - "..."ထလိုက်ကာ သူမကို စောင်ခြုံပေးပြီးမှ ပြန်လှဲကာအိပ်မောကျသွားသည်။

 

                     

ကျန်း‌ထျန် အိပ်ရာနိုးသောအခါ နေတော်တော်မြင့်နေပြီး မျက်လုံးကို နေထိုးကာ ဆက်အိပ်၍ မရတော့ပေ။

 

                    

ကျန်းထျန် မျက်လုံးဖွင့်လိုက်ပြီး သူမခေါင်းပေါ်က သစ်သားတန်းကို မြင်မှ သူမ မနေ့က အချိန်ကူးပြောင်းပြီး သူမကမ္ဘာပျက်ခေတ်တွင် မဟုတ်တော့ကြောင်း သတိရသွားသည်။

 

                       

အကြောဆန့်ရင်း ကျန်းထျန် စိတ်ကြည်နေသည်။

        

                        

ဖုတ်ကောင်များရော မီးခိုး၊ အန္တရာယ်ရော မရှိတော့ချေ။ စားစရာ သောက်စရာများသာ ရှိ၍ သူမ အလွန်ပျော်သည်။

 

                       

 သူမ မနေ့ကယူ‌လာသော ငါးများ ဘဲဥများကို ကျန်းထျန်စဥ်းစားမိကာ အဝတ်‌လဲ၊ စောင်ခေါက်ကာ အနောက်ခြံကို ငါးသွားကြည့်ရန် မြန်မြန်သွားလိုက်သည်။ သူမ မျက်နှာပါ တစ်ခါတည်း သစ်ရမည်။

 

                        

သူမ အိမ်မှ ထွက်လာသောအခါ ခြံထဲတွင် တိတ်ဆိတ်ပြီး ဘယ်သူမှ မရှိ။ သို့သော် သူမ အနောက်ခြံ ရောက်လာသောအခါ ကုလျန်ရွှမ်နှင့် အမွှာလေးများ စည်ပိုင်းတွင် စုဝေးနေသည်ကို တွေ့လိုက်သည်။

 

                     

ခြေသံကြား၍ ကုလျန်ရွှမ် ခေါင်းလှည့်လိုက်သည် "မင်း နိုးပြီလား?"

 

                     

ကျန်းထျန် နေမြင့်နေသည်ကိုကြည့်ပြီး သူမ မနေ့က ပြန်လာပြီး တစ်ခါတည်း အိပ်ပျော်သွားကာ နေ့လည်မှ သူမ နိုးလာသည်ဖြစ်မည်ဟု တွေးလိုက်သည်။

 

                    

ရှောင်းဝူနှင့် ရှောင်းလျို ပြုံးကာအော်၍ နှုတ်ဆက်လိုက်သည်။ "မရီး!"

 

                       

 "အစ်မ မျက်နှာသစ်လိုက်ဦးမယ်" ကျန်းထျန် ရေတွင်းမှ ရေအေးအေးနှင့် မျက်နှာသစ်လိုက်သည်။ သူမခေါင်းပါ ကြည်လင်သွားသည်။ သူမ ပလုတ်ကျင်းပြီး စည်ပိုင်းသို့ သွားလိုက်သည်။

 

                       

ငါးတွေ သက်ရှင်ဆေးရည်တစ်စက်အစွမ်းကြောင့် တစ်ညလုံး စည်ပိုင််းထဲတွင် နေရသည်တောင် တက်ကြွစွာ ကူးခတ်နေတုန်းပင်။

 

                       

 "အစ်မတို့ နေ့လည်စာ ငါးပြုတ်ပြီးစားမလား?" ကျန်းထျန် ငါးများကိုကြည့်ရင်း ငါးချက်နည်းများ မြင်ယောင်နေသည်။ "ပေါင်းလို့လည်းရတယ်။ ငါးပေါင်းရယ် ထမင်းရယ်၊ ငါးစွပ်ပြုတ်နဲ့ ပန်ကိတ်ရယ်..."

 

                 

"ဝိုး!"ရှောင်းဝူနှင့် ရှောင်းလျို ကျန်းထျန်ကို မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ကြည့်နေကာ ကျန်းထျန် ဟင်းပွဲနာမည်များ ရေရွတ်နေသည်ကိုကြား၍ အမွှာလေးနှစ်ယောက် သရေကျတော့မတတ် ဖြစ်နေသည်။

 

                               

သူတို့ ကျန်းထျန်ပြောသည့် ဟင်းပွဲများကို မစားဘူး မမြင်ဘူးသော်လည်း သရေကျသည်ကို မရပ်နိုင်ပါ။ အသားဖြစ်၍ ဘယ်လိုချက်ချက် အရသာရှိသည်။

 

                             

ကုလျန်ရွှမ်လည်း စားချင်သည်။ သူ ထိုဟင်းပွဲအမည်များကို မြင်ဖူးသည်။ ငါးကို အစပ်အဟပ်တည့်ပြီး အရသာရှိအောင် ချက်ပြုတ်ထားသည်ကို ပေါက်စီ ထမင်းများနှင့် စားလျှင် သူတစ်ယောက်တည်း ၂ပေါင် ၃ပေါင် စားနိုင်သည်။

 

                      

"မင်းချက်တတ်လို့လား?" ကုလျန်ရွှမ် ကျန်းထျန်ချက်သည်ကို မမြင်ဖူးပါ။

 

                        

ကျန်းထျန် ကြောင်သွားသည်။ သူမ စည်ပိုင်းထဲက ငါးကို ထိရင်း ပြန်ပြောလိုက်သည်။ "ကျွန်မ စားဖူးတယ်ဆိုတော့ ကျွန်မ....."

 

                        

ကုလျန်ရွှမ် သူမစကားကို သူ့ဘာသာ နားလည်လိုက်သည်။ "မင်းမချက်တတ်လောက်ဘူး"

 

                       

ကျန်းထျန် သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး "ကျွန်မ မကျွမ်းပေမယ့် ချက်တတ်ပါတယ်"

 

                        

ကုလျန်ရွှမ် ကျန်းထျန် ရှက်နေသည်ထင်၍ သူပြန်ဖာထေးပြောလိုက်သည်။ "ရှောင်းမင်က ဟင်းချက်လက်ရာကောင်းတယ်။ သူမကို ပေးချက်ကြည့်လိုက်ရင်ရော"

 

                      

  ကျန်းထျန် ခဏတုံ့ဆိုင်းသွားသည်။ ကုလျန်မင်က သူမကို ကြည့်မရဘူးဆိုတော့ သူမကို ကူညီပါ့မလား?

 

                       

ကျန်းထျန် စိုးရိမ်နေသည်ကို မြင်၍ ကုလျန်မင် ဆက်ပြောလိုက်သည်။ "ရှောင်းမင်က စိတ်ထဲမထားတတ်ပါဘူး။ မင်းသူမကို အကူအညီတောင်းရင် သူမ ကူညီမှာပါ"

 

                      

ကုလျန်မင်က မူလပိုင်ရှင်ကို တကယ်ပင် မုန်းသည်။ သို့သော် သေစေချင်သည်ထိတော့ မဟုတ်။ သူမက ပေါ့ပေါ့ပါးပါးတွေးသူဖြစ်၍ သူမကို ကောင်းကောင်းဆက်ဆံလျှင် အတိတ်က အကြောင်းအရာများကို စဥ်းစားတော့မည် မဟုတ်ချေ။

 

                      

 ကျန်းထျန် ကုလျန်ရွှမ်စကား၏ အဓိပ္ပါယ်ကို စဥ်းစားကြည့်ပြီး သူ့ကို ကြည့်လိုက်သည်။ ဒါက ကုလျန်မင်က ဂရုမစိုက်တတ်ဘူး သူမကိုကျ သဘောထားသေးတယ်လို့ ပြောချင်တာလား?

 

                         

"ရှင် ငါးပေါင်းစားမလား ငါးအသားလွှာစားမလား?" ကျန်းထျန် ဟင်းအနံ့ရသကဲ့သို့ အနံ့ခံရင်း ပြောလိုက်သည်။ "ချိုချိုချဥ်ချဥ်ငါးဆိုလည်း ကောင်းပါတယ်"

 

                        

 "ငါးအသားလွှာက ကောင်းလား?" ကုလျန်ရွှမ် စားသောက်ဆိုင်တွင် စားဖိုမှူးက ငါးကို ပြုတ်ပြီး နောက်ဆုံး၌ ဆီပူပူလောင်းထည့်လိုက်သည်ကို တွေ့ဖူးသည်။ သို့သော် သူတို့မိသားစုအတွက်တော့ ဖြုန်းတီးသလိုဖြစ်သည်။

 

                  

 "အရသာရှိတယ်! အိမ်မှာ အချဥ်စိမ်ထားတာရှိလား?"ပူသောနေ့တွင် ပူပူချဥ်ချဥ်ငါး အသားလွှာစားရသည်မှာ မဆိုးလှဘူးဟု ကျန်းထျန်တွေးလိုက်သည်။

 

                    

 "ရှိတယ်။ မရီး!"ရှောင်းလျို သူ့အကိုအကြီးဆုံးနှင့် မရီးပြောနေသည်ကိုကြားပြီး ခေါင်းမော့လာကာ အော်‌ပြောလိုက်သည်။ "အိမ်မှာ ငရုတ်သီး၊ ပဲ၊ ကြက်သွန်ဖြူ၊ မုန်လာဥ၊ ဂေါ်ဖီ၊ ဟင်းရွက်စိမ်း အချဥ်စိမ်ထားတာတွေရှိတယ်"

 

                      

"ဒါဆို ငါးအသားလွှာ လုပ်စားကြမယ်!" ကျန်းထျန် ပြောရင်း စည်ပိုင်းထဲမှ ငါးအကြီးတစ်ကောင် ယူလိုက်သည်။

 

                     

  ကုလျန်ရွှမ် အမွှာလေးတွေကို ပြောလိုက်သည် "ရှောင်းဝူ ရှောင်းလျို အရှေ့ခန်းသွားပြီး မင်းတို့ စတုတ္ထမြောက်အမနဲ့ လူလဲချည်။ နေ့လည်စာကို ငါးအသားလွှာလုပ်စားကြမယ်လို့ ပြောလိုက်"

 

                      

ကလေးနှစ်ယောက် အရသာရှိတာ စားရတော့မည်ကြား၍ မြန်မြန်ပြေးကာ အော်ပြောလိုက်သည်။ "   စတုတ္ထမြောက်အစ်မ၊ အကိုအကြီးဆုံးက ဟင်းချက်ချိန်ရောက်ပြီလို့ ပြောတယ်!"

 

                     

ကုလျန်မင် နွေရာသီပိတ်ရက်တွင် အပြင်ထွက်ဆော့ကစားလေ့ မရှိပါ။ အိမ်တွင်သာ ကလေးတွေကို ကြည့်ပြီး အိပ်ရာပေါ် လှဲကာ သူမတတိယ အစ်ကို၏ စာအုပ် ဖတ်သည်။

 

                         

ကုလျန်မင် အမွှာလေးတွေ အသံကြား၍ ပြတင်းပေါက်မှနေကို ကြည့်လိုက်သည်။ ချက်ပြုတ်ရန် အချိန်ရောက်ပြီ။ သူမ ဖိနပ်ဝတ်ကာ ပထမဆုံးအခန်းကို သွားကြည့်လိုက်သည်။ တံခါးပိတ်ထားသည်ကို မြင်၍ ကျန်းထျန် အိပ်နေသေးတာလားဟု တွေးလိုက်မိသည်။

 

                        

 "စတုတ္ထ အစ်မ၊ အကိုအကြီးဆုံးက နေ့လည်စာ ငါးဂေါ်ဖီချဥ် စားမယ်လို့ပြောတယ်!" ရှောင်းလျို အလွန်ပျော်ရွှင်နေသည်။ သူ မနေ့ညက အသားစားရပြီး ဒီနေ့ ငါးထပ်စားရတော့မည်။ သူတို့အိမ် တရုတ်နှစ်သစ်ကူးကျင်းပနေတာများလား?

 

                        

ကုလျန်မင် မျက်မှောင်ကြုတ်လိုက်သည်။ အမွှာကြီးလေးတွေကို ညီမလေးနှစ်ယောက်ကို မနှောင့်ယှက်ရန် မှာလိုက်ပြီး အနောက်ခြံသို့ အမြန်သွားလိုက်သည်။ ကျန်းထျန်ကို သူမအကိုအကြီးဆုံးနှင့်တွေ့မှ သူမ စိတ်အေးသွားသည်။

 

                      

ကျန်းထျန် ပစ္စည်းအများကြီး ရှာတွေ့တာမှန်ပေမယ့် ဒါကိုအကြောင်းပြပြီး သူမကို ပိုအနိုင်ကျင့်မှာစိုးသည်။

 

                         

" အစ်ကိုအကြီးဆုံး၊ ရှောင်းလျိုက အကိုအကြီးဆုံး ငါးအသားလွှာစားချင်တယ်လို့ ပြောတယ်?"ကုလျန်မင် ရေတွင်းမှ ရေနှင့် လက်ဆေးရင်း မေးလိုက်သည်။

 

                           

 "ဟုတ်တယ်။  နင့်မရီးကလည်း ငါးအသားလွှာကကောင်းတယ်လို့ပြောတယ်"ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။

 

                           

ကုလျန်မင် ကျန်းထျန်ကိုကြည့်ပြီး တွေးလိုက်သည်။  အစ်ကိုအကြီးဆုံးက အကုန်စားသည်။ တစ်ခါမှ ချက်ဖို့အတိအကျမပြောဖူးဘူး။  ကျန်းထျန်က ထိုငါးအသားလွှာကို စားချင်တယ်လို့ ပြောတာနေမည်။

 

                     

 "အစ်မ နှစ်ကောင်ဖမ်းထားတယ်။ နေ့လည်ကျရင် ဂေါ်ဖီအချဥ်စိမ်ထားတာနဲ့ ချက်မယ်။ ဘဲဥနဲ့ ကြက်သွန်မြိတ် ကြော်မယ်။ ခေါက်ဆွဲဆန်ပြုတ်ချက်ကြမယ်" ကျန်းထျန် ကုလျန်မင်ကိုကြည့်လိုက်ပြီး သူမသဘောကို မေးလိုက်သည်။ ကျန်းထျန် ဘယ်လိုချက်ရမည်ကိုမသိပါ။  ကုလျန်မင် ချက်မှာဖြစ်၍ သူမသဘောကို အရင်မေးခြင်းဖြစ်သည်။

 

                          

 ကုလျန်မင် ခေါင်းသာညိတ်ပြလိုက်သည်။ မနက်အလုပ်မသွားခင် သူမအမေက ဘဲဥ၂လုံးကြော်ပြီးငါးတစ်ကောင်ကို ကျန်ထျန် စားချင်သလို နေ့လည်စာချက်ပေးရန် မှာခဲ့သည်။

 

                          

အိမ်တွင် ငါးအများကြီးရှိသဖြင့်ရွှီကျင်းဖန် ၈ခုမြောက်အဖွဲ့က သူမ အစ်ကိုကို ငါးအနည်းငယ် ပေးသင့်လားဟု တွေးမိသည်။ ထို့နောက် ကျန်းထျန်မိခင်အိမ်ကိုပေးမည်။  ပိုသည့်ငါးများကို ဆားနှင့် ငါးခြောက်လုပ်မည်ဟု စဥ်းစားထားသည်။

 

                       

 သိုမဟုတ် ကုလျန်ရုန်ကို မှောင်ခိုစျေးသွားပြီး တခြားစားစရာနှင့် လဲခိုင်းရမလားဟုလည်း‌ တွေးမိသည်။

 

                      

ကုမိသားစုမှာ အစားအစာ ချွေတာလေ့ရှိသည်။  သို့သော် အခုက အလကားရသည်ဖြစ်၍ မိသားစုမှာလည်း အသားမစားရသည်မှာ လချီနေပြီဖြစ်သဖြင့် ရွှီကျင်းဖန်က ရက်အနည်းငယ်လောက် စားသည်ကို အလိုလိုက်လိုက်မည်ဟုလည်း စဥ်းစားမိသည်။

 

                        

ကျန်းထျန် ကုလျန်မင် သဘောတူသည်ကိုမြင်၍မျက်လုံးများ အရောင်တောက်သွားသည်ကို ကုလျန်ရွှမ်ကြည့်ပြီး ကျန်းထျန်က လွယ်လွယ် ကျေနပ်သဘောကျတတ်တာပဲဟု တွေးမိကာ ပြုံးလိုက်မိသည်။